ဇူလိုင်လ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:04- စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေမှုအကြောင်း AAPP
ထုတ်ပြန်တဲ့ သတင်း
04:05-ကျန်းမာရေးအခြေအနေကြောင့် အာဆီယံအစည်းအဝေးကို မတက်ရောက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြောတဲ့သတင်း
05:32-ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါ တကျော့ပြန်အဖြစ်များနေပြီး အရေးပေါ်ဆေးဝါးများ လိုအပ်တဲ့သတင်း
07:07-တိုက်ပွဲဝင်နေတဲ့ PDF တွေအတွက် လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ဆေးဝါးတွေကို အဓိကဖြည့်တင်းနေပြီလို့ သမ္မတ ဒူဝါလရှီးလ ပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်၊။
https://youtu.be/4ksOAgEif0E
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:04- စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေမှုအကြောင်း AAPP
ထုတ်ပြန်တဲ့ သတင်း
04:05-ကျန်းမာရေးအခြေအနေကြောင့် အာဆီယံအစည်းအဝေးကို မတက်ရောက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြောတဲ့သတင်း
05:32-ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါ…

👍7😁2
ရှမ်းမြောက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေ
===================
ဂျူချန်း
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် မူဆယ်မြို့တို့တွင် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရုံးမှ သိရသည်။
ကျောက်မဲမြို့နယ်၊ မိုင်းငေါ့နှင့် နမ့်တွေကျေးရွာအနီးတွင် မိုင်းဆတ်အခြေစိုက် ခလရ(၅၂၇)မှ စစ်ကောင်စီ တပ်သားအင်အား ၇၀ ခန့်သည် တအာင်းတပ်မတော် TNLA တည်ရှိရာ နမ့်တွေဘက်သို့ စစ်ကြောင်းထိုး လာသဖြင့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၉ နာရီတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု သုံးနာရီခန့်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း နမ့်တွေကျေးရွာမှ အမျိုးသမီး တဦးနှင့် အမျိုးသားတဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ချိန် နမ့်တွေရွာခံနှစ်ယောက်က ဆိုင်ကယ်စီးဖြတ်သွားရာကနေ လက်နက်ထိမှန်လို့ ဒဏ်ရာ ရခဲ့ပြီး အခုဆေးရုံမှာ ကုသပေးနေပါတယ်။ စစ်ကောက်စီဘက် ထိခိုက်မှုအခြေနေတော့ မသိရသေးပါဘူး။ TNLA ဘက်တော့ ထိခိုက်မှုမရှိပါဘူး” ဟု PLSF/TNLA ပြောရေးဆိုခွင့်ရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမ ကို ပြောသည်။
နမ့်တွေကျေးရွာတွင် လူဦးရေ ၁၅၀ ခန့်ရှိပြီး စစ်ဘေးရှောင်ရမည့် အခြေအနေအထိ မရောက်သေးသော် လည်း နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း မူဆယ်မြို့ နမ့်တောင်းရွာထိပ်တွင် တပ်မ (၉၉)လက်အောက်ခံ ခမရ(၄၁၇) မှ စစ်ကောင်စီတပ်သားများနှင့် TNLA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။
“စစ်ကောင်စီဘက်က တအာင်းရွာ လိုင်ခွါင်ရွာကနေ တအာင်းတပ်မတော် ရှိတဲ့ နမ့်တောင်းကို ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရုံး မှ ပြောသည်။
အဆိုပါတိုက်ပွဲတွင် TNLA မှ တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရုံးမှ ထုတ် ပြန်ထားသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သော်လည်း အရပ်သားများ ထိခိုက်မှုမရှိကြောင်းသိရသည်။
