ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့၏ အဂတိအမှု အထူးအယူခံများ ကြားနာသွားမည်
==========================
001
(မဇ္စျိမ) ။ ။ NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းတို့၏ အဂတိအမှု အထူးအယူခံများကို စစ်ကောင်စီ၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ လာမည့် ဩဂုတ်လ တတိယပတ်တွင် ကြားနာသွားရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။
ဒေါက်တာမျိုးအောင် တစ်ဦးတည်း စွဲဆိုခံရသည့် အဂတိအမှု သုံးမှု၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းတို့နှစ်ဦး ပူးတွဲစွဲဆိုခံရသည့် အဂတိအမှု နှစ်မှု စုစုပေါင်း အဂတိအမှု ငါးမှုကို အထူးအယူခံ ဝင်ခွင့်ပြုရန် သင့် ၊ မသင့် ကြားနာမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
နေပြည်တော်တွင် အထူးမြေကွက်ဖော်ထုတ်သည့်ကိစ္စ ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီက ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့ရှိ မြေကွက်တစ်ကွက်စီကို ရောင်းချခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး အဂတိလိုက်စားသည်ဟူသည့် စွဲချက်ဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ထို့နောက် နေပြည်တော်အချုပ်ထောင်အတွင်းရှိ တရားရုံးက တစ်မှုလျှင် ထောင်ဒဏ် သုံးနှစ်စီဖြင့် ပြစ်ဒဏ်တစ်ပေါင်းတည်း ကျခံရန် အမိန့်ချမှတ်ခဲ့ပြီးနောက် ယင်းအပေါ် စွပ်စွဲခံရသူများက တရားလွှတ်တော်ချုပ်တွင် ကနဦး အယူခံတက်ခဲ့သော်လည်း ပယ်ချခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိ အထူးအယူခံမှာ နောက်ဆုံးအဆင့်ဖြစ်ပြီး ယင်းအမှုများ ပယ်ချခံရပါက ပြင်ဆင်မှုထပ်တက်၍ မရတော့ကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ထို့ပြင် လာမည့်လ ပထမပတ်တွင်း ဦးရဲမင်းဦး၏ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ အမှု ပြင်ဆင်မှုကိုလည်း တရားလွှတ်တော်ချုပ်တွင် လက်ခံ၊ မခံ ကြားနာပြီး အမိန့်ချမှတ်ရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။
ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့မှာ စစ်ကောင်စီဘက်က တရားစွဲဆိုခဲ့သည့်အမှုများအတွက် လက်ရှိတွင် တစ်ဦးလျှင် ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံထားရပြီး ရမည်းသင်းအကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရသည်။
၎င်းတို့နှစ်ဦးမှာ စစ်တပ်က အာဏာသိမ်းကတည်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီဘက်က စွပ်စွဲခဲ့သည့် အဂတိအမှုတချို့တွင်လည်း ပူးတွဲ တရားစွဲခံခဲ့ရသည်။
စစ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၁,၂၀၀ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့သတ်ဖြတ်ခံရသည့် ပါတီဝင် ၉၃ ဦးရှိကြောင်း NLD ပါတီက ဇွန်လအတွင်းက ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#NLD
