Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းအတွက် G -7 ရဲ့ လုံခြုံရေးအာမခံချက်ဆိုင်ရာ ကြေညာချက်ထုတ်ပြန်မည့်အကြောင်း အိုလက်ဖ်ရှောပြောကြား

#internationalnews #Ukraine #G-7 #Mizzima #reels #shorts
👍10😁5
​​ထိုင်းဝန်ကြီးချုပ်ရာထူးဆက်ခံရန် တစ်ပြေးနေသူ ဖိထာကို စည်းကမ်းနှင့် မညီညွတ်၍ ပိတ်ပင်ရန် ရွေးကောက်ပွဲကော်မရှင် တိုက်တွန်း
===============

ထိုင်းဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း ဖိထာ လင်ဂျရွန်ရတ်ကို ဥပဒေအမတ်တစ်ဦးအဖြစ် အရည်အချင်းမပြည့်မီဟု သတ်မှတ်ပြီး ပိတ်ပင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁၂ ရက်တွင် အကြံပေးတိုက်တွန်းလိုက်သည်။

ယင်းသည် ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲဆုံးဖြတ်မှု မတိုင်မီ အကြိုရက်တွင် ရွေးကောက်ပွဲ အောင်နိုင်သူများအတွက် အဓိက ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။

တိုးတက်ဝါဒီ ရှေ့သို့ချီ ပါတီ၏ ခေါင်းဆောင် ဖိထာသည် ရွေးကောက်ပွဲစည်းမျဉ်းများ ချိုးဖောက်လျက် မီဒီယာကုမ္ပဏီတစ်ခု၌ ရှယ်ယာများ ပိုင်ဆိုင်မှုကြောင့် မေလ ၁၄ ရက် ရွေးကောက်ပွဲကို ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီခဲ့ခြင်း မရှိဟု စွပ်စွဲထားသည့် တိုင်တန်းချက်တစ်ခုတွင် ထိုက်တန်သင့်တော်မှုကို တွေ့ရှိခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။
👍9😁4👏3🤮1
This media is not supported in your browser
VIEW IN TELEGRAM
ရွေးကောက်ခံ ပါရာဂွေးသမ္မတက ချစ်ကြည်ရင်းနှီးမှုခိုင်မာစေရေးအတွက် ထိုင်ဝမ်သို့ သွားရောက်

#internationalnews #Mizzima #Taiwan #reels #shorts
👍9🔥2
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရ
=================

မောင်ခက်နွေ (မဇ္ဈိမ)။ ။မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ထုတ်ပြန်သည်။

ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် မုံရွာ နမခ ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် သွားရောက်ပစ်ခတ် ခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူ ကိုအောင်ကျော်က မဇ္ဈိမသို့ ပြော သည်။

“ရန်သူ့တပ်စခန်းထဲက အထိအခိုက်အခြေအနေကို စုံစမ်းရတာဖြစ်လို့ တိကျတဲ့အဖြေမျိုးရဖို့ ကြန့်ကြာ တာမျိုးတွေ ရှိပါတယ်ဗျ။ အခြေအနေကိုသိရတာနဲ့ ကျနော်တို့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်‌ကြေညာပါ တယ် ” ဟု ၎င်းကပြောသည်။

ယခင်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့်ပြန်လည် ပစ်ခတ်လေ့ရှိ သော်လည်း ယခုရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှုတွင် ပြန်လည်တုံ့ပြန်ခြင်း မရှိခဲ့ကြောင်း ကိုအောင်ကျော်က ဆိုသည်။

တိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ၁၀၇ မမ သုံးလုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

“ ၅ ရက်နေ့က ပစ်ခတ်မှုကတော့ ထုတ်ပြန်ချက်ထဲပါတဲ့အတိုင်း စစ်ကောင်စီတပ်သား ၉ ယောက် ထိတာ ကို အတည်ပြုနိုင်ခဲ့ပါတယ် ” ဟု ကိုအောင်ကျော်က ရှင်းပြသည်။

သို့သော် အထိအခိုက်၊ အပျက်အစီးများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြား အတည် ပြုနိုင်ခြင်း မရှိသေးပေ။

