This media is not supported in your browser
VIEW IN TELEGRAM
အာဖဂန်တာလီဘန်တွေက အမျိုးသမီးအလှပြင်ဆိုင်တွေကို ပိတ်ဖို့အမိန့်ထုတ်
#internationalnews #reels #shorts #Afgan #Taliban #Mizzima

😁4👍1
လွန်ကဲစွာ ပူပြင်းမှုကို တိုက်ကြီး ၃ တိုက်ရှိ ပြည်သူသန်းပေါင်းများစွာ ရင်ဆိုင်ခံစားရ
=====================
ခြစ်ခြစ်တောက် ပူသည့် လွန်ကဲသော အပူချိန်ကို ဗုဒ္ဓဟူးနေ့၌ ပြည်သူသန်းပေါင်းများစွာ ကြုံတွေ့ခံစားရပြီး ကျန်းမာရေးအတွက် ကြောင့်ကြမှုများ ဖြစ်ရသကဲ့သို့ ကမ္ဘာကြီးအနေဖြင့် ဇူလိုင်လ၏ အပူဆုံးလအဖြစ် စံချိန်တင်ရန် ဦးတည်လျက် ရှိနေသည်။
ကမ္ဘာ့တိုက်ကြီး သုံးတိုက်တွင် အပူချိန် စံချိန်တင် မြင့်တက်မှုကြောင့် ဇီဝလောင်စာ လောင်ကျွမ်းမှုကြောင့် ဖြစ်သော ရာသီဥတု ပြောင်းလဲမှုကို ပညာရှင်များက လက်ညိုးထိုးပြီး ကမ္ဘာကြီးပူနွေးလာမှုက ရာသီဥတု ပျက်စီးမှုတွင် အဓိက ကျသည်ဟု ပြောဆိုသည်။
အပူချိန်မြင့်တက်မှုကြောင့် အစိုးရများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

🔥5
တနင်္သာရီ-မောတောင် လမ်းပိုင်းမှာ ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ် စစ်ကောင်စီဘက် အထိနာဟုဆို
==========================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ တနင်္သာရီ-မောတောင် လမ်းပိုင်းတွင် ယခုလ ဇူလိုင် ၁၅ ရက်နေကစ၍ ၁၉ ရက်နေ့ အထိ ငါးရက် ဆက်တိုက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က အထိနာပြီး နှစ်ဖက် စစ်ရေး ပြန်လည်ငြိမ်သက်နေကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်ဖြင့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ရေဖြူရွာ ထုံခါး-မောတောင် လမ်းပိုင်းကို စတင် စစ်ကြောင်းထိုး ရောက်ရှိလာရာမှ KTLA (ထီးစမယ်ရွာ တပ်ရင်း)၊ KNU တပ်ရင်း (၁၁)၊ နဂါးမင်း (PDF) Drone အဖွဲ့၊ SWDF တောင်ပိုင်း သူရဲကောင်းများအဖွဲ့နှင့် ခွပ်ဒေါင်းတမန် စစ်ကြောင်း စသည့်ပူးပေါင်း တပ်ဖွဲ့ ဝင်များနှင့် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း KTLA-Tcjf အဖွဲ့၏ ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။
တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ဒီတိုက်ပွဲမှာတော့ တော်လှန်ရေးအင်အားစုဖက်က အထိခိုက်မရှိဘူး၊ စစ်တပ်ဖက်မှာတော့ ထိခိုက်သေဆုံးရှိပြီး အတည်မပြုနိုင်သေးပါ၊ လက်ရှိ သိန်ခွန်းနဲ့ သဲဖြူကြား နှစ်ဖက် တင်းမာနေတဲ့ အနေထား ရှိနေဆဲပါ၊ ဆက်တိုးလာရင် (သို့မဟုတ်) နောက်မဆုတ်ရင်တိုက်ပွဲ ပိုပြင်းထန်မယ်” ဟု ပြော သည်။
