နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၅ ဇူလိုင် ၂၀၂၃)
==========================
အမျိုးသားညီညွတ်ရေး အစိုးရ
မြန်မာစစ်တပ်နှင့်ရဲများက မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ရေးဗျူဟာ နှင့် နိုင်ငံရေးဖိနှိပ်မှုအဖြစ် အသုံးချနေမှုကို ကုလသမဂ္ဂ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကို ပိုမိုအားကောင်းသော ဆုံးဖြတ်ချက် ထပ်မံချမှတ်အရေးယူရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံသည်ဆိုသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက် သည် ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇူလိုင် ၁၄ ရက်က ထုတ်ပြန်ထားသည်။
ကနေဒါ နိုင်ငံအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် တို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရန်ကုန်အခြေစိုက် ကနေဒါသံရုံးက တရားဝင် သတင်းထုတ်ပြန်ထားသည်။
ဒီမိုကရေစီနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ဆိုးရွားလာသည့် ပဋိပက္ခအခြေအနေများအတွက် ထိရောက်ခိုင်မာသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ၏ ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအ ဝေးကို ဇူလိုင် ၁၄ ရက်က ပြုလုပ်ခဲ့ရာ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ် ပြည်ထောင်စု ရေးရာဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များ နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တော်ဝင်ဒေါင်းစစ် ကြောင်း၏ နောက်တန်းက ရဲဘော်များ လက်ဝှေ့ထိုးပြီး ပြိုင်ပွဲပြုလုပ်နေသည့် မှတ်တမ်းဓာတ်ပုံ များကို ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း တပ်ဖွဲ့များ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များအတွင် လုပ်ငန်းရှင် တစ်ဦးက ကျပ်သိန်း ၂၁၀၀ လှူဒါန်းလာကြောင်း PVTV သတင်းဌာန၏ ဇူလိုင် ၁၄ ရက်၊ညပိုင်းတွင် ဖော်ပြချက်အရ သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍21❤1🔥1😁1
Weekend News Roundup | July 15 2023
===============
00:42 ကလေးသူငယ်များ ထိခိုက်သေဆုံးမှုဆိုင်ရာ ကုလအစီရင်ခံစာကို စစ်ကောင်စီ ပယ်ချတဲ့သတင်း
03:46 (၆)လအတွင်း KNU ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲ ၂၅၀၀ နီးပါးဖြစ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၆သိန်းခန့်ထိ ရှိလာနေ တဲ့ သတင်း
12:00 ထိုင်းပြုပြင်ပြောင်းလဲရေးသမား ပီတလင်ဂျာရိုနတ် ဝန်ကြီးချုပ်အသစ်မဲပေးရွေးချယ်မှုမှာရှုံးနိမ့် တဲ့သတင်း
13:57 ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြမှုတွေဖြစ်ပွား တဲ့သတင်း
18:43 ပြင်သစ်ဘဏ္ဍာရေးအဖွဲ့အစည်း ၆ ခုက မြန်မာစစ်အုပ်စုနဲ့ စီးပွားရေးပတ်သတ်မှုရှိတဲ့ ကုမ္ပဏီတွေမှာ ဒေါ်လာ ၆ ဘီလီယံဖိုးရင်းနှီးမြှပ်နှံထား တဲ့ သတင်း
24:24 MAI လေကြောင်းလိုင်း ဘဏ်အကောင့်များ စင်ကာပူUOBဘဏ်ပိတ်သိမ်းတဲ့သတင်း
အစရှိတဲ့သတင်းများအပြင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
https://youtu.be/UXVqtdAde7s
#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
Weekend News Roundup | July 15 2023
00:42 ကလေးသူငယ်များ ထိခိုက်သေဆုံးမှုဆိုင်ရာ ကုလအစီရင်ခံစာကို စစ်ကောင်စီ ပယ်ချတဲ့သတင်း
03:46 (၆)လအတွင်း KNU ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲ ၂၅၀၀ နီးပါးဖြစ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၆သိန်းခန့်ထိ ရှိလာနေ တဲ့ သတင်း
12:00 ထိုင်းပြုပြင်ပြောင်းလဲရေးသမား ပီတလင်ဂျာရိုနတ်…

👍18🔥1🌭1
တရုတ်၏ ထိပါးရန်စမှုကို တုန့်ပြန်ရန် အိန္ဒိယနှင့် အမေရိကန်တို့ လက်တွဲဆောင်ရွက်သွားရန်လိုအပ်နေ
=========================
