Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနှစ်ဦးသေဆုံး

#InternationalNews #reels #shorts #Japan #Mizzima
👍7🔥2
​​ဒါကြီး ဘယ်တော့ပြီးမှာလဲ | သတင်းသုံးသပ်ချက်
================

မဇ္စျိမ ။ ။အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းပြီး ၂ နှစ်တာ ကာလမှာ လူတွေပါးစပ်ဖျားမှာ မေးနေတာ၊ မိသားစုဝင်တွေ အချင်းချင်း၊ သူငယ်ချင်းမိတ်ဆွေတွေ အချင်းချင်း တွေ့ဆုံကြတဲ့ အချိန်မှာ တီးတိုးတီးတိုး မေးမြန်းကြတာ ဒါကြီး ဘယ်တော့ပြီးမှာလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

လွတ်လပ်တဲ့ မီဒီယာတွေက တက်လာတဲ့ သတင်းတွေဖတ်ပြီး ဒီအပေါ်မှာ ဆွေးနွေးကြ၊ သုံးသပ်ကြရင်း အဖြေ တစ်ခု မထုတ်နိုင်ပေမယ့် နောက်ဆုံးမှာ စကားဝိုင်း အဆုံးသတ်တာကတော့ အကြမ်းဖက် စစ်အာဏာရှင် တွေကို ရွံ့ရှာစက်ဆုပ်တာနဲ့ ဒါကြီးမြန်မြန်အဆုံးသတ်စေချင်ပြီ ဆိုတာပဲဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ ၂၀၁၉ ခုနှစ်က စပြီး ကိုဗစ်ကပ်ရောဂါကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ခဲ့ရတဲ့ကြားမှာ ငစစ်သတ်ရောဂါလို့ အများပြောကြတဲ့ အဓမ္မ အာဏာသိမ်းခံရပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိနှိပ်မှု အမျိုးမျိုးကို ခံခဲ့ကြရတာပါ။

မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးလို စစ်ကောင်စီဟာ အစွယ်ထုတ်ပြပြီး ပြည်သူကို ဂုတ်ချိုးသတ်၊ အောင်သေအောင်သား စားလာတာ အခုဆို နှစ်နှစ်ကျော်လာပါပြီ။

စစ်ကောင်စီ အာဏာသိမ်းကာလ ရှည်ကြာလာလေလေ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေက ပေါ်လွင်လာလေဆိုတာ သတင်းဖော်ပြချက်တွေက သက်သေတွေပဲ ဖြစ်ပါတယ်။

ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးတွေမှာ နေထိုင်နေသူတွေတောင် စိတ်လုံခြုံမှု မရှိကြတော့ဘဲ ဘယ်အချက် ငါတို့အလှည့် ရောက်လာမလဲဆိုတဲ့စိတ်နဲ့ တထိတ်ထိတ် ရှင်သန်နေကြရပြီ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ အကြံနဲ့ ပြည်သူလူထုကို အကြောက်တရားထည့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ပြီး တမြည့်မြည့် ညှဉ်းပမ်းနှိပ်စက်မှုတွေ လုပ်နေပါတယ်။

အခုဆိုရင် ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား ၃၇ ဦး ပျောက်ဆုံးနေတဲ့ ကိစ္စက သတင်းတွေမှာ ပလူပျံနေပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ အနေနဲ့လည်း ဘယ်အချက် ငါတို့အိမ်သား သေဆုံးပြီဆိုတဲ့ စာရောက်လာမလဲဆိုတဲ့ စိတ်နဲ့ စိုးထိတ်နေရပါပြီ။

အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပုန်ကန်ရင်သတ်ဆိုတဲ့ ပဒေသရာဇ်ခေတ်ကို နောက်ပြန်ဆွဲ ပြန်ရောက် သွားပါပြီ။
စစ်ကောင်စီ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်းဟာ ၂၄၀၀၀ ကျော် ရှိနေပါပြီ။ ဖမ်းဆီးရင်း သတ်ဖြတ်ခံရတာ၊ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျဉ်းလို့ သေဆုံးရတာ စုစုပေါင်း နိုင်ငံရေးအကျဉ်းသားပေါင်းက ၃၀၀၀ ကျော် ၄၀၀၀ နီးပါး ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက စာရင်းပြုစုထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ အညာဒေသနဲ့ တိုင်းရင်းသားဒေသတွေမှာလည်း အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းနေတာပါ။

