Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီမှာ စစ်ကောင်စီက ရွာတွေမြို့တွေကို ဘာလို့ မီးရှို့နေတာလဲ..။
=====================

https://youtu.be/ad7xzdYxu7w

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤2👍2😁1🤯1
ကာကွယ်ရေးတပ်ဖွဲ့၏ စိုက်ခင်းမှ ဟင်းသီး၊ဟင်းရွက်များကို စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့
==================

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ် (၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ ရဲဘော်များက တပ်ရင်းစိုက်ခင်းမှ ဟင်းသီး၊ဟင်းရွက်များအား စစ်ဘေးရှောင်ပြည်သူများထံ ကူညီထောက်ပံ့ခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၁၄ ရက်ထုတ်ပြန်သည်။

#Photonews
#ဂန့်ဂေါခရိုင်
#စိုက်ပျိုးရေး
#ကာကွယ်ရေးတပ်ဖွဲ့

http://www.mizzimaburmese.com/article/130832
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤25👍11😁3👏1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်ထုတ်လွှင့်မှုများ
=====================

https://youtu.be/GSYfeObVg2k

#PVTV
#MizzimaTV
https://youtu.be/GSYfeObVg2k
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🍌3
ဇူလိုင်လ (၁၅) ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=========================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ပေးတွေ့တာဟာ စစ်ကောင်စီရဲ့နိုင်ငံရေးအမြတ်ထုတ်လှည့်ဖြားတာဖြစ်တယ်လို့ အထွေထွေသပိတ်အင်အားစုတုံ့ပြန်တဲ့သတင်းနဲ့အတူ

ထိုင်းဒုတိယဝန်ကြီးချုပ်ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဆိုတာကို သံသယရှိတယ်လို့ NLD ထုတ်ပြန်လိုက်တဲ့သတင်းလွှာအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဏတစ်ခုဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ကြရမှာဖြစ်ပါတယ်။

https://youtu.be/iyxU-AK-_oo

#Morningradio
#Mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19😁2❤1
​​မဇ္စျိမပရိသတ်များအတွက် စစ်တမ်းတစ်ခု ပြုလုပ်ပါရစေ.

ပရိသတ်ရဲ့ထင်မြင်ယူဆချက်များသည် မဇ္စျိမအဖွဲ့သားများအတွက် နေ့တဓူ၀အစီအစဥ်များကို ထုတ်လုပ်ရာတွင် အလွန်အကျိုးပြုပေးနေကြောင်းကို အသိပေးလိုပါသည်။

ဒါဆို ဘာကြောင့် ဒီစစ်တမ်းကို ကောက်ယူနေတာလဲ? ပရိသတ်အဖြေများသည် မဇ္စျိမ၏တင်ဆက်မှုအပေါ် နှစ်သက်မှု၊ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်ရန် ကူညီပေးပါသည်။ အကြံပြုချက်များကို တိုက်ရိုက်ကြားသိရခြင်းဖြင့် ပရိသတ်ရဲ့ထင်မြင်ယူဆချက်တွေမှတဆင့် ဆွဲဆောင်မှုအရှိဆုံးအကြောင်းအရာများ၊ သင်နှစ်သက်သော အစီအစဥ်များနှင့် အနာဂတ်တွင် မည်သည့်အစီအစဥ်မျိုးကို ကြည့်လိုကြောင်းကို မဇ္စျိမအဖွဲ့သားများက သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။

ဒါကြောင့် - စစ်တမ်းတွင်ပါဝင်ခြင်းဖြင့် သင်၏ထင်မြင်ယူဆချက်တွေကို မဇ္စျိမအဖွဲ့သားများအား ပြောပြပေးလိုက်ပါ.

