Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ်ပိတ်သိမ်းမည်ဆိုသော သတင်းမှား
=======================

JC
(မဇ္ဈိမ)။ ။ပြည်ပနိုင်ငံသို့ရောက် မြန်မာနိုင်ငံသားများ စစ်ကောင်စီကိုမထောက်ခံပါက နိုင်ငံကူးလက်မှတ် များ ပိတ်သိမ်းသွားမည်ဆိုသောသတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

“chantara640” ဟူသည့် TitTok အကောင့်မှ “ပြည်ပနိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ နိုင်ငံသားတွေ အကြမ်းဖက်စစ်ကောင်စီကို မထောက်ခံဆန့်ကျင်လျှင် နိုင်ငံကူးလက်မှတ် ပိတ်သိမ်းသွားမယ်ဆိုပြီး နိုင်ငံ တော်သတင်းဌာန MWD က သတင်းကြေညာသွားပါတယ်” ဟု မြဝတီမှသတင်းကြေညာသည့်ပုံဖြင့် ဖြန့် ဝေထားသည်။ ၎င်းဖြန့်ဝေမှုကို ကြိုက်နှစ်သက်ကြောင်းပြုလုပ်ထားသူ ၆၀၀ ကျော်ရှိပြီး ပြန်လည်မျှဝေမှု ၇၈ ခုရှိသည်။

ထိုသတင်းသည် “yaminaung53” အမည်ဖြင့် TitTok အသုံးပြုသူတဦးက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလ တွင်စတင်ဖြန့်ဝေခဲ့ပြီး မူရင်းဖြန့်ဝေမှုတွင် ကြိုက်နှစ်သက်သူ ၁၃,၀၀ ကျော်ရှိရာ ပြန်လည်ဖြန့်ဝေမှု ၁၁၁ ခု ရှိသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းအရာနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ အမှန်မဟုတ် သကဲ့သို့ ယခင်ကြေညာခဲ့သောအကြောင်းအရာအပေါ် လွဲမှားစွာ ပြန်လည်ဖြန့်ဝေထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Passport
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁2🔥1
ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး မဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ပြော
=======================

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီတို့ တွေ့ဆုံမှုအတွင်း စစ်ကောင်စီဘက်က ထုတ်ပြောလာတဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စအပေါ် RCSS အနေနဲ့ ပြန်လည် မဆွေးနွေးခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးညီလာခံ ကျင်းပလိုတယ်ဆိုတာကိုသာ ပြောဆိုပြီး ဘယ်တော့ကျင်းပလိုမယ် ဆိုတာမျိုးကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ သတင်းဖော်ပြချက်တွေမှာတော့ တွေ့ဆုံဆွေးနွေးပွဲ ပထမရက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်လိုတဲ့အချက်တွေ၊ အရင်ဆွေးနွေးပွဲတွေမှာ သဘောတူညီထားတဲ့အချက်တွေကို အကောင်အထည်ဖော်နိုင်ရေး၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ဒေသတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ဖွံ့ဖြိုးရေးကိစ္စနဲ့ လူသားချင်းစာနာမှုဆိုင် ရာ အကူအညီပံ့ပိုးရေးကိစ္စတွေကိုလည်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

ဒုတိယနေ့ ဆွေးနွေးမှုမှာတော့ ပထမရက်က မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေအပေါ် ဆက်လက်ဆွေး နွေးညှိနှိုင်းခဲ့ကြပြီး နှစ်ရက်တာ ညှိနှိုင်းချက်တွေအရ အပြီးသတ်ရရှိလာတဲ့ သဘောတူညီချက်တွေကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပေမယ့် အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိပါဘူး။

RCSS တပ်ဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

https://youtu.be/XqU_nURNTgY

#Political News
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7😁5🤮2🔥1💩1
​​အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် ထောင်လွတ်ရက်စေ့ပြီးနောက် ပျောက်ဆုံးအဆက်အသွယ်ပြတ်
===================

