Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မကြာမီ လာမည့် ကမ္ဘာ့အစီအစဉ် (New global order) အသစ်သုံးလွှာနှင့် နိုင်ငံရေးအတွေး‌‌အခေါ်ဟောင်း၊ လုပ်ရိုးလုပ်စဉ်ဟောင်းတွေ လွှမ်းမိုးနေသေးတဲ့ မြန်မာ့နွေးဦးတော်လှန်ရေး အကျပ်အတည်း
====================

ဇော်တူးဆိုင်း
အင်အားကြီး ရုရှားအကျ၊ ကိုဗဒ်အလွန် တရုပ်စီးပွားရေး မဟာပြန် အဖွင့်နှင့် ယူကရိန်းစစ်မျက်နာမှာ လက်စွမ်းပြနေတဲ့ အ‌မရိကန် (ကန်) ရဲ့ စစ်လက်နက်နှင့် နည်းပညာတွေဟာ မတူညီတဲ့ ကမ္ဘာ့ အစီအစဉ်သစ် (New global order) အလွှာ သုံးလွှာ ကို ဆောင်ကြဉ်းတော့မယ်လို့ ပညာရှင်တွေ မှန်းဆကြပါတယ်။ ဒီကြားထဲမှာ မြန်မာ့နွေးဦးတော်လှန်ရေး ကတော့ နိုင်ငံရေး ရဲ့ အခြေအမြစ်ကို ဟောင်းနွမ်းတဲ့ နားလည်မှုတွေ၊ တစ်ပတ်ရစ် လုပ်ရိုးလုပ်စဉ်၊ အားနည်းတဲ့ ခေါင်းဆောင်မှုနှင့် ပြည့်နှက် နေတာကို တွေရပါလိမ့်မယ်။

ယနေ့ နိုင်ငံတကာ သတင်းခေါင်းစဉ် တွေကို ကြည့်လိုက်လျှင် ၉၀ ရာခိုင်နှုန်းကျော်ဟာ ပထဝီနိုင်ငံရေး တင်းမာမှု နှင့် ပဋိပက္ခတွေ အကြောင်းအရာတွေက များပါတယ်။ ဒီလို ဖြစ်နေတာဟာ အောက်မှာ ဆွေး‌‌‌နွေးမယ့် အကြောင်းအရင်း သုံးချက်ကြောင့် ဖြစ်ပေါ်နေတယ်လို့ ယူဆလို့ ရပါတယ်။

(၁) အချက်ကတော့ စစ်အေးအလွန် ရုရှားဟာ သမ္မတ ပူတင်ခေါင်းဆောင်မှုနှင့် သူတို့ရဲ့ စီပွားရေးနဲ့ စစ်ရေးတွေရဲ့ (Capability) စွမ်းဆောင်နိုင်မှုတွေ ညံ့ဖျင်:မှု၊ ၎င်းရဲ့ အင်အားကြီး (Super Power) နိုင်ငံက‌နေ အောက်ကျသွားတာကို ယူကရိန်း စစ်မျက်နှာမှာ ဖွင့်ချလိုက်တာပါပဲ။ အခုလို ရုရှားဟာ စစ်ရေးအရ မဟာဗျူဟာ ချထားခဲ့ သလို ယူကရိန်း တစ်နိုင်ငံလုံးကို လွှမ်းမိုး၊ထိန်းချုပ်နိုင်ခြင်း မလုပ်နိုင်‌တော့တာကြောင့် ရုရှားခေါင်းဆောင်တွေဟာ အကြီးကျယ် ဒေါသ ထွက်နေကြပါတယ်။

