Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါနို့ကူးစစ်ရှောင်စခန်းဗုံးကြဲခံရပြီး သေဆုံးသူရှိ
🤬19😢3🔥2😁2
ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါနို့ကူးစစ်ရှောင်စခန်းဗုံးကြဲခံရပြီး သေဆုံးသူရှိ
====================

ဂျူချန်း
(မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာနယ်စပ်အနီး မယ်စဲ့မြို့နယ်ရှိ ဒေါနို့ကူးစစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အသက် ၃၀ နှစ်အရွယ် စစ်ရှောင်တစ်ဦးသေဆုံးခဲ့ကာ စစ်ရှောင်စာသင်ကျောင်းပါပျက်စီးခဲ့ရကြောင်း စစ်ရှောင်အရေးကူညီပေးနေသူအချို့ထံမှ သိရသည်။

ဒေါနူးခူ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီမှ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်စောစော ၁ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဗုံးခြောက်ကြိမ်လာကြဲခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲမှုကြောင့် အခြားစစ်ရှောင် ငါးဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည့်အပြင် ပျက်စီးခဲ့ရသည့် ဆယ်သဲစစ်ရှောင်စာသင်ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား ၂၀၀ ခန့် ပညာသင်ကြားနေကြောင်း ဆိုသည်။

“ စာသင်ကျောင်းက တစ်ကျောင်းလုံးပျက်စီးသွားတယ်။ ပထမနှစ်၊ ဒုတိယနှစ် ထားထားတယ်၊ ကျောင်းသား ၂၀၀ ကျော်လောက်ရှိမယ်” ဟု စစ်ရှောင်အရေးကူညီပေးနေသည့် သတင်းရင်းမြစ်က ပြောသည်။

ဆယ်သဲစာသင်ကျောင်းတွင် တက္ကသိုလ်ဆက်မတက်ဖြစ်သည့် ကျောင်းသူ၊ ကျောင်းသားများအား အင်္ဂလိပ်စာ၊ ကရင်နီဘာသာ၊ လူမှုရေးသိပ္ပံ၊ စီမံခန့်ခွဲမှုဘာသာရပ်နှင့် ကွန်ပြူတာဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်းကို ၂၀၁၃ ခုနှစ် ဇွန်လတွင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ စတင်တည်ထောင်ခဲ့ပြီး ကရင်နီပြည်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် မယ်စဲ့ဘက်သို့ ပြောင်းရွှေ့ခဲ့သည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဟုဆိုသည်။

ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကောက်ယူထားသည့်စာရင်းများအရ စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းဘက်သို့စစ်ရှောင်သူ ၃,၅၉၁ ဦးရှိရာ ထိုင်းအာဏာပိုင်များမှ ယာယီခိုလှုံခွင့်ပြုထားကြောင်း ကရင်နီဒုက္ခသည်ကော်မတီမှ သိရသည်။

စစ်ဘေးရှောင်သူများအနက် အသက် ခုနစ်လအောက် ကလေးငယ် ၁၀ ဦးပါဝင်ပြီး ငါးနှစ်အောက်ကလေးငယ် ၂၅၇ ဦး၊ ကိုယ်ဝန်ဆောင် ၂၀ ဦးနှင့် သက်ကြီးရွယ်အို ၁၆၈ ဦး ပါဝင်ကြောင်း သိရသည်။
“ ဒီရက် (ဇူလိုင် ၁၂ ရက်) မှာပဲ သွေးတိုးတာလား၊ စိတ်ထိခိုက်လို့လားမသိဘူး၊ တစ်ယောက်ထပ်ဆုံးသွားသေးတယ်၊ ထွက်ပြေးလာရင်းနဲ့ပေါ့။ တချို့ကတော့ ပြေးတုန်းပဲ ရှိသေးတယ်။ ရှုပ်ယှက်ခတ်နေတဲ့ ကာလမှာပဲ ရှိပါသေးတယ်” ဟု အရေးပေါ်ကယ်ဆယ်ရေး ဆက်စပ်ဆောင်ရွက်မှုအဖွဲ့ (CTER-Karenni) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းအာဏာပိုင်များဘက်မှ စစ်ရှောင်များကို ရေရှည်ပေးနေရန်မရှိသော်လည်း လတ်တလောတွင် တဲများထိုးကာ ရပ်ကွက်အလိုက်ပေးနေထားကြောင်းဆိုသည်။ သို့သော် စစ်ရှောင်များအသုံးပြုရန်အတွက် ရေအိမ်၊ သုံးရန်ရေကဲ့သို့ အခြေခံလိုအပ်ချက်များရရှိရန် ကျန်ရှိနေသေးကြောင်းသိရသည်။

