Media is too big
VIEW IN TELEGRAM
လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းနီးပါး ရှိလာ
Watch more detail - https://www.youtube.com/watch?v=L6Q0OQ0NbaU
#politicalnews #reels #shorts #Mizzima

😢6😁2
မွန်နှင့် တနင်္သာရီအတွက် ရေဘေးသတိပေးချက်NUG ထုတ်ပြန်
====================
ရောင်နီ
မဇ္စျိမ။ ။မုတ်သုံလေအားအလွန်ကောင်းနေသောကြောင့် မွန်ပြည်နယ်နှင့် တနသ်ာရီတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုဘေး သတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရက်သတ္တပတ်တစ်ပတ်စာ မိုးလေ၀သအခြေအနေကို MOHADM က ထုတ်ပြန်ထားပြီး ရေဘေးအတွက် သတိပေးထားခြင်း ဖြစ်သည်။
မိုးများမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် ရေကြီးရေလျှံ၊ မြေပြိုဘေးများ အထူးသတိထားပြင်ဆင်နေထိုင်သင့်ကြောင်း အထက်ပါဒေသနှစ်ခုကို MOHADM က သတိပေးထားသည်။ ထို့အပြင် တိုင်းနှင့်ပြည်နယ်အများစုတွင် မိုးရွာသွန်းနိုင်ကြောင်းအသိပေးထားသည်။
လတ်တလောတွင် တောင်တရုတ်ပင်လယ်၌ အပူပိုင်းမုန်တိုင်း“တာလင်း”(Talim) ဖြစ်ပေါ်နေပြီး ယင်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ ပုံမှန်ထက်မိုးကောင်းခဲ့သည်ဟု ရာသီဥတုအရေးလေ့လာသူများကပြောသည်။
အဆိုပါမုန်တိုင်းသည်ယနေ့ ဇူလိုင် ၁၈ရက်နံနက်တွင် တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေသို့ ဝင်ရောက်ပြီး အားလျော့သွားနိုင်သည်ဟု မိုးလေဝသခန့်မှန်းရေးအေဂျင်စီအချို့ကထုတ်ပြန်ထားသည်။
မုတ်သုံလေအားကောင်းခြင်းနှင့်တောင်တရုတ်ပင်လယ်မှအပူပိုင်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင်လည်း မိုးကောင်းနေစဉ် မြစ်ချောင်းများ ရေတိုးလာနေသည်။ ချင်းတွင်းမြစ်ရေ မြင့်တက်လာပြီး စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် မြင့်တက်နေသည်ဟု စစ်ကောင်စီ၏ မိုးဇလဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။ချင်းတွင်းမြစ်ရေသည် နောက်နှစ်ရက်အတွင်း တစ်ပေခန့် ဆက်လက်မြင့်တက်လာနိုင်သည်ဟု သတိပေးထားသည်။
ယနေ့နံနက်ပိုင်းအခြေအနေတွင် မွန်ပြည်နယ်မှ ရေးနှင့် သံဖြုဇရပ်မြို့နယ်၊ တနင်္သာရီတိုင်းမှ မြတ်၊ ထားဝယ်၊ လောင်းလုံမြို့တို့တွင် မိုးကောင်းပြီး မြေနိမ့်ပိုင်း နေရာများ ရေကြီးနစ်မြုပ်နေကြောင်း သတင်းရရှိသည်။
စာတည်း - မောင်ကြီး
#mizzima
#မုတ်သုံ
#မွန်ပြည်နယ်
#တနသ်ာရီတိုင်း
#ရေဘေး
#MOHADM
Photo - ရေးမြို့နယ်အတွင်း ယနေ့ နံနက်ပိုင်း ရေကြီးနစ်မြုပ်မှုအခြေအနေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8👏2🔥1
မြန်မာ့စိန်ခေါ်မှုများအား ဖြေရှင်းရေး ‘ပြည်သူ့ဗဟိုပြုလမ်းစဉ်’ ကို အိန္ဒိယ အဆိုပြု
====================
