National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်ထုတ်လွှင့်မှုများ
==================
https://youtu.be/jvW1wQymqAg
#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍14🤮1🍌1
ဇူလိုင်လ (၁၆) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ဇွန်လ အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ စစ်ကောင်စီတပ်သား ၁၅၀ နီးပါး သေဆုံးတယ်လို့ KNU ထုတ်ပြန်တဲ့သတင်းနဲ့အတူ
KNU နယ်မြေမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များလာတဲ့အကြောင်းသတင်းလွှာအပါအဝင်
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏဖြစ်တဲ့ “သံစဉ့်အိမ်” အစီအစဉ်ကို နားဆင်ကြရပါမယ်။
https://youtu.be/A24SeCARPhc
#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

KNU နယ်မြေမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များလာတဲ့အကြောင်းသတင်းလွှာအပါအဝင်…

👍12😁5
ဇူလိုင်လ ၁၆ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
=================
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။
https://youtu.be/84k2wk19_1Q
#ရန်ကုန်ခေတ်သစ်
#thisweek
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။
https://youtu.be/84k2wk19_1Q
#ရန်ကုန်ခေတ်သစ်
#thisweek
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ ၁၆ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း…

👍20😁2🍌1
South Asia Today အစီအစဉ်
================
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
ဆရင်နဂါတွင် ပန်းချီကားနှင့် အနုပညာပြခန်းကို KAHT မှ ဦးစီးကျင်းပ
POK တွင်အစိုးရဝန်ထမ်းများကို ရွေးချယ်ပြီး ခုနှစ်လကြာသည့်တိုင်စနစ်အတွင်း မထည့်သွင်းရသေး
ဂိုအာမြို့တွင် ဆောင်ဂျုန်းပွဲတော်ကို ကျင်းပ
အီရတ်နိုင်ငံရဲ့ကာဗွန်ထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့
ဆယ်စုနှစ်များထက်နှစ်ဆမြင့်တက်လာခဲ့
အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/LtuX-dkxNOk
#southasiatoday
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
================
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
ဆရင်နဂါတွင် ပန်းချီကားနှင့် အနုပညာပြခန်းကို KAHT မှ ဦးစီးကျင်းပ
POK တွင်အစိုးရဝန်ထမ်းများကို ရွေးချယ်ပြီး ခုနှစ်လကြာသည့်တိုင်စနစ်အတွင်း မထည့်သွင်းရသေး
ဂိုအာမြို့တွင် ဆောင်ဂျုန်းပွဲတော်ကို ကျင်းပ
အီရတ်နိုင်ငံရဲ့ကာဗွန်ထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့
ဆယ်စုနှစ်များထက်နှစ်ဆမြင့်တက်လာခဲ့
အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/LtuX-dkxNOk
#southasiatoday
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
ဆရင်နဂါတွင် ပန်းချီကားနှင့် အနုပညာပြခန်းကို KAHT မှ ဦးစီးကျင်းပ
POK တွင်အစိုးရဝန်ထမ်းများကို ရွေးချယ်ပြီး ခုနှစ်လကြာသည့်တိုင်စနစ်အတွင်း မထည့်သွင်းရသေး
ဂိုအာမြို့တွင် ဆောင်ဂျုန်းပွဲတော်ကို ကျင်းပ
အီရတ်နိုင်ငံရဲ့ကာဗွန်ထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်မ…

👍10😁2
လောင်းလုံးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားများကို ပစ်ခတ်ဖမ်းဆီး