#ဒေါက်တာမျိုးအောင်
#ဦးရဲမင်းဦး
#အဂတိအမှု
Photo - Ye Min Oo Facebook ၊ Nay Pyi Taw Council
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍4🔥2
“ဝ” အပါအဝင်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ စစ်ကောင်စီနှင့် ထပ်မံတွေ့ဆုံ
====================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)နှင့်ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့သည် နေပြည်တော်တွင် ဇူလိုင်လ၂၀ရက်နေ့မှစပြီး အာဏာသိမ်းစစ်ကောင်စီ၏ငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံနေကြောင်း သတင်းရရှိသည်။
ဆွေးနွေးပွဲကို ယမန်နေ့ ဇူလိုင်လ ၂၀ရက်တွင် စတင်ခဲ့ပြီး စစ်ကောင်စီဘက်မှငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်ပြီး UWSP မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊NDAA ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့် SSPPဒုတိယဥက္ကဋ္ဌ (၃) စဝ်ဆေပိုင်ဖတို့တက်ရောက်ကြသည်ဟု သိရသည်။
ဆွေးနွေးမှု ပထမနေ့တွင် ယခင်သဘောတူညီထားသည့် အချက်များဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စ၊ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေများနှင့် EAOများဘက်မှ ဆွေးနွေးလိုသည့် အချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီက ယနေ့ ဇူလိုင်လ ၂၁ရက် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီဘက်မှထုတ်ပြန်ချက်အရ သဘောတူထားသည့်ကိစ္စများကိုဆွေးနွေးခဲ့သည်ဟူသောကိစ္စနှင့်ပတ်သက်၍ အခြားတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့အတွက်သီးခြားမသိရသော်လည်း ဝအဖွဲ့နှင့်စစ်ကောင်စီကြားတွင်မူ ဝပြည်နယ်သတ်မှတ်ရေးအတွက် ဆွေးနွေးသဘောတူညီမှုများရှိသည်ဟု သိရသည်။
စစ်ကောင်စီသည် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) ၊ ကရင်အမျိုးသားအစည်းအရုံး - ငြိမ်းချမ်းရေးကောင်စီ ( KNU/ KNLA PC) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး၊ မွန်ပြည်သစ်ပါတီ ( NMSP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် (RCSS/SSA)၊ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့နှင့်နေပြည်တော်တွင် ၂၀၂၂ခုနှစ်မေလမှစတင်ပြီး ဆွေးနွေးပွဲများအကြိမ်ကြိမ်ကျင်းပခဲ့သည်။
တတိုင်းပြည်လုံးက စစ်ကောင်စီကို လက်နက်ကိုင်ပြီး အပြင်းအထန်တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီနက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအကြိမ်ကြိမ်ပြုလုပ်နေခြင်းသည် နိုင်ငံတကာစာမျက်နှာတွင် ဝင်ဆံ့ရေး၊ အတိုက်အခံများအင်အားလျော့နည်းစေရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြားစိတ်ဝမ်းကွဲစေရေးတို့အတွက် ပြလုပ်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က မှတ်ချက်ပြုသည်။
