Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဒေါပုံမြို့နယ် ဗကသဥက္ကဌဟောင်း ကျောင်းသားကို စစ်ကောင်စီက ထောင်ဒဏ် ၂၀ နှစ်ချမှတ်
==================

ကီရာ
(မဇ္ဈိမ)။ ။အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ရန်ကုန်တိုင်း ၊ ဒေါပုံမြို့နယ် ဗကသ ‌ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ သုံးခုဖြင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ကိုဉာဏ်ဝင်းထက်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သည့် ၅၁(ဂ) ဖြင့် ထောင်ဒဏ် ရှစ်နှစ် ၊ပုဒ်မ (၃) ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသည့်အပြင်၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ငါးနှစ် ထပ်မံအမိန့်ချခဲ့ခြင်းဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

"ဗကသကျောင်းသားတွေ အပါအဝင် နိုင်ငံတဝန်းက ပြည်သူလူထုကို မတရား အကြမ်းဖက်ဖမ်းဆီး ထောင်ချတာတွေ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ အားလုံးက ဖက်ဆစ်တပ်မှာ အပြည့်အဝ တာဝန်ရှိတယ်။ တစ်ပါတည်းပြောချင်တာက တော်လှန်ရေးသမားကို ဖမ်းဆီးထောင်ချရုံ အကြမ်းဖက်သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်တန့်သွားမှာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ဆုံးခန်းတိုင်အောင် ဆက်ပြီးတိုက်ပွဲဝင်သွားမယ်"ဟု ဗကသများအဖွဲ့ချုပ်မှ ဗဟိုအမှုဆောင်တစ်ဦးက ပြောသည်။

အသက် ၂၂နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာဌာန၏ ဒုတိယနှစ် ကျောင်းသားတစ်ဦး ဖြစ်ပြီး ၂၀၂၂ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ဒေါပုံမြို့နယ်ရှိ ၎င်းနေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ( ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ကျောင်းသား ၅၀ကျော်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိ အကျဉ်းထောင်တွင် ၃၂ဦး အကျဉ်းကျနေကာ ၁၄ဦးသေဆုံးခဲ့ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ သုံးဦး နှင့် တစ်ဦး သေဒဏ်ချမှတ်ခံထားရသည်ဟု ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်က ဆက်ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း
#ဒေါပုံမြို့နယ်
#အင်းစိန်အကျဉ်းထောင်
#ထောင်ဒဏ်

ဓာတ်ပုံ အဖမ်းဆီးခံထားရသည့် ကိုဉာဏ်ဝင်းထက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍3😢3🥰1👏1
"မမများနဲ့ပွဲကမယ်" ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဥ်မှ ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိ
👍10❤2
"မမများနဲ့ပွဲကမယ်" ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဥ်မှ ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိ
=======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ "မမများနဲ့ပွဲကမယ်" ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဥ် လေးကြိမ်မှ အမေရိကန်ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ခံရရှိသည့် ဘဏ္ဍာငွေများထဲမှ ဒေါ်လာ ၁.၅၅ သန်းကို ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် လည်းကောင်း၊ KNDF(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်) အတွက် ဒေါ်လာ ၀.၂၅ သန်း ၊ CJDC (Chinland Joint Defense Committee) အတွက် ဒေါ်လာ ၀.၁၄ သန်း နှင့် အခြားသောတော်လှန်ရေးအင်အားစုများအတွက် လျာထားသုံးစွဲလျက်ရှိကြောင်း ဖော်ပြထားသည်။

“မမများနဲ့ပွဲကမယ်” အစီအစဥ်တွင် ပါဝင်ခဲ့ကြသည့် ပြည်သူများ၊ Fundraiser များ ၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များအပါအဝင် အဖွဲ့သားအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းဆိုပြီး ပြည်သူလူထုမှ တော်လှန်ရေးအတွက်လှူဒါန်းထားသော ငွေကြေးများကို တာဝန်ခံ၊ တာဝန်ယူမှုအပြည့်ဖြင့် အဖိတ်အစင်မရှိ စနစ်တကျ စိစစ်သုံးစွဲလျက်ရှိကာ အလေအလွင့်မရှိစေရေး ထိန်းကျောင်းဆောင်ရွက်နေကြောင်းကိုလည်း ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သော စာမှတစ်ဆင့် အသိပေးသည်။

