Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
သကြားဈေးနှုန်းများ အမြင့်ပိုင်းတွင်သာ ဆက်ရှိနေ

Watch more detail - https://www.youtube.com/watch?v=Ggcdqo7RTwk

#BusinessRoundUp #reels #shorts #Mizzima
🔥3
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈ ဇူလိုင် ၂၀၂၃) 
====================

စစ်ကောင်စီနှင့်အကျိုးတူပူးပေါင်းနေသည့် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့ အကျိုးစီးပွားများ တည်ရှိရာ မြို့များ နှင့် နေပြည်တော်ကို စစ်ကောင်စီ ထိန်းချုပ်နိုင်ရန် မျှော်လင့်နေကြပြီး ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးတပ်များ နေပြည်တော်ကို တက်မသိမ်းရန် ရပြီဟု ပြောဆိုသည်အထိ ကိုယ်ကျိုးစီးပွားသာ ကြည်သည်ကို တွေ့ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤3😁3
​​တရုတ်နိုင်ငံခြားရေးဝန်ကြီး လူမြင်ကွင်းမှ ပျောက်ကွယ်နေပြီး နာမည်ကြီးရုပ်သံတင်ဆက်သူအမျိုးသမီးနှင့် ခြေရှုပ်နေကြောင်း သတင်းထွက်ပေါ်နေ 
==========================

တရုတ်နိုင်ငံခြားရေးဝန်ကြီး လူမြင်ကွင်းမှ ပျောက်နေခြင်းကြောင့် ၎င်းသည် နာမည်ကြီးရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူတစ်ဦးနှင့် ခြေရှုပ်နေသည်ဆိုသည့် ထင်ကြေးများကို ပိုတိုးလာစေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤1🔥1😁1
​​မဇ္စျိမပရိသတ်များအတွက် စစ်တမ်းတစ်ခု ပြုလုပ်ပါရစေ.

ပရိသတ်ရဲ့ထင်မြင်ယူဆချက်များသည် မဇ္စျိမအဖွဲ့သားများအတွက် နိစ္စဓူဝအစီအစဥ်များကို ထုတ်လုပ်ရာတွင် အလွန်အကျိုးပြုပေးနေကြောင်းကို အသိပေးလိုပါသည်။

ဒါဆို ဘာကြောင့် ဒီစစ်တမ်းကို ကောက်ယူနေတာလဲ? ပရိသတ်အဖြေများသည် မဇ္စျိမ၏တင်ဆက်မှုအပေါ် နှစ်သက်မှု၊ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်ရန် ကူညီပေးပါသည်။ အကြံပြုချက်များကို တိုက်ရိုက်ကြားသိရခြင်းဖြင့် ပရိသတ်ရဲ့ထင်မြင်ယူဆချက်တွေမှတဆင့် ဆွဲဆောင်မှုအရှိဆုံးအကြောင်းအရာများ၊ သင်နှစ်သက်သော အစီအစဥ်များနှင့် အနာဂတ်တွင် မည်သည့်အစီအစဥ်မျိုးကို ကြည့်လိုကြောင်းကို မဇ္စျိမအဖွဲ့သားများက သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။

ဒါကြောင့် - စစ်တမ်းတွင်ပါဝင်ခြင်းဖြင့် သင်၏ထင်မြင်ယူဆချက်တွေကို မဇ္စျိမအဖွဲ့သားများအား ပြောပြပေးလိုက်ပါ.

စစ်တမ်းတွင် ၀င်ရောက်ဖြေဆိုရန် - https://www.surveymonkey.com/r/25JR9Z3

#mizzimasurvey
#mizzimaudiencesurvey
👍11😁2
This media is not supported in your browser
VIEW IN TELEGRAM
ခရိုင်းမီးယာတံတားကို ယူကရိန်းကတိုက်ခိုက်မှုကြောင့် လူ ၂ ဦးသေဆုံးကြောင်း ရုရှားပြော

#internationalnews #reels #shorts #Ukraine #Russia #Mizzima
👏4👍1🔥1
ဇူလိုင်လ (၁၈) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=====================

- ဧည့်စစ်လို့ဆိုကာ နေအိမ်တွင်းဝင်ရောက် အကြမ်းဖက်စစ်ဆေးမှုတွေကို စစ်ကောင်စီတပ် ပြုလုပ်နေတဲ့သတင်း

