၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မြင်ကွင်းများ
====================
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၀ ရက်မှာ အော့ကလန်မြို့ရှိ Eden Park မှာ ကျင်းပပြုလုပ်စဉ်။ (ဓာတ်ပုံ - AFP/FIFAWWC/FIFA) ပြိုင်ပွဲအိမ်ရှင်အဖြစ် နယူးဇီလန်နဲ့ သြစတြေးလျတို့က ပူးတွဲကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် ၃၂ သင်းဖြင့် ပထမဆုံးကျင်းပတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၂၀ ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။

👍9👎1🔥1
ဇူလိုင်လ ၂၀ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================
-ထိုင်းနိုင်ငံရေးဂယက်နဲ့ စစ်ကောင်စီရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် ထိုင်း-မြန်မာကုန်သွယ်ရေး ထိခိုက်နေတဲ့သတင်း
-ကရင်ပြည်နယ်နဲ့ ထိုင်းနယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေကြောင့် ထိုင်းဘက်ခြမ်းမှာ နယ်စပ်လုံခြုံရေးတိုးမြှင့် ထားတဲ့သတင်း
-ဖိထာ၏ ဝန်ကြီးချုပ်ဖြစ်ရေး ကြိုးပမ်းချက် မအောင်မြင်ပြီးတဲ့နောက် နိုင်ငံမှာ တည်တည်ငြိမ်ငြိမ် ရှိကြဖို့ ထိုင်းအစိုးရ တိုက်တွန်းလိုက်တဲ့အကြောင်း
-ရေဖြူမြို့ စစ်ရှောင်စခန်း အချိုတွင် ရာသီ တုတ်ကွေး ဖြစ်ပွားမှု များနေတဲ့သတင်း
-ဖမ်းဝရမ်းထုတ်ခံထားရတဲ့ပူတင်ဟာ တောင်အာဖရိကနိုင်ငံကို BRICS ထိပ်သီးဆွေးနွေးပွဲသွားမတက်ရဲတဲ့သတင်း
-မော်လမြိုင်မှာ ၇၁ နှစ်အတွင်း စံချိန်တင်မိုးကြီးပြီး ရေဘေးကြောင့် ကလေးသုံးယောက် သေဆုံးခဲ့တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို စုစည်းတင်ဆက်ပေးသွားပါမယ်။
https://www.youtube.com/live/E0WE_O3PjB4?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ ၂၀ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
ဇူလိုင်လ ၂၀ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
-ထိုင်းနိုင်ငံရေးဂယက်နဲ့ စစ်ကောင်စီရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် ထိုင်း-မြန်မာကုန်သွယ်ရေး
ထိခိုက်နေတဲ့သတင်း
-ကရင်ပြည်နယ်နဲ့ ထိုင်းနယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေကြောင့် ထိုင်းဘက်ခြမ်းမှာ…

👍9😁2
ဇူလိုင်လ (၂၀)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
=====================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ဒိုက်ဦးထောင်ကနေ ထောင်ပြောင်းရွှေ့တယ်ဆိုပြီး ထောင်ထဲက ထုတ်သွားပြီးတဲ့နောက် တရားမဲ့ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၈ ဦးအထိရှိလာနေပြီဆိုတဲ့ သတင်းနဲ့အတူ အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာပြီး မြန်မာနိုင် ငံရဲ့ ပညာရေးစနစ်ဟာ စိုးရိမ်ဖွယ်အနေအထားမှာ ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တဲ့ သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://youtu.be/TQqdYjELvpI
#Mizzimaradio
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...ဒိုက်ဦးထောင်ကနေ ထောင်ပြောင်းရွှေ့တယ်ဆိုပြီး ထောင်ထဲက ထုတ်သွားပြီးတဲ့နောက် တရားမဲ့ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၈ ဦးအထိရှိလာနေပြီဆိုတဲ့ သတင်းနဲ့အတူ အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာပြီး မြန်မာနိုင်…
