Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကနီမြို့နယ်တွင် ဒေါင်းမျိုးဆက်တပ်ဖွဲ့ အာဇာနည်နေ့ အထိမ်းအမှတ်ကျင်းပ
======================

ကိုခင်မောင် (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် Daung New Generation -ဒေါင်းမျိုးဆက်တပ်ဖွဲ့( တပ်ခွဲ-၂)က ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို အလေးပြုခြင်း ပြုလုပ်ခဲ့ကြသည်။

" ဇူလိုင်လ ၁၉ရက်နေ့ အာဇာနည်နေ့မှာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးစားရင်းအသက်စတေးခဲ့ရတဲ့ အာဇာနည် ကိုးဦးနဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရ

တဲ့ အာဇာနည်သူရဲကောင်းကြီးတွေကို ဂါဝရပြု ဦးညွှတ်တဲ့အနေနဲ့ပြုလုပ်ခဲ့တာပါ "ဟု Daung New Genration -ဒေါင်းမျိုးဆက်တပ်ဖွဲ့မှ တပ်ရင်းမှူးဗိုလ်မုတ်ဆိတ်က ပြောသည်။

https://youtu.be/M1hkPgeI-Y0

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အာဇာနည်နေ့
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍28❤9😁2🔥1
ဇူလိုင်လ (၂၀) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
============================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

နွေဦးဖွံ့ဖြိုးရေးဘဏ်ရဲ့ အစုရှယ်ယာရှင်တွေကို ဘဏ်တည်ထောင်တဲ့ ပထမနှစ်မှအပ နှစ်စဉ် အမြတ် ငွေထုတ်ပေးသွားမယ့်လို့ ကြားကာလဗဟိုဘဏ်က ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံဖြိုးရေးအစီအစဉ်တွေအတွက် ယူကေအစိုးရ နိုင်ငံခြားရေးရုံးက ၂၀၂၃ နဲ့ ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ စတာလင်ပေါင် သန်း ၃၀ နဲ့ တသိန်း အသုံးပြုရေး အတည်ပြုထားတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် မဇ္ဈိမရေဒီယိုနဲ့ the Call အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ တော်လှန်ရေးအနုပညာ ကဏ္ဍကို နားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/LDjm_ycvETw

#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🤣2
Media is too big
VIEW IN TELEGRAM
ကမ္ဘောဒီးယားရွေးကောက်ပွဲ အကြိုသုံးသပ်ချက် | VOA on

Mizzima Watch more detail - https://youtu.be/U9KiX7KA1jQ#VOA

#Cambodia #Election #Mizzima #shorts #reels #VOA
🤮8🔥6👍1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ် | VOA On Mizzima)
========================

ကမ္ဘောဒီးယားရွေးကောက်ပွဲ အကြိုသုံးသပ်ချက်နဲ့ နျူကလီးယားယိုစိမ့်မှုအန္တရာယ် ကြိုတင်ပြင်ဆင်မှုအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/Z7V2A5DIobs

#VOA
#MizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8🔥2😁1
​​မုဒုံ-သံဖြူဇရပ်လမ်း၌ မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ PDF များ ဓားပြတိုက်ဟု သတင်းမှားဖြန့်
====================

JC
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ မုဒုံ-သံဖြူဇရပ်လမ်းပိုင်း၌ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လမ်းပိတ်နေစဉ် ကာကွယ်ရေးတပ်ဖွဲ့များက ခရီးသည်များအား ဓားပြတိုက်သည်ဟူသောသတင်း ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

စစ်ကောင်စီဝါဒဖြန့် မှိုင်းဝေ တယ်လီဂရမ်ချန်နယ်တွင် ဇူလိုင်လ ၁၈ ရက်နေ့က “တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် မွန်ပြည်နယ် မုံဒုံ-သံဖြူဇရပ်လမ်းပိုင်း ကားလမ်းရေကျော်မှုဖြစ်နေပြီး လမ်းများပိတ်နေ ချိန် PDF+အကြမ်းဖက်များရောက်ရှိလာပြီး ခရီးသည်များကို သေနတ်ပြကာ တော်လှန်ရေးရန်ပုံငွေထည့် ရန်ပြောပြီး အတင်းအဓမ္မ ဓါးပြတိုက်သွားကြောင်းသိရ” ဟု (မူရင်းအရေးအသားအတိုင်း) ဓာတ်ပုံသုံးပုံ နှင့်အတူ ဖြန့်ဝေထားသည်။