🤬11🔥4👍2😁2
လောင်းလုံးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားများကို ပစ်ခတ်ဖမ်းဆီး
==================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သကျက်တောကျေးရွာကို ဇူလိုင်လ ၁၅ ရက်နေ့က အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးပြီး ပစ်ခတ်မှုဖမ်းဆီးနေမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် သကျက်တောကျေးရွာသို့ ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီနှင့် ၃ နာရီ တို့တွင် ရေကြောင်းနှင့်ကုန်းလမ်းတို့မှဝင်ရောက်လာပြီး စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ တပ်စွဲထားကြောင်း လောင်းလုံးအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
လောင်းလုံးအခြေစိုက် PDF ရဲဘော်တဦးက “မနေ့က စစ်တပ် စစ်ကြောင်းဝင်လာတယ်။ ဝင်လာတဲ့ အချိန် မှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ပြီးဝင်လာတာမျိုးပါ။ အရပ်သားတဦး ပစ်ခတ်ခံရပြီး ရွာသား ၁၀ ဦးနီးပါး ဖမ်းဆီးခံထားရတယ်”ဟု ပြောသည်။
စစ်ကောင်စီတပ်မှပစ်ခတ်မှုကြောင့် သကျက်တောကျေးရွာနေ အသက် ၃၀ ကျော်အရွယ် ကိုအေးချမ်းဦး လက်မောင်းတွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သကျက်တောကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ကတပ်စွဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုများရှိနေ၍ ဒေသခံများအား တန်ဖိုးကြီးပစ္စည်းများ၊ စာရွက်စာတန်းများကို သေချာသိမ်းဆည်းထားကြရန် ထားဝယ် ခရိုင်သပိတ်ကော်မတီ (DDMSC)အဖွဲ့မှလည်း သတိပေးချက်ထုတ်ပြန်ထားသည်။
“အရပ်သားတွေ ပစ်ခတ်ဖမ်းဆီးခံနေရလို့ ကျွန်တော်အဖွဲ့က သတိပေးချက် ထုတ်ပြန်တာမျိုးတော့ရှိ တယ်။ အဓိကတော့ တန်ဖိုးကြီးပစ္စည်းတွေကို သိမ်းဆည်းထားဖို့ ပြည်သူတွေကို သတိပေးထားတယ်”ဟု DDMSC အဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာတွင်လည်း ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲများ ကြောင့် ဒေသခံ ၃,၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#စစ်ကြောင်းထိုး
#ပစ်ခတ်ဖမ်းဆီး

👍9🤬7🔥4😁1
"ပြောခွင့်လေးပေးပါ" | ဘာလိုလို့လဲ ဇာတ်လမ်းတို
===============
ဘာလိုလို့လဲ ဇာတ်လမ်းတွဲက နောက်ထပ် ဇာတ်လမ်းတိုတပုဒ်ပါ။
မိသားစုအတွင်း အထီးကျန်ရာကနေ စိတ်ဒဏ်ရာ ရသွားတတ်တဲ့ ကလေးတွေ အကြောင်း။
မိသားစုအတွင်း အထီးကျန်နေသူတွေ ရှိတတ်ကြပါတယ်။
သူတို့ရဲ့ ပြောဆိုမှုတွေက မိသားစုထဲမှာ အရာမရောက်ပဲ ရှိတတ်ကြပါတယ်။
ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိတတ်ကြပါသလဲ။
စိတ်ဒဏ်ရာ ရသွားတဲ့သူတွေမှာကော ဘယ်လို သက်ရောက်မှုတွေ ရှိတတ်ပါသလဲ။
မိသားစုနဲ့ ပြောရေးဆိုခွင့်ကိစ္စကို ဒီဇာတ်လမ်းလေးမှာ တင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။
အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
https://youtu.be/SWKz8oPUdls

ဘယ်လို အကျိုးသက်ရောက်မှုတွေ…

👍6😁2
မန္တလေးဆေးတက္ကသိုလ် ပါမောက္ခ သေနတ်အတုဖြင့် အနုကြမ်းစီးခံရ
=====================
007
