တပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးကြောင်း MRDA ပြော
==================
လွှမ်းမိုး (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့ပေါ်၊ အောင်မင်္ဂလာရပ်ကွက် အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားကြောင်း Myanmar’s Royal Dragon Army (MRDA) စေတန်တပ်ခွဲက မဇ္ဈိမကို ပြောသည်။
ဇူလိုင်လ ၁၁ ရက် ညပိုင်း ၁၁ နာရီခွဲ အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myanmar’s Royal Dragon Army စေတန် တပ်ခွဲမှူးက ပြောသည်။
“စစ်အင်အား ၃၀ ခန့် ရှိတဲ့ တပ်စခန်းကို အချိန်ကြာ စောင့်ကြည့်ပြီးမှ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ လက်နက်ငယ်အပြင် လက်နက်ကြီးပစ်ကူအဖြစ် ၄၀ မမ တွေကိုလည်း အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်၊ အတွင်းသတင်းပေးအရ စစ်သား သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်” ဟု တပ်ခွဲမှူးက ပြောသည်။
ထိုတိုက်ခိုက်မှုကို MRDA စေတန်တပ်ခွဲ ၊ Royal Tigerတပ်ဖွဲ့ ၊ L.W.B.R.F နှင့် K.U (UG) တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့ပေါ်ရှိ တပ်စခန်းကို တိုက်ခိုက်မှုမှာ နှစ်ကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ဇွန်လ ၂၉ ရက်နေ့က တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
https://youtu.be/9NOO3RX1yqs
#ခင်ဦးမြို့ပေါ်
#တပ်စခန်းတိုက်ခိုက်ခံရ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

YouTube
တပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးကြောင်း MRDA ပြော
လွှမ်းမိုး (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့ပေါ်၊ အောင်မင်္ဂလာရပ်ကွက် အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားကြောင်း Myanmar’s Royal Dragon Army (MRDA) စေတန်တပ်ခွဲက…
👏11👍10❤2😁2
နိုင်ငံအေးချမ်းတဲ့အချိန် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်ထပ်ပြောပြန်
======================
နိုင်ငံတည်ငြိမ်အေးချမ်းတဲ့အချိန်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံ ပြောကြားလာပြန်ပါတယ်။
စစ်တပ်အနေနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းတဲ့အချိန် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်လို့ အာမခံပြီးဖြစ်တယ်ဆိုပြီးလည်း ပြောပါတယ်။
ဇူလိုင်လ ၁၁ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တွေတပ်နယ်နဲ့ ကမ်းနီတပ်နယ်တို့ကို သွားရောက်ခဲ့စဉ်မှာ ယခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မှန်မှန် လျှောက်လှမ်းနိုင်ရေး ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမယ်လို့ လည်း ၎င်းက ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း အရေးပေါ်ကာလဆိုင်ရာ ပြဠာန်းချက်များ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ၂၀၂၃ခုနှစ် ဩဂုတ်လအတွင်း ကျင်းပမယ်လို့ ပြောဆိုထားပေမယ့် ကျင်းပနိုင်တဲ့အလားအလာ မတွေ့ရှိရသေးဘူးလို့ ပြောဆိုမှုများရှိနေတာဖြစ်ပါတယ်။
ဒါ့ပြင် နိုင်ငံရေးနဲ့ ပတ်သက်ပြီး တပ်မတော်အနေဖြင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်၊ နိုင်ငံရေးဦးတည်ချက်နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်တဲ့ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်တဲ့အတွက် လုပ်ငန်းများအောင်မြင်မယ်လို့ ယုံကြည်ကြောင်းလည်း ၎င်းကထည့်သွင်းပြောကြားသွားပါသေးတယ်။
https://youtu.be/FQioJfhiBdM
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

🤣22👍5💩5🤮3👏1
မန္တလေးနတ်ဆိုး မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဖမ်းဆီးခံရ
==================
007
(မဇ္စျိမ)။ ။မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တခုဖြစ်သော နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ခေါင်း ဆောင် ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း မန္တလေးတော်လှန်ရေးအင်အားစုများထံမှ သိရသည်။
“စစ်ဆင်ရေးမှာရရှိဒဏ်ရာကြောင့် ဆေးခန်းမှာဆေးသွားကုရင်း အဖမ်းခံရတယ်။ ဆေးကုပေးတဲ့ ဆရာမ နဲ့အတူ အဖမ်းခံရတာပါ” ဟု တော်လှန်ရေးအင်အားစု၀င်တဦးက ပြောသည်။
၎င်းအဖမ်းခံရမှုနှင့်ပတ်သက်၍ စစ်အုပ်စုဝါဒဖြန့်သတင်းများတွင်လည်း အတည်ပြုထားသည်ကို တွေ့ရသည်။
နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ကိုငြိမ်းချမ်းအောင်(ခ)အားသစ် ကို ဇူလိုင်လ ၈ ရက် နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက်မှ ဆေးခန်းတခုတွင် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း မန္တလေးရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းကလည်း အတည်ပြုသည်။
မန္တလေးမြို့တွင်အခြေစိုက်ပြီး စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားကိုပစ်မှတ်ထားတိုက်ခိုက်သည့် နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ကို အဖွဲ့ခေါင်းဆောင် ကိုငြိမ်းချမ်းအောင်(ခ) အားသစ် (ဗိုလ် နတ်ဆိုး) ဆိုသူက ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။