(၂) အချက်ကတော့ တရုတ်နိုင်ငံဟာ အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ် တို့လို အဖွဲ့အစည်းများတွင် ပေါင်းစည်းခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနစ်တွေမှာ အရင်းရှင် စီးပွားရေးလှိုင်းထဲကို ၀င်လာပြီး အများကြီး ချမ်းသာ လာခဲ့ပါတယ်။ ဒါကြောင့် စစ်ရေးအရလည်း အားကောင်းလာပြီး တောင်တရုပ်ပင်လယ်မှာ နယ်မြေချဲ့ထွင်တဲ့ အပြုအမှုတွေ လုပ်လာပါတယ်။ ဒီလိုဘဲ အနောက်နိုင်ငံတွေက မျှော်လင့်ခဲ့ သလို့ နိုင်ငံရေးအရ လစ်ဘရယ် ဒီမိုကရေစီ ဘက်ကို ယိမ်းမလာဘဲ တရုတ်နည်း တရုပ်ဟန် အာဏာရှင် ကွန်မြူနစ် နိုင်ငံဖြစ်နေတုန်း ပါဘဲ။ အစိုးရထိန်းချုပ်တဲ့ အရင်းရှင် စီးပွားရေးအား ကောင်းလာတဲ့ တရုတ်တွေဟာ အမေရိကန်တွေလိုပဲ ဖြစ်လာခဲ့လိမ့်မယ်ဆိုပြီး အနောက်လစ်ဘရယ်တွေက တွက်ဆခဲ့ကြပါတယ်။ တရုတ်တွေဟာ တရုပ်တွေပဲ ဖြစ်နေတုန်းပါပဲ။ အမေရိကန်က အဲဒါကို အထူး ဘ၀င် မကျပါဘူး။

(၃) ကတော့ အမေရိကန်ပြည်ထောင်စုရှိ သန်းနှင့်ချီသော နိုင်ငံသားများနှင့် အခြားချမ်းသာသော ဒီမိုကရေစီနိုင်ငံများရှိတဲ့ လူထုက ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် နောက်ကျ ကျန်ရစ်နေရတယ်လို့ ခံစားနေ ကြရပါတယ်။ လူလတ်တန်းစာ (middle class) တွေလည်း နည်းလာနေပါတယ်။ ဆယ်စုနှစ်များစွာ လျစ်လျူရှုထားတဲ့ အကျိုးဆက်ကြောင့် ၎င်းတို့၏အစိုးရများနှင့် ခေါင်းဆောင်တွေကို အားမလိုအားမရ ဖြစ်ပြီး အနောက်နိုင်ငံ အစိုးရ ခေါင်းဆောင်တွေရဲ့ တရား၀င်မှု ရှိမရှိ မေးခွန်း ထုတ်နေကြပါတယ်။


စာညွှန်း
https://www.youtube.com/watch?v=uiUPD-z9DTg
https://ispmyanmar.com/community/category/isp-data-matters/
https://www.cfr.org/.../what-did-prime-minister-modis...
https://burma.irrawaddy.com/.../2023/07/03/335956.html
(ဇော်တူးဆိုင်းအကြောင်း - ငယ်နာမည် ငဇော်၊ အညာသားပါ။ တောင်သူလယ်သမား မိဘတွေကမွေးပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး ပြည်တွင်းနိုင်ငံရေး အခြေအနေ ကျပ်တည်းလာတော့ လက်နက်ကိုင်တိုက်ချင်လို့ အသက် ၁၇ နှစ်မှာ တောခိုပါတယ်။ ဒုက္ခသည်စခန်းမှာ ခုနစ်နှစ်နေရင်း ကျောင်းသားတပ်မတော်မှာ ရုံးလုပ်ငန်းတွေ တာဝန်ယူခဲ့ပါတယ်။ ဒေလီတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဂုဏ်ထူးတန်းဖွဲ့ ၂၀၀၃ မှာ ရပြီး ဖောင်ဒေးရှင်းတစ်ခု မှာ ဝန်ထမ်းလုပ်ပါတယ်။ ကချင်အမျိုးသမီးနဲ့ အိမ်ထောင်ကျတော့ ဇော်တူးဆိုင်:ရယ်လို့ ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်မှာ နေထိုင်ပြီး ကိုလံဘီယာတက္ကသိုလ် (Columbia University) ကနေ နိုင်ငံတကာရေးရာ၊ ဘောဂဗေဒဆိုင်ရာပြည်သူ့ ဆိုင်တဲ့ မူဝါဒ (Public Policy) မဟာဘွဲ့ ရရှိခဲ့ပါတယ်။)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤3😁2
​​အာဇာနည် ၉ ဦးအပြင် တော်လှန်ရေးတွင်ကျဆုံးခဲ့ရသော သူရဲကောင်းများအားဂုဏ်ပြုလှုပ်ရှားမှု ရန်ကုန် တွင် ပြုလုပ်
===================

