နယ်မြေမငြိမ်သက်မှုများကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ်
==================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးရှိ ကျေးရွာများမှစုပေါင်း၍ နယ်မြေမငြိမ်သက်မှုကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၁၁ရက် ယနေ့တွင် ဆက်လက်ချီ တက်ခဲ့ကြသည်။
ဒေသအတွင်းတွင် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေကြောင်းမှလည်း တိုက်ခိုက်ရေးရဟတ်ယာဉ်ဝဲပျံလျက်ရှိနေကြောင်း သပိတ်ဦးဆောင်သူတစ်ဦးကပြောသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။
ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၄၁ ရက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံ စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#ကျေးရွာပေါင်းစုံ
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဆန္ဒပြပွဲ

❤8😁2👍1
အာဆီယံအထူးသံတမန်ရုံးအကြီးအကဲနှင့် လူငယ်တော်လှန်ရေးသမားများတွေ့ဆုံမှု ကောင်းမွန်သည့် တုံ့ပြန်မှုများရရှိခဲ့ဟုဆို
==================
001
(မဇ္စျိမ)။ ။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရုံးအကြီးအကဲဖြစ်သူ သံအမတ်ကြီး Mr. Ngurah Swajaya နှင့် လူငယ်တော်လှန်ရေးသမားများတွေ့ဆုံမှုမှ ကောင်းမွန်သည့်ရလဒ်များနှင့် တုံ့ပြန်မှုများရရှိခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် အဖွဲ့အစည်းများကပြောသည်။
အစည်းအဝေးကို ဇူလိုင်လ ၃ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတွင်ပါဝင်နေသည့်အဖွဲ့အစည်းများဘက်မှ လူငယ်ကိုယ်စားလှယ် ၂၆ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း Progressive Voice - ရှေ့ပြေးအသံ က ဇူလိုင်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ အဓိကကတော့ အာဆီယံရဲ့ မြန်မာ့အရေးလှုပ်ရှားတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ မြန်မာလူငယ်တွေပေါ့နော်။ တော်လှန်ရေးလုပ်နေတဲ့ မြန်မာလူငယ်တွေနဲ့တွေ့ဆုံတဲ့ဟာပါ။ အလွတ်သဘောတွေ့ဆုံပြီးတော့ advocacy လုပ်တဲ့အစည်းအဝေးပါ” ဟု တွေ့ဆုံပွဲ ပြောရေးဆိုခွင့်ရှိသူ၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ-GSC ကိုယ်စားလှယ် ကြည်ငြိမ်းက ပြောသည်။
အာဆီယံအထူးသံတမန်ရုံး အကြီးအကဲအနေဖြင့် မြန်မာနိုင်ငံအတွင်းမှကိစ္စရပ်များ၊ ပြည်တွင်းရေးအခြေအနေများနှင့်ပတ်သက်ပြီး စိတ်ဝင်တစား မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း ဆိုသည်။
လူငယ်များဘက်မှလည်း အာဆီယံအနေဖြင့် စစ်ကောင်စီအား ဆွေးနွေးဘက်အဖြစ် မသတ်မှတ်ဘဲ စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ပေးနိုင်ရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြောင်း ကိုယ်စားလှယ် ကြည်ငြိမ်းကပြောသည်။
“ မြန်မာပြည်မှာရှိနေတဲ့ ပြည်သူလူထုရဲ့ ဆန္ဒအပေါ်ကို လေးစားပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့ အသံတွေအပေါ်မှာမူတည်ပြီးတော့ ထည့်သွင်းစဉ်းစားတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေ အာဆီယံရဲ့ လုပ်ငန်းတွေဖြစ်ဖို့ကို အဓိကဦးစားပေးပြီး တိုက်တွန်းခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။
အစည်းအဝေးတွင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ချမှတ်ခဲ့ပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း မြန်မာပြည်သူများအပေါ်ကျူးလွန်နေသည့် စစ်အုပ်စု၏အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို အာဆီယံမှ ထိရောက်စွာတားဆီးနိုင်မှုမရှိခြင်းအပေါ် ထုတ်ဖော်တင်ပြဆွေးနွေးခဲ့ကြကြောင်း ရှေ့ပြေးအသံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိရောက်မှုမရှိသည့် အဆိုပါဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်ထားရှိနေခြင်းက စစ်ကောင်စီကို နောက်ထပ်ရာဇဝတ်မှုများ ကျူးလွန်စေရန် အတင့်ရဲစေမည်ဖြစ်ပြီး မြန်မာပြည်သူများခံစားနေရသောဒုက္ခကို ပိုမိုဆိုးရွားစေမည်ဟုလည်း လူငယ်များက ပြောကြားခဲ့သည်။
ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ကျေးရွာများကို မီးရှို့မှု၊ တရားလက်လွတ်သတ်ဖြတ်မှုများနှင့်ပတ်သက်သည့် နောက်ဆုံးရအခြေအနေများကို တင်ပြခဲ့ကြကြောင်းလည်းသိရသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#အာဆီယံ
#သံအမတ်ကြီး
#လူငယ်
#တော်လှန်ရေး
#အစည်းအဝေး
Photo - ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၄ တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် ဧပြီလအတွင်းကတွေ့ရစဥ် (KNDF)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍16😁2❤1
ဇူလိုင်လ (၁၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
00:59 − မယ်စဲ့မှာ စစ်ကောင်စီရဲ့ ထောက်ပို့လေယာဉ်က ချသွားတဲ့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းဆည်းရရှိတဲ့သတင်း
03:31 − ဗိုလ်ကြီးကိုသတ်လိုက်တဲ့ အရာခံဗိုလ်ရဲ့ မိသားစုကို လိုင်းခန်းကနှင်ချပြီး သားစစ်ဗိုလ်ကို တပ်ကနေထုတ်ပယ်လိုက်တဲ့အကြောင်း
05:14 − ကရင်နီဒေသအတွက် ကိန္နရာဆေးရုံ တည်ဆောက်ဖို့ရှိနေတဲ့သတင်းနဲ့
07:40 − အိန္ဒိယမှာ မုတ်သုံရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံးရတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/Pe95vvT5s08
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ (၁၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 − မယ်စဲ့မှာ စစ်ကောင်စီရဲ့ ထောက်ပို့လေယာဉ်က ချသွားတဲ့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းဆည်းရရှိတဲ့သတင်း
03:31 − ဗိုလ်ကြီးကိုသတ်လိုက်တဲ့ အရာခံဗိုလ်ရဲ့ မိသားစုကို လိုင်းခန်းကနှင်ချပြီး သားစစ်ဗိုလ်ကို တပ်ကနေထုတ်ပယ်လိုက်တဲ့အကြောင်း
05:14…

