Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုများ တရားလွှတ်တော်ချုပ်တွင် ကြားနာမည်
======================

001
(မဇ္စျိမ) ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် စွပ်စွဲအမိန့်ချထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အထူးအယူခံ ဝင်ခွင့်ပြုရန် သင့်၊ မသင့် ကြားနာရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အဂတိအမှုများ အပါအဝင် စုစုပေါင်းအထူးအယူခံ အမှုခြောက်မှုကို လာမည့် ဩဂုတ်လ ၈ ရက်နေ့တွင် ကြားနာမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက နေပြည်တော်တွင် လရောင်တော စိုက်ပျိုးသက် မွေးပညာသင်တန်းကျောင်း စီမံကိန်းအတွက် မြေကွက်များ လျှောက်ထားရယူသည့်ကိစ္စ ၊ လရောင်တောမြေနေရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန် တစ်ထပ်အဆောက်အဦးကို လှူဒါန်းငွေဖြင့် ဆောက်သည်ဆိုသည့်ကိစ္စ၊ ရန်ကုန်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်ဖွင့်လှစ်မည့် အဆောက်အဦးနှင့် မြေကွက်ကိစ္စတို့အပေါ် စစ်ကောင်စီဘက်က အဂတိအမှု လေးမှုဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုလေးမှုအတွက် စစ်ကောင်စီလက်အောက်ခံတရားရုံးက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်တပေါင်းတည်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ရာ တရားလွှတ်တော်ချုပ်အထိ ကနဦး အယူခံတက်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

အလားတူ စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာနဘက်ကလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာများကို နိုင်ငံပိုင်သိမ်းရန် အယူခံတက်ခဲ့ပြီး ယင်းအပေါ်တွင်လည်း တရားလွှတ်တော်ချုပ်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပယ်ချခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီဘက်က အထူးအယူခံ ဆက်တက်၊ မတက်ကိုမူ မသိရသေးပေ။

အဆိုပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုများတွင် NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့လည်း ပူးတွဲ တရားစွဲဆို ခံထားရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပြီး လက်ရှိတွင် ယင်းအမှုများကို စစ်ကောင်စီ၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အယူခံ၊ အထူးအယူခံအမှုများအဖြစ် ကြားနာလျက်ရှိသည်။

စာတည်း။ ။ နောင်နောင်

#Mizzima
#ဒေါ်အောင်ဆန်းစုကြည်
#အထူးအယူခံ
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤬5❤3🔥1
သတင်းထဲက အင်္ဂလိပ်စာ | VOA On Mizzima
===============

ဒီတပတ်ရဲ့ သတင်းထဲကအင်္ဂလိပ်စာအစီအစဉ်မှာ သတင်းတွေထဲ ဖော်ပြပါရှိတဲ့ လွတ်လပ်ရေးနေ့နဲ့ ဆိုင်တဲ့ စကားလုံး၊ အသုံးအနှုန်းတွေကို ကောက်နှုတ်တင်ပြထားပါတယ်။ မမြသဇင်အောင်နဲ့ ကိုအောင်လွင်ဦးတို့က စီစဉ် တင်ဆက်ပေးထားပါတယ်။

https://youtu.be/CYArgDbZ6tQ

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥1
အာရှစီးပွားရေး | VOA On Mizzima
====================

ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ ယူကရိန်းစစ်ပွဲ အကျိုးဆက်အဖြစ် ဓါတ်မြေသြဇာဈေးတွေ တက်လာတာကြောင့် ဂျပန်နိုင်ငံက တောင်ယာသမားတွေဟာ သဘာဝမြေဆွေး ဓါတ်မြေသြဇာကို ထုတ်လုပ် သုံးစွဲလာကြတဲ့ အကြောင်းနဲ့ ဂျပန် ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံက စွန့်ပစ်တဲ့ ရေတွေမှာ ရေဒီယိုသတ္တိကြွအန္တရာယ် ပါလာမှာစိုးလို့ တောင်ကိုရီးယားမှာ ပင်လယ်ဆားတွေ ဝယ်ယူစုဆောင်းမှု များနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