လက်ရှိတွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေခြင်းကြောင့် ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပြေးတိမ်းရှောင် သိန်ခွန်းကျေးရွာနှင့် ချောင်းနှစ်ပေါက်ရွာက စစ်ရှောင်များသည် ပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အတူ တိုက်ပွဲကြောင့် ပိတ်ထားသော တနင်္သာရီ-မောတောင် နယ်စပ် လမ်းကိုလည်း ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် ယခင်အတိုင်း ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်လည်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တနင်္သာရီမြို့နယ်
#KTLA
#စစ်အုပ်ချုပ်ရေး
#PDF
ပုံ - တနင်္သာရီမြို့နယ် ထုံခါ-ချောင်းနှစ်ပေါက်နေရာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍17😁2❤1
Media is too big
VIEW IN TELEGRAM
ဆာဟာရဒေသမှာ အယ်လ်ဂျီးရီးယားဘတ်စ်ကားတိမ်းမှောက်မှု ၃၄ ဦးသေဆုံး
#internationalnews #reels #shorts #Mizzima

🔥4👍1
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပင်လယ်ထဲသို့ ပစ်လွှတ်
====================
https://youtu.be/lUc3PhgdFRY
====================
https://youtu.be/lUc3PhgdFRY
YouTube
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပင်လယ်ထဲသို့ ပစ်လွှတ်
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပင်လယ်ထဲသို့ ပစ်လွှတ်
#internationalnews
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍9❤1👏1
Media is too big
VIEW IN TELEGRAM
ကိုယ်ခံပညာစူပါစတား ဘရုစ်လီကွယ်လွန်ခြင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ်ပွဲကျင်းပ
#internationalnews #reels #shorts #Mizzima
#internationalnews #reels #shorts #Mizzima
👍11🔥1😁1
ရေဖြူမြို့နယ်စစ်ရှောင်စခန်းများတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ဦးရေ ၁၀၀ ဝန်းကျင်ရှိနေ
🔥4💊2😁1😢1

===================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ဦးရေ ၁၀၀ ဝန်းကျင်ရှိနေပြီး ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ် လိုအပ်ကြောင်း ဂိမှာန် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး ကော်မတီ အဖွဲ့ တာဝန်ရှိသူထံက သိရသည်။
ထိုအရေအတွက်မှာ ယင်းအဖွဲ့က ရရှိထားသည့် စာရင်းသာဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားသူဦးရေ ပိုများနိုင်ကာ စာရင်းအတိအကျရနိုင်ရန် ခက်ခဲကြောင်း ၎င်းက ဆိုသည်။
