Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီနဲ့ KIA တိုက်ပွဲများ ဆက်ပြင်းထန်နေ

Watch more detail - https://youtu.be/eRlvkJhJ7RI#KIA

#စစ်ကောင်စီ #တိုက်ပွဲများဆက်ပြင်းထန် #VideoNews #shorts #reels #Mizzima
👏6👍3🔥3
ဇူလိုင်လ ( ၁၄)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

00:59 - ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီနဲ့ KIA တိုက်ပွဲများ ဆက်ပြင်းထန်နေတဲ့သတင်း

04:23 - မင်းတပ်မြို့နယ်မှပြည်သူ့အခြေပြုစာသင်ကျောင်းအချို့စစ်ကောင်စီလေကြောင်းရန်ကြောင့် ယာယီပိတ် တဲ့သတင်း

05:55 - ပြင်သစ်ကိုအလည်အပတ်ရောက်လာတဲ့ မိုဒီက စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကထားဆွေးနွေး တဲ့သတင်း

11:27 - ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး မဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ပြောတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/cCgYEmjWFro

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥2🌭1
ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီနဲ့ KIA တိုက်ပွဲများ ဆက်ပြင်းထန်နေ
=========================

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်နဲ့ ၁၂ မိုင်ခန့်သာ ဝေးတဲ့ နမ်ဆန်ယန်ရွာအနီးသို့ စစ်ကောင်စီတပ်က စစ်အင်အားအမြောက်အမြား ပို့ဆောင်နေတဲ့အတွက် တိုက်ပွဲများ ပြင်းထန်နေပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ် လိုင်ဇာအနီးက နမ့်ဆန်ယန်ဘက်ကို စစ်ကူတက် လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေါ့ဖုန်းယန်အနီးမှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နမ်ဆန်ယန်ကျေးရွာရဲ့ တောင်ဘက်နဲ့ မြောက်ဘက် မိုင်အနည်းငယ်အကွာအထိ စစ်ကောင်စီ စစ်ကြောင်းများ ရောက်ရှိနေပြီး ဇူလိုင် ၁၂ နဲ့ ဇူလိုင် ၁၃ တို့မှာ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ KIA ထံမှ သိရပါတယ်။

မြစ်ကြီးနားမြို့က လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၁၂ က နမ်ဆန်ယန်ကျေးရွာ မရောက်ခင် မြောက်ဘက် ဂျာပူရွာအနီး KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် နမ်ဆန်ယန်မြို့တောင်ဘက် ဗန်းမော်မြို့မှ ရေကြောင်း၊ ကုန်းကြောင်းမှ အင်အားဖြည့်တင်းလာတဲ့ စစ်အင်အားတချို့ကို လည်း ဒေါ့ဖုန်းယန်မြို့အနီး ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားပါတယ်။

ဒီလ ၃ ရက်နေ့က စလို့ စစ်ရေးတင်းမာမှုတွေ အရှိန် မြင့်လာခဲ့တဲ့ နမ့်ဆန်ယန်ဒေသကို စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတာတွေ ရှိလာခဲ့ပြီးတဲ့နောက် ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာနေတာပါ။

ဒီတိုက်ပွဲတွေအတွင်း နှစ်ဘက် အထိအခိုက်စာရင်းကိုတော့ ပြောဆိုတာ မရှိပါဘူး။ ဒီလ ၁၁ရက်နေ့ကလည်း မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနားလမ်းက နွမ်လန်းရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို KIA က မိုင်းခွဲ တိုက်ခိုက်ပြီး တိုက်ပွဲတကြိမ် ဖြစ်ခဲ့သလို ဒီလ ၁၂ ရက်နေ့က ဖားကန့်မြို့နယ် ကာမိုင်းနဲ့ လဝါး လမ်းခွဲမှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြားမှာ ၁ နာရီခွဲလောက်အကြာ တိုက်ပွဲတစ်ကြိမ် ဖြစ်ခဲ့ပါတယ်။