https://youtu.be/eerKpz3OPzA

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1
လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော် ၂၀၀၉ ခုနှစ်လောက် က ထွက် ပေါ်ခဲ့တဲ့ cryptocurrency နည်းပညာတစ်ခုဖြစ်တဲ့ Bitcoin ဟာ ခရီးတစ်လျာက်မှာ အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရပါတယ်။ Bitcoin နည်းပညာဟာမထင်မရှားနည်းပညာတစ်ခု ကနေ ယနေ့ခေတ်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုအဖြစ်ပြောင်းလဲ​သွားကာ တစ်ကမ္ဘာ လုံးရဲ့ အာရုံစိုက်မှုကိုစွဲဆောင်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုတွင် Bitcoin ပေါ်အမြင်နှင့် ယနေ့ခေတ်ဟာ လုံး၀ကို ကွာခြားသွားခဲ့ပါတယ်။ ယခင် နှစ်များတွင် လူအများစုဟာ Bitcoin အပေါ်အမြင်မှာ သံသယများဖြင့် ရှိနေပြီး အများစုမှာ တစ်ခဏအတွင်းကွယ်ပျောက်သွားမည်ဟုထင်မြင်ယူဆချက်များအပြင် နိုဘယ်ဆုရစီးပွားရေးပညာရှင်Robert Shiller ဟာ speculative bubble တစ်ခုထက်မပိုသောနည်းပညာဟု ပြောဆိုခဲ့ပါသေးတယ်။ အဲ့ဒါက ဘာနဲ့တူလဲဆိုတော့မြန််မာပြည်အင်တာနက်ခေတ်ဦးသန်းရွေခေတ် ၂၀၀၇ , ၂၀၀၈ ကာလတုန်းက အင်တာနက်ဆိုတာကို ညစ်ညမ်းရုပ်ရှင်ကြည့်ဖို့နဲ့ ချစ်သူရည်းစားရှာဖို့သုံးတဲ့ အရာလို့ ထင်သလိုမျိုးပါပဲ။လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုက Bitcoin နည်းပညာဟာ ဝါသနာပါသူတစ်စုနှင့် နည်းပညာဝါသနာအိုးတစ်ချို့ကသာ စိတ်၀င်စားခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ Bitcoin ဟာ အင်တာနက်ကဲ့သို့ ထိပ်တန်းနည်းပညာ တစ်ချို့ဖြစ်လာခဲ့ပါတယ်။​ Tesla၊PayPal နှင့် Square ကဲ့သို့သောကုမ္ပဏီကြီးများသည်ပင် ယခုအခါ Bitcoin ကို ငွေပေးချေမှုပုံစံအဖြစ် လက်ခံပြီးလူတိုင်းနည်းပါးလက်ခံလာကြတဲ့ နည်းပညာဖြစ်လာပါတယ်။ အစောပိုင်းကာလတွင် Bitcoin ရဲ့ စည်းမျဥ်းသတ်မှတ်ချက်များမရှိခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက်အခက်အခဲဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါအစိုးရတွေကတောင် Bitcoinနည်းပညာကိုလက်ခံကူညီပေးလာတာတွေကြောင့်နည်းပညာဟာ ပိုမိုအဆင်ပြေတိုးတက်လာခဲ့ပါတယ်။ ယနေ့ခေတ် မှာ တချို့ဘဏ်တွေကတောင် နည်းပညာကို လက်ခံလာပြီး Bitcoin ကိုသူသူတို့လုပ််ငန်းစဥ်တွေမှာပါအသုံးပြုလာပါတယ်။
2008 ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပြီး Bitcoin က သမာရိုးကျဘဏ်စနစ်အပြင်ရွေးချယ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ယနေ့ခေတ်စီးပွားရေးမတည်ငြိမ်မှုများကြားတွင် Bitcoin သည် ငွေကြေးဖောင်းပွမှုကို ဆန့်ကျင်ပြီး အစိုးရထိန်းချုပ်မှုကင်းသောစနစ်တစ်ခုအဖြစ်တိုးတက်လာခဲ့ပါတယ်။ လွန်ခဲ့သောဆယ်စုနှစ်တစ်ခုက လူအများအမြင်တွင်မှာBitcoin ကအမည်ဝှက်သဘောဖြစ်နေတာကြောင့် တရားမဝင်လုပ်ဆောင်မှုများနှင့်ဆက်စပ်နေပါသည်။
👍8🔥2
စစ်ခေါင်းဆောင်တွေအတွက် အိပ်မက်ဆိုးဖြစ်လာတဲ့ ကရင်နီဒေသ
=====================