− ကျိုက်စကောထောင်မှာ အကျဉ်းကျနေတဲ့ ဝေါမြို့နယ်အမတ် ဦးမောင်ဒီ ပဲခူးဆေးရုံမှာ ကွယ်လွန်သွားတဲ့သတင်း

− ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မြန်မာ့အရေး ဖြေရှင်းလို့မရကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြောကြားလိုက်တဲ့သတင်း

− မွန်နှင့် တနင်္သာရီအတွက် ရေဘေးသတိ‌ပေးချက်NUG ထုတ်ပြန်တဲ့သတင်း

− ဂျီ-၂၀ ဘဏ္ဍာရေးဆွေးနွေးပွဲတွေမှာ ကမ္ဘာ့ကြွေးမြီကိစ္စ လွှမ်းမိုးထားတဲ့သတင်းနဲ့

− မြန်မာ့အိမ်ခြံမြေဈေးကွက် အမြင့်ဘက်သို့ ဦးတည်နေတဲ့ သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/M5ybOTepbdI?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🍌2
​​ချင်းစစ်ဘေးရှောင်များ ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်လာနေ
==================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်အတွင်းနှင့် အိန္ဒိယ - မြန်မာနယ်စပ်သို့ စစ်ဘေးရှောင်နေရသူများတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်လာနေကြောင်း ကူညီပေးရေး အဖွဲ့ထံမှသိရသည်။

တစ်ကျော့ပြန် ဖြစ်ပွားလာသည့် ငှက်ဖျားရောဂါကြောင့် သေဆုံးသူအချို့ရှိနေပြီး သက်ကြီးရွယ်အိုနှင့် ကလေးသူများတွင် ပိုမိုဖြစ်ပွားလာနေကြောင်းဆိုသည်။

“စစ်ဘေးရှောင်တွေမှာ အဖြစ်များနေပါတယ် ၊ ချင်းပြည်နယ်တစ်ခုလုံးအနေနဲ့ အရင်နှစ်တွေထက်ပိုမိုများပြားတဲ့ အနေအထားပါ ၊ ကျနော်တို့ရဲ့ နယ်စပ်နဲ့ မိုဘိုင်းဆေးဝါး ကုသပေးတဲ့နေရာတွေမှာ လူနာတွေရဲ့ ၂၀ရာခိုင်နှုန်းကျော်က ငှက်ဖျားရောဂါဖြစ်နေ တာကိုတွေ့ရပါတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်း ဗန်ဆွီးစံ က မဇ္စျိမ ကို ပြောသည်။

စစ်ဘေးရှောင်များသည် နေရပ်ရင်းမှ ကမန်းကတန်း ထွက်ပြေးတိမ်းရှောင်လာကြရသောကြောင့် ခြင်ထောင်များပါမလာခြင်း ၊ တောတောင်ထဲတွင် လူအစုလိုက် နှင့် နေထိုင်ကြရသည့်အတွက် ပိုမိုအဖြစ်များလာနိုင်ခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီအာဏာမသိမ်းခင်က ပပျောက်လုနီးဖြစ်ခဲ့သော ငှက်ဖျားရောဂါသည် တိုက်ဖျက်ရေးစီမံချက်များပျက်ပြားခဲ့ပြီး ကြိုတင်ကာကွယ်မှုများ မပြုလုပ်နိုင်သဖြင့် ဖြစ်ပွားမှုနှုန်းပြန်လည်မြင့်တက်လာနိုင်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

လတ်တလော ဆေးဝါးကုသရေးကိုပဲ ပြုလုပ်နိုင်သေးပြီး နယ်စပ်ဒေသနှင့် ချင်းပြည် နယ်တစ်ဝန်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးရန်လိုအပ်ပြီး ခြင်ဆေး ၊ ခြင်ထောင် စသဖြင့် ပံ့ပိုးမှုများနှင့် အခြားကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်ပေးရန်လိုအပ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူးထံက သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ချင်းရေးရာအဖွဲ့ချုပ်အနေဖြင့် ချင်းပြည်နယ်အတွင်း လူနာပေါင်း ၇,၀၀၀ကျော်ကို ဆေးဝါးကုသမှုပြုလုပ်ခဲ့ပြီး မီဇိုရမ်နယ်အတွင်းရှိ စစ်ဘေးရှောင် ၅,၀၀၀ ကျော်ကို လည်း ပြုစုကုသပေးခဲ့ပြီးကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်အာဏာသိမ်း
#ချင်းရေးရာအဖွဲ့ချုပ်
#ငှက်ဖျားရောဂါ
#စစ်ဘေးရှောင်