“မမများနဲ့ပွဲကမယ်” အစီအစဥ်မှ ရရှိခဲ့သော ရန်ပုံငွေဖြင့် ဝယ်ယူတပ်ဆင်ထားသည့် လက်နက်ကြီးများ၏ မြေပြင်တိုက်ပွဲဝင်မှုများလည်းရှိပြီး အဆိုပါသတင်းများကို သင့်လျော်သည့်အချိန်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“မမများနဲ့ပွဲကမယ်” ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်အား ကရင်နီ၊ စစ်ကိုင်း၊ ချင်း၊ မကွေး၊ အလယ်ပိုင်းဒေသအတွက် လေးကြိမ် ရှာဖွေခဲ့ပြီး ယခုအခါတွင် “နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ ပွဲကစို့” ပဉ္စမမြောက်ပရောဂျက်အား စတင်တော့မည်ဖြစ်ကြောင်း မမများနဲ့ပွဲကမယ် ဖေစ့်ဘွတ်စာမျက်နှာမှတစ်ဆင့် သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မမများနဲ့ပွဲကမယ်
#ဘဏ္ဍာငွေ
#ရှာဖွေရေးအစီအစဥ်
#KNDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤4👏2😁1
​​၁၀ နှစ် စာချုပ်လား၊ ရီးယဲလ်မက်ဒရစ်ကို ငြင်းပယ်ဖို့ အမ်ဘာပေကို စည်းရုံးသိမ်းသွင်းရာမှာ အကြီးအကျယ် အားထုတ်တဲ့အနေနဲ့ မယုံနိုင်လောက်စရာ ယူရို ၁ ဘီလီယံနဲ့ ပီအက်စ်ဂျီ ကမ်းလှမ်းခဲ့
=======================

ပီအက်စ်ဂျီအသင်းဟာ ကိုင်လီယန် အမ်ဘာပေကို မယုံနိုင်လောက်စရာ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ၁၀ နှစ်စာချုပ်အတွက် ယူရို ၁ ဘီလီယံ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုဖြစ်တယ်လို့ Defensa Central က ဖော်ပြလာပါတယ်။ 

ဒီစာချုပ်အရ အမ်ဘာပေဟာ အသက် ၃၄ နှစ်အထိ ကလပ်အသင်းမှာရှိမှာဖြစ်ပြီး တစ်သက်တာ စာချုပ်လည်းဖြစ်ပါတယ်။ ဒါက သမိုင်းတစ်လျှောက် ကြေးအများဆုံး အားကစားစာချုပ်လည်း ဖြစ်လာမှာပါ။ ဒါပေမယ့်လည်း အမ်ဘာပေက သူ့အနေနဲ့ ဆုဖလားတိုင်း ရယူနိုင်ချေရှိတဲ့ အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အတွက် ကစားပေးဖို့ အိပ်မက်တွေကြောင့် သူ့ကို ငွေကြေးက လှုံ့ဆော်မပေးဘူးလို့ ပီအက်စ်ဂျီကို ပြောခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

တိုက်စစ်သမားဟာ စာချုပ်သစ်ချုပ်ဆိုဖို့ မရည်ရွယ်ကြောင်းနဲ့ လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ စီစဉ်နေကြောင်း ကလပ်အသင်းကို ပြောကြားထားပြီးဖြစ်ပါတယ်။ ပီအက်စ်ဂျီက အမ်ဘာပေဟာ စာချုပ်သစ် ချုပ်ဆိုမလား ဒါမှမဟုတ် အခုနွေရာသီမှာ ရောင်းချရမလားလို့ သူ့ကို ပြောခဲ့ပါတယ်။

ဒီတိုက်စစ်သမားဟာ ပွဲပေါင်း ၂၆၀ မှာ ၂၁၂ ဂိုး သွင်းယူကာ ၉၈ ဂိုးဖန်တီးမှုလည်း ပြုလုပ်ထားတာနဲ့အတူ ပြင်သစ်ရဲ့ ဂန္တဝင်ကစားသမားတစ်ဦးလို ဖြစ်လာပါတယ်။ သူဟာ ၂၀၁၈ မှာ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ပြီး ၂၀၂၂ မှာ ဖိုင်နယ်အထိ ရောက်အောင် ကူညီပေးခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မှ မရဖူးသေးပါဘူး။
👍9
​​Drishyam (အိန္ဒိယရုပ်ရှင်)
=============