တရုတ်နိုင်ငံ၏ ထိပါးရန်စမှုကို တုန့်ပြန်စိန်ခေါ်ရန် အိန္ဒိယနှင့် အမေရိကန်တို့အနေဖြင့် ခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်သွားရန်လိုကြောင်း အိန္ဒိယနွယ်ဖွား အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် ရှရီသန်နေးဒါးက ပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
တရုတ်နိုင်ငံ၏ ထိပါးရန်စမှုကို တုန့်ပြန်စိန်ခေါ်ရန် အိန္ဒိယနှင့် အမေရိကန်တို့အနေဖြင့် ခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်သွားရန်လိုကြောင်း အိန္ဒိယနွယ်ဖွား အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် ရှရီသန်နေးဒါးက ပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏11🔥2
လက်ပံတန်းမြို့ ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဗုံးကွဲ၊ အမျိုးသမီး ၁ ဦး အပါအဝင် အရပ်သား ၇ ဦးဖမ်းဆီးခံရ
==================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အမျိုးသမီး တစ်ဦး အပါအဝင် အရပ်သား ခုနစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
လက်ပံတန်းမြို့၊ ဘီးလင်းတန်းရပ်ကွက်၊ ကန်ကြီးလမ်းရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် ဇူလိုင်လ ၁၃ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဗုံးပေါက်တော့ လူငယ်သဘာဝ ထွက်ကြည့်ကြတာ။ သူတို့က ဘာမှလုပ်တဲ့သူတွေလည်း မဟုတ်ပါဘူး အဲ့တာကိုဖမ်းသွားတာ လက်ပံတန်းရဲစခန်းကိုခေါ်သွားတယ် နောက်တော့ ဘယ်ခေါ်သွားလဲ မသိဘူး နောက်ဆက်တွဲမသိရသေးဘူး” ဟု လက်ပံတန်းမြို့ဒေသခံက ပြောသည်။
အဆိုပါ ဖောက်ခွဲမှုကို လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွှေတန်းမြေ PDF) က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
"သုံးလုံးအတွဲလိုက်ထောင်တာ တစ်လုံးကွဲသွားပါတယ်။ ဘန်ကာအနည်းငယ် ပျက်စီးမှုရှိတယ်။ ကျန်တာတော့ ထိခိုက်သေဆုံး မဖြစ်လိုက်ပါဘူး" ဟု လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွှေတန်းမြေPDF) မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နှစ် နာရီခန့်အကြာ၊ ည၁၀နာရီ ၃၀မိနစ်ခန့်တွင် မြို့မရပ်ကွက်၊ (၂)လမ်းမှ မိတ္တူဆိုင်တစ်ခုအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းကာ ဆိုင်ရှင်ဒေါ်ညိုညိုနှင့်အတူ ၎င်း၏ မိသားစုဝင်များဖြစ်ကြသည့် ကိုကျော်သီဟ၊ ကိုဖြိုးသီဟ၊ ကိုမျိုးသီဟ၊ ကိုစန်းမင်းနှင့် ကိုဖြိုးကိုကို တို့အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လက်ပံတန်းမြို့ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။
ထို့ပြင် မြို့မရပ်ကွက် သာသနာ့ရိပ်သာလမ်းနေ ကိုသက်မင်းထိုက်ကိုလည်း ထိုနေ့ည၌ပင် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
အဆိုပါ ဖမ်းဆီးခံရသောမိသားစုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် လုံးဝပတ်သက်မှုမရှိသကဲ့သို့ ကိုသက်မင်းထိုက်သည်လည်း ယခင်က ဆန္ဒပြလှုပ်ရှားမှုများကြောင့် ထောင်ဒဏ်ကျခံရဖူးသော်လည်း လက်ရှိတွင် PDF နှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
"ဒါက PDF တွေ ဒီလိုလုပ်ရင် ပြည်သူတွေဒီလိုထိမယ်ဆိုတဲ့ သဘောနဲ့ PDF တွေနဲ့ ပြည်သူတွေကြားစိတ်ဝမ်းကွဲအောင် လုပ်ပြနေတဲ့သဘောပါ။ ဒီလူတွေဟာ ဒီဖောက်ခွဲမှုနဲ့အတူ PDF တွေနဲ့ဘာမှသက်ဆိုင်မှုမရှိတဲ့သူတွေပါ။ ပေါက်ကွဲမှုဖြစ်တိုင်းမှာ PDF ကိုဖမ်းမရတိုင်း အရပ်သားတွေကိုဖမ်းပြနေတာ သူတို့အကျင့်ပါ" ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ကိုသက်မင်းထိုက်သည် အာဏာသိမ်းပြီးစ ကာလ ၂၀၂၁ ခုနှစ်အတွင်းက စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က)ဖြင့် သာယာဝတီထောင်တွင် အကျဉ်းကျခံခဲ့ရသေးသည်။