(မဇ္စျိမ) ။ ။ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဆေးတက္ကသိုလ်ပါမောက္ခ ဆရာ၀န်တစ်ဦးသည် ၎င်း၏နေအိမ်တွင် ကော်သေနတ်အတုဖြင့်အနုကြမ်း စီးခံခဲ့ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းထံက သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၅ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်က ပြည်ကြီးမျက်မှန်ရပ်ကွက် ၆၃(အေ)လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ၎င်း၏ နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် အမည်မသိ အမျိုးသားတစ်ဦး၀င်ရောက်လာပြီး အနုကြမ်းစီး သွားခြင်းဖြစ်ကြောင်း ထိုဆရာဝန်နှင့် နီးစပ်သူတစ်ဦးကအတည်ပြုပြောသည်။
"ဆရာ၀န်ကြီးက ဈေးသွားဖို့ခြံတံခါးဖွင့်ထားပြီးမှ ပစ္စည်းတစ်ခုကျန်ခဲ့လို့ အိမ်ထဲပြန်၀င်အယူမှာ လူတစ်ယောက်အနောက်ကနေလိုက်လာပြီး အနုကြမ်း စီးတာပါ "ဟု ၎င်းကပြောသည်။
အနုကြမ်းစီးသူသည် သေနတ်အတုဖြင့်ချိန်ရွယ်ခြိမ်းခြောက်ပြီး ဆရာ၀န် လည်ပင်းတွင်ဆွဲထားသော ပလက်တီနမ်ဆွဲကြိုးကို ဖြုတ်ခိုင်းရာ ဖြုတ်မပေးသဖြင့် ပုဆိန်ဖြင့်ခုတ်ပြီး လုယူထွက်ပြေးသွားကြောင်း သိရသည်။
ထိုဆရာဝန်မှာ အသက် ၅၉ နှစ်အရွယ်ရှိပြီး ရောဂါဗေဒဌာနမှ ဖြစ်ကာ အရိုးအသွား ၁၂ လက်မရှိသော ပုဆိန်ဖြင့် အခုတ်ခံရသဖြင့် ဦးခေါင်းဝဲဘက် ချိုစောင်း ပြတ်ရှဒဏ်ရာ နှစ်ချက်ရခဲ့၍ မန္တလေးဆေးရုံကြီးသို့ ပို့ပေးလိုက်ကြောင်း နှင့် သွားရောက်စစ်ဆေးရာမှ သေနတ်အတုကို တွေ့ရှိခဲ့ရကြောင်း ရဲနှင့်နီးစပ်သည့် အသိုက်အ၀န်းထံက သိရသည်။
လက်ရှိတွင် ဆရာ၀န်ကြီး၏သားဖြစ်သူက ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းတွင် (ပ)၂၅၀/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားသည်။
ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ဆရာ၀န်တစ်ဦး၏နေအိမ်အနုကြမ်းစီးခံခဲဲ့ရဖူးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အနုကြမ်းစီး
#သေနတ်အတု
#မန္တလေးဆေးတက္ကသိုလ်ပါမောက္ခ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
007
(မဇ္စျိမ) ။ ။ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဆေးတက္ကသိုလ်ပါမောက္ခ ဆရာ၀န်တစ်ဦးသည် ၎င်း၏နေအိမ်တွင် ကော်သေနတ်အတုဖြင့်အနုကြမ်း စီးခံခဲ့ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းထံက သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၅ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်က ပြည်ကြီးမျက်မှန်ရပ်ကွက် ၆၃(အေ)လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ၎င်း၏ နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် အမည်မသိ အမျိုးသားတစ်ဦး၀င်ရောက်လာပြီး အနုကြမ်းစီး သွားခြင်းဖြစ်ကြောင်း ထိုဆရာဝန်နှင့် နီးစပ်သူတစ်ဦးကအတည်ပြုပြောသည်။
"ဆရာ၀န်ကြီးက ဈေးသွားဖို့ခြံတံခါးဖွင့်ထားပြီးမှ ပစ္စည်းတစ်ခုကျန်ခဲ့လို့ အိမ်ထဲပြန်၀င်အယူမှာ လူတစ်ယောက်အနောက်ကနေလိုက်လာပြီး အနုကြမ်း စီးတာပါ "ဟု ၎င်းကပြောသည်။
အနုကြမ်းစီးသူသည် သေနတ်အတုဖြင့်ချိန်ရွယ်ခြိမ်းခြောက်ပြီး ဆရာ၀န် လည်ပင်းတွင်ဆွဲထားသော ပလက်တီနမ်ဆွဲကြိုးကို ဖြုတ်ခိုင်းရာ ဖြုတ်မပေးသဖြင့် ပုဆိန်ဖြင့်ခုတ်ပြီး လုယူထွက်ပြေးသွားကြောင်း သိရသည်။
ထိုဆရာဝန်မှာ အသက် ၅၉ နှစ်အရွယ်ရှိပြီး ရောဂါဗေဒဌာနမှ ဖြစ်ကာ အရိုးအသွား ၁၂ လက်မရှိသော ပုဆိန်ဖြင့် အခုတ်ခံရသဖြင့် ဦးခေါင်းဝဲဘက် ချိုစောင်း ပြတ်ရှဒဏ်ရာ နှစ်ချက်ရခဲ့၍ မန္တလေးဆေးရုံကြီးသို့ ပို့ပေးလိုက်ကြောင်း နှင့် သွားရောက်စစ်ဆေးရာမှ သေနတ်အတုကို တွေ့ရှိခဲ့ရကြောင်း ရဲနှင့်နီးစပ်သည့် အသိုက်အ၀န်းထံက သိရသည်။