ဓာတ်ပုံ - ချင်းရေးရာအဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသည့် ဆေးကုသဆောင်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😢6🔥2
Media is too big
VIEW IN TELEGRAM
အမေရိကန်ရဲ့ရာသီဥတုရေးရာ အထူးသံတမန် ဂျွန်ကယ်ရီနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

#internationalnews #reels #shorts #China #American #Mizzima
😁2
ဇူလိုင်လ (၁၈) ရက်၊အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မြန်မာ့အရေး ဖြေရှင်းလို့မရဘူးလို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြောလိုက်ပါတယ်....

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား ၄ ယောက် ကျပ်ငွေသိန်း ၂၅၀ နဲ့ အတူ ဖမ်းဆီးခံလိုက်ရပါတယ်…….

မွန်နှင့် တနင်္သာရီအတွက် ရေဘေးသတိ‌ပေးချက်NUG ထုတ်ပြန်ထားပါတယ်..........

အစရှိတဲ့ ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့

တရုတ်နိုင်ငံမှာ ဇွန်လအတွင်း လူငယ်အလုပ်လက်မဲ့နှုန်းတွေ ၂၁.၃ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာပါတယ်…..

စစ်အာဏာရှင် ဖီဂျီဝန်ကြီးချုပ်ဟောင်းကို အာဏာအလွဲသုံးမှုအတွက် ရုံးတင်စစ်ဆေးမှုစတင်နေပါပြီ ဆိုတဲ့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူ စီးပွားရေးသတင်းတွေကိုလည်းနားဆင်ရမှာဖြစ်ပြီး သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်တွေနဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။

အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် “မရွှေမိုးရဲ့လေးညှိုသံ” ဆောင်းပါးအစီအစဉ်နဲ့

“သဘာဝရဲ့လက်ဆောင်” အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီးတော့ ပြီးရင် တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/qyFSP-wJ72Q

#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍3😁2
Media is too big
VIEW IN TELEGRAM
July - 18 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
🍌3
​​ရန်ကုန်တိုင်း မြို့နယ်အချို့တွင် အိမ်ငှားခစျေးတက်
=================

ရောင်နီ
(မဇ္စျိမ)။ ။ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် အိမ်ငှားခစျေးနှုန်းများ တိုးမြင့်ကောက်ခံမှု ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
“ ကျွန်တော့်အိမ်ဆို ဒီတစ်ခါ ချုပ်ရင် လစာ ၅၀,၀၀၀ တက်မယ်ဆိုပြီးပြောလို့ အိမ်ထပ်ရှာနေရတယ်။ အခုက ခုနစ်လွှာ ရှစ်လွှာတောင် နှစ်သိန်းခွဲ အနည်းဆုံး ဖြစ်နေပြီ။” ဟု လမ်းမတော်မြို့နယ်တွင် အိမ်ငှားနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့မှ အိမ်ပိုင်ရှင်များက လွန်ခဲ့သည့် နှစ်လကျော်လောက်မှ စတင်ကာ အိမ်ငှားရမ်းခများ တိုးမြှင့်ကောက်ခံလာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အိမ်ငှားခ တိုးမြှင့်ကောက်ခံရာတွင် အနည်းဆုံး ငွေကျပ် ၅၀,၀၀၀ (ငါးသောင်းကျပ်)မှ စတင်ကာ မြို့နယ်အလိုက် စျေးနှုန်းကွာခြားမှုရှိကြောင်း သိရသည်။

