Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီအင်အားချိနဲ့‌နေပြီဖြစ်ပြီး PDF၊ LDF၊ ပကဖ၊ ပလဖများအားလုံး စုစုစည်းစည်းရှိရန် NUG ၀န်ကြီးချုပ်ပြောကြား
===================

(မဇ္ဈိမ) ။ ။စစ်ကောင်စီတပ်သည် လတ်တလော အကျပ်အ တည်းများကို ကျော်လွှားနိုင်ရန် တော်လှန်ရေး အင်အားစုများကြား သွေးခွဲမှုများနည်းမျိုးစုံအသုံးပြုလာနိုင်ပြီး PDF၊ LDF၊ ပကဖနှင့် ပလဖများအားလုံး စုစုစည်းစည်းရှိနေရန် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်တောင်စု၀န်ကြီးချုပ်မန်း၀င်းခိုင်သန်းက တိုက်တွန်းပြောကြားသည်။

ယနေ့ ဇူလိုင်လ၁၈ရက်တွင် ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၄ ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

" တိုက်ပွဲတွေ ဖြစ်နေတာမို့ ကျွန်တော်တို့တော်လှန် ရေး အင်အားစုတွေ အင်အားကောင်းကောင်းနဲ့ အောင်ပွဲတွေ ယူဆောင်နိုင်တာရှိသလို၊ အင်အားပြန့်ကျဲနေတဲ့ နေရာဒေသတွေမှာလည်း စစ်ကောင်စီကအခွင့်ကောင်းယူကာ စခန်းတွေဝင်စီးတာမျိုး၊ ရွာတွေမီးရှို့တာမျိုး လုပ်နေတာဖြစ်လို့ နေရာဒေသတိုင်းက ကျွန်တော်တို့ရဲ့ PDFတွေ၊ LDFတွေ၊ပကဖတွေ၊ပလဖတွေ အားလုံးဟာ တတ်နိုင်သမျှ အင် အားတွေ စုစုစည်းစည်းနဲ့ ရှိနေကြဖို့ အင်မတန် အ ရေးကြီးကြောင်းလည်း ပြောကြားလိုပါတယ် ” ဟု ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ပြောသည်။

စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ရေးတွင် မြို့နယ်အသီးသီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ဒေသကာကွယ်ရေးတပ်ဖွဲ့များ(LDF)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ဟူ၍ ဖွဲ့စည်းထားပြီးတော်လှန်ရေးအင်အားစုများအားလုံး စုစုစည်းစည်းရှိနေကြရန် ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။

ထို့အပြင်စစ်ကောင်စီသည် လတ်တလောရင်ဆိုင်နေရသော အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် တော်လှန်ရေး အင်အားစုများကြား အမျိုးမျိုးသော သွေးခွဲမှုများ လုပ်လာနိုင်သလို ပြည်သူများအာရုံထွေပြားအောင် လုပ်လာနိုင်ကြောင်း၊အကြောက်တရားဖြင့် ထိန်းချုပ်နိုင်အောင် ရက်စက်ကြမ်းကြုတ်မှုတွေများ ခပ်စိပ်စိပ်လုပ်လာနိင်ကြောင်းလည်း သတိပေးသည်။ ထိုစိန်ခေါ်မှုများကို တော်လှန်ရေးအင်အားစုများအားလုံး စုစုစည်းစည်းဖြင့်ကျော်ဖြတ်ရမည်ဟုဆိုသည်။

" သူတို့ဟာ အင်အားတွေ ချိနဲ့နေပြီဆိုတာ အားလုံးလည်း အသိပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့သာ စုစုစည်းစည်းရှိနေရင် မြို့တစ်မြို့ရဲ့ ဘယ်နေရာကိုမှ ထိုးဖောက်လာနိုင်မှာ မဟုတ်ပါဘူး" ဟု ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ပြောသည်။

