Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်နှင့် ကာကွယ်ရေးခေါင်းဆောင်တို့ကို စစ်ကောင်စီတပ်မှ သတ်ဖြတ်
===================

ပါခွီး

(မဇ္စျိမ)။  ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ဦးနေဦးနှင့် ကာကွယ်ရေး အဖွဲ့ခေါင်းဆောင်ဦးကုလားတို့ကို စစ်ကောင်စီတပ်မှသတ်ဖြတ်ခဲ့သဖြင့် ကျဆုံးသွားကြောင်း သိရသည်။

အရပ်ဖက်အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီကိုယ်စားပြု မုံရွာလူထုသပိတ်ဦးဆောင်ကော် မတီဝင်နှင့် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တို့သည် မုံရွာမြို့နယ်အတွင်း တော်လှန်ရေးတာဝန်များ ထမ်း ဆောင်နေစဉ် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ရခြင်းဖြစ်သည်။

“ကိုနေဦးကျဆုံးသွားတဲ့အတွက် အခုတော်လှန်ရေးလုပ်ငန်းတွေသာမက တော်လှန်ရေးပြီးလို့ မုံရွာမြို့ အတွက်ရော ဒေသတွင်းအတွက်ပါ ပြန်လည်ထူထောင်ရေးတွေထိအတွက်ပါ အားလျော့တာပေါ့ဗျာ။ ဒါနဲ့ ပတ်သက်လို့ တော်တော်ကြီးမားတဲ့ဆုံးရှုံးမှုလို့ မှတ်ချက်ပေးချင်ပါတယ်” ဟု အရပ်ဖက်အဖွဲ့အစည်းများ တွင် လုပ်ဖော်ကိုင်ဖက်တဦးဖြစ်ခဲ့သူ ကိုစိုးဝင်းဆွေက မဇ္စျိမကိုပြောသည်။

ဦးနေဦးနှင့်၎င်း၏မိသားစုသည် စားဝတ်နေရေးပြေလည်ရုံအတွက်သာ လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့ပြီး နိုင်ငံ ရေးနှင့် ပရဟိတလုပ်များကို ပျော်မွေ့စွာလုပ်ကိုင်ခဲ့သူများဖြစ်ကြောင်း ဆိုသည်။

မဇ္စျိမကလက်ခံရရှိသည့် ဦးနေဦးနှင့် ဦးကုလားတို့၏ ရုပ်အလောင်းဓာတ်ပုံများတွင် အနီးကပ် ဦးခေါင်းကို ပစ်ခဲ့သည့် ဒဏ်ရာဖြင့်သေဆုံးခြင်းနှင့် ၎င်းတို့ ဆိုင်ကယ်ကိုမီးရှို့ထားသည်တွေ့ရပြီး ဖြစ်စဉ်အသေးစိတ် ကိုမူ သိရှိရခြင်း မရှိပေ။

ဦးနေဦးသည် ချင်းတွင်းမေတ္တာ လူမှုကယ်ဆယ်ရေးအသင်းတာဝန်ခံဖြစ်ပြီး ရပ်ရွာ အခြေပြုလုပ်ငန်းများ ကိုဆောင်ရွက်ရာမှ ၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးအရေးတော်ပုံကြီးတွင် တော်လှန်ရေးတပ်ဦးမှ စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့သူတဦးဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ၎င်း ကျဆုံးခြင်းအတွက် ဝမ်းနည်းကျေကွဲခြင်းကို ဇူလိုင်လ ၁၇ရက် ယနေ့တွင်ထုတ်ပြန်ထားသည်။

၎င်းသည် ၂၀၂၁ ခုနှစ် မတ်လတွင် အဖမ်းဆီးခံခဲ့ရပြီး မုံရွာထောင်၊ မြင်းခြံထောင်များတွင်ထိန်းသိမ်းခံ ခဲ့ရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အကျဉ်းကျခံနေစဉ်အတွင်း ၎င်း၏သားဖြစ်သူ မုံရွာ PDF တပ်ဖွဲ့ဝင် ရဲဘော်ထင်ရှားသည်လည်း စစ်ကောင်စီတပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။

