စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေမှုအကြောင်း AAPP ထုတ်ပြန်
====================
အာဏာသိမ်း စစ်ကောင်စီက အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများအား လက်လွတ်စပယ် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဇူလိုင်လ ၁၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ယင်းလုပ်ရပ်တွေဟာ ပြည်တွင်း ဥပဒေများကိုသာမက နိုင်ငံတကာ ဥပဒေများကိုပါ ကျူးလွန်နေခြင်းမှာ အထင်အရှား ဖြစ်ကြောင်း၊ ကျုးလွန်မှုများကို ပြည်တွင်းတရားစီရင်ရေးကဏ္ဍအတွင်း ကိုင်တွယ်အရေး ယူနိုင်ခြင်း မရှိတဲ့ အတွက် နိုင်ငံတကာတရားစီရင်ရေး ယန္တရားများတွင် အရေးယူ နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရန်လည်း AAPP က ဆိုထားပါတယ်။
မတရားညှဉ်းပန်းနှိပ်စက်မှုနဲ့ ဥပဒေမဲ့သတ်ဖြတ်ခြင်းတို့ဟာ ကြီးမားသောရာဇဝတ်မှုကို ကျူးလွန်လိုက်တဲ့ လုပ်ရပ်ဖြစ်ပြီး အာဆီယံ လူ့အခွင့် အရေး ပဋိညာဉ်ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင် ဖြစ်ကြောင်း AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေကို အာဏာပိုင်တွေက အကျဉ်းထောင်တွေကနေ ပြင်ပခေါ်ထုတ်ပြီး နှိပ်စက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့အပြင် သူတို့ကို ကူညီတဲ့ ထောင်ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်စစ်အုပ်စုက ထောင်ပြောင်းမယ်ဆိုကာ ခေါ်ထုတ်ပြီး စစ်ကြောသတ်ဖြတ်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး ၃၇ ယောက်ကတော့ ပျောက်ဆုံးနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။
https://youtu.be/FrsiSE4PEjA
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

👍12🔥4❤1👎1
မန္တလေး ၇၈ လမ်းနှင့်သိပ္ပံလမ်းမီးပွိုင့်တွင် ဆွမ်းခံကြွလာသည့်ရဟန်း ကားတိုက်ခံရပြီး အပြင်းအထန် ဒဏ်ရာရ
====================
007
(မဇ္စျိမ)။ ။မန္တလေးမြို့တွင် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ဆွမ်းခံကြွလာသောရဟန်းတပါး ကား တိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရခဲ့သည့်ဖြစ်စဉ်တခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“ဖြစ်တာက သိပ္ပံလမ်းမီးပွိုင့်ထောင့်မှာဖြစ်တာ၊ ဆွမ်းခံကြွထွက်လာတဲ့ဘုန်းကြီးကို ကားက၀င်တိုက်ပြီး၊ ကားလည်း ပက်လက်လန်သွားတယ်၊ ဘုန်းကြီးကတော့ ဒဏ်ရာအတော်ပြင်းပြင်းထန်ထန်ရသွားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတဦးကပြောသည်။
မန္တလေး ချမ်းမြသာစည်မြို့နယ် ၇၈ လမ်းနှင့် သိပ္ပံလမ်းမီးပွိုင့်အနီးတွင် ဇူလိုင် ၁၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တောင်မှမြောက်သို့ မောင်းနှင်လာသော Toyota Prado အမျိုးအစားအိမ်စီးကားက ဆွမ်းခံကြွလာ သော ရဟန်းအား ၀င်တိုက်လိုက်ခြင်းဖြစ်ပြီး ၀င်တိုက်ပြီးနောက် ကားမှာလည်း ပက်လက်လန်သွားကြောင်း မျက်မြင်များကဆိုသည်။
ကားတိုက်ခံရသည့်ရဟန်းမှာ အသက် ၅၀ ၀န်းကျင်အရွယ်ဖြစ်ကြောင်းသာ သိရသေးပြီး နောက်ဆုံး သိရ သည့်သတင်းအရ မန္တလေးဆေးရုံကြီးအရေးပေါ်ကုသဆောင်တွင် ကုသပေးထားကြောင်းနှင့် ယာဉ်မောင်း ဖြစ်သူအား ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
မန္တလေးမြို့တွင် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းကလည်း အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် ဂေါက်ကွင်း အနီးတွင် ဆွမ်းကိစ္စအတွက်ကြွလာသော သက်တော် ၉၃ နှစ်၊ ဝါတော် ၂၅ ဝါရှိ ရဟန်းတပါး ကားတိုက်ခံ ရပြီး ပျံလွန်တော်မူခဲ့သည်။
Photo CJ
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးမြို့
#သိပ္ပံလမ်းမီးပွိုင့်
#ကားတိုက်ခံရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12😢8
စစ်ကောင်စီနှင့် အစည်းအဝေး ပြုလုပ်ခဲ့ခြင်းကို ထိုင်း ကာကွယ်ပြောဆို
=====================
ထိုင်းနိုင်ငံ၏ မြန်မာစစ်ကောင်စီနှင့် အစည်းအဝေး သုံးရပ် ပြုလုပ်ခဲ့ခြင်းသည် မြန်မာနိုင်ငံက ပဋိပက္ခအား ဖြေရှင်းရေး မတူညီသော နည်းလမ်းဖြင့် ချည်းကပ်ခြင်းအရာသာ မြောက်ကြောင်း ဂျကာတာတွင် အင်္ဂါနေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမက်ဝီနိုင်းက အတည်ပြုပြောဆိုသည်။
ထို ချည်းကပ်မှုသည် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှုအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ခြင်းစာချုပ်ကို ချိုးဖောက်ခြင်းမရှိဟု ဝန်ကြီး ပရာမတ်ဝီနိုင်းက အလေးထားပြောသည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်က ၂၀၂၂ အာဆီယံထိပ်သီးညီလာခံအပြီး ထုတ်ပြန်ခဲ့သော ယင်းစာချုပ်၏ ပုဒ်ခွဲ ၁၄ တွင် “အာဆီယံအနေဖြင့် ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှု၌ အထောက်အကူဖြစ်နိုင်သော အခြားသော ချည်းကပ်မှုများကို ရှာဖွေဖော်ထုတ်ရန် စဉ်းစားသုံးသပ်သင့်ကြောင်း” ဖော်ပြထားသည်ကို ၎င်းက ရည်ညွှန်းဆိုခြင်းပဲ ဖြစ်သည်။

