ဖက်ဒရယ်နိုင်ငံရေးစနစ်နှင့်စစ်ဘက်ဆိုင်ရာတရားမျှတမှုစနစ်(Military Justice) | Beyond Panglong Oath Ep12
==================
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/d5Yo3pRkJJw
#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

YouTube
ဖက်ဒရယ်နိုင်ငံရေးစနစ်နှင့်စစ်ဘက်ဆိုင်ရာတရားမျှတမှုစနစ်(Military Justice) | Beyond Panglong Oath Ep12
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့…
👍8🔥2😁1
မြဝတီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှဗိုလ်ကြီးသေဆုံးပြီး ၅ ဦးဒဏ်ရာရကြောင်း Cobra ပြော
==========================
YT
(မဇ္ဈိမ)။ ။ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်အနီးတစ်ဝိုက် ဖြစ်ပွားခဲ့ သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတဦး သေဆုံးခဲ့ကြောင်း Cobra စစ်ကြောင်း က ဇူလိုင်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက မြဝတီမြို့နယ်၊ ကျောက်တောင်ဒေသနှင့် လက်ခတ်တောင်တဝိုက်ရှိ စစ်ကောင်စီတပ်နှင့် BGF စခန်းကုန်းများအား တပ်မဟာ (၆) KNLA ၊ Cobra စစ်ကြောင်း(၁)၊ ကျားသစ် နက်စစ်ကြောင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှဗိုလ်ကြီးအဆင့်ရှိသူသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ ခြင်းဖြစ်ကြောင်းသိရသော်လည်း အသေးစိတ်ကို ဒေသခံများထံမှ အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေး ပေ။
တိုက်ပွဲအတွင်း တပ်မဟာ(၆) KNLA ၊ Cobra စစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့မှလည်း တဦးထိခိုက်ဒဏ်ရာရခဲ့ပြီး MA-3 တလက်၊ RPG သုံးလုံး၊ ၆၀ မမ သုံးလုံး၊ အီနာဂါ အသီးလေးလုံးနှင့် ဖုန်းခုနစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သည့် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းအထိ မြဝတီမြို့နယ် ခြေလျင် တပ်ရင်း ခလရ(၂၇၅)၊ သင်္ကန်းညီနောင်ဗျူဟာကုန်း၊ စွယ်တော်စခန်းတို့မှ ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီး များဖြင့်ပစ်ခတ်ခဲ့ပြီး ပွင့်လင်းအေးမြိုင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNLA သတင်း ရင်းမြစ်တဦးထံမှ သိရသည်။
“လက်နက်ကြီးက တိုက်ပွဲဖြစ်နေမှမဟုတ်ဘူး ဒီတိုင်းနေလည်း ပစ်နေတာပဲ။ ဒီနေ့မနက်တော့ ပွင့်လင်း အေးမြိုင်ဘက်ကို ကျတာရှိတယ်။ အပျက်အစီးတော့ သေချာမသိရသေးဘူး။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့ကတော့ လက်နက်ကြီးပစ်တာ သင်္ကန်းညီနောင်နားမှာ တယောက်သေ၊ တယောက်ဒဏ်ရာရတယ်” ဟု KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီတပ်စခန်းများမှပစ်ခတ်သော လက်နက် ကြီးကျည်ထိမှန်၍ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာအရှေ့ဘက်ရှိ အေးသုခရွာမှ အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦးသေဆုံး၍ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦးထိခိုက်ဒဏ်ရာရခဲ့ ကြောင်း သိရသည်။
မြဝတီမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)အုပ်ချုပ်နယ်မြေအတွင်း တည်ရှိ ပြီး စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်(BGF)များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ ထိတွေ့တိုက်ပွဲပြင်းထန်လေ့ရှိသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#မြဝတီ
