Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
တစ်ဖက်သတ်အသာစီးယူထားတဲ့ရွေးကောက်ပွဲမှာ ကမ္ဘောဒီးယားရဲ့ပါတီငယ်တွေ ဒီမိုကရေစီအတွက် မျှော်လင့်ချက်မဲ့နေ

#internationalnews #Cambodia #Mizzima #reels #shorts
👍6👎3
ယင်းမာပင်၊ မြို့ကြီးရွာအနီးတိုက်ပွဲ စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်
=====================

ပါခွီး (မဇ္စျိမ) ။ ။ယင်းမာပင်မြို့နယ်တွင် ယမန်နေ့ဇူလိုင်လ ၁၂ရက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အထိနာပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များသည် ယင်းမာပင်မြို့နယ်၊ မြို့ကြီးရွာအနီးတွင် ဇူလိုင်လ ၁၂ရက်နေ့ နေ့လည်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

“ တိုက်ပွဲဖြစ်ပြီး Mi 35 နဲ့ နှစ်ကြိမ်လာပစ်တာ။ ရွာကိုမီးရှို့သွားတယ်။အပျက်အစီး အဆုံးအရှုံးက တော့ သေချာမသိရသေးဘူး” ဟု ယင်းမာပင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ညနေ ၄နာရီခန့်နှင့် ၆နာရီခန့်တွင် လေကြောင်းမှ နှစ်ကြိမ်လာရောက်ပစ်ခတ်ပြီး ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများကပြောသည်။ ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုရုပ်သံမှတ်တမ်းဖြစ်ကြောင်း ဒေသခံများကမဇ္စျိမထံပေးပို့သော ဗီဒီယိုဖ်ိုင်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေသည်ကို မြင်တွေ့ရသည်။ မြေပြင်တွင်လည်း ရွာ မီးလောင်နေသည်ကိုတွေ့ရှိရသည်။

မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများရှိသော်လည်း အရေအတွက်မသိရှိရကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ယင်းမာပင်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

မြို့ကြီးရွာမှ ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ ဇူလိုင်လ ၁၃ရက် ညနေအထိ ရွာကို ပြန်မဝင်နိုင်သေးသောကြောင့် ပျက်ဆီးဆုံးရှုံးမှုကို မသိရသေးဟုဆိုသည်။

စစ်ကောင်စီတပ်သည် မြို့ကြီးရွာကိုမီးရှို့ပြီးနောက် ၎င်းတို့အခြေစိုက်သည့် ယင်းမာပင်မြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။တိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသတွင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့များက ယနေ့ ဇူလိုင်လ ၁၃ရက် ညနေ ၂နာရီခန့်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

https://youtu.be/Y5KE6-bxsYc

စာတည်း - မောင်ကြီး

#mizzima
#ယင်းမာပင်မြို့နယ်
#မြို့ကြီးရွာ
#လေကြောင်းတိုက်ခိုက်မှု
ဒေသခံများက ပေးပို့သည့် လေကြောင်းတိုက်ခိုက်မှုရုပ်သံဖိုင်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🤬4👏3
Media is too big
VIEW IN TELEGRAM
အနောက်အုပ်စုက ရုရှားကိုအနိုင်ယူဖို့ လက်မလျှော့မချင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်မှာမဟုတ်ကြောင်း လာရော့ဗ်ပြော

#internationalnews #Mizzima #Ukraine #Russia #reels #shorts
👍8😁8👏1
မိုးရာသီမှာ လိုက်နာရမည့် အခြေခံကျန်မာရေး ဂရုစိုက်မှု
===================

မိုးရာသီရောက်လာပြီဆိုတာနဲ့ အအေးမိ ဖျားနာတာတွေ အဖြစ်များတတ်ပါတယ်။

ဒါကြောင့် မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှုတွေက ဘာတွေလဲဆိုတာကို အခုဗီဒီယိုလေးမှာ ပြောပြပေးမယ်နော်။

https://youtu.be/uStfu9bFvk0

#မိုးရာသီ
#PSA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤3😁2
This media is not supported in your browser
VIEW IN TELEGRAM
ပါရာဂွေးရဲ့ရွေးကောက်ခံသမ္မတက ထိုင်ဝမ်ဘက်မှရည်တည်မယ့်အကြောင်း ကတိပြု