စစ်ကောင်စီ၏ သွေးခွဲမှုများ၊ ရက်စက်မှုများကို ကျော်လွှားနိုင်မှသာလျှင် အောင်ပွဲကို ရယူနိုင်မည်ဖြစ်ပြီး နိုင်ငံရေးကဏ္ဍ ဘက်မှ ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့အစည်းမျာအားလုံးကလည်း စုစုစည်းစည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၄င်းကတိုက်တွန်းသည်။

" အချိန်တွေက တစ်နေ့ထက်တစ်နေ့ ပိုပို အရေးကြီးလာနေတာမို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကဏ္ဍအလိုက်၊ တာဝန်အလိုက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်းဖို့ အရေးကြီးတဲ့ အချိန်ကာလဖြစ်ပါတယ်။ ရောင်နီကို မမြင်ရခင်အချိန်ဟာ အမှောင်မိုက်ဆုံး အချိန်ဖြစ်သလိုပဲ အောင်ပွဲနီးလေ တစ်ဖက် အကြမ်းဖက် စစ်ကောင်စီရဲ့ သွေးခွဲမှုမျိုးစုံ၊ ရက်စက်မှုမျိုးစုံကို ကျော်လွှားနိုင်မှ အောင်ပွဲကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်" ဟု ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ပြောသည်။

၀န်ကြီးချုပ် မန်း၀င်းခိုင်သန်း၏ အထက်ပါ တိုက်တွန်းပြောကြားချက်သည် စစ်အာဏာရှင်အား အမြစ်ဖြတ်ဖြုတ်ချရေး လူထုတိုက်ပွဲအတွက် အလွန်အရေးကြီးကြောင်း အညာဒေသမှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက မှတ်ချက်ပြုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံဗိုလ်ကျားသစ်က " ကျွန်‌တော်တို့ရဲ့ဝန်ကြီးချုပ်မိန့်ခွန်းကို တွေ့ပါတယ်။ အမှန်ပါပဲ။ ကျွန်တော်တို့အားလုံးစုစုစည်းစည်းနဲ့ရှိနေကြရင် ပွဲအမြန်ပြီးမယ်။ အခုလည်း မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေအားလုံး ကြိုးစားနေပါတယ်။ အစည်းအဝေးတိုင်းမှာလည်း ဒါကို ဆွေးနွေးဖြစ်ပါတယ်" ဟု ပြောသည်။

စာတည်း - မောင်ကြီး

#mizzima
#အမျိုးသားညီညွတ်ရေးအစိုးရ
#၀န်ကြီးချုပ်မန်း၀င်းခိုင်သန်း
#PDF၊LDF၊ပကဖနှင့်ပလဖ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27❤7😁3
​​မိုင်းဆွဲခံရသည့် နေရာအနီးက အရပ်သား ၂ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်
====================

