Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
July - 11 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
🔥1😁1
ဇူလိုင်လ (၁၁) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဇူလိုင်လ (၁၁) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဒီကနေ့ ကြားကြရမယ့်သတင်းတွေကတော့ အာဆီယံအထူးသံတမန်ရုံးအကြီးအကဲနဲ့ လူငယ်တော်လှန်ရေးသမားတွေ တွေ့ဆုံရာမှာ ကောင်းမွန်တဲ့ တုံ့ပြန်မှုများရရှိခဲ့တယ်ဆိုတဲ့ သတင်းနဲ့အတူ ကရင်နီဒေသအတွက် ခွဲစိတ်ခန်းပစ္စည်းကိရိယာစုံပါ ကိန္နရာဆေးရုံ တည်ဆောက်ဖို့ ရှိတယ်ဆိုတယ်ဆိုတဲ့ နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေအပြင် စီးပွားရေးကဏ္ဍတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ “ အစီအစဉ် နဲ့ “သဘာဝရဲ့လက်ဆောင်” အစီအစဉ်တွေကို နားဆင်ရမှာဖြစ်ပြီးတော့ အဲဒါပြီးရင် တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/wkZ5fcdsoTg

#Eveningradio
#Mizzimaradio
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11🔥2❤1😁1🍓1
ဇူလိုင်လ (၁၁) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================

- အာဆီယံအထူးသံတမန်ရုံးအကြီးအကဲနဲ့ လူငယ်တော်လှန်ရေးသမားတွေတွေ့ဆုံမှု ကောင်းမွန်သည့်တုံ့ပြန်မှုများရရှိခဲ့တဲ့သတင်း

- ကလေးသူငယ်များ ထိခိုက်သေဆုံးမှုဆိုင်ရာ ကုလအစီရင်ခံစာကို စစ်ကောင်စီ ပယ်ချတဲ့ သတင်း

-ခြောက်လအတွင်း KNU ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲ ၂၅၀၀ နီးပါးဖြစ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၆သိန်းခန့်ထိ ရှိလာနေတဲ့ သတင်း

- ကရင်နီဒေသအတွက် ကိန္နရာဆေးရုံ တည်ဆောက်ဖို့ရှိနေတဲ့သတင်း

- ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်တွင် ဒေသခံ ၂ ဦး မြွေဆိုးကိုက်ခံရတဲ့သတင်းနဲ့

- ဆွီဒင်ရဲ့နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို တူရကီရဲ့အီးယူအဖွဲ့ဝင်ဖြစ်ရေးနဲ့ချိတ်ဆက်ပြီး အာဒိုဂန်ပြောဆိုတဲ့ သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/ur3lV5WVmdQ?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12🔥1🍌1
မင်းတပ်မြို့နယ်က စစ်ဘေးရှောင်တွေ ဘာတွေကြုံနေရလဲ (ရုပ်သံ)
=================

ပါခွီး (မဇ္စျိမ) ။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းမှ စစ်ရှောင်နေကြသည့်ဒေသခံများသည် အချိန်ကြာ လာသည့်အလျှောက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားလိုအပ်ချက်များရှိနေသည်ဟု စစ်ရှောင်များ အား ကူညီဆောင်ရွက်ပေးနေသူထံမှ သိရသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများရှိနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟုလည်း ကူညီပေးရေးဆောင်ရွက်နေသူထံမှ သိရသည်။
စစ်ဘေးရှောင်နေရသည့် ဒေသခံများကြုံတွေ့နေရသည့်အခြေအနေများကို စစ်ရှောင်များအတွက် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးအခြေအနေများကို ကူညီဆောင်ရွက်ပေးနေသည့် Mindat Township IDPs Camp Management Committee တာဝန်ခံ ကိုလော့ရင့်စ်ကို မဇ္စျိမကဆက်သွယ်မေး မြန်းထားသည်။

https://youtu.be/tPTmIbZbvSo


#ဆက်သွယ်မေးမြန်းချက်
#ကချင်ပြည်နယ်
#မင်းတပ်မြို့နယ်
#စစ်ဘေးရှောင်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9🔥2❤1😁1😢1
​​တရုတ်စီမံကိန်းများရှိသည့်မြို့နယ်များတွင် တိုက်ပွဲထက်ဝက်ကျော်ကျဆင်းဟု ISP-Myanmar ထုတ်ပြန်
===================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။တရုတ်စီမံကိန်းများရှိနေသည့်မြို့နယ်များတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့ တို့အကြား တိုက်ပွဲအရေအတွက် ထက်ဝက်ကျော်လျော့ကျသွားကြောင်း ISP-Myanmar မှထုတ်ပြန်ထား သည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြန်စီမံကိန်းများနှင့် အခြားတရုတ်စီမံကိန်းများရှိနေသည့် မြို့နယ် ၆၁ မြို့နယ် ကို ISP-Myanmar မှ ၁၄ လတာစီ နှိုင်းယှဉ်လေ့လာခဲ့ခြင်းဟု ဆိုသည်။

အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၂ ခုနှစ်မတ်လအထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြိမ်အရေအတွက် ၁,၄၈၆ ကြိမ် ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ် မေလအထိ တိုက်ပွဲစုစုပေါင်းသည် ၇၆၂ ကြိမ်သာရှိခဲ့ကြောင်း အဆိုပါအဖွဲ့က ထောက်ပြသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း တို့တွင် တရုတ်နိုင်ငံမှလုပ်ဆောင်ခွင့်ရရှိထားသည့် စီမံကိန်းကြီး စုစုပေါင်း ၁၇ ခု ရှိနေသည်။

တိုက်ပွဲထက်ဝက်ကျော်ကျဆင်းရခြင်းမှာ တရုတ်စီမံကိန်းတည်ရှိရာဒေသများတွင် စစ်ကောင်စီတပ်မှ လုံခြုံရေးတိုးမြှင့်ချထားခြင်းကြောင့်ဟု တော်လှန်ရေးအဖွဲ့အချို့က ပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတည်ရှိရာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၌လည်း စစ်ကောင် စီတပ်က ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း စခန်းအထိုင်ချခြင်း၊ လက်နက်ခဲယမ်းများ သိုလှောင်ခြင်းများ ပြုလုပ်ပြီး ရွာစဉ်လှည့်ကာစစ်ဆင်ရေးများပြုလုပ်နေသည်ဟု ဆိုသည်။

“ တိုက်ပွဲတစ်ခုဖြစ်လာရင် ဝမ်ပေါင်ကုမ္ပဏီထဲက လက်နက်ကြီးနဲ့ပစ်ကူခဲ့တာရှိတယ်။ တိုက်ပွဲဖော်ဆောင် ရတာခက်ခဲတာပေါ့။ ဝမ်ပေါင်ကုမ္ပဏီအတွင်းထဲမှာဆို ခန့်မှန်းခြေ ၄၀၀ လောက်ရှိတယ်” ဟု ဆားလင်း ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆက်သွယ်ရေးတာဝန်ခံ ကိုစစ်ငြိမ်းကသုံးသပ်သည်။

ပြီးခဲ့သည့်မေလအတွင်း၌ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး H.e.Mr.Chen Hai က စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာနတာဝန်ရှိသူနှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ရှိ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်လိုကြောင်း ထုတ်ပြောခဲ့သည် ကို စစ်ကောင်စီဝါဒဖြန့်မီဒီယာများမှ ဖော်ပြခဲ့သည်။

တရုတ်သည်မြန်မာနိုင်ငံအတွင်း ၎င်းတို့၏စီမံကိန်းများလုပ်ဆောင်နေသကဲ့သို့ နယ်နိမိတ်ချင်းထိစပ်သည့် ဒေသများတွင် စစ်ဖြစ်ပွားမှုမရှိစေရန် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များအကြား စေ့စပ်ရန်လည်း အမျိုးမျိုးကြိုးစားနေသည်။

အာဏာသိမ်းကာလအလွန် ပထမ ၁၄ လတာအတွင်း တရုတ်စီမံကိန်းများရှိရာဒေသများအတွင်း တိုင်း ရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၄၀ ကျော်ရှိခဲ့သော်လည်း ဒုတိယ ၁၄ လတာ ကာလတွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ကြောင်း ISP မြန်မာကထုတ်ပြန်ထားသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#တရုတ်စီမံကိန်း
#ISP_Myanmar
#တိုက်ပွဲ
#လက်နက်ကိုင်
#စစ်ကောင်စီ
PHOTO-ပုံဟောင်း(တရုတ်စီမံကိန်းတစ်ခု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁3❤1
​​စာချုပ်အငြင်းပွားမှုနဲ့ ပတ်သက်လို့ ကိုင်လီယန် အမ်ဘာပေ ပရိသတ်တွေရဲ့ ရန်လိုတဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရနိုင်တယ်လို့ ပီအက်စ်ဂျီ ယုံကြည်
======================

