Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တီးတိန်မှ စစ်ကောင်စီကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များ ၈နာရီခန့်ကြာ စီးနင်းတိုက်ခိုက်
❤22😁4👍3
တီးတိန်မှ စစ်ကောင်စီကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များ ၈နာရီခန့်ကြာ စီးနင်းတိုက်ခိုက်
=================

ပါခွီး

(မဇ္ဈိမ) ။ ။တီးတိန်မြို့နယ်မှ စစ်ကောင်စီကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ပေါင်းစုနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း CDF CDM SIYIN က သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသရှိ စစ်ကောင်စီ၏ သိုင်းငင်းကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဇူလိုင်လ ၁၁ရက်နံနက် ၅နာရီခွဲခန့်မှ နေ့လည် ၁၂နာရီအထိ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့သည်ဟု PDF – Zoland နှင့် CDF CDM SIYIN က ထုတ်ပြန်သည်။ 

" စကစဘက်မှ အမြောက်အများသေဆုံးထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူ့ဘက်တော်သားများမှ စကစလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါသည်။
ပြည်သူ့ဘက်တော်သားများဘက်မှ လေးဦးကျဆုံး ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပါသည်" ဟု CDF CDM SIYIN၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ထိခိုက်ကျဆုံးမှုများသဖြင့် တိုက်လေယာဉ်ဖြင့် သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး 
ကလေးမြို့မှ စစ်ကောင်စီတပ်ကလည်း လက်နက် ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် တီးတိန်မြို့နယ်သည် နယ်မြေချင်းထိစပ်နေသည်။

PDF – Zoland တာဝန်ရှိသူတစ်ဦးက"ကလေးမြို့ ကနေ လက်နက်ကြီးတွေနဲ့ပစ်တာရယ်၊ လေကြောင်းပစ်တာရယ်ကြောင့် စခန်းမသိမ်းနိုင်ပဲ ဆုတ်လာခဲ့ရတယ်။ စခန်းမှာတော့ စကစတွေသိပ်မကျန်တော့ဘူး” ဟု မဇ္စျိမကိုပြောသည်။

ထို့ပြင် ကလေးမြို့မှ စစ်ကား ၁၀စီးခန့်ဖြင့် စစ်ကူလာသောစစ်ကောင်စီစစ်ကြောင်းကိုလည်း ကာကွယ်ရေးရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် သိုင်းငင်းသို့ မရောက်လာခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ကလေးမြို့ပေါ်မှစစ်ကောင်စီတပ်က သိုင်းငင်းကို လက်နက်ကြီးများဖြင့်ပစ်ခတ်စစ်ကူပေးစဉ် လက်နက်ကြီးကျည်အချို့သည် ကလေးမြို့ တောင်ဖီလာရပ်ကွက်နှင့်ကြို့သုံးပင်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တောင်ဖီလာရပ်ကွက်နမှ အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရကာ ကြို့သုံးပင်ရပ်ကွက်မှ နေအိမ်အချို့ပျက်စီးခဲ့ကြောင်းသိရသည်။

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိုခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်းဆုံးရှုံးမှုများကို သီးခြားအတည်ပြုချက်မရသေးပေ။တိုက်ပွဲကို ချင်းကာကွယ်ရေးတပ်ပေါင်းစုမှ CDf CDM SIYIN၊ PDF Zoland+ B5 ME၊ CNDF၊ TCDF၊ KKG B7၊ PDA နှင့် PDF Kalay၊ S2 အဖွဲ့ များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သိုင်းငင်းကျေးရွာ ဒေသခံများကို တော်လှန်ရေးတပ် ဖွဲ့များနှင့်ပတ်သက်ကြောင်း စစ်ကောင်စီက စွပ်စွဲဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီးနောက် ဒေသခံများ တိမ်းရှောင်ပေးရန် CDF CDM SIYINက ဇွန်လ ၃၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ၁၁ရက်အကြာ ယနေ့တွင် စစ်ကောင်စီကင်းစခန်းကို ကာကွယ်ရေးတပ်ပေါင်းစုက စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သိုင်းငင်းကျေးရွာသည် ကလေးမြို့မှ သုံးနာရီခန့် ကားဖြင့်သွားရပြီး ကလေး-ဖလမ်း-ဟားခါးလမ်းနှင့် တီးတိန်-ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းဆုံတွင် တည်ရှိသည်။