အကျဉ်းထောင်မှ လွတ်မြောက်ပြီးချိန်မှစတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ ဒီမိုကရေစီအရေး လုပ်ငန်း များကို ရဲရဲရင့်ရင့် ဆက်လက်လုပ်ကိုင်ရင်း ကျဆုံးခဲ့ရခြင်းဖြစ်သဖြင့် အသက်ပေးလှူသွားသော ဦးနေဦး အား “ ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းအာဇာနည်” အဖြစ် မော်ကွန်းတင်ကြောင်း မုံရွာမြို့နယ် ပြည်သူ လူထုကိုယ်စား မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဦးနေဦးသည် မုံရွာမြို့ အလယ်ရပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးကော်မတီဥက္ကဋ္ဌဖြစ်ပြီး တမြို့ နယ်လုံးမှ ရပ်ကျေးကော်မတီများနှင့်ဆက်သွယ်ရေးကောင်းမွန်ပြီး လေးစားခံရသူတဦးဖြစ်သောကြောင့် ရွေးကာက်ပွဲအောင်နိုင်ရေးလုပ်ငန်းများတွင် ပါတီ၏ အားကိုးရသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဦးနေဦးနှင့်အတူကျဆုံးခဲ့သည့် ဦးကုလားသည် ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တဦးဖြစ်ပြီး တော်လှန် ရေးတာဝန်များထမ်းဆောင်စဉ် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး ၎င်း၏ ကိုယ်ရေးအချက်အလက်များ ကို မဇ္စျိမအနေဖြင့် သိရှိနိုင်ခြင်း မရှိသေးပေ။

ဓာတ်ပုံ - ဦးနေဦးနှင့် ဦးကုလား ကိုပစ်ခတ်သွားသည့် ကျည်ဆံခွံနှင့် မီးရှို့ခံထားရသည့် ဆိုင်ကယ်

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#မုံရွာလူထုသပိတ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12👍4😁2🤬2
This media is not supported in your browser
VIEW IN TELEGRAM
ဒီတပတ်ရဲ့ သတင်းတုတွေ့ရှိချက်တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံ ကြည့်ရန် | https://youtu.be/jaT8wg0-D1k

#Misinformation_Buster #Fake_News #reels #shorts #weekly_package
👍3😁2
​​ကရင်နီပြည်နယ် ရွာသစ်မြို့တွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီးနောက် ဒေသခံ ရာနှင့်ချီပိတ်မိနေ
===================

001
(မဇ္စျိမ)။ ။ကရင်နီပြည်နယ်၊ ဘော်လခဲမြို့နယ်၊ ရွာသစ်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ တိုက်ပွဲဖြစ် ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်များ မြို့တွင်းသို့ဝင်ရောက်တပ်စွဲထား၍ ဒေသခံရာနှင့်ချီမှာ ရက်ပေါင်း ၂၀ ကျော်ကြာသည်အထိ ပိတ်မိနေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူများနှင့် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များထံမှ သိရသည်။

ရွာသစ်မြို့တွင် အိမ်ခြေ ၈၀၀ ဝန်းကျင်၊ လူဦးရေ ၁,၀၀၀ ကျော်ရှိပြီး ထိုအထဲမှ လူဦးရေ ၆၀၀ ဝန်းကျင်မှာ သံလွင်မြစ်တစ်လျှောက် စစ်ဘေးရှောင်နေရပြီး ကျန် ၅၀၀ ဝန်းကျင်မှာ ရွာသစ်မြို့တွင် ပိတ်မိနေဆဲဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ရွာသစ်မြို့အတွင်း ကျန်ရစ်ခဲ့သည့် ဒေသခံများထဲမှ ခြောက်ဦးခန့် ပစ်သတ်ခံထားရကြောင်း ကြားသိရသည်ဟုလည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ဒါရိုက်တာ ကိုဗညားက ပြောသည်။