လက်ရှိတွင် ဆရာ၀န်ကြီး၏သားဖြစ်သူက ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းတွင် (ပ)၂၅၀/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားသည်။
ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ဆရာ၀န်တစ်ဦး၏နေအိမ်အနုကြမ်းစီးခံခဲဲ့ရဖူးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အနုကြမ်းစီး
#သေနတ်အတု
#မန္တလေးဆေးတက္ကသိုလ်ပါမောက္ခ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁3❤1👏1
မုံရွာမြို့တွင် ကင်းပတ်ကားကို အနီးကပ် တိုက်ခိုက်၊ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး
======================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန် အေးရိပ်သာလမ်းတွင် ကင်းပတ်နေသည့် အိမ်စီးကားကို အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများးရှိကြောင်း မုံရွာ နတ်ဆိုးအဖွဲ့ က ဇူလိုင်လ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။
ကားမီးပိတ်ပြီး ကင်းပတ်နေသည့် စစ်ကောင်စီတပ်သားများ စီးနင်းလိုက်ပါလာသော Alphard ကားကို အေးရိပ်သားလမ်းနှင့် သိရိမင်္ဂလာလမ်းဆုံအရောက် ဇူလိုင်လ ၁၄ရက် ည ၈နာရီ ၁၀မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
“ကားက မီးပိတ်မောင်းလာတော့ ပေ၁၀၀အကွာလောက်မှသိရတာ ။ ကျနော်တို့ စပစ်တဲ့နေရာနဲ့ကားက ပေ၃၀လောက်ပဲ ဝေးတာ ။ သေနတ် ခုနစ်လက်နဲ့ပစ်ခဲ့တာပါ” ဟု မုံရွာ နတ်ဆိုးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများကို ဇူလိုင်လ ၁၅ ရက်က မုံရွာမြို့ ဆားကျင်းသုဿန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ပြန်လည်သိရှိရသည်ဟု ၎င်းက ဆိုသည်။
ညစဉ် ကင်းပတ်လေ့ရှိသည့် ထိုစစ်ကောင်စီတပ်သားများသည် မသင်္ကာသူများကို လိုက်လံ ဖမ်းဆီး ပြီး ထွက်ပြေးသူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်လေ့ရှိကြောင်း မုံရွာ နတ်ဆိုး တာဝန်ရှိသူကပြောသည်။
၎င်းတို့သည် မုံရွာမြို့အတွင်း ညစဉ်ကင်းပတ်ရာတွင် မတူသောလမ်းကြောင်းများကို ရွေးချယ်သဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၁၀ရက်ကျော်မျှ စောင့်ကြည့် လေ့လာပြီး တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၂၂) မုံရွာ နတ်ဆိုးတပ်ဖွဲ့နှင့်အတူ မုံရွာခရိုင် တပ်ရင်း (၁၃) Aung San Generation နှင့် မုံရွာမြို့နယ် (ပ.လ.ဖ) တို့မှ ပူးပေါင်းပြလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ် စစ်ဆေးရာနေရာများကို ရှောင်ရှား သွားလာကြရန် ၊ ည၈နာရီကျော်လျှင် အရေးအကြောင်းမရှိဘဲ ကားမမောင်းကြရန် နှင့် ကားမှန်ချမောင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း မုံရွာ နတ်ဆိုးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။
https://youtube.com/shorts/8fWNx4HzpbU?feature=share
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မုံရွာနတ်ဆိုး
#ကင်းပတ်ကား
#နှစ်ဦးသေဆုံး

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန် အေးရိပ်သာလမ်းတွင် ကင်းပတ်နေသည့် အိမ်စီးကားကို အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး...