“အခု စစ်ရှောင် ပြည်သူတွေ အနေနဲ့ စနစ် တကျ တည်ဆောက် ထားတဲ့ စစ်ရှောင်စခန်းတွေ မရှိတဲ့ အတွက် အဆင်ပြေရာ နေရာတွေမှာ မှီခို နေထိုင်ကြရတော့ စာရင်း အတိ အကျ သိရဖို့ ခက်ခဲပါတယ်။ ကလေးတွေမှာ ဖြစ်ပွားမှု အတော်များပါတယ်။ အသက် ၁၅ နှစ်အောက်တွေပေါ့ ။ ဒါက ထားဝယ်ဒေသ ရေဖြူ တစ်ခုတည်းကို ပြောတာပါ ”ဟု အဖွဲ့ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ရေဖြူမြို့နယ်ရှိ စစ်ရှောင်စခန်းများ အပြင် ကျေးရွာ အချို့တွင်လည်း သွေးလွန် တုပ်ကွေး ဖြစ်ပွားမှု မြှင့်တက်နေပြီး အသက် သေဆုံးသူများ ရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ မြေပြင်က ရရှိတဲ့ အချက်အလက်များ အရ ဆိုရင် ရွာတွေမှာလည်း ဖြစ်နေသလို စစ်ရှောင် စခန်းတွေမှာ ဆိုရင် အခြေခံ လိုအပ်ချက်တွေများတော့ ပိုဖြစ်နေတယ်”ဟု ထိုအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
စစ်ရှောင်မိသားစုများသည် တောတောင်ထဲတွင် ရှောင်တိမ်းနေထိုင်ကြရပြီး အမိုးအကာ၊ အနွေးထည် နှင့် အဝတ်အစားများ လုံလောက်မှုမရှိ၍ ထိုသို့ ဖြစ်ပွားသူများပြားနေခြင်းဖြစ်ကြောင်း စစ်ရှောင် အရေး ကူညီပေးနေသူများထံက သိရသည်။
လက်ရှိတွင် သွေးလွန်တုပ်ကွေးရောဂါကုသရန် ဆေးဝါးနှင့် ဓာတ်ဆားထုတ်များ အရေးပေါ်လိုအပ်နေသည်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် သယ်ဆောင်ထားသည့် ခြင်ကိုက်ခံရမှုမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေပြီး အသက် သုံးနှစ်မှ ၁၅ နှစ်အတွင်း ကလေးငယ်များတွင် ရောဂါဖြစ်ပွားမှုများကြောင်း ဆရာဝန်များက ဆိုသည်။
စစ်ကောင်စီက ထားဝယ်ရေနက်ဆိပ်ကမ်း တည်ရှိရာ နဘုလယ်ဒေသ၊ ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ် တစ်လျှောက်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က စကာ နယ်မြေ စီးနင်းမှု ပြုလုပ်ခဲ့သေးကြောင်း သိရ သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သွေးလွန်တုပ်ကွေး
#ရေဖြူမြို့နယ်

👍4🔥4🤬2😢1👌1
စစ်အာဏာသိမ်းပြီးနောက်မြန်မာကိုပေးတဲ့အကူအညီ၇ဝရာခိုင်နှုန်းဗြိတိန်လျှော့ချ |BusinessRoundUp(20.7.2023)
====================
- မြန်မာအပါအဝင် ဘင်းမ်စတက်အဖွဲ့ဝင်များအကြား နိုင်ငံဖြတ်ကျော် ငွေပေးချေစနစ် ထူထောင်ရန် ဆွေးနွေးခဲ့
- စစ်အာဏာသိမ်းပြီးနောက် မြန်မာကိုပေးတဲ့အကူအညီ ၇ဝ ရာခိုင်နှုန်း ဗြိတိန် လျှော့ချ
- ထိုင်းနိုင်ငံရေးဂယက်နဲ့ စစ်ကောင်စီရဲ့ ပိတ်ဆို့ကန့်သတ်မှုများကြောင့် ထိုင်း-မြန်မာကုန်သွယ်ရေး ထိခိုက်
- ကမ္ဘာကျော် ကလေးပေါင်ဒါ Johnson & Johnson ကင်ဆာဖြစ်စေမှုနှင့် တရားစွဲခံရ
- ရေနံစိမ်းထုတ်လုပ်တဲ့ နိုင်ဂျီးရီးယားမှာ ဓာတ်ဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်နေ
https://youtu.be/W72L1yb8iIY
#businessroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

- ထိုင်းနိုင်ငံရေးဂယက်နဲ့ စစ်ကောင်စီရဲ့ ပိတ်ဆို့ကန့်သတ်မှုများကြောင့် ထိုင်း…

🔥6👍5😁1