“တစ်ရက်တည်းပဲ မဟုတ်ဘူးပေါ့နော်။ လေး၊ ငါး၊ ခြောက်၊ ယောက်ကတော့ ဒီရွာထဲမှာ ဟိုသွားဒီသွားနဲ့ အပစ်ခံရပြီး သေဆုံးတာရှိတယ်။ နောက်ပြီး တချို့ဆိုရင် ဘုန်းကြီးကျောင်းအပြင်ကို ထွက်ဖို့ကြိုးစားတာ နဲ့ ပစ်သတ်ခံရတာရှိတယ်ဆိုတဲ့ပုံစံမျိုးတော့ ကျွန်တော်တို့ကြားထားတာရှိပါတယ်”ဟု ကိုဗညားက ပြော သည်။

အဆိုပါ ဒေသခံများသေဆုံးမှု အခြေအနေများနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
လက်ရှိ ရွာသစ်မြို့တွင်ပိတ်မိနေသည့် ဒေသခံများမှာ ယခင်က စားနပ်ရိက္ခာလက်ကျန်များကိုသာ အသုံး ပြုနေရပြီး ကျန်စစ်ဘေးရှောင် ၆၀၀ ကျော်မှာလည်း စားနပ်ရိက္ခာအနည်းငယ်သာ သယ်ယူလာနိုင်ခဲ့သည့် အတွက် စားနပ်ရိက္ခာလိုအပ်ချက်များရှိနေကြောင်း သိရသည်။

ရွာသစ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် နေအိမ်အချို့မှ သစ်များ၊ ဝါးများကိုခွာယူ ပြီး လမ်းများတွင် ပိတ်ဆို့တားဆီးထားခြင်း၊ ကတုတ်ကျင်းများ အခိုင်အမာဆောက်လုပ်ပြီး စောင့်ကြပ် ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရွာသစ်မြို့တဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေး အခြေအနေတင်းမာနေဆဲဖြစ်ကြောင်း ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းကပြောသည်။

“အဆိုးဆုံး၊ အတင်းမာဆုံးလို့ ပြောလို့ရတာပေါ့။ သူတို့ကလည်း ကယား (ကရင်နီ) ဒေသကို စစ်အင်အား အဆမတန်ကြီးကို ပို့ထားတာပေါ့။ အနည်းဆုံး ၂,၀၀၀ နဲ့ ၃,၀၀၀ ကြားလောက်ပို့ထားတာပေါ့။ ရွာသစ်မှာ တော့ သူတို့စစ်ကြောင်းထိုးလာတာ အင်အား ၃၀၀ လို့ ကျွန်တော်တို့ ကြားသိရတယ်”ဟု ကိုလင်းလင်းက ပြောသည်။

ဇွန်လ ၂၄ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်များသည် ဘော်လခဲမြို့မှ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ရွာသစ်မြို့သို့ဦးတည်၍ အပြင်းအထန်စစ်ကြောင်းထိုးဝင်ရောက်ခဲ့သောကြောင့် ရွာသစ်-ဘော်လခဲလမ်း တလျှောက်တွင် စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းအဖွဲ့များအကြား လေးရက်ကျော်ကြာ ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှ ဇူလိုင်လ ၅ ရက်နေ့က ထုတ် ပြန်ထားသည်။
Photo - ဘော်လခဲစစ်ဘေးရှောင်များအား ၂၀၂၃ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဥ် (Tun Myanmar Donation)

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်
#စစ်ဘေးရှောင်
#ရွာသစ်မြို့
#စစ်ရေးတင်းမာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9🔥3👍2🙏2❤1
Media is too big
VIEW IN TELEGRAM
ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ်ပိတ်သိမ်းမည်ဆိုသော သတင်းမှား


သတင်းအပြည့်အစုံဖတ်ရန် | https://www.mizzimaburmese.com/article/130805

#Misinformation_Buster #Fake_News #Shorts #Reels #passport #ပြည်ပရောက်မြန်မာ #နိုင်ငံကူးလက်မှတ်
👍7🔥3
This media is not supported in your browser
VIEW IN TELEGRAM
ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံသဖြင့် PDF များ စစ်ကောင်စီထံ လက်နက်ချအလင်းဝင်တော့ မည်ဟု သတင်းမှားဖြန့်