#internationalnews #paraguay #reels #shorts #Taiwan #Mizzima
👍14🔥2
​​ရန်ကုန်တွင် ရာသီတုပ်ကွေးနှင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေ
====================

ရောင်နီ၊ ဂန္ဒမာ
(မဇ္စျိမ)။ ။ ရန်ကုန်တွင် ရာသီတုပ်ကွေးနှင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး ကူးစက်ပြန့်ပွားမှုများလည်းရှိနေကြောင်း ဒေသခံများထံကတစ်ဆင့် သိရသည်။

“ တုပ်ကွေးတွေ ဖြစ်နေကြတာ။ ဆေးရုံမှာဆိုလည်း ဖျားတဲ့သူတွေ ရှိတယ်။ ကိုယ်လက်ကိုက်တာတွေရှိတယ်။ အဖျားကြာချိန်ကတော့ ကိုယ်ခံအားနဲ့ပဲ သက်ဆိုင်ပါတယ်။” ဟု ရန်ကုန်ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုမှ ဆရာ၀န်တစ်ဦးက ပြောသည်။

ဇွန်လ နောက်ဆုံးအပတ်မှ စကာ နေ့စဥ် ရက်ဆက် မိုးရွာသွန်းမှုများရှိခဲ့သည့် ရန်ကုန်မြို့တွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဖျားနာသူ တစ်ဦးမှ တစ်ဦးသို့ ကူးစက်မှုများလည်း ရှိနေပြီး အချို့ အိမ်ထောင်စုများတွင် မိသားစုလိုက် ဖျားနာခြင်းများ ကြုံတွေ့နေရကာ ကလေးသူငယ်များတွင်လည်း အဆုတ်ရောင်ရောဂါဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။

“ ကူးတာကတော့ ရှယ်ကူးတာ။ စကားထိုင်ပြောတာနဲ့ကူးတာပဲ။ ကျွန်တော်ဆို ဖျားနေတဲ့ ဘော်ဒါကို ဟင်းသွားပေးရင်းကနေ ကူးတာ လင်မယားနှစ်ယောက်လုံး ဖျားသွားတယ်။ ဖျားပေမယ့် ကိုဗစ်လိုတော့ မခံရပါဘူး။ နှစ်ရက်လောက်တော့ ခံလိုက်ရတယ်။ တချို့ကျတော့ သုံးလေးရက် ဖျားကြတာရှိတယ်။ အနံ့တွေ ဘာတွေ မပျောက်ဘူး။ ပါးစပ်မပျက်ဘူး။ ” ဟု ရာသီတုပ်ကွေးရောဂါကူးစက်ခံရပြီးနောက် ပြန်လည်သက်သာလာသည့် လမ်းမတော်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ ကလေးသူငယ်များတွင်လည်း ရာသီတုပ်ကွေးရောဂါနှင့် အဆုတ်လေပြွန်ရောင်ရောဂါ ကူးစက်ဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။

"ကျွန်မမှာ ခုနစ်နှစ်တစ်ယောက် သုံးနှစ်တစ်ယောက် ကလေးနှစ်ယောက်ရှိတယ်။ အငယ်လေးအရင်ဖျားတယ်။ အထူးကုဆေးခန်းကိုသွားပြလိုက်တယ်။ ရာသီတုပ်‌ကွေးလို့ပဲ ကောက်ချက်ချတယ်။ အကြီးလေးကတော့ အငယ်လောက်သိပ်မဖြစ်ပါဘူး။ အမေတ​စ်ယောက်ဖြစ်တဲ့အတွက် အရမ်းကို စိတ်သောက ရောက်ရပါတယ်။ ညတိုင်းမအိပ်ဘဲ ထိုင်ကြည့်နေရတာပါ။" ဟူ‌၍ ရန်ကုန်မြို့နေ မိခင်တစ်ဦးက ၎င်းကြုံတွေ့ရသည့်အဖြစ်အပျက်ကို ပြောသည်။
ကလေးသူငယ်များတွင်ပါ ပျံ့နှံ့ဖြစ်ပွားနေ၍ အချို့သော ကျောင်းများမှာ ပိတ်ထားခြင်းနှင့် ကလေးမိဘတချို့မှာလည်း ကျောင်းသို့ပို့ရန် စိုးရိမ်ပူပန်စိတ်များဖြစ်ပေါ်နေကြောင်း သိရသည်။