“ အထူးသဖြင့် သူတို့(စစ်ကောင်စီ) ပြည်တွင်းက လက်နက်ကိုင်အင်အားစုတွေနဲ့ သဘောတူညီချက်ရပြီဆိုရင် NUG လို PDFလိုအဖွဲ့ အစည်းတွေကလည်း အားပျော့သွားမှာပေါ့နော်။ အဲဒါမျိုးရှိတယ်။ နိုင်ငံတကာကလည်း သူတို့အပေါ်မှာ သိပ်ပြီးတော့ ဝေဖန်မှုမပြင်းထန်တော့ဘူးပေါ့။ အဲလိုပုံစံမျိုးအဆင့်ရောက်သွားအောင် သူတို့က ကြိုးစားနေတာဖြစ်တယ်”ဟု ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကသုံးသပ်သည်။
စစ်ကောင်စီသည်၎င်း၏ဆွေးနွေးရန်ဖိတ်ခေါ်မှုကိုလက်ခံပြီး ဆွေးနွေးပွဲတက်ရောက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ငြိမ်းချမ်းရေးညီလာခံ ပြုလုပ်နိုင်ရေးအတွက်လည်း ကြိုးစားနေသည်ဟု သိရသည်။
လတ်တလောပြုလုပ်နေသည့် အစည်းအဝေးမဗဆွေးနွေးမှုအခြေအနေများကို မေးမြန်းရန်အတွက် UWSP၊ SSPPနှင့်NDAA ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ ဇူလိုင် ၂၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက်တူညီသည့် သဘောထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုးသွားမည်ဟု စစ်ကောင်စီကထုတ်ပြန်ထားသည်။
စာတည်း-မောင်ကြီး
#mizzima
#စစ်ကောင်စီ
#UWSP၊SSPP၊NDAA
#ဆွေးနွေးပွဲ
Photo-စစ်ကောင်စီဝါဒဖြန့်မီဒီယာ

😁10👍6❤3💩2🤔1
ပြန်မလာနိုင်တော့တဲ့ ၁၀ တန်းကျောင်းသားလေးများ (သို့မဟုတ်)စုန်းချောင်းရွာက စစ်ကောင်စီလူသတ်ပွဲ
=====================
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့ မနက် ၂နာရီလောက်မှာ ရုတ်တရက် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ၁၀တန်းကျောင်းသား လေးဦးအပါအဝင် လူ၁၄ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် ၁၀ တန်းကျောင်းသားလေးဦး၊ အရပ်သား ခုနစ်ဦးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ ၁၀ တန်းကျောင်းသားလေးတွေဟာ ဝေမိုးထွန်း၊ စိုင်းသူစံ၊ ဖိုးချစ်၊ နေမင်းထွန်းတို့ ဖြစ်ကြပြီး သူတို့တွေဟာ အသက် ၁၆နှစ် နဲ့ ၁၇ နှစ်အရွယ်တွေပဲရှိပါသေးတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအစီအစဉ်နဲ့ဖွင့်ထားတဲ့ ကျောင်းမှာ ကျောင်းတက်နေဆဲ ကျောင်းသားလေးတွေဖြစ်ပြီး ဒီနေ့မှာတော့ စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ရပါတယ်။
ဒီလို စစ်ကောင်စီရဲ့လူမဆန်တဲ့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေအတွက် ယူကြုံးမရဖြစ်ရတယ်လို့ အလောင်းတွေကို သယ်ထုတ်ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အသတ်ခံလိုက်ရသူတွေရဲ့ ရုပ်အလောင်း ၁၄ လောင်းကို ဒီနေ့ နေ့လည်ပိုင်းမှာပဲ နေ့ချင်းပြီး မီးသင်္ဂြိုလ်ခဲ့ကြပါတယ်။စုန်းချောင်းရွာဟာ စစ်ကောင်စီလက်အောက်မှာ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးတာဝန်ယူထားပြီး