တပ်ဖွဲ့ထူထောင်ခဲ့ပြီးနောက် ပုသိမ်ကြီးမြို့နယ်အတွင်း ရေထွက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ၊ လျှပ် စစ်ရုံးမန်နေဂျာ ဦးကျော်ရင်အောင်၊ ကံသာကျေးရွာ ရာအိမ်မှူးဦးသန်းဆွေတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး၊ မြကန်သာစျေးအနီးစျေး၀ယ်နေသော စစ်ကောင်စီတပ်ဖွဲ့၀င်များကိုလည်း လက်နက်ငယ်များ ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြို့နယ်လျှပ်စစ်ရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတို့ကိုလည်း လက်လုပ်မိုင်းဖြင့် တိုက်ခိုက် ခဲ့သေးသည်။
လက်ရှိတွင် အဖွဲ့ခေါင်ဆောင်အား နန်းတွင်းစစ်ကြောရေး၌ဖမ်းဆီးထားပြီး ဖမ်းဆီးရန်ကျန်သူများအား ကွင်းဆက်လိုက် စုံစမ်းနေကြောင်း စစ်အုပ်စုသတင်းများအရ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေး
#နတ်ဆိုးမြို့ပြပြောက်ကျားတပ်ဖွဲ့
#တော်လှန်ရေးအင်အားစု
#ဖမ်းဆီးခံရ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢29👍3🔥2👏1
ထားဝယ်မြို့နယ် ဇဟာကျေးရွာအနီးတွင် စစ်ကားပစ်ခတ်ခံရပြီး အရာခံဗိုလ်အပါဝင် ၃ ဦး သေဆုံး
=====================
ကိုရွှေမြိတ် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအနီးရှိ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီး ပေါ်၌စစ်ကားတစီးပစ်ခတ်ခံရပြီး အရာခံဗိုလ်အပါဝင်သုံးဦးသေဆုံးကြောင်း Dawei Guerrilla Revolutionary Force- DGRF အဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့နယ် ဇဟာကျေးရွာအခြေစိုက် အမြောက်တပ် (၃၀၂) မှ ကျောင်းကြိုပြန်လာပြီးချိန်တွင် အသင့်စောင့်ဆိုင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း DGRF အဖွဲ့မှ တာဝန်ရှိသူ ကဆိုသည်။
“ကားတစီးတည်းပါ။ စစ်တပ်က ကလေးတွေ ကျောင်းသွားကြိုတဲ့ကားပါ။ ညနေ ကျောင်းကြိုပြန်လာတဲ့ အချိန်ပစ်တာမို့ ကလေးတွေမပါဘူး။ စစ်ကူရောက်လာလို့ လက်နက်တွေမရလိုက်ဘူး” ဟု ၎င်းက ပြော သည်။
စစ်ကောင်စီတပ်မှ ယာဥ်မောင်းဖြစ်သူ ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ကားမှာ လမ်းဘေးသို့ထိုးကျသွားကာ တပ်ကြပ်ကျော်ကျော်ဦးနှင့် အရာခံဗိုလ်အပါဝင် သုံးဦးသည် အခင်းဖြစ်ရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း DGRF အဖွဲ့တာဝန်ရှိသူကဆိုသည်။
ကျန် ဒဏ်ရာရသူနှစ်ဦးကို စစ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရပြီးနောက် စစ်ကောင်စီဘက်မှ စစ်ကူ ရောက်ရှိလာကြောင်း ၎င်းကပြောသည်။တိုက်ပွဲအခြေအနေအသေးစိတ်နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြားအတည်ပြုချက် ရနိုင်ရန် ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။
အဆိုပါဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်က ဇဟာကျေးရွာအနီးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ အရပ်သားနှစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံသတင်း အရင်းမြစ်များထံမှ သိရ ကြောင်း DGRF အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စကစ တပ်သားတွေရှိနေတဲ့ ဘယ်နေရာမဆို ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်လို့ ပြည်သူတွေ အနေနဲ့ စကစနဲ့ ခပ်ဝေးဝေးက ရှောင်နေပေးကြဖို့ တောင်းဆိုချင်တယ်” ဟု DGRF အဖွဲ့က တာဝန်ရှိသူက ထပ်လောင်းပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများသည် ဇဟာကျေးရွာရှိ ထန်းရည်ဆိုင်အား မီးရှို့ဖျက် ဆီးသွားခဲ့ကြောင်းသိရပြီး လမ်းဘေးသို့ထိုးကျခဲ့သည့် စစ်ကားကို ညနေ ၄ နာရီခန့်တွင် ကရိန်းဖြင့် မတင် ပြီး ကားတစ်စီးဖြင့် သယ်ယူသွားကြောင်း ဒေသခံများထံမှ သိရသည်။
https://youtu.be/xCeEYW9l3MA
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ထားဝယ်မြို့
#စစ်ကား
#ပစ်ခတ်တိုက်ခိုက်
#DGRF

ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းတွင်…
ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းတွင်…
👍17👏6❤3🥴2
ကျုံအိတ်တံတား ပြင်ဆင်ရေးအဖွဲ့နှင့်လုံခြုံရေးယူထားသည့် စစ်ကောင်စီအဖွဲ့ ၄ ကြိမ်မြောက် တိုက်ခိုက် ခံရ
👍18🔥1

===================
YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ရန်ကုန်- မော်လမြိုင် လမ်းမကြီးပေါ်ရှိ ကျုံအိတ်တံတားမိုင်းခွဲဖျက်ဆီးခံရပြီးနောက် တံတားပြင်ဆင်သည့်အဖွဲ့နှင့် လုံခြုံရေးယူ ထားသော စစ်ကောင်စီတပ်သားများအား ဇူလိုင်လ ၁၂ ရက်နေ့က လေးကြိမ်မြောက် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
“ဖျက်ပြီးတဲ့နောက် ပြင်တာဆိုတာကမလိုဘူးလေ။ ပြင်တဲ့သူကလည်း အာဏာသိမ်းစစ်တပ်နဲ့ အပေါင်း အပါတွေပဲ ဖြစ်တယ်၊ ဒါကြောင့်မို့ သူတို့လာပြင်လို့ရှိရင်လည်း အာဏာသိမ်းတပ်မတော်နဲ့ တတန်းတည်း ပဲ လုပ်နေသရွေ့ချေမှုန်းမှာ အဲဒီလို ဖြစ်လာမှာပဲ” ဟု KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က မဇ္ဈိမကိုပြောသည်။
မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားပေါ်တွင် ယာယီဘေလီတံတားဆောက်လုပ်နေသော ဆောက် လုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့အား ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ တွင် တကြိမ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် တကြိမ်၊ ဇူလိုင်လ ၉ ရက်နေ့တွင်တကြိမ်၊ ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းကတကြိမ် တပ်မဟာ (၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှု လေးကြိမ်အတွင်း တံတားဆောက်လုပ်ရေးအဖွဲ့ဝင်တဦး၊ လုံခြုံရေးယူပေး နေသည့် စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရထားကြောင်း တပ်မဟာ(၁) KNLA သတင်းရင်းမြစ် ထံမှ သိရသည်။
ကျုံအိတ်တံတားပေါ်၌ ယာယီဘေလီတံတားဆောက်လုပ်နေသည့်လုပ်ငန်းစဉ်တွင် လက်ရန်းများ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး အခင်းများသာ ဆောက်လုပ်ရန်ကျန်တော့ကြောင်း ခရီးသွားပြည်သူတဦး ထံက သိရသည်။
ကျုံအိတ်တံတားသည် စစ်ကောင်စီတပ်၏ ရိက္ခာ၊ လက်နက်၊ ခဲ၊ ယမ်း ထောက်ပို့လုပ်ငန်းများ၊ စစ်အင် အားတိုးမြှင့်ရေးတို့အတွက် အဓိကကျသောလမ်းကြောင်းပေါ်၌တည်ရှိနေ၍ ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ထို တံတားအား ပြင်ဆင်ရန်မလိုကြောင်း၊ ပြင်ဆင်သူများသည်လည်း စစ်ကောင်စီနှင့် အပေါင်းအပါများ သာဖြစ်ကြောင်း KNU သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီဥက္ကဋ္ဌက ဆိုသည်။
ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားအား ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်အချိန်က တပ်မဟာ (၁) KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့ များက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အကျယ်ပေ ၄၀ ရှိ အဆိုပါတံတား၏ သုံးပုံနှစ်ပုံခန့် ပြိုကျပျက်စီးသွား ခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်-မော်လမြိုင်လမ်း
#ကျုံအိတ်တံတား
#KNU
#KNLA၊PDF

👍24🔥2
ထားဝယ်မြို့နယ် ဇဟာကျေးရွာအနီးတွင် စစ်ကားပစ်ခတ်ခံရပြီး အရာခံဗိုလ်အပါဝင် ၃ ဦး သေဆုံး
====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအနီးရှိ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီး ပေါ်၌စစ်ကားတစီးပစ်ခတ်ခံရပြီး အရာခံဗိုလ်အပါဝင်သုံးဦးသေဆုံးကြောင်း Dawei Guerrilla Revolutionary Force- DGRF အဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့နယ် ဇဟာကျေးရွာအခြေစိုက် အမြောက်တပ် (၃၀၂) မှ ကျောင်းကြိုပြန်လာပြီးချိန်တွင် အသင့်စောင့်ဆိုင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း DGRF အဖွဲ့မှ တာဝန်ရှိသူ ကဆိုသည်။
“ကားတစီးတည်းပါ။ စစ်တပ်က ကလေးတွေ ကျောင်းသွားကြိုတဲ့ကားပါ။ ညနေ ကျောင်းကြိုပြန်လာတဲ့ အချိန်ပစ်တာမို့ ကလေးတွေမပါဘူး။ စစ်ကူရောက်လာလို့ လက်နက်တွေမရလိုက်ဘူး” ဟု ၎င်းက ပြော သည်။
စစ်ကောင်စီတပ်မှ ယာဥ်မောင်းဖြစ်သူ ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ကားမှာ လမ်းဘေးသို့ထိုးကျသွားကာ တပ်ကြပ်ကျော်ကျော်ဦးနှင့် အရာခံဗိုလ်အပါဝင် သုံးဦးသည် အခင်းဖြစ်ရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း DGRF အဖွဲ့တာဝန်ရှိသူကဆိုသည်။
ကျန် ဒဏ်ရာရသူနှစ်ဦးကို စစ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရပြီးနောက် စစ်ကောင်စီဘက်မှ စစ်ကူ ရောက်ရှိလာကြောင်း ၎င်းကပြောသည်။တိုက်ပွဲအခြေအနေအသေးစိတ်နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြားအတည်ပြုချက် ရနိုင်ရန် ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။
အဆိုပါဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်က ဇဟာကျေးရွာအနီးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ အရပ်သားနှစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံသတင်း အရင်းမြစ်များထံမှ သိရ ကြောင်း DGRF အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စကစ တပ်သားတွေရှိနေတဲ့ ဘယ်နေရာမဆို ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်လို့ ပြည်သူတွေ အနေနဲ့ စကစနဲ့ ခပ်ဝေးဝေးက ရှောင်နေပေးကြဖို့ တောင်းဆိုချင်တယ်” ဟု DGRF အဖွဲ့က တာဝန်ရှိသူက ထပ်လောင်းပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများသည် ဇဟာကျေးရွာရှိ ထန်းရည်ဆိုင်အား မီးရှို့ဖျက် ဆီးသွားခဲ့ကြောင်းသိရပြီး လမ်းဘေးသို့ထိုးကျခဲ့သည့် စစ်ကားကို ညနေ ၄ နာရီခန့်တွင် ကရိန်းဖြင့် မတင် ပြီး ကားတစ်စီးဖြင့် သယ်ယူသွားကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ထားဝယ်မြို့
#စစ်ကား
#ပစ်ခတ်တိုက်ခိုက်
#DGRF
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအနီးရှိ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီး ပေါ်၌စစ်ကားတစီးပစ်ခတ်ခံရပြီး အရာခံဗိုလ်အပါဝင်သုံးဦးသေဆုံးကြောင်း Dawei Guerrilla Revolutionary Force- DGRF အဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့နယ် ဇဟာကျေးရွာအခြေစိုက် အမြောက်တပ် (၃၀၂) မှ ကျောင်းကြိုပြန်လာပြီးချိန်တွင် အသင့်စောင့်ဆိုင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း DGRF အဖွဲ့မှ တာဝန်ရှိသူ ကဆိုသည်။
