Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရေဦးမြို့ ထန်းတောရွာကို စစ်ကောင်စီ လျှပ်စစ်မီးဖြတ်တောက်၊ ရေဦးပကဖက တန်ပြန်သတိပေးချက်ထုတ်ပြန်
==================

ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ထန်းတောကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၇ရက်မှစတင်ကာ လျှပ်စစ်မီးဖြတ်တောက်လိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။
“ထန်းတောရွာက လျှပ်စစ်လိုင်းကို ဖြတ်တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ဘာကြောင့် ဖြတ်တောက်ထားလဲဆိုတာကိုတော့ မသိဘူး။ တစ်ရွာလုံးရဲ့ မီးလိုင်းကို လွန်ခဲ့တဲ့ လေး ရက်လောက်ကတည်းကနေ ဖြတ်တောက်ထားတာပါ“ ဟု ဒေသခံသတင်းရင်းမြစ်က ယနေ့ ဇူလိုင်လ ၁၀ရက် ပြောသည်။

ထန်းတောကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချတပ်စွဲထားသည့် ရေဦးမြို့နှင့် နီးကပ်စွာ တည်ရှိသည့်အတွက် စစ်ကောင်စီစစ်ကြောင်းများ မကြာခဏ ၀င်ရောက်လေ့ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုမရှိကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီအနေဖြင့် ထန်းတောရွာအပြင် အခြားကျေးရွာများကို လျှပ်စစ်မီးဖြတ်တောက်ရန် ထပ်မံ ကြိုးစားပါက ဒေသတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သက်ဆိုင်ရာဌာနများကို တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်က ဇူလိုင်လ ၈ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

" ဆက်လက်ပြီး အခြားသောကျေးရွာများကို ပေးထားသည့်မီးလိုင်းများအား ဖြတ်တောက်ရန် ဆက်လက်ကြိုးစားမည် ဆိုပါက မိမိတို့အနေဖြင့် PDF/ပကဖ/ပအဖ တို့ပူးပေါင်းပြီး လုပ်စရာရှိသည့်အလုပ်များ ဆက်လုပ်သွားမည်ဖြစ်ပါတယ်" ဟု သတိပေးချက်တွင် ပါဝင်သည်။

ထို့အပြင်" လျှပ်စစ်ဓါတ်အားလိုင်းများ နှင့် သက်ဆိုင်ရာနေရာဌာနများ၏ ကောင်းကျိုး၊ ဆိုးကျိုးများသည် စကစ၏တာဝန်သာဖြစ်ပြီး မိမိတို့အနေဖြင့် တာဝန်ယူမည်မဟုတ်ပါကြောင်း ကြေညာအပ်ပါတယ်"ဟု သတိပေးထားသည်။

ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာ ၄၀ ထက်မနည်း မီးရှို့ဖျက်ဆီးထားပြီး ဒေသခံ ထောင်နှင့်ချီကာ စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၉ နာရီ ၄၀မိနစ်ခန့်ကလည်း ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဥ် နှစ် စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအပြင် စေတီအချို့လည်းပျက်စီးခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။

စာတည်း - မောင်ကြီး

#mizzima
#ရေဦးမြို့နယ်
#ထန်းတောကျေးရွာ
#လျှပ်စစ်မီးဖြတ်တောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🤣2
This media is not supported in your browser
VIEW IN TELEGRAM
တပတ်အတွင်း ဖော်ထုတ်ထားတဲ့ သတင်းတု/မှား တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံကြည့်ရန် - https://www.youtube.com/watch?v=03dHN0-og1s

#Misinformation_Buster #Fake_News #reels #shorts #package
👍6😁2
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်နဲ့တရုတ်ကြား တိုက်ရိုက်ဆွေးနွေးပွဲများနဲ့ ရာသီဥတုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ အတွက် ကန်ဘဏ္ဍာရေးဝန်ကြီးတိုက်တွန်း

#InternationalNews#reels #shorts #American #China
👍5🔥4
ဇူလိုင်လ (၁၀) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================