This media is not supported in your browser
VIEW IN TELEGRAM
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ပူတင် တောင်အာဖရိကနိုင်ငံသို့ BRICS ထိပ်သီးဆွေးနွေးပွဲသွားမတက်ရဲ
#internationalnews #reels #shorts #BRICS #SouthAfica

🤣13❤1🥱1
ဆန်နှင့်ဆီအပါအ၀င် စားသောက်ကုန်စျေးနှုန်းများ ဆက်တိုက်မြင့်တက်နေမှုကြောင့် အိမ်ရှင်မများ အခက်ကြုံနေရ
==================
ရောင်နီ
(မဇ္စျိမ)။ ။ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်များအပါအ၀င် ကုန်စျေးနှုန်းများ ဆက်တိုက်မြင့်တက် နေခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း အိမ်ရှင်မများနှင့်ပြည်သူများက မဇ္စျိမကိုပြော သည်။
အာဏာသိမ်းကာလ နှစ်နှစ်ကျော်ကြာလာပြီဖြစ်သည့်စစ်ကောင်စီကို နိုင်ငံတကာမှပိတ်ဆို့ အရေးယူမှု များ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ယင်းကဲ့သို့ပိတ်ဆို့မှုများကြောင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာ ခြင်း၏နောက်ဆက်တွဲအဖြစ် ပြည်တွင်း၌ ကုန်ပစ္စည်းစျေးနှုန်းများ တစထက်တစမြင့်တက်လာခဲ့ခြင်းဖြစ် သည်။
“လက်ရှိကုန်စျေးနှုန်းက မနေ့ကနဲ့ ဒီနေ့တောင် မတူဘူး။ စျေးသည်တွေတောင် ဒိုင်ကယူစျေးနဲ့ ပြန်ရောင်း တဲ့စျေးမမျှလို့ မရောင်းနိုင်ကြဘူး။ ၀ယ်စားသူတွေကလည်း ပိုက်ဆံကို ချိန်ပြီး၀ယ်နေကြရတယ်” ဟု ကြည်မြင့်တိုင်မြို့နယ်မှ အိမ်ရှင်မတဦးက ပြောသည်။
ရပ်ကွက်စျေးများတွင် ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်များအပြင် အသားငါးစျေးနှုန်းများလည်း တရိပ်ရိပ်မြင့်တက်နေကာ အိမ်ရှင်မများအနေဖြင့် စျေး၀ယ်ရာတွင် ချိန်ဆကာ၀ယ်ယူနေကြရကြောင်း ဆိုသည်။
သာကေတမြို့နယ်တွင်နေထိုင်သူတဦးက “တဖြည်းဖြည်းချင်း မသိမသာ စျေးတက်နေတာ။ ကြက်ဥ ဘဲဥဆို နှစ်ဆလောက် တက်တယ်။ ဆန်နဲ့ဆီတွေလည်း စျေးတက်တယ်။ အခုဆို ဆန်အကြမ်းတောင် ၄၀,၀၀ ကျော်နေပြီ။ ဂျင်းဆို တစ်ဆယ်သား ၁၂၀၀ ဖြစ်သွားပြီ” ဟု ပြောသည်။
ယခင်က တပတ်လျှင် စျေးဖိုး ၃၀၀,၀၀ ကျပ်သာ ကုန်ကျသော်လည်း ယခုအခါ စျေးဖိုးအနေဖြင့် တရက် လျှင် ၁၀၀,၀၀ ခန့် သုံးစွဲနေရကြောင်း ၎င်းက ဆိုသည်။
“ တစ်ရက် ၁၀,၀၀၀ ဆိုတာတောင် လေးယောက်လောက်ပဲ အများဆုံးစားလို့ရတယ်။ ဆန်တွေ ဆီတွေ ၀ယ်တာမပါဘူး။ ဟင်းစားကိုပဲပြောတာ။ ဒါတောင် ကြက်သား၊ ၀က်သားပဲ စားလို့ရမှာ။ ပုဇွန်သာ၀ယ် စားရင် တစ်ရက် ၁၀,၀၀၀ တောင် မလောက်ဘူး၊ အရင်က ၁၀,၀၀၀ ဖိုး၀ယ်ရင် ဟင်းစားနှစ်ရက်စာ ရတယ်” ဟု လည်း ပြောသည်။
ထို့သို့ ကုန်စျေးနှုန်းကြီးမြင့်လာမှုများကြောင့် နေ့စဥ် မီးဖိုချောင်စရိတ်အတွက်သာ ငွေကို ချိန်ဆသုံးစွဲနေရ ပြီး အခြား လူမှုရေးကိစ္စများတွင် လစ်ဟင်းမှုများရှိလာကြောင်း ဆိုကြသည်။