👍7🔥2❤1🤬1
Media is too big
VIEW IN TELEGRAM
July - 20 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍7🍌2
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအစီရင်ခံစာမှာ မြန်မာစစ်တပ်နဲ့ပတ်သက်ပြီး ဘာတွေပြောထားလဲ
========================
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ အထူးစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက တင်သွင်းခဲ့သည်။ ထို့အပြင် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က တင်သွင်းသော ဆုံးဖြတ်ချက်အဆိုကို ဆွေးနွေးမှုလည်း ပြုလုပ်ခဲ့သည်။ အဆိုပါ အစီရင်ခံစာနှင့် ဆုံးဖြတ်ချက်တို့နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို Human Rights Barometer အစီအစဉ်တွင် မေးမြန်းထားသည်။
https://youtu.be/vLHrx8H4W7I
#Human Rights Barometer
#တွမ်အင်ဒရူး
#ရိုဟင်ဂျာ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအစီရင်ခံစာမှာ မြန်မာစစ်တပ်နဲ့ပတ်သက်ပြီး ဘာတွေပြောထားလဲ | Human Rights Barometer - Episode 18
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ အထူးစီရင်ခံစာကို …

👍5😁2
လူမျိုးတုန်း သတ်ဖြတ်မှု ထပ်ကြုံမှာကို စိုးရိမ်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြော
=======================
မဇ္ဈိမ ။ ။ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု Genocide လို အဖြစ်အပျက်မျိုး ထပ်ကြုံရမှာကို စိုးရိမ်တယ်လို့ တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေက မဇ္ဈိမကို ပြောပါတယ်။
ဘင်ဂလာဒေ့ရှ်နိုင်ငံဟာ သေးငယ်တဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော် နေထိုင်ဖို့၊ ရိက္ခာ၊ ရေနဲ့ အိမ်သာတွေ အခက်အခဲရှိတယ် လို့လည်း ပြောပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လက်ရှိမှာ အာဏာသိမ်းပြီး အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အင်ဒရူးက ဇွန်လအတွင်းမှာ ပြောကြားထားပါတယ်။
https://youtu.be/naLqhCZC1r0
#ရိုဟင်ဂျာ
#Mizzima
#Genocide
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
=======================
မဇ္ဈိမ ။ ။ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု Genocide လို အဖြစ်အပျက်မျိုး ထပ်ကြုံရမှာကို စိုးရိမ်တယ်လို့ တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေက မဇ္ဈိမကို ပြောပါတယ်။
ဘင်ဂလာဒေ့ရှ်နိုင်ငံဟာ သေးငယ်တဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော် နေထိုင်ဖို့၊ ရိက္ခာ၊ ရေနဲ့ အိမ်သာတွေ အခက်အခဲရှိတယ် လို့လည်း ပြောပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လက်ရှိမှာ အာဏာသိမ်းပြီး အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အင်ဒရူးက ဇွန်လအတွင်းမှာ ပြောကြားထားပါတယ်။
https://youtu.be/naLqhCZC1r0
#ရိုဟင်ဂျာ
#Mizzima
#Genocide
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
လူမျိုးတုန်း သတ်ဖြတ်မှု ထပ်ကြုံမှာကို စိုးရိမ်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြော
မဇ္ဈိမ ။ ။ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု Genocide လို အဖြစ်အပျက်မျိုး ထပ်ကြုံရမှာကို စိုးရိမ်တယ်လို့ တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေက မဇ္ဈိမကို ပြောပါတယ်။