စစ်တမ်းတွင် ၀င်ရောက်ဖြေဆိုရန် - https://www.surveymonkey.com/r/25JR9Z3

#mizzimasurvey
#mizzimaudiencesurvey
👍22🔥1
My india အစီအစဉ်
====================

ဒီတစ်ပတ်ရဲ့ My india အစီအစဉ်မှာ

-ကရယ်လာပြည်နယ်တစ်ဝှမ်း သရီဆာပူရမ်ပွဲတော် အခမ်းအနားများ မြင်ကွင်း

-ဟိန္ဒူဘာသာဝင်များက မြောက်ပိုင်း ဗာရာဏသီမြို့ရှိ ဂင်္ဂါမြစ်ကမ်းတစ်လျှောက်မှာ စုရုံးခဲ့ကြပြီး ပွတ်ရှ်ကာရမ်ပွဲတော်ကိုဆင်နွှဲခဲ့ကြ

-အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျနာ့သ်ဆင်းဟ်က နယူးဒေလီမှာကျင်းပတဲ့ ရှန်ဟိုင်းကော်ပိုရေးရှင်း အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် ၈နိုင်ငံက ကာကွယ်ရေး ဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့

-အိန္ဒိယသရုပ်ဆောင်များဖြစ်ကြတဲ့ နဝါဇာအူဒင် ဆစ်ဒီကီနဲ့ နေဟာရှာမာတို့က မကြာခင်ထွက်ရှိတော့မယ့် အချစ်ဟာသရုပ်ရှင် “Jogira Sara Ra Ra” နမူနာပြပွဲကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း မွမ်ဘိုင်းမြို့မှာ တက်ရောက်ခဲ့ကြ

-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/_23yLg9pfc0

#myindia
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🍌3
လားရှိုးမြို့မဈေးရှိ ဇွဲထက်ရွှေဆိုင်ရှေ့ ပေါက်ကွဲမှုဖြစ်၊ ဆိုင်၀န်ထမ်း ၁၂ ဦး ဒဏ်ရာရဟုဆို
========================

007
(မဇ္စျိမ) ။ ။ လားရှိုးမြို့မဈေးအတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆိုင်၀န်ထမ်း ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ရှမ်းပြည်မြောက်ပိုင်း ၊ လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့မဈေးအတွင်းဖွင့်ထားသော ဇွဲထက်ရွှေဆိုင်ရှေ့တွင် ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"ဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကနေ ဗုံးထပေါက်တာပါ။ မနက်အစောပိုင်းဆိုတော့ လူအသွားအလာတော့ ရှင်းတယ်။ ဆိုင်ခင်းဖို့ ရောက်နေတဲ့ ၀န်ထမ်းတွေပဲ ရှိချိန်မှာပေါက်ကွဲမှုဖြစ်တယ်။ ဆေးရုံကားနဲ့ လာသယ်သွားတာ ၁၀ ယောက်မကဘူး တွေ့လိုက်တယ် "ဟု ဒေသခံဈေးသည်တစ်ဦးက ပြောသည်။

ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသောလူနှစ်ဦးက အဆိုပါဆိုင်ကယ်တွင် ဗုံးတပ်ဆင်ကာ ဆိုင်ရှေ့ထားခဲ့ခြင်းဖြစ်ပြီး ဆိုင်ဝန်ထမ်း အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး ခြောက်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် အမျိုးသား နှစ်ဦးမှာ စိုးရိမ်ရကြောင်း စစ်ကောင်စီတပ် ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြထားသည်။