ထိုအကြောင်းအရာနှင့် ဓာတ်ပုံများအား အခြားတယ်လီဂရမ်ချန်နယ်နှင့် ဂရုရှစ်ခုတွင် ပျံ့နှံ့နေပြီး နှစ်ရက် အတွင်း ကြည့်ရှုသူ ၄၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။ ထို့ပြင် ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။

အဆိုပါဓာတ်ပုံများနှင့် ဖြစ်စဉ်အား မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူမှစိစစ်ခဲ့ရာတွင် ဖြစ်စဉ်များကို လိုသလို ပုံဖော်ရေသားအသုံးပြုထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

သတင်းတွင် ဖော်ပြထားသည့် ပထမဆုံးပုံသည် ဇူလိုင်လ ၁၃ ရက်နေ့က မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးအား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ လုံခြုံရေးယူစစ်ဆေးနေစဉ်ကပုံဖြစ် သည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် “ဒုစစ်ဒေခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ်(၃) တောင်ပိုင်းတိုင်း JOC” မှ ပြည်ထောင်စု လမ်းမကြီးအား လုံခြုံရေးယူစစ်ဆေးနေကြောင်း ဓာတ်ပုံ ၁၀ ပုံဖြင့် ဖော်ပြထားသည်။
ထိုဓါတ်ပုံ ၁၀ ပုံအနက် ဒုတိယမြောက်ပုံအား မှိုင်းဝေချန်နယ်မှဖြန့်ဝေသည့် သတင်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။

လင့် - t.ly/M4cN7
ဇူလိုင်လ ၁၈ ရက်နေ့တွင် မုဒုံ-သံဖြူဇရပ်လမ်းပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ မှစီးဆင်းလာကာ ကားလမ်းရေကျော်ခြင်းဖြစ်ပွားခဲ့သည်။

ထိုအကြောင်းကို “U Kyaw Win AB” အမည်ရှိ ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးမှ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ပိုင်းတွင် မိုးကြီးသဖြင့် ကားလမ်းရေကျော်နေခြင်းဖြစ်ကြောင်း အစောဆုံးတင်ထားသည်။
သတင်းတုတွင် အသုံးပြုထားသည့်ဓာတ်ပုံများအနက် ဒုတိယပုံနှင့် တတိယပုံသည် ဦးကျော်ဝင်းဖော်ပြ ထားသည့် ပုံများဖြစ်သည်။

လင့် - t.ly/anRGy
အလားတူ ထိုဒုတိယပုံနှင့် တတိယပုံတို့အား မွန်ပြည်နယ်တွင်းသတင်းများအား ဖော်ပြလေ့ရှိသည့် Independent Mon News Agency မှ ဇူလိုင်လ ၁၈ ရက်နေ့တွင် “မုဒုံ-သံဖြူဇရပ်လမ်းပိုင်းတွင် ကား လမ်းရေကျော်မှုဖြစ်ပွား” ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြထားသည်။

လင့် - t.ly/ykuyb
ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မုဒုံ-သံဖြူဇရပ်လမ်း၌ ရေကြီးရေလျှံဖြစ်ပွားပြီးနောက် နံနက် ၈ နာရီ ခန့်အထိ ကားများသွားလာမရဘဲ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။ ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားစဉ်အတွင်း နယ်မြေခံပရဟိတအဖွဲ့များမှ စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြသည်။

မဇ္ဈိမအနေဖြင့် ဇူလိုင်လ ၁၈ ရက်နေ့ ကားလမ်းပိတ်ဆို့နေစဉ် ဓားပြတိုက်မှု၊ လုယက်မှုနှင့် KNLA ၊ PDF များရောက်ရှိလာခြင်း ရှိ၊ မရှိအား ကူညီဆောင်ရွက်ခဲ့သူတစ်ယောက်ကိုမေးမြန်းရာတွင် PDF များ ရောက် ရှိလာခြင်းမရှိသကဲ့သို့ မည်သည့် ဓားပြမှု၊ လုယက်မှုမျှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ပြောသည်။

ထို့ကြောင့် မုဒုံ-သံဖြူဇရပ်လမ်းပိုင်းတွင် တောင်ကျရေကြောင့်လမ်းပိတ်နေစဉ် ကာကွယ်ရေးတပ်ဖွဲ့များမှ ခရီးသည်များအား တော်လှန်ရေးရန်ပုံငွေအကြောင်းပြကာ ဓားပြတိုက်ခဲ့သည်ဆိုခြင်းမှာ သတင်းအမှား ပင် ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Weekly_Package
#မုဒုံ_သံဖြူဇရပ်လမ်းပိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁8
​​အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နာရီပိုင်းအလို အော့ကလန်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား
=======================

