Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြို့ချောင်း−စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းတွင် ပဲခူးတိုင်း PDF များ နယ်မြေစစ်ဆေးမှုလုပ်ဆောင်
👍15🔥4👏3❤1
မြို့ချောင်း−စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းတွင် ပဲခူးတိုင်း PDF များ နယ်မြေစစ်ဆေးမှုလုပ်ဆောင်
=================

ရွှေနွယ်
(မဇ္ဈိ)။ ။ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာနှင့် ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းသို့ ပဲခူးရိုးမအားဖြတ်ကျော်ဖောက်လုပ်ထားသည့်လမ်းပေါ်၌ ယခု သီတင်းပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေစစ်ဆေးရေးလုပ်ဆောင်ခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ရိုးမဖြတ်ကျော်လမ်းသည် ပဲခူးတိုင်းအရှေ့ခြမ်းရှိ ရန်ကုန်−မန္တလေးအမြန်လမ်းနှင့် ဆက်သွယ် ထားသောလမ်းမဖြစ်ပြီး မင်းလှမြို့ဘက်ခြမ်းတွင် နယ်မြေစစ်ဆေးရေး လုပ်ဆောင်နေခြင်းဖြစ်သည်။

“ဒီလမ်းကနေ စစ်ကောင်စီက သစ်ခိုးထုတ်တယ်။ ဒီလမ်းကြောင်းက စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းလည်း ဖြစ်နေတယ်။ ဒါတွေကိုစစ်ဆေးချင်တာလည်းပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ နယ်မြေစိုးမိုး နိုင်တယ်ဆိုတာကိုလည်း ပြချင်တာပါတယ်။ ဒီနေရာတွေမှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်း သွားလာတာတွေ၊ သစ်ခိုးထုတ်တာတွေမလုပ်ကြဖို့အတွက် သတိပေးချင်တာပါ။

ဒီနယ်မြေမှာ ကျွန်တော် တို့ ရှိနေပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတဦးမှ မဇ္ဈိမကိုပြောသည်။
ပဲခူးရိုးမအတွင်းမှ သစ်ခိုးထုတ်ရောင်းချခြင်းသည် ပဲခူးတိုင်းအနောက်ခြမ်းရှိ စစ်ကောင်စီ၏ အဓိက ဝင်ငွေ ရလမ်းတွင်ပါဝင်နေကြောင်းလည်း ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ အဓိကသစ်တောများတည်ရှိရာ ပဲခူးရိုးမအတွင်းတွင် ဆိုးရွားသော သစ်တောပြုန်းတီးမှု ဖြစ်နေပြီး တောင်များသည် တောင်ကတုံး ဖြစ်နေသောကြောင့် ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်မှုကို ၂၀၁၇−၁၈ ဘဏ္ဍာနှစ်မှစတင်ကာ ၂၀၂၇ ခုနှစ်အထိ ၁၀ နှစ်တိတိ ရပ်ဆိုင်းကြောင်းကို ၂၀၁၆ ခုနှစ်တွင် သစ်တောဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

သို့သော် ပြီးခဲ့သည့်မတ်လအတွင်းက ပဲခူးရိုးမပေါ်သို့စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဇာမနည်တောင် ၄၇ ပေါက်မှတဆင့် သစ်တန်ချိန် ၁၀၀ ကျော်ကို ခိုးထုတ်သယ်ယူခဲ့ကြောင်း မဇ္ဈိမမှ သတင်းရရှိခဲ့သည်။
“သူတို့ကတော့ သူတို့ငွေရဖို့လုပ်နေမှာပါ။ ကျွန်တော်တို့ပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ ဒီနယ် မြေတွေမှာ ကျွန်တော်က စစ်ဆေးတဲ့အခါ ကြည်ကြည်ဖြူဖြူ ပူးပေါင်းပေးကြဖို့ တောင်းဆိုချင်တာပါ” ဟု သာယာဝတီခရိုင် တပ်ရင်း(၈၀၂)မှတာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် မြို့ချောင်း−စိန်ကန့်လန့်လမ်း၌ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှစစ်ရေးလှုပ်ရှားနေပြီး ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်း ထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူတိုင်း
#နယ်မြေစစ်ဆေးမှု
#ရိုးမဖြတ်ကျော်လမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21👏4❤2😁2🥰1
​​ကရင်နီပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်နေရာများ လေကြောင်းမှတိုက်ခိုက်ခံရ၍ ဆေးကုသပေးရန် အခက်ကြုံနေရ
====================