"ကျောင်းတစ်ချို့ကတော့ ပိတ်ထားတာ သိရပါတယ် ။ အမသိ‌သလောက်ကတော့ International school အချို့ပေါ့လေ။ အမသမီး ကျောင်းကတော့ မပိတ်ထားဘူး။ အမလိုပဲ မိဘ အချို့ကတော့ ကျောင်းမပိတ်ပေမယ့် ကျောင်းမပို့ကြဘူးလို့ သိရပါတယ်။ ခုချိန်က ကျောင်းဖွင့်ချိန်ဆိုတော့ ကျောင်းမှာ အများဆုံး ကူးလာကြတာလို့သိရတယ်။ ခုချိန်မှာရာသီတုပ်ကွေးက ကလေးရော လူကြီးရော အရမ်းဖြစ်နေကြတာဆိုတော့ အမကတော့ ကာကွယ်တဲ့ အနေနဲ့ ဒီတစ်ပတ်လုံးကျောင်းနားထားတယ်။ ကျောင်းမပို့ဘူးပေါ့။ ကြားနေရတဲ့ သတင်းတွေကလည်း ကလေးတွေမှာ ပိုစိုးရိမ်ရတယ်။ ဆေးရုံ ဆေးခန်းတွေတောင် လူ ပြည့်နေတယ်ဆိုတာကြောင့် ပိုစိုးရိမ်ပြီး အမသမီးကို ပြနေကြ ဆရာဝန်ကြီးဆီ သွားပြပြီး ဆွေးနွေးထားတယ်။" ဟူ၍ ပြောသည်။

မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဇုန်နိုင်ငံအနေဖြင့် ရာသီတုပ်ကွေးရောဂါ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ဒေါက်တာဆုတောင်းပြည့် က ပြောသည်။

“ ဘယ်တုပ်ကွေးပဲ ဖြစ်ဖြစ် ကျန်းမာတဲ့ လူကြီးတွေ ကလေးတွေမှာ သာမန်လက္ခဏာတွေနဲ့ ပျောက်သွားနိုင်တယ်။ ဒါပေမယ့် ငါးနှစ်အောက်ကလေးတွေနဲ့ အသက် ၆၅ နှစ်အထက် လူကြီးတွေ၊ ကိုယ်၀န်ဆောင်မိခင်တွေ၊ ကိုယ်အင်္ဂါအစားထိုးထားတဲ့သူတွေနဲ့ တခြားရောဂါအခံရှိသူတွေမှာ ဒီလိုတုပ်ကွေးဖြစ်ရင် ရောဂါလက္ခဏာကို ပြင်းပြင်းထန်ထန်ခံစားရနိုင်တယ်။ အသက်အန္တရာယ် စိုးရိမ်ရနိုင်ပါတယ်။ ” ဟု ၎င်းက ပြောသည်။

ရာသီတုပ်ကွေးရောဂါသည့် နှာချေချောင်းဆိုးရာကနေ တစ်ဆင့် ကူးစက်တတ်သည့်အတွက် ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှုကင်းေ၀းစေရန် သတိပြုနေထိုင်ကြရန်လည်း ၎င်းက အကြံပြုသည်။

“ ဖျားနေပြီဆိုတာနဲ့ အိမ်မှာပဲနေပြီး အပြင်မထွက်တာ အကောင်းဆုံးပါပဲ။ မဖြစ်မနေ အပြင်ထွက်ရင်လည်း မတ်စ်တပ်တာ၊ လက်ဆေးတာတွေကို သတိထားပြီး လုပ်ပေးသင့်တယ်။ အာဟာပြည့်အောင် စားမယ်။ အိမ်ရေး၀၀ အိပ်ရမယ်။ လူစုလူေ၀းရှိတဲ့နေရာတွေကို ရှောင်ပြီး ကူးစက်မှုကို ရှောင်ရှားလို့ ရပါတယ်။” ဟု တယ်လီကျန်းမာအွန်လိုင်းဆေးခန်းမှ ဒေါက်တာဆုတောင်းပြည့်က ပြောသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#တယ်လီကျန်းမာ
#ရန်ကုန်
#ရာသီတုပ်ကွေး
#အဆုတ်ရောင်