😁14👍7🤮1
တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့PDFများအတွက်လက်နက်ခဲယမ်း၊ရိက္ခာ၊ဆေးဝါးများဖြည့်တင်းဟုသမ္မတဒူဝါလရှီးလပြော
=====================
စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များအတွက် လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ဆေးဝါးများ အဓိက ဖြည့်တင်းနေပြီဖြစ်ကြောင်း ဇူလိုင်လ ၁၁ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၃ ကြိမ်မြောက် အစိုးရ အဖွဲ့အစည်းအဝေးအတွင်း NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
လက်ရှိတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ နိုင်ငံရေးနည်းလမ်းတွေ ပေါင်းစပ်ပြီး တော်လှန်ရေးခရီးရှည်ကို လျှောက်လှမ်းနေတာဖြစ်သလို လက်နက်ကိုင်ခုခံတော်လှန်ရေးမှာ ဘဏ္ဍာငွေ ငွေလုံး ငွေရင်းလိုက် သုံးစွဲမြှုပ်နှံရတာ အမြောက်အများပါဝင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
NUG အစိုးရအနေနဲ့ လက်နက်ခဲယမ်း မီးကျောက် ဝယ်ယူဖြည့်တင်းရေးနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေရဲ့ ရိက္ခာ၊ဆေးဝါးစတဲ့ အသုံးစရိတ်တွေကို အဓိကထားဖြည့်တင်းနေတာတွေ လုပ်နေတာ ရှိတယ်လို့ ယာယီသမ္မတက အစိုးရအဖွဲ့ဝင်တွေကို အသိပေးခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ အစိုးရအပေါ် ပိုမိုခိုင်မြဲတဲ့ ယုံကြည်မှုဖြစ်ထွန်း အောင် ကြိုးစားတည်ဆောက်ကြရမှာဖြစ်တဲ့အတွက် စီမံခန့်ခွဲရေးနည်းနာတွေကို ဝန်ကြီးဌာန အချင်းချင်း ပိုမိုချိတ်ဆက်အားကောင်းအောင်တည်ဆောက်ကြဖို့ NUG ယာယီသမ္မတက တိုက်တွန်း လိုက်ပါတယ်။
https://youtu.be/VC8UBsWOy7E
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
=====================
စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များအတွက် လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ဆေးဝါးများ အဓိက ဖြည့်တင်းနေပြီဖြစ်ကြောင်း ဇူလိုင်လ ၁၁ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၃ ကြိမ်မြောက် အစိုးရ အဖွဲ့အစည်းအဝေးအတွင်း NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
လက်ရှိတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ နိုင်ငံရေးနည်းလမ်းတွေ ပေါင်းစပ်ပြီး တော်လှန်ရေးခရီးရှည်ကို လျှောက်လှမ်းနေတာဖြစ်သလို လက်နက်ကိုင်ခုခံတော်လှန်ရေးမှာ ဘဏ္ဍာငွေ ငွေလုံး ငွေရင်းလိုက် သုံးစွဲမြှုပ်နှံရတာ အမြောက်အများပါဝင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