ဂန္ဒမာ
(မဇ္ဈိမ)။ ။အာဇာနည်ကိုးဦးအပြင် စစ်ကောင်စီတပ်၏ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသည့် သူရဲကောင်းများအားဂုဏ်ပြုသည့်အနေဖြင့် လှုပ်ရှားမှုတရပ်ကို ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခု ကျရောက်တဲ့အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းကိုးဦးအပြင် ဒီတော်လှန်ရေး မှာကျဆုံးသွားတဲ့ သူရဲကောင်းတွေက အများကြီးပါပဲ။ ဒီလှုပ်ရှားမှုဟာ အာဇာနည်သူရဲကောင်း အားလုံး ကိုဂုဏ်ပြုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ကျွန်တော်တို့လူငယ်တွေကို မတရားဖမ်းဆီးချုပ်နှောင်ပြီး မတရား ဥပဒေပုဒ်မတွေတပ်ကာ ဖမ်းဆီးနေပေမဲ့ ကျွန်တော်တို့တော်လှန်ရေးအင်အားစုများဟာ အန္တရာယ်တွေ ကြားကနေ ခက်ခက်ခဲခဲလှုပ်ရှားနေကြပါတယ်” ဟု ယနေ့လှုပ်ရှားမှုအကြောင်းအရင်းကို စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု Anti - Junta Alliance Yangon မှ တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

ယနေ့ လှုပ်ရှားမှုမှာ ရန်ကုန်မြို့တနေရာတွင် “အာဇာနည်မျိုး သေရိုးမရှိ” ဟူသော စာတန်းအား ချိတ်ဆွဲခဲ့ ခြင်းဖြစ်သည်။ နွေဦးအာဇာနည်များ၊ ဒီမိုကရေစီအာဇာနည်များကို မမေ့ဖို့နှင့် သတိတရဖြစ်စေရန် ရည် ရွယ်ကာ ရန်ကုန် တော်လှန်ရေး လူငယ်အဖွဲ့များက ဘန်နာများ ချိတ်ဆွဲကာ ပြည်သူအများကို သတိပေး တိုက်တွန်းပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဇာနည်နေ့ နီးကပ်လာသည်နှင့်အမျှ ရန်ကုန်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ၏ လုံခြုံရေးတင်းကြပ်ထားပြီး ယနေ့ အာဇာနည်နေ့တွင်လည်း လုံခြုံရေးတိုးမြှင့်ထားသည့်ကြားမှ တော်လှန် ရေးအင်အားစုများက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်ခဲ့ကြသလို ပြည်သူများကလည်း တော်လှန်ရေးတွင် ရရာနေရာမှ နိုင်သည့်ဝန်ကိုထမ်းကာ ပါဝင်ပေးကြရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက တောင်းဆိုခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အာဇာနည်နေ့
#ရန်ကုန်မြို့
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#နွေဦးတော်လှန်ရေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤4😁2
ကရင်နီဒေသ တိုက်ပွဲတွေကြောင့် စစ်ရှောင်များ ပိုများလာပြီး အကူညီပေးရေးမှာလည်း ပိုခက်ခဲလာနေ
=================

လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်မှာ ဒီလအတွင်း တိုက်ပွဲတွေ ကြိုကြားဆက်ဖြစ်နေသလို၊ စစ်ကောင်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် စစ်ပြေးဒုက္ခသည်ဦးရေ တနေ့တခြား ပိုများလာနေပါတယ်။

အရပ်သား ထိခိုက်သေဆုံးမှုနဲ့ စစ်ပြေး ဒုက္ခသည်ဦးရေဟာ ပြီးခဲ့တဲ့သီတင်း ၂ ပတ်အတွင်း သိသိသာသာ တိုးလာခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ကရင်နီ (ကယား) ပြည်ရှိ စစ်ရှောင်များဟာ ထွက်ပြေးတိမ်းရှောင်ချိန် ကြာလာတာနဲ့အမျှ အကူညီပေးရေး ပိုမို ခက်ခဲလာနေကြောင်း စစ်ရှောင်းများကို ကူညီနေသူတွေကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ ပြည်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ သိန်းနဲ့ချီ ရှိနေပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ရေးအတွက် လက်ရှိမှာ အလှူရှင် ကြပ်တည်းလာခြင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာခြင်းကြောင့် အကူညီပေးရေးအတွက် ခက်ခဲလာနေတယ်လို့ သိရပါတယ်။

နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ခြမ်း ခိုလုံသူတွေ အပါအဝင် လက်ရှိဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်တွေ ကနေ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည် ၉,၀၀၀ လောက် ရှိနေပြီး ရာသီတုပ်ကွေးနဲ့ နားမကျန်းဖြစ်သူတွေလည်း များပြားနေပါတယ်။

အထူးသဖြင့် ဖားဆောင်း နဲ့ မယ်စဲ့မြို့နယ်တွေမှာ ဒီလထဲ စစ်ရှောင်စခန်းတချို့နဲ့ ကျေးရွာတချို့ လေကြောင်းကနေ တိုက်ခိုက်ခံရလို့ ကလေးငယ်တွေ အပါအဝင် ထိခိုက်သေဆုံးသူတွေ အများအပြား ရှိခဲ့ပါတယ်။

https://www.youtube.com/watch?v=F7E0sfWNQK8

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12🔥3😁1
လေကြောင်းတိုက်ခိုက်မှုများကြောင့် မကွေး ခရိုင်အမှတ် (၂ ) တပ်ရင်းတွင် အာဇာနည်နေ့ အခမ်းအနား အကျဉ်းချုံးကျင်းပ
👍14❤2👏2😁2
လေကြောင်းတိုက်ခိုက်မှုများကြောင့် မကွေး ခရိုင်အမှတ် (၂ ) တပ်ရင်းတွင် အာဇာနည်နေ့ အခမ်းအနား အကျဉ်းချုံးကျင်းပ
=================

မောင်ခက်နွေ
(မဇ္ဈိမ) ။ ။ ယနေ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၆) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို မကွေးခရိုင် အမှတ် (၂ ) တပ်ရင်းတွင် ရဲဘော်များက အကျဥ်းချုံး ကျင်းပပြုလုပ်ကြောင်း သိရသည်။

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ၍ ထိုသို့ အကျဥ်းချုံးသား ကျင်းပခဲ့ခြင်းဖြစ်ကြောင်း မကွေးခရိုင် အမှတ် (၂ ) တပ်ရင်း၏ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“ဒီနေ့မကွေးတိုင်းထဲမှာပဲ လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ထားတာရှိတယ် ။ ပြီးတော့ Fighterတွေလည်းဝဲတာရှိတယ်” ဟု ၎င်းက ဆိုသည်။

လေကြောင်းတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်သည့် မြေပြင် အခြေအနေများကို မဇ္ဈိမအနေနှင့် လတ်တလော အတည်မပြုနိုင်သေးပေ။

“အဲ့ဒါကတော့ အဲ့ဘက်နယ်မြေအဖွဲ့အစည်းတွေကနေ ထုတ်ပြန်မှပဲ ပြောခွင့်ရှိမယ်ဗျ။ လက်ရှိမှာတော့ မြေပြင်အခြေအနေလေးတွေ မငြိမ်သေးလို့” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

အခမ်းအနားကို ယနေ့ နံနက်၁၀ နာရီခွဲတွင် ပြုလုပ်ခဲ့ပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ နွေဦးတော်လှန်ရေးနှင့် စစ်အာဏာရှင်တော်လှန်ရေးသမိုင်းတစ်လျောက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း အခမ်းအနားကို ကျွန်ုပ်တို့ မကွေးခရိုင်၊ အမှတ်(၂)တပ်ရင်းက ရဲဘော်များက မကွေးတိုင်းတော်လှန်ရေးနယ်မြေ တစ်နေရာတွင် ပြုလုပ်ကျင်းပသည်ဟု ကွေးခရိုင် အမှတ် (၂ )တပ်ရင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အာဇာနည်နေ့
#လေကြောင်းတိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁2
၃ရက်ဆက်မိုးကြောင့်မော်လမြိုင်မြို့ပေါ်တွင် ရေကြီးရေလျှံနေ (ရုပ်သံ)
=====================