စစ်ကောင်စီတပ်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိ သည်မှာနှစ်လကျော်ခန့်ရှိပြီဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ကန်ရွာတွင် ဖြစ်ပွားခဲ့ သည့် တိုက်ပွဲသည် နောက်ဆုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုအရ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အဖွဲ့(NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မည်သည့်သဘော တူညီချက်မျှမရဘဲ ပြီးဆုံးသွားခဲ့သည်။
ထိုဆွေးနွေးပွဲမတိုင်မှီ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တရုတ်၏ ညှိနှိုင်းပေး မှုအရ တိုက်ပွဲများ လျော့နည်းသွားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း ကပြောသည်။
“ဆွေးနွေးပွဲက သုံးရက်လုပ်ထားတာ နှစ်ရက်နဲ့တင်ပြီးသွားတော့ နောက်ထပ် ဘယ်ရက်ပြန်လုပ် မယ် လည်းမပြော၊ သဘောတူညီချက်လည်းမရဘဲနဲ့ ပြီးသွားတော့ ဆွေးနွေးပွဲက အောင်မြင်တယ်လို့ ပြောလို့ မရဘူးပေါ့နော်။ တရုတ်က တိုက်တွန်းလို့သာ ဆွေးနွေးရတာ။ ဆွေးနွေးချင်ပုံမရဘူးလို့ ခန့်မှန်းတာပေါ့။ အဲ့ဒီသုံးဖွဲ့လှုပ်ရှားတဲ့နယ်မြေမှာ ဖြစ်တာတော့ မတွေ့သေးဘူး။ KIA ဘက်မှာတော့ ဖြစ်နေတာတော့ တွေ့ ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲ မပြီးခင်ကတည်းက တရုတ်ကတိုက်တွန်းပြောဆိုပြီးနောက်ပိုင်း တိုက်ပွဲတွေ နည်းသွားတယ်ပေါ့နော်” ဟု ဦးရဲထွန်းက မဇ္ဈိမ ကိုပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်းပြီး ပထမ ၁၄ လတာအတွင်း တရုတ်စီမံကိန်းများရှိသည့် မြို့နယ်များတွင် တိုက်ပွဲပေါင်း ၁၅၀ ကျော် ဖြစ်ပွားခဲ့ပြီး ၎င်းနောက်ပိုင်းတွင် တိုက်ပွဲပေါင်း ၇၇ ကြိမ်သာ ဖြစ်ပွားသဖြင့် ရှမ်းမြောက်ဒေသ တရုတ်စီမံကိန်းရှိသည့်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှု ထက်ဝက် ကျော်ခန့်လျော့ကျသွားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရှမ်းပြည်နယ်မြောက်ပိုင်း
#တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)
#တိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍19🔥1👏1🤮1
မန္တလေးတွင် မုန့်တီဆိုင်၌ မီးစက်ထဲ ဓာတ်ဆီလောင်းထည့်ရာမှ မီးလောင််မှုဖြစ်ပွား
👍6🔥4🥰1

======================
007
(မဇ္စျိမ)။ ။ မန္တလေး ၊ ချမ်းအေးသာစံမြို့နယ် ၊ ပတ်ကုန်း၀န်းကျင်ရပ်ကွက် ၂၉ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ၊ ဒေါ်လုံးမုန့်တီဆိုင်တွင် ယနေ့ ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။
ယနေ့ နံနက် ၆ နာရီ ၅ မိနစ်ခန့်က မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး၊ Level 1 အဆင့်ဖြင့်မီးငြှိမ်းသတ်ခဲ့ပြီးနောက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင်မီးငြိမ်းသွားခဲ့ ကြောင်းသိရသည်။
မီးသွေးမီးဖိုဖြင့် ဟင်းရည်အိုးတည်ထားစဥ် မီးဖိုဘေးရှိ မီးစက်ထဲသို့ ဓာတ်ဆီလောင်းထည့်ရာမှ မီးဟပ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
"ဆိုင်အတွင်းခန်း နောက်ဖေးခန်းမီးဖိုချောင်မှာ၊ ဟင်းရည်အိုးတည်ထားရင်း၊ မီးစက်ထဲဆီ(ဓာတ်ဆီ)ထည့်ချိန်မှာ၊ မီးညွန့်ဟပ်ပြီးစလောင်တာလို့ စစ်ဆေးတွေ့ရတယ်" ဟု မီးသတ်၀န်ထမ်းတစ်ဦးကပြောသည်။
