Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Workers fix the floor tiles at the construction site of the Maravijaya Buddha Image in Naypyitaw, Myanmar, 21 July 2023. The statue, which is 81 feet (25 m) and weighs 2,100 tons, would be the world's largest and highest carved marble sitting Buddha statue when it is completed. EPA-EFE/AFP
🤬4❤2
စစ်ကောင်စီတပ် မပခတိုင်းမှူးရာထူးအပြောင်းအလဲလုပ်
===================

(မဇ္ဈိမ) စစ်ကောင်စီတပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးရာထူး အပြောင်းအလဲလုပ်သည်ဟု စစ်ဘက်သတင်းရင်းမြစ်တစ်ခုက မဇ္ဈိမကိုပြောသည်။ 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် စစ်အရာရှိခြောက်ဦးကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးမှုပြုလုပ်ပြီးနောက် ရာထူးအပြောင်းအလဲထွက်ပေါ်လာခြင်းဖြစ်သည်။

တိုင်းမှူးအသစ်မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ပြောင်းလာသူဟု ကနဦး သိရသော်လည်း အသေးစိတ်မသိရသေးပါ။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအောက်ရှိ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့် ကချင်ပြည်နယ်အတွင်း စကစတပ်နှင့် တာဝန်ကျဖူးသူ ဗိုလ်မှူးချုပ်စိုးလှိုင်တို့ မပခတိုင်းမှူးဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

ဗိုလ်ချုပ်ကိုကိုမောင်ကို ဇူလိုင် ၁၃ ရက်နေ့ညနေ ၆ နာရီခန့်တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမှုနှင့်ပတ်သက်၍ မိသားစုကိုပင် အကြောင်းကြားခဲ့ခြင်းမရှိကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

သို့သော် ညပိုင်းတွင်တော့ တိုင်းမှူး၏ဇနီးဖြစ်သူကိုပါ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များက မြစ်ကြီးနားရှိ စရဖရုံးသို့ခေါ်ဆောင်သွားခဲ့သည်။

မပခတိုင်းမှူးအပြင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ဖားကန့်တပ်မမှူးနှင့် ရာထူးမသိရသော စစ်ဘက်အရာရှိ နှစ်ဦးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အမှုနှင့် ဆက်စပ်၍ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးကိုလည်း ထပ်မံဖမ်းဆီးမှုဖြစ်ပွားခဲ့သည်။ 
 
ကချင်လွတ်မြောက်ရေးတပ်မတော်ဌာနချုပ်အနီး စစ်ကောင်စီတပ်များက ထိုးစစ်ဆင်နေသောကာလတွင် မြန်မာပြည်ဖွား တရုတ်လုပ်ငန်းရှင်တစ်ဦးပိုင် ယမ်းသယ်ဆောင်သော ကားများကို စစ်တိုင်းမှူး ဖြတ်သန်းခွင့်ပေးခဲ့ခြင်းကြောင့် နေပြည်တော်က ဖမ်းဆီးမှုပြုလုပ်သည်ဟု စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောသည်။ 

" ရာထူးတိုးဖို့ နေပြည်တော်ကနေ ဖားကန့်ဘက်ကို ကွင်းဆင်းနေတဲ့ ထောက်လှမ်းရေးတပ်က သတင်းအစအနရသွားပြီး (နေပြည်တော်ကို) တင်လိုက်တာကနေ အခုလို ဇာတ်ထုတ်ကြီးဖြစ်လာတာ" ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

ဓာတ်ပုံ - နေပြည်တော်က ဖမ်းဆီးစစ်ဆေးခြင်းခံရသော မြောက်ပိိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် (အလယ်)
😁17👍8❤2👏1
​​စစ်ရေးဗျူဟာ အရေးပါသည့် လက်ခတ်တောင်ဒေသအား ထိန်းချုပ်ထားဟု á€•ူးပ္ဍင်းတပ်ဖွဲအပဟ္ဏ 
====================

YT 

(မဇ္ဈိမ) ။  á‹ ဆယ်ရက်ကျော်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်အနီးတစ်ဝိုက်အား ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားနိုင်ပြီဟု တပ်မဟာ (၆) KNLA သတင်းရင်းမြစ်တစ်ဦးနှင့် မြေပြင်ရဲဘော်တစ်ဦးထံမှ သိရသည်။ 

