Media is too big
VIEW IN TELEGRAM
ကက်ရှ်မီးယားဒေသအားတိုက်ရိုက်အုပ်ချုပ်မှုကို တရားဥပဒေကြောင်းအရချိန်ဆဖို့ အိန္ဒိယတရားရုံးချုပ်ကြားနာမည်
#internationalnews #India #Mizzima #reels #shorts

👍5🔥1👏1
နိုင်ငံရေးမှ အနားယူပြီဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ကြေညာ
===================
ထိုင်းနိုင်ငံ၏ တာဝန်ယူထားဆဲ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက နိုင်ငံရေးမှ အနားယူပြီဖြစ်ကြောင်း အင်္ဂါနေ့တွင် ကြေညာသော်လည်း အစိုးရသစ် ဖွဲ့စည်းပြီးသည့်တိုင်အောင် နိုင်ငံ၏ ခေါင်းဆောင်အဖြစ် ဆက်လက်ရှိသွားမည်ဟု ပြောဆိုသည်။
ပရာယွတ် ချန်အိုချာသည် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှု၌ တပ်အကြီးအကဲဖြစ်ခဲ့ပြီး အလွန်အငြင်းပွားမှု များခဲ့သော ၂၀၁၉ ရွေးကောက်ပွဲ၌ အာဏာခိုင်မြဲအောင် တည်ဆောက်ခဲ့သည့် ကာလရှည်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
စစ်တပ်နောက်ခံသော ပါတီများကို မဲပေးပြည်သူများက အပြတ်အသတ် ငြင်းပယ်ခဲ့သည့် မေလရွေးကောက်ပွဲနောက် နောက်တပ်မည့် ဝန်ကြီးချုပ်အတွက် ရွေးကောက်ရမည်ဖြစ်သော လွှတ်တော်၌ အဓိကမဲပေးမှုများ မတိုင်ခင် ပရာယွတ်က ကြေညာလာခြင်းလည်း ဖြစ်သည်။

😁15👍5
မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် “ကြိုတင် သတ်မှတ်ချက်များ” မပါသည့် ဆွေးနွေးမှုများကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဟု ဆို
======================
မြန်မာနိုင်ငံတွင် ပျံ့နှံ့ဖြစ်ပေါ်နေသော အကျပ်အတည်းကို အဆုံးသတ်စေရေးအတွက် “ကြိုတင် သတ်မှတ်ချက်များ” မပါသည့် ဆွေးနွေးမှုများကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံမည် ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက် မီဒီယာသတင်းဖော်ပြချက်တစ်ရပ်အရ သိရသည်။
မြန်မာ့အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရန် ကြိုတင်သတ်မှတ်ချက်များ မပါဘဲ ဆွေးနွေးမှုများကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံသည်ဟု တိုကျိုအခြေစိုက် Kyodo News က ဖော်ပြသည်။
နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်ခံထားရသည်။

👍20😁4❤1💩1
Business Round Up (12 July 2023)
===============
- ဘဏ်၊ မိုဘိုင်းတို့ဖြင့်သာ အခွန်ငွေပေးဆောင်ရမည်ဟု စစ်ကောင်စီ ထပ်မံအသိပေး
- ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ် ပြုပြင်ရခြင်းများကြောင့် မီးပျက်ခြင်းဖြစ်
- အိန္ဒိယတွင် ပဲထုတ်လုပ်မှု ကျဆင်းနေခြင်းကြောင့်မြန်မာ့ပဲများ ဈေးကောင်းရနေ
- EU အနေဖြင့် မြန်မာနိုင်ငံအတွင်းက စီမံချက်ကိုရပ်ဆိုင်းဖို့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် တောင်းဆို
https://youtu.be/XwWGRKt9BQs
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

YouTube
ရတနာကမ်းလွန် ဓာတ်ငွေ့ပိုက်လိုင်းအရေးပေါ် ပြုပြင်ခြင်းကြောင့် မီးပျက် | Business Round Up (12.7.2023)
- ဘဏ်၊ မိုဘိုင်းတို့ဖြင့်သာ အခွန်ငွေပေးဆောင်ရမည်ဟု စစ်ကောင်စီ ထပ်မံအသိပေး- ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ် ပြုပြင်ရခြင်းများကြောင့် မီးပျက်ခြင်...
👍6🔥4
This media is not supported in your browser
VIEW IN TELEGRAM
ပြင်သစ်က ယူကရိန်းအတွက် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တွေပေးအပ်သွားမယ်လို့ မက်ခရွန်ပြောကြား
#internationalnews #France #Mizzima #Ukraine #reels #shorts