ထို့နောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် လက်ပံတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးခင်မောင်ရင်နှင့်အတူ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်များတွင် ထိုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားပြီးချိန်တိုင်းနှင့် စစ်ကောင်စီတပ်၊ ရဲနှင့် ၎င်းတို့၏ထောက်တိုင်များ တိုက်ခိုက်ခံရပြီးချိန်တိုင်းတွင် ဖြစ်ရပ်များနှင့် သက်ဆိုင်မှုမရှိသော အရပ်သားပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးလေ့ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကလည်း လက်ပံတန်းမြို့နယ်အပိုင် ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းနှင့် ရဲစခန်းအနီး ဘူတာရုံကြား ပြုလုပ်နေသော လောင်းကစားဝိုင်း တိုက်ခိုက်ခံရပြီး ရဲတပ်ကြပ်ကြီး၊ ရဲတပ်ကြပ်နှင့် ပျူစောထီးဆိုသူ နှစ်ဦး စုစုပေါင်း လေးဦး သေဆုံးပြီးနောက် အရပ်သား ၂၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#ပဲခူးတိုင်း
#လက်ပံတန်းမြို့နယ်
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု

👍11🔥3❤2😁1
စစ်ကောင်စီတပ်ဖွဲ့က ဆိုင်ကယ်စီးလူငယ် ၂ ဦးကို ရပ်မပေး၍ ဖမ်းဆီးသတ်ဖြတ်ဟုဆို
====================
007
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင်၊ ဆိုင်ကယ်စီးလူငယ်နှစ်ဦးကို၊ စစ်ကောင်စီတပ်ဖွဲ့က တားဆီးရာ ရပ်မပေးသဖြင့် လိုက်လံဖမ်းဆီးသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“တစ်ယောက်က အောင်ခိုင်စိုး၊ နောက်တစ်ယောက်က ဝေယံတဲ့၊ ညီအစ်ကို၀မ်းကွဲတော်ကြတယ်၊ အဲဒီနေ့က ညဘက်အပြင်ကပြန်လာတော့ သူတို့ နောက်ကနေ စကစတွေလိုက်လာတယ်၊ နောက်တော့သေနတ်သံတစ်ချက်ကြားရပြီး ဆဲဆိုသံတွေလည်းကြားရတယ်၊ မနက်ကျတော့ အောင်ခိုင်စိုး အသတ်ခံရပြီး၊ ဝေယံကို ဖမ်းခေါ်သွားတယ်လို့သိရတာပဲ၊ အောင်ခိုင်စိုးကိုအဲဒီနေ့မှာ အလောင်းသွားထုတ်ပြီးသဂြိုဟ်ပြီးပါပြီ” ဟု ဖြစ်စဉ်သိရှိခဲ့သည့် စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။
ထိုဖြစ်စဥ်မှာ ဇူလိုင်လ ၁၀ ရက်နေ့ည ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပြူကံရပ်ကွက်ရှိ၊ မြကြာနွယ်ရေခဲစက်တွင် စက်ရုံ၀န်ထမ်းအဖြစ်လုပ်ကိုင်နေသော မောင်အောင်ခိုင်စိုး(အသက် ၂၃ နှစ်)နှင့်၊ ညီ၀မ်းကွဲတော်သူစပ်သူမောင်ဝေယံ(အသက် ၂၀ နှစ်)တို့ကို၊ စစ်ကောင်စီတပ်ဖွဲ့က စက်ရုံထဲအထိ၀င်ရောက်ဖမ်းဆီးပြီး၊ တစ်ဦးကိုပစ်သတ်ကာ တစ်ဦး ကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင်း ဖြစ်စဉ်သိရှိခဲ့သည့် စစ်ကိုင်းမြို့ခံများကလည်း ဆိုသည်။
“၀င်ဖမ်းပြီး လက်လွန်သွားတယ်ထင်တယ်၊ သူတို့(စကစ)ဘက်ကတော့ ဆိုင်ကယ်ရပ်မပေးလို့ လိုက်ဖမ်းပြီးပစ်သတ်လိုက်တာလို့ သတင်းလွှင့်ထားတယ်၊ အလောင်းကိုလည်း သူတို့ပဲရင်ခွဲရုံပို့လိုက်တာပါ၊ ဘာပဲဖြစ်ဖြစ်သေတဲ့သူကတော့သေသွားပြီ၊ ဖမ်းခေါ်သွားတဲ့တစ်ယောက်က သေသလားမသေသေးဘူးလား မိသားစုကသိချင်နေကြတာပေါ့နော်၊ အခုက သတင်းအစအနပျောက်နေတယ်၊ အပြစ်ရှိတယ်ဆိုရင်လည်း ဥပဒေအတိုင်းလုပ်ကြပေ့ါ” ဟု မြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၀င်များသည်၊ ၎င်းတို့ နှစ်ဦးအားဖမ်းဆီးစဉ်က ၎င်းတို့၏လက်ကိုင်ဖုန်းနှင့် ရေခဲစက်တွင်တပ်ဆင်ထားသော စီစီတီဗီတို့ကိုလည်း ဖြုတ်ယူသွားကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့က၊ စစ်ကိုင်းဆေးရုံကြီးရင်ခွဲရုံမှ မောင်အောင်ခိုင်စိုး၏အလောင်းအားထုတ်ယူရာတွင်၊ မျက်နှာတစ်ခုလုံး ဖူးရောင်ပြီးအညိုအမဲစွဲနေကြောင်း ဖြစ်စဉ်သိရှိခဲ့သူများ၏ပြန်လည်ပြောပြချက်အရသိရသည်။
စစ်ကိုင်းမြို့တွင်၊ ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦးလိုက်ပါစီးနင်းခြင်း၊ အမျိုးသမီးကမောင်း၍ အမျိုးသားက နောက်မှစီးနင်းလိုက်ပါခြင်းတို့နှင့် ပတ်သက်၍ စစ်ကောင်စီ၏လှည့်ကင်းနှင့်တိုးလျှင် လိုက်လံပစ်ခတ်ခံရနိုင်သဖြင့်၊ သတိပြုဆင်ခြင်ကြရန်၊ စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ရက်က နေ့စဉ်နှင့်အမျှသတိပေးနေသည်ကို တွေ့ရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#ဆိုင်ကယ်