007
(မဇ္စျိမ)။ ။ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်၏ ယာဉ်တန်းတစ်ခု မိုင်းဆွဲခံရပြီးနောက် အနီးအနားရှိ ဒေသခံ ကျေးရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မြင်းခြံဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ်သည် ဇူလိုင်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြင်းခြံမြို့နယ် ထိန်ပန်းကျေးရွာနှင့် ရွာသစ်ကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံခဲ့ရသူနှစ်ဦးသည် ကွမ်းခြံအစောင့် အရပ်သားများဖြစ်ကြောင်း ဒေသခံများက အခိုင်အမာ ပြောသည်။
“ထိန်ပန်းနဲ့ ရွာသစ်ကြားမှာ မိုင်းဆွဲခံရလို့ ကစဥ့်ကလျားနဲ့ တပ်ရွှေ့နေကြတုန်း လမ်းတွေ့သမျှ အကုန်ဆဲဆိုသွားတယ်၊ အဲဒီကွမ်းခြံနားရောက်တော့ အလုပ်လုပ် နေတဲ့အလုပ်သမားနှစ်ယောက်ကိုလှမ်းခေါ်ပြီး သတ်ပစ်လိုက်တယ်၊ ဖြစ်စဉ်အမှန် ကတော့ အဲဒါပါပဲ” ဟု လုံခြုံရေး အရအမည်မဖော်ပြလိုသော ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့နံနက်ပိုင်းက မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ မီးပေါက်ကျေးရွာမှ တောင်ပုံကျေးရွာသို့ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်သည် အရပ်သုံးကား နှစ်စီးဖြင့် စစ်ကူထွက်လာရာ ယင်းယာဉ်တန်းကို ထိန်ပန်းနှင့် ရွာသစ်ကျေးရွာကြားတွင် ပူးပေါင်းအဖွဲ့က အသင့်ထောင်ထားသော မိုင်း ၁၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
၁၂ လုံးပေါက်ကွဲပြီး စစ်ကောင်စီဘက်က ၁၇ ဦး သေဆုံးနိုင်ကြောင်း မြင်းခြံခရိုင် အမှတ်(၅)တပ်ရင်း၊ တပ်ခွဲ (၂) MGN 35 ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် ပတ်သက်ပြီး မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုချက် မရနိုင်သေးပေ။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တပ်ထောက်ခံသည့်တယ်လီဂရမ်ချန်နယ်များတွင် သတ်ဖြတ်ခံရသူ နှစ်ဦးသည် PDF များဖြစ်ကြပြီး ၎င်းတို့ သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မြင်းခြံ
#ထိန်ပန်း
#စစ်ကောင်စီ
#Mizzima

ဓာတ်ပုံ- စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍4😁2🔥1👏1
ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသည့်ကား မိုင်းဆွဲခံရ ၄ ဦးသေဆုံး
👍10😁2❤1
ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသည့်ကား မိုင်းဆွဲခံရ ၄ ဦးသေဆုံး
=======================

ကိုခင်မောင်
(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ သပြေကျေးရွာ အနောက်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာ‌သော ကားတစ်စီးကို ယနေ့ ဇူလိုင်လ ၁၈ရက် နံနက် ၉နာရီ ၄၅မိနစ်အချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး လိုက်ပါလာသော ဂျစ်ကားတစ်စီးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မိုင်းဆွဲတိုက်ခိုက်တာ ရန်သူ့(စစ်ကောင်စီတပ်ဖွဲ့)တပ်သား လေးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရပြီး ဂျစ်ကားလည်းပျက်စီးသွားတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ယနေ့ နံနက် ၁၁နာရီ ၂၀မိနစ်အချိန်က ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ(၃)နှင့် ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP) ပကဖ တို့ ပူးပေါင်းပြီး Rocket သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၃ရက်ကလည်း ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာနှင့် ကျောင်းရွာကျေးရွာကြားတွင် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင်၊ အမှတ်(၁၉) တပ်ရင်း တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိကာ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က သတင်းထုတ်ပြန်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မကွေးတိုင်း
#ဆိပ်ဖြူမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁4❤2👏1
လောင်းရှည်ဒေသတွင် စစ်ကောင်စီယာဥ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရမှု ၈၀ ဦးထက်မနည်း ထိခိုက်သေဆုံး
==========================

ကိုခင်မောင် (မဇ္စျိမ) ။ ။မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသတွင် စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်မှ ယနေ့ ဇူလိုင် ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဆောမြို့နယ်၊ လောင်းရှည်ဒေသမှ ကျင်ဒွေးသို့ ဦးတည်ထွက်ခွာ လာသောစစ်ကောင်စီယာဥ်တန်းကို ရင်းကဲရွာအနီး ယွန်းချောင်းဘက်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်ပူးပေါင်းတပ်က Rocket များအပါအဝင် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ ဦးထက်မနည်း သေဆုံးထိခိုက်ဒဏ်ရာရမှုရှိသည်ဟု ဆိုသည်။