အရင်က မြောက်ပိုင်းတိုင်းနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ ဇာတိရွာလို့လည်း ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဗိုလ်ချုပ်တစ်ဦးရဲ့ ဇာတိရွာမှာ ဒီကနေ့မှာတော့ စစ်ကောင်စီကိုယ်တိုင်က လူသတ်ပွဲကျင်းပခဲ့ပြီး နိုင်ငံရဲ့ အနာဂတ်လူငယ် လေးဦးဟာလည်း သူတို့ချစ်တဲ့ စာသင်ခန်းကို အပြီးတိုင် ကျောခိုင်းခဲ့ရပြီဖြစ်ပါတယ်။
ရုပ်သံတင်ဆက်/တည်းဖြတ်- ဂျူချန်း
https://youtu.be/M-_LfHIJEFU
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ပြန်မလာနိုင်တော့တဲ့ ၁၀ တန်းကျောင်းသားလေးများ (သို့မဟုတ်)စုန်းချောင်းရွာက စစ်ကောင်စီလူသတ်ပွဲ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့ မနက် ၂နာရီလောက်မှာ ရုတ်တရက် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ၁၀တန်းကျောင်းသား လေးဦးအပါအဝင် လူ၁၄ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက…
😢26👍10🤬3❤2🥰1
ကျောက်သမားများ လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်လျှင် ထောင် ၃ နှစ်အထိချမည်ဟု ဆို
🤬2❤1

========================
007
(မဇ္စျိမ) ။ ။မန္တလေးမြို့ ကျောက်ဝိုင်းအတွင်း အရောင်းအ၀ယ်လုပ်ကိုင်သူတိုင်း လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် မဖြစ်မနေလျှောက်ရမည်ဖြစ်ပြီး၊ လိုင်စင်မရှိဘဲ လုပ်ကိုင်လျှင် ဖမ်းဆီးထောင်ချမည်ဟု၊ စစ်ကောင်စီက အမိန့်ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း ကျောက်ကုန်သည်ပွဲစားများထံကသိရသည်။
“တည်ဆဲဥပဒေဆိုတာကြီးနဲ့ လာပြန်ပြီတစ်ခါ ဆိုသလိုပါပဲ၊ ဒီတစ်ခါလည်းအတော်လေးကြမ်းတယ်၊ ကျောက်သမားတွေ လိုင်စင်လုပ်ရမယ်၊ လိုင်စင်မရှိဘဲလုပ်ရင် ဖမ်းမယ် ထောင်ချမယ်တဲ့၊ သတ်မှတ်ရက်အတွင်း လိုင်စင်အပြီးလုပ်ရမယ်ဆိုပြီး အမိန့်လိုလို ကြေညာချက်လိုလို လာထုတ်သွားတာ” ဟု မြို့ခံကျောက်ပွဲစားတစ်ဦးက ပြောသည်။
မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၂၆ အရဟုဆိုပြီး၊ ကျောက်မျက် ရတနာအရိုင်းကိုဖြစ်စေ၊ အချောထည်ကိုဖြစ်စေ၊ လက်၀တ်ရတနာကိုဖြစ်စေ၊ ကျောက်မျက်ရတနာဖြင့်ပြုလုပ်သော ပစ္စည်းကိုဖြစ်စေ ရောင်း၀ယ်ခြင်း၊ ကျောက်မျက်ရတနာအရိုင်းကို ကျောက်မျက်ရတနာအချောထည်ပြုလုပ်ခြင်း လုပ်ငန်းလုပ်ကိုင်သူမှန်သမျှ လုပ်ကိုင်ခွင့်လိုင်စင်ပြုလုပ်ရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
“အကုန်ပါတာဗျ၊ ဟိုးသူဌေးကြီးတွေက အောက်ခြေပွဲစားတွေအထိပါတာ၊ နေ့စဉ်လူတစ်သိန်းလောက်အ၀င်အထွက်ရှိတဲ့နေရာကို လိုင်စင် လာလုပ်ခိုင်းတာဆိုတော့ လူတစ်ယောက် ၃၀,၀၀၀ နဲ့ တွက်ကြည့်ပေါ့၊ ဆိုင်ခန်းတွေဆို တစ်ခန်းကို ၅၀,၀၀၀ ပေးရမှာ၊ ဆိုင်ခန်းပေါင်းက ရာနဲ့ ချီတယ်၊ ဒီကြေညာချက်က အခြေခံလူတန်းစား ပွဲစားတွေအတွက်အန္တရာယ်ထောင်ချောက်ကြီးတစ်ခုပဲ၊ သူတို့လက်ထဲ ကျောက်တွေ့တဲ့အချိန် လိုင်စင်မရှိရင် ပြဿနာတက်ပြီ” ဟု ကျောက်ကုန်သည်တစ်ဦးက ပြောသည်။
