Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ရာဟူးဂန္ဒီရဲ့အသရေဖျက်မှုပြစ်ဒဏ်အပေါ် အယူခံဝင်မှုကို အိန္ဒိယတရားရုံးထပ်မံပယ်ချ

#InternationalNews#reels #shorts
👍5🔥2
This media is not supported in your browser
VIEW IN TELEGRAM
July - 10 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍4😁1🍌1
ဇူလိုင်လ (၁၀)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:00 - အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုခရီးစဉ် မြန်မာ့အရေးဆွေးနွေးမယ့် သတင်း

05:09 - မြင်းခြံအကျဉ်းထောင်မှ ထောင်ဝန်ထမ်း ၃ ဦး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး ထောင်ချခံရတဲ့ သတင်း

06:36 - ဇူလိုင်လပထမပတ်အတွင်း ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်တို့တွင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးတဲ့ သတင်းနဲ့

08:27 - အိန္ဒိယနိုင်ငံ ဒေသန္တရရွေးကောက်ပွဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လူ ၇ ဦးသေဆုံးတဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/n1HYVmP6N6g

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁1🍌1
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်တေလာရှီးရှ်ရှိုးပွဲကို တေလာဆွစ်ပရိတ်သတ်တွေ ကြိတ်ကြိတ်တိုးအားပေးခဲ့ကြ

#internationalnews #reels #shorts
🔥3👍2
ပုလောမြို့နယ်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းနှင့် ဖမ်းဆီးစစ်ဆေးခြင်းများကြောင့် လယ်စိုက်ရန် အခက်ကြုံနေရ
🔥5😢5🤬2
ပုလောမြို့နယ်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းနှင့် ဖမ်းဆီးစစ်ဆေးခြင်းများကြောင့် လယ်စိုက်ရန် အခက်ကြုံနေရ
==================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်းနှင့် တင်းကြပ်စွာ ဖမ်းဆီး စစ်ဆေးခြင်းများရှိနေသည့်အတွက် လယ်သမားများ စပါးစိုက်ပျိုးရန် အခက်ကြုံနေရသည်ဟု ဒေသခံများ ထံမှ သိရသည်။

“စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖမ်းဆီးတာတွေကိုကြောက်လို့ စပါးစိုက်ဖို့ အခက်ကြုံနေရတာပါ။ အပိုဝင်ငွေ ရအောင်စိုက်ပျိုးဖို့ထက် မိသားစုစားဖို့ကိုတောင် အခြေအနေကြည့်ပြီးစိုက်နေရပါတယ်”ဟု ပလမြို့မှ တောင်သူတဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိ ပုလောမြို့နယ်အတွင်းရှိ ပလမြို့နှင့် ပလောက်မြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဖမ်းဆီးခြင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိနေသည့်အတွက် စပါးစိုက်ရန် အခက်ကြုံနေကြရ ခြင်းဖြစ်သည်ဟု ဆိုသည်။

ပလမြို့နှင့် ပလောက်မြို့တို့သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့များဖြစ်၍ အချိန် အကန့်အသတ်ဖြင့် သွားလာနေရခြင်းက လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်ကြရန်အတွက် ကန့်သတ် ချက်ဖြစ်နေကြရသည်ဟု ဆိုသည်။

ယင်းအပြင် မျိုးစပါးများ လုံလုံလောက်လောက် ဝယ်ယူမရခြင်းနှင့် လယ်ယာလုပ်သား ခေါ်ယူရန် အခက် အခဲများလည်းရှိနေကြောင်း ဒေသခံတောင်သူများက ပြောသည်။

“မြို့တက်ပြီး မျိုးစပါးက များများစားစားဝယ်လို့ မရဘူး၊ စစ်ဆေးရေးဂိတ်တွေက များများပါလာရင်သိမ်း တယ်၊ အလုပ်သမားတွေကိုခေါ်မရတော့ ကိုယ်တိုင်စိုက်ရတာများတယ်”ဟု ပလောက်မြို့မှ တောင်သူ တဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တိုက်ပွဲများကြောင့် စစ်ရှောင်များ ပိုများလာသည်ဟုလည်း ဆိုသည်။

လက်ရှိတွင် ပုလောမြို့နယ်ရှိ စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်များက ဒေသခံပြည်သူများကို စားနပ် ရိက္ခာနှင့်ပတ်သက်ပြီး ဆန်၊ ဆီနှင့် အခြားသော ကုန်ခြောက်များကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့် ပေးထားပြီး ပိုမိုသယ်ဆောင်သည်ကို စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းနေကြောင်း ပုလောဒေခံများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#စစ်ကောင်စီ
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬5🔥4🤡1🥴1
Business Round Up (10 July 2023)
=============