“ကားတစီးတည်းပါ။ စစ်တပ်က ကလေးတွေ ကျောင်းသွားကြိုတဲ့ကားပါ။ ညနေ ကျောင်းကြိုပြန်လာတဲ့ အချိန်ပစ်တာမို့ ကလေးတွေမပါဘူး။ စစ်ကူရောက်လာလို့ လက်နက်တွေမရလိုက်ဘူး” ဟု ၎င်းက ပြော သည်။
စစ်ကောင်စီတပ်မှ ယာဥ်မောင်းဖြစ်သူ ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ကားမှာ လမ်းဘေးသို့ထိုးကျသွားကာ တပ်ကြပ်ကျော်ကျော်ဦးနှင့် အရာခံဗိုလ်အပါဝင် သုံးဦးသည် အခင်းဖြစ်ရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း DGRF အဖွဲ့တာဝန်ရှိသူကဆိုသည်။
ကျန် ဒဏ်ရာရသူနှစ်ဦးကို စစ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရပြီးနောက် စစ်ကောင်စီဘက်မှ စစ်ကူ ရောက်ရှိလာကြောင်း ၎င်းကပြောသည်။တိုက်ပွဲအခြေအနေအသေးစိတ်နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြားအတည်ပြုချက် ရနိုင်ရန် ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။
အဆိုပါဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်က ဇဟာကျေးရွာအနီးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ အရပ်သားနှစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံသတင်း အရင်းမြစ်များထံမှ သိရ ကြောင်း DGRF အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စကစ တပ်သားတွေရှိနေတဲ့ ဘယ်နေရာမဆို ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်လို့ ပြည်သူတွေ အနေနဲ့ စကစနဲ့ ခပ်ဝေးဝေးက ရှောင်နေပေးကြဖို့ တောင်းဆိုချင်တယ်” ဟု DGRF အဖွဲ့က တာဝန်ရှိသူက ထပ်လောင်းပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများသည် ဇဟာကျေးရွာရှိ ထန်းရည်ဆိုင်အား မီးရှို့ဖျက် ဆီးသွားခဲ့ကြောင်းသိရပြီး လမ်းဘေးသို့ထိုးကျခဲ့သည့် စစ်ကားကို ညနေ ၄ နာရီခန့်တွင် ကရိန်းဖြင့် မတင် ပြီး ကားတစ်စီးဖြင့် သယ်ယူသွားကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ထားဝယ်မြို့
#စစ်ကား
#ပစ်ခတ်တိုက်ခိုက်
#DGRF
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏6🥴2
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌ အကြမ်းဖက်မှုများ မြင့်တက်နေမှု HRW သတိပေး
===========================
င်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသည် အကြမ်းဖက်မှုများ မြင့်တက်နေမှုအကြား ပို၍ပို၍ လုံခြုံမှုမရှိဘဲ ဖြစ်လာနေသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ၏ အစီရင်ခံစာသစ်တစ်ရပ်တွင် သတိပေးသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မြန်မာနယ်စပ်တစ်လျှောက် ကူးစက်သော မငြိမ်မသက်မှုများနှင့် ဩဇာလွှမ်းမိုးမှုအတွက် တိုက်ခိုက်နေသော စစ်သွေးကြွအဖွဲ့များ၏ ဘေးအန္တရာယ်မှ ရိုဟင်ဂျာ ဒုက္ခသည်များကို အကာအကွယ်ပေးရန် လုံလုံလောက်လောက် လုပ်ဆောင်ခြင်း ရှိမနေဟုလည်း HRW က ပြောသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီးရှိ ကော့ဇ် ဘဇားဒေသရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတွင် ဇန်နဝါရီလကတည်းက လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှုနှင့် အခြားသော မတော်မတရားပြုမှု ဖြစ်စဉ် အများအပြား ဖြစ်ပွားနေခဲ့သည်ဟု ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည့် HRW အစီရင်ခံစာတွင် ဖော်ပြသည်။

👍8🔥1👏1🤔1
ဇူလိုင်လ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==========================
-နိုင်ငံအေးချမ်းတဲ့အချိန် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်ထပ်ပြောပြန်တဲ့သတင်း
-ထိုင်းရွေးကောက်ပွဲကော်မရှင်က ဝန်ကြီးချုပ်နေရာအတွက် မဲခွဲဆုံးဖြတ်မှုကို ဆိုင်းငံ့ထားဖို့ အကြံပြုထားတဲ့သတင်း
-ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတွေ့ဆုံမှုအခြေအနေ အာဆီယံအစည်းအဝင်းအတွင်း တင်ပြဖို့ရှိဆိုတဲ့သတင်း
-ခင်ဦးမြို့ပေါ် တပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးကြောင်း MRDA ပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/Y6GrQNG1n3Y
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
-နိုင်ငံအေးချမ်းတဲ့အချိန် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်ထပ်ပြောပြန်တဲ့သတင်း
-ထိုင်းရွေးကောက်ပွဲကော်မရှင်က ဝန်ကြီးချုပ်နေရာအတွက် မဲခွဲဆုံးဖြတ်မှုကို ဆိုင်းငံ့ထားဖို့ အကြံပြုထားတဲ့သတင်း
-ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတွေ့ဆုံမှုအခြေအနေ အာဆီယံအစည်းအဝင်းအတွင်း တင်ပြဖို့ရှိဆိုတဲ့သတင်း
-ခင်ဦးမြို့ပေါ် တပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးကြောင်း MRDA ပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/Y6GrQNG1n3Y
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:06-နိုင်ငံအေးချမ်းတဲ့အချိန် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်ထပ်ပြောပြန်တဲ့သတင်း03:36-ထိုင်းရွေးကောက်ပွဲကော်မရှင်က ဝန်ကြီးချုပ်နေရာအတွက် မဲခွဲဆ...