ဇူလိုင်လဆန်းပိုင်းကတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မုံရွာခရိုင်အမှတ် (၅) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/yKgmJCQALvA

#မုံရွာ
#နမခ
#ရှော့တိုက်ဒုံး
#တိုက်ခိုက်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍30😁2
Media is too big
VIEW IN TELEGRAM
အဖွဲ့ဝင်အဖြစ်ခွင့်ပြုမယ့်အချိန်ဇယားကို တိတိကျကျချပြဖို့ နေတိုးကို ယူကရိန်းပြောဆို

#internationalnews #Mizzima #Ukraine #reels #shorts
👍10😁3
​​ပျူစောထီးများထံမှ လက်နက်များသိမ်းဆည်းရမိကြောင်း တပင်ရွှေထီးစစ်ကြောင်း ထုတ်ပြန်
========================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းလေးကျေးရွာရှိ ပျူစောထီးခေါင်းဆောင်၏နေအိမ်မှ လက်နက် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းက ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်ထား သည်။

“သတင်းပေးရှိလို့ သူ့အိမ်ကို အလစ် ဝင်စီးနင်းလိုက်တာပါ၊ လက်နက်သုံးလက်နဲ့ ခဲယမ်းတွေရတယ်။ စစ် မေးလိုက်တော့ သူ့တပည့်တွေဆီကပါ ထပ်ရလိုက်တယ်” ဟု တပင်ရွှေထီးစစ်ကြောင်းတွင်ပါဝင်သည့် တပ်ဖွဲ့တခုမှ ရဲဘော်က မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းက ပေါင်မြို့နယ်၊ ထန်းလေးကျေးရွာ ဗမာစုရှိ ဦးရွှေမြ၏ နေအိမ် အား သွားရောက်စီးနင်းခဲ့ရာမှ ရိုင်ဖယ်သေနတ်သုံးလက်၊ B-A52 စတင်းဂန်းတလက်၊ ကျည်အိမ်ခြောက် ခုနှင့် ကျည်ဆံများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဦးရွှေမြအား စစ်ဆေးမေးမြန်းခဲ့ရာတွင်၎င်း၏ ပြောကြားချက်အရ အခြားပျူစောထီးနှစ်ဦး၏ နေအိမ်ကို လည်း ဝင်ရောက်ရှာဖွေနိုင်ခဲ့ပြီး ရိုင်ဖယ်သေနတ်တလက်စီနှင့် ကျည်အိမ်တခုစီ ထပ်မံ သိမ်းဆည်း ရမိခဲ့ ကြောင်း ဆိုသည်။

တပင်ရွှေထီးစစ်ကြောင်း၏ စီးနင်းရှာဖွေမှုအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ပြန် လည်ခုခံခြင်း တစုံတရာမရှိခဲ့သည့်အတွက် ၎င်းတို့အား သတိပေးခြင်းသာလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

သထုံခရိုင် PDF တာဝန်ခံကလည်း ယခုဖြစ်စဉ်သည် မှန်ကန်ကြောင်း မဇ္ဈိမကိုအတည်ပြုပြောဆိုသည်။
တပင်ရွှေထီးစစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ တောင်ပိုင်းတိုင်း စစ် ဒေသကွပ်ကဲရေး၊ J.O.C (Joint Commanding Office)၊ အမှတ်(၂)စစ်ဒေသခွဲတွင် ပါဝင်သည့် စစ် ကြောင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)များ ပူးပေါင်းဖွဲ့စည်းထားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)၊ သထုံ ခရိုင်၊ တပ်ရင်း (၂) နယ်မြေအတွင်းရှိ အဓိက လှုပ်ရှားလျက်ရှိသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မွန်ပြည်နယ်
#ပေါင်မြို့နယ်
#တပင်ရွှေထီးစစ်ကြောင်း
#ပျူစောထီး
ဓါတ်ပုံ- သိမ်းဆည်းရမိခဲ့သော လက်နက်၊ ခဲ၊ ယမ်းများ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍31❤2😁2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၂ ဇူလိုင် ၂၀၂၃)
=================