- ရေဦးမြို့နယ်မှ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က တိုက်လေယာဥ် နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့သတင်း

- MAI လေကြောင်းလိုင်း ဘဏ်အကောင့်တွေကို စင်ကာပူUOB ဘဏ်ပိတ်သိမ်းလိုက်တဲ့သတင်း

- သထုံ-ဘားအံလမ်းမကြီးပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရတဲ့သတင်း

- ပြင်သစ်ဘဏ္ဍာရေးအဖွဲ့အစည်း ၆ ခု က မြန်မာစစ်အုပ်စု နှင့် စီးပွားရေး ပတ်သတ်မှု ရှိတဲ့ ကုမ္ပဏီတွေမှာ ဒေါ်လာ ၆ ဘီလီယံဖိုးရင်းနှီးမြှပ်နှံထားတဲ့သတင်း

- အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းဖို့ ဆွေးနွေးနေတဲ့သတင်းနဲ့

- ချွတ်ခြုံကျနေတဲ့နိုင်ငံကနေ သီရိလင်္ကာနိုင်ငံသားတွေ စွန့်ခွာဖို့ကြိုးစားနေကြတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/-3-EhhyT1nM?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1🍌1
Media is too big
VIEW IN TELEGRAM
July - 10 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍7🍌2
ဇူလိုင်လ (၁၀) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================

ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို နေ့ချင်းပြန် လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့သတင်းနဲ့အတူ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုနီးရှားခရီးစဉ်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆွေးနွေးမှုတွေရှိလာနိုင်မလဲ ဆိုတဲ့သတင်းအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေအပြင် စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “Mizzima Editorial Talk “ အစီအစဉ် ကိုနားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/bTVB2ocf89U

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14❤3😁1
စားနပ်ရိက္ခာလိုအပ်ချက် ကူညီပေးကြရန် သပိတ်ကျင်း ပ.က.ဖ တောင်းဆို
👍21🔥1👏1😁1
စားနပ်ရိက္ခာလိုအပ်ချက် ကူညီပေးကြရန် သပိတ်ကျင်း ပ.က.ဖ တောင်းဆို
======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့အဖွဲ့အတွက် မိုးတွင်းကာလ စားနပ်ရိက္ခာလိုအပ်ချက်အား ကူညီပေးကြရန် တောင်းဆိုထားသည်။
မိုးတွင်းကာလ၌ လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် တမြို့နယ်လုံးစာအတွက် ရိက္ခာဝယ်ယူစုဆောင်း ရခြင်းဖြစ်သောကြောင့် ရန်ပုံငွေလိုအပ်ချက် များပြားကြောင်း သပိတ်ကျင်း ပ.က.ဖ မှ တာဝန်ရှိသူကပြော သည်။

“လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ မိုးတွင်းကာလဖြစ်လို့ ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေကို တမြို့ နယ်လုံးစာ တစုတစည်းတည်းဝယ်ယူစုဆောင်းနေရပါတယ်။ တမြို့နယ်လုံးစာကို တပြိုင်တည်းစုဆောင်း ရတာဖြစ်လို့ ရန်ပုံငွေ အတော်လိုအပ်နေပါတယ်” ဟု ဆိုသည်။

သပိတ်ကျင်းမြို့နယ် ပ.က.ဖသည် NUG မှ ချမှတ်ထားသည့်လမ်းစဉ်အတိုင်း မြို့နယ်တွင်းရှိ ပြည်သူ့ကာ ကွယ်‌ရေးတပ်ဖွဲ့များ၊ မြို့နယ်အတွင်းရောက်ရှိလာသည့် တပ်ရင်းတပ်ဖွဲ့များကိုပါ စားနပ်ရိက္ခာထောက်ပံ့ ရကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြို့နယ်တွင်းအဖွဲ့အစည်းများသည် စစ်ဒေသ၏ ကွပ် ကဲမှုအတိုင်း စစ်ရေးဖော်ဆောင်နေရပြီး သပိတ်ကျင်းမြို့နယ်သည် စစ်ရေးအရ သိုသိပ်စွာလုပ်‌ဆောင် ရသဖြင့် တိုက်ပွဲသတင်းထုတ်ပြန်ချက်တိုင်းအား ထုတ်ပြန်ခွင့်မရှိကြောင်း ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သပိတ်ကျင်းမြို့နယ်အား အာရုံစိုက်မှုနည်းပြီး ထောက်ပံ့မှုလည်းအနည်း အကျဉ်းသာရှိကြောင်း ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သပိတ်ကျင်းမြို့နယ်- ပ.က.ဖအတွက် The Crows ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ စားနပ်ရိက္ခာထောက်ပံ့နိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