👍4🍌2
Media is too big
VIEW IN TELEGRAM
ဖူကူရှီးမားရေထုတ်လွှတ်မှုအစီအစဉ်အတွက် ဂျပန်နိုင်ငံမှာ နောက်ဆုံးစည်းမျဉ်းကန့်သတ်ချက်တွေကို ဖယ်ရှား
#InternationalNews #reels #shorts #Japan #Mizzima

👍5🔥4
Business Round Up (11 July 2023)
=============
- အလယ်အလတ်ဝင်ငွေ အနိမ့်ပိုင်း နိုင်ငံအဆင့်အတန်းတွင် မြန်မာနိုင်ငံ ပါဝင်
- ကုန်သွယ်မှုလိုငွေပြမှုနှင့် ဒေါ်လာငွေလဲနှုန်းမြင့်တက်မှုတို့ကြောင့် ပြည်တွင်း ကုန်ဈေးနှုန်းများကြီးမြင့်နေ
- Asian Clearing Union အဖွဲ့ဝင်နိုင်ငံများက အမေရိ ကန်ဒေါ်လာအသုံးပြုမှုကို လျော့ချပြီး ပြည်တွင်းငွေကြေးများသုံးစွဲရန် သဘောတူ
- 'ဝဥ' စိုက်တောင်သူများ ဈေးကွက်ပျက်စီးမှုကြောင့် ထိခိုက်မှုများရှိနေ
https://youtu.be/Lhgyn0PvGT0
#BusinessRoundUp
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=============
- အလယ်အလတ်ဝင်ငွေ အနိမ့်ပိုင်း နိုင်ငံအဆင့်အတန်းတွင် မြန်မာနိုင်ငံ ပါဝင်
- ကုန်သွယ်မှုလိုငွေပြမှုနှင့် ဒေါ်လာငွေလဲနှုန်းမြင့်တက်မှုတို့ကြောင့် ပြည်တွင်း ကုန်ဈေးနှုန်းများကြီးမြင့်နေ
- Asian Clearing Union အဖွဲ့ဝင်နိုင်ငံများက အမေရိ ကန်ဒေါ်လာအသုံးပြုမှုကို လျော့ချပြီး ပြည်တွင်းငွေကြေးများသုံးစွဲရန် သဘောတူ
- 'ဝဥ' စိုက်တောင်သူများ ဈေးကွက်ပျက်စီးမှုကြောင့် ထိခိုက်မှုများရှိနေ
https://youtu.be/Lhgyn0PvGT0
#BusinessRoundUp
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (11 July 2023)
- အလယ်အလတ်ဝင်ငွေ အနိမ့်ပိုင်း နိုင်ငံအဆင့်အတန်းတွင် မြန်မာနိုင်ငံ ပါဝင်
- ကုန်သွယ်မှုလိုငွေပြမှုနှင့် ဒေါ်လာငွေလဲနှုန်းမြင့်တက်မှုတို့ကြောင့် ပြည်တွင်း ကုန်ဈေးနှုန်းများကြီးမြင့်နေ
- Asian Clearing Union အဖွဲ့ဝင်နိုင်ငံများက အမေရိ ကန်ဒေါ်လာအသုံးပြုမှုကို…