007
(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsf) အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်သည် ထောင်လွတ်ရက်စေ့ပြီး နောက်ပိုင်း ပျောက်ဆုံးအဆက်အသွယ်ပြတ်နေသဖြင့် မိသားစုက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

“လွတ်ရက်စေ့ပြီး မိသားစုနဲ့ အဆက်အသွယ်မရ ဖြစ်နေတယ်။ ပြန်လွတ်မယ်လို့သိရလို့ သူ့မိသားစုကထောင်ရှေ့သွားစောင့်သေးတယ်။ထောင်ဘက်ကိုစုံစမ်းကြည့်တော့ ဇွန် ၂၆ ရက်နေ့က ပြန်လွှတ်ပေးလိုက်တယ်လည်း ပြောတယ်။ နောက်ပြီးတော့ ထောင်ပြောင်းတယ်လို့လည်း ပြောတယ်။ အခုထိတော့ ဘာအဆက်အသွယ်မှမရဘဲ ပျောက်နေလို့ မိသားစုကစိတ်ပူပန်နေကြတယ်” ဟု မိသားစုနှင့်ရင်းနှီးသူတစ်ဦးကပြောသည်။

ကိုသက်နှင်းအောင်ကို ပြီးခဲ့သည့်ဇွန်လ ၂၆ ရက်နေ့က ထောင်မှ ပြန်လွှတ်ပေးမည်ဟူ‌ေသာ သတင်းအရ မိသားစုက သွားစောင့်ကြိုခဲ့ကြောင်း၊ သို့သော် တစ်နေကုန်သည်အထိ ပြန်လွတ်လာခြင်းမရှိကြောင်း၊ ထောင်အာဏာပိုင်များထံ စုံစမ်းကြည့်ရာတွင် မရေမရာစကားများဖြင့်သာ ပြန်တုံ့ပြန်ခဲ့ကြောင်း သိရသည်။

“သူ့ကိုထောင်ချတော့ ချုပ်ရက်တွေပါ ပေါင်းထည့်ပေးတော့ ပြီးခဲ့တဲ့လကလွတ်ရက်စေ့တယ်။ ထောင်တွင်းသတင်းအရ လွတ်မယ့်ရက်က သူ့မိသားစုက ထောင်ရှေ့သွားစောင့်ပေမယ့် မတွေ့ခဲ့ရဘူး။ အခု အဲဒီကိစ္စနဲ့ ILO(အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့)ကလည်း သဘောထားထုတ်ပြန် ထားတာရှိတယ်” ဟုလည်း ၎င်းကဆိုသည်။

ကိုသက်နှင်းအောင် ပျောက်ဆုံးအဆက်အသွယ်ပြတ်နေမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)၏ ဘန်ကောက်ရုံးက စိုးရိမ်ကြောင်းနှင့်အမြန်ဆုံးပြန်လွှတ်ပေးရန် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ရက်က ကြေညာချက်ထုတ်တိုက်တွန်း ထားသည်။

ကရင်ပြည်နယ် မြဝတီမြို့၌ ရှောင်တိမ်းနေသည့် ကိုသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ် ဇွန်လတွင်စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ထို့နောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲကာ ယမန်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်နှစ် အပြင် ငွေဒဏ် ကျပ် ၂၀,၀၀၀ ချပြီး သထုံအကျဉ်းထောင်တွင် အကျဉ်းချခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ILO
#ကိုသက်နှင်းအောင်
#ပျောက်ဆုံး

Photo - MICS-TUSF အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်

=================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍4🔥2😁2
ကန့်ဘလူမြို့နယ် ညောင်ပင်ရွာမရွာကို စစ်ကောင်စီတပ် မီးရှို့နေ
🤬9👍3😁2🕊2🔥1
ကန့်ဘလူမြို့နယ် ညောင်ပင်ရွာမရွာကို စစ်ကောင်စီတပ် မီးရှို့နေ
====================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ပင်ရွာမရွာသို့ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့များမှ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး အပြစ်မဲ့ပြည်သူပိုင်နေအိမ်များကို မီးရှို့နေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့( ကန့်ဘလူခရိုင်) က သတင်းထုတ်ပြန်ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၁၄ရက် နံနက် ၁၀နာရီအချိန်တွင် ကန့်ဘလူမြို့နယ်၊ ငါတို့ရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်များနှင့် ပျူစောထီးပူးပေါင်း စစ်ကြောင်းမှ ညောင်ပင်ရွာမရွာအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။