#စစ်ကိုင်းမြို့

🤬10👍9🤣2🔥1😁1
လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား ဆန္ဒပြ
================
ကိုရွှေမြိတ် (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဂျူလိုင်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။
လှုပ်ရှားမှုတွင် “ ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက် ၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားပါဆိုင်းဘုတ်ကို ကိုင်ဆွဲကာ တော်လှန်ရေးသီချင်းများ ဟစ်ကြွေးခဲ့ကြသည်။
https://youtu.be/q7bd_wxmB00
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လောင်းလုံ
#DDMSC

လှုပ်ရှားမှုတွင်…
လှုပ်ရှားမှုတွင်…
👍17😁2
ကော့ကရိတ်က စစ်ကောင်စီတပ် ဂိတ်စခန်း ၂ ခု တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံရ
====================
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အထိုင်ချ စခန်းများဖြစ်သည့် တံတားဦးရပ်ကွက်ထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းနှင့် အမှတ် (၃) စစ်ဆေးရေးဂိတ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရသည်။
ထိုတပ်ဂိတ်စခန်း နှစ်ခုသည် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါတိုက်ပွဲအတွင်း KNLA၊ PDF ပူးပေါင်းတပ်ဘက်က နှစ်ဦးထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေးဦး စိုးရိမ်ဒဏ်ရာများ ရရှိသွားကြောင်း ၎င်းက ဆိုသည်။
"သူတို့ဘက်ကတော့ လေးဦး ဒဏ်ရာပြင်းထန်တယ်လို့တော့ ကြားထားတယ်၊ တော်လှန်ရေးဘက်ကတော့ နှစ်ယောက်ဒဏ်ရာရထားတယ်၊ မစိုးရိမ်ရပါဘူး၊ တိုက်ပွဲပြီးသွားတော့လည်း လက်နက်ကြီးတွေ ရမ်းပစ်တာရှိတယ်" ဟု တပ်မဟာ (၆) KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
တိုက်ပွဲများ ရပ်နားသွားချိန်တွင် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ (၉၇)နှင့် ရန်ကုတ်စစ်ကောင်စီတပ်စခန်းတို့က ကော့ကရိတ်မြို့မြောက်ဘက်ရှိ ရန်ကုတ်ကျေးရွာ၊ ကြောင်လျှာကုန်းကျေးရွာနှင့် တံတန်ကူးကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
သို့သော်လည်း လူနေအိမ်များအပေါ် ကျရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်း၊ အထက်တန်းကျောင်းဝင်းအတွင်း အထိုင်ချနေသော စစ်ကောင်စီတပ်သားများနှင့် ဗောဓိကုန်းလက်နက်ကြီးကုန်းတို့အား ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့က လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ်တစ်ဦး၊ တပ်သားတစ်ဦး သေဆုံးခဲ့ပြီး တပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ကော့ကရိတ်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး ယင်းနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ဂိတ်စခန်းများအား KNLA၊ PDF တပ်များက ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဝင်ရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်ကာ တိုက်ပွဲများဖြစ်ပွား နေသည်။
စာတည်း။ ။ နောင်နောင်
#ကော့ကရိတ်
#KNU
#တံတားဦးရပ်ကွက်

👍23😁2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်ထုတ်လွှင့်မှုများ
==================
https://youtu.be/jvW1wQymqAg
#PVTV
#MizzimaTV

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍14🤮1🍌1
ဇူလိုင်လ (၁၆) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ဇွန်လ အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ စစ်ကောင်စီတပ်သား ၁၅၀ နီးပါး သေဆုံးတယ်လို့ KNU ထုတ်ပြန်တဲ့သတင်းနဲ့အတူ
KNU နယ်မြေမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များလာတဲ့အကြောင်းသတင်းလွှာအပါအဝင်
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏဖြစ်တဲ့ “သံစဉ့်အိမ်” အစီအစဉ်ကို နားဆင်ကြရပါမယ်။
