Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေးအတွက် အပြန်အလှန်ဆွေးနွေးပွဲကို အင်ဒိုနီးရှား တောင်းဆို
===================

၂၀၂၁ ဖေဖော်ဝါရီ၌ စစ်တပ်က အာဏာသိမ်းမှုကြောင့် ဖြစ်ပွားနေသော မြန်မာနိုင်ငံက နက်ရှိုင်းသည့် အကျပ်အတည်း အဆုံးသတ်စေရေး အပြန်အလှန် ဆွေးနွေးပွဲကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းတောင်းဆိုသည်။

“အပြန်အလှန် ဆွေးနွေးမှုကပဲ နိုင်ငံရေးအရ ဖြေရှင်းခြင်းဆီ ဦးတည်စေပါမယ်၊ နိုင်ငံရေးအရ ဖြေရှင်းမှုကသာ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မှာပါ”ဟု မြန်မာအရေးကို ဦးတည်ထားသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဒုတိယနေ့ ဖွင့်ပွဲ၌ ရတ်နိုမာဆူဒီက ပြောသည်။

နှစ်ပတ်လည် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားရသော အင်ဒိုနီးရှားသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအားလုံးနှင့် အကြိမ်ပေါင်း ၁၁၀ ထက်မနည်း ချိတ်ဆက်ဆွေးနွေးခဲ့ကြောင်း သူမက ဆိုသည်။
👍13😁10🤣1
ဇူလိုင်လ (၁၂)ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... အာဆီယံအစည်းအဝေးအတွင်းမှာ မြန်မာ့အရေးလွှမ်းမိုးနေပြီး အဖွဲ့ဝင်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေတယ်ဆိုတဲ့ သတင်းနဲ့အတူ နိုင်ငံရေးအကျဉ်းသားများကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေမှုအကြောင်း AAPP ထုတ်ပြန်လိုက်တဲ့သတင်းတွေပါဝင်တဲ့ နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေအပြင် စီးပွားရေးကဏ္ဍတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ Mizzima Radio နဲ့ “The Call “ အွန်လိုင်းမဂ္ဂဇ္ဇင်းတို့ပူးပေါင်းတင်ဆက်တဲ့ အနုပညာကဏ္ဍအစီအစဉ်
ကိုနားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။

ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/-fv_69wcq4w

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍14🔥1
​​တရုတ်တွင် အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများရှိနေသည်ကို မမေ့ရန် အမေရိကန်သမ္မတ သတိပေး
========================

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ သတိထားဆောင်ရွက်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးလိုက်သည်။ တရုတ်နိုင်ငံ၏စီးပွားရေးသည် အမေရိကန်အပေါ်တွင် နည်းလမ်းများစွာဖြင့် မှီခိုနေရကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်ဟု CNN သတင်းတွင် ဖော်ပြထားသည်။ 

“ဒါက ခြိမ်းခြောက်တာ မဟုတ်ဘူး။ သတိပေးတာပါ” ဟု အမေရိကန်သမ္မတက CNN သတင်းထောက် ဖာရိဒ်ဇာကာရီယာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

“ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက အမေရိကန် ကုမ္ပဏီပေါင်း ၆၀၀ ဟာ ရုရှားကနေ ထွက်ခွာခဲ့ပါတယ်။ နောက်ပြီး တရုတ်ရဲ့စီးပွားရေးက ဥရောပနဲ့ အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတွေအပေါ် မှီခိုနေရတယ်လို့ ခင်ဗျား ပြောဖူးတယ်။ ကြပ်ကြပ် သတိထားပါ” ဟု ဘိုင်ဒန်က CNN သို့ ပြောကြားခဲ့သည်။
👍37😁3
​​မြင်းခြံတွင် ကျောင်းထိုင်ဆရာတော် သေနတ်ဖြင့် ပစ်သတ်ခံရ
===================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင်၊ ယမန်နေ့နေ့လယ်ပိုင်းက၊ ဂွေးပင်ရိုးကျေးရွာ စိတ္တသုခကျောင်းတိုက်မှဦးပညာသာမိဘွဲ့အမည်ရှိသည့် ကျောင်းထိုင်ဆရာတော်တစ်ပါး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး၊ ပျံလွန်တော်မူသွားကြောင်းသတင်းရရှိသည်။