ကီရာ
(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်နေရာများ လေကြောင်းမှ တိုက်ခိုက်ခံရသည့်အတွက် ဆေးဝါးကုသပေးရန်အခက်ကြုံနေရသည်ဟု ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးနေသည့် ဝိဇ္ဇာအဖွဲ့ထံမှ သိရသည်။

“ဆေးရုံ ဆေးခန်းတွေ လေကြောင်းကတိုက်ခိုက်ခံရတဲ့အတွက် Public Center တွေမှာ နေလို့မရပါဘူး။ ဆေးကုသပေးဖို့ အခက်အခဲဖြစ်ပါတယ်”ဟု လတ်တလောကြုံတွေ့နေရသည့် အခက်အခဲနှင့်ပတ်သက်၍ ဒေါက်တာကိုအုပ်က ပြောသည်။
ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အဆောက်အဦများကို လေကြောင်းမှ တိုက်ခိုက်ခံနေရခြင်းဖြစ်၍ စစ်ရှောင်များနှင့် တော်လှန်ရေးရဲဘော်များအတွက် ကျန်းမာရေးစောင့်ရှောက် မှုပေးရန် အခက်ကြုံနေရခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

Waid Zar Team ဆေးကုသရေးအဖွဲ့သည် ကရင်နီပြည်နယ်၌ ရှေ့တန်းတိုက်ပွဲများတွင်ပါ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သည်ဟု သိရသည်။
“လတ်တလော ဆေးကုပေးဖို့ လုံခြုံတဲ့နေရာရှိဖို့နဲ့ သွားလာရေးအတွက် လိုအပ်ချက်တွေရှိပါတယ်၊ အရေး ပေါ် ပတ်တီး၊ ဂွမ်း၊ အရက်ပျံလိုအရာတွေ လိုအပ်နေတာပါ”ဟု ဒေါက်တာ ကိုအုပ်က ပြောသည်။

ဆေးကုသရေးအဖွဲ့များအတွက် လှူဒါန်းလိုသူများအနေဖြင့်လည်း Waid Zar လူမှုကွန်ရက် စာမျက် နှာမှတဆင့်ဆက်သွယ်ပြီး လှူဒါန်းနိုင်ကြောင်း သိရသည်။

“ဆေးဝါးတွေက စျေးကြီးလာတယ်၊ လမ်းကြောင်းတွေကလဲ ခက်ခဲလာတဲ့အခါကျတော့ လူသူမရောက် နိုင်တဲ့နေရာတွေကို ဆေးအဖွဲ့တွေရောက်ရှိဖို့ အခက်အခဲရှိနေပါတယ်”ဟု ဒေါက်တာကိုအုပ်က ပြော သည်။

ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်ချက်များရှိနေသည့်အပြင် ဒေသခံများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် သောက်ဆေး၊ ထိုးဆေး လိုအပ်ချက်များ ရှိနေသည်ဟုလည်း ၎င်း ကပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်
#ကျန်းမာရေး
#စစ်ရှောင်
photo - မျိုးဆက်လှသော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10🤬8👍2😁2🔥1
စစ်ကောင်စီတပ်က ကား ၆၅ စီးဖြင့် ဧရာဝတီတိုင်းတွင် ပေါ်ဆန်းစပါးများ လိုက်လံဝယ်ယူ
👍7👎6👏2
စစ်ကောင်စီတပ်က ကား ၆၅ စီးဖြင့် ဧရာဝတီတိုင်းတွင် ပေါ်ဆန်းစပါးများ လိုက်လံဝယ်ယူ
==================

မင်းထက်
(မဇ္စျိမ)။ ။ ဧရာဝတီတိုင်းအတွင်း မြို့နယ်အချို့ရှိ ဆန်စက်များမှ ပေါ်ဆန်းစပါးများကို စစ်ကောင်စီတပ်က စစ်ကားအကြီး ၆၅ စီးဖြင့် လိုက်လံဝယ်ယူခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် စစ်ကား ၆၅ စီး သည် ဖျာပုံ၊ ဘိုကလေး၊ ဝါးခယ်မ ၊မော်လမြိုင်ကျွန်းနှင့် မြောင်းမြ စသည့်မြို့နယ်များတွင် ထိုသို့လိုက်လံဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၆ ရက်တွင် မော်လမြိုင်ကျွန်းမြို့သို့ ထိုစစ်ကားများရောက်ရှိလာခဲ့ပြီး ဆန်စက် ငါး ခုမှ ပေါ်ဆန်းစပါး တင်းပေါင်း ၁၀,၀၀၀ ကိုဝယ်ယူသွားခဲ့သည်ဟု မော်လမြိုင်ကျွန်းမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