“ ကိုဗစ်တို့ ကိုစစ်တို့မှာဆို အိမ်ငှားခတွေကို လျော့ချပေးတာရှိခဲ့ပါတယ်။ အခုကျတော့ ကုန်စျေးနှုန်းရော အစစအရာရာက စျေးကို တက်ပြီးရင်း တက်နေတာဆိုတော့ အိမ်ပိုင်ရှင်တွေလည်း မခံနိုင်ကြတော့ဘူးလေ” ဟု အိမ်ခန်းငှားရမ်းထားသည့် အိမ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ထဲ ဧရိယာရှိ မြို့နယ်များတွင် နေအိမ်ငှားရမ်းခစျေးနှုန်းများမှာ နေရာပေါ်မူတည်၍ ကျပ်လေးသိန်းမှစကာ စျေးကွက်ပေါက်စျေး ရှိနေပြီး၊ ပတ်၀န်းကျင်ပေါ် မူတည်ကာ အိမ်ငှားရမ်းခ စျေးနှုန်းကွာခြားကြောင်း အိမ်ငှား၀န်ဆောင်မှုလုပ်ဆောင်ပေးနေသူများက ပြောသည်။

ထို့အပြင် ယခင်က အိမ်ငှားရာတွင် တစ်လချုပ်၊ သုံးလချုပ်များဖြင့် ငှားရမ်းနိုင်သော်လည်း ယခု နောက်ပိုင်းတွင် ခြောက်လ စာချုပ်သာ ချုပ်ဆိုနိုင်တော့ကြောင်း သိရသည်။

“ အခန်းငှားဖို့ဆို တစ်လချုပ်တွေက လုံး၀မရသလောက်ဘဲ။ သုံးလချုပ်တွေတောင် သိပ်မရတော့ဘူး။ ခြောက်လချုပ်တွေပဲ ပိုများလာတယ်။ တစ်လချုပ်နဲ့ ငှားချင်ရင် ရွှေပြည်သာ၊ လှိုင်သာယာတို့လို ဆင်ခြေဖုံးမြို့နယ်တွေနဲ့ အဆောင်တွေမှာပဲ ရတော့မှာ” ဟု အိမ်ငှား၀န်ဆောင်မှု လုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ နယ်မြို့များရှိ ပြည်သူများက အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွေ့ကာ အိမ်ငှားရမ်းနေထိုင်မှုများ ရှိလာခဲ့သည်။

ထိုသို့ ပြောင်းရွေ့လာကြသူများတွင် အလုပ်လုပ်ကိုင်ကြသူများ၊ သင်တန်းတက်ရောက်သူများလည်းရှိပြီး ယခုကဲ့သို့ အိမ်ငှားခများ ထပ်မံတိုးမြှင့်ကောက်ခံလာပါက ခက်ခဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဆိုကြသည်။

“ အိမ်ငှားခတွေ တက်တယ်ဆိုပြီးတော့ ကြားနေရပါတယ်။ ကျွန်တော်တို့ဆီတော့ မတက်သေးပေမယ့် အိမ်ရှင်တွေက သူများတွေတောင် တက်တယ်ဆိုပြီး လိုက်တက်ရင်တော့ ခံရမှာက ငှားနေတဲ့ သူတွေပါပဲ” ဟု မကွေးမြို့မှ ရန်ကုန်တွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

တစ်လ လစဥ် ပျှမ်းမျှ ၀င်ငွေ ကျပ် ၅၀၀,၀၀၀ ရှိသည့် မိသားစု သုံးဦးပါ အိမ်ထောင်စုတစ်ခုတွင် အိမ်ငှားခ ငွေကျပ် ၂၅၀,၀၀၀ ပေးပြီးပါက ကျန်ငွေများသည် စားသောက်စရိတ်နှင့် ကလေးကျောင်းစရိတ် အတွက်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရန်ကုန်
#မန္တလေး
#မြို့ကြီးများ
#အိမ်ငှားခစျေးနှုန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥4
​​ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံ အမှုများ တရားလွှတ်တော်ချုပ်တွင် လက်ခံ မခံ ကြားနာ
=================

001
(မဇ္စျိမ) ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ စွဲဆိုခံထားရသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အပါအဝင် စုစုပေါင်းအမှု ခြောက်မှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် လက်ခံ၊ မခံ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ကြားနာခဲ့ကြောင်းတရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုများ၊ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)တို့ကို တရားလွှတ်တော်ချုပ်တွင် လက်ခံပေးရန် လျှောက်လဲချက်ပေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အထူးအယူခံဝင်ခွင့်ဆိုတော့ တစ်လနီးပါးလောက်ကြာတယ်၊ သူတို့ အဆင်ပြေတဲ့ရက်ကျမှ အမိန့်ချတာ။ နှစ်ဖက်လျှောက်လဲချက်တော့မဟုတ်ဘူး၊ တစ်ဖက်တည်းပဲ။ တစ်ဖက်တည်းကို လက်ခံပေးဖို့ပြောရတာပေါ့”ဟု ၎င်းက ဆိုသည်။

