Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ ဇူလိုင် ၂၀၂၃) 
=======================

ကာလုံအစည်းအဝေးခေါ်ယူရန် နီးကပ်လာချိန်တွင် အာဏာသိမ်း စစ်‌ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းခန့်အပ်ထားသည့် ရုပ်သေးရုပ် ယာယီသမ္မတအမည်ခံ မြင့်ဆွေကို လူလုံးထုတ်ပြလာခြင်းသည် အာဏာသိမ်း သက်တမ်းတိုးရန် အရိပ်အမြွက် ထုတ်ပြခြင်းပင် ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁4👎1
ဝက်လက်မြို့နယ်က စစ်ရှောင် ၂၀၀ ခန့် ဖျားနာပြီး အကူအညီလိုအပ်နေ (ရုပ်/သံ)
=====================

KMN
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်တွေဟာ မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာဒေသခံတွေ ဇူလိူင်လဆန်း ထဲက ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒေသခံ သုံးထောင်နီးပါး ရှိနေပါတယ်။ အဲဒီထဲက စစ်ဘေးရှောင် ၂၀၀ လောက်ဟာ လတ်တလော ဖျားနာနေပြီး အကူအညီလိုအပ်နေတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။
ဖျားနာသူတွေ အများစုဟာ ဝက်လက်အရှေ့ခြမ်း၊ သုံးဆင့်ကန်ရွာပတ်လည်၊ ကျေးရွာ ၁၀ ရွာဝန်းကျင်က စစ်ဘေးရှောင်တွေ ဖြစ်ကြပြီး ရာသီတုပ်ကွေးလို ရောဂါဝေဒနာကို ခံစားနေကြရတာလို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်က မဇ္ဈိမကို ပြောပါတယ်။

https://youtu.be/ITmvqu_-voA

တင်ဆက်၊တည်းဖြတ် - KMN

#Mizzima
#ဝက်လက်
#စစ်ကိုင်း
#သုံးဆင့်ကန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3🙏2😁1😢1
ဇူလိုင်လ (၁၇) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================

- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုများ တရားလွှတ်တော်ချုပ်တွင် ကြားနာမယ့် သတင်း

- လာမယ့် ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ထံ ဒေါ်လာသန်း ၅၀၀ ကျော် NUG အကူအညီတောင်းခံတဲ့ သတင်း

- ရိုဟင်ဂျာနဲ့ လူနည်းစုအရေးဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ အတည်ပြုတဲ့သတင်း

- စစ်ကောင်စီက အာဇာနည်ကုန်းနှင့် ဝန်ကြီးများရုံးမှာ လုံခြုံရေးတိုးမြှင့်ချထား တဲ့သတင်း

- ကြာအင်းဆိပ်ကြီးမှာတိုက်ပွဲကြားရောက်သွားတဲ့ ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးတဲ့အကြောင်း နဲ့

- အာဆီယံအစည်းအဝေးမှာ ရှားရှားပါးပါးတွေ့ဆုံမှုအတွင်း အမေရိကန်နဲ့အီးယူက ရုရှားကိုပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတဲ့
သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/LhtEXZE8Xg4?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1🍌1
ဇူလိုင်လ (၁၇) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုတွေကို တရားလွှတ်တော်ချုပ်မှာ ကြားနာမယ့်အကြောင်း၊

နဲ့အတူ ချေးငွေပြန်မဆပ်ဘူးဆိုရင်ပုံစံ(၇)သိမ်းမယ်လို့ ကျုံပျော်စိုက်ဘဏ်မန်နေဂျာက လယ်သမားတွေကို ခြိမ်းခြောက်တဲ့ နောက်ဆုံးရ

ပြည်တွင်း၊နိုင်ငံတကာနဲ့ စီးပွားရေးသတင်းတွေကိုလည်းနားဆင်ရမှာဖြစ်ပြီး သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်တွေနဲ့

ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။

အဲဒါပြီးရင်တော့ အပတ်စဉ် တနင်္လာနေ့တိုင်းမှာ ထုတ်လွင့်ပေးနေတဲ့ “Mizzima Editorial Talk” အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီးတော့

ပြီးရင် တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/JPQC320rq0w

#eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12🔥2
စစ်ကောင်စီတပ်က လိုင်ဇာကို ဘယ်လောက်ထိ တိုက်ခိုက်လာနိုင်လဲ (Editorial Talk)
====================

ဒီတစ်ပတ်မှာတော့ “ စစ်ကောင်စီ တပ်က KIO ဌာနချုပ် လိုင်ဇာကို စစ်ကြောင်းထိုးနေတာ ဘာကြောင့်လဲ၊ တိုက်ပွဲတွေ ဘယ်လောက်ထိ ပြင်းထန်လာနိုင်လဲ” ဆိုတဲ့အပေါ် သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးထားပါတယ်။

https://youtu.be/eXvyH79Sdv0

#KIA
#လိုင်ဇာ
#Editorialtalk
#နန်ဆန်ယန်
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9🔥2👏2
​​နိုင်ငံတကာထုတ်လုပ်ရေးကုမ္ပဏီများကို ပိုမိုဆွဲဆောင်လာသည့် အိန္ဒိယနိုင်ငံ 
===========================