မုန်တီဆိုင်ကို အိမ်နှင့်ဆိုင် တွဲလျက်ဖွင့်ထားခြင်းဖြစ်ပြီး နေအိမ်အနောက်ဘက် အဆာက်အအုံရှိ အောက်ထပ်အနောက်ခန်း( မီးဖိုခန်း) တွင် မီးလောင်မှုစတင်ဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှုကြောင့်၊ ၁၄ ပေ ပေ ၃၀ ရှိ နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံး(တန်ဖိုး ကျပ်၁၂ သိန်း )နှင့် နေအိမ်အတွင်းရှိပစ္စည်းများ(တန်ဖိုး ရှစ်သိန်းကျပ်)၊ နောက်ဖေးကပ်လျက်ရှိနေအိမ်ပထမထပ်နှင့် ဒုတိယထပ်တို့ မီးကူးစက်ခံရမှုကြောင့်၊ အဲယားကွန်းတစ်လုံးနှင့်အတွင်းပစ္စည်းများ(တန်ဖိုး ငါးသိန်းကျပ်)၊ စုစုပေါင်း တန်ဖိုး ၂၅ သိန်းဝန်းကျင် မီးလောင်ဆုံးရှုံးခဲဲ့ကြောင်း မီးသတ်ဦးစီးထံကသိရသည်။
မန္တလေးမြို့တွင် ယနေ့ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် ၁၂ နာရီ ၂၀ မိနစ်ခန့်ကလည်း၊ အမရပူရမြို့နယ် ညောင်ပင်စောက်ကျေးရွာအနီး တောင်အင်းမြောက်အင်းအမှိုက်ပုံတွင် မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။
အဆိုပါမီးလောင်မှုကို၊ မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ် ၁၅ စီး၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲဲ့အင်အား ၂၀ ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးသတ်ဦးစီးဌာနက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မီးလောင်မှု
#မန္တလေး
Photo CJ

👍12🔥5👎1
This media is not supported in your browser
VIEW IN TELEGRAM
ကျန်းမာရေးအခြေအနေကြောင့် အာဆီယမ်အစည်းအဝေးကို မတက်ရောက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြော
#internationalnews #China #Asian #reels #shorts

😁9🔥1🤔1😐1
“ဘယ်အာဏာရှင်ပဲဖြစ်ဖြစ် သူတို့လုပ်ပါတယ်ဆိုတာကို ဝန်ခံတာမဟုတ်ဘူး၊ သူတို့ မမှားဘူးလို့ဘဲ အမြဲတမ်းပြောမှာပဲ” (အင်တာဗျူး)
=========================
၀၀၁
(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်က မန္တလေးတိုင်း မြင်းခြံထောင်၊ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ကျိုက်စကောထောင်တို့မှ နိုင်ငံရေးအကျဉ်းသားများကို ပြင်ပရှိ PDF များနှင့် ဆက်သွယ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ထောင်ပြင်ပသို့ ခေါ်ထုတ်ပြီး စစ်ကြောရေးများတွင် ရိုက်နှက်စစ်ဆေးမှုများကို မေလမှ စတင်ကာ တွေ့လာရသည်။
ထိုသို့ ရိုက်နှက်စစ်ဆေးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများမှာ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သကဲ့သို့ အချို့မှာ သေဆုံးမှုများလည်း ရှိခဲ့သည်။
ထို့နောက် စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့တွင် မြင်းခြံထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးနှင့် အခြားပြစ်မှုအကျဉ်းသား တစ်ဦးကို သရက်ထောင်နှင့် မကွေးထောင်သို့ ပြောင်းရွှေ့လိုက်သည်။
ဒိုက်ဦး ကျိုက်စကောထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးအား ဇွန်လ ၂၇ ရက်နေ့တွင် ထောင်ပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ထုတ်သွားပြီး ဇူလိုင်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ထိုအထဲမှ ကိုခန့်လင်းနိုင်နှင့် ကိုပြည့်ဖြိုးဟိန်းတို့၏ မိသားစုဝင်များထံသို့ ဒိုက်ဦးမှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ရာလမ်းခရီး၌ မော်တော်ယာဉ်တိမ်းမှောက်မှုကို အခွင့်ကောင်း ယူကာ ထွက်ပြေးသဖြင့် ပစ်ခတ်ရာ သေဆုံးသွားကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။