အမျိုးသားညီညွတ်ရေး အစိုးရ
•   ဥပဒေရုံး ဖွဲ့စည်းတည်ထောင်ထားသည့် မြို့နယ်များတွင် ရှိသည့် မြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့ (ပ.အ.ဖ) များ၊ ဥပဒေ တာဝန်ခံများ နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ တရားရေး ဝန်ကြီးဌာနတို့အကြား တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၉ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

•   စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် နှင့် အရာတော်မြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းက ပြည်သူများကို သတ်ဖြတ်ခဲ့မှု နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

•   အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် ရန်ကုန်တိုင်းအတွင်းက မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၁၁ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

•   အာဏာသိမ်းကတည်းက ဖမ်းဆီးအကျဉ်းကျခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေး “ကြိုတင်သတ်မှတ်ချက်များ မပါဘဲ ဆွေးနွေးပွဲများကို ထောက်ခံမည်”ဟု ပြောကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ပြောဆိုခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က "တရားမဝင်" ဟု ဧရာဝတီ သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။
👍19🔥1😁1
ဇူလိုင်လ (၁၂) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
========================

-မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် “ကြိုတင် သတ်မှတ်ချက်တွေ” မပါတဲ့ ဆွေးနွေးမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံတယ်လို့ ဆိုတဲ့သတင်း

-တရုတ်စီမံကိန်းတွေရှိတဲ့ မြို့နယ်တွေမှာ တိုက်ပွဲထက်ဝက်ကျော်ကျဆင်းသွားတယ်လို့ ISP-Myanmar ထုတ်ပြန်တဲ့အကြောင်း

-ရှမ်းမြောက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတဲ့သတင်း

-စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ PDF တွေအတွက် လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးတွေ အဓိက ဖြည့်တင်းနေပြီလို့ သမ္မတ ဒူဝါလရှီးလ ပြောတဲ့အကြောင်း

-မယ်စဲ့မှာ တိုက်ပွဲမရှိတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ် ၁ ဦးသေဆုံးတဲ့သတင်းနဲ့

-အဖွဲ့ဝင်အဖြစ် ခွင့်ပြုမယ့်အချိန်ဇယားကို တိတိကျကျချပြဖို့ နေတိုးကို ယူကရိန်းပြောဆိုလိုတဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/S5ZRrKIuDeQ?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11❤2🔥2🍌1
စရိုက် | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၆၁)
==================

နေ့တိုင်းစာသင်နေတဲ့ ဆရာမတွေ..။
ကိုယ့်အတွက် ကုသိုလ်ရ၊ သူတပါး (သို့မဟုတ်) တိုင်းပြည်အတွက် အကျိုးရှိမယ်ဆို အကောင်းဆုံးပဲ။... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/H61ZoldddIk

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6🤮1
Media is too big
VIEW IN TELEGRAM
July - 12 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #mizzimadailynews #reels #shorts
👍7😁1🍌1
​​၆ လအတွင်း ရန်ကုန်မြို့ပြတော်လှန်ရေးရဲဘော် ၁၀၀ ကျော် ဖမ်းဆီးခံရ
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း၌ ရန်ကုန်မြို့ပြတော်လှန်ရေး မြေပေါ်မြေအောက်ရဲဘော် ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း ရန်ကုန်တော်လှန်ရေးအင်အားစုတခုထံမှ သိရသည်။
“အဖမ်းခံရတာနဲ့ပတ်သတ်ပြီး အဓိကအားနည်းချက်က စစ်ကောင်စီကြောင့်မဟုတ်ဘဲ ပြည်သူတွေအနေ နဲ့ သူတို့ရဲ့စီးပွားရေးကိုစောင့်ရှောက်ဖို့ CCTV တွေတပ်ထားတာက မြို့ပြပြောက်ကျားတွေရဲ့အခက်အခဲ ပါပဲ။ လမ်းမပေါ်မှာတပ်ဆင်ထားတဲ့ CCTV တွေကြောင့် မြို့ပြတော်လှန်ရေးအင်အားစုတွေဖမ်းမိ့ခဲ့တဲ့ သာဓကတွေ အတော်ကိုများပြားပါတယ်” ဟု UG Supporter Group က ပြောသည်။