ဘင်ဂလာဒေ့ရှ်နိုင်ငံဟာ…
ဘင်ဂလာဒေ့ရှ်နိုင်ငံဟာ…
👍14👏2🔥1😁1😱1
"စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲလိုက်တဲ့ ရွာတွေဟာ ပျူရွာတွေ ဖြစ်လာတယ်"
=========================
MTO ။ ။ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး ပျူစောထီးအဖွဲ့ အထက်ဗမာပြည် နဲ့ ရန်ကုန်တိုင်းဒေသကြီး ပျူစောထီးအဖွဲ့ အောက်မြန်မာပြည်တွေကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဟာ သူတို့ကို တော်လှန်နေတဲ့ အညာဒေသတွေမှာ ကျေးရွာတွေ ကို စစ်ကြောင်းထိုးဝင်ရောက် အထိုင်ချတပ်စွဲပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်အောင် စည်းရုံးမှုတွေ ပြုလုပ်ကြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ ဟာ ပျူစောထီးအဖွဲ့ ဝင်ဖြစ်လာတဲ့သူတွေကို လက်နက်တပ်ဆင်ပေးတာ စိတ်ကြိုက် လုပ်ပိုင်ခွင့်ပေးတာတွေအပေါ် သာယာပြီး ပျူစောထီးအဖွဲ့ ဝင်တွေ ဖြစ်လာကြတာလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) ရဲ့ ခေါင်းဆောင်ကိုနွေဦးက မဇ္ဈိမကို ပြောပါတယ်။
https://youtu.be/ku6utTo1svM
တင်ဆက်၊တည်းဖြတ် -- MTO
#စစ်ကောင်စီ
#ပျူ
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
=========================
MTO ။ ။ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး ပျူစောထီးအဖွဲ့ အထက်ဗမာပြည် နဲ့ ရန်ကုန်တိုင်းဒေသကြီး ပျူစောထီးအဖွဲ့ အောက်မြန်မာပြည်တွေကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဟာ သူတို့ကို တော်လှန်နေတဲ့ အညာဒေသတွေမှာ ကျေးရွာတွေ ကို စစ်ကြောင်းထိုးဝင်ရောက် အထိုင်ချတပ်စွဲပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်အောင် စည်းရုံးမှုတွေ ပြုလုပ်ကြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ ဟာ ပျူစောထီးအဖွဲ့ ဝင်ဖြစ်လာတဲ့သူတွေကို လက်နက်တပ်ဆင်ပေးတာ စိတ်ကြိုက် လုပ်ပိုင်ခွင့်ပေးတာတွေအပေါ် သာယာပြီး ပျူစောထီးအဖွဲ့ ဝင်တွေ ဖြစ်လာကြတာလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) ရဲ့ ခေါင်းဆောင်ကိုနွေဦးက မဇ္ဈိမကို ပြောပါတယ်။
https://youtu.be/ku6utTo1svM
တင်ဆက်၊တည်းဖြတ် -- MTO
#စစ်ကောင်စီ
#ပျူ
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
"စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲလိုက်တဲ့ ရွာတွေဟာ ပျူရွာတွေ ဖြစ်လာတယ်"
MTO ။ ။ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး ပျူစောထီးအဖွဲ့ အထက်ဗမာပြည် နဲ့ ရန်ကုန်တိုင်းဒေသကြီး ပျူစောထီးအဖွဲ့ အောက်မြန်မာပြည်တွေကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဟာ သူတို့ကို…

👍15🤬8❤1😁1
မင်းလှမြို့တွင် သစ်နှင့်မီးသွေးခိုးထုတ်သောကားကို PDF ဖမ်းဆီး
=================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်းလမ်း ခါချဉ်တောင်အနီးတွင် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ ပဲခူးရိုးမအတွင်းမှ သစ်နှင့်မီးသွေးများ ခိုးထုတ်လာသောကားအား PDF မှပစ်ခတ်ဖမ်းဆီးကာ မီးရှို့ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ယာဉ်မောင်းနှင့် အခြားအမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