အဆိုပါအမိန့်ကြေညာချက်ကို၊ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က ကျောက်ဝိုင်းအ၀င်အထွက်ပေါက်များတွင် ဆိုင်းဘုတ်ဖြင့်ကြေညာချက်ထုတ်ခဲ့ခြင်းဖြစ်ပြီး၊ ၃၅ လမ်းနှင့် ၆၄ လမ်းထောင့်ရှိ ကျောက်မျက်အသင်းရုံးတွင် သတ်မှတ်ရက်အတွင်းလာရောက်လျှောက်ထားရမည်ဟု လည်း ကြေညာချက်က ဆိုသည်။
လိုင်စင်မရှိဘဲ လုပ်ကိုင်သူများအနေနှင့် မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၅၁ အရ ပြစ်မှုထင်ရှားကျူးလွန်ကြောင်း စီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိ ချမှတ်ခံရမည်ဖြစ်ပြီး၊ ငွေဒဏ်လည်း ချမှတ်ခံရနိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
လိုင်စင်သစ် လျှောက်ထားခြင်းအတွက် ပေးဆောင်ရမည့်ငွေကို၊ ကျောက်မျက်ရတနာအရိုင်း အချောများ ရောင်း၀ယ်ခြင်းအတွက် တစ်နှစ်စာ ၃၀,၀၀၀ ကျပ်၊ ဆိုင်ဖွင့်ရောင်းချခြင်းအတွက် ၅၀,၀၀၀ ကျပ်၊ ကျောက်မျက်ရတနာအချောထည်နှင့် ရုပ်ထုရုပ်ထွင်းပြုလုပ်ခြင်းလုပ်ငန်းအတွက် ၃၀,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျောက်သမား
#လုပ်ငန်းလိုင်စင်
#မန္တလေးမြို့

👍8❤6🤬4👏1
စစ်ဘေးရှောင်များရွှေ့ပြောင်းလာခြင်းနှင့်အိမ်ဖျက်ခံရခြင်းကြောင့် မန္တလေးအိမ်ငှားခ နှစ်ဆခန့်မြင့်တက်
=====================
(မဇ္ဈိမ) ။ ။ မန္တလေးမြို့တွင် အညာဒေသမှ စစ်ဘေးရှောင်များအခြေချနေထိုင်လာခြင်းနှင့်စစ်ကောင်စီက ကျူးကျော်ဟုသတ်မှတ်ပြီး အိမ်များဖျက်ခံရခြင်းတို့ကြောင့် ယခုရက်ပိုင်းအတွင်း အိမ်ငှားခစျေးနှုန်းများ ပုံမှန်ထက်နှစ်ဆနီးပါးမြင့်တက်သွားကြောင်း ဒေသခံများထံကသိရသည်။
“နှစ်ဆန်းပိုင်းလောက်က မြို့သစ်ဘက်ကအိမ်တွေအဖျက်ခံနေရချိန်မှာ တစ်ကြိမ်တက်ခဲ့တယ်။ နောက် စစ်ဘေးရှောင်တွေ၀င်လာတော့ တစ်ခါ ထပ်တက်တယ်။ အခု နန်းဦးလွင်ဘက် ဖျက်ပေးရမယ်ဆိုတော့လည်း တစ်ခါထပ်တက်ပြန်တယ်။ နှစ်ဆန်းပိုင်းကနဲ့ယှဉ်လိုက်ရင် အိမ်ငှားခ နှစ် ဆလောက်ထိုးတက်သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ယခင်က တစ်လငှားရမ်းခ ၁၀၀,၀၀၀ကျပ်တန်တိုက်ခန်းတစ်ခန်းသည် ယခုအခါတွင် ၂၅၀,၀၀၀ကျပ်နှင့်အထက်စျေးမြင့်တက်သွားပြီး ငှားရမ်းခြင်းအတွက် စာချုပ်ချုပ်ဆိုရာတွင်လည်း အိမ်ရှင်များက သုံးလ သို့မဟုတ် ခြောက်လသာလလက်ခံချုပ်ဆိုတော့ကြောင်း သိရသည်။
“တချို့အိမ်ရှင်တွေက သုံးလလောက်ပဲချုပ်စေချင်ကြတယ်။ စျေးက သုံးလေးလတစ်ကြိမ်တက်နေတာဆိုတော့ တစ်နှစ်ချုပ်တာမျိုးမလုပ်ချင်ကြဘူး။ တချို့ပွဲစားတွေက အိမ်ရှင်ဆီကမျက်နှာရအောင် အိမ်ငှားခတွေစျေးတင်တောင်းတယ်။ တချို့လည်း အိမ်ရှင်တွေဘက်က စျေးတင်ခိုင်း လို့ တင်ရတာမျိုးရှိတယ်။ နန်းဦးလွင်ရပ်ကွက်ဖျက်ပေးရမယ့်သတင်းထွက်လာပြီးနောက်ပိုင်း ပိုဆိုးကုန်တယ်” ဟု မန္တလေးမြို့သစ်၌ အိမ်ငှားနေထိုင်သူတစ်ဦးကပြောသည်။
စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုအပါအ၀င် နေ့စဉ်စစ်ကြောင်းထိုးခံနေရသည့် စစ်ကိုင်းတိုင်းအတွင်းရှိစစ်ဘေးသင့်ဒေသခံများသည် မန္တလေးမြို့သို့ရွှေ့ပြောင်းအခြေချရန်ရောက်ရှိလာပြီးနောက်ပိုင်း အိမ်ငှားခ ရုတ်တရတ်မြင့်တက်ခဲ့ကြောင်းလည်းသိရသည်။
မန္တလေးမြို့တွင် ယခုနှစ်အစောပိုင်းက မြို့သစ်ရပ်ကွက်များမှအိမ်ခြေသုံးထောင်ကျော်ဖယ်ရှားခံခဲ့ရသည်။ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာမှ နေအိမ် ၉,၀၀၀ကျော်ကိုလည်း လယ်ယာမြေပေါ်အိမ်ဆောက်နေထိုင်သည်ဟုဆိုကာ ဖယ်ရှားမည်ဟု စစ်ကောင်စီ၏မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ကထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
#mizzima
#မန္တလေးမြို့
#အိမ်ငှားခ
#နှစ်ဆခန့်မြင့်တက်

😢11❤5👍2🔥2😡2
Workers fix the floor tiles at the construction site of the Maravijaya Buddha Image in Naypyitaw, Myanmar, 21 July 2023. The statue, which is 81 feet (25 m) and weighs 2,100 tons, would be the world's largest and highest carved marble sitting Buddha statue when it is completed. EPA-EFE/AFP
🤬4❤2
စစ်ကောင်စီတပ် မပခတိုင်းမှူးရာထူးအပြောင်းအလဲလုပ်
===================
(မဇ္ဈိမ) စစ်ကောင်စီတပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးရာထူး အပြောင်းအလဲလုပ်သည်ဟု စစ်ဘက်သတင်းရင်းမြစ်တစ်ခုက မဇ္ဈိမကိုပြောသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် စစ်အရာရှိခြောက်ဦးကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးမှုပြုလုပ်ပြီးနောက် ရာထူးအပြောင်းအလဲထွက်ပေါ်လာခြင်းဖြစ်သည်။
တိုင်းမှူးအသစ်မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ပြောင်းလာသူဟု ကနဦး သိရသော်လည်း အသေးစိတ်မသိရသေးပါ။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအောက်ရှိ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့် ကချင်ပြည်နယ်အတွင်း စကစတပ်နှင့် တာဝန်ကျဖူးသူ ဗိုလ်မှူးချုပ်စိုးလှိုင်တို့ မပခတိုင်းမှူးဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားကြသည်။
ဗိုလ်ချုပ်ကိုကိုမောင်ကို ဇူလိုင် ၁၃ ရက်နေ့ညနေ ၆ နာရီခန့်တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမှုနှင့်ပတ်သက်၍ မိသားစုကိုပင် အကြောင်းကြားခဲ့ခြင်းမရှိကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
သို့သော် ညပိုင်းတွင်တော့ တိုင်းမှူး၏ဇနီးဖြစ်သူကိုပါ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များက မြစ်ကြီးနားရှိ စရဖရုံးသို့ခေါ်ဆောင်သွားခဲ့သည်။