နယူးဇီလန်နိုင်ငံ၊ အော့ကလန်မြို့ဟာ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို မဖွင့်ခင် နာရီပိုင်းအလို မြို့လယ်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ပါတယ်။

စီးပွားရေးအချက်အချာကျတဲ့ ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ရး၂၂ နာရီ (၁၉း၂၂ ဂရင်းနစ်စံတော်ချိန်)အချိန်က အခင်းဖြစ်ပွားပြီးနောက် ရဲအရာရှိတွေ အပါအဝင် အခြားလူခြောက်ဦး ဒဏ်ရာရခဲ့ပြီး သေနတ်သမားလည်း သေဆုံးခဲ့ပါတယ်။

ဝန်ကြီးချုပ် ခရစ္စဟစ်ပ်ကင်စ်ကတော့ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်လုပ်ရပ်အဖြစ် မရှုမြင်ဘူးလို့ ပြောပါတယ်။ ပြိုင်ပွဲကတော့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမှာပါလို့ သူက ပြောပါတယ်။

ကွင်းလမ်းမှာ ဒီအခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဟာ ခြိမ်းခြောက်မှုကို ဖြေရှင်းခဲ့ပြီး ဆက်လက်ပြီး အန္တရာယ်မရှိဘူးလို့ ပြည်သူတွေက အာမခံနိုင်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
တိုက်ခိုက်မှုအတွက် နိုင်ငံရေး ဒါမှမဟုတ် အယူဝါဒဆိုင်ရာ စေ့ဆော်မှုလို့ မသတ်မှတ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
သေနတ်သမားမှာ pump-action သေနတ် ကိုင်ဆောင်ထားတယ်လို့ သူက ဆိုပါတယ်။

ဟစ်ပ်ကင်စ်က "အခြားသူတွေရဲ့ အသက်ကို ကယ်တင်ဖို့အတွက် အန္တရာယ်ရှိရာ သေနတ်ပစ်ခတ်ကွင်းထဲဆီ တည့်တည့်တိုးဝင်သွားတဲ့ နယူးဇီလန်ရဲ့ ရဲရင့်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို" ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

“ဒီလိုအခြေအနေမျိုးတွေက မြန်မြန်ဆန်ဆန် ရွေ့လျားပြီး တခြားသူတွေကို ကယ်တင်ဖို့ သူတို့ရဲ့ အသက်အန္တရာယ်ကို စွန့်စားရတဲ့ လုပ်ဆောင်ချက်တွေက သူရဲကောင်းဆန်တာချည်းပါပဲ”လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

အော်ကလန်မြို့တော်ဝန် ဝိန်းဘရောင်းရဲ့ ပြောကြားချက်အရ ဖီဖာဝန်ထမ်းတွေနဲ့ ဘောလုံးအသင်းတွေအားလုံးဟာ ဘေးကင်းလုံခြုံတယ်လို့ သိရပါတယ်။

ဖီဖာက သေဆုံးသူတွေရဲ့ မိသားစုတွေကို “အထူးပင် ဝမ်းနည်းကြေကွဲမိကြောင်း” ပြသခဲ့ပြီး နယူးဇီလန် အာဏာပိုင်တွေနဲ့ ဆက်သွယ်မှု ပြုလုပ်ထားကြောင်း ပြောပါတယ်။

နယူးဇီလန်နဲ့ နော်ဝေတို့ရဲ့ အဖွင့်ပွဲစဉ်ကို မြို့ရဲ့ Eden Park မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
၉ ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို နယူးဇီလန်နဲ့ သြစတြေးလျတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။
👍18🔥1👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
နျူကလီးယားယိုစိမ့်မှုအန္တရာယ် ကြိုတင်ပြင်ဆင် | VOA on Mizzima

Watch more detail - https://youtu.be/DqM4ZyxxDaE#VOA

#Nuclear #ယိုစိမ့်မှုအန္တရာယ် #Mizzima #shorts #reels #VOA
👍5🔥2
စစ်ကောင်စီရဲ့ လုပ်ရပ်တွေက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ စစ်ရာဝတ်မှု မြောက်နေပြီလား
============================