အိန္ဒိယသည် အတိုးတက်ဆုံး နိုင်ငံများထဲတွင် ပါဝင်ကြောင်း Economist Intelligence Unit (EIU) အဖွဲ့က ယခုလအစောပိုင်းတွင် ထုတ်ပြန်သည့် လာမည့် ၅ နှစ်အတွင်း အကောင်းဆုံး စီးပွားရေးဝန်းကျင်ဆိုင်ရာ သုံး လပတ် ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ ထို EIU အဖွဲ့က ဧပြီလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် စီးပွားရေးဝန်းကျင်ဆိုင်ရာအဆင့်သတ်မှတ်ချက် (BER) တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အဆင့်အားဖြင့် ၆ ဆင့် တက်လာခဲ့ပြီး အာရှ ၁၇ နိုင်ငံတွင် အဆင့် ၁၄ မှ အဆင့် ၁၀ သို့ ရောက်ရှိခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3
မင်းတပ်မြို့နယ်ရှိစာသင်ကျောင်းများတွင် လေကြောင်းရန်ကြောင့် ကလေးငယ်များကို ပုန်းခိုနည်း သင်ပေးပြီး စာသင်ကြားနေရ
👍14😁2🔥1😢1
မင်းတပ်မြို့နယ်ရှိစာသင်ကျောင်းများတွင် လေကြောင်းရန်ကြောင့် ကလေးငယ်များကို ပုန်းခိုနည်း သင်ပေးပြီး စာသင်ကြားနေရ
===================

005
(မဇ္ဈိမ) ။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပညာရေးဘုတ်အဖွဲ့မှဦးစီးဖွင့်လှစ်ထားသည့် စာသင်ကျောင်း များတွင် ဗုံးခိုကျင်းများတူးပြီး ပုန်းခိုနည်းသင်ပေးကာ စာသင်ကြားနေရကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။

ကလေးငယ် ၁၀,၀၀၀ ကျော်ကို CDM ဆရာ၊ ဆရာမ ၃၀၀ ကျော်နှင့် စေတနာ့ဝန်ထမ်းများမှ ပညာသင် ကြားပေးနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း ပုန်းခိုနည်းများ သင်ကြားပေးကြောင်း ဆိုသည်။

“ လေကြောင်းရန်ကြောင့် ကျွန်မတို့မင်းတပ်မြို့နယ်ထဲက ကျောင်းတွေအားလုံး ပိတ်ထားတာတော့ မရှိ ဘူး။ ရွာတွေဖက်က ဆရာမတွေကတင်ပြလာလို့ရှိရင် ပိတ်ခိုင်းထားတာပဲရှိတယ်။

လေကြောင်းပစ်ခတ်မှု အများဆုံးခံရတာ တိုက်နယ်အမှတ် (၂)၊ အမှတ် (၃) က ပိုပြီးခံရတယ်။ နောက်ပြီးတော့ ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ တူးခိုင်းထားတာရှိတယ်။ ဆရာ၊ ဆရာမတွေကလည်း ကလေးတွေကို သင်ပေးထားတာ တွေရှိတယ်။ တချိုကျောင်းတွေမှာဆို CDF – Mindat အဖွဲ့ကလည်း လာပြီးတော့သင်ပေးတာ တွေရှိ တယ်။ အသံကြားတာနဲ့ ဘယ်လိုပုန်းရှောင်ရမယ်။ ဘယ်လိုပြေးရမလဲဆိုတာ တွေကိုသင်ပေးပါတယ်” ဟု မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတဦး ကပြောသည်။

ချင်းပြည်နယ်တစ်ခုတည်းတွင် လေကြောင်းမှ အကြိမ် ၄၀ ထက်မနည်း တိုက်ခိုက်ခံခဲ့ရကြောင်းလည်း မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူကဆိုသည်။

စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်သည့် လူနေကျေးရွာများကိုသာမက ဘာသာရေးအဆောက်အအုံများ၊ ဘုရားကျောင်းများ၊ စာသင်ကျောင်းများကိုပါ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း လည်း ၎င်းကပြောသည်။

ပညာသင်ကြားနေသည့်ကလေးငယ်များအပေါ် လေကြောင်းနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း သည် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်ကြောင်းလည်း ဆရာမတဦးက ဝေဖန်သည်။

CDF - Mindat မှလည်း ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ လေကြောင်း ပစ်ခတ်မှုအန္တရာယ်များမှ ကာကွယ်နိုင်သော ဗုံးခိုကျင်းများကို (သတ်မှတ်ထားသည့် စံနှုန်းအတိုင်း) တူးထားကြရန် အသိပေးထုတ်ပြန်ထားသည်။
ပုံစာ - စာသင်ကျောင်းမှပြန်လာသည့် ကျောင်းသားများနှင့် လက်နက်ကြီးကျည်ကြောင့် ပျက်စီးခံခဲ့ရသည့်ကျောင်းများ။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#စာသင်ကျောင်း
#ပုန်းခိုနည်း
#ဗုံးခိုကျွင်း
#မင်းတပ်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤6🤬4😁2
ကြာအင်းဆိပ်ကြီးမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့၏ရှေ့တန်းစခန်းနှင့် မြို့ပေါ်ရှိရုံးများကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
👍16❤5🔥1🥱1