Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇူလိုင်လ ၁၈ ရက်နေ့ မနက် ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
====================

https://youtu.be/3pFI-dlSwq0

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍2
ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို ထောက်ခံအားပေးသွားမယ်လို့ အမေရိကန်သံရုံးအကြီးအကဲသစ် ပြော
===================

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်မှုများကို အမေရိကန်က ထောက်ခံနေပြီး ပြစ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ အသစ် ဆူဆန်စတီဗင်ဆင်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ဆိုးရွားတဲ့အကြမ်းဖက်မှုတွေ ရပ်တန့်ရေး တောင့်တနေတဲ့ မြန်မာပြည်သူတွေကို ထောက်ခံအားပေးသွားမယ့်အကြောင်းနဲ့ မြန်မာ့သမိုင်းရဲ့ ယခုကဲ့သို့ အရေးပါသော ကာလမှာ ဒီလို အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြု ထောက်ခံအားပေးခွင့်ရတာကို ဂုဏ်ယူတဲ့အကြောင်း အကြီးအကဲသစ် ဆူဆန်စတီဗင်ဆင်Susan Stevenson က Facebook ကနေ မိတ်ဆက်ထားပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခအဖြေရှာရေး ဒီမိုကရေစီရေးအတွက် အားထုတ်မှုတွေကို အားပေးထောက်ခံသွားမယ့်အကြောင်းပြောဆိုပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနဲ့ သင်တို့ရဲ့ လွတ်လပ်မှုတွေ ကြုံလှီချည့်နဲ့သွားတဲ့အကြောင်းကို သိရတော့ ကမ္ဘာတစ်ဝန်းက လူတွေလိုပါပဲ တုန်လှုပ်ချောက်ချားမိကြောင်း ဆိုထားပါတယ်။

https://youtu.be/RijN4zE3bvs

#politicalnews
#newsfeature
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍4😁2
This media is not supported in your browser
VIEW IN TELEGRAM
July - 18 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍3🔥2😁1
လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းနီးပါး ရှိလာ
=======================

မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းနီးပါး ရှိလာနေပြီလို့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်း ညှိနှိုင်းရေးရုံး (UN OCHA) က ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဆက်လက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေက လူသားချင်းစာနာမူ အကူအညီ လိုအပ်ချက်ကို ပိုဆိုးရွားစေပြီး စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေး အတွက် အရေးပေါ်အကူအညီတွေ အမြန်ဆုံး လိုအပ်နေတယ်လို့ ဆိုပါတယ်။

UN OCHA ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ စစ်ဘေးဒုက္ခသည် တစ်သန်း ရှစ်သိန်း လေးသောင်းကျော်သာ ရှိခဲ့ရာကနေ အခု ဇူလိုင် ၁၃ ရက်နေ့မှာ တစ်သန်း ရှစ်သိန်း ရှစ်သောင်းကျော် ရှိလာပါတယ်။ ဒါကြောင့် ဇွန်လ ဒုတိယပတ်ကနေ ဇူလိုင် ဒုတိယပတ်အထိ တစ်လအတွင်းမှာ စစ်ဘေးဒုက္ခသည် လေးသောင်းနီးပါး ထပ်တိုးလာတာ တွေ့ရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ဒုက္ခသည် ရှစ်သိန်းနီးပါး ရှိနေပါတယ်။

https://youtu.be/L6Q0OQ0NbaU

#politicalnews
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
😢10👍6🔥2
ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မြန်မာ့အရေး ဖြေရှင်းလို့မရကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော
============================

မြန်မာ့အရေး အဖြေရှာရာမှာ ဒေါ်အောင်ဆန်းစုကြည်က အရေးပါနေဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မ ပါဘဲ မြန်မာ့အရေး ဖြေရှင်းလို့မရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရေးအခက်ခဲ ကို အဖြေရှာနိုင်ရန်အတွက် အဓိကဗဟိုချက်ဖြစ်နေဆဲဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က ပြောပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမြူဒီနိုင်းရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုကြောင့် မြန်မာ့အရေး နဲ့ပတ်သက်တဲ့ အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းမှုနည်းလမ်း ပြောင်းလဲသွားပြီလားဆို တဲ့ စင်ကာပူသတင်းဌာန Mothership ရဲ့မေးမြန်းမှုကို ဗီဗီယန်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီအကြောင်း စဉ်းစားရာမှာ ဘုံသဘောတူညီချက် ၅ ရပ်က အဓိက အချက်တစ်ချက်ဖြစ်နေဆဲလို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဇူလိုင်လ ၁၄ ရက်ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဗီဗီယန်က ပြောပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟာ မကြာသေးမီက မြန်မာဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့လင့်ကစား မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်က အဓိက ဖြစ်နေဆဲပဲလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က ပြောကြားလိုက်ပါတယ်။

https://youtu.be/am4ifeIEbWA

#politicalnews
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12😁4❤3
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နိုင်ငံမှာ ဇွန်လအတွင်း လူငယ်အလုပ်လက်မဲ့နှုန်းတွေ ၂၁.၃ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာ

#internationalnews #reels #shorts #China #Mizzima
🔥3👏2
ရေးနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား
😢8🔥1👏1
ရေးနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား
=================

ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့်သံဖြူဇရပ်မြို့နယ်ရှိနေရာအချို့၌ ယနေ့ ဇူလိုင်လ ၁၈ ရက် နေ့ တွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့နယ်တောင်ပိုင်း ဟံဂံကျေးရွာနှင့်ကလော့ကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် တောင် ကျချောင်းရေများကြောင့် ဇူလိုင်လ ၁၇ ရက်နေ့ညမှစတင်ကာ လက်ရှိအချိန်အထိ ရေကြီးရေလျှံမှုဖြစ်ပွား နေကြောင်း ဒေသခံတဦးက ပြောသည်။

“အခု ရေက ရင်စို့လောက် ရောက်နေပြီ။ ညနေလောက် ထပ်တက်မယ်ထင်တယ်။ မနက်ကတော့ ခါး လောက်ရှိတယ်။ နေရာတော့ မမှန်ဘူးပေါ့။ အိမ်တွေထဲလည်း ရေတွေဝင်တယ်။ တချို့အိမ်တွေဆိုရင် ကွမ်းသီးတွေပါမြုပ်နေပြီ။ ကားလည်းသွားမရ ဆိုင်ကယ်လည်းသွားမရဘူး” ဟု ဟံဂံကျေးရွာမှ ဒေသခံ တဦးက မဇ္ဈိမသို့ ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ပြောသည်။

ရေးတောင်ပိုင်းတွင် နှစ်ရက်ဆက်တိုက်မိုးရွာသွန်းပြီးနောက် ယမန်နေ့ညမှစတင်ကာ ပိုမိုသည်းထန်လာ ပြီးရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ မိုးသည်းထန်စွာရွာသွန်းနေဆဲဖြစ်ရာ ဆက် လက်ရွာသွန်းပါက ရေအမြင့်ထပ်မံတက်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ဟံဂံကျေးရွာသည် နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင်ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိရာ ယခင်နှစ်များတွင် သုံး ရက်ခန့်ရေကြီးခဲ့ကြောင်း သိရသည်။

“မိုးဆက်ရွာရင် ရေဆက်ကြီးမယ်ပေါ့။ ရေက နှစ်တိုင်းကြီးတယ်။ အရင်နှစ်တွေတုန်းကတော့ ကြီးရင် နှစ် ရက်သုံးရက်ပေါ့။ ရေသေရက်နဲ့တိုက်ရင် ပိုကြာတယ်” ဟု ဟံဂံကျေးရွာနေသူက ပြောသည်။

ရေးနှင့်သံဖြူဇရပ်အကြား ဖောင်စိန်ကျေးရွာအနီး ကားလမ်းမပေါ်တွင်လည်း ယနေ့ နံနက်ပိုင်းက ကား လမ်းရေကျော်နေသဖြင့် နံနက် ၈ နာရီခန့်အထိ သွားလာ၍ မရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရေက ညကတည်းက တက်နေတာ။ ညမထွက်ရအမိန့်ရှိတော့ ညပိုင်းကားမရှိဘူး။ ဒီမနက် ကားထွက်တဲ့ အချိန်မှာ ကားဖြတ်လို့မရတာ။ အခုတော့ ရေပြန်ကျနေပြီ။ မနက် ၇ နာရီ ခွဲလောက်က ကားကြီးတွေဖြတ် လို့ရပြီ၊ ကားလေးတွေကတော့ ၈ နာရီလောက်မှ ဖြတ်လို့ရတယ်” ဟု ဒေသခံတဦးလည်းက ပြောသည်။

ယခုတစ်ပါတ်အတွင်း မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့၌ မိုးများမည်ဖြစ်ပြီး ရေကြီးရေလျှံခြင်းနှင့် မြေပြို ခြင်းအန္တရာယ်ကိုအထူးသတိထားသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ဇူလိုင်လ ၁၇ ရက်နေ့ က သတိပေးထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မွန်ပြည်နယ်
#ရေကြီးရေလျှံမှု
#ရေးမြို့နယ်
#သံဖြူဇရပ်မြို့နယ်

ဓါတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဟံဂံကျေးရွာနှင့် ရေး-သံဖြူဇရပ်လမ်းပိုင်း၌ ရေကြီးမှု ဖြစ်ပွားနေစဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢13🔥1👏1