NUG အစိုးရအနေနဲ့ လက်နက်ခဲယမ်း မီးကျောက် ဝယ်ယူဖြည့်တင်းရေးနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေရဲ့ ရိက္ခာ၊ဆေးဝါးစတဲ့ အသုံးစရိတ်တွေကို အဓိကထားဖြည့်တင်းနေတာတွေ လုပ်နေတာ ရှိတယ်လို့ ယာယီသမ္မတက အစိုးရအဖွဲ့ဝင်တွေကို အသိပေးခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ အစိုးရအပေါ် ပိုမိုခိုင်မြဲတဲ့ ယုံကြည်မှုဖြစ်ထွန်း အောင် ကြိုးစားတည်ဆောက်ကြရမှာဖြစ်တဲ့အတွက် စီမံခန့်ခွဲရေးနည်းနာတွေကို ဝန်ကြီးဌာန အချင်းချင်း ပိုမိုချိတ်ဆက်အားကောင်းအောင်တည်ဆောက်ကြဖို့ NUG ယာယီသမ္မတက တိုက်တွန်း လိုက်ပါတယ်။
https://youtu.be/VC8UBsWOy7E
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့PDFများအတွက်လက်နက်ခဲယမ်း၊ရိက္ခာ၊ဆေးဝါးများဖြည့်တင်းဟုသမ္မတဒူဝါလရှီးလပြော
စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များအတွက် လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ဆေးဝါးများ အဓိက ဖြည့်တင်းနေပြီဖြစ်ကြောင်း ဇူလိ...
👍31❤6👏2
ကျည်ထိဒဏ်ရာများဖြင့် မြန်မာနိုင်ငံသား ၈ ဦး မဏိပူရ်ဆေးရုံ၌ တက်ရောက်ခြင်းက တရားမဝင် ရွှေ့ပြောင်းအခြေချမှု စွပ်စွဲချက်များကို ထွက်ပေါ်စေ
========================
ကျည်ထိမှန် ဒဏ်ရာရထားသော မြန်မာနိုင်ငံသား ရှစ်ဦး အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် ချူရာချန်ဒ်ပူရ် ခရိုင် ဆေးရုံ၌ တက်ရောက်ကုသမှုခံယူခြင်းနှင့်အတူ မြန်မာနိုင်ငံမှ မဏိပူရ်ပြည်နယ်ထဲ တရားမဝင် ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ စွပ်စွဲချက်များက ပြည်နယ်၌ တစ်ဖန် ပြန်လည်အရှိန်ရလာခဲ့သည်။
ထိုစွပ်စွဲမှုများက မကြာခဏဆိုသလို ကူကီး အစုအဖွဲ့အပေါ် စွပ်စွဲလေ့ ရှိသည့် စွပ်စွဲမှုများလည်း ဖြစ်သည်။ မြန်မာနိုင်ငံသား ရှစ်ဦးသည် ကျည်နှင့် ပေါက်ကွဲမှုကြောင့် ရသည့် ဒဏ်ရာများဖြင့် ကုသမှုခံယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ ယင်းဒဏ်ရာများကို မည်သည့်နေရာတွင်၊ မည်သည့်အချိန်တွင် ရခဲ့သည် ဆိုသည်နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရပေ။ ၎င်းတို့သည် မဏိပူရ်ပြည်နယ်၌ မေလ ၃ ရက်ကစပြီး မေထေး (ကသည်း) များနှင့် ကူကီးများအကြား ဖြစ်ပွားနေခဲ့သော လူမျိုးရေး ပဋိပက္ခများ၌ ပါဝင်ခဲ့ကြစဉ် ယင်းဒဏ်ရာများကို ရခဲ့ခြင်း ဖြစ်သည်ဆိုသည့် ပြောကြားချက်များက မေထေး (ကသည်း) လူမျိုးစုအစုအဖွဲ့ကို ထောက်ခံသော ဆိုရှယ်မီဒီယာအကောင့်များတွင် မြင်တွေ့ရသည်။ မြန်မာနိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်အခြေချမှုကြောင့် မဏိပူရ် ပြည်နယ်တွင်း၌ ကူကီး လူဦးရေသည် မကြုံဖူးသည့် မြင့်မားသော နှုန်းထားတစ်ရပ်ဖြင့် ကြီးထွားလာနေခဲ့သည်ဟု မေးထေးများက မကြာခဏ ပြောဆိုသည်။