“ကျွန်တော်တို့ နယ်စပ်ဧရိယာတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အရေးကြီးကြောင်းကို အလေးထား ပြောလိုတယ်၊ အခြေအနေကို ပိုပြီး ဆိုးဝါးစေမယ့် အရာမှန်သမျှကို ရှောင်ရှားရမှာ ဖြစ်တယ်၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကုန်ကူးမှုက စိုးရိမ်စရာ ဖြစ်တယ်၊ မှောင်ခိုကုန်ကူးခံရသူတွေ နေရပ်ပြန်ရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့တွေကြား ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတယ်”ဟု ဂျေရှန်ကာက တွစ်တာတွင် ရေးသားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
“ကျွန်တော်တို့ နယ်စပ်ဧရိယာတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အရေးကြီးကြောင်းကို အလေးထား ပြောလိုတယ်၊ အခြေအနေကို ပိုပြီး ဆိုးဝါးစေမယ့် အရာမှန်သမျှကို ရှောင်ရှားရမှာ ဖြစ်တယ်၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကုန်ကူးမှုက စိုးရိမ်စရာ ဖြစ်တယ်၊ မှောင်ခိုကုန်ကူးခံရသူတွေ နေရပ်ပြန်ရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့တွေကြား ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတယ်”ဟု ဂျေရှန်ကာက တွစ်တာတွင် ရေးသားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍2😁1
ပြည်မြို့ မိုးမေတ္တာနာကူအသင်းကို စစ်ကောင်စီတပ်က ဖျက်သိမ်းပြီး ပစ္စည်းများကိုခွဲဝေ
=======================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ ပြည်မြို့အခြေစိုက် မိုးမေတ္တာနာကူအသင်းကို စစ်ကောင်စီတပ်က ဖျက်သိမ်းပြီး လူနာတင်ယာဉ်နှင့် အသင်းပိုင်ပစ္စည်းများကို သဲကုန်းသီတဂူကျောင်းအပါအဝင် ၎င်းနှင့်ပူးပေါင်းနေသူများထံ ခွဲဝေပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် မောင်ဖြိုးဝေယံကျော်နှင့် မောင်ထက်မြတ်အောင်တို့၏နာရေးကို ကူညီပေးခဲ့မှုအပေါ်အကြောင်းပြကာ ၂၀၂၁ ခုနှစ်၊ ဧပြီ ၄ ရက်တွင် အသင်းကိုဝင်ရောက်စီးနင်း ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် အသင်းပိုင် လူနာတင်ယာဉ် ၁၄ စီးအနက် လေးစီးအား စစ်ကောင်စီတပ်မှအသုံးပြုကာ ကျန်မော်တော်ယာဉ်များနှင့် အသင်းပိုင်ပစ္စည်းများကို ခွဲဝေပေးခဲ့ခြင်းဟု သိရသည်။
" စစ်ကောင်စီကတော့ လျှောက်လွှာနဲ့တင်ပြီး ယူလို့ရတယ်ပြောတယ်။ အသင်းဖျက်ပြီးတည်းက အော်ရဂျင်နယ် Ambulance ကားကြီးကို သဲကုန်းမြို့က သီတဂူကျောင်းကယူသွားတယ်။ ဆံတော်မီးသတ်မှာက တစ်စီးရောက်နေတယ်။ ပေါင်းတည်အဖွဲ့ကိုလည်း တစ်စီးပေးတယ် ကြားတယ်။ ပန်းတောင်းဘက်ကို ပေးတယ်လည်း ကြားတယ် ” ဟု ပြည်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ထိုအပြင် အသင်းပိုင်ပစ္စည်းများဖြစ်သည့် Cool Box များနှင့် အောက်စီဂျင်ဘူးများကိုလည်း ကိုဗစ်တတိယလှိုင်းအတွင်းက ပြည်မြို့ရှိ ဒကစတပ် (ဒေသကွက်ကဲမှုစစ်ဌာနချုပ်) အတွင်းသို့ ယူဆောင်သွားသည်ဟု မြို့ခံ၏ပြောဆိုချက်အရ သိရသည်။