KIA ဌာနချုပ်အနီးက နမ့်ဆန်ယန်ဒေသဘက်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာချိန်မှာ ဗန်းမော်မြို့မှာ စစ်အုပ်ချုပ်ရေး ကြေညာတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

https://youtu.be/eRlvkJhJ7RI

#Political News
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🔥3👏3
​​မြန်မာ၏ သံတမန်အခန်းကဏ္ဍကို အီးယူ ပယ်ချပြီး စစ်ဗိုလ်ချုပ်များအား အသိအမှတ်မပြုဟု ပြော
=========================

အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပသမဂ္ဂ (အီးယူ) နှင့် အရှေ့တောင်အာရှနိုင်ငံများကြား ဆက်ဆံရေးကို ညှိနှိုင်းကြီးကြပ်ရသည့် အခန်းကဏ္ဍအား မြန်မာက တာဝန်ယူရရန် ရှိနေခြင်းကို အီးယူထိပ်တန်းသံတမန်က ဆန့်ကျင်ကန့်ကွက်ကြောင်း ကြာသပတေးနေ့တွင် ဖော်ပြခဲ့ပြီး ပဋိပက္ခဆိုက်နေသော မြန်မာနိုင်ငံက စစ်အစိုးရကို အသိအမှတ်မပြုကြောင်း ထပ်မံ၍ အခိုင်အမာ ပြောဆိုသည်။

ထို ပြောဆိုချက်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းကာ နိုင်ငံအား ဝရုန်းသုန်းကား အခြေစိုက်စေသည့် မြန်မာစစ်တပ်အတွက် နောက်ဆုံး သံတမန်ရေး ရှုံးနိမ့်မှုပဲ ဖြစ်သည်။

အီးယူ၏ နိုင်ငံခြားရေးရာ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက် ဘော်ရဲလ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရာတွင် စိုးရိမ်ပူပန်မှုကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
👍19👏5🍌2😁1
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း စစ်ကောင်စီတပ်အင်အားဖြည့်
👎4🤮4🤬2❤1👍1
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း စစ်ကောင်စီတပ်အင်အားဖြည့်
======================

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ရဲစခန်းကို ယနေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီက တပ်အင်အားဖြည့်နေကြောင်း ဒေသခံတွေက ပြောသည်။

မုံရွာမြို့ရှိ စစ်ကောင်စီတပ်များသည် ချင်းတွင်းမြစ်ကို ဒေသအခေါ် ဖလက်ရေယာဉ်များဖြင့်ကူးကာ ညောင်ပင်ကြီးကျေးရွာ ရဲစခန်းသို့ အင်အားဖြည့်နေခြင်းဖြစ်သည်။

"မုံရွာအုန်းပင်ဆိပ်ကနေ ညောင်ပင်ကြီးရဲစခန်းကို မနက် ၉ နာရီလောက်မှာ အင်အားလာဖြည့်သွားပါတယ်။ ရိက္ခာတချို့လည်း တင်ဆောင်လာတာတွေ့ရတယ်" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီကလည်း ညောင်ပင်ကြီး ရဲစခန်း အတွင်းတွင် ယနေ့ မနက်ပိုင်း၌ စစ်ကောင်စီ တပ်သား ၈၀ ခန့် ရောက်ရှိနေကြောင်း သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ညောင်ပင်ကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းယူခဲ့သည်။

ညောင်ပင်ကြီးရဲစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ ညောင်ပင်ကြီး ရဲစခန်းဝန်းကျင်အား လေကြောင်းဖြင့် လာရောက် ပစ်ခတ်ခဲ့သည်။

ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ညောင်ပင်ကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ် စစ်ကြောင်းများ ဆက်တိုက်ဝင်ရောက်ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့အထိ အကြိမ်ရေ ၂၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က မဇ္ဈိမကို ပြောသည်။