" ကျွန်တော်တို့ အရင်ရက်ကတည်းက သတိပေးခဲ့ပြီးသား၊ စာလည်းထုတ်ထားပြီးသားပဲဗျ၊ သတိမပေးဘဲ လုပ်တာမဟုတ်ဘူး၊ သေဆုံးသူတွေဟာလည်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့သူတွေပါပဲ။ မနေ့ညက ကားငါးစီးနဲ့ စစ်ကောင်စီတပ်သားတွေ အလောင်းကို လာသယ်တယ်၊ လာသယ်တာကို အရှေ့မှာ ပြည်သူ လေးဦးကိုဖမ်းပြီး ရှေ့ကလွှတ်တယ် ဒိုင်းအနေနဲ့ပေါ့။ လက်ရှိတော့ သူတို့ဘက်က အင်အား ၁၀၀ လောက် ရိုးမပေါ်ရောက်နေတယ်" ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
သေဆုံးခဲ့သူနှစ်ဦးမှာ မင်းလှမြို့တွင် နေထိုင်သူများဟုသိရပြီး ၎င်းတို့၏ရုပ်အလောင်းများသည် ယင်းနေ့ ည ၂ နာရီ ၁၅ မိနစ်ခန့်တွင် မင်းလှမြို့နယ်ဆေးရုံ၊ ရင်ခွဲရုံသို့ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးကလည်းပြောသည်။
" တက်လာတာက ကားက လေးစီး။ ဗိုလ်မှူးကျော်သူရနဲ့ ပေါင်းလုပ်တာ၊ ဗိုလ်မှူးကျော်သူရက ဒကစ ကရောက်လာတာ လက်ရှိမှာ မင်းလှအုပ်ချုပ်ရေးကောင်စီမှာ ပါနေတယ်၊ သူနဲ့ပေါင်းလုပ်နေတာ သစ်ခိုးထုတ်တာတွေက၊ အခုရှို့ခံရတာက တစ်စီးပဲ။ ကျန်သုံးစီးက ဘယ်ရောက်သွားလဲမသိ။ ရှို့ခံရတဲ့ကားပေါ်မှာက မီးသွေးတွေကိုတင်လာတာ” ဟု အထက်ပါ မင်းလှမြို့ဒေသခံက ပြောသည်။
သစ်ခိုးထုတ်ခြင်းသည် ပဲခူးတိုင်းအနောက်ခြမ်းရှိ စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းကြောင်းတစ်ခုဟုသိရပြီး ပစ်ခတ်မှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
ပဲခူးရိုးမအတွင်းတွင် တောင်ကတုံးများဖြစ်နေသည့်အထိ ဆိုးရွားသော သစ်တောပြုန်းတီးမှုဖြစ်ပေါ်နေ၍ NLD အစိုးရလက်ထက်တွင် ပဲခူးရိုးမအတွင်းမှ သစ်ထုတ်လုပ်မှုကို ၂၀၁၇−၂၀၁၈ ဘဏ္ဏာနှစ်မှစတင်ကာ ၂၀၂၇ ခုနှစ်အထိ ၁၀ နှစ်တိတိ ရပ်ဆိုင်းထားခဲ့သည်။
သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရိုးမအတွင်းမှ သစ်ခိုးထုတ်ရောင်းချမှုများနှင့်အတူ စီးပွားဖြစ်မီးသွေးဖုတ်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
စာတည်း ။ ။။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
https://youtu.be/8DyWE3RcYzk
#မီးသွေး
#သစ်
#ပဲခူးတိုင်း
#မင်းလှမြို့နယ်
#စိန်ကန့်လန့်
#ခါချဉ်တောင်

ရွှေနွယ်(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်းလမ်း ခါချဉ်တောင်အနီးတွင် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ ပဲခူးရိုးမအတွင်းမှ သစ်နှင့်မီးသွေးများ ခိုးထုတ်လာသောကားအား PDF မှပစ်ခတ်ဖမ်းဆီးကာ မီးရှို့ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။…
👍18❤7😁2
မြန်မာလူထုထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အပြည့်အ၀ပေးနိုင်ရေး ကုလအလေးထားသင့်ပြီဟု BNI စာတမ်းတိုက်တွန်း
😢8👍5😁2

======================
ရောင်နီ
(မဇ္စျိမ)။ ။ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူလူထုထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အပြည့်အ၀ပေးနိုင်ရေး အလေးအနက်ထား ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း Burma News International (BNI) က ယနေ့ထုတ်ဝေလိုက်သည့် စာတမ်းတွင် တိုက်တွန်းလိုက်သည်။
“ နိုင်ငံတကာအလှုရှင်အစိုးရများအတွက် ပုစ္ဆာ (သို့မဟုတ်) လူသားစာနာကူညီရေးအကျပ်အတည်းအား အဖြေရှာကြည့်ခြင်း” စာတမ်းကို Burma News International(BNI) က ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အွန်လိုင်းမှ မိတ်ဆက်ထုတ်ဝေလိုက်ခြင်းဖြစ်သည်။