#စစ်ဗိုလ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍24👏3😁3❤1🥰1
အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF ရှေ့တန်းစစ်ကြောင်းအချို့နှင့် တပ်ရင်းတပ်ဖွဲ့များအားလုံး အာဇာနည်နေ့ အခမ်းအနား တပြိင်နက်ကျင်းပ
👍20❤6🔥1😁1

====================
ဂျူချန်း
(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အထူးတိုက်ခိုက်ရေးနှင့်ချေမှုန်းရေးလက်ရင်းတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF က
ယနေ့ကျရောက်သည့် အာဇာနည်နေ့ အခမ်းအနားကို ရှေ့တန်းတွင်ရော တပ်ရင်းတပ်ဖွဲ့များ၌ပါကျင်းပခဲ့ကြောင်း သိရသည်။
(၇၆) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၇နာရီတွင် ရှေ့တန်း၌ တိုက်ပွဲဝင်နေသည့် စစ်ကြောင်းမှရဲဘော်များအပါအဝင် SOF ၏ တပ်ရင်းတပ်ဖွဲ့များ၌ တပြိုင်နက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း SOF တာဝန်ခံကိုအောင်စံရှားက ပြောသည်။
"တပ်မဟာ (၄)မှာရှိတဲ့ စစ်ကြောင်း (၁) နဲ့ တပ်မဟာ (၆) မှာရှိတဲ့ စစ်ကြောင်းနှစ်ခုမှာ အဆင်ပြေတဲ့ ရဲဘော်တွေစုပြီး လုပ်ဖြစ်တာပါ။ အဓိက ကျနော်တို့ SOF တပ်ဖွဲ့ဝင်တွေက စစ်ကြောင်းနှစ်ကြောင်းစလုံးက ရှေ့တန်းရောက်နေတာ။ ရှေ့တန်းမှာပဲ အဓိက လုပ်ဖြစ်ပါတယ်"ဟု ကိုအောင်စံရှားက မဇ္ဈိမကို ပြောသည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွင်း ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်များနှင့်ပြည်သူ့ခုခံစစ်စတင်သည့်အချိန်မှစ၍ ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းအားလုံးအတွက် စစ်အာဏာရှင်တော်လှန်ရေးကို ပိုမိုကြိုးစားသွားမည်ဟု SOFက ဆိုသည်။
ယနေ့ ကျင်းပသည့်အာဇာနည်နေ့အခမ်းအနားတွင် ပြည်သူ့ကာကွယ် ရေးတပ်မတော်အလံတော်အားအလေးပြုခြင်း၊ တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးမှုးရဲဘော်စောရှားပေးပို့သောအာဇာနည်နေ့သဝဏ်လွှာအားဖတ်ကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ကျဆုံးခဲ့သည့် အာဇာနည်ခေါင်းဆောင်များ၊ SOF တပ်ဖွဲ့မှ ကျဆုံးသွားသည့် ရဲဘော်များအကြောင်းအား တပ်ဖွဲ့ဝင်များသို့ ပြန်လည်ပြောကြားခြင်းများကိုလည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ SPECIAL OPERATION FORCE (S.O.F) သည် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အထူးတိုက်ခိုက်ရေးနှင့်ချေမှုန်းရေး လက်ရင်းတပ်ဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့အခမ်းအနားကို မြန်မာနိုင်ငံဒေသအနှံ့ရှိ တော်လှန်ရေးအင်အားစုများကလည်း သက်ဆိုင် ရာနေရာ အသီးသီးတွင်ကျင်းပခဲ့ကြသည်။
ထိန်းသိမ်းခံထားရသည့်ဒေါ်အောင်ဆန်းစုကြည် သည် စစ်ကောင်စီကနိုင်ငံတော် အာဏာကိုသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ကျင်းပခဲ့သော အာဇာနည်နေ့အခမ်းအနားသုံးကြိမ်စလုံးကို တက်ရောက်ခွင့်မရသလို စစ်ကောင်စီဥက္ကဋ္ဌလည်းတက်ရောက်ခြင်းမရှိပေ။
SOF တပ်ဖွဲ့ဝင်များ အာဇာနည်နေ့အခမ်းအနားကျင်းပနေစဉ်
Photo - SOF
စာတည်း-မောင်ကြီး
#mizzima
#အာဇာနည်နေ့
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF
#ရှေ့တန်းစစ်ကြောင်း
#တပ်ရင်းတပ်ဖွဲ့များ

👍17❤6🔥1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်ထုတ်လွှင့်မှုများ
===================