ဇာတ်လမ်းလေးကတော့ ………

Vijay ဟာ အသေးစား ရုပ်ရှင်ချန်နယ်လေးတစ်ခုကို ထောင်ထားတဲ့သူပါ။ တနေကုန် ရုံးမှာထိုင်နေပြီး ဘာမှလည်းလုပ်စရာမရှိတဲ့အတူ အမြဲလိုလို ရုပ်ရှင်တွေချည်း ထိုင်ကြည့်နေတတ်တဲ့သူ။
သူ့ရဲ့ ဗဟုသုတတွေဟာ ရုပ်ရှင်ကဘဲရတဲ့အပြင်
သူက ၄ တန်းဘဲအောင်တဲ့ မိဘမဲ့တစ်ယောက်လည်းဖြစ်ပါသေးတယ်။

အခုတော့ သူ့ဇနီးရယ် သမီးနှစ်ယောက်ရယ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဘဝကြီးကို ဖြတ်သန်းနေသူပေါ့။
တစ်ရက်မှာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ဟာ သူ့တို့ဘဝကြီးစီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတော့တယ်။
Vijay ရဲ့ သမီးကြီးဟာ ဆယ်ကျော်သက်အရွယ်ပါ။

ကျောင်းကနေ ခရီးထွက်တဲ့အခါ သူအင်္ကျီလဲနေတာကို ချာတိတ်တစ်ယောက်က ခိုးပြီး ဗီဒီယိုရိုက်ထားခဲ့တယ်။ ရက်နည်းနည်းအကြာမှာတော့ ချာတိတ်က ဗီဒီယိုပြပြီးခြိမ်းခြောက်ပါတော့တယ်။
အင်တာနက်ပေါ်မတင်စေချင်ရင် ဒီည အိမ်တံခါးဖွင့်ထားဖို့နဲ့ သူလာခဲ့မယ်ဆိုပြီး သတိပေးလိုက်ပါတယ်။ ညကျ အိမ်လည်းလာရော
Vijay ရဲ့ ဇနီးနဲ့သမီးရယ်နဲ့ ဟိုချာတိတ်တို့ ရန်ဖြစ်ပြီး
Vijay သမီးဟာ ချာတိတ်ကို ရိုက်လိုက်တာ လက်လွန်ပြီး ချာတိတ်ခမျာ နေရာတင် အသက်ပျောက်ရှာတယ်။

Vijay ရဲ့ ဇနီးဟာ Vijay ထက် ပညာအရာမှာ တော်ပေမယ့် တကယ်တမ်းလက်တွေ့မှာကျ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပါတော့တယ်။ မနက်ကျ Vikay တစ်ယောက်ရုံးကနေ တစ်ညလုံး ရုပ်ရှင်ကြည့်ပြီးပြန်လာတော့မှ အကြောင်းစုံရှင်းပြပါတော့တယ်။
ဒီတော့ တစ်မိသားစုလုံးရဲ့ နောင်ရေးတွေဟာ စာမတတ်တဲ့ လေးတန်အောင် Vijay ရဲ့ ခေါင်းပေါ်ကိုရောက်လာပါပြီ။

နောက်ထပ်သတင်းဆိုးကြီးတစ်ခုကလည်း စောင့်နေပါတော့တယ်။ အဲ့တာကတော့ သေသွားတဲ့ ချာတိတ်ရဲ့ အမေဟာ ဒေသတွင်းရဲချုပ်ကြီးဆိုတာပါဘဲ။

ဒီတော့ အင်အားအပြည့်နဲ့ အဖြေရှာနေတဲ့ ရဲချုပ်ကြီးဟာ Vijay တို့ မိသားစုဆီ ဆိုက်ဆိုက်မြိုက်မြိုက်ဘဲ ရောက်လာပါတော့တယ်။
ဒီတော့ Vijay တစ်ယောက် သူ့မိသားစုကို မဖိတ်ခေါ်ဘဲရောက်လာတဲ့ ကြမ္မာဆိုးကြီးလက်ထဲကနေ ဘယ်လိုကယ်တင်မလဲ ?
ရဲချုပ်ကြီးကရော သူ့သားကိုသတ်သွားသူတွေကို မိမလား ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာဘဲဆက်ကြည့်ပါလေ။

လေးတန်းအောင် တစ်ယောက်ရဲ့ ညဏ်က ဘယ်လောက်ပြေးမလဲ သင်ထင်ပါသလဲ ??