ထိုကဲ့သို့ အကျဥ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများ နှိပ်စက် သတ်ဖြတ်ခံနေရသည့် အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP) မှ တာဝန်ရှိသူတစ်ဦးကို မဇ္စျိမက ဆက်သွယ်မေးမြန်း ထားသည်။
မေး - မေလကစပြီး နိုင်ကျဉ်းတွေ ပြင်ပခေါ်ထုတ်ခံရပြီး စစ်ကြောရေးမှာ စစ်ဆေးခံရတာတွေ ခပ်စိပ်စိပ်ဖြစ်လာတာ တွေ့ရပါတယ်။ တောင်ငူထောင်မှာ အကျဉ်းသားတွေ လွတ်မြောက်သွားတဲ့ဖြစ်စဉ်နောက်ပိုင်း ဒီလိုမျိုးတွေပိုတွေ့ လာရတယ်ပေါ့။ အဲ့ဒီတော့ မေလကနေ ဇူလိုင်လအထိ ဒီလိုမျိုးခေါ်ထုတ်ခံရတဲ့ နိုင်ကျဉ်းတွေ သေဆုံးမှု အခြေအနေတွေရော ဘယ်လိုရှိလဲ သိပါရစေ။
ဖြေ - အထင်ရှားဆုံးကတော့ အခုဖြစ်ခဲ့တဲ့ ဒိုက်ဦးထောင်ဖြစ်စဉ်ကတော့ လောလောလတ်လတ်မှာ အထင်ရှားဆုံး ဖြစ်တယ်ပေါ့နော်။ ဒိုက်ဦးထောင်ကနေ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းဖို့ဆိုပြီး ခေါ်ထုတ်သွားတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ သိထားရသလောက်တော့ မနေ့က statement (ထုတ်ပြန်ချက်) ထုတ်တဲ့အချိန်အထိ အဲ့ဒီအထဲက နှစ်ယောက်ကတော့ သေဆုံးသွားပြီဆိုပြီး အိမ်တွေကို စာပို့တယ်။ ဇူလိုင် ၁၁ ဆိုလို့ရှိရင် နောက်ထပ် တစ်ယောက်ထပ်ပြီးတိုးလာတယ်ပေါ့။ ကိုဂျာလေးဆိုတဲ့ တစ်ယောက်ထပ်တိုးလာတယ်။ အဲ့ဒီအိမ်ကို သေဆုံးသွားပြီဆိုတဲ့ အကြောင်းကြားလာတယ်ပေါ့။ အခုဆိုရင် ကျန်တဲ့သူတွေရဲ့ မိသားစုတွေလည်း စိတ်ပူနေတယ်။ ပြီးရင် မြင်းခြံထောင်မှာဆိုလည်း ထောင်အပြင်ကို ခေါ်ထုတ်သွားပြီး စစ်ကြောရေး လုပ်တယ်။ ဒီစစ်ကြောရေးက ဒဏ်တွေနဲ့ပဲ ဦးစိန်ဝင်းဆိုတဲ့တစ်ယောက်က မြင်းခြံထောင်မှာ ကျဆုံးသွားတယ်ပေါ့။ ဒီလိုဟာမျိုးတွေက အခုကို တော်တော်ကို စိုးရိမ်စရာဖြစ်လာတယ်။
အရင်တုန်းက ကျွန်တော်တို့တွေ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံရစဉ် ကာလတုန်းကဆိုရင် ကျွန်တော်တို့က စစ်ကြောရေးမှာ ညှဥ်းပန်းနှိပ်စက်တဲ့ဒဏ်တွေကို အရမ်းခံရတယ်။ ညှဥ်းပန်းနှိပ်စက်မှုတွေကို ကြုံတွေ့ရတဲ့အခါမှာ ထောင်ကိုပဲရောက်ချင်တယ်။ ထောင်ကို ရောက်လို့ရှိရင် ဒီလိုညှဥ်းပန်းနှိပ်စက်မှုတွေက အားလုံးက ပြီးသွားပြီပေါ့။ အခုက အဲ့ဒီလိုမဟုတ်တော့ဘူး။ စစ်ကြောရေးမှာ ညှဥ်းပန်းနှိပ်စက်ခံရရုံတင်မကဘဲ ထောင်ရောက်တဲ့အခါ ထောင်မှာလာပြီးတော့ ဥပဒေမဲ့ တရားလက်လွတ်တွေ၊ အခုလိုမျိုးကိစ္စတွေ လုပ်နေတယ်ဆိုတဲ့ဟာက တော်တော်ကို ဆိုးဝါးတဲ့ ကိစ္စဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ မတရားညှဥ်းပန်းနှိပ်စက်မှု ၊ မတရားသတ်ဖြတ်မှုတွေ ဖြစ်နေတယ်ပေါ့နော်။
မေး - မေလကနေ ဇူလိုင်လထဲမှာရော အတည်ပြုထားနိုင်တဲ့စာရင်း စုစုပေါင်း ဘယ်လောက် လောက်ရှိလဲ။