ဒါကြောင့်လည်း မြန်မာ့အရေးကို ပေါ့ပေါ့ထားပြီး ပြည်တွင်းရေးဖြစ်လို့ ဝင်မစွက်သင့်ဘူးဆိုတဲ့ အာဆီယံ နိုင်ငံတချို့တောင် အခုအချိန်မှာ မျက်လုံးပြူးကုန်ကြပါပြီ။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေဟာ စစ်ကောင်စီလက်ထက်မှာ အရင် စစ်အာဏာရှင် အဆက်ဆက်ထက် အဆများစွာ ပိုပေမယ့်လည်း စစ်ကောင်စီက နည်းနည်းမှ လျှော့မယ့် အနေအထား မမြင်ရပါဘူး။

စစ်ကောင်စီသက်ဆိုးရှည်လေ ပြည်သူတွေ နစ်နာလေ ဖြစ်ရမယ့် အနေအထားကြောင့် နိုင်ငံတကာ အဖွဲ့အစည်း တွေရဲ့ အစည်းအဝေးတွေမှာလည်း မြန်မာ့အရေးက အဓိက ဦးစားပေး ဆွေးနွေးရမယ့် ကိစ္စ ဖြစ်လာပါပြီ။ ဖြစ်လည်း ဖြစ်သင့်တဲ့ အနေအထားပါ။

စစ်ကောင်စီလက်ထက်မှာ ကလေးသူငယ်တွေ သေဆုံးရတာ၊ အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ မကြုံစဖူး မြင့်တက်လာနေတယ် ဆိုတာလည်း မြန်မာ့အရေး စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့အစည်းတွေရဲ့ စစ်တမ်းတွေအရ တွေ့နေရပါတယ်။

စစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကတော့ ပြောလို့ကုန်နိုင်ဖွယ်မရှိပါဘူး။ ဖမ်းဆီးသတ်ဖြတ်တာ၊ လုယက်တာ၊ ခိုးယူတာ၊ မီးရှို့တာ၊ မုဒိန်းကျင့်တာ စတဲ့ ရာဇဝတ်မှုတွေကို စစ်ကောင်စီက နိုင်ငံတော်အဆင့် ကျူးလွန်နေတယ် လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူတွေလက်မခံတဲ့ နိုင်ငံတော်အဆင့် သူခိုး၊ ဓားပြ စစ်ကောင်စီ တာဝန်ရှိသူတွေကို ပြည်သူတွေက အမြန်ဆုံး တရားစီရင်နိုင်ဖို့၊ ဒါကြီးအမြန်ပြီးဖို့ ဝိုင်းဝန်းကူညီပေးရမယ့် တာဝန်ဟာ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိနေပြီဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

#ရာဇဝတ်မှု
#မီးရှို့
#ခိုးယူ
#အမေရိကန်
👍24🤣3❤1
Mizzima TV channelများကို ဖမ်းယူကြည့်ရှုလိုပါသလား ?
Mizzima TV နှင့် Mizzima+ TV ချန်နယ်ကို
နေ့စဥ် မနက် ၆ နာရီမှ ည ၁၂ နာရီအထိ ဖမ်းယူကြည့်ရှုနိုင်ပါသည်။

၂ပေစလောင်း, PSI Receiver,
Free-to-Air receiver များဖြင့်ဖမ်းယူလိုပါက
ThaiCom 6 Satellite
[ 78.5E ] Ku Band
Frequency : 12728 MHz
Polarization : Vertical
Symbol Rate : 30000

၈ပေစလောင်း, C band receiver များဖြင့်ဖမ်းယူလိုပါက
AsiaSat-7 Satellite
[105.5E] C band
Downlink Frequency : 3760 MHz
Polarization : Horizontal
Symbol Rate : 26000

#mizzimatv #mizzimaplustv #freetoair #TVchannel #PSI
👍7🔥1🥰1😁1
Media is too big
VIEW IN TELEGRAM
ကုန်သွယ်မှုလိုငွေပြမှုနှင့် ဒေါ်လာငွေလဲနှုန်းမြင့်တက်မှုတို့ကြောင့် ပြည်တွင်း ကုန်ဈေးနှုန်းများကြီးမြင့်နေ