စာတည်း - မောင်ကြီး
#mizzima
#တီးတိန်
#သိုင်းငင်းကင်းစခန်း
#ချင်းကာကွယ်ရေးတပ်ပေါင်းစု
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ
#စီးနင်းတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍32❤12👏5😁5
​​အက်ဒ်ဝင်ဗန်ဒါးဆား - နယ်သာလန်ဂိုးသမားဟောင်း 'အသက်အန္တရာယ် စိုးရိမ်စရာမရှိ'
=======================

အက်ဒ်ဝင် ဗန်ဒါးဆားဟာ ဦးနှောက်အတွင်း သွေးယိုစီးမှုဖြစ်ပြီးနောက် အထူးကြပ်မတ်ကုသမှုအောက်မှာ ရှိနေပေမယ့်လည်း "အသက်အန္တရာယ် စိုးရိမ်စရာမရှိ" မရှိကြောင်း သူ့ရဲ့ဇနီးဖြစ်သူ အန်းမာရီ ဗန် ကတ်စ်တယ်ရမ်က ပြောပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အေဂျက်စ်ဂိုးသမားဟောင်းကို ခရိုအေးရှားရှိ အထူးကြပ်မတ်ကုသဆောင်ကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ အားလပ်ရက်အဖြစ် ခရိုအေးရှားကို ခရီးသွားနေစဉ် အဲဒီဝေဒနာကို ခံစားခဲ့ရတာပါ။

"အက်ဒ်ဝင်ဟာ အထူးကြပ်မတ်ကုသရေးဌာနမှာ ရှိနေပေမယ့်လည်း အခြေအနေတည်ငြိမ်ပါတယ်"လို့ ဗန် ကတ်စ်တယ်ရမ်က အေဂျက်စ်မှ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ်။
👍18❤4🔥1🥰1
ဇူလိုင်လ (၁၂) ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့

တရုတ်စီမံကိန်းတွေရှိတဲ့ မြို့နယ်တွေမှာ တိုက်ပွဲထက်ဝက်ကျော်ကျဆင်းတယ်လို့ ISP-Myanmar ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့အတူ

ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါ တကျော့ပြန်အဖြစ်များနေပြီး အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတဲ့သတင်တွေ ပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေနဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” အစီအစဉ်ကို နားဆင်ရမှာပါ။

https://youtu.be/wodiGHVKYAI

#Eveningradio
#mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤8👍2🍌2😨2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima
======================

ဂီနီပင်လယ်ကွေ့ တရားမဝင် ငါးဖမ်းမှု အကြောင်း၊ မဏီပူ လူမျိုးရေး ပဋိပက္ခရဲ့ ရိုက်ခတ်မှု အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/h8suPRbLv5I

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12❤1🔥1
ဂီနီပင်လယ်ကွေ့ တရားမဝင် ငါးဖမ်းမှု | VOA On Mizzima
=================

အာဖရိကတိုက် ဂီနီပင်လယ်ကွေ့ (Gulf of Guinea) မှာ တရုတ်သင်္ဘောတွေက တရားမဝင်ငါးဖမ်းနေကြတာကြောင့် အနောက်အာဖရိကတိုက် နိုင်ငံတွေရဲ့ ငါးဖမ်းလုပ်ငန်းစုတွေနဲ့ ငါး သိုလှောင်တာတွေကို တားဆီး ပိတ်ပင်နေတဲ့ အကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ဆိုပါတယ်။ ဒီလို တရားမဝင်ငါးဖမ်းတာတွေကို နှိမ်နင်းဖို့ ဂီနီပင်လယ်ကွေ့နိုင်ငံတွေဟာ အခုနှစ် ၂၀၂၂ ခုနှစ်မှာ အတူတကွ ပူးပေါင်းခဲ့ကြတာပါ။ ဘီနင်နိုင်ငံ Grand Popo မြို့လေးကနေ ဗွီအိုအေသတင်းထောက် Henry Wilkins သတင်းပေးပို့ထားတာကို အလိမ္မာက တင်ဆက်ထားပါတယ်။