“ကုန်စျေးနှုန်းတွေတက်တော့ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့အတွက် လူမှုရေးတွေလည်း ပျက်ကွက်မှု တွေ ရှိလာတယ်။ အလှုအတန်းတွေ၊ မင်္ဂလာဆောင်တွေ၊ နာရေးတွေမှာတောင် ငွေထောက်ပံ့နိုင်ဖို့က ခက်ခဲလာနေပါတယ်။ လူတွေက တော်တော်ကို အဆင်မပြေဖြစ်နေကြတာပါ” ဟု တောင်ဥက္ကလာပမြို့ နယ်တွင် နေထိုင်သူ အမျိုးသမီးတဦးက ပြောသည်။
ထို့ပြင် အိမ်အတွက် အခြား အထွေထွေအသုံးစရိတ်များလည်းရှိနေခြင်းကြောင့် မိသားစုတစုတွင် လစဥ် ထွက်ငွေသည် ၀င်ငွေထက် ပိုမိုများပြားနေကြောင်းလည်းလည်း ညည်းတွားနေကြသည်။
“ ၀င်ငွေကနည်းပြီး ထွက်ငွေကများနေတာ။ တိုက်ခန်းနဲ့နေတော့ မြေဖိုးရေဖိုးတွေရှိတယ်။ မီးကလည်း ပုံမှန်သာမလာသာ မီတာခကတော့မလျော့ဘူး။ အရင်ကတော့ ပေပြီးမဆောင်ပဲနေပေမယ့် အခုက မဆောင်ဘဲ နေလို့မရဘူးလေ” ဟု ကြည်မြင့်တိုင်မြို့နယ်မှအိမ်ရှင်မတဦးက ပြောသည်။
ရန်ကုန်မြို့၌ အခြေခံစားသောက်ကုန်စျေးနှုန်းအပြင် အခြား လူသုံးကုန်ပစ္စည်းများလည်း ဆက်တိုက် ဈေးတက်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် မော်တော်ယာဥ်လိုင်းများသည် ခရီးစဥ်အကွာအဝေးအလိုက် စျေးနှုန်းတိုးမြှင့်ကောက်ခံမှုများလည်း ရှိနေသည်။
“ အရင်က မြို့တွင်းလိုင်းကားခက ၁၀၀၊ အခုဆို ၂၀၀ ပေးရတယ်။ ခရီးစဥ်ရှည်တဲ့ ဘတ်စ်ကားတွေဆို ၄၀၀ ကနေ ၅၀၀ အထိပေးရတာတွေရှိတယ်။ နှစ်ဆတွေ တက်ကုန်တာ။ City Mart က စားနေကြမုန့် တွေတောင် သွား၀ယ်တိုင်းတက်နေတာ။ အရင်ကတော့ လတိုင်းစားနိုင်ပေမယ့် အခုကျတော့ စားဖို့ကို ပြန်တွေးနေရတယ်။ ၀င်ငွေကတက်မလာဘဲနဲ့ ကုန်ပစ္စည်းစျေးနှုန်းတွေတက်လာတော့ အလိုလို ချွေတာ နေရတယ်” ဟု ရန်ကုန်မြို့မှ အသက် ၃၀ အရွယ် ကုမ္ပဏီ၀န်ထမ်း အမျိုးသမီးတဦးက ပြောသည်။
ထိုသို့ အခြေခံစားသောက်ကုန်စျေးနှုန်းများမြင့်တက်နေသော်လည်း ရန်ကုန်မြို့တွင် စစ်တပ်အာဏာ သိမ်းပြီးနောက် ပေါများလာသည့် အရက်ဘီယာဆိုင်များနှင့် ကလပ်များ၊ ဘားများတွင် စျေးနှုန်းမြင့်တက် မှုမရှိပဲ လူစည်းကားနေဆဲသာ ဖြစ်ကြောင်း တွေ့ရသည်။
“အရက်ဆိုင်တွေ၊ ဘားတွေမှာတော့ စျေးတက်တာမရှိဘူး။ ဘီယာအမျိုးအစားနဲ့ ဆိုင်ပေါ်မူတည်ပြီး စျေး နှုန်းကွာခြားတာပဲ ရှိတယ်။ ဒါပေမယ့် နိုင်ငံခြားအရက်နဲ့ ၀ိုင်တွေကတော့ အရင်စျေးထက် တစ်သောင်း၊ နှစ်သောင်းလောက် စျေးတက်သွားတာမျိုးတွေရှိပါတယ်” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် လူငယ်အမျိုးသားတဦးက ပြောသည်။

👍10🔥6🤬5😢1
ဇူလိုင်လ (၂၀)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
01:03 - အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေး အကျပ်အတည်းကြုံနေရကြောင်း ကမ္ဘာ့ဘဏ်သတိပေးတဲ့သတင်း