#Businessnews #reels #shorts #mizzima
👍8🔥2
​​နမ်ဆန်ယန်ရွာခံအချို့ ယခင်နေထိုင်ခဲ့သော မိုင်းနားစစ်ရှောင်စခန်းတွင်ပြန်‌နေရန် ပြင်ဆင်
=======================

KMN
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး နမ်ဆန်ယန်ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသည့်အတွက် ပြီးခဲ့သည့် ဇူလိူင်လ ၃ ရက်နေ့ ဝန်းကျင်မှစပြီး ရွာခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

နမ်ဆန်ယန်ကျေးရွာသား ရာနှင့်ချီပြီး နီးစပ်ရာမြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့မှာ ယခင်နေထိုင်ခဲ့သည့် ဝိုင်းမော်မြို့နယ်၊ မိုင်းနား ကက်သလစ်စစ်ရှောင်စခန်းတွင် ပြန်လည်နေထိုင်ရန် ပြင်ဆင်နေကြကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။

နမ်ဆန်ယန်ကျေးရွာမှ ကက်သလစ်ဘာသာဝင်များသည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကက်သလစ်စစ်ရှောင် စခန်းတွင် ပြန်လည်နေထိုင်ရန်စီစဉ်နေခြင်း ဖြစ်သည်။

“လက်ရှိသူတို့က မြစ်ကြီးနားက ဘုရားကျောင်းတခုမှာရှိတယ်၊ အိမ်ထောင်စု ၆၀ လောက်ရှိတယ်၊ မိုင်းနား စစ်ရှောင်စခန်းပြောင်းဖို့က လူဦးရေ ၃၀၀ နီးပါးလောက် ရှိတယ်။ လာမယ့်သောကြာနေ့လောက် ပြောင်း ဖို့စီစဉ်နေတယ်”ဟု နမ်ဆန်ယန်ကျေးရွာ၊ ကက်သလစ်ကျောင်းထိုင်ဘုန်းတော်ကြီးက မဇ္ဈိမကိုမိန့်ကြား သည်။

နန်ဆန်ယန်ကျေးရွာသား ၃၀၀ နီးပါး ပြန်လည်နေထိုင်မည့် မိုင်းနားကက်သလစ်စစ်ရှောင်စခန်းရှိ အခန်း လွတ်များသည် ပျက်စီးယိုယွင်းပြီး အမိုးအကာများပေါက်ပြဲနေသည့်အတွက် ပြုပြင်ရန်လိုအပ်နေကြောင်း လည်း ဘုန်းတော်ကြီးက မိန့်ကြားသည်။
မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော် လမ်းပိုင်းတွင် တည်ရှိသည့် နမ်ဆန်ယန် ကျေးရွာသည် လူဦးရေ ၁,၀၀၀ ခန့် နေထိုင်သည့် ရွာကြီးဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာခံများ ထွက်ပြေးခဲ့ရကာ ရွာပျက်ကြီးအဖြစ် ကျန်ခဲ့သည်။

ယင်းနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်ဆန်းမှ စတင်ကာ ရွာခံများ တဖြည်းဖြည်း ပြန်လည် ဝင်ရောက် နေထိုင်ခဲ့သည်။
သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကြောင်းများ မကြာခဏ ဝင်ထွက်နေခြင်းကြောင့် ရွာခံများထပ်မံတိမ်းရှောင်နေရရာ ယခုနှစ် ဇူလိူင် ၃ ရက်နေ့တွင် စစ်ကောင်စီ တပ်များ ထိုးစစ်ဆင်လာသည့်အတွက် ရွာလုံးကျွတ် တကျော့ပြန်ထွက်ပြေးတိမ်းရှောင်ခဲ့ ကြရခြင်းဖြစ် သည်။

“ရွာသားတွေတော့ ဘယ်သူမှ မကျန်တော့ဘူး၊ ရွှေ့ပြောင်းပြီး ရွှေတူးကြတဲ့အလုပ်သမားတွေပဲ ရှိလောက် မယ်၊ တောင်ယာမှာကျန်ခဲ့တဲ့ ကြက်တွေ၊ ဝက်တွေ ပြန်ကြည့်ကြတဲ့သူတွေတော့ ရှိချင်ရှိလိမ့်မယ်” ဟု စစ်ဘေးရှောင်ကူညီသူတဦးက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်ကျေးရွာဝန်းကျင်တွင် ဇူလိုင် ၈ ရက်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းနေ့တွင် လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်က လက် နက်ကြီးဖြင့် ငါးကြိမ်ခန့် ပစ်ခတ်ခဲ့သည်။

ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီး မိုင်ဆတ်ပါဒေသများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ် လပ်ရေးတပ်မတော်(KIA)အကြား လက်ရှိတိုက်ပွဲများ ဖြစ်နေသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#နန်ဆန်ယန်
#တကျော့ပြန်တိမ်းရှောင်
#လိုင်ဇာ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2😁1
This media is not supported in your browser
VIEW IN TELEGRAM
Asian Clearing Union အဖွဲ့ဝင်နိုင်ငံများက အမေရိကန်ဒေါ်လာအသုံးပြုမှုကို လျော့ချပြီး ပြည်တွင်းငွေကြေးများသုံးစွဲရန် သဘောတူ

#Businessnews #reels #shorts #mizzima
❤3👏1🤔1
ချင်းပြည်နယ်တွင် ငှက်ဖျားရောဂါ တကျော့ပြန်အဖြစ်များနေပြီး အရေးပေါ်ဆေးဝါးများ လိုအပ်
👍6😢6🔥3
ချင်းပြည်နယ်တွင် ငှက်ဖျားရောဂါ တကျော့ပြန်အဖြစ်များနေပြီး အရေးပေါ်ဆေးဝါးများ လိုအပ်
=================

မဇ္စိုမ။ ။ချင်းပြည်နယ်အတွင်းရှိ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများတွင် ရာသီပေါ်တုတ်ကွေးရောဂါ နှင့် ငှက်ဖျားရောဂါများပြန်လည်ဖြစ်ပွားနေပြီး အရေးပေါ်ဆေးဝါးများ လိုအပ်နေကြောင်း စခန်းတာဝန်ခံ အချို့ကပြောသည်။

တကျော့ပြန်အဖြစ်များလာနေသည့် ငှက်ဖျားရောဂါသည် မြို့နှင့် အလှမ်းဝေးသောရွာများတွင် ပိုအဖြစ် များလာပြီး သက်ကြီးရွယ်အိုနှင့် ကလေးငယ်တချို့ သေဆုံးမှုများပင်ရှိနေပြီဟု သိရသည်။
“ချင်းမှာက ငှက်ဖျားရောဂါဆိုတာ တော်တော်လေးပပျောက်သွားပြီး မရှိသလောက်ကို ဖြစ်နေတာ။ ကျွန်တော်တို့တာဝန်ယူတဲ့အချိန်က ကျန်းမာရေးဌာန၊ NGO ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့တွေ အားလုံးပေါင်းပြီး စီမံချက်တစ်ခုလိုချမှတ်ပြီး လုပ်ဆောင်ခဲ့တာ။ ချင်းပြည်နယ်မှာ ငှက်ဖျားအဖြစ်များတာ က တောင်ပိုင်းမှာ ပိုအဖြစ်များတယ်။ အထူးသဖြင့် ပလက်ဝနဲ့ မတူပီဖက်ခြမ်းမှာ ပိုအဖြစ်များတယ်။ အခု ကျတော့ စီမံချက်တွေကလည်း ပျက်စီးကုန်ပြီ။ ဆေးဝါးတွေလည်းအချိန်မီမရောက်တော့ ငှက်ဖျားက ပြန် ထလာတဲ့သဘောရှိတယ်’’ ဟု ငှက်ဖျားတိုက်ဖျက်ရေးတာဝန်ခံ (ငြိမ်း)တဦးက ပြောသည်။

စစ်ကောင်စီအာဏာမသိမ်းမီအချိန်ကာလအထိ ချင်းပြည်နယ်တွင် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကောင်းမွန်စွာထိန်းချုပ် နှိမ်နင်းနိုင်ခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) မှလည်းထုတ် ပြန်ထားသည်။

လက်ရှိတွင် ငှက်ဖျားရောဂါ တကျော့ပြန်အဖြစ်များလာမှုနှင့်ပတ်သက်၍ ချင်းပြည်သူများအနေဖြင့် မြို့ ပေါ်သို့ဆေးဝါးကုသနိုင်ရန် နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေအရ အခက်ကြုံနေကြရကြောင်း ဆိုသည်။