“သပိတ်ကျင်း PDF ဆိုတာ တကယ်လည်း မန္တလေး ဗန်းမော်တစ်လျှောက်မှာ အာဏာရှင်ကို ရရင်ရသလို တော်လှန်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ လိုအပ်နေတဲ့ သပိတ်ကျင်း PDF အတွက် မိုးတွင်းရိက္ခာကမ့်ပိန်းကို ကျနော်တို့က “ရိက္ခာထောက်ပို့ မန်းမြေသို့” လို့ နာမည်ပေးထားပြီး အားလုံးပူးပေါင်းဆောင် ရွက်ခဲ့ကြ တာပါ” ဟု The Crows မှ တာဝန်ရှိသူတဦးက ပြောသည်။

သပိတ်ကျင်းမြို့နယ် ပ.က.ဖ အား ရိက္ခာထောက်ပို့ရာတွင် ဆန်တအိတ် ၃၀,၀၀၀ ကျပ်၊ ငါးနီတူ တအိတ် ၁၀,၀၀၀ ကျပ် ၊ အားလူးတစ်အိတ် ၅,၀၀၀ ကျပ်ဖြင့် ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း သိရသည်။
သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် မေလ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုး သားညီညွတ်ရေးအစိုး၏ လမ်းညွှန်မှုအောက်တွင်ရှိနေကာ လျှို့ဝှက်စွာ စစ်ရေးဖော်ဆောင်နေသည့်အဖွဲ့ ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#သပိတ်ကျင်းမြို့နယ်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#ရိက္ခာထောက်ပို့မန်းမြေသို့

http://www.mizzimaburmese.com/article/130642
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27😁2🔥1
နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်စေတာက ဘာတွေလဲ (Editorial Talk)
=======================

မဇ္ဈိမ
ဒီတစ်ပတ်မှာတော့ ပဲခူးတိုင်းအတွင်း စစ်ရေးအရှိန် မြှင့်နေတာနဲ့အတူ “လမ်းများအားလုံး နေပြည်တော်သို့” ဆိုတဲ့ စစ်ဆင်ရေးအကြောင်း သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးထားပါတယ်။

https://youtu.be/T6i_2fS-8iY

#နေပြည်တော်
#mizzimaeditorialtalk
#စစ်ရေးခြိမ်းခြောက်
👍12😁3
မြန်မာနိုင်ငံကိုပြန်ပို့ခံရမယ့် ကလေးငယ် ၁၀၀ ကျော်အရေး NUG စောင့်ကြည့်ဆောင်ရွက်နေ
====================

လင်းသူရိန်
(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံအလယ်ပိုင်း အန်ထောင်ခရိုင်က ကျောင်းတကျောင်းမှာ မြန်မာရွှေ့ပြောင်းကလေးငယ် ကျောင်းသားကျောင်သူ ၁၂၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး နေရပ်ပြန်ပို့ဖို့ လုပ်ဆောင် နေပါတယ်။

ဒီလို ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ့်ကလေးတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရက စောင့်ကြည့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ NUG အနေနဲ့ သက်ဆိုင်ရာလူမှုအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

https://youtu.be/BFWodTFVVW8

#အန်ထောင်ခရိုင်
#မြန်မာကျောင်းသူကျောင်းသား
#နေရပ်ပြန်ပို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🤣3
​​အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာ့အရေး လွှမ်းမိုးမည်
=======================

ယခုသီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ အရှေ့တောင်အာရှဒေသ၏ ထိပ်တန်းသံတမန်များ စုဝေးဆွေးနွေးကြချိန်တွင် မြန်မာ၏ ရှည်ကြာနေသော ပဋိပက္ခအကျပ်အတည်းကိစ္စ၊ အငြင်းပွားတောင်တရုတ်ပင်လယ် တင်းမာမှုများနှင့် ဒေသ၌ စစ်လက်နက်များ တဖြည်းဖြည်းများလာမှုအပေါ် စိုးရိမ်ပူပန်မှုများ စသည့် အရေးကိစ္စများက လွှမ်းမိုးဖွယ် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁2🔥1
​​မြန်မာပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် အီးယူက ယူရို ၁၂ သန်းခွဲ ထောက်ပံ့
=====================

ယခု ထပ်မံပံ့ပိုးသည့် ငွေကြေးအကူအညီသည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ဖြန့်ဝေသည့် စားနပ်ရိက္ခာများ လျော့ကျမှုကို ဖြစ်စေခဲ့သည့် ကြီးမားသော ဘဏ္ဍာငွေထောက်ပံ့မှု ဟာကွက်တစ်ခုကြောင့် ဖြစ်ပေါ်သည့် ဒုက္ခသည်စခန်းများရှိ ကြီးလေးသော စားနပ်ရိက္ခာ မလုံခြုံမှုကို လျော့ပါးသက်သာစေရန် ရည်ရွယ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥3
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ ဇူလိုင် ၂၀၂၃) 
=====================

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် ကျေးရွာများကို အကြောင်းမဲ့မီးရှို့ခြင်း ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်သည့်အပြင် ပြည်သူပိုင် ပစ္စည်းများကိုလည်း လုယက်ခိုးယူနေသည်။ယင်းသို့ ခိုးယူလုယက်မှုများကိုလည်း အထက်အရာရှိအဆင့်ဆင့်က ခွင့်ပြုထားသည့်အတွက် တရားဝင် လိုင်စင်ရ ဓားပြအဖွဲ့ဖြစ်နေသလို စစ်ကောင်စီဝင်များမှလည်း နိုင်ငံအာဏာကိုလုယူပြီးနောက် နိုင်ငံတော်ဘဏ္ဍာကို စိတ်တိုင်းကြခိုးယူသုံးစွဲနေသည့် အတွက် စစ်အုပ်စုတစ်စုလုံး သူခိုးဓားပြအဖွဲ့ဟု ဆိုရမည်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်ထုတ်လွှင့်မှုများ
=====================

https://youtu.be/oQ3B6ZPfOMY

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2🍌1
​​ဒိုက်ဦး ကျိုက်စကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးပျောက်ဆုံးနေ
====================

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ ကျိုက်စကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ထောင် ပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ထုတ်ခံရပြီးနောက် ပျောက်ဆုံးနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း(AAPP) က ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများကို ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်က ခေါ်ထုတ် သွားခြင်းဖြစ်ပြီး မိသားစုဝင်များက အကျဉ်းထောင်သို့ သွားရောက်စုံစမ်းရာတွင် ထောင်တာဝန်ရှိသူများ က အကြိမ်ကြိမ်ငြင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း AAPP က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သာယာဝတီထောင်နှင့် အင်းစိန်ထောင်သို့ ရွှေ့ပြောင်းမည်ဟုဆိုကာ ခေါ်ထုတ်သွားသော်လည်း သာယာ ဝတီထောင်သို့ နိုင်ငံရေးအကျဉ်းသားအသစ်များ ရောက်လာခြင်းမရှိကြောင်း စုံစမ်းသိရသည့်အတွက် အင်းစိန်ထောင်တွင် ဆက်လက်စုံစမ်းနေကြသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