" ပြည်ခရိုင်မှာ အဓိက အားကိုးအားထားပြုနေရတဲ့ အသင်းကြီးက နှစ်သင်းပဲရှိတာဗျ၊ ဒါကို မိုးမေတ္တာကို ဖျက်သိမ်းလိုက်တော့ ကျန်တဲ့တစ်သင်း ခေတ္တရာအသင်းအပေါ်မှာတော့ ဝန်သွားပိတာပေါ့ဗျာ။ စဉ်းစားကြည့်လေ တစ်နေ့ကို နာရေး ခုနစ်ခု၊ ရှစ်ခုကို ကူညီပေးနေတာကို ဒီအသင်းကိုဖျက်လိုက်တော့ မြို့ခံတွေအတွက်လည်း ထိခိုက်တာပေါ့။ နောက်ပြီး အသင်းပိုင်ပစ္စည်းတွေကို အခြားပရဟိတအသင်းတွေက ခွဲဝေယူသွားတာကတော့ အနည်းဆုံး ပြည်သူသုံးလို့ရနိုင်သေးတယ်။ သူတို့ယူသွားတာတွေကတော့ ဘယ်ပြည်သူမှ မသုံးရဘူး ” ဟု ပြည်မြို့ရှိ လူမှုကူညီကယ်ဆယ်ရေးအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
မိုးမေတ္တာနာရေးကူညီမှုအသင်းသည် ပြည်ခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ အားကိုးအားထားပြုရသည့် အသင်းဖြစ်ကြောင်းလည်း ဒေသခံအချို့ကဆိုကြသည်။
မိုးမေတ္တာအသင်းအား စစ်ကောင်စီမှဖျက်သိမ်းပြီးနောက် အသင်းပိုင်လူနာတင်ယာဉ် ခြောက်စီး၊ နိဗ္ဗာန်ယာဉ် ငါးစီး၊ အသင်းပိုင်အလှူငွေများ၊ ရုံးသုံးကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ CCTV နှင့်ဆက်စပ်ပစ္စည်းများကို သိမ်းယူခဲ့သည်။
အလားတူ အသင်းပိုင်မဟုတ်ဘဲ အသင်းသားများပိုင်ဆိုင်သည့် ကိုယ်ပိုင်ငွေကြေးများ၊ ဖုန်း ၁၀ လုံးခန့်၊ အသင်းသားများ၏ တစ်ကိုယ်ရည်သုံးပစ္စည်းများကိုပါ သိမ်းယူခဲ့ကြောင်း မိုးမေတ္တာနာရေးကူညီမှုအသင်း−ပြည်၏ မေလ ၄ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#မိုးမေတ္တာ
#နာရေးကူညီမှုအသင်း
#ပစ္စည်း
#ခွဲဝေ
#ဖျက်သိမ်း

🤬12👍5😁2❤1🔥1
ကျိုက်ထိုမြို့နယ်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ စစ်ဆင်ရေးသွားနေစဉ် တိုက်ခိုက်ခံရ၍ ကားနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံး
😢8👍1👏1😁1

==================
YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကရဝေးဆိပ်ကျေးရွာအနီးတွင် ဇူလိုင်လ ၁၆ ရက်နေ့က ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ စစ်ဆင်ရေးသွားနေစဉ် စစ်ကောင်စီတပ်ဖွဲ့၏ တိုက်ခိုက်ခြင်းခံရ၍ ကားနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ရသည်ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်ထံမှ သိရသည်။
“ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘူး။ ကားတစီး မီးလောင်ပျက်စီးသွားတယ်။ ကျန် တစီးကိုနေရာမှာပဲထားခဲ့ရတယ်။ လက်နက်ခဲယမ်းအချို့၊ ရဲဘော်တွေရဲ့သက်သေခံကတ်ပြားနဲ့အသုံး အဆောင်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်”ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