https://youtu.be/4TWG6dCdbNw

#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍7🔥1🍌1
အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရတနာပုံတက္ကသိုလ်ရှေ့တွင် အသံမိုင်းခွဲ
=====================
YT၊ ၀၀၇
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ ရတနာပုံတက္ကသိုလ်ရှေ့တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများအား အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အသံမိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း Dutiful Citizens Team (DCT) တာဝန်ရှိသူထံက သိရသည်။
“ ကျနော်က အခြားနယ်ကလာတာဗျ။ လက်ထဲမှာမိုင်းတွေပါလာတာ ပြန်မယူသွားချင်တော့တာနဲ့ အထိမ်းအမှတ်ဖြစ်အောင် ၁၉ ဇူလိုင်မှာ လမ်းကြုံဝင်လုပ်လိုက်တာပါဗျ" ဟု DCT တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မန္တလေး ရတနာပုံတက္ကသိုလ်အရှေ့တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများ၏အနီးသို့ ချိန်ကိုက် ဖောက်ခွဲရသော အသံမိုင်းချခဲ့ကာ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဖောက်ခွဲခဲ့ခြင်းဟုဆိုသည်။
အဆိုပါ အသံမိုင်း ဖောက်ခွဲရန် ယနေ့ ဇူလိုင်လ ၁၉ က်နေ့၊ နံနက်ပိုင်းက စတင်ကြိုးပမ်းခဲ့ပြီး ဖောက်ခွဲရာတွင် မိုင်းချို့ယွင်းမှုကြောင့် ပေါက်ကွဲခြင်းမရှိခဲ့ဘဲ ညနေပိုင်းတွင် မန္တလေးရတနာပုံ တက္ကသိုလ်ရှေ့ စစ်ကောင်စီတပ်သားများ လမ်းပိတ်ထားရာ အတားအဆီးများကြားထဲမှ နောက်ဆုံးမိုင်းအား ဖောက်ခွဲခဲ့ခြင်းဟုသိရသည်။
Dutiful Citizen Team မှ အခြားအဖွဲ့တာ၀န်ရှိသူတစ်ဦးကလည်း “ငြိမ်မနေဘူး။ မင်းတို့ကိုအခွင့်မသာသေးလို့မလုပ်တာ။ ငါတို့အလှည့်ရှိသေးတယ်။ ငါတို့ကချမှာဆိုတာကို အသိပေးတဲ့သဘောနဲ့အသံမိုင်းခွဲခဲ့တာပါ ” ဟု ပြောသည်။
DCT သည် ကောလင်းအခြေစိုက် Local အဖွဲ့တစ်ခုဖြစ်ပြီး ၎င်းတို့ အသံမိုင်းခွဲခြင်းအား မန္တလေးရှိ နယ်မြေခံ ဒေသတွင်းတော်လှန်ရေးအင်အားစုများထံ အချိန်မီ ချိတ်ဆက်၊ အသိပေးနိုင်ခြင်းမရှိခဲ့၍ တောင်းပန်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
ယနေ့ ဇူလိုင်လ ၁၉ ရက်သည် ကျောင်းပိတ်ရက်ဖြစ်သော်လည်း အသံမိုင်းဖောက်ခွဲရာနေရာအား ကျောင်းသူ ကျောင်းသားများ၊ ပြည်သူများ ထိခိုက်မှုမရှိစေရန် ဘေးလွတ်ကင်းသော နေရာကို ရွေးချယ်ခဲ့ကြောင်းလည်းဆိုသည်။
ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့အား နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုများ၊ ဒေသခံပြည်သူများက ၎င်းတို့၏ သက်ဆိုင်ရာဒေသအသီးသီးတွင် အခမ်းအနားကျင်းပပြုလုပ်ခြင်း၊ သပိတ်ပြုလုပ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#DCT
#ကောလင်း
#အသံဗုံး
#ရတနာပုံတက္ကသိုလ်

👍26😁2
အာဇာနည်နေ့အထိမ်းအမှတ် ဆားလင်းကြီးမြို့အနီး ပြောက်ကျားသပိတ်ဖော်ဆောင်
=====================
KMN
(မဇ္ဈိမ)။ ။ ယနေ့ ဇူလိုင် ၁၉ တွင် ကျရောက်သည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့အနီး လမ်းမတစ်နေရာတွင် ပြောက်ကျားသပိတ်ဖော်ဆောင်ခဲ့ကြောင်း အညာပစ်တိုင်း ထောင်လေးများအဖွဲ့က ထုတ်ပြန်သည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ နှင့်လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) တို့ပူးပေါင်းကာ ပြောက်ကျားသပိတ်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့မှာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးစားရင်းအသက်စတေးခဲ့ရတဲ့ အာဇာနည် ကိုးဦးနဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းကြီးတွေကို ဂါဝရပြု ဦးညွှတ်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာပါ "ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