သတင်းအပြည့်အစုံဖတ်ရန် | https://www.mizzimaburmese.com/article/130839

#Misinformation_Buster #Fake_News #Shorts #Reels #PDF #အလင်းဝင် #ဒေါ်အောင်ဆန်းစုကြည် #လက်နက်ချ
😁10👍3
မြိတ်မှာ ထိုင်းရွှေထည်ပစ္စည်းတွေကိုဖမ်းမယ်ဆိုတဲ့ သတင်းကြောင့် အရောင်းရပ်ထားရ
======================

ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့က ရွှေဆိုင်တွေမှာရောင်းချနေတဲ့ ထိုင်းရွှေထည် ပစ္စည်းတွေဟာ ထိုင်းနိုင်ငံကနေ တရားမဝင် တင်သွင်းလာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့ ကစပြီး ၁၉ ရက်နေ့အထိ စစ်ကောင်စီက လာရောက်ဖမ်းဆီးစစ်ဆေးမယ်လို့ သတင်းတွေထွက်ပေါ် နေပါ တယ်။
ဒါကြောင့် ထိုင်းရွှေထည်ပစ္စည်းတွေဖြစ်တဲ့ ၉၆၅ ၊ ၉၉၉၉ နဲ့ ၉၀% ရွှေထည် အမျိုးအစားတွေကို အရောင်း အဝယ်ရပ်နားထားရတယ်လို့ ‌မြိတ်မြို့ရဲ့ ရွှေအရောင်းဆိုင်အသိုင်းအဝိုင်းက ပြောပါတယ်။

https://youtu.be/vcaUrWXdcD4

ရိုက်ကူး၊တင်ဆက်၊တည်းဖြတ် - ကိုရွှေမြိတ်

#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🤬5🔥3
မြင်းမူမြို့နယ် မဲနောကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့၍ နေအိမ် ၁၀၀ ခန့်ပျက်စီး
🤬11😢2🔥1😁1
မြင်းမူမြို့နယ် မဲနောကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့၍ နေအိမ် ၁၀၀ ခန့်ပျက်စီး
======================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မဲနောကျေးရွာကို စစ်ဂောာင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် အလုံး ၁၀၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၁၆ ရက်နေ့ နံနက်အစောပိုင်းတွင် မဲနောကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် တနေ့လုံး ရွာအတွင်း၌တပ်စွဲထားခဲ့သည်။

ထို့နောက် ညအချိန်တွင် ကျေးရွာကိုမီးရှို့ ဖျက်ဆီးခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ တာဝန်ရှိသူတဦးကပြောသည်။

၎င်းက “ မဲနောကျေးရွာကို စစ်ကောင်စီတပ်က ရုတ်တရက် ပစ်ခတ်ဝင်ရောက်လာလို့ ပြည်သူတွေ လည်း အစောကြီး ထွက်ပြေးကြရတာ။ တနေကုန်တပ်စွဲထားပြီး ညရောက်မှ အိမ်တွေထဲက ပစ္စည်းတွေယူပြီးမှ မီးရှို့တာ” ဟု အတည်ပြုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရွာအရှေ့ပိုင်းကို ဇူလိုင်လ ၁၆ ရက်နေ့ ည ၉ နာရီ ၅ မိနစ်ခန့်တွင် စတင်မီးရှို့ခဲ့ပြီး ဇူလိုင် ၁၇ ရက်နေ့ နံနက် ၂ နာရီခွဲတွင် ရွာအနောက်ပိုင်းကို မီးရှို့ခြင်းဖြစ်ကြောင်း မြင်းမူမြို့နယ်သတင်း မှန်ပြန်ကြားရေးအဖွဲ့က ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မဲနောကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူများ၏ပစ္စည်းများကိုလုယက်ပြီးနောက် ရွာကိုမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ အဆိုပါစစ်ကြောင်းနှင့် မဲနောကျေးရွာမီးလောင်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#မြင်းမူမြို့နယ်
#မဲနောကျေးရွာ
#မီးရှို့
#စစ်ကြောင်းထိုး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14🔥2❤1😁1
This media is not supported in your browser
VIEW IN TELEGRAM
ပုံဟောင်းတွေနဲ့ ဘားအံကားဝင်းအတွင်း လက်နက်များဖမ်းမိတယ်လို့ သတင်းမှား ပျံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် - http://www.mizzimaburmese.com/article/130907