🔥5
Media is too big
VIEW IN TELEGRAM
အလယ်အလတ်ဝင်ငွေ အနိမ့်ပိုင်း နိုင်ငံအဆင့်အတန်းတွင် မြန်မာနိုင်ငံ ပါဝင်
#Businessnews #Myanmar #reels #shorts #mizzima

🔥2
This media is not supported in your browser
VIEW IN TELEGRAM
တူရကီ အီးယူအဖွဲ့ဝင်ဖြစ်ရေးနဲ့ ဆွီဒင်ရဲ့နေတိုးအဖွဲ့ဝင်ဖြစ်ရေး ဘာမှမသက်ဆိုင်ကြောင်း အိုလက်ဖ်ရှောပြောကြား
#InternationalNews #reels #shorts #EU #Sweden #Mizzima

👍4😁3
ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်တွင် စစ်ဘေးရှောင် ၂ ဦး မြွေဆိုးကိုက်ခံရ
=====================
ကိုခင်မောင်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်တွင် စစ်ဘေးရှောင်နှစ်ဦး မြွေဆိုးကိုက် ခံခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ( ကန့်ဘလူခရိုင်)ထံမှ သိရသည်။
ဇူလိုင်လ ၉ ရက်နေ့က ထန်းကုန်းတိုက်နယ်ရှိ စစ်ရှောင်တဲအတွင်း အိပ်နေသည့် အသက် ၂၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတဦး မြွေကိုက်ခံခဲ့ရခြင်းဖြစ်ပြီး အခြေအနေအသေးစိတ်ကို မသိရှိသေးကြောင်း ယင်း အဖွဲ့ကပြောသည်။
ထို့ပြင် ဇူလိုင်လ ၆ ရက်နေ့ကလည်း ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်မှ အသက် ၅၀ နှစ် အရွယ် အမျိုး သမီးတဦး မြွေဆိုးကိုက်ခံခဲ့ရသည်ဟု ဆိုသည်။
“အိန္ဒိယမြွေဆိပ်ဖြေဆေးက အလုံး ၂၀ တော့ရှိတယ်။ လူနာက နှစ်ယောက်ဖြစ်နေတော့ မလောက်ဘူး ဖြစ်နေလို့ တခြားမြွေဆိပ်ဖြေဆေးရှိတဲ့ တနေရာကို လွှဲပေးလိုက်ရတယ်” ဟု ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတဦးက ပြောသည်။
ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်တွင်လည်း ဇူလိုင်လ ၆ ရက် နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဒေသခံတဦး မြွေဆိုးကိုက်ခံရသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ( ကန့်ဘလူခရိုင်) ထံမှ သိရသည်။
ထန်းကုန်းတိုက်နယ်အတွင်း၌ မြွေဆိပ်ဖြေဆေးများအပြင် အခြေခံဆေးဝါးများနှင့် အမြဲစွဲသောက်ရသည့် သွေးတိုး၊ ဆီးချိုကဲ့သို့ ဆေးဝါးများလိုအပ်လျက်ရှိနေသည်ဟု သိရသည်။
ကန့်ဘလူခရိုင်တွင်းရှိ ကိုးထောင်ဘို့၊ ချပ်သင်း၊ ပင့်သာနှင့် ထန်းကုန်းတိုက်နယ်များသည် မြွေဆိုးကိုက်ခံ ရမှု အများဆုံးဒေသများ ဖြစ်သည်။
မိုးရာသီ ရောက်လာသည်နှင့်အမျှ မြွေဆိုးအန္တရာယ်လည်း ပိုမိုကြုံတွေ့လာရပြီး စစ်ရှောင်များအနေဖြင့် အနေအထိုင် ပိုမိုခက်ခဲလာနေကြကြောင်းလည်း သိရသည်။
ဇွန်လအတွင်းကလည်း ကန့်ဘလူခရိုင်အတွင်း၌ မြွေဆိုးကိုက်ခံရသည့် လူနာစုစုပေါင်း ၁၁ ဦးအထိ ရှိခဲ့ သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)မှ ပြုစုထားသည့် စာရင်းအရ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကန့်ဘလူမြို့နယ်
#စစ်ဘေးရှောင်
#မြွေအန္တရာယ်