လက်ရှိအခြေအနေသည် မြို့ပြပြောက်ကျားအဖွဲ့တိုင်းနီးပါး အခက်အခဲများကိုကြုံတွေ့နေရပြီး ထိုထဲတွင် နေထိုင်သွားလာစရိတ်၊ မစ်ရှင်ဖော်ဆောင်စရိတ်များလိုအပ်လျက်ရှိကာ မြို့ပြတွင် စစ်ကောင်စီ၏ရန်မှ ကင်းလွတ်အောင် နေထိုင်ရာတွင်လည်း ရပ်တည်မှုအတွက် ထောက်ပံ့မှုနည်းလာ၍ ခက်ခဲမှုများရှိ ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြာင်းထံမှ သိရသည်။

သို့သော် တော်လှန်ရေး နှစ်နှစ်တာကာလနှင့် နှိုင်းယှဉ်မည်ဆိုပါက ရန်ကုန်မြို့တွင် မစ်ရှင်ဖော်ဆောင်မှု များမှာ အပြည့်အဝအောင်မြင်သည်မဟုတ်သေးသော်လည်း ထိရောက်မှုရှိနေသည့်အတွက် တောတွင်း ဖြစ်စေ၊ မြို့ပြဖြစ်စေ စစ်ကောင်စီတပ်အတွက် အန္တရာယ်သည် အနီးတွင်သာရှိနေပြီး လုံခြုံမှုမရှိတော့ သည်ကို တွေ့ရကြောင်း စမ်းချောင်း PDF က ပြောသည်။

မြို့ပြပြောက်ကျားများအနေဖြင့် မစ်ရှင်ဖော်ဆောင်ရာတွင်လည်း စစ်ကောင်စီ၏ တန်ပြန်ထိုးနှက်ချက် များကိုကြုံတွေ့ရပြီး အထူးသဖြင့် စစ်ကောင်စီ၏ဖမ်းဆီးခံရခြင်း၊ ရဲဘော်များ၏ မိသားစုဝင်များ အသက် အန္တရာယ်ပြုခံရခြင်း၊ ဆိုးရွားစွာ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

“ဒီဖြစ်စဉ်တွေကရှိတယ်။ အများကြီးရှိတယ်။ ဒါပေမယ့် မြေပြင်မှာဖြစ်နေတာတွေကို အကုန်ပြောပြလို့ မရဘူး။ ဒါကိုအာရုံစိုက်မိသွားရင် ဒီအတိုင်းထပ်လုပ်တော့မှာ။ ဒါပေမယ့်လည်း ရဲဘော်တွေကတော့ လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်။ စစ်ကောင်စီဘက်က ဘာပဲလုပ်လုပ် ဂရုစိုက်မနေကြပါဘူး” ဟု ရန်ကုန် မြို့ပြပြောက်ကျားတပ်ဖွဲ့တခုက ပြောသည်။

စစ်ကောင်စီအနေဖြင့် အကြမ်းဖက်ဖမ်းဆီး၊ သတ်ဖြတ်မှုများကို ပြုလုပ်နေဆဲဖြစ်၍ တော်လှန်ရေး ရဲဘော် များအနေဖြင့် မစ်ရှင်ဖော်ဆောင်ပြီးတိုင်း စိတ်ချလုံခြုံသည့်နေရာဒေသကို ချက်ခြင်းပြောင်းရွှေ့ရန် လိုအပ် ကြောင်းဆိုသည်။

“ ရှေ့ဆက်ပြီး အဖမ်းခံရတာတွေစိပ်လာရင် တော်လှန်ရေးအနေနဲ့ ရှေ့ဆက်ဖို့ အားယုတ်သွားတာတွေ၊ ထိထိရောက်ရောက်မလုပ်နိုင်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မြို့ပြတော်လှန်ရေးအင်အား စုက ညီကိုမောင်နှမတွေအနေနဲ့ လုံခြုံရေးကိုအထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်” ဟု USG က သတိပေးစကားဆိုသည်။