“အသေးစိတ်အချက်အလက်တော့ ကျွန်တော်တို့ဘာမှ မရသေးဘူးဗျ။ လတ်တလောမှာတော့ စစ်ကောင်စီပူးပေါင်းတပ်တွေက ညောင်ပင်ရွာမရွာကနေ ထွက်ခွာသွားပြီလို့ ကျွန်တော်တို့ သတင်းရပါတယ်။” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့( ကန့်ဘလူခရိုင်)မှ တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုကြောင့် ကန့်ဘလူမြို့နယ်ရှိ သပြေသာရွာ၊ ဖိုလ်ကုန်းရွာ၊ ကျောင်းကုန်းရွာ၊ မင်းဘာရွာ၊ လက်ထုတ်ကုန်းရွာ၊ ရင်ခတ်ကုန်းရွာ၊ ကိုးမြို့ရွာ၊ ညောင်ပင်ရွာမရွာ စသည့်ကျေးရွာပေါင်း ရှစ်ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်တွင်လည်း အဆိုပါ ညောင်ပင်ရွာမရွာအား စစ်ကောင်စီစစ်တပ်မှ ပထမအကြိမ်မီးရှို့ဖျက်ဆီးခဲ့ရာ အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၁၁ လုံးပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)၏ မှတ်တမ်းများအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ညောင်ပင်ရွာမရွာ
#စစ်ကောင်စီစစ်တပ်
#ကန့်ဘလူမြို့နယ်
#မီးရှို့ဖျက်ဆီး

ဓာတ်ပုံ- ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့ဘလူခရိုင်)

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍2😁2🔥1
Media is too big
VIEW IN TELEGRAM
ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီနဲ့ KIA တိုက်ပွဲများ ဆက်ပြင်းထန်နေ

Watch more detail - https://youtu.be/eRlvkJhJ7RI#KIA

#စစ်ကောင်စီ #တိုက်ပွဲများဆက်ပြင်းထန် #VideoNews #shorts #reels #Mizzima
👏6👍3🔥3
ဇူလိုင်လ ( ၁၄)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

00:59 - ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီနဲ့ KIA တိုက်ပွဲများ ဆက်ပြင်းထန်နေတဲ့သတင်း

04:23 - မင်းတပ်မြို့နယ်မှပြည်သူ့အခြေပြုစာသင်ကျောင်းအချို့စစ်ကောင်စီလေကြောင်းရန်ကြောင့် ယာယီပိတ် တဲ့သတင်း

05:55 - ပြင်သစ်ကိုအလည်အပတ်ရောက်လာတဲ့ မိုဒီက စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကထားဆွေးနွေး တဲ့သတင်း

11:27 - ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး မဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ပြောတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/cCgYEmjWFro

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥2🌭1
ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီနဲ့ KIA တိုက်ပွဲများ ဆက်ပြင်းထန်နေ
=========================

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်နဲ့ ၁၂ မိုင်ခန့်သာ ဝေးတဲ့ နမ်ဆန်ယန်ရွာအနီးသို့ စစ်ကောင်စီတပ်က စစ်အင်အားအမြောက်အမြား ပို့ဆောင်နေတဲ့အတွက် တိုက်ပွဲများ ပြင်းထန်နေပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ် လိုင်ဇာအနီးက နမ့်ဆန်ယန်ဘက်ကို စစ်ကူတက် လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေါ့ဖုန်းယန်အနီးမှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နမ်ဆန်ယန်ကျေးရွာရဲ့ တောင်ဘက်နဲ့ မြောက်ဘက် မိုင်အနည်းငယ်အကွာအထိ စစ်ကောင်စီ စစ်ကြောင်းများ ရောက်ရှိနေပြီး ဇူလိုင် ၁၂ နဲ့ ဇူလိုင် ၁၃ တို့မှာ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ KIA ထံမှ သိရပါတယ်။

