Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ပြင်သစ်အဓိကရုဏ်းများအတွင်း ထောင်ဒဏ်ချမှတ်ခံရသူ ၇၀၀ ကျော်ရှိကြောင်း တရားရေးဝန်ကြီးပြော

#InternationalNews #reels #shorts #Mizzima #France
👍2🔥2👏2
အသည်းကြက်သွန်ဖြူကြော်နဲ့ ဝက်သားပြားကန်စွန်းရွက်သောက်ဆမ်း Easy Thai Cooking Show | Episode (23) Promo
===================

ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ အသည်းကြက်သွန်ဖြူကြော် နဲ့ ဝက်သားပြားကန်စွန်းရွက်သောက်ဆမ်း ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အသည်းကြက်သွန်ဖြူကြော် နဲ့ ဝက်သားပြားကန်စွန်းရွက်သောက်ဆမ်းကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် ဇူလိုင်လ (၂၂)ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/7Okn7wytIm4

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👏4🔥2
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားက ယူကရိန်းဆိပ်ကမ်းတွေကို တတိယမြောက်နေ့အဖြစ် ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်

#InternationalNews #reels #shorts #Mizzima #Ukraine #Russia
🤬4❤1😁1
ကရင်နီစစ်ရှောင် အချို့ ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါ နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေ
====================

KMN (မဇ္ဈိမ)။ ။ကရင်နီပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်သူအချို့ဟာ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေး သူတွေကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်မှုကြောင့် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်မိသားစုတွေဟာ မိုးကာတဲငယ်လေးတွေမှာ လူဦးရေထူထပ်စွာ နေထိုင်နေကြရပါတယ်။

မိုးတွင်းကာလရောက်လာတာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေဟာ ရာသီတုပ်ကွေးရောဂါခံစားနေကြရပြီး ခြင်ပေါက်ဖွားမှုများလာတာကြောင့် ငှက်ဖျားရောဂါဖြစ်ပွားသူတွေ တွေ့လာရတယ်လို့ Hope - လူသားခြင်းစာနာမှုဆိုင်ရာကူညီစောင့်ရှောက်ရေးအဖွဲ့ ကျန်းမာရေး စောင့်ရှောက်ပေးသူကပြောပါတယ်။

https://youtu.be/AOv59rfkreY

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN

#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👍4🔥4😁1🤬1
​​အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန် CNF တိုက်တွန်း
====================

ပါခွီး
(မဇ္စျိမ) ။ ။ အိမ်နီးချင်းနိုင်ငံများတွင်ရောက်ရှိနေသော ချင်းလူမျိုးများအနေဖြင့် ပြည်တွင်းနိုင်ငံရေးကို ပါဝင်စွက်ဖက်ခြင်းမပြုကြရန်နှင့် အနှောင့်အယှက်ဖြစ်စေသော လှုပ်ရှားမှုများမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်သည်။

CNF ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်သော သဘောထားပေါ်လစီကို ထုတ်ပြန်ခဲ့ရာ၌ ယင်းသို့ ချင်းပြည်သူများကို ဇူလိုင်လ ၁၆ရက်နေ့တွင် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် တရားမဝင်သောနည်းလမ်းဖြင့် နိုင်ငံသားအသိအမှတ်ပြုကဒ်များရယူခြင်း မပြုလုပ်ရန်နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသောတရားမဝင်လှုပ်ရှားမှုများ မပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“အခုလိုထုတ်ပြန်တာကောင်းပါတယ် ၊ ကျနော်တို့ နိုင်ငံသားတွေကလည်း ထိန်းသိမ်းဘို့လိုနေတာတွေရှိပါတယ် ၊ ကိုယ်တွေက နိုင်ငံခြားသားဖြစ်နေပြီး ဒီဖက်ကနိုင်ငံရေး ပါတီတွေကို ထောက်ခံနေတဲ့အကြောင်း လူသိရှင်ကြားပြောဆိုနေတာတွေက သူတို့ နိုင်ငံရေးတွေကြားမှာ ကြားညှပ်သွားမဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်” ဟု မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦး က မဇ္စျိမ ကိုပြောသည်။
မြန်မာပြည်မှ လာသောစစ်ဘေးရှောင်များထဲတွင် ဒေသခံနိုင်ငံသား အထောက်အထားများကိုသာမက ပတ်စပို့များရယူနိုင်ရန်ကြိုးစားမှုများရှိလာနေသဖြင့် ဒေသခံများ၏ ငြိုငြင်မှုကို ခံလာရနိုင်ကြောင်း ဆိုသည်။

အထူးသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းနှင့် တရားမဝင်မှောင်ခို လုပ်ငန်းများတွင် ပါဝင်ပတ်သက်ဆက်နွယ်သူများကို CNF နှင့် မဟာမိတ်များက လုံးဝ သည်းခံမည်မဟုတ်ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံမှ တင်သွင်သော ဘိန်းဖြူအပါအဝင် စိတ်ကြွဆေးများမှာ မီဇိုရမ်ပြည်နယ်အတွင် ယခုလတွင် ဖမ်းဆီးမှု နှစ်ဆခန့်မြင့်တက်လာနေကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ဖော်ရွေစွာနေထိုင်ပြီး လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးအတွက် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ရန် လုပ်ဆောင်လျက်ရှိပြီး ချင်းလူမျိုး များအတွက် အန္တရာယ်ဖြစ်စေနိုင်သော လုပ်ဆောင်ချက်များကို လက်မခံဘဲ အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းလူမျိုးများ၏ အကျိုးစီးပွားအတွက်ဆောင်ရွက်နေသော တော်လှန်ရေးအဖွဲ့အစည်းအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ် ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေးစီရေးတို့အတွက် ရည်မှန်းချက်များမြှင့်တင်ရန်အတတ်နိုင်ဆုံးကြိုးပမ်းနေကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံရှိ မီဇိုရမ် ၊ မဏိပူရ ၊ နာဂလဲန်းနှင့် နယူးဒေလီတို့တွင် မြန်မာနိုင်ငံသား ၅၀,၀၀၀ ကျော် ဝင်ရောက်ခိုလှုံနေကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ချင်းလူမျိုးများ
#CNF
#တရားဥပဒေစိုးမိုးရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ကင်ညာမှာ ဆန္ဒပြပွဲတွေဆက်လက်ဖြစ်ပွားနေပေမဲ့ ဈေးများနဲ့ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့

#InternationalNews #reels #shorts #Mizzima #Protests
👍9👏1
​​မြန်မာတွင် အကူအညီများကို ကန့်သတ်ခြင်းများ ရှိနေဆဲဟု USAID သတိပေး
======================

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ရသော ပျက်စီးမှုများအပါအဝင် မြန်မာနိုင်ငံ၌ ပြည်သူသန်းပေါင်းများစွာသည် လူသားချင်း စာနာထောက်ထားရေး အထောက်အပံ့များ အလွန်တရာ လိုအပ်လျက် ရှိနေသည်။

ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်း သက်ရောက်ခဲ့ရာ ပြည်သူများသို့ အရေးကြီးသော အကူအညီ အထောက်အပံ့များ ပေးပို့မှုတွင် ဝင်ရောက်ခွင့် ကန့်သတ်ချက်များကြောင့် ကြန့်ကြာစေမှုများ ဖြစ်စေသည်ဟု အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ( USAID )ကို ကိုးကားပြီး ကမ္ဘာတစ်လွှား လူသားချင်း စာနာထောက်ထားရေး သတင်းအချက်အလက် ထုတ်ပြန်ရာ ReliefWeb က ဇူလိုင် ၁၉ ရက်တွင် ဖော်ပြသည်။