အမှုများအား တရားလွှတ်​တော်ချုပ်က အထူးအယူခံ ဝင်ခွင့်ပြုလိုက်ပါက စွပ်စွဲခံရသူများကို လွှတ်​ပေးရန် သို့မဟုတ် အမှုကို ပယ်ချရန် နှစ်ဖက်​အပြိုင်အဆိုင်လျှောက်လဲချက် ထပ်မံ​​ပေးရဦးမည်ဖြစ်သည်။

အဆိုပါ အမှုများတွင် နိုင်ငံ​တော်အကြည်ညိုပျက်​စေမှု ပုဒ်မ ၅၀၅(ခ) အမှုမှာ NLD - CEC က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက် နှစ်စောင်နှင့်ပတ်သက်ပြီး စွပ်စွဲခဲ့ခြင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပြင် NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်လည်း ပူးတွဲစွဲဆိုခံထားရသည်။

သဘာဝဘေးပုဒ်မ ၂၅ အမှုမှာမူ ဒေါ်အောင်ဆန်းစုကြည်အား နှစ်မှု၊ သမ္မတဦးဝင်းမြင့်အား တစ်မှုဖြင့် စစ်​ကောင်စီဘက်က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ကျန်သည့် ပို့ကုန် ၊ သွင်းကုန်နှင့် ဆက်သွယ်ရေးအမှုများမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း သီးသန့် စွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် နှစ်စပိုင်းတို့တွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည့်အတွက် ယင်းအပေါ် စွပ်စွဲခံရသူများက တရားလွှတ်တော်ချုပ်အထိ ကနဦး အယူခံတက်ခဲ့သော်လည်း ပယ်ချခံရသည့်အတွက် အထူးအယူခံဆက်တက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါအမှုများ အပါအဝင် စစ်ကောင်စီဘက်က စွပ်စွဲခဲ့သည့် အမှုများအားလုံးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထောင်ဒဏ် ၃၃ နှစ်၊ သမ္မတဦးဝင်းမြင့်အနေဖြင့် ထောင်ဒဏ် ၁၂ နှစ်၊ ဒေါက်တာမျိုးအောင်အနေဖြင့် ထောင်ဒဏ် အနှစ် ၂၀ ကျော် စသည်ဖြင့် ချမှတ်ခံထားရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဒေါ်အောင်ဆန်းစုကြည်
#သမ္မတဦးဝင်းမြင့်
#အထူးအယူခံ
#တရားလွှတ်တော်ချုပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2👏1
စစ်ကောင်စီအင်အားချိနဲ့‌နေပြီဖြစ်ပြီး PDF၊ LDF၊ ပကဖ၊ ပလဖများအားလုံး စုစုစည်းစည်းရှိရန် NUG ၀န်ကြီးချုပ်ပြောကြား
👍17❤7😁4
စစ်ကောင်စီအင်အားချိနဲ့‌နေပြီဖြစ်ပြီး PDF၊ LDF၊ ပကဖ၊ ပလဖများအားလုံး စုစုစည်းစည်းရှိရန် NUG ၀န်ကြီးချုပ်ပြောကြား
===================

(မဇ္ဈိမ) ။ ။စစ်ကောင်စီတပ်သည် လတ်တလော အကျပ်အ တည်းများကို ကျော်လွှားနိုင်ရန် တော်လှန်ရေး အင်အားစုများကြား သွေးခွဲမှုများနည်းမျိုးစုံအသုံးပြုလာနိုင်ပြီး PDF၊ LDF၊ ပကဖနှင့် ပလဖများအားလုံး စုစုစည်းစည်းရှိနေရန် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်တောင်စု၀န်ကြီးချုပ်မန်း၀င်းခိုင်သန်းက တိုက်တွန်းပြောကြားသည်။

ယနေ့ ဇူလိုင်လ၁၈ရက်တွင် ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၄ ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