မြို့ပြပြောက်ကျားများ၏ အဓိက လိုအပ်ချက်မှာ ငွေကြေးဖြစ်၍ အဆိုပါ အခက်အခဲအားကူညီနိုင်ရန် YFA (Yangon Fundraising Army) ရန်ကုန်ထောက်ပို့တပ် အဖွဲ့ဝင်များဖြစ်ကြသော စမ်းချောင်းပင်မ သပိတ် စစ်ကြောင်း၊ UG Supporter Group နှင့် Yangon Drone တို့မှ မြို့ပြထောက်ပို့ကမ်ပိန်းအား ဇူလိုင်လ ၁၀ ရက်မှ စက်တင်ဘာလ ၁၀ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ရရှိလာသည့်ငွေများအား San Chaung PDF ၊ UG Supporter Group ၏ မိတ်ဖက် UG များ နှင့် အညာ ဒေသ Black Wolf Army ထံသို့ ထောက်ပို့သွားမည်ဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ပြောသည်။

မြို့ပြပြောက်ကျားများ ဖမ်းဆီးမခံရစေရန် ပြည်သူများအနေဖြင့် မလိုအပ်ပဲ CCTV များကို လမ်းမတွေပေါ် သို့ လှည့်မထားကြရန် ထပ်မံမေတ္တာရပ်ခံလိုပြီး မြို့ပြတော်လှန်ရေးအင်အားစုများအနေဖြင့်လည်း မိမိတို့ အဖွဲ့အစည်းကထုတ်ပြန်သည့် စည်းကမ်းများကိုလိုက်နာကာ ဂရုစိုက်စေလိုကြောင်း မြေပြင်ရဲဘော် တဦး က အသိပေးသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်မြို့ပြတော်လှန်ရေး
#မြို့ပြပြောက်ကျား
#ထောက်ပို့ကမ်ပိန်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😢9🥰3❤2🔥2
ဖက်ဒရယ်နိုင်ငံရေးစနစ်နဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ အရေးပါမှု | Beyond Panglong Oath Ep-11
===================

ပင်လုံသစ္စာအလွန် ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ အပိုင်း(11) | မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/ryIsSFjLa8I

#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍17🔥1
​​မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေးအတွက် အပြန်အလှန်ဆွေးနွေးပွဲကို အင်ဒိုနီးရှား တောင်းဆို
===================

၂၀၂၁ ဖေဖော်ဝါရီ၌ စစ်တပ်က အာဏာသိမ်းမှုကြောင့် ဖြစ်ပွားနေသော မြန်မာနိုင်ငံက နက်ရှိုင်းသည့် အကျပ်အတည်း အဆုံးသတ်စေရေး အပြန်အလှန် ဆွေးနွေးပွဲကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းတောင်းဆိုသည်။

“အပြန်အလှန် ဆွေးနွေးမှုကပဲ နိုင်ငံရေးအရ ဖြေရှင်းခြင်းဆီ ဦးတည်စေပါမယ်၊ နိုင်ငံရေးအရ ဖြေရှင်းမှုကသာ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မှာပါ”ဟု မြန်မာအရေးကို ဦးတည်ထားသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဒုတိယနေ့ ဖွင့်ပွဲ၌ ရတ်နိုမာဆူဒီက ပြောသည်။

နှစ်ပတ်လည် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားရသော အင်ဒိုနီးရှားသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအားလုံးနှင့် အကြိမ်ပေါင်း ၁၁၀ ထက်မနည်း ချိတ်ဆက်ဆွေးနွေးခဲ့ကြောင်း သူမက ဆိုသည်။
👍13😁10🤣1
ဇူလိုင်လ (၁၂)ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... အာဆီယံအစည်းအဝေးအတွင်းမှာ မြန်မာ့အရေးလွှမ်းမိုးနေပြီး အဖွဲ့ဝင်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေတယ်ဆိုတဲ့ သတင်းနဲ့အတူ နိုင်ငံရေးအကျဉ်းသားများကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေမှုအကြောင်း AAPP ထုတ်ပြန်လိုက်တဲ့သတင်းတွေပါဝင်တဲ့ နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေအပြင် စီးပွားရေးကဏ္ဍတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ Mizzima Radio နဲ့ “The Call “ အွန်လိုင်းမဂ္ဂဇ္ဇင်းတို့ပူးပေါင်းတင်ဆက်တဲ့ အနုပညာကဏ္ဍအစီအစဉ်
ကိုနားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။

ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/-fv_69wcq4w

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍14🔥1
​​တရုတ်တွင် အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများရှိနေသည်ကို မမေ့ရန် အမေရိကန်သမ္မတ သတိပေး
========================