ဇွန်လကုန်ပိုင်းအထိ စစ်ကောင်စီတပ်များ မီးရှို့မှုကြောင့် ညောင်ပင်ကြီးကျေးရွာအုပ်စုက ပြည်သူ့နေအိမ်၂၀၀ ကျော် ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်များ မီးရှို့မှုကြောင့် ညောင်ပင်ကြီး ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင် ကျေးရွာ ၁၀ ရွာက ပြည်သူ ၅,၀၀၀ ကျော်သည် မကြာခဏ စစ်ဘေးရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်
#မီးရှို့မှု
#ဆားလင်းကြီးမြို့နယ်
#ညောင်ပင်ကြီးရဲစခန်း

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ (စစ်ကောင်စီ တပ်သားများလိုက်ပါလာသည့် ရေယာဉ်)

===================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7👍4💩4🔥2❤1
​​ကလေး - သိုင်းငင်းလမ်း အသုံးမပြုရန် ချင်းကာကွယ်ရေးအဖွဲ့ အသိပေး
===================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ နှင့် ချင်းပြည်နယ် မြောက်ပိုင်းကို အဓိက ဆက်သွယ်ထားသည့် ကလေး - သိုင်းငင်း လမ်းမကို ယနေ့ ဇူလိုင်လ ၁၄ ရက်မှ စ၍ အသုံးမပြုကြရန် CDF CDM SIYIN က ယမန်နေ့ ဇူလိုင်လ ၁၃ရက်က ထုတ်ပြန်သည်။

ယင်းလမ်းကြီးပေါ် ဖြတ်သန်းသွားလာသော ပြည်သူများအနေဖြင့် လမ်း ပြန်လည် အသုံးပြုနိုင်‌ကြောင်း အကြောင်းကြားသည်အထိ လုံးဝအသုံးမပြုရန် လေးစားစွာ ပန်ကြားအပ်ကြောင်းထုတ်ပြန်ချက်တွင် ဆိုသည်။

“ စစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ ချင်းပြည်နယ်ထဲကို ဝင်လာနေတယ်လို့ ကြားသိရပါတယ် ။ ပြည်သူများအနေနဲ့ လူသားဒိုင်းအဖြစ် အသုံးချခံရနိုင်တဲ့အတွက် ထုတ်ပြန်ရတာပါ” ဟု CDF CDM SIYIN တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းက တပ်သားများသည် ခရီးသွားပြည်သူများနှင့် ဒေသခံများကို မကြာခဏ စစ်ဆေးဖမ်းဆီးနေ၍ ဇူလိုင်လ ၁၁ရက်နေ့က ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းတိုက်ခိုက်ခဲ့သည်။

ခုနစ်နာရီနီးပါးကြာသော ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အပါအဝင် ကလေးမြို့မှ လက်နက်ကြီးဖြင့် ခုနစ်ကြိမ် ပစ်ကူခဲ့ပြီး တပ်အင်အား အနည်းငယ်ပါသည့် ကားငါးစီးဖြင့် စစ်ကူပေးခဲ့ကြောင်း သိရသည်။

သိုင်းငင်းကင်းစခန်းတိုက်ပွဲကို တော်လှန်ရေးတပ်ပေါင်းစုဘက်မှ CDF CDM SIYIN ၊ PDF Zoland B5 (ME) ၊ CNDF ၊ TCDF ၊ CDF KKG B7 ၊PDA ၊ PDF Kalay နှင့် S2 အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ တိုက်ပွဲအတွင်း CDF CDM SIYIN ၊ PDF Zoland ၊ CDF KKG နှင့် PDF Kalay တပ်ဖွဲ့များမှ ရဲဘော်တစ်ဦးစီ စုစုပေါင်း လေးဦးကျဆုံးခဲ့ကြောင်းသိရသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိကာ ကာကွယ်ရေးတပ်ဖွဲ့များဘက်က လေးဦး သေဆုံး ပြီး နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ရက်တွင် ထုတ်ပြန်ထားသည်။

သိုင်းငင်းကျေးရွာသည် ကလေးမြို့မှ သုံးနာရီခန့် ကားဖြင့်သွားရပြီး ကလေး-ဖလမ်း-ဟားခါးလမ်းနှင့် တီးတိန်-ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းဆုံတွင် တည်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#CDF CDM SIYIN
# ကလေး - သိုင်းငင်း လမ်းမ