ဖြေ - ကျွန်တော်တို့ အခုပြုစုထားတာ ဒိုက်ဦးထောင်မှာ ဒီသုံးယောက် မတိုင်ခင်မှာလည်း ဒိုက်ဦးထောင်ကနေ အပြင်ကို ခေါ်စစ်ပြီးတော့ နောက်ဆုံး အပူရှပ်လို့ သေသွားတယ်ဆိုပြီးတော့ အိမ်ကို အကြောင်းကြားလာတဲ့ ကိုသန့်ဇင်ဝင်းဆိုတာ သူကတော့ ပထမဦးဆုံးသေဆုံးတာပေါ့။ ဆိုတော့ ဒိုက်ဦးထောင်မှာ လေးယောက်၊ မြင်းခြံထောင်မှာ တစ်ယောက်၊ နောက် သာယာဝတီထောင်မှာတစ်ယောက် ဒီလိုမျိုး ကြားနေတယ်။ အရေအတွက်က အဓိကမဟုတ်ပါဘူး။ အရေအတွက်ဆိုတာ တစ်ရက်ပြီး တစ်ရက်ပိုတိုးလာတယ်။ ပိုများလာတယ်။ ဒါပေမဲ့ အဓိကဖြစ်စဉ်တွေက အရေးကြီးပါတယ်။ ဖြစ်လာရတဲ့ အကြောင်းတရားတွေ ဖြစ်နေတဲ့ အခြေအနေတွေ ဒါတွေကပိုပြီး အရေးကြီးတယ်ပေါ့။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#အကျဉ်းသားများကိုအပြင်ခေါ်ထုတ်
#ရိုက်နှက်စစ်ဆေး
#မြင်းခြံဒိုက်ဦး
#အင်တာဗျူး

👍16❤11😁3🔥1
ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက်ရှိဟုဆို
==================
ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ရာ ထိခိုက်မှုများရှိခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၂၃) တပ်ရင်း တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။
ရွှေဘိုမြို့၊ နန်းတော်ရာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဇူလိုင်လ ၁၁ ရက်နေ့ ၊ နံနက် ၁၁ နာရီ၀န်းကျင်တွင် ကာကွယ်ရေးတပ်ဖွဲ့ က လက်ပစ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ ရွှေဘို နန်းတွင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် သန့်ရှင်းရေးလုပ်နေတဲ့အချိန် နေရာသုံးနေရာကနေ လက်ပစ်မိုင်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လေးဦး သေဆုံးတယ်ဆိုပြီး သိထားရတယ်။ အထိအခိုက်တွေရှိပေမယ့် အတိအကျ တော့ မသိရသေးဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်း( ၂၃) တာ၀န်ရှိသူက ပြောသည်။
နန်းတော်ရာအတွင်းတွင် အာဏာသိမ်းပြီးနောက် အင်အား ၆၀ ၀န်းကျင်ခန့်ဖြင့် စစ်ကောင်စီတပ်က လာရောက်တပ်စွဲထားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် သွားရောက်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။
ယမန်နေ့က လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောကြားထားသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိပေ။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့အတွင်း ကားများဖြင့် လှည့်လည်စစ်ဆေးကာ ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း( ၂၃) က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် (၂၃) တပ်ရင်းနှင့် တပ်ခွဲ(၁)၊ NaungYoeArmy၊ရွှေဘိုကျားကြီးေပြာက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ရွှေဘို မန္တလေး ရထားလမ်းကို ပြန်လည်ပြေးဆွဲရန် စီစဥ်နေပြီး အင်အား ၈၀ ခန့်ပါ စစ်ကြောင်းဖြင့် ရထားသံလမ်းတစ်လျှောက်ရှိ မိုင်းများကို ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရွှေဘိုမြို့
#ရွှေဘိုခရိုင် တပ်ရင်း( ၂၃)

👍26😁2❤1
ပုလောတွင် ပျူစောထီးအဖွဲ့ဝင်များ၏ နေအိမ် ၄ လုံးနှင့် ဥယျာဉ်ခြံကို PDF အဖွဲ့က ပြည်သူပိုင် အဖြစ် သိမ်းဆည်း
👍18❤6😁2

====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စု နတ်အိမ်တောင်ကျေး ရွာမှ စစ်ကောင်စီထောက်တိုင် ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင်များပိုင်ဆိုင်သော နေအိမ်လေးလုံးနှင့် ဥယျာဉ်ခြံတခြံကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဇူလိုင်လ ၁၁ ရက်နေ့က ပြည်သူပိုင်အဖြစ် သိမ်း ဆည်းချိပ်ပိတ်လိုက်ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းထံမှ သိရသည်။