https://youtu.be/PhK9dWFJLHE

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥2❤1
​​MMA ကြယ်ပွင့် ဖရန်စစ် အန်ဂန်နူနဲ့ ရင်ဆိုင်ရယ့် WBC ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖြူရီ
=======================

ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တိုင်ဆန်ဖြူရီဟာ MMA ဖိုက်တာ ဖရန်စစ် အန်ဂန်နူနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အောက်တိုဘာ ၂၈ ရက်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိ UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်ဂန်နူဟာ လက်ဝှေ့ထိုးသတ်ပွဲမှာ ပရော်ဖက်ရှင်နယ် မှတ်တမ်းမရှိပါဘူး။

ဖြူရီအသင်းက အဲ့ဒီထိုးသတ်ပွဲဟာ သရုပ်ပြပွဲတစ်ပွဲမဟုတ်ဘဲ "ပရော်ဖက်ရှင်နယ်လက်ဝှေ့ရဲ့ တရားဝင်စည်းမျဉ်းတွေအောက်မှာ ထိုးသတ်မှာဖြစ်ပြီး၊ အကဲဖြတ်ဒိုင်သုံးဦးမှ ၁၀ မှတ်ရရမယ့်စနစ်"ကို ကျင့်သုံးမှာဖြစ်တယ်လို့ ပြောပါတယ်။
👍22❤5🔥2
Breaking News:

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောကြား

(မဇ္ဈိမ)နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက အာဆီယံအစည်းအဝေးတွင် ပြောကြားကြောင်း ဂျပန်နိုင်ငံမှ ကျိုဒိုသတင်းဌာနက အမည်မဖော်သော သတင်းရင်းမြစ်များကို ကိုးကား၍ ထုတ်ပြန်သည်။
👍106🤔27❤26😁17👎5
Mizzima pinned «Breaking News: ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောကြား (မဇ္ဈိမ)နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက အာဆီယံအစည်းအဝေးတွင် ပြောကြားကြောင်း…»
ဒါကြီး ဘယ်တော့ပြီးမှာလဲ
===========

အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းပြီး ၂ နှစ်တာ ကာလမှာ လူတွေပါးစပ်ဖျားမှာ မေးနေတာ၊ မိသားစုဝင်တွေ အချင်းချင်း၊ သူငယ်ချင်းမိတ်ဆွေတွေ အချင်းချင်း တွေ့ဆုံကြတဲ့ အချိန်မှာ တီးတိုးတီးတိုး မေးမြန်းကြတာ ဒါကြီး ဘယ်တော့ပြီးမှာလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

လွတ်လပ်တဲ့ မီဒီယာတွေက တက်လာတဲ့ သတင်းတွေဖတ်ပြီး ဒီအပေါ်မှာ ဆွေးနွေးကြ၊ သုံးသပ်ကြရင်း အဖြေ တစ်ခု မထုတ်နိုင်ပေမယ့် နောက်ဆုံးမှာ စကားဝိုင်း အဆုံးသတ်တာကတော့ အကြမ်းဖက် စစ်အာဏာရှင် တွေကို ရွံ့ရှာစက်ဆုပ်တာနဲ့ ဒါကြီးမြန်မြန်အဆုံးသတ်စေချင်ပြီ ဆိုတာပဲဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ ၂၀၁၉ ခုနှစ်က စပြီး ကိုဗစ်ကပ်ရောဂါကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ခဲ့ရတဲ့ကြားမှာ ငစစ်သတ်ရောဂါလို့ အများပြောကြတဲ့ အဓမ္မ အာဏာသိမ်းခံရပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိနှိပ်မှု အမျိုးမျိုးကို ခံခဲ့ကြရတာပါ။

https://youtu.be/HXk_RDMUQrI

#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍39❤7🔥5😁1
မဏီပူ လူမျိုးရေး ပဋိပက္ခရဲ့ ရိုက်ခတ်မှု | VOA On Mizzima
===================