မော်လမြိုင်ကျွန်းမြို့ရှိ ဦးသိန်းစိုးဦး၏ တိမ်တံခွန်ဆန်စက်မှ စပါးတင်း ၃,၀၀၀၊ ဦးဝင်းထွန်း၏ ရွှေပြည်ကျော်ဆန် စက်မှစပါးတင်း ၃,၀၀၀၊ ဦးဇော်နိုင်ထွေး၏ ဧက္ကရာဇ်ဆန်ဘစက်မှ စပါးတင်း ၁,၀၀၀ ၊ဦးညွန့်လွင်၏ ထိပ်တန်းဆန် စက်မှစပါးတင်း ၁,၀၀၀ နှင့် ကျိုက်ပိဆန်စက်မှစပါးတင်း ၂,၀၀၀ ကို ဝယ်ယူသွားခဲ့ခြင်းဖြစ် သည်ဟု ၎င်းကဆိုသည်။

"စစ်ကားတွေမြို့ထဲဝင်လာတော့ သို့လော သို့လော သတင်းတွေထွက်လာပြီး ပြည်သူတွေက စိုးရိမ်တာပေါ့။ အမှန်က မော်လမြိုင်ကျွန်းမြို့ကထွက်တဲ့ စပါးအချောတွေကို စစ် တပ်ကလာဝယ်တာပါ။ စစ်ကားတွေပေါ်မှာ ဖျာပုံ၊ ဘိုကလေး၊ မြောင်းမြ၊ ဝါးခယ်မဘက်က ဝယ်လာတဲ့စပါးတွေလည်း ပါလာတယ် "ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် စပါးအချော(ပေါ်ဆန်းစပါး) တင်း ၁၀၀ လျှင် ၂၄ သိန်း ပေါက်စျေးရှိသော်လည်း စစ်ကောင်စီတပ်ဖွဲဲ့များက စပါးတင်း ၁၀၀ လျှင် ၂၈ သိန်းစျေးပေး၍ ဝယ်ယူသွားခဲ့ကြောင်းသိရသည်။

"မြို့နယ်စီမံကောင်စီက ဗိုလ်မှူးမင်းလွင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်တို့နှစ်ယောက်ပေါင်းပြီး လာဝယ်တဲ့စစ်တပ်ကို ၂၈ သိန်းစျေးနဲ့ရောင်းလိုက်တယ်လို့ကြားတယ် ။ကျွန်တော်ထင်တာတော့ မော်ကျွန်းမှာ စပါးစျေးမြင့်တယ်လို့ပြောပြီး အဲဲဒီနှစ်ယောက်ကကြားထဲက လုပ်စားသွားတာဖြစ်နိုင်တယ်"ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ပေါ်ဆန်းစပါးများ လိုက်လံဝယ်ယူခဲ့သည်ကို အတိအကျမသိရကြောင်း ဆက်လက်ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ကား ၆၅ စီးဖြင့် ပေါ်ဆန်းစပါးများလိုက်လံဝယ်ယူခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဇူလိုင်လ ပထမပတ်အတွင်းက ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ဘက်သို့လည်း သွားရောက်ခဲ့သည်ဟုသိရပြီး ထိုမှတစ်ဆင့် ရန်ကုန် ဘက်သို့ ပြန်ထွက်သွားခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

သို့သော် စစ်ကောင်စီတပ်ကားများ မည်သည့်နေရာသို့ ထွက်ခွာသွားသည်ကို မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
စစ်ကောင်စီတပ်ဖွဲ့များက ပေါ်ဆန်းစပါးများလိုက်လံဝယ် ယူနေမှုနှင့် ပတ်သက်၍ ဧရာဝတီ တိုင်းအတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက"စစ်တပ်က စပါးစျေးကို စျေးကစားဖို့ဝယ်တာဖြစ်နိုင်သလို၊ တပ်အရာရှိတွေရဲ့ မိသားစုတွေအတွက် ရိက္ခာစုဆောင်းတာလည်းဖြစ်နိုင်တယ်။ ပေါ်ဆန်းစပါးဆိုတော့ ရိုးရိုး အခြားအဆင့်စစ်သားတွေအတွက် ရိက္ခာဝယ်တာတော့ မဖြစ်နိုင်ဘူး"ဟုဝေဖန်သုံးသပ်သည်။