“ဒိုက်ဦး ကျိုက်စကောထောင်က ပါဆယ်ပို့တဲ့ဌာနမှာ ဒီလူဒီလူတွေက ထောင်ပြောင်းသွားပြီ၊ ပါဆယ်ပို့ရင် လက်မခံနဲ့တော့ဆိုပြီး အရှေ့မှာ ထုတ်ထားတယ်။ အဲဒါ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က။ အဲ့ဒီမှာက ၃၂ ယောက် ပေါ့။ အဲဒီလိုထုတ်ထားတော့ အဲ့ဒီလူတွေလိုက်ရှာတော့လည်းမတွေ့ဘူး။ ပါသွားတဲ့ တယောက်ရဲ့ မိသားစု က အင်းစိန်ကိုလည်း သွားကြည့်တယ် မရှိဘူး။ သာယာဝတီသွားကြည့်တယ် မရှိဘူး။ အခုကတော့ လိုက်နေကြတာပေါ့” ဟု ဒိုက်ဦးအကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

ယင်းအခြေအနေတွင် စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ကိုခန့်လင်းနိုင်၏ မိသားစုထံသို့ လည်းကောင်း၊ ဇူလိုင် လ ၈ ရက်နေ့တွင် ကိုပြည့်ဖြိုးဟိန်း၏ မိသားစုထံသို့လည်းကောင်း သေဆုံးသွား ကြောင်း အကြောင်းကြားစာပေးပို့ခဲ့ကြောင်း AAPP က ဆိုသည်။

အဆိုပါ အကြောင်းကြားစာတွင် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ပြောင်းရွှေ့ရာလမ်းခရီး၌ မော်တော် ယာဉ်တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ် ခတ် ဖမ်းဆီးရာ သေဆုံးသွားကြောင်း ပါရှိသည်။
အကြောင်းကြားစာတွင် ဇွန်လ ၂၉ ရက်နေ့ဟု ရက်စွဲတပ်ထားသော်လည်း မိသားစုများထံသို့ ဇူလိုင်လ မှသာရောက်ရှိခြင်းဖြစ်ပြီး အတွင်းစာတွင် ကိုပြည့်ဖြိုးဟိန်း၏ ဇနီးထံသို့ လိပ်မူထားသော်လည်း စာအိတ် အဖုံးတွင် ကိုအောင်မျိုးသူ၏ ဇနီးနာမည်နှင့် လိပ်စာတပ်ထားသည့်အတွက် စာမှာ ကိုအောင်မျိုးသူ၏ ဇနီး ထံသို့ ရောက်ရှိသွားကြောင်း သိရသည်။

ထို့ကြောင့် ကိုအောင်မျိုးသူ၏ အသက်အန္တရာယ်မှာလည်း စိုးရိမ်စရာဖြစ်နေရကြောင်း နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားသည်။

လက်ရှိ ဒိုက်ဦးထောင်၌ နိုင်ငံရေးအကျဥ်းသားများအပြင် ထောင်ဝန်ထမ်းအချို့လည်း စစ်ဆေးခံနေရ ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများကပြောသည်။

“အခု ကလေးတွေအနေနဲ့ကလည်း ဘယ်အချိန်မှာ သူတို့ကိုလာခေါ်မလည်းပေါ့နော်။ စိုးရိမ်တထိတ် ထိတ်နဲ့စောင့်နေရတယ်။ သူတို့အနေနဲ့က ဘာမှလည်းဖြစ်တာမဟုတ်ဘဲနဲ့ ခေါ်သွားလိုက် ဒီလိုသတ်လိုက် ဆိုတော့ သူတို့အနေနဲ့လည်း ထိတ်လန့်မှုတော့ဖြစ်တာပေါ့”ဟု အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ အကြမ်းဖက်ဖိနှိပ်ခံနေရမှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ အနေဖြင့် နှုတ်ဆိတ်မနေသင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က တိုက်တွန်းသည်။