"ကျောင်း၀င်းထဲက ဓမ္မာရုံနားမှာ အပစ်ခံရပြီးပျံလွန်တာ၊ ဓမ္မာရုံတံခါးဘောင်တွေပြင်နေတာကို ကြည့်နေတုန်း၊ လူငါးယောက်က၀င်လာပြီး ပစ်သွားတာလို့ သိရတယ်" ဟု မြင်းခြံမြို့ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် ၃ နာရီ ၁၀ မိနစ်ခန့်က၊ ဆရာတော်ကျောင်း၀င်းထဲရှိနေစဉ်၊ ဆိုင်ကယ် လေးစီးဖြင့်ရောက်လာသော လူ ငါးဦးက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် ဆရာတော်တွင် ဝဲဘက်နောက်စေ့ ဖောက်၀င်ဒဏ်ရာတစ်ချက်ရရှိပြီး၊ အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်းမသိရသေးသော်လည်း၊ PDF လက်ချက်ဖြစ်သည်ဟု စစ်အုပ်စု၏သတင်းများကဖော်ပြကြရာ မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
လက်ရှိတွင်၊ ကျောင်းထိုင်ဆရာတော်ပစ်သတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍၊ စစ်တပ်ထောက်ခံသူများဘက်က မကျေမနပ်ဖြစ်နေကြကြောင်းသိရသည်။

"ကျောင်းထိုင်အပစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး၊ စစ်တပ်လော်ဘီတွေက မကျေမချမ်းဖြစ်နေကြတယ်၊ အန်အယ်လ်ဒီထောက်ခံတဲ့ဘုန်းကြီးတွေကို တန်ပြန်လုပ်ဖို့ လှုံ့ဆော်နေကြလို့ တချို့လည်းတခြားမြို့ရှောင်နေကြရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
မြင်းခြံခရိုင်တွင်၊ ဇူလိုင်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့က၊ ကြံ့ခိုင်ရေးပါတီ၀င်ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ပါတီ၀င်တစ်ဦးတို့ပစ်သတ်ခံခဲ့ရပြီးနောက်၊ အရပ်သား(အမျိုးသား)တစ်ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရသလို၊ နောက်ထပ်အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတို့လည်း ဖမ်းဆီးခံရပြီးမီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#PDF
#မြင်းခြံမြို့နယ်
#စိတ္တသုခကျောင်းတိုက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13
​​မြန်မာ့အကျပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာရန် အာဆီယံဥက္ကဋ္ဌ တိုက်တွန်း
======================

မြန်မာ့အကျပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာရန် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားက ဇူလိုင် ၁၂ ရက်တွင် တိုက်တွန်းပြောကြားသည်။ အာဆီယံအဖွဲ့သည် စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး စည်းလုံးညီညွတ်သော ရပ်တည်ချက်သဘောထားတစ်ရပ် ပုံဖော်ရန် ဒုတိယမြောက်နေ့ ဆွေးနွေးမှုများကို ယနေ့ လုပ်ဆောင်သည်။

မြန်မာတွင် ပြီးခဲ့သည့် နှစ်နှစ်ကျော်အကြာက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီး ၎င်းတို့ကို ဆန့်ကျင်အတိုက်အခံပြုသူများအပေါ် သွေးထွက်သံယို လူမဆန် ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ပြီးကတည်းက နိုင်ငံသည် လူသေဆုံးသော အကြမ်းဖက်မှုဒဏ် ခံထားရသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအုပ်စုသည် ထိရောက်မှုမရှိသော ဆွေးနွေးပြောဆိုရာ နေရာတစ်ခုအဖြစ် ကာလကြာကတည်းက ဝေဖန်ခံထားရပြီး လက်ရှိတွင်လည်း မြန်မာအကျပ်အတည်း ပြေလည်အောင် ဖြေရှင်းရေး သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး သဘောကွဲလွဲမှုများ ဆက်ရှိနေသည်။
🥱20👍13🔥2💩1
ဇူလိုင်လ (၁၃)ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
========================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့  ဖမ်းဆီးအကျဉ်းချခံထားရတဲ့  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးခင်က တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ  စိတ်ရောကိုယ်ပါ ကျန်းမာတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းပြောဆိုခဲ့တဲ့ သတင်းနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ မူဆယ်မြို့တွေမှာ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
 အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့   Mizzima Radio နဲ့ “The Call “ အွန်လိုင်းမဂ္ဂဇ္ဇင်းတို့ပူးပေါင်းတင်ဆက်တဲ့ အနုပညာကဏ္ဍအစီအစဉ် ကိုနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/Q9xehkZl2Os
 
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ် | VOA On Mizzima)
======================

အာရှနွယ်ဖွားအမေရိကန်နိုင်ငံသားတွေကို ဟော်လိဝုဒ်ရုပ်ရှင်လောကမှာ အတွေ့များလာတဲ့အကြောင်းနဲ့ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာမယ့် အိန္ဒိယနိုင်ငံရဲ့ အခြေအနေအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/d5rSK7TnfB8