ထိုစာတမ်းသည် BNI - Myanmar Peace Monitor က ၂၀၂၃ ခုနှစ်အတွက် ပထမဆုံး ထုတ်ဝေလိုက်သည့် စာတမ်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အကူအညီလိုအပ်နေသည့် သန်းနှင့်ချီသော လူထုထံ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမှန်တကယ်ရောက်ရှိနိုင်ရေး ချဥ်းကပ်အဖြေရှာထားသည်ဟု ရှင်းပြထားသည်။
မြန်မာနိုင်ငံအတွင်း လူသားစာနာအကူအညီများ၏ လွမ်းခြံနိုင်မှုအခြေအနေများနှင့် ပြည်သူလူထုထံ အမှန်တကယ်ရောက်ရှိနိုင်မည့် နည်းလမ်းများအပါအ၀င် သုံးသပ်အကြံပြုချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ချက်များနှင့် လူပုဂ္ဂိုလ်များကို မေးမြန်းပြီး သုတေသနပြုရေးသားထားသည်ဟု BNI က ဖော်ပြသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၉ သန်းနီးပါးရှိလာပြီ ဖြစ်ပြီး ယင်းတို့အနက် လူဦးရေ ၁ ဒသမ ၆ သန်းခန့်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနိုင်းရေးရုံး UNOCHAက ယမန်နေ့ ဇူလိုင်လ ၁၉ရက်တွင် ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများတွင် အခက်အခဲနှင့် စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေရသော်လည်း အကူအညီအလိုအပ်ဆုံးဒေသများမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဖြစ်ကြောင်း BNI စစ်တမ်းကဆိုသည်။
စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်မှုကို လေ့လာကြည့်လျှင် “ပြည်သူမှ ပြည်သူ” ထောက်ကူပံ့ပိုးနေမှုနှင့် နိုင်ငံတကာ အစိုးရများထံမှ ရရှိသည့် လူသားစာနာ အကူအညီများဟူ၍ နှစ်ပိုင်းတွေ့ရကြောင်း၊ နိုင်ငံတကာအစိုးရများထံမှရရှိသည့် လူသားစာနာအကူအညီများသည် အာဏာသိမ်းစစ်အုပ်စုနှင့် နားလည်မှုစာချွန်လွှာရေးထိုးပြီး ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် အမှန်တကယ်လိုအပ်နေသည့် ပြည်သူများထံ ရောက်ရှိနိုင်ရေးအကန့် အသတ် ရှိနေသည်ကို တွေ့ရကြောင်း BNI ၏ စာတမ်းက ဖော်ပြထားသည်။
“ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရောက်ရှိဖို့ ဆောင်ရွက်ရာမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့နည်းလမ်းက တကယ်လိုအပ်တဲ့ လူတွေဆီ ရောက်လားဆိုတာမေးမြန်းဖို့လိုအပ်နေပါပြီ” ဟု BNI၏မီဒီယာဖွံ့ဖြိုးရေးကော်မတီဥက္ကဌ ဦးစိုးမြင့်က စာတမ်းမိတ်ဆက်သည့် အခမ်းအနားတွင် အသိပေးပြောကြားသည်။
အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် စစ်ကောင်စီတပ်က ချမှတ်ထားသည့် စည်းမျဥ်းများကို လိုက်နာရသည့်အပြင် ၄င်းတို့ ခွင့်ပြုသည့်နေရာများကိုသာ ထောက်ပံ့နေရခြင်းသည် အမှန်တကယ် အကူအညီလိုအပ်နေသည့် ပြည်သူလူထုအတွက် နစ်နာမှုရှိိ မရှိ ပြန်လည်ဆန်းစစ်ရန်လည်း BNI ၏ စာတမ်းတွင် တိုက်တွန်းထားသည်။