စစ်ကောင်စီတပ်တွေ စစ်ဆင်ရေးကျရှုံးပြီးနောက် ကရင်နီဒေသဟာ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေအတွက် အိပ်မက်ဆိုးဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် မယ်စဲ့မှာ တပ်ရင်းတစ်ရင်းလုံး တော်လှန်ရေးအင်အားစုတွေဆီကို လက်နက်ချသွားခဲ့တာက နေပြည်တော် စစ်ဗိုလ်ချုပ်တွေအတွက် ရင်ဝအကန်ခံလိုက်ရသလိုဖြစ်ခဲ့မှာ သေချာပါ တယ်။ ဒါ့အပြင် ကရင်နီနယ်ခြားစောင့်တပ် BGF ၁၀၀၄ နဲ့ ၁၀၀၅ တပ်ရင်း နှစ်ရင်း ကရင်နီဒေသတော်လှန်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းသွားခဲ့တာကလည်း စစ်ကောင်စီကို ပိုပြီးအထိနာစေခဲ့ပါတယ်။ ဒီရလဒ်ကို စစ်ဗိုလ်ချုပ်တွေ မျှော်လင့်ထားခဲ့မှာမဟုတ်တာလည်း သေချာပါတယ်။ နွေဦးတော်လှန်ရေးအတွက် ပထဝီအနေအထား အရ အရေးပါတဲ့ ကရင်နီဒေသကို စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရမှာကို စိုးရိမ်ထိတ်လန့်နေပုံရပါတယ်။ ကရင်နီဒေသဟာ မြန်မာပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းက တော်လှန်ရေးအင်အားစုတွေကို ချိတ်ဆက်ပေးနိုင်မယ့် အဓိကဇုန်တစ်ခုဖြစ်သလို စစ်ဗိုလ်ချုပ်တွေခေါင်းချနေတဲ့ နေပြည်တော်နဲ့ဆိုရင်လည်း မိုင် ၁၃၀ ကျော်လောက်ပဲ ဝေးတာဖြစ်ပါတယ်။

https://youtu.be/1s5ZUgFY8dc

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍32❤4👏4🥱2
This media is not supported in your browser
VIEW IN TELEGRAM
တစ်ဖက်သတ်အသာစီးယူထားတဲ့ရွေးကောက်ပွဲအတွက် ကမ္ဘောဒီးယားရုပ်သံက ဟွန်ဆန်အကြောင်းဝါဒဖြန့်ရုပ်သံဇာတ်ကားတွေ ဆက်တိုက်ထုတ်လွှင့်နေ

#InternationalNews #reels #shorts #Mizzima #Cambodia
👍7🤮5🔥4
ဇူလိုင်လ (၁၇)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
========================

01:00 − ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်၊ရှရှားတို့နှင့်တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး ကြတဲ့သတင်း

03:36 − နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုတွေ တရားလွှတ်တော်ချုပ်မှာ ကြားနာမယ့်သတင်း

05:23 − ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်လာဖို့ မလုံခြုံသေးကြောင်း အမေရိကန်သံတမန် ပြောတဲ့သတင်း နဲ့

06:55 − ပြုပြင်ပြောင်းလဲရေးလုပ်မယ့်ကိုယ်စားလှယ်လောင်းကို ကန့်ကွက်ခဲ့တဲ့ ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်သစ်အတွက်မဲခွဲမှု ဆက်လက်ပြုလုပ်မယ့် သတင်း တွေအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/ZLdx-kVGKqY


#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤2🍌2
အာဆီယံ ပူးတွဲကြေညာချက် စစ်ကောင်စီ ကန့်ကွက်
================