👍10😁4🤔1
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့များသည်ကို အာဆီယံတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တင်ပြ
==================
မြန်မာနိုင်ငံက ထောင်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့သည့် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန် ပရာမတ်ဝီနိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြောဆိုခဲ့သည်များကို အာဆီယံသို့ တင်ပြခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်သည်။
မြန်မာနိုင်ငံမြို့တော်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ဆွေးနွေးပြောဆိုမှုက ကောင်းမွန်ကြောင်း ဂျကာတာတွင် အင်္ဂါနေ့က ပြုလုပ်သည့် ၅၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဒွန်က ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ကန်ချာနာ ပါတာရာချိုကီက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ရော ကိုယ်ပါ ကျန်းမာရေး ကောင်းကောင်းမွန်မွန် ရှိပုံရသည်ဟု ဒွန်က ဆိုသည်။

👍7😁3👎1🤔1
လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်သည့် လက်နက်ကြီးကြောင့် အမျိုးသမီး သေဆုံး
===================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံ အသက် ၁၇ နှစ်ရွယ် အမျိုးသမီး တစ်ဦး သေဆုံးကာ အသက် ၁၁ နှစ် အရွယ် ကလေးငယ် တစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရ သည်။
သေဆုံးသူမှာ မယဥ်မာဌေးဆိုသူဖြစ်ပြီး ဦးခေါင်းကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၁၂ ရက် နံနက် ၈ ခန့်က နခံတောရွာနှင့် ခမောင်းတောင်ရွာကို စစ်ကောင်စီတပ်က ကမြောကင်း တံတားဘက်မှ ဝင်ရောက်လာပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
လောင်းလုံးမြို့ခံ တစ်ဦးက“တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိပါဘူး။ စစ်တပ်က စစ်ကြောင်းထိုး ဝင်လာပြီး ရမ်းသန်း ပစ်ခတ်တာ ဖြစ်တယ်။ ပစ်တဲ့ အခါမှာလည်း ပေါက်ကွဲသံတွေ အရ လက်နက်ကြီး၊ လက်နက်ငယ်တွေပါ ပါဝင်တယ် ”ဟု ဒေသခံက ပြောသည်။
လက်ရှိတွင် ဒေသခံအချို့မှာ နခံတောရွာ တောင်ပေါ်ရှိ စစ်ကောင်စီ၏ ယာယီ စခန်း၌ ဖမ်းဆီးခံထားရသည်ဟု သိရသော်လည်း မဇ္ဈိမ အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“နေအိမ် သုံးလုံးလည်း မီးရှို့ခံရတယ် ကြားရတယ်။ နှစ်ဖက် တိုက်ပွဲ ဖြစ်တာ မရှိဘူး ။ လက်ရှိ အခြား ဘာမှတော့ ထပ် မကြာရသေးဘူး”ဟု လောင်းလုံးမြို့ခံ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသမီး တစ်ဦးက ပြော သည်။
လက်ရှိတွင် ဒေသခံအချို့သည် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#လောင်းလုံးမြို့နယ်
#အမျိုးသမီးသေဆုံး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံ အသက် ၁၇ နှစ်ရွယ် အမျိုးသမီး တစ်ဦး သေဆုံးကာ အသက် ၁၁ နှစ် အရွယ် ကလေးငယ် တစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရ သည်။
သေဆုံးသူမှာ မယဥ်မာဌေးဆိုသူဖြစ်ပြီး ဦးခေါင်းကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၁၂ ရက် နံနက် ၈ ခန့်က နခံတောရွာနှင့် ခမောင်းတောင်ရွာကို စစ်ကောင်စီတပ်က ကမြောကင်း တံတားဘက်မှ ဝင်ရောက်လာပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
လောင်းလုံးမြို့ခံ တစ်ဦးက“တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိပါဘူး။ စစ်တပ်က စစ်ကြောင်းထိုး ဝင်လာပြီး ရမ်းသန်း ပစ်ခတ်တာ ဖြစ်တယ်။ ပစ်တဲ့ အခါမှာလည်း ပေါက်ကွဲသံတွေ အရ လက်နက်ကြီး၊ လက်နက်ငယ်တွေပါ ပါဝင်တယ် ”ဟု ဒေသခံက ပြောသည်။
လက်ရှိတွင် ဒေသခံအချို့မှာ နခံတောရွာ တောင်ပေါ်ရှိ စစ်ကောင်စီ၏ ယာယီ စခန်း၌ ဖမ်းဆီးခံထားရသည်ဟု သိရသော်လည်း မဇ္ဈိမ အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“နေအိမ် သုံးလုံးလည်း မီးရှို့ခံရတယ် ကြားရတယ်။ နှစ်ဖက် တိုက်ပွဲ ဖြစ်တာ မရှိဘူး ။ လက်ရှိ အခြား ဘာမှတော့ ထပ် မကြာရသေးဘူး”ဟု လောင်းလုံးမြို့ခံ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသမီး တစ်ဦးက ပြော သည်။
လက်ရှိတွင် ဒေသခံအချို့သည် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#လောင်းလုံးမြို့နယ်
#အမျိုးသမီးသေဆုံး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10🤬7👍4😁2
This media is not supported in your browser
VIEW IN TELEGRAM
တစ်ဖက်သတ်အသာစီးယူထားတဲ့ရွေးကောက်ပွဲမှာ ကမ္ဘောဒီးယားရဲ့ပါတီငယ်တွေ ဒီမိုကရေစီအတွက် မျှော်လင့်ချက်မဲ့နေ
#internationalnews #Cambodia #Mizzima #reels #shorts

👍6👎3
ယင်းမာပင်၊ မြို့ကြီးရွာအနီးတိုက်ပွဲ စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်
=====================