03:53 - မော်လမြိုင်မှာ ၇၁ နှစ်အတွင်း စံချိန်တင်မိုးကြီးပြီးနောက် မော်လမြိုင်နဲ့ ပေါင်မှာ ရေဘေးကြောင့် ၃ ဦးသေ ၁ ဦးပျောက်ဆုံးတဲ့သတင်း
06:43 - KTV သွားတဲ့ ရဲတပ်ကြပ်နဲ့အဖွဲ့ သေနတ်နဲ့ ပစ်သတ်ခံရပြီး ၄ ဦးသေဆုံးတဲ့သတင်း
08:01 - ဖမ်းဝရမ်းထုတ်ခံထားရတဲ့ပူတင် တောင်အာဖရိကနိုင်ငံသို့ BRICS ထိပ်သီးဆွေးနွေးပွဲသွားမတက်ရဲတဲ့သတင်း အပါအဝင် တစ်ခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/Bhb61A5he7s
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
======================
01:03 - အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေး အကျပ်အတည်းကြုံနေရကြောင်း ကမ္ဘာ့ဘဏ်သတိပေးတဲ့သတင်း
03:53 - မော်လမြိုင်မှာ ၇၁ နှစ်အတွင်း စံချိန်တင်မိုးကြီးပြီးနောက် မော်လမြိုင်နဲ့ ပေါင်မှာ ရေဘေးကြောင့် ၃ ဦးသေ ၁ ဦးပျောက်ဆုံးတဲ့သတင်း
06:43 - KTV သွားတဲ့ ရဲတပ်ကြပ်နဲ့အဖွဲ့ သေနတ်နဲ့ ပစ်သတ်ခံရပြီး ၄ ဦးသေဆုံးတဲ့သတင်း
08:01 - ဖမ်းဝရမ်းထုတ်ခံထားရတဲ့ပူတင် တောင်အာဖရိကနိုင်ငံသို့ BRICS ထိပ်သီးဆွေးနွေးပွဲသွားမတက်ရဲတဲ့သတင်း အပါအဝင် တစ်ခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/Bhb61A5he7s
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ (၂၀)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:03 - အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေး အကျပ်အတည်းကြုံနေရကြောင်း ကမ္ဘာ့ဘဏ်သတိပေးတဲ့သတင်း
03:53 - မော်လမြိုင်မှာ ၇၁ နှစ်အတွင်း စံချိန်တင်မိုးကြီးပြီးနောက် မော်လမြိုင်နဲ့ ပေါင်မှာ ရေဘေးကြောင့် ၃ ဦးသေ ၁ ဦးပျောက်ဆုံးတဲ့သတင်း
06:43 - KTV သွားတဲ့ …

👍10😁2
ကန်ပက်လက်ကို လာသည့်စစ်ကြောင်း တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံး ဟုဆို
===================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်အင်အားနှင့် ရိက္ခာ ဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၉ဦး ကျဆုံးခဲ့ပြီးဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က ဇူလိုင်လ ၁၉ရက်နေ့တွင်ထုတ်ပြန်သည်။
တင့်ကား နှစ်စီး အပါအဝင် စစ်ကားအစီး ၂၀ ကျော် အင်အား ၃၀၀ ခန့်ဖြင့် ရိက္ခာဖြည့်တင်းရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဇူလိုင်လ ၁၆ရက်မှ ၁၉ရက်အထိ လေးရက်တာအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များမှ ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။
ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၈နာရီ ၂၀မိနစ်မှ ၉ နာရီအချိန်အထိ ဆောမြို့နယ် ဆွဲလွဲကျင်းကျေးရွာအနီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။