UNOCHA Myanmarကလည်း မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များစွာရှိနေပြီး ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်အကူအညီပေးနိုင်ရန် အဟန့်အတားများ ရှိနေသည်ဟု ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံး၏ စိုးရိမ်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများ ပေါင်းစည်းကာ အားလုံးပါ၀င်သည့် လူသားချင်းစာနာကူညီမှုဖိုရမ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန်လိုအပ်ကြောင်းလည်း BNI က အကြံပြုတိုက်တွန်းထားသည်။ကုလသမဂ္ဂအနေဖြင့်မြန်မာပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အပြည့်အ၀ ပေးနိုင်ရေးအတွက် လေယာဥ်မပျံသန်းရဇုန် (No-fly Zones)များ၊ လုံခြုံရေးအာမခံသောဧရိယာ(Safe Zone) သတ်မှတ်ခြင်းနှင့် လူသားချင်းစာနာထောက်မှုဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်း (Humanitarian Ceasefire) ကြေညာခြင်းတို့ကို အလေးအနက်ဆောင်ရွက်သင့်ပြီဟု တိုက်တွန်းထားသည်။

👍21🔥4❤2
စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်တွေ ဘာတွေကြုံနေရလဲ
======================
စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်နေကြသူတွေ စားဝတ်နေရေးနဲ့ ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောင်မှု ပညာသင်ကြားခွင့်ရရှိရေးတို့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး အကူအညီတွေ အမြန်ဆုံးလိုအပ်နေပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ ဒေသခံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေရှိတဲ့အတွက် စစ်ရှောင်နေကြသူတွေထပ်တိုးလာတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေကပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းနီးပါးရှိလာနေပြီလို့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ဇူလိုင်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း ။ ။ လွှမ်းမိုး
ရုပ်သံတည်းဖြတ်။ ။ ဂျူချန်း
စာတည်း ။ ။ Alden၊ ဖူးသိမ်ကျ
https://youtu.be/ArOB-yoxM3U
#စစ်ကိုင်းတိုင်း
#စစ်ရှောင်
#ပညာရေး
#ကျန်းမာရေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
======================
စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်နေကြသူတွေ စားဝတ်နေရေးနဲ့ ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောင်မှု ပညာသင်ကြားခွင့်ရရှိရေးတို့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး အကူအညီတွေ အမြန်ဆုံးလိုအပ်နေပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ ဒေသခံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေရှိတဲ့အတွက် စစ်ရှောင်နေကြသူတွေထပ်တိုးလာတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေကပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းနီးပါးရှိလာနေပြီလို့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ဇူလိုင်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း ။ ။ လွှမ်းမိုး
ရုပ်သံတည်းဖြတ်။ ။ ဂျူချန်း
စာတည်း ။ ။ Alden၊ ဖူးသိမ်ကျ
https://youtu.be/ArOB-yoxM3U
#စစ်ကိုင်းတိုင်း
#စစ်ရှောင်
#ပညာရေး
#ကျန်းမာရေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်တွေ ဘာတွေကြုံနေရလဲ
စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်နေကြသူတွေ စားဝတ်နေရေးနဲ့ ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောင်မှု ပညာသင်ကြားခွင့်ရရှိရေးတို့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး အကူအညီတွေ အမြန်ဆုံးလိုအပ်နေပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ ဒေသခံတွေကို ပစ်မှတ်ထား…

👍12❤4🔥1😁1