ဆန်အိတ် ၁,၀၀၀ တစ်နည်းအားဖြင့် ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ပါက မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက၂၀၂၃ ခုနှစ် မေ လ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဧရာဝတီတိုင်း
#ပေါ်ဆန်းစပါး

ဓာတ်ပုံ - မော်လမြိုင်ကျွန်းမြို့သို့ စပါးဝယ်ယူရန်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ကားများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👎5👏2🥰1😁1
​​အာဠာဝကစစ်ဆင်ရေး ပွဲဦးထွက်တွင် စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးဟုဆို
====================

KMN
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ မြင်းခြံခရိုင်တွင် စတင်အကောင်အထည်ဖော်နေသည့် အာဠာဝကစစ်ဆင်ရေး ပွဲဦးထွက်တွင် စစ်ကောင်စီတပ်သား ၃၀ ခန့်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

“အာဠာဝက စစ်ဆင်ရေးပွဲဦးထွက်ကို ဇူလိုင်လ ၁၃ ရက်နေ့ မနက်အစောပိုင်းက မြင်းမူမြို့နယ်ဘက်မှာ ပွဲကထားပါတယ်။ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးခဲ့ပါတယ်” ဟု မြင်းခြံခရိုင် တပ်ရင်း(၇) ZERO ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်ကိုသက်ကြီးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင် ၇ ရက်မှ ၁၃ ရက်နေ့အထိ မြင်းမူမြို့နယ်အတွင်း ဂုံညှင်းဆိပ်၊ ငကင်း၊ ကန်သုံးဆင့် စသည့်ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ခဲ့သည်။
အဆိုပါ စစ်ကြောင်းကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၄ နာရီခန့်က ကျေးရွာတရွာအနီးတွင် ကင်းပုန်းဝပ် တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ပွဲ၌ စစ်သား ၃၀ ခန့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကိုသက်ကြီးကဆိုသည်။
စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးမှုနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိ သေးပေ။

ZERO ပြောက်ကျားတပ်ဖွဲ့ကဦးဆောင်ပြီး ငွေကျပ် သိန်း ၂,၀၀၀ ရန်ပုံငွေရှာဖွေနေသည့် အာဠာဝကကမ် ပိန်းကို ဇူလိုင်လ ၅ ရက်မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ အကောင်အထည်ဖော်နေပြီး ပြည်သူများအနေဖြင့် အာဠာဝက စစ်ဆင်ရေးအတွက် လှူဒါန်းနိုင်ကြောင်း ၎င်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ZERO ပြောက်ကျားတပ်ဖွဲ့ (ပုံဟောင်း)

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အာဠာဝကစစ်ဆင်ရေး
#ZEROပြောက်ကျားတပ်ဖွဲ့
#မြင်းမူမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24👏2😁2❤1
ထားဝယ်-ထီးခီး လမ်းပိုင်းကို ပြည်သူများ အသုံးပြု သွားလာခြင်း မပြုလုပ်ရန် ကော်သူလေး တပ်မတော် ကြေညာ
👍14🔥2
ထားဝယ်-ထီးခီး လမ်းပိုင်းကို ပြည်သူများ အသုံးပြု သွားလာခြင်း မပြုလုပ်ရန် ကော်သူလေး တပ်မတော် ကြေညာ
===================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ ထားဝယ် အရှေ့တောနယ် မေတ္တာ-ထီးခီး လမ်းပိုင်းကို ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်၍ ပြည်သူများ ဖြတ်သန်း သွားလာခြင်း မပြုရန် Kaw Thoo Lei Army ဆာကဆော တပ်မ(KTLA) က ထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင်လ ၁၆ ရက် ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ရက် အတွင်း ပြည်သူများ အနေဖြင့် ဖြတ်သန်း သွားလာခြင်း မပြုရန်၊ စစ်ကောင်စီနှင့် နီးနီး ကပ်ကပ် သွားလာခြင်း မပြုလုပ်ရန်အပြင် အဖွဲ့၏ စစ်ဆေးမှုများအား လိုက်နာပေးရန် စသည့် အချက်များကို ဖော်ပြထားသည်။