👍8🔥2
Oliveirense အသင်းနဲ့ သက်တမ်းတိုးတဲ့ ကမ္ဘာ့အသက်အကြီးဆုံးဘောလုံးသမား ကာဇူရိုရှီ မူရာ
=======================
အသက် ၅၆ နှစ်ရှိ ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမား ကာဇူရိုရှီ မူရာဟာ ပေါ်တူဂီဒုတိယတန်းကလပ် Oliveirense နဲ့ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။
ဂျပန်တိုက်စစ်မှူးဟောင်းဟာ ဇန်နဝါရီလတုန်းက ယိုကိုဟားမားကနေ Oliveirense အသင်းဆီ အငှားဖြင့် ရောက်ရှိလာခဲ့ပြီး စာချုပ်သက်တမ်းကြာချိန်အတွက် မဖော်ပြပေမယ့် အသင်းနဲ့အတူ ဆက်လက်ရှိနေမှာဖြစ်ပါတယ်။
မူရာဟာ အခုနှစ်ဘောလုံးရာသီမှာ ၂၈ မိနစ်သာ ကစားခဲ့ပြီး လူစားဝင် ၃ ပွဲပါဝင်ကစားခဲ့ပါတယ်။
ယိုကိုဟားမားနဲ့ Oliveirense တို့ဟာ ဂျပန်ပိုင်ရှင်တစ်ဦးတည်း ပိုင်ဆိုင်တာလည်းဖြစ်ပါတယ်။
မူရာဟာ Leixoes ကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အနိုင်ရရှိတဲ့ ပေါ်တူဂီဒုတိယတန်းနောက်ဆုံးပွဲမှာ ဝင်ရောက်ကစားပြီးနောက် ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

👍7🔥1
ဇူလိုင်လ ၁၂ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:08-ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံကို ပြောကြားတဲ့သတင်း
02:31-တိုက်ပွဲဝင်နေတဲ့ PDF တွေအတွက် လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ဆေးဝါးတွေကို အဓိကဖြည့်တင်းနေပြီလို့ သမ္မတ ဒူဝါလရှီးလ ပြောတဲ့သတင်း
05:00-မန္တလေးမှာ ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုများလာပြီး ၁ရက်တည်း ၉ လောင်းမီးသဂြိုလ်တဲ့သတင်း
06:17-ရှမ်းမြောက်မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာြဖစ်ပါတယ်။
https://youtu.be/ctfQmy8MqY8
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

01:08-ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံကို ပြောကြားတဲ့သတင်း 02:31-တိုက်ပွဲဝင်နေတဲ့ PDF တွေအတွက် လက်နက်ခဲယမ်း၊ ရိ...
👍12🔥2😁2
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းအတွက် G -7 ရဲ့ လုံခြုံရေးအာမခံချက်ဆိုင်ရာ ကြေညာချက်ထုတ်ပြန်မည့်အကြောင်း အိုလက်ဖ်ရှောပြောကြား
#internationalnews #Ukraine #G-7 #Mizzima #reels #shorts

👍10😁5
ထိုင်းဝန်ကြီးချုပ်ရာထူးဆက်ခံရန် တစ်ပြေးနေသူ ဖိထာကို စည်းကမ်းနှင့် မညီညွတ်၍ ပိတ်ပင်ရန် ရွေးကောက်ပွဲကော်မရှင် တိုက်တွန်း
===============
ထိုင်းဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း ဖိထာ လင်ဂျရွန်ရတ်ကို ဥပဒေအမတ်တစ်ဦးအဖြစ် အရည်အချင်းမပြည့်မီဟု သတ်မှတ်ပြီး ပိတ်ပင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁၂ ရက်တွင် အကြံပေးတိုက်တွန်းလိုက်သည်။
ယင်းသည် ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲဆုံးဖြတ်မှု မတိုင်မီ အကြိုရက်တွင် ရွေးကောက်ပွဲ အောင်နိုင်သူများအတွက် အဓိက ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။
တိုးတက်ဝါဒီ ရှေ့သို့ချီ ပါတီ၏ ခေါင်းဆောင် ဖိထာသည် ရွေးကောက်ပွဲစည်းမျဉ်းများ ချိုးဖောက်လျက် မီဒီယာကုမ္ပဏီတစ်ခု၌ ရှယ်ယာများ ပိုင်ဆိုင်မှုကြောင့် မေလ ၁၄ ရက် ရွေးကောက်ပွဲကို ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီခဲ့ခြင်း မရှိဟု စွပ်စွဲထားသည့် တိုင်တန်းချက်တစ်ခုတွင် ထိုက်တန်သင့်တော်မှုကို တွေ့ရှိခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