👍7😢7❤1😁1
ပြီးခဲ့သည့် သီတင်းပတ်က ကမ္ဘာ့ အပူဆုံး ရက်သတ္တပတ်အဖြစ် စံချိန်တင်ဟု ကုလ ပြော
========================
ဇူလိုင်လအစ ပြီးခဲ့သည့် သီတင်းပတ်သည် မှတ်တမ်းမှတ်ရာများအရ ကမ္ဘာ့အပူဆုံး သီတင်းပတ်ဖြစ်ကြောင်း ကမ္ဘာ့ မိုးလေဝသ အဖွဲ့ကြီး (WMO) ၏ ဇူလိုင် ၁၀ ရက် ကနဦး လေ့လာတွေ့ရှိချက်များအရ သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
ဇူလိုင်လအစ ပြီးခဲ့သည့် သီတင်းပတ်သည် မှတ်တမ်းမှတ်ရာများအရ ကမ္ဘာ့အပူဆုံး သီတင်းပတ်ဖြစ်ကြောင်း ကမ္ဘာ့ မိုးလေဝသ အဖွဲ့ကြီး (WMO) ၏ ဇူလိုင် ၁၀ ရက် ကနဦး လေ့လာတွေ့ရှိချက်များအရ သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
ဒေသခံ ၁၇ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားကြောင်း KNU ပြော
======================
YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) အုပ်ချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် လေးရက်အတွင်း ဒေသခံ ၁၇ ဦး စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း KNU ဗဟို၏ ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
" အခုထိ ပြန်မလွတ်သေးပါဘူး။ ဖမ်းခံရတဲ့ ၁၇ ဦးက အမျိုးသားတွေချည်းပဲ။ ကျောက်ကြီးမှာ ဝယ်လို့မရတဲ့ ရိက္ခာပစ္စည်းတွေ ကျောက်တံခါးမှာ သွားရောက်ဝယ်ယူရင်း ဖြစ်ပွားခဲ့တာ၊ မိသားစုတွေနဲ့ အဆက်အသွယ်မရသေးဘူး" ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများသည် ကျောက်ကြီးမြို့နယ်၊ ကျောက်မော်ဘုရားကြီးကျေးရွာ၊ ပဲဒဲကောကျေးရွာ၊ ဗမာဝက်လာတောကျေးရွာနှင့် ဒါးကုလားကျေးရွာတို့မှ ဒေသခံအမျိုးသား ၁၇ ဦးဖြစ်ကာ ကျောက်တံခါးမြို့နယ်သို့ စားနပ်ရိက္ခာများ ဝယ်ယူရန်သွားစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ထိုဒေသခံ ၁၇ ဦးအား ကျောက်တံခါးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၆၄) မှ စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အား ကျောက်တံခါးမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ထားဆဲဖြစ်ကြောင်း KNU က ဆိုသည်။
ဒေသခံ ၁၇ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်အပြင် KNU တပ်မဟာ (၃) နယ်မြေအတွင်း အထိုင်ချနေသည့် စစ်ကောင်စီတပ်သားများက ဇူလိုင်လ ၆ ရက်နေ့မှ ၉ ရက်နေ့အတွင်း စစ်တောင်းမြစ်အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၂၈ လုံးခန့် ပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း KNU က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၇ ရွာမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာ ဒေသများသို့ ခေတ္တ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#လက်နက်ကြီး
#ကျောက်ကြီးမြို့နယ်
#KNU