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁3
​​ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက် နိုင်ငံရေးလုပ်ကြံမှုဖြစ်ကြောင်း NUG ပြော
===================

001
(မဇ္စျိမ)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း၏ ပြောကြားချက်မှာ နိုင်ငံရေးလုပ်ကြံမှု တစ်ခုဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။

“မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကိုပေါ့နော်။ ဒီလိုမျိုး နိုင်ငံရေးအတွက် အသုံးချဖို့အတွက် ခြေလှမ်းတစ်ရပ်လို့ ထင်မြင်မိတယ်။ နိုင်ငံရေးလုပ်ကြံမှု တစ်ခုဖြစ်နေတယ်။ မရိုးသားတဲ့ ကြံစည်ကြိုးစားချက် တစ်ခုဖြစ်နေတယ်ဆိုတာ တွေ့ရှိရတယ်”ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဇူလိုင်လ ၉ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အထက်ပါအတိုင်းပြန်လည် တုံ့ပြန်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် စေတနာမှန်မှန် ရည်ရွယ်ချက်မှန်မှန်ရှိပါက ယခုကဲ့သို့ မတရားဖမ်းဆီးထိန်းချုပ်ခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် သောင်းနှင့်ချီကာ မတရားထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်း လွှတ်ပေးရန်အတွက် တောင်းဆိုသင့်ကြောင်း NUG နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောသည်။

ထို့ပြင် ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှန်တကယ် တွေ့ဆုံခဲ့မှုရှိ၊ မရှိကို အမျိုးသားညီညွတ်ရေးအစိုးရက ရရှိထားသည့် သတင်းများအရ အတည်ပြု၍ မရသည့်အပြင် အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး မည်သည့်အထောက်အထားမှလည်း မရှိကြောင်း NUG နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ထောက်ပြသည်။

“အခုက NUGအနေနဲ့ပြောရမယ်ဆိုရင် ဒီသတင်းကိုလည်း confirmလုပ်လို့မရဘူး။ နောက်ပြီးတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် ပြောတယ်ဆိုတဲ့စကားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင်တုန်းက ပြောကြားခဲ့တဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကနေ တစ်ဆင့်ပြောကြားခဲ့တဲ့စကားတွေ၊ သူနဲ့တွေ့ဆုံခဲ့တဲ့လူတွေဆီက ပြောတဲ့စကားတွေနဲ့ လုံးဝမတူညီဘူး၊ ကွာဟနေတယ်ဆိုတာလည်း တွေ့ရတယ်”ဟု ဆိုသည်။

ထို့ပြင် ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရမည့်ကိစ္စမှာ အာဆီယံ၏ အထူးကိုယ်စားလှယ်က လုပ်ဆောင်ရမည့်ကိစ္စဖြစ်ပြီး ရာထူးမှဆင်းရခါနီး အချိန်အနည်းငယ်သာကျန်တော့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဝင်ရောက်လုပ်ဆောင်မှုအပေါ် NUG က မေးခွန်းထုတ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့အရေးတွင် ကူညီဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့် ထင်ဟပ်ရမည်ဖြစ်ပြီး အခြေအနေပိုရှုပ်ထွေးအောင် ကြံစည်ကြိုးစားမှုများ မလုပ်သင့်ကြောင်းနှင့် အာဆီယံ၏ ပဋိညာဥ်နှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်းလည်း NUG က တိုက်တွန်းသည်။
ဇူလိုင်လ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင်ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ကောင်းမွန်သည့် တွေ့ဆုံမှုဖြစ်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပြီး အသေးစိတ်ကို ပြောဆိုခဲ့ခြင်းမရှိပေ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမကျင်းပမီတွင် နေပြည်တော်သို့ တိတ်တဆိတ်လာရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်အပေါ် နှစ်ဖက်သတင်းထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း NLDပါတီဝင်အချို့နှင့် တွေ့ဆုံခွင့်ပေးခဲ့ခြင်းမှလွဲ၍ နိုင်ငံတကာ သံတမန်များနှင့် ယခင်က တွေ့ဆုံခွင့်ပြုခြင်း မရှိခဲ့ပေ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှာ စစ်ကောင်စီက လက်ခံနိုင်သည့် သဘောထားရပ်တည်ချက်မျိုးနှင့် တွေ့ဆုံဆွေးနွေး ပြောဆိုမည်ဖြစ်ကြောင်း သေချာသည့်အတွက် တွေ့ဆုံခွင့်ပေးခြင်းဖြစ်နိုင်ကြောင်း နိုင်ငံ​ရေး​လေ့လာသုံးသပ်သူ ဦးရဲထွန်းက ယူဆသည်။
“တပ်က အာဏာသိမ်းထားတဲ့အခြေအနေချင်း ဘဝချင်းတူတာပေါ့နော်။ ဒီနစကနဲ့က ဘဝချင်းတူတဲ့လူတွေဆိုတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်တယ်။ နောက်တစ်ခုက တွေ့လို့ရှိရင် ဘာတွေပြောမလဲ ဆိုတဲ့ဟာကိုလည်း သူတို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီးတော့ တောင်းဆိုပုံရပါတယ်”ဟု ဦးရဲထွန်းက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
#စစ်ကောင်စီ
#ထိုင်းနိုင်ငံခြားရေးဝန်ကြီး
👍38❤2😁2🤮1
အာရှနွယ်ဖွားအမေရိကန်နိုင်ငံသားတွေနဲ့ ဟော်လိဝုဒ်ရုပ်ရှင်လောက | VOA on Mizzima
=======================