"ဆိုင်ရှင်က စစ်မှုထမ်းဟောင်းပါ။ မြို့မဈေးထဲရော ဈေး၀န်းကျင်မှာရော လုံခြုံရေးအပြည့်ချထားတဲ့ကြားကဖြစ်တာဆိုတော့ စိတ်၀င်စားစရာတော့ ကောင်းတယ်။ ဇွဲထက်အုပ်စုက မန္တလေးမှာဆိုရင် အခုရက်ပိုင်း ကားတွေ၊ ဆိုင်ကယ်တွေ ကံစမ်းမဲဖောက်ပြီး စျေးအလှူလှည့်သလို မြို့ထဲလှည့်ပတ်နေတာတောင် ဘာမှမဖြစ်ဘဲ လားရှိုးမှာမှ ဘာလို့လာဖြစ်တာလဲ စဉ်းစားစရာပါ" ဟု လားရှိုးမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဖောက်ခွဲမှုအား မည်သည့်အဖွဲဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကို မသိရသေးသော်လည်း PDF လက်ချက်ဖြစ်ကြောင်း စစ်တပ်ထောက်ခံသည့်တယ်လီဂရမ် ချန်နယ်သတင်းများက ဆိုသည်။
လားရှိုးမြို့တွင် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။

https://youtube.com/shorts/w2AYShcNTSM?feature=share

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#လားရှိုးမြို့မ စျေး
#ဇွဲထက်ရွှေဆိုင်
#၁၂ဦးဒဏ်ရာရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥5🤔2😁1
​​အရေးပေါ်အခြေအနေ သက်တမ်းတိုးရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အရိပ်အမြွက်ပြော
============================

စစ်တပ်အနေဖြင့် အရေးပေါ်အခြေအနေအား နောက်ထပ် သက်တမ်း ထပ်တိုးဖြစ်နိုင်ပြီး ကတိပြုထားသော ရွေးကောက်ပွဲ နှောင့်နှေးနိုင်ကြောင်းကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အရိပ်အမြွက်ပြောပြီး မတည်ငြိမ်မှုများ အဆုံးသတ်ရန် ပိုမို အားထုတ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

အရှေ့တောင်အာရှ၏ အပယ်ခံနိုင်ငံ မြန်မာနိုင်ငံသည် ပြီးခဲ့သော နှစ်နှစ်ကျော်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းကာ သဘောထားကွဲလွဲသူများကို အသေအပျောက်များသည့် ဖြိုခွင်းခြင်းများကြောင့် အကြမ်းဖက်မှုများဖြင့် ပျက်စီးကိန်းဆိုက်နေသည်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော အသစ်ထူထောင်သည့် လက်နက်ကိုင်အဖွဲ့များကို စစ်ကောင်စီက တိုက်ပွဲဆင်နေရာ အရပ်သား ထောင်ပေါင်းများစွာ သေဆုံးထိခိုက်ဒဏ်ရာ ရကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အုပ်ချုပ်ရေးအဖွဲ့သည် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေသည်ကို အသိအမှတ်ပြုပြီးနောက် အာဏာသိမ်းပြီးချိန်မှစကာ အရေးပေါ်အခြေအနေကို အကြိမ်ကြိမ် သက်တမ်းတိုးထားခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် “အကြမ်းဖက်ဖြစ်စဉ်များက ကျဆင်းသော်လည်း ဆက်လက်ဖြစ်ပွားနေသည်”ဟု အာဏာသိမ်းမှု ဆန့်ကျင်သော တော်လှန်ရေးတပ်များ၏ ဖြစ်ပွားနေဆဲ တိုက်ခိုက်မှုများကို ရည်ညွှန်းပြီး ကြာသပတေးနေ့က အကြီးတန်းအရာရှိများနှင့် တွေ့ဆုံရာ၌ မင်းအောင်လှိုင်က ပြောသည်။

“လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ ဥပဒေစိုးမိုးရေးတွေ အပြည့်အဝ အကောင်အထည်ဖော်ဖို့ လိုအပ်ချက်များစွာ ရှိနေတာကို မြင်တွေ့ရမှာ ဖြစ်တယ်”ဟု အဆိုပါ အစည်းအဝေးအား စစ်တပ်၏ သောကြာနေ့ ထုတ်ပြန်ချက်၌ မင်းအောင်လှိုင်က ပြောထားသည်။