Crime | Drama | Mystery | Thriller ဇာတ်ကားအမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားမို့ မကြည့်ရသေးသူများအတွက် အားရကျေနပ်မိမဲ့ ဇာတ်ကားတစ်ခုပါ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။၂၁.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၂၂.၇.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8
ဇူလိုင်လ (၂၁) ရက်၊ သောကြာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=======================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စုန်းချောင်းရွာကို စစ်တပ်က စီးနင်းတိုက်ခိုက်ပြီးနောက် အရပ်သားတွေအပါအဝင် လူ ၁၂ဦးထက်မနည်း သတ်ဖြတ်ခံရတဲ့သတင်းနဲ့အတူ

စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနဲ့အဖွဲ့အစည်းတစ်ခုကို ဥရောပသမဂ္ဂက ပိတ်ဆို့ ဒဏ်ခတ်လိုက်တဲ့သတင်းအပါအဝင်

တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေ၊ စီးပွားရေးသတင်းနဲ့ နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို အပတ်စဉ်ကဏ္ဏတစ်ခုဖြစ်တဲ့ Insight Myanmar ကိုနားဆင်ရပါမယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/uzyKU3mk3IM

#Mizzimaradio
#eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍4😁1😢1
ဇူလိုင် (၂၁) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================

- ထိုင်းဆန္ဒပြပွဲတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သားများ မပါဝင်ကြရန် သတိပေးတဲ့သတင်း

- စစ်ကောင်စီတပ်က ပြည်သူ ၃ ဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ် တဲ့သတင်း

- ပြင်သစ်အဓိကရုဏ်းများအတွင်း ထောင်ဒဏ်ချမှတ်ခံရသူ ၇၀၀ ကျော်ရှိကြောင်း တရားရေးဝန်ကြီးပြောတဲ့သတင်း

- မြန်မာ့မြေရှားသတ္တု တရုတ်ဝယ်ယူမှု ပမာဏ ၉ ဆ မြင့်တက်ခဲ့တဲ့သတင်း

- ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။

https://www.youtube.com/live/5sr7AJ3IH_g?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🌭1
This media is not supported in your browser
VIEW IN TELEGRAM
July - 21 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
❤5👍3😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁ ဇူလိုင် ၂၀၂၃) 
==========================

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းဖက်စစ်အာဏာရှင်ကို ခုခံတွန်းလှန်စစ်များ မြှင့်တက် နေပြီး စစ်ကောင်စီ တပ်စခန်းများနှင့် ကင်းစခန်းများဆက်တိုက်ဆိုသလို တိုက်ခိုက် ခံနေမှုသည် ပိုမိုများလာဖွယ်ရှိနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11👏2😁1
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာသတင်းမီဒီယာများ အင်တာဗျူးခွင့်ရမှသာ သတင်းစကားအမှန်သိနိုင်မည် | Exclusive Interview
=====================

မြန်မာစစ်ကောင်စီနှင့် ထိုင်းအစိုးရတို့အကြား အပြန်အလှန် နိုင်ငံရေးအသုံးချမှုက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဖြစ်လာကြောင်း ဒေါက်တာမီမီဝင်းဘတ်က သုံးသပ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာသတင်းမီဒီယာများ တိုက်ရိုက်တွေ့ဆုံမေးမြန်းခွင့်ပြုမှသာလျှင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားလိုသော သတင်းစကားအမှန်ကို သိခွင့်ရနိုင်လိမ့်မည်ဟုလည်း သူက ပြောသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ လုံခြုံရေးဆိုင်ရာ အာရှ ပစိဖိတ် လေ့လာရေး ဌာန ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က မဇ္ဈိမ၏ Exclusive Interview တွင် သုံးသပ်ပြောဆိုထားခြင်းဖြစ်သည်။

https://youtu.be/O7ol92p-zKo

#Mizzima Exclusive Interview
#ဒေါက်တာမီမီဝင်းဘတ်
#စစ်ကောင်စီ
#စကစ
#ဒွန်ပရာမတ်ဝီနိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23👏2😁1🤮1
​​ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် စစ်ကောင်စီခန့် ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ဦးကျော်လွင်ဆိုသူသည် ယနေ့ ဇူလိုင်လ ၂၁ ရက် နံနက် ၈ နာရီခန့်က ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံထံမှ သိရသည်။