ယင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မဇ္ဈိမက KTLAကို ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း KTLA အဖွဲ့၏ ဆက်သွယ်ရေး အခက်အခဲကြောင့် ဆက်သွယ်ခွင့် မရခဲ့ပေ။

ထို့အပြင် အများပြည်သူများ အနေဖြင့် မသင်္ကာဖွယ်ရာ လှုပ်ရှားမှု တစ်စုံတစ်ရာ တွေ့ပါက နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့များထံ ချက်ချင်း သတင်းပေးပို့ အကူညီတောင်း ပူးပေါင်းပါဝင်ပေးကြရန် KTLA က မေတ္တာရပ်ခံ တိုက်တွန်းထား သည်။

လက်ရှိတွင် ထားဝယ်မြို့နယ် မေတ္တာ-ထီးခီးလမ်းပိုင်းတွင် KNU တပ်မဟာ( ၄ )နှင့် ကော်သူးလေတပ်မတော်တို့ ကြား ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အရပ်သား နှစ်ဦး သေနတ် ထိမှန်ခဲ့ကြောင်း Kwe Ka Lu News က ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#KTLA
#ထားဝယ်-ထီးခီး လမ်းပိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥1
​​ရွှေဘိုမြို့မဈေးတွင် ပေါက်ကွဲမှုဖြစ်ပွါး၍ ဘုန်းကြီးအပါအဝင် ၈ ဦးထိခိုက်ဒဏ်ရာရ
==================

007
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက် ရွှေဘိုမြို့မဈေးအတွင်း ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၇ နာရီခွဲခန့်က ပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွါးရာ ဘုန်းကြီးတစ်ပါး အပါအ၀င် ရှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

"ငါးဈေးတန်းက ဈေးအိမ်သာနဲ့ကပ်လျက်မှာ ဗုံးပေါက်တာ၊ နှစ်လုံးဆက်တိုက်ပေါက်တယ်။ မိနစ်ပိုင်းလေးပဲခြားပြီး ပေါက်တာပါ။ ဦးဇင်းတစ်ပါး ဗုံးစမှန် တယ်။ နောက်ပြီးတော့ ကလေးသုံးယောက်၊ လူကြီးလေးယောက် အားလုံးပေါင်းရှစ်ယောက်ဒဏ်ရာရတယ်၊ မစိုးရိမ်ရတဲ့ဒဏ်ရာတွေပါ" ဟု မြို့ခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ Drop Bomb နှစ်လုံးပစ်ချ ဖောက်ခွဲသွားခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအား ရွှေဘိုဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း စစ်‌ ကောင်စီ၏သတင်းများကို ဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်လာခြင်း မရှိသေးပေ။

စာတည်း။ ။ ဖူးသိမ်ကျ

#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့
#ပေါက်ကွဲမှု
ဓာတ်ပုံ-ပုံဟောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🥰4😢1
အင်းတကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်
👍14👏3😁1
အင်းတကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်
======================

ကီရာ
(မဇ္ဈိမ)။ ။ အင်းတကော်မြို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - IPDF က မောင်းသူမဲ့လေယာဉ်ကို စတင်ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း IPDF တပ်ဖွဲ့ ဒုတာဝန်ခံ ဦးအောင်နိုင်သူက ပြောသည်။
မောင်းသူမဲ့လေယာဉ် စတင်လုပ်ဆောင်စဉ် ပစ္စည်းလိုအပ်ချက်များကြောင့် နှောင့်နှေးမှုများရှိခဲ့ပြီး စမ်းသပ်ကာလအတွင်း လေယာဥ်ပျက်ကျခြင်းများရှိခဲ့ကြောင်း ၎င်းကဆိုသည်။

“ အဝေးကြီးတွေ ပျက်ကျလို့ လိုက်ကောက်ရတာတွေ အပင်ပေါ်တင်လို့ အပင်ပေါ်တက်ရတာတွေ အဲ့ဒါတွေတော့ အများကြီးပဲပေါ့။ တခြားအခက်အခဲပိုင်းကတော့ နည်းပညာပိုင်းမှာတော့ လိုအပ်တဲ့ နည်းပညာတွေကို ကျွန်တော်တို့ အချိန်နဲ့တပြေးညီ လေ့လာရတဲ့အပိုင်းမှာလည်း အခက်အခဲတော့ နည်းနည်းရှိတယ်။ ပစ္စည်းတွေ လိုအပ်တဲ့အပိုင်းကို ဝယ်ဖို့အတွက် ငွေကြေးအခက်အခဲလည်း ရှိတာပေါ့”ဟု IPDF တပ်ဖွဲ့မှ ဒုတာဝန်ခံ ဦးအောင်နိုင်သူက ပြောသည်။