ဂျူချန်း

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ မိုးကြီးပြီး တောင်ကျရေတွေ ဆင်းလာတာကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

မော်လမြိုင်မြို့မှာ ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းကတည်းက မိုးရွာသွန်းနေတာဖြစ်ပြီး တောင်ကျချောင်းရေတွေကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်တွေဖြစ်ကြတဲ့ ဖက်ခင်းရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်၊ ရွှေပြည်အေး၊ ဇေယျာ(၁)၊ (၂)၊ ဒိုက်ဝန်းကွင်း၊ ဈေးကြို၊ မြိုင်သာယာ၊ တောင်ဝိုင်း၊ ဒေါင်းမင်းရပ်၊ သီရီမြိုင်နဲ့ မုပွန်ရပ်ကွက်တွေမှာ ရေကြီးနေပါတယ်။

အဆက်မပြတ် မိုးရွာသွန်းနေတာကြောင့် မနေ့က ဇူလိုင်လ ၁၈ ရက်နေ့ညနေပိုင်းမှာ ရေစတက်လာတာဖြစ်ပြီး ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာတော့ တချို့နေရာမှာ ရင်ညွန့်အထိ ရေရောက်ရှိလာပြီဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

မော်လမြိုင်မြို့ထဲက ရေနစ်မြုပ်နေတဲ့ ရပ်ကွက်တွေမှာ လူမှုကူညီရေးအသင်းတွေနဲ့ မီးသတ်တပ်ဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ဆောင်နေကြဆဲဖြစ်ပြီး ဒီနေ့မနက် ၁၀ နာရီခွဲအထိ အိမ်ထောင်စု ၆၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီလူတွေကို မော်လမြိုင်မြို့မှာရှိတဲ့ ကုန်းမြင့်ပိုင်းက ဓမ္မာရုံတွေနဲ့ ဘုန်းကြီးကျောင်းတွေကို ပို့ဆောင်ထားကြတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ယောက်က ပြောပါတယ်။

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ဇူလိုင်လ ၂၁ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေကြီးရေလျှံတာအပြင် နောက်ဆက်တွဲ မြေပြိုမှုဘေး အန္တရာယ်ကိုပါ သတိထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနက သတိပေးထားပါတယ်။

တင်ဆက်/တည်းဖြတ်-ဂျူချန်း

https://youtu.be/_CWU9deebws

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😢2🔥1
မြန်မာနိုင်ငံအတွက် စတာလင်ပေါင်သန်း ၃ဝ ကျော် ဗြိတိန်အစိုးရ ကူညီ
=================

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံဖြိုးရေးအစီအစဉ်တွေအတွက် ယူကေအစိုးရ နိုင်ငံခြားရေးရုံးက ၂၀၂၃ နဲ့ ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ စတာလင်ပေါင် သန်း ၃၀ နဲ့ တသိန်း အသုံးပြုရေး အတည်ပြုထားတဲ့အကြောင်း ဗြိတိန်အစိုးရက ဇူလိုင် ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗြိတိန် မြန်မာ ဖွံဖြိုးရေးဆိုင်ရာ အစီရင်ခံစာ အကျဉ်းချုပ်မှာဖော်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း အတိဒုက္ခရောက်နေသူတွေနဲ့ အကူအညီ လိုအပ်နေသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ၊ စားနပ်ရိက္ခာအကူအညီအပြင် ကျားမတန်းတူရေး၊ မသန်စွမ်းသူတွေ စောင့်ရှောက်ရေး၊ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု၊ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်တွေမှာ သုံးစွဲသွားမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

အခုပေးအပ်မယ့် အကူအညီတွေထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေလို လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးနဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး အဖြေရှာနိုင်ဖို့ အတွက်လည်း သုံးစွဲသွားမှာ ဖြစ်ပါတယ်။