ထိုပြင် ဇန်နဝါရီ ၁ ရက်မှ မေ ၁၆ ရက်ကြား မြန်မာနိုင်ငံအတွင်း တိုက်ခိုက်မှု ၁၄၀ ခန့်နှင့် အခြား မတော်တဆမှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအပေါ် သက်ရောက်နေပြီး များစွာသော ကျန်းမာရေးဌာနများ ပိတ်ရကာ မရှိမဖြစ် ဆေးဝါးကုသရေးအတွက် ပြည်သူများမှာ ကန့်သတ်တားဆီး ခံနေရသည်။
👍12😁1
မြန်မာနိုင်ငံသား ၄ ဦး အပါအ၀င် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေ
👍3
မြန်မာနိုင်ငံသား ၄ ဦး အပါအ၀င် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေ
=======================

ရောင်နီ
(မဇ္စျိမ)။ ။ မလေးရှားနိုင်ငံ ရေပိုင်နက်အတွင်း နစ်မြုပ်ခဲ့သည့် ကုန်တင်သင်္ဘောတစ်စင်းမှ မြန်မာနိုင်ငံသား လေးဦး အပါအ၀င် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။

မလေးရှားနိုင်ငံ Kuching မြို့ ဆိပ်ကမ်း မှ Sarikei မြို့ ဆိပ်ကမ်းသို့ သွားရောက်သည့် MV Tung Sung အမည်ရှိ ကုန်တင်သင်္ဘောသည် ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက Pulau Burung ပင်လယ်တွင် အဆက်အသွယ်ပြတ်တောက်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

“ မလေးက သင်္ဘောပေါ်မှာ လုပ်နေတဲ့ အသိတစ်ယောက်က လှမ်းပြောပြတာပါ။ မလေးရှားပြည်တွင်းပဲ ပြေးဆွဲတဲ့ ကုန်တင်သင်္ဘောဖြစ်ပါတယ်။ ဘာကြောင့် တိမ်းမှောက်ရတယ်ဆိုတာတော့ မသိရသေးဘူး၊ တိမ်းမှောက်တဲ့အထဲမှာ မြန်မာနိုင်ငံသား လေးဦးအပြင် မလေးနဲ့ အင်ဒိုနီးရှားလူမျိုး စုစုပေါင်း ကိုးဦးပါတယ်လို့ သိရပါတယ်။ အခုလက်ရှိအထိလည်း ရှာဖွေနေတုန်းပါပဲ” ဟု Myanmar Seaman Life At Sea မှ ကိုမျိုးကျော်အောင်က မဇ္စျိမကို ပြောသည်။

ယခု သဘော်နစ်မြုပ်မှုသည့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများ လိုက်ပါတာ၀န်ထမ်းဆောင်နေသည့် သင်္ဘောတစ်စီး ပထမဆုံးအကြိမ် နစ်မြုပ်သွားမှု ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သင်္ဘောတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် မြန်မာနိုင်ငံသားများမှာ ကိုသက်မင်းဇူလိုင်၊ ကိုရဲလင်းထက်၊ ကိုလှဝင်းထွန်းနှင့် ကိုထွန်းလင်းဦးတို့ဖြစ်သည်။

ထို့အပြင် မလေးရှားနိုင်ငံသား လေးဦးနှင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးလည်း ပျောက်ဆုံးမှုတွင်ပါ၀င်နေပြီး အသက်အရွယ်အားဖြင့် ၂၀ နှစ်မှ ၅၂ အရွယ်ကြားရှိကြောင်း သိရသည်။

MV Tung Sung အမည်ရှိ မလေးရှားအလံတင်ထားသည့် ကုန်တင်သင်္ဘောတိမ်းမှောက်ကြောင်း သတင်းရရှိပြီးနောက် ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြောင်း မလေးရှား ရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ (MMEA)က ဒေသတွင်းမီဒီယာများကို ပြောကြားထားသည်။

“ အခုလက်ရှိကတော့ မလေးရှားအစိုးရအဖွဲ့အစည်းတွေက ရှာနေတယ်လို့ ပြောတယ်ဆိုပေမယ့် သေဆုံးတယ်ဆိုတာကိုတော့ အတိအလင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး၊ သူတို့ရှာနေတဲ့ သတ်မှတ်အချိန်ကျော်သွားရင်တော့ တစ်ခုခုထုတ်ပြန်လာမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေပါတဲ့အတွက် အသက်ရှင်ရက် ပြန်တွေ့နိုင်ပါစေလို့ ဆုတောင်းနေပါတယ်။ “ ဟု Myanmar Seaman Life At Sea မှ ကိုမျိုးကျော်အောင်က ပြောသည်။

ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင်၍လည်း သင်္ဘောတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသူများကို ပြည်နယ် မီးသတ်ဌာနနှင့် ကယ်ဆယ်ရေးဌာနများက ရှာဖွေမှု ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

သို့သော် ယနေ့ မွန်းလွဲပိုင်း (ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်)အထိ ပျောက်ဆုံးနေသူများကို ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း Sebuyau ပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက မီဒီယာများကို ပြောကြားထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#မြန်မာနိုင်ငံသား
#မလေးရှားနိုင်ငံ
#ရေပိုင်နက်
#နစ်မြုပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18
ခင်ဦးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ ၂ ရက်အတွင်း ကလေးငယ် အပါအဝင် ၄ ဦးသေဆုံး
==================

MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အသက် ခြောက်နှစ် အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ လေးဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေဦးမြို့တောင်ခြမ်းမှာရှိတဲ့ တိုင်းရင်းဆေးရုံဝန်းအတွင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဖွဲ့ က ဇူလိုင်လ ၁၉ ရက် နဲ့ ၂၀ ရက်တွေမှာ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အခုလိုမျိုး အရပ်သားပြည်သူတွေ သေဆုံးသွားရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုနေသူရက မဇ္ဈိမကို ပြောပါတယ်။

https://youtu.be/VcMWeE7Ioho

သတင်း - MTO
တင်ဆက်၊တည်းဖြတ် MTO
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬8😢3👍2🔥1😁1
​​ဒေါပုံမြို့နယ် ဗကသဥက္ကဌဟောင်း ကျောင်းသားကို စစ်ကောင်စီက ထောင်ဒဏ် ၂၀ နှစ်ချမှတ်
==================

ကီရာ
(မဇ္ဈိမ)။ ။အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ရန်ကုန်တိုင်း ၊ ဒေါပုံမြို့နယ် ဗကသ ‌ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ သုံးခုဖြင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ကိုဉာဏ်ဝင်းထက်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သည့် ၅၁(ဂ) ဖြင့် ထောင်ဒဏ် ရှစ်နှစ် ၊ပုဒ်မ (၃) ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသည့်အပြင်၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ငါးနှစ် ထပ်မံအမိန့်ချခဲ့ခြင်းဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

"ဗကသကျောင်းသားတွေ အပါအဝင် နိုင်ငံတဝန်းက ပြည်သူလူထုကို မတရား အကြမ်းဖက်ဖမ်းဆီး ထောင်ချတာတွေ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ အားလုံးက ဖက်ဆစ်တပ်မှာ အပြည့်အဝ တာဝန်ရှိတယ်။ တစ်ပါတည်းပြောချင်တာက တော်လှန်ရေးသမားကို ဖမ်းဆီးထောင်ချရုံ အကြမ်းဖက်သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်တန့်သွားမှာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ဆုံးခန်းတိုင်အောင် ဆက်ပြီးတိုက်ပွဲဝင်သွားမယ်"ဟု ဗကသများအဖွဲ့ချုပ်မှ ဗဟိုအမှုဆောင်တစ်ဦးက ပြောသည်။

အသက် ၂၂နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာဌာန၏ ဒုတိယနှစ် ကျောင်းသားတစ်ဦး ဖြစ်ပြီး ၂၀၂၂ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ဒေါပုံမြို့နယ်ရှိ ၎င်းနေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ( ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ကျောင်းသား ၅၀ကျော်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိ အကျဉ်းထောင်တွင် ၃၂ဦး အကျဉ်းကျနေကာ ၁၄ဦးသေဆုံးခဲ့ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ သုံးဦး နှင့် တစ်ဦး သေဒဏ်ချမှတ်ခံထားရသည်ဟု ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်က ဆက်ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း
#ဒေါပုံမြို့နယ်
#အင်းစိန်အကျဉ်းထောင်
#ထောင်ဒဏ်