👍9🤬7🔥2😁1
ဒေသ ၄ခု နေရာကွက်မိုးကြီးနိုင်ကြောင်း NUGသတိပေး
=================
ရောင်နီ
(မဇ္စျိမ)။ ။ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ ဆက်လက်အားကောင်းနေပြီး တိုင်းနှင့်ပြည်နယ်လေးခု၌ နေရာကွက်၍မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနက (MOHADM) က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ ဖြစ်န်ိုင်ဖွယ် မိုးလေ၀သအခြေအနေကို ယမန်နေ့ ဇူလိုင်လ ၁၀ရက်က ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။
မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပြီး ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသ်ာရီတိုင်းနှင့် ကချင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံအနှံ့တွင် နေရာကွက်ကျား မိုးရွာသွန်းနိုင်ကြောင်း MOHADMက ခန့်မှန်းထားသည်။ မိုးကြီးမည့်သတိပေးချက်အပြင် မြို့ပြနှင့် မြစ်ချောင်းများ ရေကြီး၊ရေလျှံနိုင်ခြေရှိကြောင်းလည်း MOHADM က သတိပေးထားသည်။
စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနကလည်းဧရာဝတီနှင့်ချင်းတွင်းမြစ်အပါအဝင် ဒေသတွင်းမြစ်ချောင်းများ ရေတိုးလာနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။ဧရာ၀တီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွေကျင်မြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ င၀န်မြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်ရေများသည် ယခု ဇူလိုင်လ ဒုတိယ ဆယ်ရက်ပတ်ကာလ( ဇူလိုင်လ ၁၀ရက်မှ ဇူလိုင်လ ၂၀ရက်)အတွင်း ၁ ပေမှ ၃ ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းမိုးဇလဌာနပ ကယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
#mizzima
#မုတ်သုံလေ
#မိုးကြီးသတိပေးချက်
#MOHADM
Photo - ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဇွန်လအတွင်းက မိုးကြီးခဲ့ပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်

👍13🔥1😁1
အရှေ့တောင်အာရှက နျူကလီးယားလက်နက် ကင်းမဲ့ဇုန် ဖြစ်ရမည်ဟု အင်ဒိုနီးရှား ပြော
=========================
နျူကလီးယားလက်နက် ကင်းမဲ့ဇုန်အဖြစ် အရှေ့တောင်အာရှဒေသအား ဆက်လက်ထိန်းသိမ်းထားရေးအတွက် သက်ဆိုင်ရာအားလုံးအနေဖြင့် အစွမ်းကုန် ကြိုးစားအားထုတ်ရမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ထပ်လောင်းပြောသည်။
ဂျကာတာတွင် အင်္ဂါနေ့၌ ၅၆ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သဘာပတိ တာဝန်ယူထားချိန်၌ ဝန်ကြီးက ကမ္ဘာသည် လက်ရှိအချိန်၌ မကြာသေးသော သမိုင်းအတွင်း မည်သည်အချိန်ကမဆိုထက် နျူကလီးယားလက်နက် သုံးစွဲမည့် ဘေးအန္တရာယ် မြင့်မားနေသည်ကို ကြုံဆုံနေရကြောင်း ပြောဆိုသည်။
“နျူကလီးယားလက်နက်ထက် ဘယ်လက်နက်ကမျှ အားမပြင်းဘူး၊ ဖျက်အား မကြီးဘူး၊ နျူကလီးယားလက်နက်တွေကြောင့် ကမ္ဘာပျက်ကိန်းနဲ့ ကမ္ဘာလုံးဆိုင်ရာကပ်ဘေးတွေနဲ့ ကျွန်မတို့ဟာ ဘေးမသီရန်မခ ရှိမနေနိုင်ဘူး”ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မာဆူဒီက မှတ်ချက်ပြုပြောဆိုသည်။

👍11🔥1🥰1😁1
ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===================
https://youtu.be/Mh7RwpJirAY
===================
https://youtu.be/Mh7RwpJirAY
YouTube
ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍6🔥2
Media is too big
VIEW IN TELEGRAM
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနှစ်ဦးသေဆုံး

👍7🔥2