👍24👏2😁2
ပဲခူးမြို့တွင် အနုကြမ်းစီးခံရပြီး ရွှေထည်အများအပြားပါသွား
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအရှေ့ခြမ်း၊ ပဲခူးမြို့တွင် ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က နန်းတော် ရာရပ်ကွက်၊ အင်းဝန်(၈) လမ်းရှိ နေအိမ်တလုံးကို လက်နက်ကိုင်နှစ်ဦးမှ ဝင်ရောက်အနုကြမ်းစီးရာ ရွှေ ထည် အများအပြားပါသွားကြောင်း ဒေသခံတဦးကပြောသည်။
အဆိုပါနေအိမ်တွင် သားအမိနှစ်ဦး(သက်လတ်ပိုင်းသားတဦးနှင့် သက်ကြီးပိုင်းအရွယ်မိခင်တဦး)တည်းရှိ နေချိန်၌ သေနတ်နှင့်ဓားကိုင်ဆောင်ထားသူ အမျိုးသားနှစ်ဦးမှ ဝင်ရောက်အနုကြမ်းစီးခြင်းဖြစ်သည်ဟု သိရသည်။
“သူတို့အိမ်က ပုံနှိပ်စာအုပ်ချုပ်တဲ့လုပ်ငန်းလုပ်တယ်။ အမေလုပ်သူက စာအုပ်ချုပ်နေတယ်၊ သားက အနောက်မှာအိမ်သာသွားနေတဲ့အချိန် လူနှစ်ယောက်ရောက်လာပြီး တယောက်ကလွယ်အိတ်ထဲက သေ နတ် ထုတ်ချိန်တယ်၊ တယောက်က ဓားကိုင်ထားတယ်။ အိမ်ကိုမွှေနှောက်ပြီး ရွှေထည်တွေယူသွားတယ်။ လူကိုတော့ ဘာမှမလုပ်သွားဘူး” ဟု ပဲခူးမြို့ နန်းတော်ရာရပ်ကွက်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြော သည်။
အဆိုပါ အနုကြမ်းစီးမှုတွင် ကလေးဆွဲကြိုးလေးကုံး၊ လူကြီးနားကပ်နှစ်ရံ၊ လက်ကောက်တကွင်း ပါသွား ကြောင်းသိရပြီး ကာလပေါက်စျေးဖြင့်တွက်ချက်ပြရန် အတိအကျမသိရှိကြောင်း ဒေသခံမှဆိုသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပဲခူးမြို့မရဲစခန်းမှ လာရောက်စစ်ဆေးသွားပြီး အမှုဖွင့်ထားကြောင်းနှင့် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းအထိ တရားခံများကိုဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။
ပဲခူးတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံရှိမြို့နယ်များတွင် ယခုနှစ်ပိုင်းအတွင်း ဓားပြတိုက် အနုကြမ်းစီးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ပဲခူးတိုင်း ပြည်မြို့တွင် နေအိမ်အတွင်းဝင်ရောက်၍ အမျိုးသမီးတဦး အားသတ်ဖြတ်ပြီး ပစ္စည်းများယူဆောင်သွားခဲ့ရာ အသက် ၃၀ အရွယ်အမျိုးသမီးတဦး သေဆုံးခဲ့ရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးမြို့
#နန်းတော်ရာရပ်ကွက်
#အနုကြမ်းစီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအရှေ့ခြမ်း၊ ပဲခူးမြို့တွင် ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က နန်းတော် ရာရပ်ကွက်၊ အင်းဝန်(၈) လမ်းရှိ နေအိမ်တလုံးကို လက်နက်ကိုင်နှစ်ဦးမှ ဝင်ရောက်အနုကြမ်းစီးရာ ရွှေ ထည် အများအပြားပါသွားကြောင်း ဒေသခံတဦးကပြောသည်။
အဆိုပါနေအိမ်တွင် သားအမိနှစ်ဦး(သက်လတ်ပိုင်းသားတဦးနှင့် သက်ကြီးပိုင်းအရွယ်မိခင်တဦး)တည်းရှိ နေချိန်၌ သေနတ်နှင့်ဓားကိုင်ဆောင်ထားသူ အမျိုးသားနှစ်ဦးမှ ဝင်ရောက်အနုကြမ်းစီးခြင်းဖြစ်သည်ဟု သိရသည်။
“သူတို့အိမ်က ပုံနှိပ်စာအုပ်ချုပ်တဲ့လုပ်ငန်းလုပ်တယ်။ အမေလုပ်သူက စာအုပ်ချုပ်နေတယ်၊ သားက အနောက်မှာအိမ်သာသွားနေတဲ့အချိန် လူနှစ်ယောက်ရောက်လာပြီး တယောက်ကလွယ်အိတ်ထဲက သေ နတ် ထုတ်ချိန်တယ်၊ တယောက်က ဓားကိုင်ထားတယ်။ အိမ်ကိုမွှေနှောက်ပြီး ရွှေထည်တွေယူသွားတယ်။ လူကိုတော့ ဘာမှမလုပ်သွားဘူး” ဟု ပဲခူးမြို့ နန်းတော်ရာရပ်ကွက်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြော သည်။