ဓာတ်ပုံ အဖမ်းဆီးခံထားရသည့် ကိုဉာဏ်ဝင်းထက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍3😢3🥰1👏1
"မမများနဲ့ပွဲကမယ်" ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဥ်မှ ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိ
👍10❤2
"မမများနဲ့ပွဲကမယ်" ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဥ်မှ ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိ
=======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ "မမများနဲ့ပွဲကမယ်" ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဥ် လေးကြိမ်မှ အမေရိကန်ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ခံရရှိသည့် ဘဏ္ဍာငွေများထဲမှ ဒေါ်လာ ၁.၅၅ သန်းကို ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် လည်းကောင်း၊ KNDF(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်) အတွက် ဒေါ်လာ ၀.၂၅ သန်း ၊ CJDC (Chinland Joint Defense Committee) အတွက် ဒေါ်လာ ၀.၁၄ သန်း နှင့် အခြားသောတော်လှန်ရေးအင်အားစုများအတွက် လျာထားသုံးစွဲလျက်ရှိကြောင်း ဖော်ပြထားသည်။

“မမများနဲ့ပွဲကမယ်” အစီအစဥ်တွင် ပါဝင်ခဲ့ကြသည့် ပြည်သူများ၊ Fundraiser များ ၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များအပါအဝင် အဖွဲ့သားအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းဆိုပြီး ပြည်သူလူထုမှ တော်လှန်ရေးအတွက်လှူဒါန်းထားသော ငွေကြေးများကို တာဝန်ခံ၊ တာဝန်ယူမှုအပြည့်ဖြင့် အဖိတ်အစင်မရှိ စနစ်တကျ စိစစ်သုံးစွဲလျက်ရှိကာ အလေအလွင့်မရှိစေရေး ထိန်းကျောင်းဆောင်ရွက်နေကြောင်းကိုလည်း ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သော စာမှတစ်ဆင့် အသိပေးသည်။

“မမများနဲ့ပွဲကမယ်” အစီအစဥ်မှ ရရှိခဲ့သော ရန်ပုံငွေဖြင့် ဝယ်ယူတပ်ဆင်ထားသည့် လက်နက်ကြီးများ၏ မြေပြင်တိုက်ပွဲဝင်မှုများလည်းရှိပြီး အဆိုပါသတင်းများကို သင့်လျော်သည့်အချိန်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“မမများနဲ့ပွဲကမယ်” ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်အား ကရင်နီ၊ စစ်ကိုင်း၊ ချင်း၊ မကွေး၊ အလယ်ပိုင်းဒေသအတွက် လေးကြိမ် ရှာဖွေခဲ့ပြီး ယခုအခါတွင် “နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ ပွဲကစို့” ပဉ္စမမြောက်ပရောဂျက်အား စတင်တော့မည်ဖြစ်ကြောင်း မမများနဲ့ပွဲကမယ် ဖေစ့်ဘွတ်စာမျက်နှာမှတစ်ဆင့် သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မမများနဲ့ပွဲကမယ်
#ဘဏ္ဍာငွေ
#ရှာဖွေရေးအစီအစဥ်
#KNDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤4👏2😁1
​​၁၀ နှစ် စာချုပ်လား၊ ရီးယဲလ်မက်ဒရစ်ကို ငြင်းပယ်ဖို့ အမ်ဘာပေကို စည်းရုံးသိမ်းသွင်းရာမှာ အကြီးအကျယ် အားထုတ်တဲ့အနေနဲ့ မယုံနိုင်လောက်စရာ ယူရို ၁ ဘီလီယံနဲ့ ပီအက်စ်ဂျီ ကမ်းလှမ်းခဲ့
=======================

ပီအက်စ်ဂျီအသင်းဟာ ကိုင်လီယန် အမ်ဘာပေကို မယုံနိုင်လောက်စရာ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ၁၀ နှစ်စာချုပ်အတွက် ယူရို ၁ ဘီလီယံ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုဖြစ်တယ်လို့ Defensa Central က ဖော်ပြလာပါတယ်။ 