ဇူလိုင်လ ၁၈ရက်နေ့ နံနက် ၇နာရီမှ ၇နာရီ ၃၀မိနစ်အချိန်အထိ ဆွဲလွဲကျင်းနှင့် ကန်ပက်လက်မြို့နယ် မဆာတွီကျေးရွာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများ ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းနေ့ နံနက် ၈နာရီ ၃၀မိနစ်တွင် ထပ်မံတိုက်ပွားဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့ပြီး နံနက် ၉နာရီ ၃၀မိနစ်မှ ၁၁နာရီအတွင် ဂျက်ဖိုက်တာ ငါးစင်းဖြင့် အကြိမ် ၂၀ ထက်မနည်း မဆာတွီကျေးရွာကို ပစ်ခတ်တိုက်ခိုက်သည့်အတွက် BCM ဘုရားကျောင်းအပါအဝင် လူနေအိမ် ခုနစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၉ရက် ယမန်နေ့တွင် မဆာတွီကျေးရွာအောက်နားတွင် တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံး ပြီးဒဏ်ရာရရှိသူများအပြားရှိကြောင်း CDF – Kanpetlet မှ အသိပေးထားသည်။
ယင်းတိုက်ပွဲများအတွင်း ၁၈ ရက်နေ့တွင် ရဲဘော်တစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ၁၉ ရက်နေ့ တိုက်ပွဲ၌ ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိထားကြောင်းသိရသည်။
ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်သားများသည် မဆာတွီရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ယနေ့တွင် စစ်ကြောင်း ထပ်ထွက်လာဖွယ်ရှိကြောင်း ကာကွယ်ရေး ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
စစ်ကောင်စီယာဉ်တန်းကို ခြောက်မိုင်ခန့်မျှသာ ကွာဝေးသည့် ခရီးအား ငါးရက်ကြာတဲ့အထိ ခုခံတိုက်ခိုက်ခဲ့ပြီး ရှေ့ဆက် ၂၈ မိုင် ကျန်သေးကြောင်း ဆက်လက်ခုခံတားဆီးနိုင်ရန် အရေးပေါ်ကျည် အမျိုးမျိုးလိုအပ်လျက်ရှိကြောင်း CDF – Kanpetlet တပ်မဟာမှူးက အသိပေးထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#CDFKanpetlet
#ကန်ပက်လက်မြို့နယ်
#BCM
Photo - CDF - Kanpetlet ရဲဘော်များ

👍21❤4😁2
ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=======================
https://youtu.be/jVi6hAtnKQQ
=======================
https://youtu.be/jVi6hAtnKQQ
YouTube
ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…
👍7🔥2
Beijing breaks record for the longest stretch of high-temperature days
====================
https://youtu.be/eeZfOeUQWC8

Beijing broke its record for the longest stretch of high-temperature days in a year, as the temperatures soared above 35 C (95 F) for 27 consecutive days, the China Meteorological Administration says. Qiu Yichong, a Beijing resident says she felt Beijing…
👍5🔥2