မြစ်ကြီးနားမြို့က လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၁၂ က နမ်ဆန်ယန်ကျေးရွာ မရောက်ခင် မြောက်ဘက် ဂျာပူရွာအနီး KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် နမ်ဆန်ယန်မြို့တောင်ဘက် ဗန်းမော်မြို့မှ ရေကြောင်း၊ ကုန်းကြောင်းမှ အင်အားဖြည့်တင်းလာတဲ့ စစ်အင်အားတချို့ကို လည်း ဒေါ့ဖုန်းယန်မြို့အနီး ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားပါတယ်။

ဒီလ ၃ ရက်နေ့က စလို့ စစ်ရေးတင်းမာမှုတွေ အရှိန် မြင့်လာခဲ့တဲ့ နမ့်ဆန်ယန်ဒေသကို စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတာတွေ ရှိလာခဲ့ပြီးတဲ့နောက် ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာနေတာပါ။

ဒီတိုက်ပွဲတွေအတွင်း နှစ်ဘက် အထိအခိုက်စာရင်းကိုတော့ ပြောဆိုတာ မရှိပါဘူး။ ဒီလ ၁၁ရက်နေ့ကလည်း မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနားလမ်းက နွမ်လန်းရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို KIA က မိုင်းခွဲ တိုက်ခိုက်ပြီး တိုက်ပွဲတကြိမ် ဖြစ်ခဲ့သလို ဒီလ ၁၂ ရက်နေ့က ဖားကန့်မြို့နယ် ကာမိုင်းနဲ့ လဝါး လမ်းခွဲမှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြားမှာ ၁ နာရီခွဲလောက်အကြာ တိုက်ပွဲတစ်ကြိမ် ဖြစ်ခဲ့ပါတယ်။

KIA ဌာနချုပ်အနီးက နမ့်ဆန်ယန်ဒေသဘက်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာချိန်မှာ ဗန်းမော်မြို့မှာ စစ်အုပ်ချုပ်ရေး ကြေညာတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

https://youtu.be/eRlvkJhJ7RI

#Political News
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🔥3👏3
​​မြန်မာ၏ သံတမန်အခန်းကဏ္ဍကို အီးယူ ပယ်ချပြီး စစ်ဗိုလ်ချုပ်များအား အသိအမှတ်မပြုဟု ပြော
=========================

အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပသမဂ္ဂ (အီးယူ) နှင့် အရှေ့တောင်အာရှနိုင်ငံများကြား ဆက်ဆံရေးကို ညှိနှိုင်းကြီးကြပ်ရသည့် အခန်းကဏ္ဍအား မြန်မာက တာဝန်ယူရရန် ရှိနေခြင်းကို အီးယူထိပ်တန်းသံတမန်က ဆန့်ကျင်ကန့်ကွက်ကြောင်း ကြာသပတေးနေ့တွင် ဖော်ပြခဲ့ပြီး ပဋိပက္ခဆိုက်နေသော မြန်မာနိုင်ငံက စစ်အစိုးရကို အသိအမှတ်မပြုကြောင်း ထပ်မံ၍ အခိုင်အမာ ပြောဆိုသည်။

ထို ပြောဆိုချက်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းကာ နိုင်ငံအား ဝရုန်းသုန်းကား အခြေစိုက်စေသည့် မြန်မာစစ်တပ်အတွက် နောက်ဆုံး သံတမန်ရေး ရှုံးနိမ့်မှုပဲ ဖြစ်သည်။

အီးယူ၏ နိုင်ငံခြားရေးရာ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက် ဘော်ရဲလ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရာတွင် စိုးရိမ်ပူပန်မှုကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
👍19👏5🍌2😁1
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း စစ်ကောင်စီတပ်အင်အားဖြည့်
👎4🤮4🤬2❤1👍1
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း စစ်ကောင်စီတပ်အင်အားဖြည့်
======================