https://youtu.be/A24SeCARPhc
#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ဇွန်လ အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ စစ်ကောင်စီတပ်သား ၁၅၀ နီးပါး သေဆုံးတယ်လို့ KNU ထုတ်ပြန်တဲ့သတင်းနဲ့အတူ
KNU နယ်မြေမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များလာတဲ့အကြောင်းသတင်းလွှာအပါအဝင်
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏဖြစ်တဲ့ “သံစဉ့်အိမ်” အစီအစဉ်ကို နားဆင်ကြရပါမယ်။
https://youtu.be/A24SeCARPhc
#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ (၁၆) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ဇွန်လ အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ စစ်ကောင်စီတပ်သား ၁၅၀ နီးပါး သေဆုံးတယ်လို့ KNU ထုတ်ပြန်တဲ့သတင်းနဲ့အတူ
KNU နယ်မြေမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များလာတဲ့အကြောင်းသတင်းလွှာအပါအဝင်…

👍12😁5
ဇူလိုင်လ ၁၆ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
=================
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။
https://youtu.be/84k2wk19_1Q
#ရန်ကုန်ခေတ်သစ်
#thisweek
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။
https://youtu.be/84k2wk19_1Q
#ရန်ကုန်ခေတ်သစ်
#thisweek
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ ၁၆ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း…

👍20😁2🍌1
South Asia Today အစီအစဉ်
================
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
ဆရင်နဂါတွင် ပန်းချီကားနှင့် အနုပညာပြခန်းကို KAHT မှ ဦးစီးကျင်းပ
POK တွင်အစိုးရဝန်ထမ်းများကို ရွေးချယ်ပြီး ခုနှစ်လကြာသည့်တိုင်စနစ်အတွင်း မထည့်သွင်းရသေး
ဂိုအာမြို့တွင် ဆောင်ဂျုန်းပွဲတော်ကို ကျင်းပ
အီရတ်နိုင်ငံရဲ့ကာဗွန်ထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့
ဆယ်စုနှစ်များထက်နှစ်ဆမြင့်တက်လာခဲ့
အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/LtuX-dkxNOk
#southasiatoday
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
================
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
ဆရင်နဂါတွင် ပန်းချီကားနှင့် အနုပညာပြခန်းကို KAHT မှ ဦးစီးကျင်းပ
POK တွင်အစိုးရဝန်ထမ်းများကို ရွေးချယ်ပြီး ခုနှစ်လကြာသည့်တိုင်စနစ်အတွင်း မထည့်သွင်းရသေး
ဂိုအာမြို့တွင် ဆောင်ဂျုန်းပွဲတော်ကို ကျင်းပ
အီရတ်နိုင်ငံရဲ့ကာဗွန်ထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့
ဆယ်စုနှစ်များထက်နှစ်ဆမြင့်တက်လာခဲ့
အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/LtuX-dkxNOk
#southasiatoday
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
ဆရင်နဂါတွင် ပန်းချီကားနှင့် အနုပညာပြခန်းကို KAHT မှ ဦးစီးကျင်းပ
POK တွင်အစိုးရဝန်ထမ်းများကို ရွေးချယ်ပြီး ခုနှစ်လကြာသည့်တိုင်စနစ်အတွင်း မထည့်သွင်းရသေး
ဂိုအာမြို့တွင် ဆောင်ဂျုန်းပွဲတော်ကို ကျင်းပ
အီရတ်နိုင်ငံရဲ့ကာဗွန်ထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်မ…

👍10😁2
လောင်းလုံးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားများကို ပစ်ခတ်ဖမ်းဆီး
🤬11🔥4👍2😁2
လောင်းလုံးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားများကို ပစ်ခတ်ဖမ်းဆီး
==================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သကျက်တောကျေးရွာကို ဇူလိုင်လ ၁၅ ရက်နေ့က အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးပြီး ပစ်ခတ်မှုဖမ်းဆီးနေမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် သကျက်တောကျေးရွာသို့ ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီနှင့် ၃ နာရီ တို့တွင် ရေကြောင်းနှင့်ကုန်းလမ်းတို့မှဝင်ရောက်လာပြီး စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ တပ်စွဲထားကြောင်း လောင်းလုံးအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