" ၁၀ ရက်နေ့ကနေ စဖြစ်တာပေါ့။ တောက်လျှောက်ပဲလေ။ ဒီတောင်ပေါ်မှာ သူတို့ရဲ့ ဗျူဟာကုန်းတွေ အထိုင်စခန်းကုန်းတွေ အများကြီးရှိတယ်။ သူတို့ အမြောက်တွေထိုင်ထားတယ်။ á€œá€€á€şá€”က်ကဟဎးတွ္ ဆင်ထားတယ်။ အဲ့ဒီလိုနေရာတွေကို ဒီဘက်က သိမ်းတာပေါ့" ဟု တပ်မဟာ (၆) KNLA သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ 

လက်ခတ်တောင် ဒေသတောင်ကြောတစ်လျှောက်တွင် ဗျူဟာကုန်း၊ တာဝါတိုင်စခန်း၊ ဗိုလ်တစ်ထောင်စခန်း၊ တိုင်တာကုန်း၊ ဘုရားဖြူကုန်းစသည့် စစ်ကောင်စီအထိုင်ချ စခန်းကုန်းများရှိသည်။ အဆိုပါ စခန်းကုန်းများအား တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးပြုလုပ်ပြီးမှ လက်ခတ်တောင်ဒေသအား ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်ရဲဘော်တစ်ဦးကပြောသည်။အဆိုပါ တောင်ကြောတစ်လျှောက်အား ထိန်းချုပ်နိုင်ရန် ဖော်ဆောင်ခဲ့သည့် တိုက်ပွဲသည် အချိန် ၁၀ ရက်ကျော် ကြာမြင့်ခဲ့ကြောင်း တပ်မဟာ (၆) KNLA သတင်းရင်းမြစ်ကဆိုသည်။

" တိုက်ပွဲတွေစဖြစ်ကတည်းက ဒီဘက်က တောင်အတက်အဆင်းနေရာတွေမှာ ပိတ်ထားလိုက်တော့ ဒီကောင်တွေက တက်မရ ဆင်းမရနဲ့ဖြစ်တာပေါ့။ စစ်ကူလာတာတွေကိုလည်း တိုက်ထုတ်ရင်းနဲ့ ၁၀ ရက်ကျော်လောက် ကြာသွားတယ်" ဟု တပ်မဟာ (၆) KNLA သတင်းရင်းမြစ်က á€•ဟ္ဏသည်။ 

လက်ခတ်တောင်အနီးတစ်ဝိုက်ဖြစ်ပွားခဲ့သော တိုက်ပွဲများအား တပ်မဟာ (၆) KNLA၊ Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများပြားသကဲ့သို့ ပူးပေါင်းတပ်ဖွဲ့ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

" တိုက်ပွဲတွေမှာ သူတို့ဘက်ကလည်း အထိနာသလို ကျွန်တော်တို့ဘက်ကလည်း ထိခိုက်တာတွေရှိတယ်ဗျ" ဟု ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

လက်ခတ်တောင်ဒေသသည် မြဝတီမြို့​၏ တောင်ဘက်တွင် တည်ရှိသည်။ ပတ်ပတ်လည်တွင် á€á€­á€Żá€€á€şá€•á€˝á€˛á€™á€€á€źá€Źá€á€á€–á€źá€…á€şá€•á€˝á€Źá€¸á€œá€ąá€ˇá€›á€žá€­á€žá€Šá€ˇá€ş လေ့ကေကော်ဒေသ၊ ဖလူးဒေသ၊ သင်္ကန်းညီနောင်၊ မြဝတီမြို့တို့ ရှိသည်။ လက်ခတ်တောင်သည် စစ်ရေးအရဗျူဟာကျသည့်နေရာဖြစ်ကြောင်း ကော်ဘရာစစ်ဆင်ရေးမှူးဗိုလ်ဒါဘောက မဇ္ဈိမကို ပြောသည်။ ထို့အပြင် 
စစ်ကောင်စီအား အနိုင်တိုက်နိုင်ရေးမြို့သိမ်းတိုက်ပွဲများ ဆင်နွဲရန်အတွက် ပြည်သူလူထုတရပ်လုံး၏ á€•á€°á€¸á€•á€ąá€Ťá€„á€şá€¸á€•á€Ťá€á€„á€şá€™á€žá€Żá€œá€­á€Żá€Ąá€•á€şá€€á€źá€ąá€Źá€„á€şá€¸ ဗိုလ်ဒါဘောက အသိပေးတောင်းဆိုသည်။