မပခတိုင်းမှူးအပြင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ဖားကန့်တပ်မမှူးနှင့် ရာထူးမသိရသော စစ်ဘက်အရာရှိ နှစ်ဦးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အမှုနှင့် ဆက်စပ်၍ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးကိုလည်း ထပ်မံဖမ်းဆီးမှုဖြစ်ပွားခဲ့သည်။
ကချင်လွတ်မြောက်ရေးတပ်မတော်ဌာနချုပ်အနီး စစ်ကောင်စီတပ်များက ထိုးစစ်ဆင်နေသောကာလတွင် မြန်မာပြည်ဖွား တရုတ်လုပ်ငန်းရှင်တစ်ဦးပိုင် ယမ်းသယ်ဆောင်သော ကားများကို စစ်တိုင်းမှူး ဖြတ်သန်းခွင့်ပေးခဲ့ခြင်းကြောင့် နေပြည်တော်က ဖမ်းဆီးမှုပြုလုပ်သည်ဟု စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောသည်။
" ရာထူးတိုးဖို့ နေပြည်တော်ကနေ ဖားကန့်ဘက်ကို ကွင်းဆင်းနေတဲ့ ထောက်လှမ်းရေးတပ်က သတင်းအစအနရသွားပြီး (နေပြည်တော်ကို) တင်လိုက်တာကနေ အခုလို ဇာတ်ထုတ်ကြီးဖြစ်လာတာ" ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။
ဓာတ်ပုံ - နေပြည်တော်က ဖမ်းဆီးစစ်ဆေးခြင်းခံရသော မြောက်ပိိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် (အလယ်)

😁17👍8❤2👏1
စစ်ရေးဗျူဟာ အရေးပါသည့် လက်ခတ်တောင်ဒေသအား ထိန်းချုပ်ထားဟု ပူးပေါင်းတပ်ဖွဲ့ပြော
====================
YT
(မဇ္ဈိမ) ။ ။ ဆယ်ရက်ကျော်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်အနီးတစ်ဝိုက်အား ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားနိုင်ပြီဟု တပ်မဟာ (၆) KNLA သတင်းရင်းမြစ်တစ်ဦးနှင့် မြေပြင်ရဲဘော်တစ်ဦးထံမှ သိရသည်။
" ၁၀ ရက်နေ့ကနေ စဖြစ်တာပေါ့။ တောက်လျှောက်ပဲလေ။ ဒီတောင်ပေါ်မှာ သူတို့ရဲ့ ဗျူဟာကုန်းတွေ အထိုင်စခန်းကုန်းတွေ အများကြီးရှိတယ်။ သူတို့ အမြောက်တွေထိုင်ထားတယ်။ လက်နက်ကြီးတွေ ဆင်ထားတယ်။ အဲ့ဒီလိုနေရာတွေကို ဒီဘက်က သိမ်းတာပေါ့" ဟု တပ်မဟာ (၆) KNLA သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
လက်ခတ်တောင် ဒေသတောင်ကြောတစ်လျှောက်တွင် ဗျူဟာကုန်း၊ တာဝါတိုင်စခန်း၊ ဗိုလ်တစ်ထောင်စခန်း၊ တိုင်တာကုန်း၊ ဘုရားဖြူကုန်းစသည့် စစ်ကောင်စီအထိုင်ချ စခန်းကုန်းများရှိသည်။ အဆိုပါ စခန်းကုန်းများအား တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးပြုလုပ်ပြီးမှ လက်ခတ်တောင်ဒေသအား ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်ရဲဘော်တစ်ဦးကပြောသည်။အဆိုပါ တောင်ကြောတစ်လျှောက်အား ထိန်းချုပ်နိုင်ရန် ဖော်ဆောင်ခဲ့သည့် တိုက်ပွဲသည် အချိန် ၁၀ ရက်ကျော် ကြာမြင့်ခဲ့ကြောင်း တပ်မဟာ (၆) KNLA သတင်းရင်းမြစ်ကဆိုသည်။
" တိုက်ပွဲတွေစဖြစ်ကတည်းက ဒီဘက်က တောင်အတက်အဆင်းနေရာတွေမှာ ပိတ်ထားလိုက်တော့ ဒီကောင်တွေက တက်မရ ဆင်းမရနဲ့ဖြစ်တာပေါ့။ စစ်ကူလာတာတွေကိုလည်း တိုက်ထုတ်ရင်းနဲ့ ၁၀ ရက်ကျော်လောက် ကြာသွားတယ်" ဟု တပ်မဟာ (၆) KNLA သတင်းရင်းမြစ်က ပြောသည်။