လောင်းလုံးအခြေစိုက် PDF ရဲဘော်တဦးက “မနေ့က စစ်တပ် စစ်ကြောင်းဝင်လာတယ်။ ဝင်လာတဲ့ အချိန် မှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ပြီးဝင်လာတာမျိုးပါ။ အရပ်သားတဦး ပစ်ခတ်ခံရပြီး ရွာသား ၁၀ ဦးနီးပါး ဖမ်းဆီးခံထားရတယ်”ဟု ပြောသည်။
စစ်ကောင်စီတပ်မှပစ်ခတ်မှုကြောင့် သကျက်တောကျေးရွာနေ အသက် ၃၀ ကျော်အရွယ် ကိုအေးချမ်းဦး လက်မောင်းတွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သကျက်တောကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ကတပ်စွဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုများရှိနေ၍ ဒေသခံများအား တန်ဖိုးကြီးပစ္စည်းများ၊ စာရွက်စာတန်းများကို သေချာသိမ်းဆည်းထားကြရန် ထားဝယ် ခရိုင်သပိတ်ကော်မတီ (DDMSC)အဖွဲ့မှလည်း သတိပေးချက်ထုတ်ပြန်ထားသည်။
“အရပ်သားတွေ ပစ်ခတ်ဖမ်းဆီးခံနေရလို့ ကျွန်တော်အဖွဲ့က သတိပေးချက် ထုတ်ပြန်တာမျိုးတော့ရှိ တယ်။ အဓိကတော့ တန်ဖိုးကြီးပစ္စည်းတွေကို သိမ်းဆည်းထားဖို့ ပြည်သူတွေကို သတိပေးထားတယ်”ဟု DDMSC အဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာတွင်လည်း ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲများ ကြောင့် ဒေသခံ ၃,၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#စစ်ကြောင်းထိုး
#ပစ်ခတ်ဖမ်းဆီး

👍9🤬7🔥4😁1
"ပြောခွင့်လေးပေးပါ" | ဘာလိုလို့လဲ ဇာတ်လမ်းတို
===============
ဘာလိုလို့လဲ ဇာတ်လမ်းတွဲက နောက်ထပ် ဇာတ်လမ်းတိုတပုဒ်ပါ။
မိသားစုအတွင်း အထီးကျန်ရာကနေ စိတ်ဒဏ်ရာ ရသွားတတ်တဲ့ ကလေးတွေ အကြောင်း။
မိသားစုအတွင်း အထီးကျန်နေသူတွေ ရှိတတ်ကြပါတယ်။
သူတို့ရဲ့ ပြောဆိုမှုတွေက မိသားစုထဲမှာ အရာမရောက်ပဲ ရှိတတ်ကြပါတယ်။
ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိတတ်ကြပါသလဲ။
စိတ်ဒဏ်ရာ ရသွားတဲ့သူတွေမှာကော ဘယ်လို သက်ရောက်မှုတွေ ရှိတတ်ပါသလဲ။
မိသားစုနဲ့ ပြောရေးဆိုခွင့်ကိစ္စကို ဒီဇာတ်လမ်းလေးမှာ တင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။
အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
https://youtu.be/SWKz8oPUdls

ဘယ်လို အကျိုးသက်ရောက်မှုတွေ…

👍6😁2
မန္တလေးဆေးတက္ကသိုလ် ပါမောက္ခ သေနတ်အတုဖြင့် အနုကြမ်းစီးခံရ
=====================
007
(မဇ္စျိမ) ။ ။ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဆေးတက္ကသိုလ်ပါမောက္ခ ဆရာ၀န်တစ်ဦးသည် ၎င်း၏နေအိမ်တွင် ကော်သေနတ်အတုဖြင့်အနုကြမ်း စီးခံခဲ့ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းထံက သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၅ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်က ပြည်ကြီးမျက်မှန်ရပ်ကွက် ၆၃(အေ)လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ၎င်း၏ နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် အမည်မသိ အမျိုးသားတစ်ဦး၀င်ရောက်လာပြီး အနုကြမ်းစီး သွားခြင်းဖြစ်ကြောင်း ထိုဆရာဝန်နှင့် နီးစပ်သူတစ်ဦးကအတည်ပြုပြောသည်။
"ဆရာ၀န်ကြီးက ဈေးသွားဖို့ခြံတံခါးဖွင့်ထားပြီးမှ ပစ္စည်းတစ်ခုကျန်ခဲ့လို့ အိမ်ထဲပြန်၀င်အယူမှာ လူတစ်ယောက်အနောက်ကနေလိုက်လာပြီး အနုကြမ်း စီးတာပါ "ဟု ၎င်းကပြောသည်။
အနုကြမ်းစီးသူသည် သေနတ်အတုဖြင့်ချိန်ရွယ်ခြိမ်းခြောက်ပြီး ဆရာ၀န် လည်ပင်းတွင်ဆွဲထားသော ပလက်တီနမ်ဆွဲကြိုးကို ဖြုတ်ခိုင်းရာ ဖြုတ်မပေးသဖြင့် ပုဆိန်ဖြင့်ခုတ်ပြီး လုယူထွက်ပြေးသွားကြောင်း သိရသည်။