ကိုင်လီယန် အမ်ဘာပေဟာ သူ့ရဲ့ စာချုပ်အငြင်းပွားမှုကို ဖြေရှင်းမပေးပါက သူဟာ လာမယ့်ရာသီမှာ ကလပ်အသင်းပရိသတ်တွေရဲ့ ရန်လိုတဲ့ လုပ်ဆောင်မှုကို ရင်ဆိုင်ရနိုင်တယ်လို့ ပဲရစ်စိန့်ဂျာမိန်းက ယုံကြည်နေပါတယ်။

ပြင်သစ်တိုက်စစ်မှူးက ပီအက်စ်ဂျီအတွက် ကစားပေးနေတာဟာ အကူအညီသိပ်မဖြစ်ဘူးလို့ ကျနော် ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအသင်းက "သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့ အသင်း၊ သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့ ကလပ်ဖြစ်လို့ပါပဲ"လို့ သီတင်းပတ်ကုန်က L'Equipe နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိနေတဲ့ အမ်ဘာပေက သူဟာ စာချုပ်သစ် ချုပ်ဆိုမှာမဟုတ်ကြောင်း ပီအက်စ်ဂျီအသင်းကို ပြောဆိုခဲ့ပါတယ်။
👍9😁4
ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တို့တွင် မြေမြှုပ်မိုင်းများအား ကာကွယ်ရေးတပ်ဖွဲ့ ရှာဖွေရှင်းလင်း
========================

ဂျူချန်း (မဇ္ဈိမ) ။ ။ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်း စစ်‌ကောင်စီတပ်များ ထောင်ထား ခဲ့သည့် မြေမြှုပ်မိုင်းများကို ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းရှင်းလင်းရေး လုပ်ဆောင်နေကြရကြောင်း KNDF ထံမှ သိရသည်။

ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်းရှိ စလုံး(တောင်)ရွာနှင့် စလုံး(မြောက်)ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များက တပ်စွဲခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဆုတ်ခွာသွားချိန်၌ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

“မိုင်းရှင်းတဲ့အခါမှာတော့ အန္တရာယ်အများကြီးရှိပါတယ်။ ကျနော်တို့ ခေတ်မှီနည်းပညာ၊ ခေတ်မှီ မိုင်းရှာ စက်တွေလည်း မသုံးနိုင်ဘူး။ မြေပြင်မှာရှိတဲ့ ရဲဘော်တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာရပါတယ်။ ဒါပေမယ့် အများပြည်သူနေတဲ့ ရပ်ကွက်တွေမှာ မိုင်းတွေရှင်းပေးဖို့တာဝန်ရှိတဲ့အတွက် ခုလိုရှင်း နေရ တာဖြစ်ပါတယ်” ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်အထိ ရှာဖွေရရှိထားသည့် မြေမြှုပ်မိုင်းအရေအတွက် အလုံး ၁၀၀ ခန့်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစတင်ကာ စစ်ကောင်စီတပ်သည် ပင်လောင်း-ဖယ်ခုံဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး မေလအထိ တိုက်ပွဲပြင်းထန်ခဲ့ရာ သုံးလကျော်ကြာပြီး နောက် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဇွန်လလောက်မှာ ထိတွေ့တိုက်ပွဲတွေ တဖြည်းဖြည်းနည်းသွားတော့ စစ်ကောင်စီတပ်တွေက တဖြည်း ဖြည်း ဆုတ်သွားတယ်။ ဆုတ်သွားတာကလည်း လုံးဝဥဿုံဆုတ်သွားတာမျိုးမဟုတ်ဘဲ PNO ထိန်းချုပ် တဲ့ရွာတွေမှာ PNO နဲ့တွဲပြီးရှိနေတာ” ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

သုံးလကျော် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ ထက် မနည်း လုပ်ဆောင်ခဲ့ရာ ပင်လောင်းမြို့နယ်၊ လုံးပင်ကျေးရွာအုပ်စု၊ စလုံး(တောင်)ရွာ၊ စလုံး(မြောက်)ရွာ၊ တောင်မဲသင်းနှင့် လုံးပျဥ်ကျေးရွာများတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုများကြောင့် နေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ရကြောင်း KNDF Pekhon Zone ၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်များက ယခင်တပ်စွဲထားသည့် နေရာများ၌ မြေမြှုပ်မိုင်း များ ထောင်ထားခဲ့သဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မြေမြှုပ်မိုင်းများကို သံချောင်းများအသုံးပြုကာ ရှင်းလင်းနေကြကြောင်း သိရသည်။