ပြောက်ကျားသပိတ်တွင် "ဦးညွှတ်ပါသည် လူမျိုးပေါင်းစုံ အာဇာနည်တို့" စာတန်းကို ကိုင်စွဲကာ လမ်းလျှောက်ခြင်း၊ နှင်းဆီပန်းများကြဲချခြင်း၊ "လူမျိုးကြီးဝါဒဖယ်ရှားကြ အာဇာနည်ဟာ ကိုးဦးမက၊ အရေးတော်ပုံအောင်ရမည်" စသည့် စာများရေးသားထားသည့် စာရွက်များအား လမ်းမတစ်နေရာတွင် ဖြန့်ကြဲချခဲ့ကြောင်း ၎င်းသပိတ်တွင်ပါဝင်သူများကဆိုသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#အာဇာနည်နေ့
#အထိမ်းအမှတ်
#ဆားလင်းကြီးမြို့
#ပြောက်ကျားသပိတ်
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

👍23❤1🔥1😁1
ကနီမြို့နယ်တွင် ဒေါင်းမျိုးဆက်တပ်ဖွဲ့ အာဇာနည်နေ့ အထိမ်းအမှတ်ကျင်းပ
======================
ကိုခင်မောင် (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် Daung New Generation -ဒေါင်းမျိုးဆက်တပ်ဖွဲ့( တပ်ခွဲ-၂)က ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို အလေးပြုခြင်း ပြုလုပ်ခဲ့ကြသည်။
" ဇူလိုင်လ ၁၉ရက်နေ့ အာဇာနည်နေ့မှာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးစားရင်းအသက်စတေးခဲ့ရတဲ့ အာဇာနည် ကိုးဦးနဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရ
တဲ့ အာဇာနည်သူရဲကောင်းကြီးတွေကို ဂါဝရပြု ဦးညွှတ်တဲ့အနေနဲ့ပြုလုပ်ခဲ့တာပါ "ဟု Daung New Genration -ဒေါင်းမျိုးဆက်တပ်ဖွဲ့မှ တပ်ရင်းမှူးဗိုလ်မုတ်ဆိတ်က ပြောသည်။
https://youtu.be/M1hkPgeI-Y0
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အာဇာနည်နေ့
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
======================
ကိုခင်မောင် (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် Daung New Generation -ဒေါင်းမျိုးဆက်တပ်ဖွဲ့( တပ်ခွဲ-၂)က ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို အလေးပြုခြင်း ပြုလုပ်ခဲ့ကြသည်။
" ဇူလိုင်လ ၁၉ရက်နေ့ အာဇာနည်နေ့မှာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးစားရင်းအသက်စတေးခဲ့ရတဲ့ အာဇာနည် ကိုးဦးနဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရ
တဲ့ အာဇာနည်သူရဲကောင်းကြီးတွေကို ဂါဝရပြု ဦးညွှတ်တဲ့အနေနဲ့ပြုလုပ်ခဲ့တာပါ "ဟု Daung New Genration -ဒေါင်းမျိုးဆက်တပ်ဖွဲ့မှ တပ်ရင်းမှူးဗိုလ်မုတ်ဆိတ်က ပြောသည်။
https://youtu.be/M1hkPgeI-Y0
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အာဇာနည်နေ့
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
ကနီမြို့နယ်တွင် ဒေါင်းမျိုးဆက်တပ်ဖွဲ့ အာဇာနည်နေ့ အထိမ်းအမှတ်ကျင်းပ
ကိုခင်မောင် (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် Daung New Generation -ဒေါင်းမျိုးဆက်တပ်ဖွဲ့( တပ်ခွဲ-၂)က ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို…
👍28❤9😁2🔥1
ဇူလိုင်လ (၂၀) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