စစ်ကိုင်းတိုင်းနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယပိုင် မဏီပူ ခေါ် ကသည်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး ပဋိပက္ခတွေဟာ အခုအချိန်အထိ ပြီးဆုံးခြင်းမရှိသေးပါဘူး။ အဲဒီ ပြသာနာရဲ့ ရိုက်ခတ်မှုကို မဏီပူပြည်နယ်မှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိသလို နယ်စပ်ကုန်သွယ်ရေးဟာလည်း လုံးဝ ရပ်ဆိုင်းသွားပါတယ်။ အေပီသတင်းဆောင်းပါးကို အခြေခံပြီး ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။

https://youtu.be/ByKnDiYbAL4

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17🔥3😁2
အာဆီယံအစည်းအဝေးအတွင်း မြန်မာ့အရေးလွှမ်းမိုးနေကာ အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများရှိနေ
===================

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ က ဆွေးနွေးပြောဆိုမှုတွေမှာ မြန်မာနိုင်ငံပြဿနာအကြောင်း လွှမ်းမိုးနေခဲ့ပေမယ့် အာဆီယံအဖွဲ့ဝင်တွေအကြား သဘောတူညီမှုမရခဲ့တဲ့အကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

အစည်းဝေးအတွင်း မြန်မာနိုင်ငံပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပြန်ပြီးထိတွေ့ဆက်ဆံမှုတွေ လုပ်သင့် မလုပ်သင့် ဆိုတဲ့အပေါ် သဘောထားကွဲလွဲမှုတွေရှိခဲ့တာပါ။

အာဆီယံအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဇူလိုင်လ ၁၁ ရက်နေ့က စတင်ကျင်းပနေတာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဘက်က နိုင်ငံခြားရေးဝန်ကြီး ပါဝင်တက်ရောက်ခွင့်မရရှိကြောင်းသိရပါတယ်။

https://youtu.be/vHQS-FMzBI0

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍24🤣4👎2❤1👏1
Media is too big
VIEW IN TELEGRAM
အာဆီယံအစည်းအဝေးအတွင်း မြန်မာ့အရေးလွှမ်းမိုးနေကာ အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများရှိနေ

Watch more detail -
https://youtu.be/vHQS-FMzBI0

#အာဆီယံ#အစည်းအဝေး#သဘောထားကွဲလွဲ#VideoNews #shorts #reels
👍15😁3
ဇူလိုင်လ ၁၂ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

-ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောကြားတဲ့သတင်း

-အာဆီယံအစည်းအဝေးအတွင်း မြန်မာ့အရေးလွှမ်းမိုးနေပြီး အဖွဲ့ဝင်တွေအကြား
သဘောထားကွဲလွဲတွေမှုရှိနေတဲ့သတင်း

-တီးတိန်မှ စစ်ကောင်စီကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ ၈နာရီခန့်ကြာ စီးနင်းတိုက်ခိုက်တဲ့သတင်း

-တရုတ်စီမံကိန်းများရှိတဲ့မြို့နယ်တွေမှာ တိုက်ပွဲထက်ဝက်ကျော်ကျဆင်းတယ်လို့ ISP-Myanmar ထုတ်ပြန်တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာြဖစ်ပါတယ်။

https://youtu.be/MYf744cHuXY

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🍌3
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေမှုအကြောင်း AAPP ထုတ်ပြန်

Watch more detail - https://youtu.be/FrsiSE4PEjA

#စစ်ကောင်စီ #နိုင်ငံရေးအကျဉ်းသားများ #သတ်ဖြတ်နေမှု #VideoNews #shorts #reels
👍11😁3🔥2😢2