ပါခွီး (မဇ္စျိမ) ။ ။ယင်းမာပင်မြို့နယ်တွင် ယမန်နေ့ဇူလိုင်လ ၁၂ရက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အထိနာပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များသည် ယင်းမာပင်မြို့နယ်၊ မြို့ကြီးရွာအနီးတွင် ဇူလိုင်လ ၁၂ရက်နေ့ နေ့လည်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
“ တိုက်ပွဲဖြစ်ပြီး Mi 35 နဲ့ နှစ်ကြိမ်လာပစ်တာ။ ရွာကိုမီးရှို့သွားတယ်။အပျက်အစီး အဆုံးအရှုံးက တော့ သေချာမသိရသေးဘူး” ဟု ယင်းမာပင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ညနေ ၄နာရီခန့်နှင့် ၆နာရီခန့်တွင် လေကြောင်းမှ နှစ်ကြိမ်လာရောက်ပစ်ခတ်ပြီး ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများကပြောသည်။ ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုရုပ်သံမှတ်တမ်းဖြစ်ကြောင်း ဒေသခံများကမဇ္စျိမထံပေးပို့သော ဗီဒီယိုဖ်ိုင်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေသည်ကို မြင်တွေ့ရသည်။ မြေပြင်တွင်လည်း ရွာ မီးလောင်နေသည်ကိုတွေ့ရှိရသည်။
မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများရှိသော်လည်း အရေအတွက်မသိရှိရကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ယင်းမာပင်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
မြို့ကြီးရွာမှ ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ ဇူလိုင်လ ၁၃ရက် ညနေအထိ ရွာကို ပြန်မဝင်နိုင်သေးသောကြောင့် ပျက်ဆီးဆုံးရှုံးမှုကို မသိရသေးဟုဆိုသည်။
စစ်ကောင်စီတပ်သည် မြို့ကြီးရွာကိုမီးရှို့ပြီးနောက် ၎င်းတို့အခြေစိုက်သည့် ယင်းမာပင်မြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။တိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသတွင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့များက ယနေ့ ဇူလိုင်လ ၁၃ရက် ညနေ ၂နာရီခန့်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
https://youtu.be/Y5KE6-bxsYc
စာတည်း - မောင်ကြီး
#mizzima
#ယင်းမာပင်မြို့နယ်
#မြို့ကြီးရွာ
#လေကြောင်းတိုက်ခိုက်မှု
ဒေသခံများက ပေးပို့သည့် လေကြောင်းတိုက်ခိုက်မှုရုပ်သံဖိုင်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
ပါခွီး (မဇ္စျိမ) ။ ။ယင်းမာပင်မြို့နယ်တွင် ယမန်နေ့ဇူလိုင်လ ၁၂ရက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အထိနာပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များသည် ယင်းမာပင်မြို့နယ်၊ မြို့ကြီးရွာအနီးတွင် ဇူလိုင်လ ၁၂ရက်နေ့ နေ့လည်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
“ တိုက်ပွဲဖြစ်ပြီး Mi 35 နဲ့ နှစ်ကြိမ်လာပစ်တာ။ ရွာကိုမီးရှို့သွားတယ်။အပျက်အစီး အဆုံးအရှုံးက တော့ သေချာမသိရသေးဘူး” ဟု ယင်းမာပင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ညနေ ၄နာရီခန့်နှင့် ၆နာရီခန့်တွင် လေကြောင်းမှ နှစ်ကြိမ်လာရောက်ပစ်ခတ်ပြီး ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများကပြောသည်။ ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုရုပ်သံမှတ်တမ်းဖြစ်ကြောင်း ဒေသခံများကမဇ္စျိမထံပေးပို့သော ဗီဒီယိုဖ်ိုင်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေသည်ကို မြင်တွေ့ရသည်။ မြေပြင်တွင်လည်း ရွာ မီးလောင်နေသည်ကိုတွေ့ရှိရသည်။
မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများရှိသော်လည်း အရေအတွက်မသိရှိရကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ယင်းမာပင်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
မြို့ကြီးရွာမှ ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ ဇူလိုင်လ ၁၃ရက် ညနေအထိ ရွာကို ပြန်မဝင်နိုင်သေးသောကြောင့် ပျက်ဆီးဆုံးရှုံးမှုကို မသိရသေးဟုဆိုသည်။
စစ်ကောင်စီတပ်သည် မြို့ကြီးရွာကိုမီးရှို့ပြီးနောက် ၎င်းတို့အခြေစိုက်သည့် ယင်းမာပင်မြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။တိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသတွင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့များက ယနေ့ ဇူလိုင်လ ၁၃ရက် ညနေ ၂နာရီခန့်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
https://youtu.be/Y5KE6-bxsYc
စာတည်း - မောင်ကြီး
#mizzima
#ယင်းမာပင်မြို့နယ်
#မြို့ကြီးရွာ
#လေကြောင်းတိုက်ခိုက်မှု
ဒေသခံများက ပေးပို့သည့် လေကြောင်းတိုက်ခိုက်မှုရုပ်သံဖိုင်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ယင်းမာပင်၊ မြို့ကြီးရွာအနီးတိုက်ပွဲ စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်
ပါခွီး (မဇ္စျိမ) ။ ။ယင်းမာပင်မြို့နယ်တွင် ယမန်နေ့ဇူလိုင်လ ၁၂ရက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အထိနာပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့သလို ပြည်သူ့ကာကွယ...