============================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
နွေဦးဖွံ့ဖြိုးရေးဘဏ်ရဲ့ အစုရှယ်ယာရှင်တွေကို ဘဏ်တည်ထောင်တဲ့ ပထမနှစ်မှအပ နှစ်စဉ် အမြတ် ငွေထုတ်ပေးသွားမယ့်လို့ ကြားကာလဗဟိုဘဏ်က ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံဖြိုးရေးအစီအစဉ်တွေအတွက် ယူကေအစိုးရ နိုင်ငံခြားရေးရုံးက ၂၀၂၃ နဲ့ ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ စတာလင်ပေါင် သန်း ၃၀ နဲ့ တသိန်း အသုံးပြုရေး အတည်ပြုထားတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် မဇ္ဈိမရေဒီယိုနဲ့ the Call အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ တော်လှန်ရေးအနုပညာ ကဏ္ဍကို နားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။
https://youtu.be/LDjm_ycvETw
#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
============================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
နွေဦးဖွံ့ဖြိုးရေးဘဏ်ရဲ့ အစုရှယ်ယာရှင်တွေကို ဘဏ်တည်ထောင်တဲ့ ပထမနှစ်မှအပ နှစ်စဉ် အမြတ် ငွေထုတ်ပေးသွားမယ့်လို့ ကြားကာလဗဟိုဘဏ်က ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံဖြိုးရေးအစီအစဉ်တွေအတွက် ယူကေအစိုးရ နိုင်ငံခြားရေးရုံးက ၂၀၂၃ နဲ့ ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ စတာလင်ပေါင် သန်း ၃၀ နဲ့ တသိန်း အသုံးပြုရေး အတည်ပြုထားတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် မဇ္ဈိမရေဒီယိုနဲ့ the Call အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ တော်လှန်ရေးအနုပညာ ကဏ္ဍကို နားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။
https://youtu.be/LDjm_ycvETw
#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ (၂၀) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
နွေဦးဖွံ့ဖြိုးရေးဘဏ်ရဲ့ အစုရှယ်ယာရှင်တွေကို ဘဏ်တည်ထောင်တဲ့ ပထမနှစ်မှအပ နှစ်စဉ် အမြတ် ငွေထုတ်ပေးသွားမယ့်လို့ ကြားကာလဗဟိုဘဏ်က ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံဖြိုးရ…

👍17🤣2
Media is too big
VIEW IN TELEGRAM
ကမ္ဘောဒီးယားရွေးကောက်ပွဲ အကြိုသုံးသပ်ချက် | VOA on
Mizzima Watch more detail - https://youtu.be/U9KiX7KA1jQ#VOA
#Cambodia #Election #Mizzima #shorts #reels #VOA

🤮8🔥6👍1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ် | VOA On Mizzima)
========================
ကမ္ဘောဒီးယားရွေးကောက်ပွဲ အကြိုသုံးသပ်ချက်နဲ့ နျူကလီးယားယိုစိမ့်မှုအန္တရာယ် ကြိုတင်ပြင်ဆင်မှုအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/Z7V2A5DIobs
#VOA
#MizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
========================
ကမ္ဘောဒီးယားရွေးကောက်ပွဲ အကြိုသုံးသပ်ချက်နဲ့ နျူကလီးယားယိုစိမ့်မှုအန္တရာယ် ကြိုတင်ပြင်ဆင်မှုအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/Z7V2A5DIobs
#VOA
#MizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ် | VOA On Mizzima)
ကမ္ဘောဒီးယားရွေးကောက်ပွဲ အကြိုသုံးသပ်ချက်နဲ့ နျူကလီးယားယိုစိမ့်မှုအန္တရာယ် ကြိုတင်ပြင်ဆင်မှုအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ…
👍8🔥2😁1