လက်ရှိတွင် မောင်းသူမဲ့လေယာဥ်ထုတ်လုပ်မှု အောင်မြင်ခဲ့သော်လည်း အသုံးပြုတိုက်ပွဲဝင်နိုင်ရန် လက်နက်ခဲယမ်းများလိုအပ်နေကြောင်း သိရသည်။ ထိုကြောင့် "ခဲယမ်းနှင့် မောင်းသူမဲ့လေယာဉ်ကမ်ပိန်း"အမည်ဖြင့် မဲလက်မှတ်များကို ဇူလိုင် ၁၅ရက်မှ စတင်၍ ၄၅ရက်ကြာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
“ လက်နက်ခဲယမ်းပိုင်းမှာလည်း လိုအပ်ချက်တွေရှိတယ် ။ အခု ဆောက်ထားတဲ့လေယာဉ်တွေအတွက် အထဲမှာထည့်မယ့် ပစ္စည်းတွေ လိုအပ်နေပါတယ်။ အဲ့ဒါတွေ ဝယ်ဖို့အတွက် ငွေကြေးအခက်အခဲရှိနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ကမ်ပိန်းတွင် မဲအစောင်ရေ ၁,၅၀၀ အား တစ်စောင်လျှင် ၁၀,၀၀၀ ကျပ် နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဆုမဲများအဖြစ် ကျောက်စိမ်းဆွဲပြား၊ ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကား ၊ဆလိုင်းတင်မောင်ဦး ပန်းချီကား ၊မိဘမေတ္တာ ပန်းပုနှင့် လပ်တော့ ၊ ဖုန်း၊ ဂစ်တာ ၊ နားကျပ် ၊ ထိုင်းထီလက်မှတ်များ ပေးမည်ဖြစ်ကြောင်း သိရသည်။

IPDF သည် လက်လုပ် ၄၀မမနှင့် ကိုးလုံးကျည် တစ်တောင့်ထိုး လက်လုပ်သေနတ်များကိုလည်း စမ်းသပ်တီထွင်နိုင်ခဲ့ပြီး လက်ရှိတွင် အဆိုပါ လက်နက်များကိုလည်း နယ်မြေခံ EAO များနှင့် IPDF တပ်ဖွဲ့ဝင်များက အသုံးပြုနေကြောင်း သိရသည်။

မောင်းသူမဲ့လေယာဉ်တီထွင်ရခြင်းသည် စစ်ကောင်စီ အထိုင်တပ်များကို တိကျစွာ တိုက်ခိုက်နိုင်ရန်နှင့် ကုန်ကျစရိတ်သက်သာစေရန် ဖြစ်သည်ဟု ဦးအောင်နိုင်သူက ပြောသည်။ ထိုမောင်းသူမဲ့လေယာဥ်များသည် လူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်ရသည့် ဒရုန်းလေယာဥ်များအစား အသုံးပြုနိုင်ကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#အင်းတကော်မြို့
#မောင်းသူမဲ့လေယာဉ်
#IPDF
ပုံ IPDF မှ တီထွင်ထားသည့် မောင်းသူမဲ့လေယာဉ်နှင့် လက်လုပ် သေနတ်များကို တွေ့ရပုံ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20🥰3❤2😁1
ခင်ဦးမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်ခံရလို့ စာသင်ကျောင်းမှာ စစ်ရှောင်နေသူ သေဆုံး (ရုပ်သံ)
=====================

MTO။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အင်းပတ်ကျေးရွာ စာသင်ကျောင်းထဲမှာ စစ်ရှောင်နေတဲ့ အမျိုးသား နှစ်ဦး ကျည်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၆ ရက် နေ့လယ်ပိုင်းက ရွာသစ်ကုန်းကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကြောင်းဟာ ရေဦးမြို့ကို ပြန်လည်ထွက်ခွာချိန်မှာ အနီးအနားက ကျေးရွာတွေဆီ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အသက် ၅၀ အရွယ် စစ်ရှောင်အမျိုးသား သေဆုံးခဲ့တာဖြစ်တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုနေသူရက ပြောပါတယ်။

သတင်း MTO
တည်းဖြတ်၊ တင်ဆက် MTO

https://youtu.be/8nPOCpXF1UA

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🤬9🔥2😢2👍1