👍9😁4👏3🤮1
ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=====================
https://youtu.be/q7SiF90vis8
=====================
https://youtu.be/q7SiF90vis8
YouTube
ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍2🔥2
This media is not supported in your browser
VIEW IN TELEGRAM
ရွေးကောက်ခံ ပါရာဂွေးသမ္မတက ချစ်ကြည်ရင်းနှီးမှုခိုင်မာစေရေးအတွက် ထိုင်ဝမ်သို့ သွားရောက်
#internationalnews #Mizzima #Taiwan #reels #shorts

👍9🔥2
Cyclone Mocha aid fails to reach women and kids in Rakhine
===================
https://youtu.be/4jEXfsp6AFc
===================
https://youtu.be/4jEXfsp6AFc
YouTube
Cyclone Mocha aid fails to reach women and kids in Rakhine
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
https://www.youtube.com/cha…

🔥4👍1
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရ
=================
မောင်ခက်နွေ (မဇ္ဈိမ)။ ။မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ထုတ်ပြန်သည်။
ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် မုံရွာ နမခ ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် သွားရောက်ပစ်ခတ် ခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူ ကိုအောင်ကျော်က မဇ္ဈိမသို့ ပြော သည်။
“ရန်သူ့တပ်စခန်းထဲက အထိအခိုက်အခြေအနေကို စုံစမ်းရတာဖြစ်လို့ တိကျတဲ့အဖြေမျိုးရဖို့ ကြန့်ကြာ တာမျိုးတွေ ရှိပါတယ်ဗျ။ အခြေအနေကိုသိရတာနဲ့ ကျနော်တို့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ကြေညာပါ တယ် ” ဟု ၎င်းကပြောသည်။
ယခင်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့်ပြန်လည် ပစ်ခတ်လေ့ရှိ သော်လည်း ယခုရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှုတွင် ပြန်လည်တုံ့ပြန်ခြင်း မရှိခဲ့ကြောင်း ကိုအောင်ကျော်က ဆိုသည်။
တိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ၁၀၇ မမ သုံးလုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
“ ၅ ရက်နေ့က ပစ်ခတ်မှုကတော့ ထုတ်ပြန်ချက်ထဲပါတဲ့အတိုင်း စစ်ကောင်စီတပ်သား ၉ ယောက် ထိတာ ကို အတည်ပြုနိုင်ခဲ့ပါတယ် ” ဟု ကိုအောင်ကျော်က ရှင်းပြသည်။
သို့သော် အထိအခိုက်၊ အပျက်အစီးများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြား အတည် ပြုနိုင်ခြင်း မရှိသေးပေ။
ဇူလိုင်လဆန်းပိုင်းကတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မုံရွာခရိုင်အမှတ် (၅) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
https://youtu.be/yKgmJCQALvA
#မုံရွာ
#နမခ
#ရှော့တိုက်ဒုံး
#တိုက်ခိုက်

ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် မုံရွာ နမခ ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့်…

👍30😁2
Media is too big
VIEW IN TELEGRAM
အဖွဲ့ဝင်အဖြစ်ခွင့်ပြုမယ့်အချိန်ဇယားကို တိတိကျကျချပြဖို့ နေတိုးကို ယူကရိန်းပြောဆို
#internationalnews #Mizzima #Ukraine #reels #shorts