မကြာသေးခင်နှစ်တွေအတွင်း တရုတ်နွယ်ဖွား အမေရိကန်တွေအပါအဝင် အာရှသားတွေအကြောင်း တီဗီဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေ အရင်ကထက် ပိုပြီးရိုက်ကူးလာကြပါတယ်။ အများစုက လူငယ်ပရိသတ်အကြိုက်ကို ပစ်မှတ်ထားကြတာပါ။ ဒါနဲ့ ပတ်သက်လို့ ဝါရှင်တန်က ထိုင်ဝမ်ကျောင်း နွေရာသီလေ့ကျင့်ရေးစခန်း တခုမှာ ရောက်နေကြတဲ့ ကျောင်းသားတွေရဲ့ အမြင်တွေကို VOA က သွားရောက် မေးမြန်းထားပါတယ်။ မမြသဇင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/jlkFLDvylOo

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥2
Media is too big
VIEW IN TELEGRAM
ကမ္ဘာ့လူဦးရေ တိုးပွားလာမှု အခြေအနေ | VOA on Mizzima

Watch more detail - https://youtu.be/DqM4ZyxxDaE#VOA

#ကမ္ဘာ့လူဦးရေ #တိုးပွားလာမှု #Mizzima #shorts #reels
👍6🔥2
စစ်ကောင်စီနဲ့ EAOs ၅ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးပြဇာတ် (ဆောင်းပါး)
===================

ပြီးခဲ့တဲ့လကုန်ပိုင်းက နေပြည်တော်မှာ စစ်ကောင်စီနဲ့ EAOs ၅ ဖွဲ့တွေ့ဆုံပြီး အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခုပြုလုပ်သွားခဲ့ပါတယ်။ NCA ထိုးထားတာကိုအကြောင်းပြပြီး စစ်တပ်အာဏာသိမ်းတာကို ထိုင်ကြည့်နေခဲ့တဲ့ EAOs ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ရဲ့ ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးဆိုတာထက် နိုင်ငံတကာ အမြင်ကောင်းအောင်လုပ် ပြတဲ့ ဟန်ပြသက်သက်ဆွေးနွေးပွဲသာဖြစ်ပါတယ်။ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုကြည့်မယ်ဆိုရင် အဖြေ ကရှင်းနေပါတယ်။ စစ်ကောင်စီကို နိုင်ငံရေးမှာပါဝင်ခိုင်းနေသမျှ ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေး၊ ဒေသတွင်းတည်ငြိမ်းရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့ကို ဆွေးနွေးခဲ့ကြ တာကိုကြည့်ရင် အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲဟုတ်မဟုတ်ဆိုတာရှင်းနေပါတယ်။

https://youtu.be/21bpXUOZhmw

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6😁6❤1🔥1
Media is too big
VIEW IN TELEGRAM
အာရှနွယ်ဖွားအမေရိကန်နိုင်ငံသားတွေနဲ့ ဟော်လိဝုဒ်ရုပ်ရှင်လောက | VOA on Mizzima

Watch more detail - https://youtu.be/jlkFLDvylOo

#VOA #Asia #American #Mizzima #shorts #reels
👍6🍌2
ကမ္ဘာ့လူဦးရေ တိုးပွားလာမှု အခြေအနေ | VOA on Mizzima
=====================