ထိုဆရာဝန်မှာ အသက် ၅၉ နှစ်အရွယ်ရှိပြီး ရောဂါဗေဒဌာနမှ ဖြစ်ကာ အရိုးအသွား ၁၂ လက်မရှိသော ပုဆိန်ဖြင့် အခုတ်ခံရသဖြင့် ဦးခေါင်းဝဲဘက် ချိုစောင်း ပြတ်ရှဒဏ်ရာ နှစ်ချက်ရခဲ့၍ မန္တလေးဆေးရုံကြီးသို့ ပို့ပေးလိုက်ကြောင်း နှင့် သွားရောက်စစ်ဆေးရာမှ သေနတ်အတုကို တွေ့ရှိခဲ့ရကြောင်း ရဲနှင့်နီးစပ်သည့် အသိုက်အ၀န်းထံက သိရသည်။
လက်ရှိတွင် ဆရာ၀န်ကြီး၏သားဖြစ်သူက ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းတွင် (ပ)၂၅၀/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားသည်။
ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ဆရာ၀န်တစ်ဦး၏နေအိမ်အနုကြမ်းစီးခံခဲဲ့ရဖူးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အနုကြမ်းစီး
#သေနတ်အတု
#မန္တလေးဆေးတက္ကသိုလ်ပါမောက္ခ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
007
(မဇ္စျိမ) ။ ။ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဆေးတက္ကသိုလ်ပါမောက္ခ ဆရာ၀န်တစ်ဦးသည် ၎င်း၏နေအိမ်တွင် ကော်သေနတ်အတုဖြင့်အနုကြမ်း စီးခံခဲ့ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းထံက သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၅ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်က ပြည်ကြီးမျက်မှန်ရပ်ကွက် ၆၃(အေ)လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ၎င်း၏ နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် အမည်မသိ အမျိုးသားတစ်ဦး၀င်ရောက်လာပြီး အနုကြမ်းစီး သွားခြင်းဖြစ်ကြောင်း ထိုဆရာဝန်နှင့် နီးစပ်သူတစ်ဦးကအတည်ပြုပြောသည်။
"ဆရာ၀န်ကြီးက ဈေးသွားဖို့ခြံတံခါးဖွင့်ထားပြီးမှ ပစ္စည်းတစ်ခုကျန်ခဲ့လို့ အိမ်ထဲပြန်၀င်အယူမှာ လူတစ်ယောက်အနောက်ကနေလိုက်လာပြီး အနုကြမ်း စီးတာပါ "ဟု ၎င်းကပြောသည်။
အနုကြမ်းစီးသူသည် သေနတ်အတုဖြင့်ချိန်ရွယ်ခြိမ်းခြောက်ပြီး ဆရာ၀န် လည်ပင်းတွင်ဆွဲထားသော ပလက်တီနမ်ဆွဲကြိုးကို ဖြုတ်ခိုင်းရာ ဖြုတ်မပေးသဖြင့် ပုဆိန်ဖြင့်ခုတ်ပြီး လုယူထွက်ပြေးသွားကြောင်း သိရသည်။
ထိုဆရာဝန်မှာ အသက် ၅၉ နှစ်အရွယ်ရှိပြီး ရောဂါဗေဒဌာနမှ ဖြစ်ကာ အရိုးအသွား ၁၂ လက်မရှိသော ပုဆိန်ဖြင့် အခုတ်ခံရသဖြင့် ဦးခေါင်းဝဲဘက် ချိုစောင်း ပြတ်ရှဒဏ်ရာ နှစ်ချက်ရခဲ့၍ မန္တလေးဆေးရုံကြီးသို့ ပို့ပေးလိုက်ကြောင်း နှင့် သွားရောက်စစ်ဆေးရာမှ သေနတ်အတုကို တွေ့ရှိခဲ့ရကြောင်း ရဲနှင့်နီးစပ်သည့် အသိုက်အ၀န်းထံက သိရသည်။
လက်ရှိတွင် ဆရာ၀န်ကြီး၏သားဖြစ်သူက ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းတွင် (ပ)၂၅၀/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားသည်။
ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ဆရာ၀န်တစ်ဦး၏နေအိမ်အနုကြမ်းစီးခံခဲဲ့ရဖူးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အနုကြမ်းစီး
#သေနတ်အတု
#မန္တလေးဆေးတက္ကသိုလ်ပါမောက္ခ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁3❤1👏1
မုံရွာမြို့တွင် ကင်းပတ်ကားကို အနီးကပ် တိုက်ခိုက်၊ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး
======================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန် အေးရိပ်သာလမ်းတွင် ကင်းပတ်နေသည့် အိမ်စီးကားကို အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများးရှိကြောင်း မုံရွာ နတ်ဆိုးအဖွဲ့ က ဇူလိုင်လ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။
ကားမီးပိတ်ပြီး ကင်းပတ်နေသည့် စစ်ကောင်စီတပ်သားများ စီးနင်းလိုက်ပါလာသော Alphard ကားကို အေးရိပ်သားလမ်းနှင့် သိရိမင်္ဂလာလမ်းဆုံအရောက် ဇူလိုင်လ ၁၄ရက် ည ၈နာရီ ၁၀မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
“ကားက မီးပိတ်မောင်းလာတော့ ပေ၁၀၀အကွာလောက်မှသိရတာ ။ ကျနော်တို့ စပစ်တဲ့နေရာနဲ့ကားက ပေ၃၀လောက်ပဲ ဝေးတာ ။ သေနတ် ခုနစ်လက်နဲ့ပစ်ခဲ့တာပါ” ဟု မုံရွာ နတ်ဆိုးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများကို ဇူလိုင်လ ၁၅ ရက်က မုံရွာမြို့ ဆားကျင်းသုဿန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ပြန်လည်သိရှိရသည်ဟု ၎င်းက ဆိုသည်။