“အတော်ကိုလိုအပ်ချက်တွေ များနေပါတယ်။ ကူညီနိုင်မယ့်သူရှိရင်တော့ အတူတူလက်တွဲပြီး ပူးပေါင်း လုပ်ဆောင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ်(ICA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်း ဗန်ဆေးစံက ရာသီတုတ်ကွေးနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ပြောကြားသည်။

ချင်းလူမှုရေးအသိုင်းအဝန်းအဖွဲ့အစည်းများအားလုံးအနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးနိုင်ရန် နှင့် ပံ့ပိုးကူညီပေးကြရန်အထူးလိုအပ်ကြောင်းလည်း ICA မှ နှိုးဆော်ထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်နှစ်ကျော်အတွင်း ချင်းပြည်နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားသေဆုံးသူ ၅၉၅ ဦးအထိရှိခဲ့ကြောင်းလည်း ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs - ICA) မှ ဇူလိုင် ၄ ရက်နေ့‌တွင်ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ပုံစာ - ၂၀၂၃ ခုနှစ်၊ ဇွန်လဆန်းပိုင်းတွင် မင်းတပ်စစ်ရှောင်စခန်းသို့ရောက်ရှိလာပြီး ငှက်ဖျားကြောင့် သေဆုံးခဲ့ရသူအချို့။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ရာသီတုတ်ကွေး
#ငှက်ဖျားရောဂါ
#ICA
#ကျန်းမာရေး
#ချင်းပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥4
​​ပြည်ပ ဆက်ဆံရေး  ဥပဒေ နောက်ကွယ်မှ တရုတ်သမ္မတရှီကျင့်ဖျင်၏ ရည်မှန်းချက်များ 
========================

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဗိုလ်ကျသော အနောက်အုပ်စု၏ အနိုင်ကျင့်မှုကို ဆန့်ကျင်တုန့်ပြန်သည့်အနေဖြင့် သဘောထားတင်းမာသော ဆောင်ရွက်ချက်များကို တရားဝင်ဖြစ်စေရန် အစိုးရပြည်ပဆက်ဆံရေးဆိုင်ရာဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်သည်။ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်အာဏာသက်ဝင်သည့် ယင်းဥပဒေသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်ဦးဆောင်သည့် အနောက်မဟာမိတ်အဖွဲ့က ထူထောင်ခဲ့သော မူဘောင်ကို စိန်ခေါ်နိုင်မည့် တရုတ်နိုင်ငံကို ဗဟိုပြုသော ကမ္ဘာ့စည်းမျဉ်းကို ဖော်ဆောင်လိုသည့် သမ္မတရှီ၏ ကာလရှည် ဆန္ဒကို အားကောင်းခိုင်မာလာစေမည် ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5🔥3👍1😁1
​​ရိုဟင်ဂျာများအား မြန်မာသို့ ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ထပ်လောင်းပြောဆို
==========================

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်တွင် ခိုလှုံနေကြသော ရိုဟင်ဂျာများအား မြန်မာနိုင်ငံသို့ ပြန်ပို့ရေးအတွက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် အင်္ဂါနေ့တွင် ထပ်လောင်းပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮5👍2😁2
​​မြန်မာ့အရေး သဘောကွဲလွဲမှုများအကြား ဒေသတွင်းထိပ်တန်းသံတမန်များ တွေ့ဆုံစဉ် စည်းလုံးညီညွတ်မှုရှိရေး အာဆီယံဥက္ကဋ္ဌ တိုက်တွန်း
=======================

အရှေ့တောင်အာရှဒေသဆိုင်ရာ အဖွဲ့အနေဖြင့် အများယုံကြည် လက်ခံနိုင်မှု ဆက်ရှိစေရန်အတွက် စည်းလုံးညီညွတ်မှုရှိရန် အရေးကြီးကြောင်းကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားက ဇူလိုင် ၁၁ ရက်တွင် အလေးပေး ပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🥱7👍4🔥1
Media is too big
VIEW IN TELEGRAM
'ဝဥ' စိုက်တောင်သူများ ဈေးကွက်ပျက်စီးမှုကြောင့် ထိခိုက်မှုများရှိနေ

#Businessnews #reels #shorts #mizzima
🔥2👍1
"ပြောခွင့်လေးပေးပါ" (Trailer)
===============