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အာဆီယံကြေညာချက်ကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက်နေ့က ကန့်ကွက်ပယ်ချ လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကျင်းပခဲ့တဲ့ (၅၆)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်ပါ မြန်မာ့အရေး ဖော်ပြချက်အချို့က “အာဆီယံပဋိညာဉ်ပါမူကြီးများနဲ့ မကိုက်ညီဘူး” ဆိုပြီး လက်မခံဘဲ ကန့်ကွက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှု၊ အရပ်ဘက်အဆောက်အအုံ တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီကတော့ ဒီကြေညာချက်ဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကြိုးပမ်းမှုကို ထည့်သွင်းမစဉ်းစားဘဲ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်တယ် လို့ ဆိုပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲကြညာချက် မူကြမ်းကို ညှိနှိုင်းတဲ့အချိန်မှာ စစ်ကောင်စီအနေနဲ့ ပါဝင်ဆွေးနွေးခဲ့ပေမယ့် ကြေညာချက်ထုတ်ပြန်ချိန်မှာ ပြင်ဆင် ဖြည့်စွက်လိုတဲ့အချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျစ်လျူရှုခဲ့တယ်လို့ စစ်ကောင်စီက သဘောထားထုတ်ပြန်ပါတယ်။

https://youtu.be/p-uf4nS8qcQ

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁8👏4👍3🔥1
ပြုပြင်ပြောင်းလဲရေးလုပ်မယ့်ကိုယ်စားလှယ်လောင်းကို ကန့်ကွက်ခဲ့တဲ့ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်သစ်အတွက်မဲခွဲမှု ဆက်လက်ပြုလုပ်မယ်လို့ဆို
======================

https://youtu.be/ikQnbttceZ8

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
Media is too big
VIEW IN TELEGRAM
အာဆီယံ ပူးတွဲကြေညာချက် စစ်ကောင်စီ ကန့်ကွက်

Watch more detail - https://youtu.be/p-uf4nS8qcQ

#PoliticalNews #reels #shorts #MizzimaTV
😁8🤣3👏2
This media is not supported in your browser
VIEW IN TELEGRAM
ပြုပြင်ပြောင်းလဲရေးလုပ်မယ့်ကိုယ်စားလှယ်လောင်းကို ကန့်ကွက်ခဲ့တဲ့ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်သစ်အတွက်မဲခွဲမှု ဆက်လက်ပြုလုပ်မယ်လို့ဆို

#InternationalNews #Mizzima #Thailand #Reels #Shorts
👍8😁2❤1
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်၊ရှရှားတို့နှင့်တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး
====================

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးပြီးနောက်ရက်ပိုင်းအကြာမှာ မြန်မာ့အရေးအတွက် တရုတ်နဲ့ ရှရှားတို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးတန်း သံတမန် ဝမ်ယိနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ် ဝီနိုင်းတို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ တွေ့ဆုံပြီး မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ကြတာဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ကတော့ထိုင်းနိုင်ငံကိုရောက်ရှိနေစဉ် မစ္စတာ ဒွန်နဲ့တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မြန်မာ့အရေး နိုင်ငံရေးအရ အဖြေရှာရာမှာ တရုတ်နိုင်ငံအနေနဲ့ အရေးပါသောအခန်းကဏ္ဍက ဆက်လက်ပါဝင်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ တရုတ်နိုင်ငံ အဆင့်မြင့်သံတမန် ဝမ်ရိကလည်း အာဆီယံအနေနဲ့ ၎င်းတို့ရဲ့ နည်းလမ်းဖြင့် မြန်မာနိုင်ငံအရေးကို ဖြေရှင်းခြင်းနဲ့ နိုင်ငံများအားလုံး လက်ခံသော လမ်းပြမြေပုံအား ဆောင်ရွက်ခြင်းများအတွက် ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

https://youtu.be/4hOTPT8MkjI

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁5🤮3
Media is too big
VIEW IN TELEGRAM
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်၊ရှရှားတို့နှင့်တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး

Watch more detail - https://youtu.be/4hOTPT8MkjI

#PoliticalNews #reels #shorts #MizzimaTV #Thailand #China
🤮8😁5👏3
This media is not supported in your browser
VIEW IN TELEGRAM
ဂျာမနီရဲ့ တရုတ်နဲ့ဆက်ဆံရေးမဟာဗျူဟာသစ်က အန္တရာယ်ရှိကြောင်း ဘေဂျင်းအစိုးရပြော

#InternationalNews #reels #shorts #China #Germany #Mizzima
👏2👍1
စစ်ကောင်စီက အာဇာနည်ကုန်းနှင့် ဝန်ကြီးများရုံးတွင် လုံခြုံရေးတိုးမြှင့်ချထား
🤮9💩3👍2👏2😁2