👍10😁3
ပျူစောထီးများထံမှ လက်နက်များသိမ်းဆည်းရမိကြောင်း တပင်ရွှေထီးစစ်ကြောင်း ထုတ်ပြန်
========================
YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းလေးကျေးရွာရှိ ပျူစောထီးခေါင်းဆောင်၏နေအိမ်မှ လက်နက် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းက ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်ထား သည်။
“သတင်းပေးရှိလို့ သူ့အိမ်ကို အလစ် ဝင်စီးနင်းလိုက်တာပါ၊ လက်နက်သုံးလက်နဲ့ ခဲယမ်းတွေရတယ်။ စစ် မေးလိုက်တော့ သူ့တပည့်တွေဆီကပါ ထပ်ရလိုက်တယ်” ဟု တပင်ရွှေထီးစစ်ကြောင်းတွင်ပါဝင်သည့် တပ်ဖွဲ့တခုမှ ရဲဘော်က မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းက ပေါင်မြို့နယ်၊ ထန်းလေးကျေးရွာ ဗမာစုရှိ ဦးရွှေမြ၏ နေအိမ် အား သွားရောက်စီးနင်းခဲ့ရာမှ ရိုင်ဖယ်သေနတ်သုံးလက်၊ B-A52 စတင်းဂန်းတလက်၊ ကျည်အိမ်ခြောက် ခုနှင့် ကျည်ဆံများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဦးရွှေမြအား စစ်ဆေးမေးမြန်းခဲ့ရာတွင်၎င်း၏ ပြောကြားချက်အရ အခြားပျူစောထီးနှစ်ဦး၏ နေအိမ်ကို လည်း ဝင်ရောက်ရှာဖွေနိုင်ခဲ့ပြီး ရိုင်ဖယ်သေနတ်တလက်စီနှင့် ကျည်အိမ်တခုစီ ထပ်မံ သိမ်းဆည်း ရမိခဲ့ ကြောင်း ဆိုသည်။
တပင်ရွှေထီးစစ်ကြောင်း၏ စီးနင်းရှာဖွေမှုအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ပြန် လည်ခုခံခြင်း တစုံတရာမရှိခဲ့သည့်အတွက် ၎င်းတို့အား သတိပေးခြင်းသာလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
သထုံခရိုင် PDF တာဝန်ခံကလည်း ယခုဖြစ်စဉ်သည် မှန်ကန်ကြောင်း မဇ္ဈိမကိုအတည်ပြုပြောဆိုသည်။
တပင်ရွှေထီးစစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ တောင်ပိုင်းတိုင်း စစ် ဒေသကွပ်ကဲရေး၊ J.O.C (Joint Commanding Office)၊ အမှတ်(၂)စစ်ဒေသခွဲတွင် ပါဝင်သည့် စစ် ကြောင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)များ ပူးပေါင်းဖွဲ့စည်းထားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)၊ သထုံ ခရိုင်၊ တပ်ရင်း (၂) နယ်မြေအတွင်းရှိ အဓိက လှုပ်ရှားလျက်ရှိသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မွန်ပြည်နယ်
#ပေါင်မြို့နယ်
#တပင်ရွှေထီးစစ်ကြောင်း
#ပျူစောထီး
ဓါတ်ပုံ- သိမ်းဆည်းရမိခဲ့သော လက်နက်၊ ခဲ၊ ယမ်းများ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍31❤2😁2
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၂ ဇူလိုင် ၂၀၂၃)
=================
အမျိုးသားညီညွတ်ရေး အစိုးရ
• ဥပဒေရုံး ဖွဲ့စည်းတည်ထောင်ထားသည့် မြို့နယ်များတွင် ရှိသည့် မြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့ (ပ.အ.ဖ) များ၊ ဥပဒေ တာဝန်ခံများ နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ တရားရေး ဝန်ကြီးဌာနတို့အကြား တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၉ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
• စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် နှင့် အရာတော်မြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းက ပြည်သူများကို သတ်ဖြတ်ခဲ့မှု နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
• အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် ရန်ကုန်တိုင်းအတွင်းက မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၁၁ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
• အာဏာသိမ်းကတည်းက ဖမ်းဆီးအကျဉ်းကျခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေး “ကြိုတင်သတ်မှတ်ချက်များ မပါဘဲ ဆွေးနွေးပွဲများကို ထောက်ခံမည်”ဟု ပြောကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ပြောဆိုခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က "တရားမဝင်" ဟု ဧရာဝတီ သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