ဗြိတိန်အစိုးရဟာ ၂ဝ၁၇ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအတွက် စတာလင်ပေါင် သန်း ၃၀ နီးပါးနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအတွက် စတာလင်ပေါင် သန်း ၃၅၀ ကျော် ထောက်ပံ့ကူညီထားပါတယ်။

https://youtu.be/vVRyHDrFx0U

#Political News
#MizzimaTV
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏3😁1
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို အလေးပြုခြင်း ပြုလုပ်ခဲ့ကြသည်။

#ရေဖြူ
#PDF
#Mizzima

Website Link - http://www.mizzimaburmese.com/gallery/131005

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤4😁2
ဇူလိုင်လ ( ၁၉)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===================

-"မြန်မာ့အရေး ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံ မဖြစ်ဖို့ လိုအပ်တယ်" ဆိုတဲ့ သတင်း 

-အာဇာနည်နေ့အခမ်းအနား ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရခြင်းမရှိဘဲ ဦးအောင်ဆန်းဦး တက်ရောက်တဲ့သတင်း 

-ကရင်နီဒေသ တိုက်ပွဲတွေကြောင့် စစ်ရှောင်များ ပိုများလာပြီး အကူညီပေးရေးမှာလည်း ပိုခက်ခဲလာနေတဲ့သတင်း 

-ပထမအကြိမ်ကြိုးပမ်းမှုအရာမထင်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်လောင်းက လာမယ့်မဲခွဲမှုအတွက် စည်းရုံးရေးလုပ်ဆောင်နေတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/lUXOsa0IiQs

#2pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁1🍌1🍓1
This media is not supported in your browser
VIEW IN TELEGRAM
July - 19 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍5🍌2😁1
​​မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ် ၂၀၂၈ အထိ စာချုပ်သစ်ချုပ်ဆို
=================

အင်္ဂလန်တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၈ အထိ မန်ချက်စတာယူနိုက်တက်မှာ ဆက်ရှိနေဖို့ တစ်ပတ်လုပ်ခ ပေါင် ၃၂၅,၀၀၀ တန် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်နဲ့ ကာလအတော်အတန်ကြာ ဆွေးနွေးခဲ့ပြီး သူ့ရဲ့ အရင်စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက မန်နေဂျာသစ် အဲရစ်တန်ဟက်ဂ် လက်ထက်မှာ ပြန်လာခဲ့ပြီး ၅၆ ပွဲကစားကာ ဂိုး ၃၀ သွင်းယူနိုင်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၆ တုန်းက Midtjylland အသင်းနဲ့ ရင်ဆိုင်ရာမှာ ပထမဆုံးပွဲထွက်ခဲ့ပြီး သူ့ရဲ့ငယ်ဘဝကလပ်အသင်းအတွက် ၃၅၉ ပွဲမှာ ၁၂၃ ဂိုး သွင်းယူခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်က “ကျနော် အိပ်မက်တစ်ခုနဲ့ ခုနစ်နှစ်သားကလေးဘဝက မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာခဲ့ပါတယ်။ အသင်းရှပ်အင်္ကျီဝတ်ရတာ ဂုဏ်ယူရတဲ့ အခါတိုင်း အောင်မြင်ဖို့ တူညီတဲ့ စိတ်အားထက်သန်မှု၊ ဝံ့ကြွားမှု၊ စိတ်ပိုင်းဖြတ်မှုတို့နဲ့ မိမိကိုယ်ကို မှောင်းနှင်းနေဆဲပါ။

"ဒီမယုံနိုင်စရာကောင်းတဲ့ကလပ်မှာ အံ့ဩစရာအတွေ့အကြုံတချို့ ကျနော်မှာ ရှိပြီးသားပါ၊ ဒါပေမယ့် နောက်ထပ်အောင်မြင်ဖို့ အများကြီးကျန်သေးပြီး လာမယ့်နှစ်တွေမှာလည်း နောက်ထပ်ဆုဖလားတွေ ပိုမိုရယူနိုင်ဖို့ မဆုတ်မနစ်စိတ်ပိုင်းဖြတ်ထားပါတယ်။"လို့ ပြောပါတယ်။

သူဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးခဲ့ပြီး ကာရာဘောင်းဖလားဖိုင်နယ်မှာ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
👍12😁4