“NUG အနေနဲ့သော်လည်းကောင်း၊ NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့သော်လည်းကောင်း အဲ့ဒီကိစ္စ တွေကို နိုင်ငံတကာက ပိုပြီးတော့အာရုံစိုက်လာအောင် ပိုပြီးတော့ ထိရောက်တဲ့အရေးယူဆောင်ရွက်မှု တွေပေါ်ပေါက်လာအောင် NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ အဲ့ဒီကိစ္စကိုလည်း အမြန်ဆုံး အရေး ယူနိုင်ရေးအတွက်ကို NUG က ကြိုးပမ်းအားထုတ်ဖို့ လိုမယ်။
လောလောဆယ်က သူလည်း နှုတ်ပိတ် နေတဲ့ပုံစံမျိုးတွေက ဒါမဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စလေ”ဟု ဦးထွန်းကြည်က ပြောသည်။

လက်ရှိတွင် ထောင်ပြင်ပ ခေါ်ထုတ်ခံရသူများထဲမှ ကိုအောင်သူရလှိုင်၊ ကိုဂျာကြီး၊ ကိုမင်းဘုန်းမဟာ၊ ကိုခန့်လင်းနိုင်၊ ကိုဇင်ဝေထွန်း၊ ကိုအောင်မျိုးသူနှင့် ကိုပြည့်ဖြိုးအောင်တို့ ခုနစ်ဦး သေဆုံးသွားကြောင်း အတည်ပြုထားနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPN တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဆိုသည်။

သို့သော်လည်း ထိုအထဲမှ မိသားစုဝင်အချို့ထံသို့ စစ်ကောင်စီ၏ အကြောင်းကြားစာ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းအထိ ရောက်လာခြင်းမရှိသေးကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ တဆင့် မဇ္စျိမက သိရသည်။


စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း
#ကျိုက်စကောအကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသား
#AAPP
🤬12😢7👍5❤2🔥1
​​တိုက်ပွဲဖြစ်ပွားနိုင်၍ ကျောက်ထု - မင်းတပ်လမ်း ရက်အကန့်သတ်မရှိ ဖြတ်သန်းခွင့်ပိတ်ပင်
======================

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလှုပ်ရှားလာနိုင်သဖြင့် ကျောက်ထု-မင်းတပ်လမ်းကို ရက် အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ချင်းကာကွယ်ရေးတပ်(မင်းတပ်) CDF – Mindat က ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ ကျောက်ထုနှင့် ချင်းပြည်နယ်၊ မင်းတပ်လမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ လှုပ်ရှာမှုများရှိနေ သောကြောင့် တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ထုတ်ပြန်ရခြင်းဟုဆိုသည်။

ကျောက်ထုတပ်မှထွက်လာသော စစ်ကောင်စီတပ်များသည် ကျောက်ထုမြို့နယ် မြို့ပေါက်ကျေးရွာ အနောက်ဖက်နှင့် ပေါက်ခေါင်းကျေးရွာ၊ မင်းကြည်ကျေးရွာတို့သို့ ရောက်ရှိနေကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

“ကျောက်ထုအထွက်က တံတားပျက်နေတာ။ မိုးကလည်းရွာနေတော့ ရေကျတဲ့အထိစောင့်ရမယ်။ ရေ ကြီးပြီး ကားပြန်ထွက်လို့မရလို့ ရှိတဲ့အင်အားနဲ့ နယ်မြေရှင်းလင်းရေးထွက်ရင် တိုက်ပွဲက ဆက်တိုက်ဖြစ် နိုင်တဲ့အနေအထားပဲ” ဟု CDF – Mindat စစ်ဒေသမှူး ဆလိုင်နိုင်တမ်း က မဇ္စျိမ ကိုပြောသည်။

ယခုထွက်လာသော စစ်ကောင်စီတပ်မှာ ယာဉ်ကိုးစီးနှင့် အင်အား ၂၀၀ ဦးခန့်ရှိပြီး ကျောက်ထု လေယာဉ် ကွင်းအတွင်း၌ ယာဉ်အစီး ၆၀ ခန့်ရှိကြောင်းဆိုသည်။

ထို့အတူ စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်လေ့ရှိသဖြင့် ပြည်သူ များအနေဖြင့် စစ်ကြောင်းနီးမှတိမ်းရှောင်ခြင်းမျိုးမပြုလုပ်စေလိုဘဲ ပအဖ၊ ပကဖ များနှင့် အဆက်အသွယ် မပြတ်ကြရန်လိုကြောင်း ဆိုသည်။