👍19🔥1😁1
ဇူလိုင်လ (၁၂) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
========================
-မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် “ကြိုတင် သတ်မှတ်ချက်တွေ” မပါတဲ့ ဆွေးနွေးမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံတယ်လို့ ဆိုတဲ့သတင်း
-တရုတ်စီမံကိန်းတွေရှိတဲ့ မြို့နယ်တွေမှာ တိုက်ပွဲထက်ဝက်ကျော်ကျဆင်းသွားတယ်လို့ ISP-Myanmar ထုတ်ပြန်တဲ့အကြောင်း
-ရှမ်းမြောက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတဲ့သတင်း
-စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ PDF တွေအတွက် လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးတွေ အဓိက ဖြည့်တင်းနေပြီလို့ သမ္မတ ဒူဝါလရှီးလ ပြောတဲ့အကြောင်း
-မယ်စဲ့မှာ တိုက်ပွဲမရှိတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ် ၁ ဦးသေဆုံးတဲ့သတင်းနဲ့
-အဖွဲ့ဝင်အဖြစ် ခွင့်ပြုမယ့်အချိန်ဇယားကို တိတိကျကျချပြဖို့ နေတိုးကို ယူကရိန်းပြောဆိုလိုတဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/S5ZRrKIuDeQ?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
-မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် “ကြိုတင် သတ်မှတ်ချက်တွေ” မပါတဲ့ ဆွေးနွေးမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံတယ်လို့ ဆိုတဲ့သတင်း
-တရုတ်စီမံကိန်းတွေရှိတဲ့ မြို့နယ်တွေမှာ တိုက်ပွဲထက်ဝက်ကျော်ကျဆင်းသွားတယ်လို့ ISP-Myanmar ထုတ်ပြန်တဲ့အကြောင်း
-ရှမ်းမြောက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတဲ့သတင်း
-စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ PDF တွေအတွက် လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးတွေ အဓိက ဖြည့်တင်းနေပြီလို့ သမ္မတ ဒူဝါလရှီးလ ပြောတဲ့အကြောင်း
-မယ်စဲ့မှာ တိုက်ပွဲမရှိတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ် ၁ ဦးသေဆုံးတဲ့သတင်းနဲ့
-အဖွဲ့ဝင်အဖြစ် ခွင့်ပြုမယ့်အချိန်ဇယားကို တိတိကျကျချပြဖို့ နေတိုးကို ယူကရိန်းပြောဆိုလိုတဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/S5ZRrKIuDeQ?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ (၁၂) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
-မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် “ကြိုတင် သတ်မှတ်ချက်တွေ” မပါတဲ့ ဆွေးနွေးမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံတယ်လို့ ဆိုတဲ့သတင်း
-တရုတ်စီမံကိန်းတွေရှိတဲ့ မြို့နယ်တွေမှာ တိုက်ပွဲထက်ဝက်ကျော်ကျဆင်းသွားတယ်လို့ ISP-Myanmar ထုတ်ပြန်တဲ့အကြောင်း
-ရှမ်းမြောက်တွင်…

👍11❤2🔥2🍌1
စရိုက် | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၆၁)
==================
နေ့တိုင်းစာသင်နေတဲ့ ဆရာမတွေ..။
ကိုယ့်အတွက် ကုသိုလ်ရ၊ သူတပါး (သို့မဟုတ်) တိုင်းပြည်အတွက် အကျိုးရှိမယ်ဆို အကောင်းဆုံးပဲ။... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/H61ZoldddIk
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
==================
နေ့တိုင်းစာသင်နေတဲ့ ဆရာမတွေ..။
ကိုယ့်အတွက် ကုသိုလ်ရ၊ သူတပါး (သို့မဟုတ်) တိုင်းပြည်အတွက် အကျိုးရှိမယ်ဆို အကောင်းဆုံးပဲ။... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/H61ZoldddIk
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
စရိုက် | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၆၁)
နေ့တိုင်းစာသင်နေတဲ့ ဆရာမတွေ..။
ကိုယ့်အတွက် ကုသိုလ်ရ၊ သူတပါး (သို့မဟုတ်) တိုင်းပြည်အတွက် အကျိုးရှိမယ်ဆို အကောင်းဆုံးပဲ။... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့…

👍6🤮1