👍10🤬4👏3
Media is too big
VIEW IN TELEGRAM
အနောက်အုပ်စုက ရုရှားကိုအနိုင်ယူဖို့ လက်မလျှော့မချင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်မှာမဟုတ်ကြောင်း လာရော့ဗ်ပြော
#internationalnews #Mizzima #Ukraine #Russia #reels #shorts

👍8😁8👏1
မိုးရာသီမှာ လိုက်နာရမည့် အခြေခံကျန်မာရေး ဂရုစိုက်မှု
===================
မိုးရာသီရောက်လာပြီဆိုတာနဲ့ အအေးမိ ဖျားနာတာတွေ အဖြစ်များတတ်ပါတယ်။
ဒါကြောင့် မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှုတွေက ဘာတွေလဲဆိုတာကို အခုဗီဒီယိုလေးမှာ ပြောပြပေးမယ်နော်။
https://youtu.be/uStfu9bFvk0
#မိုးရာသီ
#PSA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
မိုးရာသီရောက်လာပြီဆိုတာနဲ့ အအေးမိ ဖျားနာတာတွေ အဖြစ်များတတ်ပါတယ်။
ဒါကြောင့် မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှုတွေက ဘာတွေလဲဆိုတာကို အခုဗီဒီယိုလေးမှာ ပြောပြပေးမယ်နော်။
https://youtu.be/uStfu9bFvk0
#မိုးရာသီ
#PSA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မိုးရာသီမှာ လိုက်နာရမည့် အခြေခံကျန်မာရေး ဂရုစိုက်မှု
မိုးရာသီရောက်လာပြီဆိုတာနဲ့ အအေးမိ ဖျားနာတာတွေ အဖြစ်များတတ်ပါတယ်။ဒါကြောင့် မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှုတွေက ဘာတွေလဲဆိုတာကို အခုဗီဒီယိ...
❤3😁2
This media is not supported in your browser
VIEW IN TELEGRAM
ပါရာဂွေးရဲ့ရွေးကောက်ခံသမ္မတက ထိုင်ဝမ်ဘက်မှရည်တည်မယ့်အကြောင်း ကတိပြု
#internationalnews #paraguay #reels #shorts #Taiwan #Mizzima

👍14🔥2
ရန်ကုန်တွင် ရာသီတုပ်ကွေးနှင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေ
====================
ရောင်နီ၊ ဂန္ဒမာ
(မဇ္စျိမ)။ ။ ရန်ကုန်တွင် ရာသီတုပ်ကွေးနှင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး ကူးစက်ပြန့်ပွားမှုများလည်းရှိနေကြောင်း ဒေသခံများထံကတစ်ဆင့် သိရသည်။
“ တုပ်ကွေးတွေ ဖြစ်နေကြတာ။ ဆေးရုံမှာဆိုလည်း ဖျားတဲ့သူတွေ ရှိတယ်။ ကိုယ်လက်ကိုက်တာတွေရှိတယ်။ အဖျားကြာချိန်ကတော့ ကိုယ်ခံအားနဲ့ပဲ သက်ဆိုင်ပါတယ်။” ဟု ရန်ကုန်ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုမှ ဆရာ၀န်တစ်ဦးက ပြောသည်။
ဇွန်လ နောက်ဆုံးအပတ်မှ စကာ နေ့စဥ် ရက်ဆက် မိုးရွာသွန်းမှုများရှိခဲ့သည့် ရန်ကုန်မြို့တွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဖျားနာသူ တစ်ဦးမှ တစ်ဦးသို့ ကူးစက်မှုများလည်း ရှိနေပြီး အချို့ အိမ်ထောင်စုများတွင် မိသားစုလိုက် ဖျားနာခြင်းများ ကြုံတွေ့နေရကာ ကလေးသူငယ်များတွင်လည်း အဆုတ်ရောင်ရောဂါဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။
“ ကူးတာကတော့ ရှယ်ကူးတာ။ စကားထိုင်ပြောတာနဲ့ကူးတာပဲ။ ကျွန်တော်ဆို ဖျားနေတဲ့ ဘော်ဒါကို ဟင်းသွားပေးရင်းကနေ ကူးတာ လင်မယားနှစ်ယောက်လုံး ဖျားသွားတယ်။ ဖျားပေမယ့် ကိုဗစ်လိုတော့ မခံရပါဘူး။ နှစ်ရက်လောက်တော့ ခံလိုက်ရတယ်။ တချို့ကျတော့ သုံးလေးရက် ဖျားကြတာရှိတယ်။ အနံ့တွေ ဘာတွေ မပျောက်ဘူး။ ပါးစပ်မပျက်ဘူး။ ” ဟု ရာသီတုပ်ကွေးရောဂါကူးစက်ခံရပြီးနောက် ပြန်လည်သက်သာလာသည့် လမ်းမတော်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့ရှိ ကလေးသူငယ်များတွင်လည်း ရာသီတုပ်ကွေးရောဂါနှင့် အဆုတ်လေပြွန်ရောင်ရောဂါ ကူးစက်ဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။