ပုံစာ - ရန်ကုန်ပြည်သူဆေးရုံကြီးရှေ့တွင် နှာခေါင်းစည်းတပ်ကာ လမ်းလျှောက်နေကြသူများ။ (ပုံ - အဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤3🔥1
​​ထိုင်းလွှတ်တော်အစည်းအဝေးတွင် ဖိထာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အဆိုပြု
=====================

ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် ဆွေးနွေးရန်နှင့် မဲခွဲဆုံးဖြတ်ရန် အထက်နှင့် အောက်လွှတ်တော်နှစ်ရပ်၏ ပူးတွဲအစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၁၃ ရက် မနက်ပိုင်းတွင် စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ရှေ့သို့ချီပါတီ (MFP) ခေါင်းဆောင် ဖိထာ လင်မ်ဂျရွန်ရတ်က တစ်ဦးတည်းသော ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း ဖြစ်သည်ဟု သိရသည်။
လွှတ်တော်အစည်းအဝေးတွင် ဖျူထိုင်းပါတီခေါင်းဆောင် ချော်လ်နန် ဆရီကောက အောက်လွှတ်တော်ကိုယ်စားလှယ် ၃၀၂ ဦးနှင့် ထောက်ခံမှုနှင့်အတူ မစ္စတာဖိထာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အဆိုပြုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဝန်ကြီးချုပ် ဖြစ်လာရန် အောက်လွှတ်တော် အမတ် ၅၀၀ နှင့် အထက်လွှတ်တော်အမတ် (ဆိနိတ်တာ) ၂၅၀ ဦးတို့ထံမှ အနည်းဆုံး ထောက်ခံမဲ ၃၇၆ မဲ ရရှိရန် လိုသည်။ လက်ရှိတွင် ညွန့်ပေါင်းမဟာမိတ်ပါတီ ရှစ်ခုသည် အောက်လွှတ်တော်၌ မဲ ၃၁၂ မဲ ရှိနေသည်။
👍18👏3🔥2
မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် CDM ဆရာမနှစ်ဦး ပြန်လည်လွတ်မြောက်
👍15❤2😁2
မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် CDM ဆရာမနှစ်ဦး ပြန်လည်လွတ်မြောက်
==================

ရောင်နီ
(မဇ္စျိမ)။ ။မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် CDM ဆရာမနှစ်ဦး ပြန် လည်လွတ်မြောက်လာကြောင်း လိုက်ပါဆောင်ရွက်ပေးခဲ့သည့် NLD(OC) International Malaysia Kepong ရုံးမှ အလုပ်သမားရေးရာတာ၀န်ခံက မဇ္စျိမကို ပြောသည်။
မလေးရှားနိုင်ငံ၊ Selangor ပြည်နယ်၊ Teman Dessa မြို့ရှိ တိုက်တန်းလျားတခုကို မလေးရှားလူ၀င်မှု ကြီးကြပ်ရေးအဖွဲ့က မေလ ၂၄ ရက်နေ့တွင် ၀င်ရောက်စီးနင်းရှာဖွေခဲ့ရာ အထောက်အထားမဲ့ နေထိုင်နေ သည့် အင်ဒိုနီးရှားနိုင်ငံသားသုံးဦး၊ CDM ဆရာမနှစ်ဦးအပါအ၀င် မြန်မာနိုင်ငံသား စုစုပေါင်း ၄၀ ကျော် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံခဲ့ရသူများထဲမှ CDM ဆရာမနှစ်ဦး ပြန်လည်လွတ်မြောက်ရေးအတွက် NLD OC International Malaysia မှ တာ၀န်ရှိသူများက UN ရုံးနှင့်ချိတ်ဆက်ကာ ကူညီလုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