" တိုက်ပွဲတွေ ဖြစ်နေတာမို့ ကျွန်တော်တို့တော်လှန် ရေး အင်အားစုတွေ အင်အားကောင်းကောင်းနဲ့ အောင်ပွဲတွေ ယူဆောင်နိုင်တာရှိသလို၊ အင်အားပြန့်ကျဲနေတဲ့ နေရာဒေသတွေမှာလည်း စစ်ကောင်စီကအခွင့်ကောင်းယူကာ စခန်းတွေဝင်စီးတာမျိုး၊ ရွာတွေမီးရှို့တာမျိုး လုပ်နေတာဖြစ်လို့ နေရာဒေသတိုင်းက ကျွန်တော်တို့ရဲ့ PDFတွေ၊ LDFတွေ၊ပကဖတွေ၊ပလဖတွေ အားလုံးဟာ တတ်နိုင်သမျှ အင် အားတွေ စုစုစည်းစည်းနဲ့ ရှိနေကြဖို့ အင်မတန် အ ရေးကြီးကြောင်းလည်း ပြောကြားလိုပါတယ် ” ဟု ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ပြောသည်။

စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ရေးတွင် မြို့နယ်အသီးသီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ဒေသကာကွယ်ရေးတပ်ဖွဲ့များ(LDF)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ဟူ၍ ဖွဲ့စည်းထားပြီးတော်လှန်ရေးအင်အားစုများအားလုံး စုစုစည်းစည်းရှိနေကြရန် ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။

ထို့အပြင်စစ်ကောင်စီသည် လတ်တလောရင်ဆိုင်နေရသော အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် တော်လှန်ရေး အင်အားစုများကြား အမျိုးမျိုးသော သွေးခွဲမှုများ လုပ်လာနိုင်သလို ပြည်သူများအာရုံထွေပြားအောင် လုပ်လာနိုင်ကြောင်း၊အကြောက်တရားဖြင့် ထိန်းချုပ်နိုင်အောင် ရက်စက်ကြမ်းကြုတ်မှုတွေများ ခပ်စိပ်စိပ်လုပ်လာနိင်ကြောင်းလည်း သတိပေးသည်။ ထိုစိန်ခေါ်မှုများကို တော်လှန်ရေးအင်အားစုများအားလုံး စုစုစည်းစည်းဖြင့်ကျော်ဖြတ်ရမည်ဟုဆိုသည်။

" သူတို့ဟာ အင်အားတွေ ချိနဲ့နေပြီဆိုတာ အားလုံးလည်း အသိပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့သာ စုစုစည်းစည်းရှိနေရင် မြို့တစ်မြို့ရဲ့ ဘယ်နေရာကိုမှ ထိုးဖောက်လာနိုင်မှာ မဟုတ်ပါဘူး" ဟု ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ပြောသည်။

စစ်ကောင်စီ၏ သွေးခွဲမှုများ၊ ရက်စက်မှုများကို ကျော်လွှားနိုင်မှသာလျှင် အောင်ပွဲကို ရယူနိုင်မည်ဖြစ်ပြီး နိုင်ငံရေးကဏ္ဍ ဘက်မှ ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့အစည်းမျာအားလုံးကလည်း စုစုစည်းစည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၄င်းကတိုက်တွန်းသည်။

" အချိန်တွေက တစ်နေ့ထက်တစ်နေ့ ပိုပို အရေးကြီးလာနေတာမို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကဏ္ဍအလိုက်၊ တာဝန်အလိုက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်းဖို့ အရေးကြီးတဲ့ အချိန်ကာလဖြစ်ပါတယ်။ ရောင်နီကို မမြင်ရခင်အချိန်ဟာ အမှောင်မိုက်ဆုံး အချိန်ဖြစ်သလိုပဲ အောင်ပွဲနီးလေ တစ်ဖက် အကြမ်းဖက် စစ်ကောင်စီရဲ့ သွေးခွဲမှုမျိုးစုံ၊ ရက်စက်မှုမျိုးစုံကို ကျော်လွှားနိုင်မှ အောင်ပွဲကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်" ဟု ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ပြောသည်။