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ရဲစခန်းကို ယနေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီက တပ်အင်အားဖြည့်နေကြောင်း ဒေသခံတွေက ပြောသည်။

မုံရွာမြို့ရှိ စစ်ကောင်စီတပ်များသည် ချင်းတွင်းမြစ်ကို ဒေသအခေါ် ဖလက်ရေယာဉ်များဖြင့်ကူးကာ ညောင်ပင်ကြီးကျေးရွာ ရဲစခန်းသို့ အင်အားဖြည့်နေခြင်းဖြစ်သည်။

"မုံရွာအုန်းပင်ဆိပ်ကနေ ညောင်ပင်ကြီးရဲစခန်းကို မနက် ၉ နာရီလောက်မှာ အင်အားလာဖြည့်သွားပါတယ်။ ရိက္ခာတချို့လည်း တင်ဆောင်လာတာတွေ့ရတယ်" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီကလည်း ညောင်ပင်ကြီး ရဲစခန်း အတွင်းတွင် ယနေ့ မနက်ပိုင်း၌ စစ်ကောင်စီ တပ်သား ၈၀ ခန့် ရောက်ရှိနေကြောင်း သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ညောင်ပင်ကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းယူခဲ့သည်။

ညောင်ပင်ကြီးရဲစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ ညောင်ပင်ကြီး ရဲစခန်းဝန်းကျင်အား လေကြောင်းဖြင့် လာရောက် ပစ်ခတ်ခဲ့သည်။

ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ညောင်ပင်ကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ် စစ်ကြောင်းများ ဆက်တိုက်ဝင်ရောက်ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့အထိ အကြိမ်ရေ ၂၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က မဇ္ဈိမကို ပြောသည်။

ဇွန်လကုန်ပိုင်းအထိ စစ်ကောင်စီတပ်များ မီးရှို့မှုကြောင့် ညောင်ပင်ကြီးကျေးရွာအုပ်စုက ပြည်သူ့နေအိမ်၂၀၀ ကျော် ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်များ မီးရှို့မှုကြောင့် ညောင်ပင်ကြီး ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင် ကျေးရွာ ၁၀ ရွာက ပြည်သူ ၅,၀၀၀ ကျော်သည် မကြာခဏ စစ်ဘေးရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်
#မီးရှို့မှု
#ဆားလင်းကြီးမြို့နယ်
#ညောင်ပင်ကြီးရဲစခန်း

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ (စစ်ကောင်စီ တပ်သားများလိုက်ပါလာသည့် ရေယာဉ်)

===================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7👍4💩4🔥2❤1
​​ကလေး - သိုင်းငင်းလမ်း အသုံးမပြုရန် ချင်းကာကွယ်ရေးအဖွဲ့ အသိပေး
===================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ နှင့် ချင်းပြည်နယ် မြောက်ပိုင်းကို အဓိက ဆက်သွယ်ထားသည့် ကလေး - သိုင်းငင်း လမ်းမကို ယနေ့ ဇူလိုင်လ ၁၄ ရက်မှ စ၍ အသုံးမပြုကြရန် CDF CDM SIYIN က ယမန်နေ့ ဇူလိုင်လ ၁၃ရက်က ထုတ်ပြန်သည်။

ယင်းလမ်းကြီးပေါ် ဖြတ်သန်းသွားလာသော ပြည်သူများအနေဖြင့် လမ်း ပြန်လည် အသုံးပြုနိုင်‌ကြောင်း အကြောင်းကြားသည်အထိ လုံးဝအသုံးမပြုရန် လေးစားစွာ ပန်ကြားအပ်ကြောင်းထုတ်ပြန်ချက်တွင် ဆိုသည်။

“ စစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ ချင်းပြည်နယ်ထဲကို ဝင်လာနေတယ်လို့ ကြားသိရပါတယ် ။ ပြည်သူများအနေနဲ့ လူသားဒိုင်းအဖြစ် အသုံးချခံရနိုင်တဲ့အတွက် ထုတ်ပြန်ရတာပါ” ဟု CDF CDM SIYIN တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းက တပ်သားများသည် ခရီးသွားပြည်သူများနှင့် ဒေသခံများကို မကြာခဏ စစ်ဆေးဖမ်းဆီးနေ၍ ဇူလိုင်လ ၁၁ရက်နေ့က ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းတိုက်ခိုက်ခဲ့သည်။

ခုနစ်နာရီနီးပါးကြာသော ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အပါအဝင် ကလေးမြို့မှ လက်နက်ကြီးဖြင့် ခုနစ်ကြိမ် ပစ်ကူခဲ့ပြီး တပ်အင်အား အနည်းငယ်ပါသည့် ကားငါးစီးဖြင့် စစ်ကူပေးခဲ့ကြောင်း သိရသည်။

သိုင်းငင်းကင်းစခန်းတိုက်ပွဲကို တော်လှန်ရေးတပ်ပေါင်းစုဘက်မှ CDF CDM SIYIN ၊ PDF Zoland B5 (ME) ၊ CNDF ၊ TCDF ၊ CDF KKG B7 ၊PDA ၊ PDF Kalay နှင့် S2 အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ တိုက်ပွဲအတွင်း CDF CDM SIYIN ၊ PDF Zoland ၊ CDF KKG နှင့် PDF Kalay တပ်ဖွဲ့များမှ ရဲဘော်တစ်ဦးစီ စုစုပေါင်း လေးဦးကျဆုံးခဲ့ကြောင်းသိရသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိကာ ကာကွယ်ရေးတပ်ဖွဲ့များဘက်က လေးဦး သေဆုံး ပြီး နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ရက်တွင် ထုတ်ပြန်ထားသည်။

သိုင်းငင်းကျေးရွာသည် ကလေးမြို့မှ သုံးနာရီခန့် ကားဖြင့်သွားရပြီး ကလေး-ဖလမ်း-ဟားခါးလမ်းနှင့် တီးတိန်-ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းဆုံတွင် တည်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#CDF CDM SIYIN
# ကလေး - သိုင်းငင်း လမ်းမ

==================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23🔥3👎1
နိုင်ငံခြားငွေလဲ ကောင်တာ ၁၀ ခု လိုင်စင် ထပ်မံ ပိတ်သိမ်းခံရ | Business Round Up (14.7.2023)
=======================

- ပို့ကုန်ရငွေ၏ (၆၅)ရာခိုင်နှုန်းအစား (၅ဝ)ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်၌ ကျပ်ငွေဖြင့် လဲလှယ်ရန် ပြင်ဆင်သတ်မှတ်

- နိုင်ငံ့ဝင်ငွေမရှိဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မရဟု စစ်ခေါင်းဆောင်ပြော

- နိုင်ငံခြားငွေလဲ ကောင်တာ ၁၀ ခု လိုင်စင် ထပ်မံ ပိတ်သိမ်းခံရ

- အွန်လိုင်းရှော့ပင်းလုပ်ငန်းများကိုပါ စစ်ကောင်စီ ထိန်းချုပ်ဖို့ ကြိုးပမ်းလာ

- အာဆီယံနှင့် လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်ဖြစ်မြောက်ရေး ကြိုးစားနေကြောင်း တရုတ်ပြော

https://youtu.be/Z5LyKCXqwlY


#BusinessRoundUp
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥6👍4🤬2😁1
Media is too big
VIEW IN TELEGRAM
ခွဲထွက်ဒေသ ကရာဘက်သို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများဝင်ရောက်ခွင့်ပြုဖို့ အာမေးနီးယား တောင်းဆို

#internationalnews #reels #shorts #Mizzima #Armania
👍10🔥2👏1
မြို့ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်ခြင်းအပြင် ရွာကိုပါမီးရှို့ဖျက်ဆီး
🤬12👍2😁2🔥1