ယခုနှစ်စမှစကာ အကြမ်းဖက်လုပ်ရပ် ရာပေါင်းများစွာအတွင်း လူပေါင်း ၇၈၂ ဦး အသတ်ခံရကြောင်း နောက်ထပ် အသေးစိတ်မဆိုဘဲ ၎င်းက ထပ်လောင်းပြောသည်။

အာဏာသက်ဝင်နေဆဲဟု စစ်ကောင်စီက ပြောထားသော စစ်တပ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီး ခြောက်လအတွင်း ရွေးကောက်ပွဲများ ကျင်းပရန် လိုအပ်သည်။

ယခုနှစ် ဩဂုတ်လ၌ ရွေးကောက်ပွဲသစ်များ ကျင်းပမည်ဟု စစ်ကောင်စီက ကတိပေးထားသော်လည်း နိုင်ငံသည် “ပုံမှန်အခြေအနေသို့ ပြန်မရောက်သေး”ဟု အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပြောပြီး နောက်တစ်ရက်၌ အရေးပေါ်အခြေအနေကို ဖေဖော်ဝါရီလအတွင်းက သက်တမ်းထပ်တိုးထားခြင်းပဲ ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)
😁16💩11👍9❤2👏1
ထားဝယ်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနှင့် ဆက်သွယ်မေးမြန်းချက်
====================

ဂျူချန်း (မဇ္ဈိမ)။ ။ ထားဝယ်သပိတ်ကော်မတီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြားကနေ လက်ရှိအချိန်အထိ လူထုသပိတ်လှုပ်ရှားမှုတွေကို အရှိန်အဟုန်မပြတ် ဆက်လက် လုပ်ဆောင်နေပါတယ်။

“ကျနော်တို့က လုံခြုံလို့ လူထုသပိတ်တွေလုပ်နေတာမဟုတ်ဘူး။ တကယ်မလုံခြုံတော့လို့ လူထုသပိတ်ကို ဆင်နွှဲနေရတာဖြစ်တယ်” လို့ ထားဝယ်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူလူထုတစ်ရပ်လုံးနဲ့ စစ်ခင်းနေတာဖြစ်ပြီး ဘယ်လောက်ပဲ ကျောထောက်နောက်ခံကောင်းပါစေ ကမ္ဘာ့သမိုင်းမှာ ပြည်သူကိုမျက်နှာမမူတဲ့ ဘယ်အာဏာရှင်မှ နိုင်သွားတဲ့ ရာဇဝင်မရှိဘူးလို့ သူက ပြောပါတယ်။

မေးမြန်း/တည်းဖြတ်-ဂျူချန်း

https://youtu.be/FkDa9UvPa5A

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17🔥1😁1
နယ်မြေရှင်းလင်းရာ မိုင်းနင်းမိ၍ YGF ရဲဘော် ပြင်းထန်ဒဏ်ရာရ
😢18👏2😱1
နယ်မြေရှင်းလင်းရာ မိုင်းနင်းမိ၍ YGF ရဲဘော် ပြင်းထန်ဒဏ်ရာရ
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ ရေးပြောက်ကျားတပ်ဖွဲ့(YGF)၏ ရှေ့တန်းစခန်းတစ်နေရာတွင် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မိုင်းနင်းမိ၍ ရဲဘော်တစ်ဦး ခြေတစ်ဖက်ပြတ် ပြင်းထန်ဒဏ်ရာ ရသွားကြောင်း YGF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံထံမှ သိရသည်။