“ဒီနေ့ ထိတွေ့တိုက်ပွဲနှစ်ကြိမ် ပြင်းပြင်းထန်ထန်ဖြစ်တယ်၊ သူတို့(စကစတပ်)ဖက်က အထိနာတယ်။ သူတို့အထိနာတော့ အနီးနားတဝိုက်နဲ့ အနီးဆုံးရွာကို လေယဉ်နဲ့ဗုံးလာချတယ်” ဟု ရှေ့တန်းတွင် တိုက်ပွဲ ဝင်နေသာ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)မှ တာဝန်ရှိသူက မဇ္စျိမသို့ ယနေ့ နေ့လယ်ပိုင်းတွင် ပြောကြားသည်။
ဇူလိုင်လ ၁၆ ရက်နေ့ကလည်း အဆိုပါ စစ်ကောင်စီယာဥ်တန်းကို ကန်ပက်လက်မြို့နယ်၊ မဆွာတီရွာနှင့် လွဲလည်းကျင်းကျေးရွာကြား သုံးထပ်ကွေ့အရောက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅၀ ဦးထက်မနည်း သေဆုံးထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်တပ်သားများကို လောင်းရှည်အထိ ပြန် သယ်ယူသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင် တပ်ရင်း (၃၊၅၊၆)များ၊ မကွေးခရိုင် တပ်ရင်း(၁)၊ မင်းဘူးခရိုင် တပ်ရင်း(၁)၊ (၃၊ ၄၊ ၆)၊ စလင်း(ပကဖ)နှင့် CDF ခေါနုတပ်ခွဲတို့မှ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသော်လည်း ထိခိုက်မှုအခြေအနေကို ထုတ်ပြန်ထားခြင်းမရှိပေ။
ကြားဖြတ်တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သား နှစ်ဦး၊ ပကဖ သုံးဦး ဖက် ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက် အသက်ပေးလှူသွားခဲ့ကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

https://youtu.be/2NV2SMKLRtg

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဆောမြို့နယ်
#လောင်းရှည်ဒေသ
#စစ်ကောင်စီယာဉ်တန်း
#ကြားဖြတ်တိုက်ခိုက်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍19❤5😁2
ယာဒိုတွင် တိုက်ပွဲထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်
🤬13🔥2
ယာဒိုတွင် တိုက်ပွဲထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်
===================

YT
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်း၊ လိပ်သိုလ်မြို့နယ်ခွဲ၊ ယာဒိုဒေသတွင် ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက်အစောပိုင်းက တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက် ၄ နာရီဝန်းကျင်က ကရင်- ကရင်နီ- ရှမ်းနယ်စပ်ရှိ ယာဒိုဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) တပ်မဟာ (၂)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် ယာဒိုစစ်ကောင်စီတပ်စခန်းရှိ စစ်ကောင်စီတပ်သားများအကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အထိအခိုက်၊ အကျအဆုံးများ မသိရသေးကြောင်း ဒေသတွင်း KNLA သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

" မနက်အစောကြီး ၄ နာရီလောက်က ဖြစ်တာ၊ စစ်ကောင်စီက လေကြောင်းကနေ ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်၊ ဒေသခံနေအိမ်တွေပျက်စီးတာများတယ်။ လူသူမရှိတဲ့အတွက် အထိအခိုက်တော့မရှိဘူး" ဟု တပ်မဟာ (၂) KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့ပြီး ဝါသောခိုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသော်လည်း ဒေသခံများသည် အခြားနေရာ၌ စစ်ဘေးရှောင်နေရသဖြင့် လူသူအထိအခိုက်မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ယာဒိုဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းရှိပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကိုပါ အသုံးပြုခဲ့သဖြင့် ထိုအချိန်မှစ၍ ယာဒိုကျေးရွာ၊ ဝါသောခိုကျေးရွာ၊ ကလေထကျေးရွာ၊ ပရယ်စိုးကျေးရွာတို့မှ ဒေသခံပြည်သူ ၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