သို့သော် မိုးဗြဲမြို့အဝင်နေရာများဖြစ်သည့် ညောင်ဝိုင်းရပ်ကွက်၊ စည်ကား(၃)၊ ဒုန်းဒူထန်နှင့် စက်တော်ရာ ရပ်ကွက်များတွင် စစ်ကောင်စီတပ်များ တပ်စွဲထားဆဲဖြစ်ရာ ဒေသခံများအနေဖြင့် နေရပ်ပြန်ရန် အဆင် မပြေကြသေးကြောင်း သိရသည်။

“ကျမတို့တော့ အဆင်ပြေသလိုနေရတယ်။ အိမ်ကထွက်လာတာ တလကျော်တော့ အိမ်လွမ်းပြီ။ လမ်းမ ကြီးအောက်ပိုင်းရပ်ကွက်မှာ မီးပြန်လာတော့ တချို့အိမ်ပြန်နေကြပြီ။ ကျမတို့လမ်းမကြီးအပေါ်ပိုင်း အရင် စစ်ဇုံကတော့ အိမ်ပြန်မအိပ်ရဲကြသေးဘူး။ မီးလည်းမလာသေးဘူး။ မီးလောင်သွားတဲ့အိမ်ကလောင်။ လက်နက်ကြီးကျလို့ နေလို့မရတဲ့ အိမ်လည်းရှိတယ်” ဟု မိုးဗြဲမြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်နေဆဲကာလဖြစ်သောကြောင့် ပင်လောင်း-ဖယ်ခုံအစပ်ရှိ စလုံး(တောင်)ရွာ၊ စလုံး( မြောက်)ရွာနှင့် မိုးဗြဲမြို့မှ ပြည်သူများအနေဖြင့် နေရပ်ပြန်ခြင်းများ မပြုလုပ် ကြရန် KNDF Pekhon Zone က သတိပေးထားသည်။

https://youtu.be/cVua6seDAxg

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်
#ဖယ်ခုံမြို့နယ်
#စစ်ကောင်စီတပ်
#မြေမြှုပ်မိုင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍19😁2🔥1
ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စွာ စီမံပေးနိုင်သည်ဟုဆိုလာသည့် အေအိုင်စက်ရုပ်များ
====================

https://youtu.be/9QgcM-UDcuY
👍10😁3
ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ အစီအစဥ်
နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့အချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာများကို အစဖေါ်ထုတ်တင်ဆက်ပေးနေမည့် အစီအစဥ် ဖြစ်သည်။
အပိုင်းသစ်များကို ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်းတွင် Mizzima TV တွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး ထုတ်လွှင့်တင်ဆက်ပြီးသည့် အပိုင်းများကို Mizzima TV YouTube Channelတွင် ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်တဲ့အကြောင်း ပရိသတ်များကို အသိပေးဖိတ်ခေါ်လိုက်ပါရစေ။

အပိုင်း (၁) ကမ္ဘာ့နိုင်ငံ ၃၀ လောက်မှာ ဘာကြောင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေရတာလဲ
https://youtu.be/1JtGhRmFlnI

အပိုင်း(၂) ၁၉၄၇ အခြေခံဥပဒေနှင့် မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်
https://youtu.be/EJYB6-E7h8o

အပိုင်း(၃) Constituent Unit, Federal Unit တွေအကြောင်းနဲ့ ပြည်နယ်တွေရဲ့ တန်းတူညီမျှရေး
https://youtu.be/s7xKS8FwAIc

အပိုင်း(၄) ဖက်ဒရယ်၊ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အုပ်ချုပ်ပိုင်ခွင့်၊ခွဲထွက်ပိုင်ခွင့်
https://youtu.be/wOiHz2Cf-RE

အပိုင်း(၅) ဖက်ဒရယ်နိုင်ငံတွေက ဥပဒေပြုလွှတ်တော်များ
https://youtu.be/4fudSZpxcbA

အပိုင်း(၆) ဖက်ဒရယ်နိုင်ငံတွေမှာ ကျင့်သုံးတဲ့ အာဏာခွဲဝေရေး
https://youtu.be/kGHnTeCzsJY