#misinformation_buster #Fake_News #shorts #reels #passport #old_Phots
👍6😁2
​​ဗေဒင်ဆရာ လင်းညို့တာရာ ကို စစ်ကောင်စီက ဒုတိယအကြိမ်မြောက် ဖမ်းဆီး
=====================

ကီရာ
လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို စစ်ကောင်စီက ဇူလိုင်လ ၁၅ရက် နံနက်တွင်ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

လင်းညို့တာရာသည် "နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လှုံဆော်ခြင်း ၊ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက်" ဖမ်းဆီးခြင်းဖြစ်ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်းတွင်ဖော်ပြထားသည်။ သို့သော် ဗေဒင်ဆရာအနေဖြင့် မည်သို့သော် လှုံ့ဆော်မှုပြုခဲ့သည်ကို မသိရပါ။

လင်းညို့တာရာကို ဇူလိုင် ၁၅ ရက်နေ့ နံနက် ၁၁နာရီ ၁၀မိနစ်တွင် ဖမ်းဆီးသည်ဟု ဖော်ပြသော်လည်း သူ၏ လူမှုကွန်ရက်တွင် ဇူလိုင် ၁၆ရက် ညပိုင်းအထိ ဗေဒင်အကြောင်းအရာများအား ဝေမျှနေခဲ့သည်ကို တွေ့ရသည်။

ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဗေဒင်ဆရာ လင်းညို့တာရာ၏ မိသားစုဝင်များအား ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

လင်းညို့တာရာသည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျဆုံးခြင်းအတွက် ဆုတောင်းပေးသည့် ဗီဒီယိုဖိုင်ကို လွှင့်တင်မှုဖြင့် ပုဒ်မ ၅၀၅ (ခ)ဖြင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်တွင် ပထမဆုံးအကြိမ် ဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲတွင် လ၂၀ ကျော်ကြာ နေထိုင်ခဲ့ရကာ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၄ရက်တွင် လွတ်မြောက်ခဲ့သည်။

စစ်ကောင်စီသည် လူမှုကွန်ရက် အသုံးပြုသူများကို နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားရန် လုပ်ဆောင်သူများအဖြစ် ပုံဖော်၍ နေ့စဉ်နှင့်အမျှ ဖမ်းဆီးမှုများပြုလုပ်လေ့ရှိသည်။
ဇူလိုင်လ ၁ရက်နေ့ တစ်ရက်တည်းမှာပင် အဆိုပါ အကြောင်းပြချက်ဖြင့် လူ ၁၈ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မြန်မာ့အလင်းတွင်ပါရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬15👍7😁2😢1
​​မုံရွာ၊မြေနဲကျေးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး ၃ဦးဒဏ်ရာရဟုဆို
=======================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊မြေနဲကျေးရွာအနီးတွင် ကင်းစခန်းဆောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားကြောင်း Myanmar’s Royal Dragon Army(MRDA)စေတန်တပ်ခွဲ၊တပ်ခွဲမှူးက မစ္စျိမကိုပြောသည်။

မြေနဲကျေးရွာအနီးတွင် ဘန်ကာကျင်းများတူး၍ ကင်းစခန်းဆောက်နေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ဇူလိုင်လ ၁၆ ရက် ည ၇ နာရီခွဲခန့်တွင် MRDA စေတန်တပ်ခွဲနှင့် မုံရွာဗိုလ်တာဇံပျောက်ကြားတပ်ဖွဲ့တို့က အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“မြေကော်ကားတွေသုံးပြီး ရှေ့တန်းကင်းစခန်းအတွက် ဘန်ကာကျင်းတွေ ဆောက်လုပ်နေတဲ့ စစ်ကောင်စီကင်းစခန်းကို ဝင်ပစ်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ငယ် လက်နက်ကြီးတွေနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ရှိခဲ့ပါတယ်ဗျ။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်သားနှစ်ဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အတွင်းသတင်းပေးအရ သိရတယ်” ဟု MRDAစေတန်တပ်ခွဲ၊ တပ်ခွဲမှူးကပြောသည်။

စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ လတ်တလောတွင် ကင်းစခန်းတည်ဆောက်မှု ရပ်သွားကြောင်း ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် မြေနဲကျေးရွာအနီးတွင် မကြာခဏတိုက်ခိုက်ခံနေရသောကြောင့် ကင်းစခန်းတည်ဆောက်ရန်ကြိုးစားနေခြင်းဟုသိရသည်။ မြေနဲကျေးရွာသည် မုံရွာ-မန္တလေးကားလမ်းမဖြတ်သွားသည့် ရွာဖြစ်သည်။ ထိုနေရာတဝိုက်တွင် စစ်ကောင်စီတပ် မကြာခဏတိုက်ခိုက်ခံနေရပြီး ပြီးခဲ့သည့် မေလ ၃၀ရက်ကလည်း စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ခုနစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက သတင်းထုတ်ပြန်ခဲ့သည်။

စာတည်း - မောင်ကြီး

#mizzima
#မုံရွာမြို့နယ်
#မြေနဲကျေးရွာ
#ကင်းစခန်းဆောက်
#MRDAစေတန်တပ်ခွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏3😁2❤1
Media is too big
VIEW IN TELEGRAM
July - 17 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
😁2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ ဇူလိုင် ၂၀၂၃) 
=======================

ကာလုံအစည်းအဝေးခေါ်ယူရန် နီးကပ်လာချိန်တွင် အာဏာသိမ်း စစ်‌ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းခန့်အပ်ထားသည့် ရုပ်သေးရုပ် ယာယီသမ္မတအမည်ခံ မြင့်ဆွေကို လူလုံးထုတ်ပြလာခြင်းသည် အာဏာသိမ်း သက်တမ်းတိုးရန် အရိပ်အမြွက် ထုတ်ပြခြင်းပင် ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁4👎1
ဝက်လက်မြို့နယ်က စစ်ရှောင် ၂၀၀ ခန့် ဖျားနာပြီး အကူအညီလိုအပ်နေ (ရုပ်/သံ)
=====================

KMN
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်တွေဟာ မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာဒေသခံတွေ ဇူလိူင်လဆန်း ထဲက ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒေသခံ သုံးထောင်နီးပါး ရှိနေပါတယ်။ အဲဒီထဲက စစ်ဘေးရှောင် ၂၀၀ လောက်ဟာ လတ်တလော ဖျားနာနေပြီး အကူအညီလိုအပ်နေတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။
ဖျားနာသူတွေ အများစုဟာ ဝက်လက်အရှေ့ခြမ်း၊ သုံးဆင့်ကန်ရွာပတ်လည်၊ ကျေးရွာ ၁၀ ရွာဝန်းကျင်က စစ်ဘေးရှောင်တွေ ဖြစ်ကြပြီး ရာသီတုပ်ကွေးလို ရောဂါဝေဒနာကို ခံစားနေကြရတာလို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်က မဇ္ဈိမကို ပြောပါတယ်။

https://youtu.be/ITmvqu_-voA

တင်ဆက်၊တည်းဖြတ် - KMN

#Mizzima
#ဝက်လက်
#စစ်ကိုင်း
#သုံးဆင့်ကန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3🙏2😁1😢1
ဇူလိုင်လ (၁၇) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================

- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုများ တရားလွှတ်တော်ချုပ်တွင် ကြားနာမယ့် သတင်း

- လာမယ့် ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ထံ ဒေါ်လာသန်း ၅၀၀ ကျော် NUG အကူအညီတောင်းခံတဲ့ သတင်း

- ရိုဟင်ဂျာနဲ့ လူနည်းစုအရေးဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ အတည်ပြုတဲ့သတင်း