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ သတိထားဆောင်ရွက်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးလိုက်သည်။ တရုတ်နိုင်ငံ၏စီးပွားရေးသည် အမေရိကန်အပေါ်တွင် နည်းလမ်းများစွာဖြင့် မှီခိုနေရကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်ဟု CNN သတင်းတွင် ဖော်ပြထားသည်။ 

“ဒါက ခြိမ်းခြောက်တာ မဟုတ်ဘူး။ သတိပေးတာပါ” ဟု အမေရိကန်သမ္မတက CNN သတင်းထောက် ဖာရိဒ်ဇာကာရီယာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

“ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက အမေရိကန် ကုမ္ပဏီပေါင်း ၆၀၀ ဟာ ရုရှားကနေ ထွက်ခွာခဲ့ပါတယ်။ နောက်ပြီး တရုတ်ရဲ့စီးပွားရေးက ဥရောပနဲ့ အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတွေအပေါ် မှီခိုနေရတယ်လို့ ခင်ဗျား ပြောဖူးတယ်။ ကြပ်ကြပ် သတိထားပါ” ဟု ဘိုင်ဒန်က CNN သို့ ပြောကြားခဲ့သည်။
👍37😁3
​​မြင်းခြံတွင် ကျောင်းထိုင်ဆရာတော် သေနတ်ဖြင့် ပစ်သတ်ခံရ
===================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင်၊ ယမန်နေ့နေ့လယ်ပိုင်းက၊ ဂွေးပင်ရိုးကျေးရွာ စိတ္တသုခကျောင်းတိုက်မှဦးပညာသာမိဘွဲ့အမည်ရှိသည့် ကျောင်းထိုင်ဆရာတော်တစ်ပါး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး၊ ပျံလွန်တော်မူသွားကြောင်းသတင်းရရှိသည်။

"ကျောင်း၀င်းထဲက ဓမ္မာရုံနားမှာ အပစ်ခံရပြီးပျံလွန်တာ၊ ဓမ္မာရုံတံခါးဘောင်တွေပြင်နေတာကို ကြည့်နေတုန်း၊ လူငါးယောက်က၀င်လာပြီး ပစ်သွားတာလို့ သိရတယ်" ဟု မြင်းခြံမြို့ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် ၃ နာရီ ၁၀ မိနစ်ခန့်က၊ ဆရာတော်ကျောင်း၀င်းထဲရှိနေစဉ်၊ ဆိုင်ကယ် လေးစီးဖြင့်ရောက်လာသော လူ ငါးဦးက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် ဆရာတော်တွင် ဝဲဘက်နောက်စေ့ ဖောက်၀င်ဒဏ်ရာတစ်ချက်ရရှိပြီး၊ အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်းမသိရသေးသော်လည်း၊ PDF လက်ချက်ဖြစ်သည်ဟု စစ်အုပ်စု၏သတင်းများကဖော်ပြကြရာ မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
လက်ရှိတွင်၊ ကျောင်းထိုင်ဆရာတော်ပစ်သတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍၊ စစ်တပ်ထောက်ခံသူများဘက်က မကျေမနပ်ဖြစ်နေကြကြောင်းသိရသည်။

"ကျောင်းထိုင်အပစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး၊ စစ်တပ်လော်ဘီတွေက မကျေမချမ်းဖြစ်နေကြတယ်၊ အန်အယ်လ်ဒီထောက်ခံတဲ့ဘုန်းကြီးတွေကို တန်ပြန်လုပ်ဖို့ လှုံ့ဆော်နေကြလို့ တချို့လည်းတခြားမြို့ရှောင်နေကြရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
မြင်းခြံခရိုင်တွင်၊ ဇူလိုင်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့က၊ ကြံ့ခိုင်ရေးပါတီ၀င်ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ပါတီ၀င်တစ်ဦးတို့ပစ်သတ်ခံခဲ့ရပြီးနောက်၊ အရပ်သား(အမျိုးသား)တစ်ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရသလို၊ နောက်ထပ်အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတို့လည်း ဖမ်းဆီးခံရပြီးမီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#PDF
#မြင်းခြံမြို့နယ်
#စိတ္တသုခကျောင်းတိုက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13