==================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23🔥3👎1
နိုင်ငံခြားငွေလဲ ကောင်တာ ၁၀ ခု လိုင်စင် ထပ်မံ ပိတ်သိမ်းခံရ | Business Round Up (14.7.2023)
=======================

- ပို့ကုန်ရငွေ၏ (၆၅)ရာခိုင်နှုန်းအစား (၅ဝ)ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်၌ ကျပ်ငွေဖြင့် လဲလှယ်ရန် ပြင်ဆင်သတ်မှတ်

- နိုင်ငံ့ဝင်ငွေမရှိဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မရဟု စစ်ခေါင်းဆောင်ပြော

- နိုင်ငံခြားငွေလဲ ကောင်တာ ၁၀ ခု လိုင်စင် ထပ်မံ ပိတ်သိမ်းခံရ

- အွန်လိုင်းရှော့ပင်းလုပ်ငန်းများကိုပါ စစ်ကောင်စီ ထိန်းချုပ်ဖို့ ကြိုးပမ်းလာ

- အာဆီယံနှင့် လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်ဖြစ်မြောက်ရေး ကြိုးစားနေကြောင်း တရုတ်ပြော

https://youtu.be/Z5LyKCXqwlY


#BusinessRoundUp
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥6👍4🤬2😁1
Media is too big
VIEW IN TELEGRAM
ခွဲထွက်ဒေသ ကရာဘက်သို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများဝင်ရောက်ခွင့်ပြုဖို့ အာမေးနီးယား တောင်းဆို

#internationalnews #reels #shorts #Mizzima #Armania
👍10🔥2👏1
မြို့ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်ခြင်းအပြင် ရွာကိုပါမီးရှို့ဖျက်ဆီး
🤬12👍2😁2🔥1
မြို့ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်ခြင်းအပြင် ရွာကိုပါမီးရှို့ဖျက်ဆီး
=================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ မြို့ကြီးကျေးရွာကို ဇူလိုင်လ ၁၂ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် တိုက်ခိုက်သည့်အပြင် ရွာကိုပါ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားသည်ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က သတင်းထုတ်ပြန်သည်။

"ပစ်ခတ်မှုအတွင်းမှာ တော်လှန်ရေး ရဲဘော် နှစ် ယောက် ကျဆုံးခဲ့ပြီး မြို့ကြီးရွာကို မီးရှို့တဲ့အခါမှာတော့ နေအိမ် ၄၄ လုံး မီးလောင်ပျက်စီးခဲ့သလို လေဖြတ်ပြီး နာတာရှည် ရောဂါခံစားနေရတဲ့ အသက် ၉၀နှစ် အရွယ် အပစ်မဲ့ပြည်သူတဦး မီးလောင် သေဆုံးခဲ့ရပါတယ်"ဟု စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်အဖွဲ့ဝင် ကိုလွမ်းသူက ပြောသည်။

အဆိုပါ ဇူလိုင်လ ၁၂ ရက်က ယင်းမာပင်မြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ မြို့ကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်တိုင်လာရောက်ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းက ရွာကိုမီးရှို့သွားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ အဆိုပါလေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် မြို့ကြီးရွာက ဒေသခံများနှင့် အနီးအနားဝန်းကျင်ရှိ ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီတပ်

ပုံစာ - ရွာမီးရှို့ခံရပြီး ထွက်ပြေးနေသည့် မြို့ကြီးကျေးရွာမှ ဒေသခံများ

==================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍2🔥2😢2👏1
This media is not supported in your browser
VIEW IN TELEGRAM
ထိပ်သီးဆွေးနွေးပွဲအတွက်ရောက်ရှိလာတဲ့ ဂျပန်ဝန်ကြီးချုပ်ကို အီးယူအကြီးအကဲတွေကြိုဆို