“အရှေ့ဒဂုံ စက်မူဇုံမှာ အသတ်ခံရတာ။ သူနေတာက (၁၂၅) ရပ်ကွက်မှာပါ" ဟု ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်နေ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ (၁၁၈) ရပ်ကွက်၊ ဦးမြူလမ်းနှင့် အောင်သပြေလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နဖူးနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည်ဒဏ်ရာဖြင့် ‌ပွဲချင်းပြီးသေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

"အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရာအိမ်မှူးစလုပ်တယ်။ တပည့်တွေထားတယ်။ မနှစ်က သူ့အိမ်မှာ ဗုံးတွေ့တယ်၊ မပေါက်ဘူး။ နည်းနည်းဘဝင်မြင့်နေတဲ့သူပါ”ဟု ဒေသခံကပြောသည်။

ပစ်သတ်ခံရသည့် ရာအိမ်မှူးနေထိုင်သော ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၁၂၅)ရပ်ကွက်သည် တော်လှန်ရေးကာလအတွင်း ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းမှုဖြစ်စဉ် မရှိခဲ့ဖူးကြောင်း ဒေသခံက ဆက်ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ‌ယင်းဖြစ်စဉ်နေရာနှင့် (၁၂၅) ရပ်ကွက်အတွင်း၌ ဆိုင်ကယ်ဖမ်းဆီးမှုများရှိကြောင်း ဒေသခံက ပြောသည်။
အလားတူ ဇူလိုင်လ ၂၀ ရက် ည ၇ နာရီ ဝန်းကျင်ခန့်ကလည်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရာဇဓိရာဇ်လမ်းမကြီးနှင့် ခရေလမ်းထောင့်အရောက်တွင် ဦးကျော်ဆန်းဝင်းဆိုသူ ပစ်ခတ်ခံရရာမှ နားထင်ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။
"သူက ဒီဘက်မှာနာမည်ထွက်တာတော့ ပျူစောထီးလို့ထွက်တယ်၊ သေပြီးမှသိရတာက သတင်းပေးလို့လည်း သိရတယ်၊ သူက ဘေးတွဲဆိုင်ကယ်မောင်းတယ်" ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တို့တွင် ယခုကဲ့သို့ နှစ်ရက်ဆက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် ညအချိန်တွင် ဧည့်စာရင်းစစ်ဆေးမှုများ ရှိ‌နိုင်ကြောင်းလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရန်ကုန်တိုင်း
#ဒဂုံမြို့သစ်အ‌ရှေ့ပိုင်းမြို့နယ်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏2
​​သုံးဘီးတပ်လျှပ်စစ်စကူတာအား ထုတ်လုပ်ခဲ့သည့် XOTO ကုမ္ပဏီ
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1
​​Whispering Corridors 5: A Blood Pledge
=================

အလယ်တန်းကျောင်းသူလေး ဂျောင်အွန်းက ကျောင်းဆင်းရင် သူ့အစ်မနဲ့ အတူတူပြန်မယ်ဆိုပြီး ကျောင်းရှေ့မှာစောင့်နေခဲ့တယ်..
အစ်မဆီ ဖုန်းဆက်တော့ ခွဲရတော့မလိုစကားတွေ ကြားတဲ့အခါ စိတ်ထဲထိတ်နေတဲ့အချိန် ကျောင်းအပေါ်ထပ်ကနေ တစ်ခုခု ဘုံးခနဲ ပြုတ်ကျလာတဲ့အခါ ခုနလေးတင် ဖုန်းပြောထားတဲ့ သူ့အစ်မဖြစ်နေခဲ့တယ်..