အဆိုပါ အနုကြမ်းစီးမှုတွင် ကလေးဆွဲကြိုးလေးကုံး၊ လူကြီးနားကပ်နှစ်ရံ၊ လက်ကောက်တကွင်း ပါသွား ကြောင်းသိရပြီး ကာလပေါက်စျေးဖြင့်တွက်ချက်ပြရန် အတိအကျမသိရှိကြောင်း ဒေသခံမှဆိုသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပဲခူးမြို့မရဲစခန်းမှ လာရောက်စစ်ဆေးသွားပြီး အမှုဖွင့်ထားကြောင်းနှင့် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းအထိ တရားခံများကိုဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။
ပဲခူးတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံရှိမြို့နယ်များတွင် ယခုနှစ်ပိုင်းအတွင်း ဓားပြတိုက် အနုကြမ်းစီးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ပဲခူးတိုင်း ပြည်မြို့တွင် နေအိမ်အတွင်းဝင်ရောက်၍ အမျိုးသမီးတဦး အားသတ်ဖြတ်ပြီး ပစ္စည်းများယူဆောင်သွားခဲ့ရာ အသက် ၃၀ အရွယ်အမျိုးသမီးတဦး သေဆုံးခဲ့ရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးမြို့
#နန်းတော်ရာရပ်ကွက်
#အနုကြမ်းစီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤3🤬3😢1
လွန်ခဲ့တဲ့ ဆယ်စုနှစ် နှင့် ယနေ့ခေတ် Bitcoin အမြင်
===================
(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
[https://www.facebook.com/bitcoin.MM.initiatve](https://www.facebook.com/bitcoin.MM.initiatve"")
လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော် ၂၀၀၉ ခုနှစ်လောက် က ထွက် ပေါ်ခဲ့တဲ့ cryptocurrency နည်းပညာတစ်ခုဖြစ်တဲ့ Bitcoin ဟာ ခရီးတစ်လျာက်မှာ အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရပါတယ်။
Bitcoin နည်းပညာဟာမထင်မရှားနည်းပညာတစ်ခု ကနေ ယနေ့ခေတ်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုအဖြစ်ပြောင်းလဲသွားကာ တစ်ကမ္ဘာ လုံးရဲ့ အာရုံစိုက်မှုကိုစွဲဆောင်နိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုတွင် Bitcoin ပေါ်အမြင်နှင့် ယနေ့ခေတ်ဟာ လုံး၀ကို ကွာခြားသွားခဲ့ပါတယ်။ ယခင် နှစ်များတွင် လူအများစုဟာ Bitcoin အပေါ်အမြင်မှာ သံသယများဖြင့် ရှိနေပြီး အများစုမှာ တစ်ခဏအတွင်းကွယ်ပျောက်သွားမည်ဟုထင်မြင်ယူဆချက်များအပြင် နိုဘယ်ဆုရစီးပွားရေးပညာရှင် Robert Shiller ဟာ speculative bubble တစ်ခုထက်မပိုသောနည်းပညာဟု ပြောဆိုခဲ့ပါသေးတယ်။ အဲ့ဒါက ဘာနဲ့တူလဲဆိုတော့မြန််မာပြည်အင်တာနက် ခေတ်ဦးသန်းရွေခေတ် ၂၀၀၇ , ၂၀၀၈ ကာလတုန်းက အင်တာနက်ဆိုတာကို ညစ်ညမ်းရုပ်ရှင်ကြည့်ဖို့နဲ့ ချစ်သူရည်းစားရှာဖို့သုံးတဲ့ အရာလို့ ထင်သလိုမျိုးပါပဲ။လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုက Bitcoin နည်းပညာဟာ ၀ါသနာပါသူတစ်စုနှင့် နည်းပညာ၀ါသနာအိုးတစ်ချို့ကသာ စိတ်၀င်စားခဲ့ပါတယ်။
ယနေ့ခေတ်မှာတော့ Bitcoin ဟာ အင်တာနက်ကဲ့သို့ ထိပ်တန်းနည်းပညာ တစ်ချို့ဖြစ်လာခဲ့ပါတယ်။ Tesla၊PayPal နှင့် Square ကဲ့သို့သောကုမ္ပဏီကြီးများသည်ပင် ယခုအခါ Bitcoin ကို ငွေပေးချေမှုပုံစံအဖြစ် လက်ခံပြီးလူတိုင်းနည်းပါးလက်ခံလာကြတဲ့ နည်းပညာဖြစ်လာပါတယ်။ အစောပိုင်းကာလတွင် Bitcoin ရဲ့ စည်းမျဥ်းသတ်မှတ်ချက်များမရှိခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါအစိုးရတွေကတောင်င် Bitcoin နည်းပညာကိုလက်ခံကူညီပေးလာတာတွေကြောင့်နည်းပညာဟာ ပိုမိုအဆင်ပြေတိုးတက်လာခဲ့ပါတယ်။