စာတည်း - မောင်ကြီး
#mizzima
#မြဝတီမြို့နယ်
#လက်ခတ်တောင်
#ပူးပေါင်းတပ်ဖွဲ့ထိန်းချုပ်

Photo/Cobra Column

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28🥰4😁3❤1👏1
​​ညောင်လေးကပင်မြို့နယ်တွင်း တိုက်ပွဲ စစ်ကောင်စီတပ် အကျအဆုံးများနှင့် ဆုတ်ခွာ 
=================

မဇ္စျိမ 

ညောင်လေးပင်မြို့နယ်အတွင်း PDF တပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရာ ယမန်နေ့ (ဇူလိုင် ၂၀ ရက်နေ့)က တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ပြန်လည်ဆုတ်ခွာသွားရပြီး ခြောက်ဦးသေဆုံးသည်ဟု စစ်ဘက်သတင်းရင်းမြစ်များကိုကိုးကား၍ ဒေသခံများက ပြောသည်။

ရိုးမဗျူဟာ စစ်ကြောင်း (၁) နှင့် စစ်ကောင်စီတပ်တို့ ညောင်လေးပင်မြို့နယ်အတွင် ပန်းတင်ကုန်းကျေးရွာနှင့် ကောက်မယ်သူကျေးရွာအကြား ကြာသပတေးနေ့ နံနက် ၅ နာရီမှ ညနေ ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားသည်။

စစ်ကောင်စီတပ်ဘက်က ခြောက်ဦးသေဆုံးပြီး​ လေးဦးဒဏ်ရာရခဲ့ရာတွင် တစ်ဦးမှာ မြွေကိုက်၍ ဒဏ်ရာရခြင်းဖြစ်သည်ဟု ဆိုသည်။ မဇ္ဈိမအနေဖြင့် သေဆုံးဒဏ်ရာရသူအရေအတွက်နှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

"ဒဏ်ရာရ တစ်ယောက်က ကင်းပုန်းဝပ်ရင်း မြေပွေးကိုက်ခံရတာဖြစ်တယ်" ဟု ရွာသားတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်များက တော်ဝိကျေးရွာဘုန်းကြီးကျောင်းမှနေ၍ လကနက်ကြီးပစ်ကူယူသလို ဒရုန်းများနှင့်လည်း ဗုံးကြဲကာ ရှေ့သို့ချီတက်လာရာက တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

"လက်နက်ကြီးနဲ့ တနေကုန်ပစ်ပြီးတက်လာတာ။ လက်နက်ကြီးစုစုပေါင်း ၆၀ ကျော်ပစ်တယ်။" ဟု သူက ပြောသည်။ သို့သော် အသေးစိတ်ကိုပြောကြားရန် ငြင်းဆန်သည်။

ညောင်လေးပင်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား á€‡á€°á€œá€­á€Żá€„á€şá€œ ၁၄ ရက်နေ့ကတည်းကတိုက်ပွဲများ နေ့စဉ်ရက်ဆက်နီးပါးဖြစ်ပွားနေခဲ့သည်။
👍24❤2👏2😁2
​​စစ်ကောင်စီ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ရာထူးက ဖယ်ရှားခံရ
=============•========

001

(မဇ္စျိမ) ။    á‹ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၏ နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မြဝတီရုပ်သံက ယနေ့ (ဇူလိုင်လ ၂၁ ရက်နေ့) ညက ထုတ်လွှင့်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင်အား ရဲချုပ်တာဝန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပူးတွဲတာဝန်ပေးလိုက်ခြင်းဖြစ်သည်။

ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်မှာ တစ်နှစ်ကျော်သာ ရာထူးမြဲခဲ့သည်။