ပူရိယက္ခညီနောင်စစ်ကြောင်းပြန်ကြားရေးတာဝန်ခံက“ဟုတ်ပါတယ်၊ကျွန်တော်အဖွဲ့မနေ့ကသွားရောက် စာကပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိလည်း အဲဒီပျူတွေက နေအိမ်မှာမရှိတာ အတော်ကြာနေပြီ”ဟု ပြော သည်။
ပုလောမြို့နယ် ပုလောကုန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့နှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်းအဖွဲ့တို့ကြား မကြာခဏထိတွေ့ပစ်ခတ်မှုများကြောင့် နတ်အိမ်တောင်ကျေးရွာနေ ပျူစော ထီးအဖွဲ့ဝင်များသည် လက်ရှိအချိန်ထိ နေအိမ်စွန့်ခွာတိမ်းရှောင်နေကြောင်း ဒေသခံများထံမှသိရသည်။
“သူတို့က ရွာသားတွေအပေါ်မှာ ဂုတ်သွေးစုတ်နေတာကြာပြီ။ နည်းမျိုးစုံနဲ့ ငွေကြေးကောက်ခံတာလည်း အမြဲတမ်း လုပ်နေကြတာ” ဟု နတ်အိမ်တောင်ကျေးရွာမှ ဒေသခံတဦးက ပြောဆိုသည်။
အဆိုပါ ပျူစောထီးအဖွဲ့ဝင်များသည် ကျေးရွာနေ ပြည်သူများထံမှအပြင် ပုလောမြို့ပေါ်သို့ပါ မကြာခဏ သွားရောက် ငွေကြေးကောက်ခံလေ့ရှိသည့်အပြင် တိုက်ပွဲကြောင့် မြို့ပေါ်သို့စစ်ရှောင်သည့် ဒေသခံများ ၏နေအိမ်များကိုလည်း အကြောင်းမဲ့ ချိပ်ပိတ်ခြင်းများ ပြုလုပ်လေရှိကြောင်း ဒေသခံများကပြောဆို သည်။
လက်ရှိ နေအိမ်နှင့် ဥယျာဉ်ခြံ ချိပ်ပိတ်သိမ်းဆည်းခံရသူများထဲတွင် ပျူစောထီးနှင့် စစ်ကောင်စီ ထောက် ခံသူ သတင်းပေးများလည်းပါဝင်ကြောင်း ပူရိယက္ခညီနောင် စစ်ကြောင်းထံမှ သိရသည်။
အဆိုပါ ပျူစောထီးများ၏နေအိမ်များနှင့် ဥယျာဉ်ခြံတို့ကို မဟာမိတ်တပ်ပေါင်းစုဖြစ်သော ကရင်အမျိုး သား ကာကွယ်ရေးတပ်မတော်(KNDO)နှင့် ပူရိယက္ခညီနောင်မဟာမိတ်တပ်ပေါင်းစုက သွားရောက်သိမ်း ဆည်းချိပ်ပိတ်ခဲ့ခြင်းဖြစ်သည်။
ပုလောကုန်းကျေးရွာအုပ်စု၊ နတ်အိမ်တောင်ကျေးရွာတွင် စစ်ကောင်စီပျူစောထီးပူးပေါင်းအဖွဲ့နှင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၂၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#နတ်အိမ်တောင်ကျေးရွာ

👍32😁2
ကယ်ဆယ်ရေးလေယာဉ်အတွက် လာဘ်ပေးလာဘ်ယူမှုနဲ့ပတ်သက်ပြီး ဗီယက်နမ်မှာ အရာရှိ ၅၀ ကို ရုံးတင်စစ်ဆေး
======================
https://youtu.be/TF_SV8oCh-A

#International
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍9😁1
မယ်စဲ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်၍ ၁၃ နှစ် အရွယ် ကလေးငယ်သေဆုံး
🤬13🔥2😁1
မယ်စဲ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်၍ ၁၃ နှစ် အရွယ် ကလေးငယ်သေဆုံး
===================
ဂျူချန်း
(မဇ္ဈိမ)။ ။မြန်မာ-ထိုင်းနယ်စပ်တွင်ရှိသည့် ကရင်နီပြည်၊ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့လေကြောင်းမှတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးပြီး အရပ်သား တဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုရားရှိခိုးကျောင်းအပါအဝင် နေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း ကရင်နီလူ့ အခွင့်အရေးအဖွဲ့မှ သိရသည်။