ညစဉ် ကင်းပတ်လေ့ရှိသည့် ထိုစစ်ကောင်စီတပ်သားများသည် မသင်္ကာသူများကို လိုက်လံ ဖမ်းဆီး ပြီး ထွက်ပြေးသူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်လေ့ရှိကြောင်း မုံရွာ နတ်ဆိုး တာဝန်ရှိသူကပြောသည်။
၎င်းတို့သည် မုံရွာမြို့အတွင်း ညစဉ်ကင်းပတ်ရာတွင် မတူသောလမ်းကြောင်းများကို ရွေးချယ်သဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၁၀ရက်ကျော်မျှ စောင့်ကြည့် လေ့လာပြီး တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၂၂) မုံရွာ နတ်ဆိုးတပ်ဖွဲ့နှင့်အတူ မုံရွာခရိုင် တပ်ရင်း (၁၃) Aung San Generation နှင့် မုံရွာမြို့နယ် (ပ.လ.ဖ) တို့မှ ပူးပေါင်းပြလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ် စစ်ဆေးရာနေရာများကို ရှောင်ရှား သွားလာကြရန် ၊ ည၈နာရီကျော်လျှင် အရေးအကြောင်းမရှိဘဲ ကားမမောင်းကြရန် နှင့် ကားမှန်ချမောင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း မုံရွာ နတ်ဆိုးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။
https://youtube.com/shorts/8fWNx4HzpbU?feature=share
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မုံရွာနတ်ဆိုး
#ကင်းပတ်ကား
#နှစ်ဦးသေဆုံး

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန် အေးရိပ်သာလမ်းတွင် ကင်းပတ်နေသည့် အိမ်စီးကားကို အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး...
👍24👏2😁2
ပဲခူးမြို့တွင် အနုကြမ်းစီးခံရပြီး ရွှေထည်အများအပြားပါသွား
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအရှေ့ခြမ်း၊ ပဲခူးမြို့တွင် ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က နန်းတော် ရာရပ်ကွက်၊ အင်းဝန်(၈) လမ်းရှိ နေအိမ်တလုံးကို လက်နက်ကိုင်နှစ်ဦးမှ ဝင်ရောက်အနုကြမ်းစီးရာ ရွှေ ထည် အများအပြားပါသွားကြောင်း ဒေသခံတဦးကပြောသည်။
အဆိုပါနေအိမ်တွင် သားအမိနှစ်ဦး(သက်လတ်ပိုင်းသားတဦးနှင့် သက်ကြီးပိုင်းအရွယ်မိခင်တဦး)တည်းရှိ နေချိန်၌ သေနတ်နှင့်ဓားကိုင်ဆောင်ထားသူ အမျိုးသားနှစ်ဦးမှ ဝင်ရောက်အနုကြမ်းစီးခြင်းဖြစ်သည်ဟု သိရသည်။
“သူတို့အိမ်က ပုံနှိပ်စာအုပ်ချုပ်တဲ့လုပ်ငန်းလုပ်တယ်။ အမေလုပ်သူက စာအုပ်ချုပ်နေတယ်၊ သားက အနောက်မှာအိမ်သာသွားနေတဲ့အချိန် လူနှစ်ယောက်ရောက်လာပြီး တယောက်ကလွယ်အိတ်ထဲက သေ နတ် ထုတ်ချိန်တယ်၊ တယောက်က ဓားကိုင်ထားတယ်။ အိမ်ကိုမွှေနှောက်ပြီး ရွှေထည်တွေယူသွားတယ်။ လူကိုတော့ ဘာမှမလုပ်သွားဘူး” ဟု ပဲခူးမြို့ နန်းတော်ရာရပ်ကွက်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြော သည်။
အဆိုပါ အနုကြမ်းစီးမှုတွင် ကလေးဆွဲကြိုးလေးကုံး၊ လူကြီးနားကပ်နှစ်ရံ၊ လက်ကောက်တကွင်း ပါသွား ကြောင်းသိရပြီး ကာလပေါက်စျေးဖြင့်တွက်ချက်ပြရန် အတိအကျမသိရှိကြောင်း ဒေသခံမှဆိုသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပဲခူးမြို့မရဲစခန်းမှ လာရောက်စစ်ဆေးသွားပြီး အမှုဖွင့်ထားကြောင်းနှင့် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းအထိ တရားခံများကိုဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။
ပဲခူးတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံရှိမြို့နယ်များတွင် ယခုနှစ်ပိုင်းအတွင်း ဓားပြတိုက် အနုကြမ်းစီးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ပဲခူးတိုင်း ပြည်မြို့တွင် နေအိမ်အတွင်းဝင်ရောက်၍ အမျိုးသမီးတဦး အားသတ်ဖြတ်ပြီး ပစ္စည်းများယူဆောင်သွားခဲ့ရာ အသက် ၃၀ အရွယ်အမျိုးသမီးတဦး သေဆုံးခဲ့ရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးမြို့
#နန်းတော်ရာရပ်ကွက်

👍14❤3🤬3😢1