၂၀၂၂ ခုနှစ် မေလအတွင်းက á€’á€Żá€á€­á€šá€—á€­á€Żá€œá€şá€á€ťá€Żá€•á€şá€€á€źá€Žá€¸ သန်းလှိုင်ကိုဖယ်ရှားပြီးနောက် á€žá€°á€ˇá€€á€­á€Ż ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအတွင်း အခြားသော ရာထူးအပြောင်းအလဲများလည်းရှိခဲ့ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းအား နစစ်ကောင်စီဉက္ကဌရုံး ဒုတိယဝန်ကြီး အဖြစ် ပြောင်းရွှေ့လိုက်ကာ ၎င်းနေရာတွင် ဦးဇင်မင်းထက်ကို ခန့်အပ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာကိုလည်း အပြောင်းအလဲလုပ်ခဲ့သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်မှာ နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခံနေရပြီးနောက် တိုင်းမှူးသစ်ပြောင်းခြင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ဓာတ်ပုံ- ရာထူးရှိစဉ်ကာလက ဒုရဲအုပ်သင်တန်းဆင်းပွဲတစ်ခုကို စစ်ဆေးနေသော ရဲချုပ်ဇင်မင်းထက်
😁22👍5🔥1🤮1
​​ယူကေနိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးလေကြောင်းလိုင်းအား အကောင်အထည်ဖော်သွားမည့်ကုမ္ပဏီ
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1
​​အတားအဆီးများကို ကျော်ဖြတ်ပြီး ပန်းတိုင်ဆီ အရောက်လှမ်းနိုင်သည့် အလိုအလျောက်စက်ရုပ်
=======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်ထုတ်လွှင့်မှုများ
=========================

https://youtu.be/UjIUtAQO8II
👍16🤮1🍌1
ဇူလိုင်လ (၂၂) ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးထားတဲ့ ငပုတော NLD လွှတ်တော်ကိုယ်စားလှယ်ဟာ ရဲစခန်းမှာ သွားရောက်အဖမ်းခံတဲ့သတင်းနဲ့အတူ

ကရင်နီစစ်ရှောင်အချို့ ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါ နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်ပွားနေတဲ့အကြောင်း သတင်းလွှာအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဏတစ်ခုဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ကြရမှာဖြစ်ပါတယ်။

https://youtu.be/ghqGkRMQJ_U

#Morningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍10🔥2😁2
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၃ ဇူလိုင် ၂၁ နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စုမှ တော်လှန်ရေးလှုပ်ရှားမှုသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
👍10🔥2😁1
​​The Girl On A Bulldozer (2022)
===============

မတရားတာတွေ့ရင် ခြေပါလက်ပါ ဖြေရှင်းတတ်တဲ့ မဟုတ်မခံ ဆတ်ဆတ်ကြဲမလေး "ဂူဟယ်ယောင်း".... မိသားစုဝင်ဆိုလို စားသောက်ဆိုင် ဖွင့်ထားတဲ့ အဖေရယ်... မူလတန်းကျောင်း တက်နေတဲ့ မောင်လေးရယ်ပဲ ရှိပေမဲ့ သူ(မ)ဟာ အဖေ့ကို အမြင်မကြည်တဲ့ သမီးဆိုးလေးဆိုလည်း မမှားပါဘူး။

ဒီလိုနဲ့ တစ်ရက်မှာ သူ(မ)ရဲ့အဖေ "ဂူဘွန်ဂျင်း" ခိုးရာပါကားနဲ့ လူနှစ်ယောက်ကို ဝင်တိုက်မိရာက‌နေ ကိုယ်တိုင်လည်း ဆေးရုံပေါ်မှာ လဲသွားခဲ့တာကြောင့် နောက်ဆက်တွဲ ပြဿနာတွေကို သမီးကြီးဖြစ်တဲ့ "ဟယ်ယောင်း" ဖြေရှင်းဖို ဖြစ်လာခဲ့ပါတယ်။

ယာဉ်တိုက်မှုအတွက် လိုက်စုံစမ်းရင်း သူ(မ) တဖြည်းဖြည်း သိလာခဲ့တာက "ဥက္ကဌချွဲ"ဆိုတဲ့ ဩဇာအင်အားကြီးသူ တစ်ယောက်နဲ့ ဖခင်ဖြစ်သူတိုကြားမှာ မြေငှားစာချုပ်တစ်ခု ရှိနေခဲ့ပြီး၊ သူ(မ)တို စားသောက်ဆိုင်လေး မတရားသဖြင့် လုယူခံရတော့မယ် ဆိုတာကိုပါပဲ။

မတရားမှုဆိုရင် ကြက်ခေါင်းဆိတ်မခံတဲ့ သတ္တိခဲမလေး ဟယ်ယောင်းတစ်ယောက် အဖေ့အတွက် ပြီးတော့ စားသောက်ဆိုင်လေးအတွက် သူ(မ)ထက် အင်အားကြီးသူ‌တွေကို ဘယ်လိုရင်ဆိုင်ပြီး တရားမျှတမှု ရှာဖွေမလဲ ဆိုတာကိုတော့ ပရိသတ်ကြီးကပဲ ဆက်လက်ရှုစားပေးပါဦး။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၂၂.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍12🔥2❤1
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၃ ဇူလိုင် ၂၁ - နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စုမှ အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
❤11👍5🔥1😁1
My india အစီအစဉ်
===================