ဒီလိုနဲ့ နေလာကြရင်း အစ်မဖြစ်သူသေဆုံးမှုကို စုံစမ်းရင်းနဲ့ အစ်မရဲ့ သူငယ်ချင်း ၃ယောက်က သိပ်ပြီးမူမမှန်တာကို သတိထားမိရာကနေ ဒီကိစ္စကြီးရဲ့ အကြောင်းအရင်းကို အစဆွဲထုတ်မိရာက သူငယ််ချင်းတွေကြားကထင်မထားတဲ့ အကြောင်းအရာတွေ၊ စာတော်တဲ့ကျောင်းသူလေးရဲ့ Dark side တွေ၊ ဆယ်ကျော်သက်တွေရဲ့ တဇွတ်ထိုးယုံကြည်မှုတွေ၊ ချစ်မြတ်နိုးမှု အပြစ်ကင်းစင်မှုတွေ ပေါ်ပေါက်လာပုံကို အထိတ်တလန့်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၂၁.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍3
​​ခန္ဓာကိုယ်အတွင်းပိုင်း၌ ပြတ်သွားသည့် ဦးခေါင်းအား ပြန်ဆက်ပေးနိုင်ခဲ့သည့် ဆရာဝန်များ
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2😁1
​​ကျောင်းသား ၅ ဦးကို အကြမ်းဖက်မှုဖြင့် ထောင်ဒဏ် ၁၀နှစ် ထပ်မံချမှတ်
=====================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၅ ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီထပ်မံချမှတ်လိုက်ကြောင်း သိရသည်။

“ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တာပေါ့။ ကျနော်သိတာတော့ ဇူလိုင်လ ၁၀ ရက်နေ့မှ ချလိုက်တာလို့ သိရပါတယ်လို့” ကျောင်းသားများသမဂ္ဂမြေပြင်သပိတ်တာဝန်ခံ ကိုမင်းရတုထက်က မဇ္ဈိမကိုပြောသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၊ ​မြေပြင်သပိတ်ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ်၊ ကုန်ထုတ်ဓာတုဗေဒ) အပါအဝင် ကိုသီဟအောင် (အဝေးသင်ဥပဒေ၊ ဒုတိယနှစ်) ၊ ကိုဟိန်းထက်ဇော် (အဝေးသင် မြန်မာစာ၊ ဒုတိယနှစ် ) ကိုအေးမင်းထိုက်(အဝေးသင်ဓာတုဗေဒ၊ တတိယနှစ်) နှင့် ကိုဖြိုးကောင်းထိုက် (ဘွဲ့ရ)တို့ကို ဇူလိုင်လ ၁၀ ရက်နေ့တွင် အရှေ့ပိုင်းခရိုင်တရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀-စျ/၅၄ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်ကြောင်း ကျောင်းသားသမဂ္ဂထံမှ သိရသည်။

ယခုကဲ့သို့နှစ်ရှည်ထောင်ဒဏ်များချမှတ်ထားခြင်းနှင့်ပတ်သက်ပြီး ကိုမင်းရတုထက်က “ခေတ်အဆက်ဆက် သမဂ္ဂကျောင်းသားတွေကို စစ်အုပ်စုဘက်က အင်မတန်ကြောက်ရွံ့ခဲ့ရတယ်။ ကျောင်းသားတွေကို ဖိနှိပ်ဖို့အတွက်ကို နည်းမျိုးစုံနဲ့ကြိုးစားကြတယ်။ နှိပ်စက်တယ်။ သတ်ဖြတ်မှုတွေရှိတယ်။ ဒါမျိုးတွေအမျိုးမျိုး ကျနော်တို့တွေ့ရတယ်။ အခုလည်းပဲ ကျနော်တို့ရဲဘော်တွေဖြစ်တဲ့ တာဝန်ခံတွေနဲ့ ရဲဘော်တွေကို ဖမ်းပြီးနှစ်ရှည်လများစွာချခံထားရတယ်ဆိုတာ ဖိနှိပ်တာပဲဖြစ်တယ်။ ဒါကျနော်တို့ ကြောက်ရွံ့နေမှာလည်း မဟုတ်ဘူး။ ကျနော်တို့ ပါသွားတဲ့ရဲဘော်တွေအစား နှစ်ဆပိုတိုးပြီး အလုပ်လုပ်သွားပါမယ်ဗျ” ဟု မဇ္ဈိမကိုပြောသည်။

လက်ရှိထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံလိုက်ရသည့် ကျောင်းသား ငါးဦးသည် ၂၀၂၂ဒီဇင်ဘလအတွင်းကလည်း နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံထားရသူများဖြစ်သည်။ ကိုကောင်းခန့်နိုင်၊ ကိုသီဟအောင်၊ ကိုဟိန်းထက်ဇော်နှင့် ကိုဖြိုးကောင်းထိုက်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀-က (စျ)၊ ၅၁ - ဂ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ်ထောင်ဒဏ် ၁၆ နှစ်ချမှတ်ထားသည်။ ကိုအေးမင်းထိုက်ကိုမူ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေပုဒ်မ ၆-၁ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့်ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရသည်။