👍17🔥1
တရုတ်နဲ့ဆော်လမွန်ကျွန်းစုနိုင်ငံတို့ကြားရဲတပ်ဖွဲ့ပူးပေါင်းမှုဆိုင်ရာသဘောတူညီချက်လက်မှတ်ရေးထိုး
==========================
https://youtu.be/kq1Yh9X5Se8

တရုတ်နဲ့ဆော်လမွန်ကျွန်းစုနိုင်ငံတို့ကြား ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အသစ်တစ်ရပ် လက်မှတ်ရေးထိုး
#International
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့…

👍7🔥2❤1
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံကို ပြောကြား
========================
ဖမ်းဆီးအကျဉ်းချခံထားရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးခင်က တွေ့ဆုံခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ရောကိုယ်ပါ ကျန်းမာလျက်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ပြောကြားခဲ့သည်ဟု အာဆီယံ သံတမန်သတင်းရင်းမြစ်များက ဇူလိုင် ၁၂ ရက်တွင် ပြောသည်။
ဒွန် ပရာမွတ်ဝီနိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုသည် မြန်မာတွင် စစ်တပ်က ၂၀၂၁ ၊ ဖေဖေါ်ဝါရီ အာဏာသိမ်းမှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း အဆင့်မြင့် ပြည်ပအစိုးရအရာရှိကြီးတစ်ဦးနှင့်မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အကြား ပထမဆုံးသော အတည်ပြုသည့် တွေ့ဆုံမှုလည်း ဖြစ်သည်။
ဂျကာတာတွင် ဇူလိုင် ၁၁ ရက်က စတင်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်ရက်တာ စည်းဝေးတွေ့ဆုံမှုတွင် ဒွန် ပရာမွတ်ဝီနိုင်းက ၎င်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအကြောင်းကို ရှင်းလင်းတင်ပြပြောဆိုခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

👍19🤔6😁4❤1👏1
Media is too big
VIEW IN TELEGRAM
စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ PDF များအတွက် လက်နက်ခဲယမ်း၊ ရိက္ခာ၊ဆေးဝါးများ အဓိက ဖြည့်တင်းနေပြီဟု သမ္မတ ဒူဝါလရှီးလ ပြော
Watch more detail - https://youtu.be/FrsiSE4PEjA#PDF
#သမ္မတ ဒူဝါလရှီးလ #လက်နက်ခဲယမ်း၊ ရိက္ခာ၊ဆေးဝါး#VideoNews #shorts #reels

👍29❤4🔥1😁1
မိုးရာသီမှာ လိုက်နာရမည့် အခြေခံကျန်မာရေး ဂရုစိုက်မှု
==================
မိုးရာသီရောက်လာပြီဆိုတာနဲ့ အအေးမိ ဖျားနာတာတွေ အဖြစ်များတတ်ပါတယ်။
ဒါကြောင့် မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှုတွေက ဘာတွေလဲဆိုတာကို အခုဗီဒီယိုလေးမှာ ပြောပြပေးမယ်နော်။
https://youtu.be/nnoy0XogifI
#မိုးရာသီ
#PSA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