မြန်မာနိုင်ငံတဝှမ်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သန်းနီးပါး ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး - UN OCHA က ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီအရေအတွက်ဟာ မြန်မာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်း နီးပါးကို ညွှန်းဆိုရာလည်း ရောက်ပါတယ်။
ဆက်လက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေက လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်ကို ပိုဆိုးရွားစေတဲ့အပြင် စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက် အရေးပေါ် အကူအညီတွေ အမြန်ဆုံးလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

https://youtu.be/a4zHQsdhPXg

#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍13😁2
ကမ္ဘောဒီးယားရွေးကောက်ပွဲ အကြိုသုံးသပ်ချက် | VOA on Mizzima
======================

ဇူလိုင် ၂၃ ရက် တနင်္ဂနွေနေ့မှာ ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို အတိုက်အခံ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးဘဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ကမ္ဘောဒီယားအစိုးရက အခိုင်အမာ ပြောဆိုနေပေမယ့် အမေရိကန်အပါအဝင် အနောက်မဟာမိတ်အုပ်စု၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားဆောင်ရွက်နေကြသူတွေကတော့ အဲဒီအပေါ်မှာ ဝေဖန်ရှုတ်ချလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Luke Hunt ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။

https://www.youtube.com/watch?v=U9KiX7KA1jQ&t=134s

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9🔥2😁2
​​မြန်မာနိုင်ငံက ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို အမေရိကန်သံအမတ်ကြီးသစ် ချီးမွမ်းဂုဏ်ပြု
=======================

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသစ် ဆူဆန် စတီဗင်ဆန်က မြန်မာပြည်သူများအား သူမ၏ မိတ်ဆက်သတင်းစကားပါးရာတွင် အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်အုပ်ချုပ်သူများအား ဖိအားပေးနိုင်ရေး၊ ကျူးလွန်သူများအား တာဝန်ခံစေလာရေး နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများတွင် ရှေ့တန်းက ရပ်တည်နေကြောင်း ပြောဆိုထားသည်။

ထိုပြင် လွတ်လပ်ခွင့်အတွက် တောင်းဆိုနေကြသော၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြင်းပြနေကြသော မြန်မာပြည်သူများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ရဲစွမ်းသတ္တိရှိမှုတို့ကိုလည်း အသိအမှတ်ပြုကြောင်း ပြောဆိုထားသည်။

“NUG၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် အားလုံးဟာ ပဋိပက္ခ ဖြေရှင်းနိုင်ရေး ကြိုးစားနေကြသည့် ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုတွေကို ကျွန်မတို့ အားပေးထောက်ခံတယ်၊ မြန်မာနိုင်ငံမှာ လိုအပ်နေသူတွေဆီ အထူးသဖြင့် စစ်အုပ်ချုပ်ရေးရဲ့ လက်သင့်ခံစရာ မရှိတဲ့ အကြမ်းဖက်မှုတွေ ကြုံရသူတွေဆီ လူသားချင်း စာနာထောက်ထားရေး အားချင်းအကူအညီတွေ ပေးပို့နိုင်ဖို့ ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ဇူလိုင် ၁၇ ရက်က ဗီဒီယို မိန့်ခွန်းတွင် စတီဗင်ဆန်က ပြောသည်။
👍23👏5❤2😁1🤮1
​​မြန်မာစစ်တပ် လေယာဉ်ဆီ ရရှိနေမှုအပေါ် ပိတ်ပင်ကန့်သတ်ရေး နိုင်ငံတကာအစိုးရများကို ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ တိုက်တွန်း
=====================

နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာအပေါ် “ပိုမို ပြင်းထန်သော” ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်ပြီး စစ်တပ်ထံ လေယာဉ်ဆီ မရောက်ရှိစေရန် ပိတ်ပင်ကန့်သတ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သည့် ကင်မ် အဲရစ် (ခေါ်) ကိုထိန်လင်းက Sky News သတင်းဌာနကို ပြောကြားသည်။

မြန်မာတွင် ၂၀၂၁ ခုနှစ်က ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးအကျဉ်းချခံထားရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သား ကင်မ် အဲရစ် Sky News နှင့် ယခု တွေ့ဆုံမှုမတိုင်မီ Sky News သတင်းဌာန၏ သတင်းထောက်ချုပ် စတူဝက် ရမ်ဆေးနှင့် အဖွဲ့သည် မြန်မာစစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင် အရှိန်မြင့်နေသည့် ပြည်တွင်းစစ်နှင့်ပတ်သက်ပြီး သတင်းရယူဖော်ပြရန် မြန်မာနိုင်ငံ တောတွင်းနေရာသို့ လျှို့ဝှက်သွားရောက်ခဲ့သည်။
👍30❤3😁1💩1
မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချမှု ကုလ စွပ်စွဲချက် တရုတ် ကန့်ကွက်
===================

တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်အာဏာရှင်တွေကို ဘဏ္ဍာငွေကြေး ထောက်ပံ့မှုပေးနေပြီး စစ်လက်နက်တွေ ရောင်းချနေကြောင်း ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေကို တရုတ်အစိုးရက ငြင်းဆို ကန့်ကွက် လိုက်ပါတယ်။

မြို့တော် ဘေကျင်းမှာ ပုံမှန်ကျင်းပတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ မစ္စမောင်နင်းက ပြေကြားသွားတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်တင်သွင်းခဲ့တဲ့အစီရင်ခံစာဟာ လုပ်ပိုင်ခွင့်ကို ကျော် လွန် လုပ်ဆောင်နေသလိုမျိုးဖြစ်နေတယ်လို့ တရုတ်အစိုးရက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကြား စစ်လက်နက်ပစ္စည်း ပုံမှန်အရောင်း အဝယ်လုပ်ဆောင်မှုတွေကို အပုပ်ချတာမျိုးတွေအပြင် မမှန်ကန်တဲ့အချက်အလက်တွေကို အခြေခံထားတာမျိုး ဖြစ်နေတယ်။ အဲဒီအစီရင်ခံစာကို တရုတ်အစိုးရက ကန့်ကွက်ဆန့်ကျင်ပါတယ် လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တရုတ်၊ ရုရှား နိုင်ငံတို့ထံကနေ စစ်လက်နက်ပစ္စည်းများ တင်သွင်းလျက်ရှိနေကြောင်း ပြီးခဲ့တဲ့မေလက တင်သွင်းခဲ့တဲ့ တွန်အန်ဒရူးရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

https://youtu.be/Xi-bOt08W7M

#politicalnews
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
😁9👍6👏4
Media is too big
VIEW IN TELEGRAM
မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချမှု ကုလ စွပ်စွဲချက် တရုတ် ကန့်ကွက်

Watch more detail - https://youtu.be/Xi-bOt08W7M

#မြန်မာစစ်တပ် #ကုလစွပ်စွဲချက် #China #VideoNews #shorts #reels #Mizzima
😁14👍3👏1🍓1
This media is not supported in your browser
VIEW IN TELEGRAM
July - 20 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍6😁1🍌1
Media is too big
VIEW IN TELEGRAM
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးတိုးမြှင့်

Watch more detail - https://youtu.be/Xi-bOt08W7M

#မြန်မာ့ပညာရေး #အကျပ်အတည်းကြုံ #ကမ္ဘာ့ဘဏ်သတိပေး #VideoNews #shorts #reels #Mizzima
👍8🔥2👏1
ဇူလိုင်လ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===========================

-နွေဦးဖွံ့ဖြိုးရေးဘဏ်ရဲ့ ရှယ်ယာရှင်တွေကို ဘဏ်တည်ထောင်တဲ့ ပထမနှစ်မှအပ နှစ်စဉ်အမြတ် ငွေထုတ်ပေးမယ်ဆိုတဲ့သတင်း

- မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချမှု ကုလ စွပ်စွဲချက် တရုတ် ကန့်ကွက်တဲ့သတင်း

-မြဝတီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှဗိုလ်ကြီးသေဆုံးပြီး ၅ ဦးဒဏ်ရာရကြောင်း Cobra ပြောတဲ့သတင်း

-ထိုင်းပြုပြင်ပြောင်းလဲရေးဝါဒီ ပီတာရဲ့ ဝန်ကြီးချုပ်အိပ်မက် ရှေးရိုးစွဲအတိုက်အခံတွေကြောင့် ပျက်ပြားသွားခဲ့တဲ့သတင်းအပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/p_wDPEAKhSY

#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁1
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေး အကျပ်အတည်းကြုံနေရကြောင်း ကမ္ဘာ့ဘဏ်သတိပေး

Watch more detail - https://youtu.be/Xi-bOt08W7M

#မြန်မာ့ပညာရေး #အကျပ်အတည်းကြုံ #ကမ္ဘာ့ဘဏ်သတိပေး#VideoNews #shorts #reels #Mizzima
👍10🔥2😢1