လက်ရှိ စစ်ဘေးရှောင်များ စားသောက်ရန်အတွက် စခန်းကော်မတီနှင့် ရပ်ကွက်ကော်မတီမှ ပူးပေါင်းကာ စေတနာ့ဝန်ထမ်းများဖြင့် ချက်ပြုတ်ကျွေးမွေးထားသော်လည်း စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ လိုအပ်နေဆဲဟုလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ဒေါနို့ကူး
#စစ်ရှောင်စခန်း
#ဗုံးကြဲခံရ
#မယ်စဲ့
#ကရင်နီ
#ထိုင်းနယ်စပ်

ဓါတ်ပုံ- CTER-Karenni
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬23👍18😢3❤1🔥1
ဇူလိုင်လ (၁၄)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
=============================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာ မွတ်ဝီနိုင်းရဲ့ ပြောကြားချက်ဟာ နိုင်ငံရေးလုပ်ကြံမှု တစ်ခုဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ ကပြောဆိုလိုက်တဲ့ သတင်းနဲ့အတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က ဇဟာရွာအနီးမှာရှိတဲ့ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကားတစ်စီးပစ်ခတ်ခံရပြီး အရာရှိအပါဝင် ၃ ဦး သေဆုံးခဲ့တဲ့ သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲဒါပြီးရင်တော့ အစီအစဉ်သစ်တခုအဖြစ် “Post Mocha” ဆိုတဲ့ခေါင်းစဉ်နဲ့ မိုခါအလွန် ရခိုင်ဒေသအခြေအနေတွေအကြောင်းကို နားဆင်ရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “ကျန်းမာသုတလူမှုဘဝ“ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/mXykOemkQIM

#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၃ | VOA On Mizzima
======================

ထိုင်းနိုင်ငံရေး နောက်ဆုံးအခြေအနေ သုံးသပ်ချက်နဲ့ ယူကရိန်းစစ်က လွတ်မြောက်လာတဲ့ ကလေးတွေရဲ့ဘဝအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/gWaqvFEpwFw

#VOA
#mizzimatv

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥2
အာဆီယံနိုင်ငံတွေနဲ့ မြန်မာ့အရေး (ဆောင်းပါး)
==================

လက်ရှိအချိန်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပနေပြီး အဲဒီအစည်းအဝေး တွေမှာ မြန်မာပြည်အရေးနဲ့ တောင်တရုတ်ပင်လယ် အရေးက လွှမ်းမိုးနေတယ်လို့ သိရပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့တော့ အာဆီယံနိုင်ငံတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ တချို့သော အာဆီယံနိုင်ငံတွေက မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်လိုပြီး တချို့နိုင်ငံတွေ ကတော့ ထိတွေ့ဆက်ဆံမှု မလုပ်ချင်တာမျိုးဖြစ်နေတဲ့အတွက် ဆုံးဖြတ်ချက် တညီတညာတည်း မချနိုင်ဘဲ ဖြစ်နေတယ်လို့ နိုင်ငံခြား သတင်းဌာနတွေက ရေးသားကြပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာပြည်ကိုယ်စားပြု ခုံနေရာကတော့ လစ်လပ်နေဆဲ ဖြစ်နေတာပါ။
ဒီလို သဘောထား မညီဘဲ ဖြစ်နေတာဟာ မြန်မာပြည်အရေး ပြေလည်ဖို့၊ မြန်မာပြည်သူတွေရဲ့ လိုလားမှု ပြည့်ဝစေဖို့ နှောင့်နှေးစေနိုင်ပါတယ်။

https://youtu.be/bnzL_bTdcEc

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥5🤮1
ဗောဓိညောင်ရဲ့အကျိုးကျေးဇူးများ
=============