၀န်ကြီးချုပ် မန်း၀င်းခိုင်သန်း၏ အထက်ပါ တိုက်တွန်းပြောကြားချက်သည် စစ်အာဏာရှင်အား အမြစ်ဖြတ်ဖြုတ်ချရေး လူထုတိုက်ပွဲအတွက် အလွန်အရေးကြီးကြောင်း အညာဒေသမှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက မှတ်ချက်ပြုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံဗိုလ်ကျားသစ်က " ကျွန်‌တော်တို့ရဲ့ဝန်ကြီးချုပ်မိန့်ခွန်းကို တွေ့ပါတယ်။ အမှန်ပါပဲ။ ကျွန်တော်တို့အားလုံးစုစုစည်းစည်းနဲ့ရှိနေကြရင် ပွဲအမြန်ပြီးမယ်။ အခုလည်း မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေအားလုံး ကြိုးစားနေပါတယ်။ အစည်းအဝေးတိုင်းမှာလည်း ဒါကို ဆွေးနွေးဖြစ်ပါတယ်" ဟု ပြောသည်။

စာတည်း - မောင်ကြီး

#mizzima
#အမျိုးသားညီညွတ်ရေးအစိုးရ
#၀န်ကြီးချုပ်မန်း၀င်းခိုင်သန်း
#PDF၊LDF၊ပကဖနှင့်ပလဖ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27❤7😁3
​​မိုင်းဆွဲခံရသည့် နေရာအနီးက အရပ်သား ၂ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်
====================

007
(မဇ္စျိမ)။ ။ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်၏ ယာဉ်တန်းတစ်ခု မိုင်းဆွဲခံရပြီးနောက် အနီးအနားရှိ ဒေသခံ ကျေးရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မြင်းခြံဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ်သည် ဇူလိုင်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြင်းခြံမြို့နယ် ထိန်ပန်းကျေးရွာနှင့် ရွာသစ်ကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံခဲ့ရသူနှစ်ဦးသည် ကွမ်းခြံအစောင့် အရပ်သားများဖြစ်ကြောင်း ဒေသခံများက အခိုင်အမာ ပြောသည်။
“ထိန်ပန်းနဲ့ ရွာသစ်ကြားမှာ မိုင်းဆွဲခံရလို့ ကစဥ့်ကလျားနဲ့ တပ်ရွှေ့နေကြတုန်း လမ်းတွေ့သမျှ အကုန်ဆဲဆိုသွားတယ်၊ အဲဒီကွမ်းခြံနားရောက်တော့ အလုပ်လုပ် နေတဲ့အလုပ်သမားနှစ်ယောက်ကိုလှမ်းခေါ်ပြီး သတ်ပစ်လိုက်တယ်၊ ဖြစ်စဉ်အမှန် ကတော့ အဲဒါပါပဲ” ဟု လုံခြုံရေး အရအမည်မဖော်ပြလိုသော ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့နံနက်ပိုင်းက မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ မီးပေါက်ကျေးရွာမှ တောင်ပုံကျေးရွာသို့ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်သည် အရပ်သုံးကား နှစ်စီးဖြင့် စစ်ကူထွက်လာရာ ယင်းယာဉ်တန်းကို ထိန်ပန်းနှင့် ရွာသစ်ကျေးရွာကြားတွင် ပူးပေါင်းအဖွဲ့က အသင့်ထောင်ထားသော မိုင်း ၁၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
၁၂ လုံးပေါက်ကွဲပြီး စစ်ကောင်စီဘက်က ၁၇ ဦး သေဆုံးနိုင်ကြောင်း မြင်းခြံခရိုင် အမှတ်(၅)တပ်ရင်း၊ တပ်ခွဲ (၂) MGN 35 ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် ပတ်သက်ပြီး မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုချက် မရနိုင်သေးပေ။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တပ်ထောက်ခံသည့်တယ်လီဂရမ်ချန်နယ်များတွင် သတ်ဖြတ်ခံရသူ နှစ်ဦးသည် PDF များဖြစ်ကြပြီး ၎င်းတို့ သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မြင်းခြံ
#ထိန်ပန်း
#စစ်ကောင်စီ
#Mizzima

ဓာတ်ပုံ- စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍4😁2🔥1👏1
ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသည့်ကား မိုင်းဆွဲခံရ ၄ ဦးသေဆုံး
👍10😁2❤1
ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသည့်ကား မိုင်းဆွဲခံရ ၄ ဦးသေဆုံး
=======================