#internationalnews #reels #shorts #Mizzima #EU #Japan
😁4👍2
​​ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်ပေးတွေ့ခြင်း စစ်ကောင်စီနိုင်ငံရေးအမြတ်ထုတ်လှည့်ဖြားခြင်းဟု အထွေထွေသပိတ်အင်အားစုတုံ့ပြန်၊ န်ိုင်ငံရေးသပ်လျှိုသွေးခွဲမှုကို သတိကြီးကြီးထားရန် လူထုအား တိုက်တွန်း
====================

ရောင်နီ
မဇ္စျိမ ။ ။ သံတမန်ရေးအရ တာ၀န်မရှိသည့် ပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပေးခဲ့ခြင်းသည် နိုင်ငံရေးအရ အမြတ်ထုတ်လိမ်ညာလှည့်ဖြားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ နိုင်ငံရေးသပ်လျှို သွေးခွဲမှုကို သတိကြီးကြီးထားကြရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB) က ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွတ်ဝီနိုင်း တွေ့ဆုံခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းစကားပါးလိုက်သည်ဆိုသည့် လတ်တလောထွက်ပေါ်‌နေသော သတင်းများအပေါ် GSCB က ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် သဘောထားထုတ်ပြန်ရာအထက်ပါအတိုင်း ထည့်သွင်း‌ဖော်ပြထားခြင်း ဖြစ်သည်။

နေပြည်တော်အချုပ်ထောင်တွင် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၁၂ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် သတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။ မြန်မာနိုင်ငံပဋိပက္ခချုပ် ငြိမ်းရန် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ၎င်းက ဆိုထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ယင်းကဲ့သို့ပြောကြားမှုနှင့်ပတ်သက်သော သတင်းများထွက်ပေါ်လာပြီးနောက် GSCBက ၎င်းတို့၏ သဘောထားကို ကြေညာချက်ထုတ်ပြန်ထားရာ " ယခုသတင်းသည် မှန်ကန်သည် ဖြစ်စေ၊ မမှန်ကန်သည် ဖြစ်စေ အကြမ်းဖက် စစ်အုပ်စုနှင့် အပေါင်းအပါတစုတို့၏ နိုင်ငံရေးအရ အလွဲသုံးစားပြုမှုနှင့် မြန်မာပြည်သူလူထုနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် မထီမဲ့မြင်ပြုမှုအဖြစ်သာ ကျွန်ုပ်တို့က မှတ်ယူပါသည်" ဟု GSCBက ဆိုသည်။

စစ်ကောင်စီသည် အခြားသံတမန်များကိုကျော်၍ နိုင်ငံရေးအရ၊ သံတမန်ရေးအရ တာဝန်မရှိသည့်ပုဂ္ဂိုလ်(မစ္စတာဒွန်ပရာမွတ်ဝီနိုင်း) ကိုဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့သည်ဟု သတင်းများထုတ်၍ လှုပ်ခတ်စေရန် ကြိုးစားခြင်းမှာ ၎င်းတို့၏ နိုင်ငံရေးအရ အမြတ်ထုတ်၍ လိမ်ညာလှည့်ဖြားခြင်းဟုGSCBက မှတ်ချက်ပြုထားသည်။

ထို့အပြင် ယခုလုပ်ရပ်သည် အိမ်နီးချင်းနိုင်ငံများ၏ မြန်မာ့အရေးတွင် ပါဝင်ဆောင်ရွက်နေမှုမှာ ပြဿနာကို အမှန်တကယ် ပြေလည်စေလိုသည့် စိတ်စေတနာများထက် အကျိုးစီးပွားပေါ်အခြေခံ၍ ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်နေခြင်းအဖြစ် ထင်ရှားပြီး အာဆီယံ၏တည်ရှိမှု၊ တောင်းဆိုနေမှုများကို မထီမဲ့မြင်ပြုခြင်းဖြစ်ကာ အာဆီယံ၏ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းမှုများသည် အလုပ်မဖြစ်ကြောင်း သက်သေဖြစ်သည်ဟု ဖော်ပြထားသည်။