-ဗောဓိညောင်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ဗောဓိညောင်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ဗောဓိညောင်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/ik9hxoe75Vo

#Nature
#NatureArticle
#VideoNews
#MizzmaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁1🌭1
ထိုင်းနိုင်ငံရေး နောက်ဆုံးအခြေအနေ သုံးသပ်ချက် | VOA On Mizzima
=================

ပြီးခဲ့တဲ့ ထိုင်း ရွေးကောက်ပွဲမှာ မဲ အများစု အနိုင်ရထားတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်တင်မြှောက်ဖို့ လွှတ်တော်မှာ ဒီကနေ့ မွဲခွဲ ခဲ့ကြပေမဲ့ ထောက်ခံမဲ အလုံအလောက် မရခဲ့ပါဘူး။ တိုးတက်တဲ့ ပြုပြင်ပြောင်းလဲရေး အမြင်ရှိသူအဖြစ် သတ်မှတ်ခံထားရပြီး ထိုင်းပြည်သူတွေရဲ့ ထောက်ခံမှု အများဆုံး ရထားတဲ့ Pita ဝန်ကြီးချုပ်သစ် ဖြစ်မလာရင် ကန့်ကွက် ဆန္ဒပြပွဲတွေ လုပ်သွားမယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုထားကြတာပါ။ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ထိုင်းနိုင်ငံရေး အခြေအနေ၊ ရှေ့ဆက် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။  

https://youtu.be/MohEEPT752k


#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤1🔥1😁1🤣1
Media is too big
VIEW IN TELEGRAM
Nature Article |ဗောဓိညောင်က သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/ik9hxoe75Vo

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍3😁1🌭1
ယူကရိန်းစစ်က လွတ်မြောက်လာတဲ့ ကလေးတွေရဲ့ဘဝ | VOA On Mizzim
===================

ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့ အချိန်ကစလို့ Donbas ဒေသ Vuhledar က မိန်းကလေးတစ်ဦးအပါအဝင် ယူကရိန်းကလေး ၆၀၀၀၀ ကို Lviv မြို့ St. Nicholas ကလေးဆေးရုံမှာ ကုသပေးခဲ့တဲ့အကြောင်း Omelyan Oshchudlyak သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/BaEFEhXdl-w

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းပြုပြင်ပြောင်းလဲရေးသမား ပီတလင်ဂျာရိုနတ် ဝန်ကြီးချုပ်အသစ်မဲပေးရွေးချယ်မှုမှာရှုံးနိမ့်

#internationalnews #reels #shorts #Thiland #Mizzima
🔥4👍3😁1
တောရိုင်းသတ္တဝါ ကားတိုက်ခံရမှု ဆောင်ရန်၊ ရှောင်ရန် | VOA On Mizzima
==================

သြစတြေးလျနိုင်ငံမှာ ခြောက်သွေ့ရာသီရောက်ရင် လမ်းမတွေပေါ်မှာ ကားတိုက်ခံရတဲ့ တိရိစ္ဆာန်အကောင်ရေ များလာတာကို တွေ့ရပါတယ်။ ကားမောင်းသူတွေအနေနဲ့ တောရိုင်းသတ္တဝါတွေကို ကားနဲ့မတိုက်မိအောင် ဆောင်ရန်၊ ရှောင်ရန်တွေကို ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/1Tfyglpb_Tw
 
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁4👍2
This media is not supported in your browser
VIEW IN TELEGRAM
ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြမှုတွေဖြစ်ပွား

#internationalnews #reels #shorts #Mizzima
🔥5👍4👏1