ဒီစာချုပ်အရ အမ်ဘာပေဟာ အသက် ၃၄ နှစ်အထိ ကလပ်အသင်းမှာရှိမှာဖြစ်ပြီး တစ်သက်တာ စာချုပ်လည်းဖြစ်ပါတယ်။ ဒါက သမိုင်းတစ်လျှောက် ကြေးအများဆုံး အားကစားစာချုပ်လည်း ဖြစ်လာမှာပါ။ ဒါပေမယ့်လည်း အမ်ဘာပေက သူ့အနေနဲ့ ဆုဖလားတိုင်း ရယူနိုင်ချေရှိတဲ့ အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အတွက် ကစားပေးဖို့ အိပ်မက်တွေကြောင့် သူ့ကို ငွေကြေးက လှုံ့ဆော်မပေးဘူးလို့ ပီအက်စ်ဂျီကို ပြောခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

တိုက်စစ်သမားဟာ စာချုပ်သစ်ချုပ်ဆိုဖို့ မရည်ရွယ်ကြောင်းနဲ့ လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ စီစဉ်နေကြောင်း ကလပ်အသင်းကို ပြောကြားထားပြီးဖြစ်ပါတယ်။ ပီအက်စ်ဂျီက အမ်ဘာပေဟာ စာချုပ်သစ် ချုပ်ဆိုမလား ဒါမှမဟုတ် အခုနွေရာသီမှာ ရောင်းချရမလားလို့ သူ့ကို ပြောခဲ့ပါတယ်။

ဒီတိုက်စစ်သမားဟာ ပွဲပေါင်း ၂၆၀ မှာ ၂၁၂ ဂိုး သွင်းယူကာ ၉၈ ဂိုးဖန်တီးမှုလည်း ပြုလုပ်ထားတာနဲ့အတူ ပြင်သစ်ရဲ့ ဂန္တဝင်ကစားသမားတစ်ဦးလို ဖြစ်လာပါတယ်။ သူဟာ ၂၀၁၈ မှာ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ပြီး ၂၀၂၂ မှာ ဖိုင်နယ်အထိ ရောက်အောင် ကူညီပေးခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မှ မရဖူးသေးပါဘူး။
👍9
​​Drishyam (အိန္ဒိယရုပ်ရှင်)
=============

ဇာတ်လမ်းလေးကတော့ ………

Vijay ဟာ အသေးစား ရုပ်ရှင်ချန်နယ်လေးတစ်ခုကို ထောင်ထားတဲ့သူပါ။ တနေကုန် ရုံးမှာထိုင်နေပြီး ဘာမှလည်းလုပ်စရာမရှိတဲ့အတူ အမြဲလိုလို ရုပ်ရှင်တွေချည်း ထိုင်ကြည့်နေတတ်တဲ့သူ။
သူ့ရဲ့ ဗဟုသုတတွေဟာ ရုပ်ရှင်ကဘဲရတဲ့အပြင်
သူက ၄ တန်းဘဲအောင်တဲ့ မိဘမဲ့တစ်ယောက်လည်းဖြစ်ပါသေးတယ်။

အခုတော့ သူ့ဇနီးရယ် သမီးနှစ်ယောက်ရယ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဘဝကြီးကို ဖြတ်သန်းနေသူပေါ့။
တစ်ရက်မှာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ဟာ သူ့တို့ဘဝကြီးစီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတော့တယ်။
Vijay ရဲ့ သမီးကြီးဟာ ဆယ်ကျော်သက်အရွယ်ပါ။