" ကျွန်ုပ်တို့မျှော်ရည်သည့် နိုင်ငံသစ်နှင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် ဆင်နွှဲနေသည့် ယခုတော်လှန်ရေးတွင် အပြုသဘောမဆောင်သည့်အပြင် အကျိုးစီးပွားပေါ်အခြေခံသည့် မည်သည့် ကူညီမှုအမည်ခံ ဝင်ရောက်စွက်ဖက်မှုများ၊ ကြားဝင်စေ့စပ်မှုများကိုမျှ ကျွန်ုပ်တို့ လုံးဝ (လုံးဝ) လက်မခံပါ။ အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာလုယူပြီး ပြည်သူလူထုအပေါ် ဆိုးရွားစွာလူ့အခွင့်အရေး ချိုးဖေါက်နေခြင်းသည် ပြဿနာ၏ မူလအရင်းအမြစ် ဖြစ်ပါသည်။ ထိုမူလအရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းရန် မကြိုးစားဘဲ မြန်မာ့အရေး အမှန်တကယ်ပြေလည်သွားစေမည်မဟုတ်သည့် ဆွေးနွေးရေးလမ်းကြောင်းပေါ် အတင်းတွန်းတင်မှုမှန်သမျှကို ဆန့်ကျင်သွားမည်ဖြစ်ပြီး နိုင်ငံတကာ အင်အားစုများအနေဖြင့် သတိထား၍ အပြုသဘောဆောင်သည့် ကူညီပံ့ပိုးမှုများ ပြုလုပ်ကြပါရန် လေးလေးနက်နက် တိုက်တွန်းသည်"ဟု GSCBက ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ဒေါ်အောင်ဆန်းစုကြည်
#ထိုင်းနိုင်ငံခြားရေးဝန်ကြီး
#နိုင်ငံရေးသပ်လျှိုသွေးခွဲမှု
#GSCB

Photo - စစ်ကောင်စီဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး

==================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23🤮6🥱3
ဇူလိုင်လ (၁၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

အာဆီယံ ပူးတွဲကြေညာချက်မှာ မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ တိုက်တွန်းတဲ့သတင်း

ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း စစ်ကောင်စီတပ်အင်အားဖြည့်တဲ့သတင်း

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် ထောင်လွတ်ရက်စေ့ပြီးနောက် ပျောက်ဆုံး အဆက်အသွယ်ပြတ်နေတဲ့သတင်း

ကန့်ဘလူမြို့နယ် ညောင်ပင်ရွာမရွာကို စစ်ကောင်စီတပ် မီးရှို့နေတဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/zOFmBjjSf40

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2
This media is not supported in your browser
VIEW IN TELEGRAM
ဂျာမနီက ပိုမိုပြတ်သားတဲ့ တရုတ်နိုင်ငံအပေါ်ချဉ်းကပ်မှုအသစ်ကို ထုတ်ဖော်ပြောကြား

#internationalnews #reels #shorts #Germany #China #Mizzima
😁3👍1
​​ဝေါမြို့နယ် အမတ် ဦးမောင်ဒီ ကျိုက်စကောထောင်မှ ပဲခူးဆေးရုံသို့ ပို့ဆောင်ထားရ
=======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအရှေ့ခြမ်း ဝေါမြို့နယ်၏ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရ တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီသည် ကျိုက်စကောအကျဉ်းထောင်တွင် အကျဉ်းကျနေရာမှ ကျန်းမာရေးအခြေအနေဆိုးဝါးလာသဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဦးမောင်ဒီနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ကျိုက်စကောထောင်၏ ထောင်ဆေးရုံအုပ်မှ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့တွင် မိသားစုထံသို့ " ဦးမောင်ဒီအား ဇူလိုင်လ ၇ ရက်နေ့တွင် ပဲခူးဆေးရုံသို့ပို့ဆောင်မည်" ဖြစ်ကြောင်း အကြောင်းကြားလာခြင်းဖြစ်သည်ဟု သိရသည်။