ကမ္ဘာ့လူဦးရေ အများဆုံး တိုင်းပြည်ဖြစ်နေတဲ့ တရုတ်နိုင်ငံထက် အိန္ဒိယနိုင်ငံဟာ ဒီနှစ်ပိုင်းအတွင်းမှာ လူဦးရေ ၃ သန်းနီးပါး ပိုများသွားမယ်လို့ ကုလသမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံဟာ လူဦးရေ တိုးပွားမှုနှုန်း နှေးကွေးနေတာနဲ့ အသက်ကြီးတဲ့သူ များလာတာကို ရင်ဆိုင်နေရတာပါ။ အေပီ သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ဆက်ထားပါတယ်။

https://youtu.be/DqM4ZyxxDaE

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2
Media is too big
VIEW IN TELEGRAM
ကုန်ဈေးနှုန်းတက်မှုကြောင့် လမ်းဘေးဈေးသည်တွေ အခက်တွေ့ | VOA on Mizzima

Watch more detail - https://youtu.be/A8O4pcfqOTA

#VOA #ကုန်ဈေးနှုန်း #လမ်းဘေးဈေးသည် #Mizzima #shorts #reels
👍8🔥3🤮1
​​ဝန်ကြီးချုပ်ရာထူး မဲခွဲရွေးချယ်မည့် ထိုင်းပါလီမန်အစည်းအဝေး စတင်ဖွင့်လှစ်
======================

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်ကို ရွေးချယ်မည့် အလွန်အရေးပါလှသော မဲခွဲဆုံးဖြတ်မှုကို ပြုလုပ်သွားရန် ရှိနေသည့် ပါလီမန်လွှတ်တော်အစည်းအဝေးကို ယနေ့ ဇူလိုင် ၁၃ ရက်တွင် စတင်ဖွင့်လှစ်သည်။

“ဝန်ကြီးချုပ်သစ်ရွေးဖို့ ကိုယ်စားလှယ်လောင်းတွေအတွက် မဲခွဲဆုံးဖြတ်မယ့် အစည်အဝေး အစီအစဉ်ကို ဆောင်ရွက်ဖို့ လွှတ်တော်အစည်းအဝေးကို မိမိ စတင်ပါမယ်” ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဝမ် မူဟာမက်ဒ် နိုရ် မာသာက ပြောသည်။

လွှတ်တော်အစည်းအဝေးဖွင့်လှစ်စဉ် ၎င်းသည် အောက်လွှတ်တော် အမတ် ၅၀၀ နှင့် အထက်လွှတ်တော်အမတ် ၂၅၀ ဦးတို့ကို ကြိုဆိုခဲ့သည်။
👍17🔥2
​​စစ်ကောင်စီ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချရန် အာဆီယံကို မလေးရှား တိုက်တွန်း
=======================

လေကြောင်းတိုက်ခိုက်မှုများနှင့် သတ်ဖြတ်မှုများ ကျူးလွန်နေသော စစ်ကောင်စီ၏ လုပ်ရပ်များကို အာဆီယံက ထုတ်ပြန်မည့် ‘ပူးတွဲကြေညာချက်’ မှတစ်ဆင့် ပြင်းပြင်းထန်ထန် ရှုတ်ချသွားရန် မလေးရှားက အာဆီယံကို တိုက်တွန်းသည်။

ပြဿနာကြုံနေသော မြန်မာနိုင်ငံ၌ အခြေအနေများ ပိုပြီး ဆိုးရွားနေခြင်းနှင့် ‘ပြည်တွင်းနေရပ်ရွှေ့ပြောင်းသူများ’ ပြဿနာများကြောင့် စိုးရိမ်မှုများ ဖော်ပြနေခြင်းအပြင် စစ်ကောင်စီ၏ လုပ်ရပ်တိုင်းကို ‘ရှုတ်ချခြင်း’ ကလည်း မရှိမဖြစ် လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒါတက်ဆီရီဇမ်ဘရီအက်ဒူကာဒါးက ပြောသည်။

“အာဆီယံက ထုတ်ပြန်မယ့် ‘ပူးတွဲကြေညာချက်’ မှာ ပြင်းပြင်းထန်ထန် ပြောဆိုထားတာမျိုး လိုအပ်တယ်လို့ ကျွန်တော်တို့ မရမနေ တောင်းဆိုလိုတယ်”ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ပြီးနောက် မီဒီယာရှင်းလင်းပွဲတွင် ၎င်းက ဆိုသည်။
👍17👏5🤮2😁1
Media is too big
VIEW IN TELEGRAM
မြောက်ကိုရီးယာက တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်

#internationalnews #Mizzima #NorthKorea #reels #shorts
👍5