အပိုင်း(၇) ဖက်ဒရယ်နိုင်ငံတွေမှာ ကျင့်သုံးတဲ့ အစိုးရစနစ်အမျိုးအစား - Part 1
https://youtu.be/zLHSyP5iUWM

အပိုင်း(၈) ဖက်ဒရယ်နိုင်ငံတွေမှာ ကျင့်သုံးတဲ့ အစိုးရစနစ်အမျိုးအစား Part 2
https://youtu.be/zWWJkVWpRM8

အပိုင်း(၉) ဖက်ဒရယ်နိုင်ငံရေးစနစ်နဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ အရေးပါမှု
https://youtu.be/zZ1NYRn6Ss8

အပိုင်း(၁၀) ဖက်ဒရယ်နိုင်ငံရေးစနစ်နဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်
https://youtu.be/tMfmOZ8Jr-U

YouTube Playlist - https://youtube.com/playlist?list=PL1FfogmNIjcSqdn3bCU5jWbrME-NO7fiX
👍17👎1😁1🥱1
World Population Day in Yangon, Myanmar, 11 July 2023. The United Nations (UN) marks World Population Day annually on 11 July, with this year's theme highlighting the importance of social equality for women and girls who make up 49.7 percent of the 8-billion global population. EPA-EFE/NYEIN CHAN NAING
👍6🔥3🥰1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်ထုတ်လွှင့်မှုများ 
===================

https://youtu.be/T8SBPSt2Frc
👍9❤2🔥1🍌1
​​နိုင်ငံခြားငွေ ရှားပါးမှုပြဿနာ ပြေလျော့စေရေး နိုင်ငံသားများ ပြည်ပထွက်အလုပ်လုပ်ကြစေရန် စစ်ကောင်စီ တိုက်တွန်းနေ
=====================

ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ ပြန်လွှဲငွေများကို အရေးကြီးသော နိုင်ငံခြားငွေ ရင်းမြစ်တစ်ခုအဖြစ် ရှုမြင်လျက်ဖြင့် အာဏာသိမ်းစစ်အုပ်စုသည် မြန်မာနိုင်ငံသားများ ပြည်ပအလုပ်အကိုင်များ ရှာဖွေကြစေရန် တိုက်တွန်းလျက် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁32🤪5👍3🔥1
တီးတိန်မှ စစ်ကောင်စီကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များ ၈နာရီခန့်ကြာ စီးနင်းတိုက်ခိုက်
❤22😁4👍3
တီးတိန်မှ စစ်ကောင်စီကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များ ၈နာရီခန့်ကြာ စီးနင်းတိုက်ခိုက်
=================

ပါခွီး

(မဇ္ဈိမ) ။ á‹á€á€Žá€¸á€á€­á€”်မဟိုအနယ်မသ စစ်ကောင်စီကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ပေါင်းစုနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက á€…ဎးနင်းတိုက်ခိုက်ခဲအရဏ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း CDF CDM SIYIN က သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသရှိ စစ်ကောင်စီ၏ သိုင်းငင်းကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဇူလိုင်လ ၁၁ရက်နံနက် ၅နာရီခွဲခန့်မှ နေ့လည် ၁၂နာရီအထိ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့သည်ဟု PDF – Zoland နှင့် CDF CDM SIYIN က ထုတ်ပြန်သည်။ 

" စကစဘက်မှ အမြောက်အများသေဆုံးထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူ့ဘက်တော်သားများမှ စကစလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါသည်။
ပြည်သူ့ဘက်တော်သားများဘက်မှ လေးဦးကျဆုံး ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပါသည်" ဟု CDF CDM SIYIN၏ á€‘ုတ်ပဟန်ခဝက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် á€‘ိခိုက်ကဝဆုလးမသုမဝဏးသဖဟငအ် တိုက်လေယာဉ်ဖြင့် သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး 
ကလေးမြို့မှ စစ်ကောင်စီတပ်ကလည်း လက်နက် ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် တီးတိန်မြို့နယ်သည် နယ်မြေချင်းထိစပ်နေသည်။

PDF – Zoland တာဝန်ရှိသူတစ်ဦးက"ကလေးမြို့ ကနေ လက်နက်ကြီးတွေနဲ့ပစ်တာရယ်၊ လေကြောင်းပစ်တာရယ်ကြောင့် စခန်းမသိမ်းနိုင်ပဲ ဆုတ်လာခဲ့ရတယ်။ á€…ခန်းမသဏတ္ဏအ စကစတွေသိပ်မကျန်တော့ဘူး” ဟု မဇ္စျိမကိုပြောသည်။