"လက်ရှိ ပဲခူးဆေးရုံမှာ ဆေးကုသမှုခံနေရဆဲပါ။ ဆေးရုံရောက်တော့ အူတွေက ပုပ်တောင်နေပြီပြောတယ်၊ တန်းပြီးခွဲစိတ်ရတယ်။ အလုံးတွေ့တယ်တဲ့။ ၁၀ ရက်အကြာမှာ ရောဂါရဲ့အခြေအနေ ဘာရောဂါဆိုတာ သိရမယ်ပြောတယ်။ အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့လည်း သိထားရပါတယ်” ဟု ဝေါမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်မှ မဇ္ဈိမကို ပြောသည်။

ဦးမောင်ဒီသည် ယခင်က ရောဂါအခံများရှိသည်ဟု မကြားဖူးကြောင်းနှင့် အကျဉ်းကျပြီးနောက်ပိုင်းမှ ယခုကဲ့သို့ ကျန်းမာရေးဆိုးဝါးခြင်းဖြစ်ကြောင်းလည်း ဒေါ်ရီရီထိုက်က ပြောသည်။
ဦးမောင်ဒီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅ (က) နှင့်အတူ မတရားအသင်း ဆက်သွယ်ရေးအက်ဥပဒေပုဒ်မ ၁၇ (၂) တို့ဖြင့် တရားစွဲဆိုခံရကာ ထောင်ဒဏ်ချမှတ်ခံထားရခြင်းဖြစ်သည်။

ဦးမောင်ဒီ၏ နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေသည်။
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (National League for Democracy – Human Rights Documentary Team) (NLD-HRDT) မှ ပြုစုထားသည့် စာရင်းအချက်အလက်များအရ စစ်အာဏာသိမ်းပြီးချိန်မှစတင်ကာ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သောကြောင့် လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၀၀ ဦးအား စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၈၁၈ ဦးရှိသည့်အနက် ထိုအထဲတွင်လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၉၃ ဦး ပါဝင်ကြောင်း NLD-HRDT၏ အချက်အလက်များအရ သိရသည်။
ပဲခူးတိုင်း ဒိုက်ဦးမြို့ရှိ ကျိုက်စကောအကျဉ်းထောင်သည် ယခုလပိုင်းအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများအား ထောင်တွင်းဖိနှိပ် နှိပ်စက်မှုများနှင့်အတူ အကျဉ်းသားသတ်ဖြတ်ခံရမှုများလည်းရှိနေသည့် အကျဉ်းထောင်ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် ထောင်ပြောင်းရန် ဟုဆိုကာ အကျဉ်းသား ၃၇ ဦးအား ကျိုက်စကောထောင်အတွင်းမှ ခေါ်ထုတ်သွားပြီးနောက် ဇူလိုင်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ခေါ်ထုတ်သွားခံရသူများအနက်မှ ကိုခန့်လင်းနိုင်နှင့် ကိုပြည့်ဖြိုးဟိန်းတို့၏ မိသားစုများထံသို့ သေဆုံးကြောင်း အကြောင်းစာများ ရောက်ရှိလာခဲ့သည်။

၂၀၂၃ ခုနှစ် မေလမှစတင်ကာ လက်ရှိအချိန်အထိ ဒိုက်ဦးထောင်တွင် စစ်ကောင်စီတပ်၏ စစ်ဆေးခံရသူ ၇၀ ကျော်ရှိနေပြီး စစ်ကြောရေးတွင် ကိုသန့်ဇင်ဝင်းအပါအဝင် ရှစ်ဦးသေဆုံးကာ သာယာဝတီထောင်သို့ ပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ထုတ်ပစ်သတ်ခံရသူ ၁၄ ဦးအထိရှိကြောင်း ဒိုက်ဦးအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးမှ မဇ္ဈိမသို့ပြောဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဒိုက်ဦးအကျဉ်းထောင်
#ဝေါမြို့နယ်
#လွှတ်တော်ကိုယ်စားလှယ်
#ဦးမောင်ဒီ
#ကျိုက်စကောထောင်

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢16👍7😁3❤1👎1