"ကျွန်မမှာ ခုနစ်နှစ်တစ်ယောက် သုံးနှစ်တစ်ယောက် ကလေးနှစ်ယောက်ရှိတယ်။ အငယ်လေးအရင်ဖျားတယ်။ အထူးကုဆေးခန်းကိုသွားပြလိုက်တယ်။ ရာသီတုပ်ကွေးလို့ပဲ ကောက်ချက်ချတယ်။ အကြီးလေးကတော့ အငယ်လောက်သိပ်မဖြစ်ပါဘူး။ အမေတစ်ယောက်ဖြစ်တဲ့အတွက် အရမ်းကို စိတ်သောက ရောက်ရပါတယ်။ ညတိုင်းမအိပ်ဘဲ ထိုင်ကြည့်နေရတာပါ။" ဟူ၍ ရန်ကုန်မြို့နေ မိခင်တစ်ဦးက ၎င်းကြုံတွေ့ရသည့်အဖြစ်အပျက်ကို ပြောသည်။
ကလေးသူငယ်များတွင်ပါ ပျံ့နှံ့ဖြစ်ပွားနေ၍ အချို့သော ကျောင်းများမှာ ပိတ်ထားခြင်းနှင့် ကလေးမိဘတချို့မှာလည်း ကျောင်းသို့ပို့ရန် စိုးရိမ်ပူပန်စိတ်များဖြစ်ပေါ်နေကြောင်း သိရသည်။
"ကျောင်းတစ်ချို့ကတော့ ပိတ်ထားတာ သိရပါတယ် ။ အမသိသလောက်ကတော့ International school အချို့ပေါ့လေ။ အမသမီး ကျောင်းကတော့ မပိတ်ထားဘူး။ အမလိုပဲ မိဘ အချို့ကတော့ ကျောင်းမပိတ်ပေမယ့် ကျောင်းမပို့ကြဘူးလို့ သိရပါတယ်။ ခုချိန်က ကျောင်းဖွင့်ချိန်ဆိုတော့ ကျောင်းမှာ အများဆုံး ကူးလာကြတာလို့သိရတယ်။ ခုချိန်မှာရာသီတုပ်ကွေးက ကလေးရော လူကြီးရော အရမ်းဖြစ်နေကြတာဆိုတော့ အမကတော့ ကာကွယ်တဲ့ အနေနဲ့ ဒီတစ်ပတ်လုံးကျောင်းနားထားတယ်။ ကျောင်းမပို့ဘူးပေါ့။ ကြားနေရတဲ့ သတင်းတွေကလည်း ကလေးတွေမှာ ပိုစိုးရိမ်ရတယ်။ ဆေးရုံ ဆေးခန်းတွေတောင် လူ ပြည့်နေတယ်ဆိုတာကြောင့် ပိုစိုးရိမ်ပြီး အမသမီးကို ပြနေကြ ဆရာဝန်ကြီးဆီ သွားပြပြီး ဆွေးနွေးထားတယ်။" ဟူ၍ ပြောသည်။
မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဇုန်နိုင်ငံအနေဖြင့် ရာသီတုပ်ကွေးရောဂါ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ဒေါက်တာဆုတောင်းပြည့် က ပြောသည်။
“ ဘယ်တုပ်ကွေးပဲ ဖြစ်ဖြစ် ကျန်းမာတဲ့ လူကြီးတွေ ကလေးတွေမှာ သာမန်လက္ခဏာတွေနဲ့ ပျောက်သွားနိုင်တယ်။ ဒါပေမယ့် ငါးနှစ်အောက်ကလေးတွေနဲ့ အသက် ၆၅ နှစ်အထက် လူကြီးတွေ၊ ကိုယ်၀န်ဆောင်မိခင်တွေ၊ ကိုယ်အင်္ဂါအစားထိုးထားတဲ့သူတွေနဲ့ တခြားရောဂါအခံရှိသူတွေမှာ ဒီလိုတုပ်ကွေးဖြစ်ရင် ရောဂါလက္ခဏာကို ပြင်းပြင်းထန်ထန်ခံစားရနိုင်တယ်။ အသက်အန္တရာယ် စိုးရိမ်ရနိုင်ပါတယ်။ ” ဟု ၎င်းက ပြောသည်။
ရာသီတုပ်ကွေးရောဂါသည့် နှာချေချောင်းဆိုးရာကနေ တစ်ဆင့် ကူးစက်တတ်သည့်အတွက် ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှုကင်းေ၀းစေရန် သတိပြုနေထိုင်ကြရန်လည်း ၎င်းက အကြံပြုသည်။
“ ဖျားနေပြီဆိုတာနဲ့ အိမ်မှာပဲနေပြီး အပြင်မထွက်တာ အကောင်းဆုံးပါပဲ။ မဖြစ်မနေ အပြင်ထွက်ရင်လည်း မတ်စ်တပ်တာ၊ လက်ဆေးတာတွေကို သတိထားပြီး လုပ်ပေးသင့်တယ်။ အာဟာပြည့်အောင် စားမယ်။ အိမ်ရေး၀၀ အိပ်ရမယ်။ လူစုလူေ၀းရှိတဲ့နေရာတွေကို ရှောင်ပြီး ကူးစက်မှုကို ရှောင်ရှားလို့ ရပါတယ်။” ဟု တယ်လီကျန်းမာအွန်လိုင်းဆေးခန်းမှ ဒေါက်တာဆုတောင်းပြည့်က ပြောသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#တယ်လီကျန်းမာ
#ရန်ကုန်
#ရာသီတုပ်ကွေး
#အဆုတ်ရောင်
ပုံစာ - ရန်ကုန်ပြည်သူဆေးရုံကြီးရှေ့တွင် နှာခေါင်းစည်းတပ်ကာ လမ်းလျှောက်နေကြသူများ။ (ပုံ - အဟောင်း)

👍18❤3🔥1