ဇူလိုင်လ ၁၆ ရက် နံနက် ၈ နာရီခန့်က ကရဝေးဆိပ်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာအားဆက်ထား သော တံတားပေါ်သို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ဆင်ရေးပြုလုပ်ရန်အတွက် ကားနှစ်စီးဖြင့်ဖြတ် သန်းနေစဉ် တံတားအနီးကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့က စတင်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွား ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုရှိသည်ဟု သိရသည်။
ဇူလိုင်လ ၁၇ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ကရဝေးဆိပ်ကျေးရွာအနီးတွင် တပ်မဟာ (၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင် အထိ အခိုက်၊ အကျအဆုံးရှိနိုင်သော်လည်း ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဘက်က ပစ်ခတ်မှုကြောင့် အသက်၂၅ နှစ်အရွယ် ပန်းတောက်တောရွာခံတဦး သေဆုံး ခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရကာ နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိသည်ဟုလည်း ဆိုသည်။
“တိုက်ပွဲဖြစ်ပြီးတဲ့အချိန် ဆိုင်ကယ်နဲ့သွားတာ လှမ်းအော်ပြီးတားတာ မရပ်လို့ စစ်သားတွေကပစ်လိုက် တာ”ဟု ငှက်ပျောတောကျေးရွာမှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့က အမျိုးသမီးငယ်သုံးဦးကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ဓားစာခံအဖြစ်နဲ့ခေါ်ထားတဲ့ အမျိုးသမီးသုံးယောက်က ညီအမတွေပါ။ မနက်ပိုင်းကဖမ်းခေါ်သွားပြီး နေ့ လယ်လောက်တော့ ပြန်လွှတ်ပေးလိုက်ပါတယ်" ဟု ကရဝေးဆိပ်ကျေးရွာမှ သတင်းရင်းမြစ်က မဇ္ဈိမ ကို ပြောသည်။
လက်ရှိတွင် ကရဝေးဆိပ်၊ ငှက်ပျောတော၊ အထက်စု၊ ဇီးကုန်းစု၊ ရှမ်းစု စသည့် ကျေးရွာများမှ ဒေသခံများ မြို့ပေါ်နေရာအချို့နှင့် အခြားကျေးရွာများ၊ ဘုန်းကြီးကျောင်းများတွင် ပြောင်းရွှေ့ခိုလှုံနေကြရကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လူသွား လာနေရာများတွင် မိုင်းထောင်မှု၊ အကြောင်းမဲ့ သေနတ်ဖြင့်ပစ်ခတ်မှုတို့ကြောင့် အရပ်သား နှစ်ဦးသေဆုံး ၍ ငါးဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း KNU-ဒူးသထူးခရိုင်၏ ထုတ်ပြန်ချက်များနှင့် ဒေသတွင်း သတင်းရင်း မြစ်များထံက သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
ဓါတ်ပုံ- ဆုံးရှုံးခဲ့ရသော တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ ကားနှစ်စီးနှင့် လက်နက်ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းအချို့

😢15😁4👍2
Media is too big
VIEW IN TELEGRAM
ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မြန်မာ့အရေး ဖြေရှင်းလို့မရကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော
Watch more detail - https://www.youtube.com/watch?v=am4ifeIEbWA
#politicalnews #reels #shorts #Mizzima