ကျောင်းကနေ ခရီးထွက်တဲ့အခါ သူအင်္ကျီလဲနေတာကို ချာတိတ်တစ်ယောက်က ခိုးပြီး ဗီဒီယိုရိုက်ထားခဲ့တယ်။ ရက်နည်းနည်းအကြာမှာတော့ ချာတိတ်က ဗီဒီယိုပြပြီးခြိမ်းခြောက်ပါတော့တယ်။
အင်တာနက်ပေါ်မတင်စေချင်ရင် ဒီည အိမ်တံခါးဖွင့်ထားဖို့နဲ့ သူလာခဲ့မယ်ဆိုပြီး သတိပေးလိုက်ပါတယ်။ ညကျ အိမ်လည်းလာရော
Vijay ရဲ့ ဇနီးနဲ့သမီးရယ်နဲ့ ဟိုချာတိတ်တို့ ရန်ဖြစ်ပြီး
Vijay သမီးဟာ ချာတိတ်ကို ရိုက်လိုက်တာ လက်လွန်ပြီး ချာတိတ်ခမျာ နေရာတင် အသက်ပျောက်ရှာတယ်။

Vijay ရဲ့ ဇနီးဟာ Vijay ထက် ပညာအရာမှာ တော်ပေမယ့် တကယ်တမ်းလက်တွေ့မှာကျ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပါတော့တယ်။ မနက်ကျ Vikay တစ်ယောက်ရုံးကနေ တစ်ညလုံး ရုပ်ရှင်ကြည့်ပြီးပြန်လာတော့မှ အကြောင်းစုံရှင်းပြပါတော့တယ်။
ဒီတော့ တစ်မိသားစုလုံးရဲ့ နောင်ရေးတွေဟာ စာမတတ်တဲ့ လေးတန်အောင် Vijay ရဲ့ ခေါင်းပေါ်ကိုရောက်လာပါပြီ။

နောက်ထပ်သတင်းဆိုးကြီးတစ်ခုကလည်း စောင့်နေပါတော့တယ်။ အဲ့တာကတော့ သေသွားတဲ့ ချာတိတ်ရဲ့ အမေဟာ ဒေသတွင်းရဲချုပ်ကြီးဆိုတာပါဘဲ။

ဒီတော့ အင်အားအပြည့်နဲ့ အဖြေရှာနေတဲ့ ရဲချုပ်ကြီးဟာ Vijay တို့ မိသားစုဆီ ဆိုက်ဆိုက်မြိုက်မြိုက်ဘဲ ရောက်လာပါတော့တယ်။
ဒီတော့ Vijay တစ်ယောက် သူ့မိသားစုကို မဖိတ်ခေါ်ဘဲရောက်လာတဲ့ ကြမ္မာဆိုးကြီးလက်ထဲကနေ ဘယ်လိုကယ်တင်မလဲ ?
ရဲချုပ်ကြီးကရော သူ့သားကိုသတ်သွားသူတွေကို မိမလား ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာဘဲဆက်ကြည့်ပါလေ။

လေးတန်းအောင် တစ်ယောက်ရဲ့ ညဏ်က ဘယ်လောက်ပြေးမလဲ သင်ထင်ပါသလဲ ??

Crime | Drama | Mystery | Thriller ဇာတ်ကားအမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားမို့ မကြည့်ရသေးသူများအတွက် အားရကျေနပ်မိမဲ့ ဇာတ်ကားတစ်ခုပါ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။၂၁.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၂၂.၇.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8
ဇူလိုင်လ (၂၁) ရက်၊ သောကြာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=======================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စုန်းချောင်းရွာကို စစ်တပ်က စီးနင်းတိုက်ခိုက်ပြီးနောက် အရပ်သားတွေအပါအဝင် လူ ၁၂ဦးထက်မနည်း သတ်ဖြတ်ခံရတဲ့သတင်းနဲ့အတူ

စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနဲ့အဖွဲ့အစည်းတစ်ခုကို ဥရောပသမဂ္ဂက ပိတ်ဆို့ ဒဏ်ခတ်လိုက်တဲ့သတင်းအပါအဝင်

တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေ၊ စီးပွားရေးသတင်းနဲ့ နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို အပတ်စဉ်ကဏ္ဏတစ်ခုဖြစ်တဲ့ Insight Myanmar ကိုနားဆင်ရပါမယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/uzyKU3mk3IM

#Mizzimaradio
#eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍4😁1😢1