@MizzimaTV …

👍15🔥3
မန္တလေးတွင် ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုများလာပြီး ၁ရက်တည်း ၉ လောင်းမီးသဂြိုလ်
=======================
007
(မဇ္စျိမ)။ ။ မန္တလေးမြို့တွင် ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုများလာပြီး ဇူလိုင်လ ၈ ရက်နေ့က တစ်ရက်တည်း ရုပ်အလောင်းကိုးခု မီးသဂြိုလ်ပေးခဲ့ရကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။
ဇူလိုင်လ ၈ရက်က မန္တလေးဆေးရုံကြီးရင်ခွဲရုံမှပိုင်ရှင်မဲ့အလောင်းကိုးလောင်းကို မီးသဂြိုလ်ပေးရန် ဆေးရုံတာ၀န်ရှိသူများ၏အကူအညီတောင်းခံမှုအရ မြို့ခံပရဟိတ လူမှုကူညီရေးအသင်းနှစ်ခုက သုဿန်သို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
“ပိုင်ရှင်မဲ့အလောင်းတွေကို ရင်ခွဲရုံမှာစစ်ဆေးပြီးရင် သင်္ချိုင်းပို့ပြီးသဂြိုလ်ပေးရတယ်။ ဒါက လူမှုရေးအသင်းတွေနဲ့ဆေးရုံနဲ့ချိတ်ဆက်ပြီးလုပ်ရတာတွေ ပေါ့။ အဲဒီနေ့ကတော့ တစ်ရက်တည်းမှာပဲ အလောင်းကိုးလောင်း သင်္ချိုင်းပို့ပေးဖို့ ဆေးရုံဘက်ကအကူအညီတောင်းလို့ ညီနောင်အသင်းနှစ်ခုက သွားကူညီပေးခဲ့တာပါ။ မီးသဂြိုလ်တာကတော့ သင်္ချိုင်းကလုပ်တာပါ” ဟု မြို့ခံလူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှတာ၀န်ရှိသူကပြောသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့်ဇွန်လအတွင်း ပိုင်ရှင်မဲ့အလောင်း ၁၀ လောင်းတွေ့ရှိခဲ့သည်ဟု သိရသည်။ သတ်ဖြတ်ခံရသည့် အနေအထားဖြင့် သေဆုံးနေသည့် အလောင်းတစ်လောင်းတွေ့ရပြီး ကျန်ကိုးလောင်းသည် အကြောင်းရင်းမသိရဘဲ သေဆုံးနေခြင်းဟု လူမှုကူညီရေးအသင်းများကပြောသည်။
“လမ်းဘေးသေဆုံးအလောင်းတွေ့ရှိမှုတွေ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လေးရက်ဆက်တိုက်ဖြစ်ခဲ့တယ်။ အလောင်းသွားသယ်ပေးရတဲ့အခါ တချို့က ထိတ်လန့်နေကြတယ်။ ရောဂါကြောင့်သေတာလားဘာလားမေးကြရင် ကျွန်တော်တို့လည်းမဖြေတတ်ဘူး” ဟု မန္တလေးမြို့ခံလူမှုကူညီရေးလုပ်ဆောင်သူတစ်ဦးကပြောသည်။
ဇူလိုင် ၈ရက်က မီးသဂြိုလ်ခဲ့သည့် ရုပ်အလောင်းကိုးခုသည် ပြီးခဲ့သည့် ဇွန်လအတွင်း ပိုင်ရှင်မဲ့တွေ့ရသည့် ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးပြီးနောက် စုစည်းသဂြိုလ်ခြင်းဟု သိရသည်။
မန္တလေးမြို့တွင် ယခုနှစ် ၂၀၂၃ ဇန်နဝါရီလမှစ၍ စစ်ကောင်စီက ကျူးကျော်ဟုသတ်မှတ်ခံရသည့်နေအိမ်များ ဖယ်ရှားခံရပြီးနောက် မြို့တွင်းရပ်ကွက်များထဲတွင် အိမ်ခြေရာမဲ့၀င်ရောက်နေထိုင်သူများပြားလာပြီး ပိုင်ရှင်မဲ့အဖြစ်သေဆုံးမှုများလည်း မကြာခဏဖြစ်ပေါ်နေကြောင်း မြို့ခံလူမှုကူညီရေးအသင်းများကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#မန္တလေးမြို့
#ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှု

👍19🤔3❤2🔥1🤬1
Media is too big
VIEW IN TELEGRAM
တရုတ်နဲ့ဆော်လမွန်ကျွန်းစုနိုင်ငံတို့ကြား ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အသစ်တစ်ရပ် လက်မှတ်ရေးထိုး
#internationalnews #China #Mizzima #reels #shorts

👍3🥰2🔥1😁1
ကျန်းမာရေးအခြေအနေကြောင့် အာဆီယမ်အစည်းအဝေးကို မတက်ရောက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြော
===================
https://youtu.be/Ua6CFtukp5Q
===================
https://youtu.be/Ua6CFtukp5Q
YouTube
ကျန်းမာရေးအခြေအနေကြောင့် အာဆီယမ်အစည်းအဝေးကို မတက်ရောက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြော
ကျန်းမာရေးအခြေအနေကြောင့် အာဆီယမ်အစည်းအဝေးကို မတက်ရောက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြော
#International
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

😁21👍4
ဇူလိုင်လ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:04- စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေမှုအကြောင်း AAPP
ထုတ်ပြန်တဲ့ သတင်း
04:05-ကျန်းမာရေးအခြေအနေကြောင့် အာဆီယံအစည်းအဝေးကို မတက်ရောက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြောတဲ့သတင်း
05:32-ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါ တကျော့ပြန်အဖြစ်များနေပြီး အရေးပေါ်ဆေးဝါးများ လိုအပ်တဲ့သတင်း
07:07-တိုက်ပွဲဝင်နေတဲ့ PDF တွေအတွက် လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ဆေးဝါးတွေကို အဓိကဖြည့်တင်းနေပြီလို့ သမ္မတ ဒူဝါလရှီးလ ပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်၊။
https://youtu.be/4ksOAgEif0E
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
01:04- စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေမှုအကြောင်း AAPP
ထုတ်ပြန်တဲ့ သတင်း
04:05-ကျန်းမာရေးအခြေအနေကြောင့် အာဆီယံအစည်းအဝေးကို မတက်ရောက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြောတဲ့သတင်း
05:32-ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါ တကျော့ပြန်အဖြစ်များနေပြီး အရေးပေါ်ဆေးဝါးများ လိုအပ်တဲ့သတင်း
07:07-တိုက်ပွဲဝင်နေတဲ့ PDF တွေအတွက် လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ဆေးဝါးတွေကို အဓိကဖြည့်တင်းနေပြီလို့ သမ္မတ ဒူဝါလရှီးလ ပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်၊။
https://youtu.be/4ksOAgEif0E
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:04- စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေမှုအကြောင်း AAPP
ထုတ်ပြန်တဲ့ သတင်း
04:05-ကျန်းမာရေးအခြေအနေကြောင့် အာဆီယံအစည်းအဝေးကို မတက်ရောက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြောတဲ့သတင်း
05:32-ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါ…