ဇူလိုင်လ ၁၂ရက်တွင် YGFတပ်ဖွဲ့က ရှေ့တန်းစခန်းကို နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားသည့် မြေမြှုပ်မိုင်းကို နင်းမိရာမှ ရဲဘော်တစ်ဦး ခြေထောက်တစ်ဖက် ပြတ်သွားပြီး မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဇူလိုင်လ ၁၀ရက်နေ့တွင် အင်အား ၆၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ မလွဲတောင်‌ကျေးရွာအနီးရှိ YGF ရှေ့တန်းစခန်းတစ်ခုအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်ဦးမှုရတာရယ်၊ အင်အားမမျှတာရယ်ကြောင့် ဆုတ်ခဲ့ရတယ်၊ အဲ့ဒါကို ၁၂ ရက်နေ့မှ ပြန်ချဉ်းကပ်ပြီးတော့ ရှင်းလင်းရေးပြန်လုပ်ခဲ့တာ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ဘက်က ထိခိုက်မှုရှိနိုင်ပေမယ့် အတည်မပြုနိုင်ဘူး” ဟု YGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လက်ရှိတွင် ထိခိုက်ထားသည့် ရဲဘော်သည် ဆေးကုသမှု ခံယူလျက်ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း YGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ရက်နေ့ ညတွင် KNLA နှင့် YGF၊ PDF ပူးပေါင်းတပ်ဖွဲ့များသည် ရေးမြို့နယ်၊ မလွဲတောင်အနီး၊ ၁၄ မိုင်ကျေးရွာအနောက်ဘက်ရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ ရှေ့ထွက်မိုင်းသုံးလုံး၊ M16 ကျည် ၂၁၈ တောင့်၊ ၄၀မမ ကျည် ၂၀လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ဖောက်ခွဲရေးပစ္စည်း(ကပ်သီး) ၁၈ခု၊ ကျည်ဘောက် ၁၀ခု၊ ဖုန်း သုံးလုံး၊ စစ်ယူနီဖောင်းတစ်စုံ နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း YGF ကထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မွန်ပြည်နယ်
#ရေးမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢23😁2😱2👍1
​​အကြမ်းဖက်မှုများ ရပ်ရန်နှင့် ဒီမိုကရေစီသို့ ပြန်သွားရန် စစ်ကောင်စီကို ဖိအားပေးရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော
=================

မြန်မာစစ်ကောင်စီက လက်နက်ချပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ ပြန်သွားရန် အမေရိကန်နှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် ဖိအားပေးကြရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများအား သောကြာနေ့က ပြောခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်ကျော်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအား ဖြုတ်ချပြီး စစ်အာဏာသိမ်းကာ သဘောထားကွဲလွဲသူများကို သေလောက်အောင် ဖြိုခွင်းသည့်နောက် သက်တမ်းနုသည် ဒီမိုကရေစီ အဆုံးသတ်သွားရသည့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလျက် ရှိနေခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့၊ ဒီမိုကရေစီ အုပ်ချုပ်ရေးဆီ ပြန်သွားဖို့ စစ်တပ်အုပ်ချုပ်သူတွေကို ကျွန်တော်တို့ ဖိအားပေးကြရမယ်”ဟု ဂျကာတာတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဘလင့်ကင်က ပြောသည်။

ယခု သီတင်းပတ် အာဆီယံ အစည်းအဝေးတွင် မြန်မာ့ပဋိပက္ခက လွှမ်းမိုးထားပြီး မြန်မာစစ်ကောင်စီနှင့် မည်သို့ ဆက်လက်ဆက်ဆံရမည်၊ ဆက်ဆံသင့်မသင့် အာဆီယံ၌ သဘောထားကွဲနေသည်။
စစ်ကောင်စီကို အာဆီယံ အဆင့်မြင့် အစည်းအဝေးများမှ တားမြစ်ထားသော်လည်း ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်လ၌ အငြင်းပွားဖွယ် “အလွတ်သဘော ဆွေးနွေးပွဲ”သို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့၍ အဖွဲ့အတွင်း ကွဲလွဲမှု ထပ်တိုးရသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံသည် မြန်မာ့အရေးတွင် ထိထိရောက်ရောက် မရှိမှုကြောင့် ရေရှည် ဝေဖန်ခံနေရသကဲ့သို့ အကျပ်အတည်းအား ဖြေရှင်းရေး သံတမန်ကြိုးပမ်းမှုတွင် သဘောထားကွဲနေကြဆဲ ဖြစ်သည်။