ကိုခင်မောင်
(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ သပြေကျေးရွာ အနောက်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာ‌သော ကားတစ်စီးကို ယနေ့ ဇူလိုင်လ ၁၈ရက် နံနက် ၉နာရီ ၄၅မိနစ်အချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး လိုက်ပါလာသော ဂျစ်ကားတစ်စီးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မိုင်းဆွဲတိုက်ခိုက်တာ ရန်သူ့(စစ်ကောင်စီတပ်ဖွဲ့)တပ်သား လေးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရပြီး ဂျစ်ကားလည်းပျက်စီးသွားတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ယနေ့ နံနက် ၁၁နာရီ ၂၀မိနစ်အချိန်က ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ(၃)နှင့် ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP) ပကဖ တို့ ပူးပေါင်းပြီး Rocket သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၃ရက်ကလည်း ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာနှင့် ကျောင်းရွာကျေးရွာကြားတွင် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင်၊ အမှတ်(၁၉) တပ်ရင်း တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိကာ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က သတင်းထုတ်ပြန်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မကွေးတိုင်း
#ဆိပ်ဖြူမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁4❤2👏1
လောင်းရှည်ဒေသတွင် စစ်ကောင်စီယာဥ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရမှု ၈၀ ဦးထက်မနည်း ထိခိုက်သေဆုံး
==========================

ကိုခင်မောင် (မဇ္စျိမ) ။ ။မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသတွင် စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်မှ ယနေ့ ဇူလိုင် ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဆောမြို့နယ်၊ လောင်းရှည်ဒေသမှ ကျင်ဒွေးသို့ ဦးတည်ထွက်ခွာ လာသောစစ်ကောင်စီယာဥ်တန်းကို ရင်းကဲရွာအနီး ယွန်းချောင်းဘက်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်ပူးပေါင်းတပ်က Rocket များအပါအဝင် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ ဦးထက်မနည်း သေဆုံးထိခိုက်ဒဏ်ရာရမှုရှိသည်ဟု ဆိုသည်။

“ဒီနေ့ ထိတွေ့တိုက်ပွဲနှစ်ကြိမ် ပြင်းပြင်းထန်ထန်ဖြစ်တယ်၊ သူတို့(စကစတပ်)ဖက်က အထိနာတယ်။ သူတို့အထိနာတော့ အနီးနားတဝိုက်နဲ့ အနီးဆုံးရွာကို လေယဉ်နဲ့ဗုံးလာချတယ်” ဟု ရှေ့တန်းတွင် တိုက်ပွဲ ဝင်နေသာ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)မှ တာဝန်ရှိသူက မဇ္စျိမသို့ ယနေ့ နေ့လယ်ပိုင်းတွင် ပြောကြားသည်။
ဇူလိုင်လ ၁၆ ရက်နေ့ကလည်း အဆိုပါ စစ်ကောင်စီယာဥ်တန်းကို ကန်ပက်လက်မြို့နယ်၊ မဆွာတီရွာနှင့် လွဲလည်းကျင်းကျေးရွာကြား သုံးထပ်ကွေ့အရောက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅၀ ဦးထက်မနည်း သေဆုံးထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်တပ်သားများကို လောင်းရှည်အထိ ပြန် သယ်ယူသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင် တပ်ရင်း (၃၊၅၊၆)များ၊ မကွေးခရိုင် တပ်ရင်း(၁)၊ မင်းဘူးခရိုင် တပ်ရင်း(၁)၊ (၃၊ ၄၊ ၆)၊ စလင်း(ပကဖ)နှင့် CDF ခေါနုတပ်ခွဲတို့မှ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသော်လည်း ထိခိုက်မှုအခြေအနေကို ထုတ်ပြန်ထားခြင်းမရှိပေ။
ကြားဖြတ်တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သား နှစ်ဦး၊ ပကဖ သုံးဦး ဖက် ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက် အသက်ပေးလှူသွားခဲ့ကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

https://youtu.be/2NV2SMKLRtg

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဆောမြို့နယ်
#လောင်းရှည်ဒေသ
#စစ်ကောင်စီယာဉ်တန်း
#ကြားဖြတ်တိုက်ခိုက်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍19❤5😁2