👍7😁2
ရှမ်းမြောက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေ
===================
ဂျူချန်း
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် မူဆယ်မြို့တို့တွင် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရုံးမှ သိရသည်။
ကျောက်မဲမြို့နယ်၊ မိုင်းငေါ့နှင့် နမ့်တွေကျေးရွာအနီးတွင် မိုင်းဆတ်အခြေစိုက် ခလရ(၅၂၇)မှ စစ်ကောင်စီ တပ်သားအင်အား ၇၀ ခန့်သည် တအာင်းတပ်မတော် TNLA တည်ရှိရာ နမ့်တွေဘက်သို့ စစ်ကြောင်းထိုး လာသဖြင့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၉ နာရီတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု သုံးနာရီခန့်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း နမ့်တွေကျေးရွာမှ အမျိုးသမီး တဦးနှင့် အမျိုးသားတဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ချိန် နမ့်တွေရွာခံနှစ်ယောက်က ဆိုင်ကယ်စီးဖြတ်သွားရာကနေ လက်နက်ထိမှန်လို့ ဒဏ်ရာ ရခဲ့ပြီး အခုဆေးရုံမှာ ကုသပေးနေပါတယ်။ စစ်ကောက်စီဘက် ထိခိုက်မှုအခြေနေတော့ မသိရသေးပါဘူး။ TNLA ဘက်တော့ ထိခိုက်မှုမရှိပါဘူး” ဟု PLSF/TNLA ပြောရေးဆိုခွင့်ရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမ ကို ပြောသည်။
နမ့်တွေကျေးရွာတွင် လူဦးရေ ၁၅၀ ခန့်ရှိပြီး စစ်ဘေးရှောင်ရမည့် အခြေအနေအထိ မရောက်သေးသော် လည်း နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း မူဆယ်မြို့ နမ့်တောင်းရွာထိပ်တွင် တပ်မ (၉၉)လက်အောက်ခံ ခမရ(၄၁၇) မှ စစ်ကောင်စီတပ်သားများနှင့် TNLA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။
“စစ်ကောင်စီဘက်က တအာင်းရွာ လိုင်ခွါင်ရွာကနေ တအာင်းတပ်မတော် ရှိတဲ့ နမ့်တောင်းကို ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရုံး မှ ပြောသည်။
အဆိုပါတိုက်ပွဲတွင် TNLA မှ တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရုံးမှ ထုတ် ပြန်ထားသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သော်လည်း အရပ်သားများ ထိခိုက်မှုမရှိကြောင်းသိရသည်။
စစ်ကောင်စီတပ်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိ သည်မှာနှစ်လကျော်ခန့်ရှိပြီဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ကန်ရွာတွင် ဖြစ်ပွားခဲ့ သည့် တိုက်ပွဲသည် နောက်ဆုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုအရ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အဖွဲ့(NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မည်သည့်သဘော တူညီချက်မျှမရဘဲ ပြီးဆုံးသွားခဲ့သည်။
ထိုဆွေးနွေးပွဲမတိုင်မှီ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တရုတ်၏ ညှိနှိုင်းပေး မှုအရ တိုက်ပွဲများ လျော့နည်းသွားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း ကပြောသည်။
“ဆွေးနွေးပွဲက သုံးရက်လုပ်ထားတာ နှစ်ရက်နဲ့တင်ပြီးသွားတော့ နောက်ထပ် ဘယ်ရက်ပြန်လုပ် မယ် လည်းမပြော၊ သဘောတူညီချက်လည်းမရဘဲနဲ့ ပြီးသွားတော့ ဆွေးနွေးပွဲက အောင်မြင်တယ်လို့ ပြောလို့ မရဘူးပေါ့နော်။ တရုတ်က တိုက်တွန်းလို့သာ ဆွေးနွေးရတာ။ ဆွေးနွေးချင်ပုံမရဘူးလို့ ခန့်မှန်းတာပေါ့။ အဲ့ဒီသုံးဖွဲ့လှုပ်ရှားတဲ့နယ်မြေမှာ ဖြစ်တာတော့ မတွေ့သေးဘူး။ KIA ဘက်မှာတော့ ဖြစ်နေတာတော့ တွေ့ ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲ မပြီးခင်ကတည်းက တရုတ်ကတိုက်တွန်းပြောဆိုပြီးနောက်ပိုင်း တိုက်ပွဲတွေ နည်းသွားတယ်ပေါ့နော်” ဟု ဦးရဲထွန်းက မဇ္ဈိမ ကိုပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်းပြီး ပထမ ၁၄ လတာအတွင်း တရုတ်စီမံကိန်းများရှိသည့် မြို့နယ်များတွင် တိုက်ပွဲပေါင်း ၁၅၀ ကျော် ဖြစ်ပွားခဲ့ပြီး ၎င်းနောက်ပိုင်းတွင် တိုက်ပွဲပေါင်း ၇၇ ကြိမ်သာ ဖြစ်ပွားသဖြင့် ရှမ်းမြောက်ဒေသ တရုတ်စီမံကိန်းရှိသည့်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှု ထက်ဝက် ကျော်ခန့်လျော့ကျသွားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရှမ်းပြည်နယ်မြောက်ပိုင်း
#တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)
#တိုက်ပွဲ

👍19🔥1👏1🤮1
မန္တလေးတွင် မုန့်တီဆိုင်၌ မီးစက်ထဲ ဓာတ်ဆီလောင်းထည့်ရာမှ မီးလောင််မှုဖြစ်ပွား
👍6🔥4🥰1