" ရှောင်နေကြရတာ တစ်ပတ်ရှိပြီပေါ့၊ လိပ်သိုလ်ကလည်း ရိက္ခာသယ်ရတာက အစစ်အဆေးတွေ အရမ်းကြမ်းတော့ မလွယ်တော့လေ ကြာရင်တော့ ခက်ခဲလာမှာဗျ၊ အခုတောင် တော်တော်လေး လိုအပ်လာပြီ။ ပြီးတော့ ဖျားနာလာကြတာလည်း ရှိတယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ စစ်ဘေးရှောင် ၂,၀၀၀ ကျော်တွင် ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ် အရေအတွက်များပြီး လက်ရှိတွင် ဖျားနာမှုများ ရှိလာသကဲ့သို့ စားနပ်ရိက္ခာ လိုအပ်ချက်လည်း မြင့်တက်လာကြောင်း သိရသည်။

ယာဒိုဒေသသည် ကရင်- ရှမ်း- ကရင်နီ နယ်စပ်တွင်ရှိပြီး ယခုဖြစ်ပွားနေသော တိုက်ပွဲကာလအတွင်း ယာဒိုစစ်ကောင်စီတပ်စခန်းအတွက် ရိက္ခာများအား ကယန်းပြည်သစ်အဖွဲ့က ၎င်းတို့​၏ အဖွဲ့အမည်ခံ၍ တောင်ငူ- လိပ်သိုလ်ကားလမ်းမပေါ် ဖြတ်သန်းသယ်ယူကာ ယာဒိုစခန်းသို့ ရိက္ခာပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

" ကယန်းပြည်သစ်အဖွဲ့က ရန်သူ့အတွက် ကရိယာ တန်ဆာပလာတွေနဲ့ ရိက္ခာတွေကို ပိတ်ဆို့ထားတဲ့ကြားကနေ ကယန်းပြည်သစ်အတွက်ဆိုပြီး နာမည်ခံပြီး သယ်ဆောင်ပေးနေတာဖြစ်တယ်၊ တောင်ငူကနေ ယာဒိုအထိ" ဟု မြေပြင်ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ကယန်းပြည်သစ်အဖွဲ့က စစ်ကောင်စီထံ ရိက္ခာ အထောက်အပံ့ပေးနေသည်ဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးချေ။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က ယာဒိုဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက်၊ အကျအဆုံးရှိသော်လည်း အသေးစိတ် မသိရသေးကြောင်းနှင့် တပ်မဟာ (၂)၊ KNLA၊ PDF ဘက်တွင် နှစ်ဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယာဒိုဒေသ
#တိုက်ပွဲ
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်မှု
#သံတောင်ကြီးမြို့နယ်

ဓါတ်ပုံ- လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးသွားသော ဝါသောခိုကျေးရွာမှ ဒေသခံနေအိမ်များ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢4👏2🕊2❤1
​​မပခ တိုင်းမှူးနှင့် စစ်ဘက်ရေးရာအရာရှိတွေကို ဘာကြောင့်စစ်ဆေးနေတာလဲ
==================

အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် စစ်ဘက်ရေးရာအရာရှိခြောက်ဦးနှင့် ကျောက်သူဌေးတစ်ဦးကို စစ်ကောင်စီက နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး၊ ဒုတိုင်းမှူး၊ ဗိုလ်မှူးချုပ်နှစ်ဦးနှင့် မပခ မှ စစ်ဗျူဟာမှူးနှစ်ဦးအပြင် “ဝ” လူမျိုး ကျောက်သူဌေးကြီး ဦးအိုင်ရီကိုတို့ကို စစ်ဆေးနေခြင်းဟု ကနဦးသိရသည်။