- စစ်ကောင်စီက အာဇာနည်ကုန်းနှင့် ဝန်ကြီးများရုံးမှာ လုံခြုံရေးတိုးမြှင့်ချထား တဲ့သတင်း

- ကြာအင်းဆိပ်ကြီးမှာတိုက်ပွဲကြားရောက်သွားတဲ့ ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးတဲ့အကြောင်း နဲ့

- အာဆီယံအစည်းအဝေးမှာ ရှားရှားပါးပါးတွေ့ဆုံမှုအတွင်း အမေရိကန်နဲ့အီးယူက ရုရှားကိုပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတဲ့
သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/LhtEXZE8Xg4?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1🍌1
ဇူလိုင်လ (၁၇) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုတွေကို တရားလွှတ်တော်ချုပ်မှာ ကြားနာမယ့်အကြောင်း၊

နဲ့အတူ ချေးငွေပြန်မဆပ်ဘူးဆိုရင်ပုံစံ(၇)သိမ်းမယ်လို့ ကျုံပျော်စိုက်ဘဏ်မန်နေဂျာက လယ်သမားတွေကို ခြိမ်းခြောက်တဲ့ နောက်ဆုံးရ

ပြည်တွင်း၊နိုင်ငံတကာနဲ့ စီးပွားရေးသတင်းတွေကိုလည်းနားဆင်ရမှာဖြစ်ပြီး သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်တွေနဲ့

ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။

အဲဒါပြီးရင်တော့ အပတ်စဉ် တနင်္လာနေ့တိုင်းမှာ ထုတ်လွင့်ပေးနေတဲ့ “Mizzima Editorial Talk” အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီးတော့

ပြီးရင် တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/JPQC320rq0w

#eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12🔥2
စစ်ကောင်စီတပ်က လိုင်ဇာကို ဘယ်လောက်ထိ တိုက်ခိုက်လာနိုင်လဲ (Editorial Talk)
====================

ဒီတစ်ပတ်မှာတော့ “ စစ်ကောင်စီ တပ်က KIO ဌာနချုပ် လိုင်ဇာကို စစ်ကြောင်းထိုးနေတာ ဘာကြောင့်လဲ၊ တိုက်ပွဲတွေ ဘယ်လောက်ထိ ပြင်းထန်လာနိုင်လဲ” ဆိုတဲ့အပေါ် သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးထားပါတယ်။

https://youtu.be/eXvyH79Sdv0

#KIA
#လိုင်ဇာ
#Editorialtalk
#နန်ဆန်ယန်
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9🔥2👏2
​​နိုင်ငံတကာထုတ်လုပ်ရေးကုမ္ပဏီများကို ပိုမိုဆွဲဆောင်လာသည့် အိန္ဒိယနိုင်ငံ 
===========================

အိန္ဒိယသည် အတိုးတက်ဆုံး နိုင်ငံများထဲတွင် ပါဝင်ကြောင်း Economist Intelligence Unit (EIU) အဖွဲ့က ယခုလအစောပိုင်းတွင် ထုတ်ပြန်သည့် လာမည့် ၅ နှစ်အတွင်း အကောင်းဆုံး စီးပွားရေးဝန်းကျင်ဆိုင်ရာ သုံး လပတ် ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ ထို EIU အဖွဲ့က ဧပြီလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် စီးပွားရေးဝန်းကျင်ဆိုင်ရာအဆင့်သတ်မှတ်ချက် (BER) တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အဆင့်အားဖြင့် ၆ ဆင့် တက်လာခဲ့ပြီး အာရှ ၁၇ နိုင်ငံတွင် အဆင့် ၁၄ မှ အဆင့် ၁၀ သို့ ရောက်ရှိခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3
မင်းတပ်မြို့နယ်ရှိစာသင်ကျောင်းများတွင် လေကြောင်းရန်ကြောင့် ကလေးငယ်များကို ပုန်းခိုနည်း သင်ပေးပြီး စာသင်ကြားနေရ
👍14😁2🔥1😢1