အဘက်ဘက်မှ အကြမ်းဖက်မှုများကို ရှုတ်ချကြောင်းနှင့် စစ်ကောင်စီက မသိကျိုးကျွန် ပြုထားသည့် ဘုံသဘောတူညီချက် ငါးရပ်အား အခြေခံမူအဖြစ် ဆက်ထားရေးကို ကြာသပတေးနေ့ နှောင်းပိုင်း ပူးတွဲထုတ်ပြန်ချက်တွင် အာဆီယံက ဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)
👍30😁5👏3
​​ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံသဖြင့် PDF များ စစ်ကောင်စီထံ လက်နက်ချအလင်းဝင်တော့ မည်ဟု သတင်းမှားဖြန့်
=================

ZZ
(မဇ္ဈိမ) ။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ ရာတွင် ၎င်းအနေဖြင့် NUG နှင့် PDF များကို အသိအမှတ်မပြု၊ မထောက်ခံကြောင်းပြောကြားခဲ့၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ကောင်စီထံ လက်နက်ချအလင်းဝင်ကာ နေအိမ်ပြန်ကြတော့မည်ဟု စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြနေကြသည်။ ယင်းဖော်ပြချက်များ မှာ မှားယွင်းနေသည်။

“ကျော်စွာ” တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၁၃ ရက်နေ့တွင် “ အစကတည်းက ငါတိုက ပြောခဲ့ပါ တယ်။ ဇော်ဝေစိုး၊ ရည်မွန်၊ ဇင်မာအောင် ပြည်ပြေးတွေ ဂျင်းထည့်တာပါလို။ သူတိုက ပြည်ပြေးတွေဖြစ် နေပြီ အကြမ်းဖက်သတ်ဖြတ်မှုတွေကို pdf စီလွှချပြီး သူတိုနိုင်ငံရေးတစ်နေရာစာအတွက် အနေချောင်ဖို လုပ်နေတာ။ ဒေါ်စုကလက်မခံဘူးဆိုရင် ဒီလုပ်ရပ်တွေအားလုံးကို အင်တာပိုနဲ့ချိတ်ဆက်ပြီး ပြည်ပြေး တွေကို အစိုးရအဆက်ဆက်က ဖမ်းဆီးရေးလုပ်လိုရသွားပြီ”(မူရင်းအရေးအသားအတိုင်း) ဟုဆိုကာ ပုံ ၁၀ ပုံနှင့်အတူဖော်ပြထားသည်။

ယင်းအကြောင်းကို အခြားတယ်လီဂရမ်ချန်နယ် ၁၁ ခုတွင်လည်းပျံ့နှံ့နေပြီး ကြည့်ရှုသူ ၅၀,၀၀၀ ကျော် နေပြီဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ယင်းပုံများ ပျံ့နှံ့လျက်ရှိနေသည်။
ထိုပုံများသည် တော်လှန်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအပေါ် စိတ်ပျက် ကာ တော်လှန်ရေးဆက်မလုပ်ချင်တော့သယောင် ဖေ့စ်ဘုတ်တွင်ရေးသားထားသည့် ပိုစ့်များအဖြစ် Screenshot ယူထားသည့်ပုံများဖြစ်သည်။

အပြည့်အစုံ ဖတ်ရန် >>
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Fake_Account
#Fake_post