လက်ခတ်တောင်အနီးတစ်ဝိုက်ဖြစ်ပွားခဲ့သော တိုက်ပွဲများအား တပ်မဟာ (၆) KNLA၊ Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများပြားသကဲ့သို့ ပူးပေါင်းတပ်ဖွဲ့ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
" တိုက်ပွဲတွေမှာ သူတို့ဘက်ကလည်း အထိနာသလို ကျွန်တော်တို့ဘက်ကလည်း ထိခိုက်တာတွေရှိတယ်ဗျ" ဟု ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။
လက်ခတ်တောင်ဒေသသည် မြဝတီမြို့၏ တောင်ဘက်တွင် တည်ရှိသည်။ ပတ်ပတ်လည်တွင် တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိသည့် လေ့ကေကော်ဒေသ၊ ဖလူးဒေသ၊ သင်္ကန်းညီနောင်၊ မြဝတီမြို့တို့ ရှိသည်။ လက်ခတ်တောင်သည် စစ်ရေးအရဗျူဟာကျသည့်နေရာဖြစ်ကြောင်း ကော်ဘရာစစ်ဆင်ရေးမှူးဗိုလ်ဒါဘောက မဇ္ဈိမကို ပြောသည်။ ထို့အပြင်
စစ်ကောင်စီအား အနိုင်တိုက်နိုင်ရေးမြို့သိမ်းတိုက်ပွဲများ ဆင်နွဲရန်အတွက် ပြည်သူလူထုတရပ်လုံး၏ ပူးပေါင်းပါဝင်မှုလိုအပ်ကြောင်း ဗိုလ်ဒါဘောက အသိပေးတောင်းဆိုသည်။
စာတည်း - မောင်ကြီး
#mizzima
#မြဝတီမြို့နယ်
#လက်ခတ်တောင်
#ပူးပေါင်းတပ်ဖွဲ့ထိန်းချုပ်
Photo/Cobra Column

👍28🥰4😁3❤1👏1
ညောင်လေးကပင်မြို့နယ်တွင်း တိုက်ပွဲ စစ်ကောင်စီတပ် အကျအဆုံးများနှင့် ဆုတ်ခွာ
=================
မဇ္စျိမ
ညောင်လေးပင်မြို့နယ်အတွင်း PDF တပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရာ ယမန်နေ့ (ဇူလိုင် ၂၀ ရက်နေ့)က တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ပြန်လည်ဆုတ်ခွာသွားရပြီး ခြောက်ဦးသေဆုံးသည်ဟု စစ်ဘက်သတင်းရင်းမြစ်များကိုကိုးကား၍ ဒေသခံများက ပြောသည်။
ရိုးမဗျူဟာ စစ်ကြောင်း (၁) နှင့် စစ်ကောင်စီတပ်တို့ ညောင်လေးပင်မြို့နယ်အတွင် ပန်းတင်ကုန်းကျေးရွာနှင့် ကောက်မယ်သူကျေးရွာအကြား ကြာသပတေးနေ့ နံနက် ၅ နာရီမှ ညနေ ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားသည်။
စစ်ကောင်စီတပ်ဘက်က ခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ရာတွင် တစ်ဦးမှာ မြွေကိုက်၍ ဒဏ်ရာရခြင်းဖြစ်သည်ဟု ဆိုသည်။ မဇ္ဈိမအနေဖြင့် သေဆုံးဒဏ်ရာရသူအရေအတွက်နှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။
"ဒဏ်ရာရ တစ်ယောက်က ကင်းပုန်းဝပ်ရင်း မြေပွေးကိုက်ခံရတာဖြစ်တယ်" ဟု ရွာသားတစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်များက တော်ဝိကျေးရွာဘုန်းကြီးကျောင်းမှနေ၍ လကနက်ကြီးပစ်ကူယူသလို ဒရုန်းများနှင့်လည်း ဗုံးကြဲကာ ရှေ့သို့ချီတက်လာရာက တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
"လက်နက်ကြီးနဲ့ တနေကုန်ပစ်ပြီးတက်လာတာ။ လက်နက်ကြီးစုစုပေါင်း ၆၀ ကျော်ပစ်တယ်။" ဟု သူက ပြောသည်။ သို့သော် အသေးစိတ်ကိုပြောကြားရန် ငြင်းဆန်သည်။
ညောင်လေးပင်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား ဇူလိုင်လ ၁၄ ရက်နေ့ကတည်းကတိုက်ပွဲများ နေ့စဉ်ရက်ဆက်နီးပါးဖြစ်ပွားနေခဲ့သည်။

👍24❤2👏2😁2