ယောနယ်ဖက်တွင် အထိုင်လက်နက်ကြီးပစ်ကူပေးမှု သိပ်မရှိသေးသော်လည်း ပြည်သူ့ကာကွယ်ရေးတပ် များအင်အားလာကြီး၍ ကျောက်ထုလေယာဉ်ကွင်းတွင် နယ်ခြားစောင့်အမြောက်တပ်ထိုင်ထားသော ကြောင့် သတိထားကြစေလိုကြောင်း ဆလိုင်နိုင်တမ်း က ပြောသည်။

ကျောက်ထုအမြောက်တပ်တွင်ရောက်ရှိနေသည့် စစ်ကောင်စီရိက္ခာပို့ယာဉ်များသည် ဆောမြို့နယ်ဖက် သို့ ထွက်ခွာလာနိုင်သဖြင့် ဆော-ကျောက်ထုလမ်းပိုင်း၌ မိဘပြည်သူများအနေဖြင့် မလိုအပ်ဘဲခရီးသွား လာခြင်းရှောင်ရှားကြရန်လည်း ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း က ဇူလိုင်လ ၉ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ကျောက်ထု
#မင်းတပ်
#ဖြတ်သန်းခွင့်
#CDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥3❤1
သပိတ်စစ်ကြောင်းများပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နှင့် တော်လှန်ဖျော်ဖြေပွဲ ပြုလုပ်
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှသပိတ်စစ်ကြောင်းများ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် တော်လှန်ဖျော်ဖြေပွဲကျင်းပခဲ့ကြောင်းသိရသည်။
ဇူလိုင် ၁၀ ရက် ယနေ့တွင် အောင်လံလွှင့်မည်ရွှေရေကြည်၊ အားမန်သစ်၊ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာစသည့် သပိတ်စစ်ကြောင်းများပူးပေါင်း ပြုလုပ်ခဲ့ခြင်းဟု ရွာပေါင်းစုံ သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

“ ကျနော်တို့ ဒီနေ့ တော်လှန်ဖျော်ဖြေမှုမှာ ခွပ်ဒေါင်းကတဲ့နေ့ သီချင်းနဲ့ ဒေါင်းရုပ်နဲ့ ကတာအပါအဝင် ဒီဇင်ဘာလ ၂၀၂၁ ခုနှစ်မှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက်ရေးဖွဲ့ ထားတဲ့ ကဗျာကို အော်ပရာအဖြစ် တင်ဆက်ခဲ့ကြပါတယ် ” ဟု ၎င်းကဆိုသည်။

ယခုအချိန်ထိဆိုပါက တော်လှန်ဖျော်ဖြေပွဲလေးကြိမ်ပြုလုပ်ခဲ့ပြီဖြစ်ပြီး ရန်ပုံငွေ ၁၂၀၀၀၀၀ ကျော်ရရှိခဲ့ကာ ညောင်ပင်ကြီးကျေးရွာ မီးဘေးသင့်ပြည်သူများသို့ လှူဒါန်းသွားမည်ဟု သိရသည်။

https://youtu.be/IMzb8Yj5wJA

#တော်လှန်ဖျော်ဖြေပွဲ
#ယင်းမာပင်
#ဆားလင်းကြီး
#ဆန္ဒပြ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍31😁2
ဇူလိုင်လ (၁၁)ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...မြန်မာနိုင်ငံကိုပြန်ပို့ခံရမယ့် ကလေးငယ် ၁၀၀ ကျော်အရေး NUG စောင့်ကြည့်ဆောင်ရွက်နေတဲ့သတင်းနဲ့အတူ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က တောင်ကလေးရဲစခန်းနဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင် ရဲစခန်းတို့ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့ကထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
 အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့  “Mizzima Editorial Talk “ အစီအစဉ် ကိုနားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/UahGO51otvc
 
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11🤣2