Watch more detail - https://www.youtube.com/watch?v=am4ifeIEbWA
#politicalnews #reels #shorts #Mizzima
👍21👏2🔥1🤮1
KNU နယ်မြေများတွင် ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များ ငှက်ဖျားရောဂါ ဖြစ်ပွား
😢10💊2👍1🔥1😁1
KNU နယ်မြေများတွင် ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များ ငှက်ဖျားရောဂါ ဖြစ်ပွား
========================
YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေများ များဖြစ်သည့် သထုံခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဖာပွန်ခရိုင်နှင့် တောင်ငူခရိုင်တို့တွင် ဒေသခံများ၊ တော်လှန်ရေးအင်အားစု ရဲဘော်များအကြား ယခုမိုးတွင်းကာလ၌ ငှက်ဖျားရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးလိုအပ်ချက်မြင့်တက်နေကြောင်း ဒေသတွင်း တာဝန်ရှိသူများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် စစ်ရှောင်ကူညီနေသူများထံက သိရသည်။
" မိုးတွင်းဆိုတော့ အဓိက တောထဲမှာ ခြင်တွေ ဖြုတ်တွေကိုက်တာကနေတစ်ဆင့် ငှက်ဖျားဖြစ်လာကြတာပေါ့။ နောက်တစ်ခုက ရေ၊ တောထဲမှာကျ ရေရွေးနေလို့ မရဘူးလေ၊ တွေ့တဲ့ရေ သောက်ရတာပဲ၊ အဲ့ဒီမှာ တချို့ စမ်းရေတွေက ငှက်ဖျားပိုးပါတတ်တော့ အဲ့ဒီလိုရေမျိုး သောက်မိတာတွေဆိုလည်း ငှက်ဖျားဖြစ်လာတာပေါ့" ဟု KNU နယ်မြေအတွင်း ဆေးကုသမှုပေးနေသည့် ဆေးမှူးတစ်ဦးက မဇ္ဈိမကိုပြောသည်။
KNU ထိန်းချုပ်နယ်မြေများတွင် စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံများအနေဖြင့် နေအိမ်တွင် နေထိုင်နိုင်ခြင်းမရှိဘဲ တောတောင်ထဲတွင် စစ်ဘေးရှောင်ရသဖြင့် ခြင်ကိုက်ခြင်း၊ မသန့်ရှင်းသော ရေအား သောက်သုံးမိရာမှတစ်ဆင့် ငှက်ဖျားရောဂါ အဓိကဖြစ်ပွားရခြင်းဖြစ်သည်။
ငှက်ဖျားဖြစ်ပွားမှုသည် KNU တပ်မဟာ (၁) နယ်မြေ မွန်ပြည်နယ်၊ သထုံခရိုင်၊ တပ်မဟာ (၃) နယ်မြေ၊ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၅) နယ်မြေ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တို့ရှိ စစ်ဘေးရှောင်များနှင့် တော်လှန်ရေး ရဲဘော်များတွင် ဖြစ်ပွားမှု များနေပြီး တပ်မဟာ (၂) နယ်မြေ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အစပ်၊ တောင်ငူခရိုင်တွင်လည်း ငှက်ဖျားရောဂါဖြစ်ပွားမှု အနည်းငယ်ရှိနေကြောင်း ဒေသတွင်းတာဝန်ရှိသူများနှင့် သတင်းရင်းမြစ်များထံက သိရသည်။
" ရွာသားတွေရော ရဲဘော်တွေမှာပါ ဖြစ်လာတာဗျ။ ကျွန်တော်တို့အဖွဲ့မှာ ရဲဘော်ငါးယောက်လောက်ရှိပြီ။ ဒီဇူလိုင်လအတွင်းမှာဆို ဒီဘက်မှာ အယောက် ၂၀ လောက်ရှိပြီ၊ ရွာသားတွေရော အခြားအဖွဲ့တွေက ရဲဘော်တွေရောပေါ့ " ဟု KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေအတွင်း ဆေးကုသမှုပေးနေသည့် ဆေးမှူးတစ်ဦးက ပြောသည်။