“ နေအိမ်မှာ၀င်ဖမ်းတာ တိုက်ကြီးအားလုံးကို တခန်း၀င်တခန်းထွက်၀င်စစ်ရင်း ဖမ်းဆီးခံရတာ၊ ဆရာမ နှစ်ဦးက UN ကတ်လျှောက်ထားဆဲကာလမှာ အဖမ်းခံရတဲ့အတွက် ချက်ချင်းအကာကွယ်မရခဲ့ဘူး။ ဒါပေ မယ့် UN က ရှေ့နေကလည်း လိုက်ပေးတယ်၊ ကျွန်တော်တို့ဘက်ကလည်း ရှေ့နေနဲ့လိုက်တယ်။ အခု တော့ UN ကတ်လည်းရသွားပြီ။ UN ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ် ” ဟု NLD OC International Malaysia Kepong ရုံးမှ အလုပ်သမားရေးရာ တာ၀န်ခံ ကိုမင်းဇော်မင်းထိုက်က ပြောသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဆရာမနှစ်ဦးမှာ အသက် ၄၀ ၀န်းကျင်အရွယ် အထက်တန်းပြ ဆရာမတဦးနှင့် မူလတန်းပြဆရာမတဦးတို့ ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် စစ်ကောင်စီကအာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါ၀င်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေထိုင်ရာမှတဆင့် မလေးရှားနိုင်ငံသို့ အထောက်အထားမဲ့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့နေထိုင်နေစဥ် မလေးရှားနိုင်ငံ လူ၀င်မှုကြီးကြပ်ရေးအဖွဲ့၏ဖမ်းဆီးမှုကိုခံရကာ အကျဉ်းထောင် အတွင်း နှစ်လကျော်ကြာထိန်းသိမ်းခံရပြီးနောက် ရုံးချိန်းသုံးကြိမ်မြောက်ရင်ဆိုင်ပြီးချိန်တွင် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

“ NLD OC International Malaysia ကို အရမ်းကျေးဇူးတင်ပါတယ်။ ဖမ်းခံရတာကလည်း အိပ်နေတဲ့ အချိန်ကြီး ရုတ်တရက်လာဖမ်းတာဆိုတော့ ဘယ်မှလည်း ဆက်သွယ်မရခဲ့ဘူး။ သူငယ်ချင်းတွေက ဒီအဖွဲ့ ကို အကူအညီတောင်းတဲ့အတွက် ပြန်လွတ်မြောက်လာတာပါ” ဟု လွတ်မြောက်လာသည့် CDM အထက် တန်းပြဆရာမက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း စီးပွားရေးကျပ်တည်းမှုများ ကြောင့် ပြည်သူအချို့ ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံများတွင် မလေးရှားနိုင်ငံ လည်း ပါ၀င်သည်။

ထိုသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများတွင် တရား၀င်လမ်းကြောင်းမှ သွားရောက် သူများရှိသလို တရားမ၀င် နယ်စပ်များမှ တဆင့် မလေးရှားနိုင်ငံသို့ ၀င်ရောက်သူများလည်း ရှိသည်။

တရားမ၀င် ၀င်ရောက်သူများကို မလေးရှား လ၀ကမှ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး နယ်စပ်ရှိ အကျဥ်းထောင်အများစုတွင် မြန်မာနိုင်ငံသားများဖြင့် ပြည့်နှက်နေကြောင်း သိရသည်။
“အထောက်အထားမဲ့နဲ့ မလေးရှားကို မလာသင့်ဘူး။ အခုအချိန်မှာ အဖမ်းအဆီးက နေ့စဥ်လိုလို ရှိနေ တယ်။ လွတ်လာတဲ့သူတွေနဲ့ မလေးရှားကို ရောက်နေတဲ့သူတွေက လူနည်းစုပဲရှိတယ်။ ပွဲစားတွေက လည်း အရမ်းပေါ့ဆတာ၊ တချို့ ဖမ်းခံရသူတွေဆို မလေးရှားနိုင်ငံတွင်းက ကားဂိတ်တွေမှာ အဖွဲ့လိုက်ထားတော့ ဖမ်းမိတာမျိုးတွေရှိနေတာ ဖြစ်ပါတယ်” ဟု NLD OC Malaysia မှ အလုပ်သမား ရေးရာတာ၀န်ခံက ပြောသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မလေးရှားနိုင်ငံ
#CDMဆရာမ
#တရားမ၀င်နေထိုင်မှု