ဇူလိုင် ၁၃ ရက်၊ ညပိုင်းတွင် နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြားလာသည့် အမိန့်နှင့်အတူ ကချင်စစ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် နယ်လုံဝန်ကြီးနှင့် မပခ စစ်ဘက်ရေးရာ အရာရှိများ နေပြည်တော်သို့ ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့ကို အဂတိလိုက်စားမှု၊ စစ်ဆင်ရေးပေါက်ကြားမှုတို့ကြောင့် ယခုကဲ့သို့ခေါ်ယူ စစ်ဆေးနေခြင်းဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သတင်းရင်းမြစ်အချို့မှ အတည်ပြုသော်လည်း ၎င်းတို့ကိုယ်၌ သေသေချာချာမသိကြသေးကြောင်းပြောသည်။

“ တပ်ထဲမှာလည်း သတင်းတွေကမျိုးစုံထွက်နေတယ်။ အဘနဲ့အဖွဲ့ကို ထောက်လှန်းရေးတပ်က လာခေါ်သွားတယ်လို့ပဲ သိထားသေးတယ်။ အဂတိလိုက်စားမှုနဲ့ စစ်ဆင်ရေးတွေ ပေါက်ကြားလို့ဆိုပြီး နေပြည်တော်ကနေ တိုက်ရိုက်လာခေါ်သွားတာ။ ကျန်တာတော့ သို့လော သို့လောပဲ” ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါသတင်းများထွက်ပေါ်ပြီးနောက် မဇ္ဈိမ၏မြေပြင်သတင်းအဖွဲ့မှ တပ်တွင်းနီးစပ်သူ သတင်းရင်းမြစ်များစွာကို နည်းလမ်းမျိုးစုံဖြင့်ချဉ်းကပ်၍ အချက်အလက်များကို စိစစ်ရယူခဲ့ပြီး အချို့သတင်းရင်းမြစ်ကို လုံခြုံသည့်နေရာတွင် မေးမြန်းခဲ့သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် စစ်ဘက်ရေးရာအရာရှိများကို စစ်ဆေးနေခြင်းမှာ စစ်ဆင်ရေးသတင်းပေါက်ကြားစေခြင်းနှင့် အဂတိမှုဟူ၍ ယူဆချက်နှစ်ရပ်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
👍42😁7❤3🔥3👏3
ဇူလိုင်လ (၁၉) ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
======================

ဇူလိုင်လ (၈) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အထူးအယူခံ အမှုတွေကို တရားလွှတ်တော်ချုပ်မှာ လက်ခံ၊ မခံ ကြားနာခဲ့ပါတယ်,……

မြန်မာ့အရေး ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံ မဖြစ်ဖို့ လိုအပ်တယ်လို့ ဆိုတဲ့ သုံးသပ်ချက်တွေ…..

ချင်းစစ်ဘေးရှောင်များ ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်လာနေတယ်ဆိုတဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေကို ကြားကြရမှာပါ။

နိုင်ငံတကာဘက်မှာတော့ ဇူလိုင်လလယ်မှာ အပူချိန် ၅၂.၂ ဒီဂရီသို့ စံချိန်တင်ရောက်ရှိခဲ့ကြောင်း တရုတ်ပြောလိုက်ပါတယ်….

ဂျီ-၂၀ ဘဏ္ဍာရေးဆွေးနွေးပွဲတွေမှာ ကမ္ဘာ့ကြွေးမြီကိစ္စ လွှမ်းမိုးထားဆဲဆိုတဲ့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကို နားဆင်ရမှာပါ။

https://youtu.be/4079Nb8f4Bw

#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍14😁2
July19 အာဇာနည်နေ့အတွက်
==============

July19 အာဇာနည်နေ့အတွက် ဂုဏ်ပြုတေး

စန္ဒယား ကိုဖြိုး
တယော ဖိုးစံ
အဆို ထက်ထက်အိန္ဒြာအောင်


https://youtu.be/5k8717s9QfI

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍20❤4🤮1