ယနေ့ခေတ်မှာ တချို့ဘဏ်တွေကတောင် နည်းပညာကို လက်ခံလာပြီး Bitcoin ကိုသူသူတို့လုပ််ငန်းစဥ်တွေမှာပါအသုံးပြုလာပါတယ်။
2008 ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပြီး Bitcoin က သမာရိုးကျဘဏ်စနစ်အပြင်ရွေးချယ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။
ယနေ့ခေတ်စီးပွားရေးမတည်ငြိမ်မှုများကြားတွင် Bitcoin သည် ငွေကြေးဖောင်းပွမှုကို ဆန့်ကျင်ပြီး အစိုးရထိန်းချုပ်မှုကင်းသောစနစ်တစ်ခုအဖြစ်တိုးတက်လာခဲ့ပါတယ်။ လွန်ခဲ့သောဆယ်စုနှစ်တစ်ခုက လူအများအမြင်တွင် မှာ Bitcoin ကအမည်ဝှက်သဘောဖြစ်နေတာကြောင့် တရားမဝင်လုပ်ဆောင်မှုများနှင့်ဆက်စပ်နေပါသည်။ ဒါပေမယ့်Bitcoin ရဲ့ အလားအလာကောင်းများနှင့်အသုံးပြုမှုများကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် နားလည်လာတာကြောင့် လူတွေရဲ့ ခံယူချက်ဟာ တဖြည်းဖြည်းပြောင်းလာပါတယ်။
ယနေ့အချိန်မှာတော့ Bitcoin ကက လူတစ်ဦးချင်းစီအား ငွေကြေးအချုပ်အခြာအာဏာကို လက်၀ယ်တွင်ကိုင်ဆောင်နိုင်ပြီး ပွင့်လင်းပြီး လုံခြုံသောစနစ်တစ်ခုအဖြစ် အသိအမှတ်ပြုခံလာရတာကြောင့် လူအများရဲ့အမြင်များဟာလည်းပြောင်းလဲလာခဲ့ပါတယ်။
Bitcoin၏ အရင်းခံနည်းပညာဖြစ်သော Blockchainသည်လွန်ခဲ့သောဆယ်စုနှစ်များအတွင်း သိသာထင်ရှားသောတိုးတက်မှုများကို မြင်တွေ့ခဲ့ရပါတယ်။ Lightning Network ကဲ့သို့သောဒုတိယအလွှာဖြေရှင်းချက်များ၏ ဖွံ့ဖြိုးတိုးတက်မှုဟာ ကြီးမားသောစိုးရိမ်မှုများနှင့်ငွေပေးငွေယူအမြန်နှုန်းကို မြှင့်တင်ပေးခဲ့ပြီး Bitcoin က နေ့စဉ်အသုံးပြုမှုအတွက်ပိုမိုလက်တွေ့ကျလာခဲ့ပါတယ်။
ကုန်ကျစရိတ်နည်းသောနိုင်ငံတကာငွေလွဲမှုများလွန်ကူချောမွေ့စေရန်နှင့် သမာရိုးကျဘဏ်စနစ်မရှိသော သူများအတွက်သုံးစွဲနိုင်ခြင်းတွေကBitcoin ရဲ့အလားအလာဟာ ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ယနေ့ခေတ်အထူးသဖြင့်ဖွံ့ဖြို့ဆဲနိုင်ငံများတွင်ပိုမိုကောင်းမွန်သောငွေကြေးစနစ်များကို ဖန်တီးဖို့ Bitcoin ရဲ့ဗဟိုထိန်းချုပ်မှုကင်းသောစနစ်များကို အသုံးပြုရန် အစပျိုးလုပ်ဆောင်မှုများ လုပ်ဆောင်နေလျက်ရှိကြပါတယ်။
လွန်ခဲ့သော ၁၀ နှစ်နှင့် ယနေ့ခေတ် Bitcoin ကိုနှိုင်းယှဥ််ကြည့်လျှင် သံသယစိတ်များမှနိုင်ငံ တရား၀င်ငွေကြေးဖြစ်လာသည်အထိတိုးတက်လာလျက်ရှိပြီး
Ref ; History of bitcoin - wiki
Insider : Bitcoin is 10 years old today — here's a look back at its crazy history
(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)
Telegram တွင် စောင့်ဖတ်ရန် → [
https://t.me/BitcoinMyanmarEDU](https://t.me/BitcoinMyanmarEDU "smartCard-inline")

👍17😁1🤮1
ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး
👍10🔥4😁2👏1
ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး
==================
YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု၊ ခလယ်တံခွန်တိုင် ရွာနှင့်ပုလိန်ရွာတဝိုက်တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ထိ ခိုက်သေဆုံးခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရသည်။