ပုံစာ - ပြန်လည်လွတ်မြောက်လာသည့် CDM ဆရာမနှစ်ဦး။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21👏3❤2😁2🥰1
မြန်မာ့ကျောက်စိမ်းအပါအဝင်သတ္တုတွင်းထွက်တင်ပို့မှု၂၈%ခန့်လျော့ကျ| BusinessRoundUp(13July2023)
=====================

မြန်မာ့ကျောက်စိမ်းအပါအဝင် သတ္တုတွင်းထွက်တင်ပို့မှု ၂၈ ရာခိုင်နှုန်းခန့် လျော့ကျ

ဆန်၊ အိမ်သုံးဆေးဝါးနှင့် စက်သုံဆီ ဈေးနှုန်းများဆက်တိုက် မြင့်တတ်နေ

၅စက္ကန့်တိုင်း ဘောလုံးကွင်းတစ်ကွင်းနီးပါး သစ်တောများ ဆုံးရှုံးခဲ့
၂၀၃၀ ခုနှစ်မှာ မြန်မာနိုင်ငံ လူဦးရေ ၅၉ ဒသမ ၃ သန်းကျော်ခန့်ရှိလာမည်ဟုခန့်မှန်း

https://youtu.be/9wxQLjn-oL8

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥4
ဆက်လက်ချီတက်နေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ်
====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးရှိ ကျေးရွာများမှစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၁၃ရက် ယနေ့တွင် ဆက်လက်ချီတက်ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်အလိုမရှိ ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး အထူးအစီအစဉ်အဖြစ် CDM သူရဲကောင်းများအတွက် လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။
ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၄၃ ရက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#ကျေးရွာပေါင်းစုံ
#စစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤5🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
July - 13 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍6😁2
PDF သင်တန်းဆင်းပွဲရှိလို့ လေကြောင်းတိုက်တာပါဆိုတဲ့ စစ်ကောင်စီ စွပ်စွဲချက် ရေမျက်ဒေသခံတွေ ငြင်းဆို
================

MTO ။ ။ရေမျက်ရွာတိုက်ခိုက်မှုဟာ PDF တွေရှိလို့ တိုက်တာပါဆိုတဲ့ စစ်ကောင်စီပြောဆိုမှု အပေါ်ဒေသခံတွေက ငြင်းဆို လိုက်ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက ရေမျက်ရွာ စာသင်ကျောင်း နဲ့ ဘုန်းကြီးကျောင်းနေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်လေယာဉ်တွေ နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ စစ်ကောင်စီဘက်က သူတို့ရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ PDF တွေ ရှိလို့ တိုက်ခိုက်တာဆိုပြီး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက ရေမျက်ရွာကိုတိုက်ခိုက်ခဲ့ချိန်ဟာ ပုံမှန်အားဖြင့် ကလေးသူငယ်တွေ ကို စာသင်နေချိန်ဖြစ်ပေမယ့် အဲ့နေမနက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းသူကျောင်း သားတွေ ကို ပြန်လွှတ်လိုက်ချိန်ဖြစ်လို့ ကလေးသူငယ်တွေ ဘေးကင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

https://youtu.be/NwYBhs-3-Ik

တည်းဖြတ်၊ တင်ဆက် MTO

#ရေမျက်ရွာ
#လေကြောင်းတိုက်ခိုက်
#PDF
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥4😁1🤬1
ဇူလိုင်လ (၁၃)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:00 - ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ နိုင်ငံရေးလုပ်ကြံမှုဖြစ်ကြောင်း NUG ပြောတဲ့သတင်း

02:44 - ထားဝယ်မြို့ ဇဟာရွာအနီး စစ်ကားပစ်ခတ်ခံရပြီး အရာရှိအပါဝင် ၃ ဦး သေဆုံးတဲ့သတင်း

04:26 - မြန်မာနိုင်ငံအကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းဖို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားတိုက်တွန်းတဲ့သတင်း

06:33 - နိုင်ငံအေးချမ်းတဲ့အချိန် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်ထပ်ပြောပြန်တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/b3qdJecJzPE

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍4😁2👎1
This media is not supported in your browser
VIEW IN TELEGRAM
နီပေါ ကမ္ဘာလှည့်ခရီးသွားဝန်ဆောင်မှု ရဟတ်ယာဉ် ပျက်ကျပြီး ၆ ဦးသေဆုံး

#Nepal #internationalnews #Mizzima #reels #shorts
😢7👍2