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤣39👍16💩4❤1😁1
​​ကျိုက်ထိုတွင် ရွှေတွင်းလုပ်သားများအပါအဝင် အရပ်သား ၁၆ ဦး ဖမ်းဆီးခံရ
====================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဆီအုန်းခြံအနောက်ဘက်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းမှ ရွှေတွင်းလုပ်သားအားလုံးအပါအဝင် အရပ်သား ၁၆ ဦးအား စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၊ တော်လှန်ရေးအင်အားစုများထံက သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့၊ ညနေ ၄ နာရီ ၃၀ ဝန်းကျင်အချိန်က ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဆီအုန်းခြံအနောက်ဘက်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးဝန်းကျင် ရောက်ရှိလာပြီး ရွှေတွင်းလုပ်ကွက်ရှိ ဘက်ဟိုးမောင်းသမား သုံးဦး၊ ရွှေတွင်းလုပ်သား ၁၀ ဦးတို့အပြင် ရွှေတွင်းအနီးအနားရှိ ပန်းသီရိ စိုက်ပျိုးရေးကုမ္ပဏီမှ မန်နေဂျာ ကိုမျိုးမြင့်ကျော်နှင့် ဝန်ထမ်းနှစ်ဦးတို့ကိုပါ ဖောကားဖြင့်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

" ကားနဲ့ဝင်လာတာ လူ ၅၀ လောက်ပါမယ်ထင်တယ်။ ယူနီဖောင်းတွေရော အရပ်ဝတ်တွေရောပါတယ်။ သေနတ်တွေ ပစ်တယ်။ လက်နက်ကြီးနဲ့လည်း အပေါ်ဘက်ကို ထုသေးတယ်။ ရွှေတွင်းထဲက တန်းလျားတွေတော့ အကုန်မီးရှို့ခံလိုက်ရတယ်။ တန်းလျားဆိုတာကလည်း အလုပ်သမားတွေနေတာဆိုတော့ ဖြစ်သလို ဆောက်ထားတဲ့ဟာတွေပဲ။ ဘာကြောင့်ဖမ်းသလဲတော့ ကျွန်တော်လည်း မသိဘူး" ဟု အင်္ဂဘိုကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီတပ်သားများသည် ရွှေတူးဖော်ရေး လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများ နေထိုင်ရာ တဲ၊ တန်းလျားများအား မီးရှို့ဖျက်ဆီးခဲ့ကာ အနီးအနား ပတ်ဝန်းကျင်သို့ လက်နက်ကြီးများ၊ သေနတ်များ ပစ်ခတ်ခဲ့သေးကြောင်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းခွင်မှ ရွှေမျှောစက်တစ်လုံး၊ ဘက်ဟိုးသုံးစီးတို့အား သိမ်းဆည်းသွားကြောင်း သိရသည်။

အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းခွင်သည် ရန်ကုန်မြို့မှ ဦးအောင်အောင် ပိုင်ဆိုင်သည့် လုပ်ငန်းခွင်ဖြစ်ပြီး ဝင်ရောက်ဖမ်းဆီးချိန်တွင် ၎င်းသည် လုပ်ငန်းခွင်အတွင်း မရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

" ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ ကျွန်တော်တို့အသေးစိတ် စုံစမ်းနေဆဲပါ၊ အဲ့ဒီရွှေလုပ်ကွက်တွေဆိုတာလည်း ကျွန်တော်တို့တော်လှန်ရေးဘက်နဲ့ သက်ဆိုင်မှုမရှိတော့ ဘာကြောင့်ဖမ်းတယ်ဆိုတာ အသေးစိတ်တော့ မသိရသေးပါဘူး" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

အဆိုပါ အရပ်သား ၁၆ ဦးအား လက်ရှိတွင် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ တပ်မ (၄၄) ဌာနချုပ်နှင့် ကျိုက်ထိုမြို့နယ်ရဲစခန်းတို့တွင် ဖမ်းဆီးထားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များသည် စစ်ကောင်စီတပ်​၏ မကြာခဏ ဖမ်းဆီး စစ်ဆေးခံရလေ့ရှိသော်လည်း ရွှေတူးဖော်ရေးလုပ်ငန်းအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျိုက်ထိုမြို့နယ်
#စီးပွားရေးလုပ်ငန်းရှင်
#စစ်ကောင်စီတပ်​
#ရွှေတွင်းလုပ်သား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬20👍14❤2😁2