အဆိုပါကျောင်းသား ငါးဦးသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်ဧပြီလအတွင်းက ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ ထောင်ဒဏ်ကျခံလျက်ရှိသည်။ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားကျောင်းသူ ၁၆ ဦးရှိပြီး ၎င်းတို့ထဲတွင် လက်ရှိဥက္ကဋ္ဌ မဆုရည်လင်းနှင့် ဥက္ကဋ္ဌဟောင်း ကိုအောင်ခန့်ကျော်တို့လည်း ပါဝင်သည်။

စာတည်း - သန့်ဇော်(သန့်လျင်)

#mizzima
#ကျောင်းသား
#အကြမ်းဖက်မှု
#ထောင်ဒဏ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👎2🔥1
ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့၏ ​အဂတိအမှု အထူးအယူခံများ ကြားနာသွားမည်
🔥2👍1
​​ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့၏ ​အဂတိအမှု အထူးအယူခံများ ကြားနာသွားမည်
==========================

001
(မဇ္စျိမ) ။ ။ NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းတို့၏ အဂတိအမှု အထူးအယူခံများကို စစ်ကောင်စီ၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ လာမည့် ဩဂုတ်လ တတိယပတ်တွင် ကြားနာသွားရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

ဒေါက်တာမျိုးအောင် တစ်ဦးတည်း စွဲဆိုခံရသည့် အဂတိအမှု သုံးမှု၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းတို့နှစ်ဦး ပူးတွဲစွဲဆိုခံရသည့် အဂတိအမှု နှစ်မှု စုစု​ပေါင်း အဂတိအမှု ငါးမှုကို အထူးအယူခံ ဝင်ခွင့်ပြုရန် သင့် ၊ မသင့် ကြားနာမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နေပြည်တော်တွင် အထူးမြေကွက်ဖော်ထုတ်သည့်ကိစ္စ ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီက ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့ရှိ မြေကွက်တစ်ကွက်စီကို ရောင်းချခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး အဂတိလိုက်စားသည်ဟူသည့် စွဲချက်ဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထို့​နောက် နေပြည်တော်အချုပ်ထောင်အတွင်းရှိ တရားရုံးက တစ်မှုလျှင် ထောင်ဒဏ် သုံးနှစ်စီဖြင့် ပြစ်ဒဏ်တစ်ပေါင်းတည်း ကျခံရန် အမိန့်ချမှတ်ခဲ့ပြီးနောက် ယင်းအပေါ် စွပ်စွဲခံရသူများက တရားလွှတ်တော်ချုပ်တွင် ကနဦး အယူခံတက်ခဲ့သော်လည်း ပယ်ချခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိ အထူးအယူခံမှာ နောက်ဆုံးအဆင့်ဖြစ်ပြီး ယင်းအမှုများ ပယ်ချခံရပါက ပြင်ဆင်မှုထပ်တက်၍ မရတော့ကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

ထို့ပြင် လာမည့်လ ပထမပတ်တွင်း ဦးရဲမင်းဦး၏ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ အမှု ပြင်ဆင်မှုကိုလည်း တရားလွှတ်တော်ချုပ်တွင် လက်ခံ၊ မခံ ကြားနာပြီး အမိန့်ချမှတ်ရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့မှာ စစ်ကောင်စီဘက်က တရားစွဲဆိုခဲ့သည့်အမှုများအတွက် လက်ရှိတွင် တစ်ဦးလျှင် ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံထားရပြီး ရမည်းသင်းအကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရသည်။

၎င်းတို့နှစ်ဦးမှာ စစ်တပ်က အာဏာသိမ်းကတည်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီဘက်က စွပ်စွဲခဲ့သည့် အဂတိအမှုတချို့တွင်လည်း ပူးတွဲ တရားစွဲခံခဲ့ရသည်။

စစ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၁,၂၀၀ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့သတ်ဖြတ်ခံရသည့် ပါတီဝင် ၉၃ ဦးရှိကြောင်း NLD ပါတီက ဇွန်လအတွင်းက ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#NLD
#ဒေါက်တာမျိုးအောင်
#ဦးရဲမင်းဦး
#အဂတိအမှု
Photo - Ye Min Oo Facebook ၊ Nay Pyi Taw Council
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2