ငှက်ဖျားရောဂါဖြစ်ပွားမှု များလာခြင်းနှင့်အတူ ဆေးကုသမှု လုံလောက်စွာ မပေးနိုင်မှု၊ ဆေးဝါးမလုံလောက်မှုနှင့် စစ်ဘေးရှောင်နေရာများတွင် အမိုး၊ အကာမလုံလောက်မှု၊ ခြင်ထောင်မလုံလောက်မှု စသည့် အခြေခံ လိုအပ်ချက်များလည်း မြင့်တက်နေကြောင်း သိရသည်။
" အဓိကကတော့ ဆေးဝါးမလုံလောက်မှုတွေပေါ့ဗျာ။ ငှက်ဖျားဆိုတာနဲ့ Test Kit တွေ လိုလာပြီ၊ ဆေးတွေလိုလာပြီ။ ဒါပေမယ့် စစ်ကြောင်းထိုးတာတွေ၊ တိုက်ပွဲတွေရှိနေတော့ ရောဂါဖြစ်နေတဲ့သူတွေကိုလည်း မြို့ထဲမှာ ဆေးကုဖို့ ပို့လို့မရ၊ ဆေးတွေလည်း အပေါ်တင်လို့မရ အဲ့ဒီလိုတွေ ဖြစ်နေတာပေါ့" ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
KNU ထိန်းချုပ်နယ်မြေများအတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါကုသနိုင်မှု အခြေအနေများနှင့် ပတ်သက်၍ ကရင့်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW)၊ ကျန်းမာရေးဝန်ကြီး ပဒိုစောဒိုင်းမွန်းခင်အား မဇ္ဈိမမှ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးချေ။
KNU ထိန်းချုပ်နယ်မြေများတွင် ယခုမိုးတွင်းကာလ၌ ငှက်ဖျားရောဂါအပြင် ရာသီတုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းရောဂါများလည်း ဖြစ်ပွားမှု ရှိနေကြောင်း ဒေသတွင်း တာဝန်ရှိသူများက ဆိုသည်။
လက်ရှိတွင် စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် KNU ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးရှောင်အရေအတွက် ၆၀၀,၀၀၀ နီးပါးရှိနေပြီဖြစ်ပြီး KNU မှ စစ်ဘေးရှောင်လူဦးရ ၂၆၉,၆၃၁ ဦးအတွက်သာ ကူညီထောက်ပံ့မှု ပေးနိုင်နေကြောင်းနှင့် စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း KNU ဗဟိုက ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KNU
#စစ်ဘေးရှောင်
#သထုံခရိုင်
#ညောင်လေးပင်ခရိုင်
#ဖာပွန်ခရိုင်
#တောင်ငူခရိုင်
ပုံ (၁) KNU နယ်မြေမှ စစ်ဘေးရှောင်အချို့
ပုံ(၂) KNU နယ်မြေအတွင်း ဒေသခံများအား ဆေးကုသမှု ပေးနေပုံ။
ပုံ (၃) တပ်မဟာ (၁) နယ်မြေအတွင်း ငှက်ဖျားရောဂါစစ်ဆေးတွေ့ရှိမှု။

👍11😢11🥰2😁1
မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် သမ္ဗာန်လှေများ နစ်မြုပ်
👍2🔥2😢2

=====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယနေ့ ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းက မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းကြောင့် သမ္ဗာန်လှေများနစ်မြုပ်သည့်အတွက် ခရီးသွားများအခက်ကြုံနေရသည် ဟု ဒေသခံများထံမှ သိရသည်။
“မနက်က မိုးတအားရွာတယ်။ လေပြင်းတွေတိုက်လို့ လှေတွေလှိုင်းပုတ်ပြီးနစ်ကုန်တာ”ဟု ဆိပ်ငယ်ရပ် ကွက်မှဒေသခံတဦးက ပြောသည်။
မိုးရွာသွန်းမှုနှင့် လှိုင်းလေပုတ်ခတ်မှုကြောင့် မြိတ်ကမ်းနားလမ်းတွင် စက်တပ်သမ္ဗာန်လှေ ၁၀ စီးခန့် နစ်မြုပ်ခဲ့ရသည့်အတွက် ခရီးသွားများ အခက်ကြုံနေရသည်ဟုလည်း ဒေသခံများကပြောသည်။