“ဇူလိုင်လ ၁၄ ရက်နေ့ မနက်ပိုင်းကနေ စဖြစ်တာပေါ့။ လက်နက်ကြီးက တောက်လျှောက်ပစ်တယ်ဗျ၊ ည ၇ နာရီလောက်ထိ ပစ်တာရှိတယ်။ ၁၂၀ မမတွေ၊ ၁၂၂ တွေနဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ လမ်းကြောင်းရှင်း ပေးပြီး စစ်ကြောင်းထိုးတဲ့သဘောပေါ့။ ထိတွေ့တိုက်ပွဲမှာ သူတို့ဘက်ကအထိနာတော့ လေကြောင်း ပစ် ကူသုံးတယ်၊ လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးတာတွေရှိတယ်” ဟု KNLA သတင်းရင်းမြစ်က မဇ္ဈိမ ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က အဘစ်-ခလယ်-တံခွန်တိုင် ကားလမ်းမှတဆင့် ကြာအင်းဆိပ်ကြီးမြို့ နယ် ခလယ်-တံခွန်တိုင်ကျေးရွာအနောက်ဘက်သို့ အင်အားဖြည့်ရန် စစ်ကြောင်းထိုးလာသော အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်အား တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ မှ တိုက်ပွဲပြင်းထန်လာခဲ့ခြင်းဖြစ်သည်။
“အတွင်းသတင်းအရတော့ သူတို့ဘက်ကတော့ အကျအဆုံးနဲ့ အထိအခိုက်က ၁၅ ယောက်လောက် ရှိပါ တယ်။ ပူးပေါင်းတပ်ဖွဲ့ဘက်က နဂါးနီက သုံးယောက်၊ တောင်ညိုက နှစ်ယောက် စုစုပေါင်း ငါးယောက် ဒဏ်ရာရထားပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ထိတွေ့တိုက်ပွဲသည် ညနေပိုင်းအထိပြင်းထန်ခဲ့ကာ အဘစ်ကျေးရွာအခြေစိုက် အမှတ် (၃၁၈) အမြောက် တပ်မှ လက်နက်ကြီး ပစ်ကူခဲ့ပေးပြီး Mi 35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ပုလိန်နှင့် ခလယ်- တံခွန်တိုင်ကျေးရွာအတွင်းရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိသော်လည်း လူသူအထိအခိုက် မရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲခေတ္တနားစဉ်အချိန်အတွင်း စစ်ကောင်စီတပ်သားများသည် အဘစ်-ခလယ်-တံခွန်တိုင် ကားလမ်း အတိုင်းဖြတ်သွားသည့် အရပ်သားကားတစီးအား ပစ်ခတ်ခဲ့ရာ ကားပေါ်ပါလာသည့် အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း KNLA သတင်းရင်းမြစ်နှင့် ဒေသခံတဦးထံမှ သိရသည်။
“စစ်ဘေးရှောင်လာတာထင်တယ်။ ကားပေါ်မှာ အဝတ်ထုပ်တွေရော အခြားအထုပ်အပိုးတွေ ပါတယ်ဗျ။ သူတို့လည်း တိုက်ပွဲငြိမ်ပြီဆိုပြီး ဖြတ်သွားမိတာထင်ပါတယ်။ ဘယ်သူမှ သွားမကြည့်ရဲဘူးဗျ။ ညပိုင်းကျမှ သွားကြည့်လို့ရတယ်။ အမျိုးသားချည်းပဲ နှစ်ဦးပါ” ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ သတင်းရင်းမြစ်တဦး ကမဇ္ဈိမကို ပြောသည်။
ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ဆက်သွယ်မေးမြန်ချက်အရ စစ်ကြောင်းထိုးလာသော အဆိုပါ စစ်ကောင်စီတပ်သားများသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ငြိမ်းချမ်းမြိုင်အနောက်ဘက်ရှိ တောင် ကုန်းတွင် ခေတ္တအထိုင်ချနေကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့ကလည်း ငြိမ်းချမ်းမြိုင်တွင် စစ်ကောင်စီတပ်သားများနှင့် တပ်မဟာ (၆) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံး၍ ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးပြီး ပုလိန်ကျေးရွာမှ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့သေးသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#တိုက်ပွဲ
#KNLA

👍18👏6🔥2😁2❤1