- ပြင်သစ်ဘဏ္ဍာရေးအဖွဲ့အစည်း၆ခု က မြန်မာစစ်အုပ်စုနှင့်  စီးပွားရေးပတ်သတ်မှုရှိတဲ့ ကုမ္ပဏီတွေမှာ ဒေါ်လာ ၆ ဘီလီယံဖိုးရင်းနှီးမြှပ်နှံထား

- MAI လေကြောင်းလိုင်း ဘဏ်အကောင့်များ စင်ကာပူUOBဘဏ်ပိတ်သိမ်း

- မြန်မာနိုင်ငံက အာဆီယံနိုင်ငံများအနက် ကုန်သွယ်မှုလွယ်ကူ ချောမွေ့ရေးအညွန်းကိန်းအဆင့် အောက်ဆုံးတွင်ရှိနေ

- အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းရန် ဆွေးနွေး

- အင်ဒိုနီးရှားနိုင်ငံက တစ်ခါသုံးပလက်စတစ်အသုံးပြုမှု ၂၀၃၀ မတိုင်ခင် တားမြစ်ဖို့လုပ်ဆောင်နေ

https://youtu.be/WRNdZdbWWew
 
#BusinessRoundUp
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍10🔥2😁1
သထုံ-ဘားအံလမ်း ဘုရင့်ညီဂူနှင့် ဝါးပိုးတောလမ်းဆုံကြားရှိတံတား မိုင်းခွဲဖျက်ဆီးခံရ
👍6🔥2🤮1
သထုံ-ဘားအံလမ်း ဘုရင့်ညီဂူနှင့် ဝါးပိုးတောလမ်းဆုံကြားရှိတံတား မိုင်းခွဲဖျက်ဆီးခံရ
=======================

YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သထုံ-ဘားအံလမ်းမကြီးပေါ်ရှိ တံတားတစ်စင်း ယနေ့ ဇူလိုင် လ ၁၀ ရက် နံနက် ၁ နာရီ ၁၀ မိနစ်ခန့်က မိုင်းခွဲဖျက်ဆီးခံလိုက်ရကြောင်း ဒေသတွင်းသတင်းရင်းမြစ် များထံမှ သိရသည်။

သထုံ-ဘားအံလမ်းမကြီး ကရင်ပြည်နယ်ဘက်အခြမ်း၊ ဘားအံမြို့နယ်၊ ဂူဝကျေးရွာ၊ ဘုရင့်ညီဂူနှင့် ဝါးပိုး တောလမ်းဆုံကြားရှိ တံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။

ဖောက်ခွဲမှုကြောင့် တံတားလက်ရန်းအချို့ပျက်စီးပြီး ကြမ်းခင်းအချို့ အက်ကွဲ၊ ပေါက်ပြဲသွားကြောင်း ဒေသတွင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးကဆိုသည်။

“အခုတော့ လမ်းတစ်ခြမ်း ပိတ်ထားသေးတယ်။ ကျန်တဲ့အခြမ်းကနေ အကုန်ပြန်သွားလို့ရနေပါပြီ” ဟု ဒေသတွင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်အစောပိုင်းက တံတားပေါ်သို့ ယာဉ်ဖြတ်သန်း သွားလာမှုကို ပိတ်ဆို့ထားခဲ့ပြီး နံနက် ၉ နာရီဝန်းကျင်မှစ၍ အိမ်စီးကားများ၊ ဆိုင်ကယ်၊ သုံးဘီး အစရှိ သည့် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
မွန်းလွဲ ၂ နာရီခွဲခန့်မှစတင်ကာ ကုန်ကားအချို့ကိုပါ ပြန်လည်ဖြတ်သန်းသွားလာခွင့် ပြုနေပြီဖြစ်ကြောင်း သိရသည်။

မိုင်းခွဲဖျက်ဆီးခံရသည့်တံတားတည်ရှိရာ သထုံ- ဘားအံလမ်းမကြီးသည် မြဝတီ-ဘားအံ-သထုံ-ရန်ကုန် ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုနေကြရသည့်လမ်းဖြစ်ပြီး မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း မသိရသေးပေ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်၊ မိတ်ဖက်ရေးရာကော်မတီ ဥက္ကဋ္ဌထံ မဇ္ဈိမမှ ဖုန်းဖြင့်လေးကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ချေ။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီထောက်ပို့လမ်းကြောင်းအား တားဆီးရန် ဘီးလင်းမြို့ နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ ကျုံအိတ်တံတား(ခ) ဗိုလ် ပလေးတံတားအား တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#တံတား
#မိုင်းခွဲဖျက်ဆီး
#သထုံ
#ဘားအံ
#ကရင်ပြည်နယ်
ဓါတ်ပုံ- Nay Lin Aung ( လူမှုကွန်ယက်)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤1🔥1🤮1