“ညသန်းခေါင် ၁၂ နာရီခွဲလောက်မှာ ဗုံးသုံးလုံးကြဲခံရတယ်။ အဲ့ဒီမှာ ၁၃ နှစ်အရွယ် သားလေးတယောက် ဆုံးတယ်။ သက်ကြီးပိုင်းတယောက် ဒဏ်ရာရတယ်။ အိမ်က နှစ်လုံးထိတာ တလုံးကပိုပျက်တယ်။ ကား တစ်စီးထိတယ်။ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတကျောင်း လည်းထိတယ်” ဟု KnHRG ဒါရိုက်တာ ကိုဗညားက မဇ္ဈိမ ကိုပြောသည်။
မယ်စဲ့မြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ ကျောက်စုကျေးရွာမှ ဒေသခံ အများစုသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း တခါတရံ နေအိမ်သို့ ပြန်လာတတ် ကြောင်း သိရသည်။
“ကျောက်စုရွာမှာထဲမှာ အရပ်သားတော့ မရှိတော့ဘူး။ ဒါပေမယ့် တခါတလေတော့ အိမ်ကိုပြန်လာတတ် ကြတယ်။ ဘေးပတ်ချာလည်က တောကိုး၊ တောထဲကနေ တောင်ယာလုပ်ပြီး ပြန်လာတာရှိတယ်။ တော ထဲမှာတော့ သစ်ပင်အောက်တွေဘာတွေထဲမှာ ခိုလှုံနေတာ” ဟု စစ်ဘေးရှောင်ကူညီနေသူတဦးက ပြော သည်။
ကျောက်စုကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နာရီဝက်ခန့်သွားရသော်လည်း စစ်ကောင်စီမှ အကြောင်းမဲ့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
ကျောက်စုကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့်ဝေးသဖြင့် အနီးပတ်ဝန်းကျင်ရှိ တောတောင်ထဲ တွင် ဘော်လခဲမှ စစ်ဘေးရှောင် ထောင်နှင့်ချီခိုလှုံလျက်ရှိရာ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်လျက် ရှိကြောင်း သိရသည်။
ထို့ပြင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁ နာရီခန့်တွင်လည်း ထိုင်း-ကရင်နီနယ်စပ်တနေရာတွင်ရှိသည့် စစ်ဘေးရှောင်စခန်းတခုအား စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ စခန်းတွင်းရှိ အဆောက်အဦးနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော ဇူလိုင်လ ၁၁ ရက်နေ့ ည ၈ နာရီခွဲခန့်ကလည်း လွိုင်ကော်မြို့နယ်၊ လွယ်ထွဲကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ လွိုင်ကော်အမြောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်နှင့် တိရစ္ဆာန်များ ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများမှ သိရသည်။
“၁၁ ရက်နေ့ ညကတည်းက ကာကွယ်ရေးတပ်က လှုပ်ရှားမူတော့မရှိဘူး။ သူတို့(စစ်ကောင်စီ) ထင်တဲ့ရွာ တွေကို လျောက်ပစ်နေကြတာ။ လူသုံးယောက်ထိတယ်။ လင်မယားနှစ်ယောက်၊ ကလေးတယောက်။ စိုးရိမ်ရလို့ ဆေးရုံပို့ထားရတယ်” ဟု ဒေသခံက ပြောသည်။
ကရင်နီပြည် သံလွင်မြစ် အရှေ့ဘက်ကမ်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ကရင်နီပြည်နေရာအနှံ့တွင် စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုများ၊ လက် နက်ကြီးပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့တွင်လည်း ဖား ဆောင်းမြို့နယ်၊ ကျောက်ပိန်းညိုကျေးရွာကို လေယာဉ်ဖြင့် ဗုံးသီးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့သေး ကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၃၆၅ ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင် ၁၃၆ ဦး သေဆုံးမှုရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF မှ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်နီပြည်နယ်
#မယ်စဲ့မြို့နယ်
#စစ်ဘေးရှောင်
#လေကြောင်းမှတိုက်ခိုက်
Photo - ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်း ဇူလိုင်လ ၁၂ ရက်နေ့ဗုံးကြဲတိုက်ခိုက်ခံရစဉ်
---------------------

🤬10👍7🔥2😁2