ဘာလိုလို့လဲ ဇာတ်လမ်းတွဲက
နောက်ထပ် ဇာတ်လမ်းတိုတပုဒ်ပါ။

မိသားစုအတွင်း အထီးကျန်ရာကနေ စိတ်ဒဏ်ရာ ရသွားတတ်တဲ့ ကလေးတွေ အကြောင်း။

မိသားစုအတွင်း အထီးကျန်နေသူတွေ ရှိတတ်ကြပါတယ်။
သူတို့ရဲ့ ပြောဆိုမှုတွေက မိသားစုထဲမှာ အရာမရောက်ပဲ ရှိတတ်ကြပါတယ်။
ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိတတ်ကြပါသလဲ။

စိတ်ဒဏ်ရာ ရသွားတဲ့သူတွေမှာကော ဘယ်လို သက်ရောက်မှုတွေ ရှိတတ်ပါသလဲ။
မိသားစုနဲ့ ပြောရေးဆိုခွင့်ကိစ္စကို ဒီဇာတ်လမ်းလေးမှာ တင်ဆက်ထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။

အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

https://youtu.be/wt3POhJckvw
👍5🔥1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၁ ဇူလိုင် ၂၀၂၃) 
=======================

အမျိုးသားညီညွတ်ရေးအစိုးရသည် အာဆီယံဒေသတွင်း နိုင်ငံကို တရားဝင် ခရီးစဉ် သွားရောက် ပြီး သဘောတူညီချက်များရသည်အထိ ဆွေးနွေးနိုင်သည်ကို ကြည့်ပါက နိုင်ငံတကာ ဆက်ဆံ ရေး တဆင့်တက်လာသည်ဟု ဆိုရမည်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁2🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
July - 11 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
🔥1😁1
ဇူလိုင်လ (၁၁) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဇူလိုင်လ (၁၁) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဒီကနေ့ ကြားကြရမယ့်သတင်းတွေကတော့ အာဆီယံအထူးသံတမန်ရုံးအကြီးအကဲနဲ့ လူငယ်တော်လှန်ရေးသမားတွေ တွေ့ဆုံရာမှာ ကောင်းမွန်တဲ့ တုံ့ပြန်မှုများရရှိခဲ့တယ်ဆိုတဲ့ သတင်းနဲ့အတူ ကရင်နီဒေသအတွက် ခွဲစိတ်ခန်းပစ္စည်းကိရိယာစုံပါ ကိန္နရာဆေးရုံ တည်ဆောက်ဖို့ ရှိတယ်ဆိုတယ်ဆိုတဲ့ နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေအပြင် စီးပွားရေးကဏ္ဍတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ “ အစီအစဉ် နဲ့ “သဘာဝရဲ့လက်ဆောင်” အစီအစဉ်တွေကို နားဆင်ရမှာဖြစ်ပြီးတော့ အဲဒါပြီးရင် တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/wkZ5fcdsoTg

#Eveningradio
#Mizzimaradio
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11🔥2❤1😁1🍓1
ဇူလိုင်လ (၁၁) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================

- အာဆီယံအထူးသံတမန်ရုံးအကြီးအကဲနဲ့ လူငယ်တော်လှန်ရေးသမားတွေတွေ့ဆုံမှု ကောင်းမွန်သည့်တုံ့ပြန်မှုများရရှိခဲ့တဲ့သတင်း

- ကလေးသူငယ်များ ထိခိုက်သေဆုံးမှုဆိုင်ရာ ကုလအစီရင်ခံစာကို စစ်ကောင်စီ ပယ်ချတဲ့ သတင်း

-ခြောက်လအတွင်း KNU ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲ ၂၅၀၀ နီးပါးဖြစ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၆သိန်းခန့်ထိ ရှိလာနေတဲ့ သတင်း

- ကရင်နီဒေသအတွက် ကိန္နရာဆေးရုံ တည်ဆောက်ဖို့ရှိနေတဲ့သတင်း

- ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်တွင် ဒေသခံ ၂ ဦး မြွေဆိုးကိုက်ခံရတဲ့သတင်းနဲ့

- ဆွီဒင်ရဲ့နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို တူရကီရဲ့အီးယူအဖွဲ့ဝင်ဖြစ်ရေးနဲ့ချိတ်ဆက်ပြီး အာဒိုဂန်ပြောဆိုတဲ့ သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/ur3lV5WVmdQ?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12🔥1🍌1