ထို့ပြင် ကလေးမြို့မှ စစ်ကား ၁၀စီးခန့်ဖြင့် စစ်ကူလာသောစစ်ကောင်စီစစ်ကြောင်းကိုလည်း ကာကွယ်ရေးရဲဘော်များက á€€á€źá€Źá€¸á€–ဟတ်တိုက်ခိုက်ခဲအသဖဟငအ် သိုင်းငင်းသို့ မရောက်လာခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ကလေးမြို့ပေါ်မှစစ်ကောင်စီတပ်က သိုင်းငင်းကို လက်နက်ကြီးများဖြင့်ပစ်ခတ်စစ်ကူပေးစဉ် လက်နက်ကြီးကျည်အချို့သည် ကလေးမြို့ တောင်ဖီလာရပ်ကွက်နှင့်ကြို့သုံးပင်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တောင်ဖီလာရပ်ကွက်နမှ အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရကာ ကြို့သုံးပင်ရပ်ကွက်မှ နေအိမ်အချို့ပျက်စီးခဲ့ကြောင်းသိရသည်။

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိုခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်းဆုံးရှုံးမှုများကို သီးခြားအတည်ပြုချက်မရသေးပေ။တိုက်ပွဲကို ချင်းကာကွယ်ရေးတပ်ပေါင်းစုမှ CDf CDM SIYIN၊ PDF Zoland+ B5 ME၊ CNDF၊ TCDF၊ KKG B7၊ PDA နှင့် PDF Kalay၊ S2 အဖွဲ့ များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သိုင်းငင်းကျေးရွာ ဒေသခံများကို တော်လှန်ရေးတပ် ဖွဲ့များနှင့်ပတ်သက်ကြောင်း စစ်ကောင်စီက စွပ်စွဲဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီးနောက် ဒေသခံများ á€á€­á€™á€şá€¸á€›á€žá€ąá€Źá€„်ပ္းရန် CDF CDM SIYINက á€‡á€˝á€”á€şá€œ ၃၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ၁၁ရက်အကြာ ယနေ့တွင် စစ်ကောင်စီကင်းစခန်းကို ကာကွယ်ရေးတပ်ပေါင်းစုက စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သိုင်းငင်းကျေးရွာသည် ကလေးမြို့မှ သုံးနာရီခန့် ကားဖြင့်သွားရပြီး ကလေး-ဖလမ်း-ဟားခါးလမ်းနှင့် တီးတိန်-ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းဆုံတွင် တည်ရှိသည်။

စာတည်း - မောင်ကြီး
#mizzima
#တီးတိန်
#သိုင်းငင်းကင်းစခန်း
#ချင်းကာကွယ်ရေးတပ်ပေါင်းစု
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ
#စီးနင်းတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍32❤12👏5😁5
​​အက်ဒ်ဝင်ဗန်ဒါးဆား - နယ်သာလန်ဂိုးသမားဟောင်း 'အသက်အန္တရာယ် စိုးရိမ်စရာမရှိ'
=======================

အက်ဒ်ဝင် ဗန်ဒါးဆားဟာ ဦးနှောက်အတွင်း သွေးယိုစီးမှုဖြစ်ပြီးနောက် အထူးကြပ်မတ်ကုသမှုအောက်မှာ ရှိနေပေမယ့်လည်း "အသက်အန္တရာယ် စိုးရိမ်စရာမရှိ" မရှိကြောင်း သူ့ရဲ့ဇနီးဖြစ်သူ အန်းမာရီ ဗန် ကတ်စ်တယ်ရမ်က ပြောပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အေဂျက်စ်ဂိုးသမားဟောင်းကို ခရိုအေးရှားရှိ အထူးကြပ်မတ်ကုသဆောင်ကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ အားလပ်ရက်အဖြစ် ခရိုအေးရှားကို ခရီးသွားနေစဉ် အဲဒီဝေဒနာကို ခံစားခဲ့ရတာပါ။

"အက်ဒ်ဝင်ဟာ အထူးကြပ်မတ်ကုသရေးဌာနမှာ ရှိနေပေမယ့်လည်း အခြေအနေတည်ငြိမ်ပါတယ်"လို့ ဗန် ကတ်စ်တယ်ရမ်က အေဂျက်စ်မှ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ်။
👍18❤4🔥1🥰1