စက်တပ်သမ္ဗာန်လှေများမှာ မြိတ်မြို့နှင့် ပထော်ကျွန်း၊ ပထက်ကျွန်းကို အဓိကကူးခတ်ပို့ဆောင် ပေးနေ ခြင်းဖြစ်သည်ဟု သိရသည်။
ထို့ပြင် မြိတ်မြို့၌ ယနေ့နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင်ပိ၍ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းလည်း မြိတ်မြို့ရှိလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ယနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြိတ်ကမ်းနားတလျှောက် ဒီရေများတက်လာသည် ဟုလည်း ဒေသခံများကပြောသည်။ လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်များပေါ်သို့ သစ်ပင်များ လဲကျကာ ထိခိုက်ပျက်စီးမှုများရှိသည်ဟုလည်း သိရသည်။
“မြို့ထဲမှာတော့ ဘာမှမဖြစ်ဘူးလို့ သိရတယ်၊ အဓိကတော့ မြို့ပြင်ကရပ်ကွက်တွေမှာ သစ်ပင်တွေလဲတာ များတယ်”ဟု ကလွင်ကျေးရွာနေဒေသခံတဦးကလည်း ပြောသည်။
အလားတူ မြိတ်မြို့အပါဝင် ထားဝယ်နှင့် ကော့သောင်းမြို့နယ်များရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် မိုးသက်လေပြင်းကြောင့် သစ်ပင်နှင့် နေအိမ်များပြိုကျပျက်စီးမှုများရှိကြောင်း တနင်္သာရီတိုင်း၏ မီးသတ် ဦးစီးဌာနက ယနေ့ နံနက်ပိုင်း၌ ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#မြိတ်မြို့နယ်
#မိုးလေဝသ
#လေပြင်းတိုက်ခတ်
ပုံစာ။ ။ ယနေ့မနက် မြိတ်မြို့ကမ်းခြေနှင့် သစ်ပင်ပိသေဆုံးသူကို ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေကြပုံ။

😢4👍3🔥2
မြန်မာ့အိမ်ခြံမြေဈေးကွက် အမြင့်ဘက်သို့ ဦးတည်နေ | Business Roundup (18 July 2023)
=======================
- ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်နေသော တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးထိခိုက်
- မြန်မာ့အိမ်ခြံမြေဈေးကွက် အမြင့်ဘက်သို့ ဦးတည်နေ
- ကမ္ဘာ့ရွှေဈေးနှုန်း အတက်ဘက် ဦးတည်နေတာကြောင့် ပြည်ပသို့ ရွှေတင်ပို့မှု ရပ်နားထား
- အိန္ဒိယအနေဖြင့် ဘုံအကျိုးစီးပွားအတွက် နယ်စပ်တင်းမာမှုတွေ ပြေပျောက်စေဖို့ တရုတ်နှင့် တွေ့ဆုံသင့်ကြောင်း ဝမ်ယိပြော
- သကြားဈေးနှုန်းများ အမြင့်ပိုင်းတွင်သာ ဆက်ရှိနေ
https://youtu.be/Ggcdqo7RTwk
#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

YouTube
မြန်မာ့အိမ်ခြံမြေဈေးကွက် အမြင့်ဘက်သို့ ဦးတည်နေ | Business Roundup (18 July 2023)
- ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်နေသော တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးထိခိုက်
- မြန်မာ့အိမ်ခြံမြေဈေးကွက် အမြင့်ဘက်သို့ ဦးတည်နေ
- ကမ္ဘာ့ရွှေဈေးနှုန်း အတက်ဘက် ဦးတည်နေတာကြောင့် ပြည်ပသို့ ရွှေတင်ပို့မှု ရပ်နားထား
- အိန္ဒိယအနေဖြင့်…

👍6🔥2