ဒီတစ်ပတ်ရဲ့ My india အစီအစဉ်မှာ

-ဘောလိဝုဒ်နာမည်ကျော်များ အဆိုတော်များနဲ့ ဟာသပညာရှင်များက ရုပ်ရှင်မြို့တော်မွမ်ဘိုင်းမှာ အမျိုးသမီးနဲ့ကလေးငယ်များရဲ့ အခွင့်အရေးနဲ့ စွမ်းပကားကိုမြှင့်တင်ပေးဖို့ ရည်စူးကာကျင်းပတဲ့ လူမှုရေးပွဲတစ်ခုရဲ့ စင်မြင့်ထက်မှာ လျှောက်လှမ်းခဲ့ကြ

-အိန္ဒိယအနောက်ပိုင်း ရာဂျ်ကော့ထ်မြို့က အမျိူးသမီးများက အပြည်ပြည်ဆိုင်ရာ မိခင်များနေ့ကို ‘walkathon’ခေါ် လမ်းလျှောက်မာရသွန်ပြိုင်ပွဲမှာ ဆာရီများဝတ်ဆင်ကာ ထူးခြားတဲ့ပုံစံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရင်းဆင်နွှဲခဲ့ကြ

-အိန္ဒိယသရုပ်ဆောင် Vicky Kaushalနဲ့ Sara Ali Khan တို့က မကြာခင်ထွက်ရှိလာတော့မယ့် ဟာသဒရာမာရုပ်ရှင် ‘Zara Hatke’ရဲ့ နမူနာပြပွဲကို အိန္ဒိယအနောက်ပိုင်း မွမ်ဘိုင်းမြို့မှာကျင်းပခဲ့
-ဂျမ်းမူနဲ့ ကတ်ရှ်မီးယားရဲ့ ရာဂျိုရီခရိုင်အတွင်းက Mian Yakoob Sahib ရဲ့ ဗိမာန်ကို ထောင်ပေါင်းများစွာသော ဘုရားဖူးများလာရောက်ကျတဲ့ မြင်ကွင်း

-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/cf8vygxK4yE

#myindia
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁1👌1
​​22.7.2023 (Saturday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
======================

Highlight

Cele City (ညနေ- ၄နာရီခွဲ)
Jimmy Fallen Show ( ညနေ- ၆ နာရီ)
Korea Movie - The Girl on a Bulldozer ( ည - ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
#dailyschedule
😁1
​​ဖျူထိုင်းပါတီမှ ဝန်ကြီးချုပ် ဖြစ်လာရေး ရှေ့သို့ချီပါတီက ကျောထောက်နောက်ခံ ပြုမည်
=========================

ထိုင်းနိုင်ငံ မကြာသေးခင်က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပြုပြင်ပြောင်းလဲရေး ရှေ့သို့ချီပါတီမှ အကြီးအကဲဖြစ်သူကို စစ်တပ်နှင့် တော်ဝင်သစ္စာခံများက ဝန်ကြီးချုပ် မဖြစ်အောင် ပိတ်ဆို့လိုက်သည့်နောက်တွင် ရှေ့သို့ချီပါတီသည် ပြိုင်ဖက် ဖျူထိုင်းပါတီမှ ကိုယ်စားလှယ်လောင်းကို ဝန်ကြီးချုပ်ဖြစ်လာရေးအတွက် ကျောထောက်နောက်ခံပြုသွားမည်ဖြစ်ကြောင်း သောကြာနေ့က ပြောသည်။

ပါတီ၏ ဦးစားပေးသည် ဝန်ကြီးချုပ်နေရာ ရယူနိုင်ရေးမဟုတ်ဘဲ အရပ်သားအစိုးရ ပြန်တက်ရေးအတွက် ဖြစ်ကြောင်း စစ်တပ်နောက်ခံသည့် အုပ်ချုပ်ရေး ဆယ်နှစ်တာကို လှုပ်ယမ်းစေခဲ့သော လူငယ်နှင့် မြို့နေများ၏ ထောက်ခံမှု အပြည့်အဝဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ရှေ့သို့ချီပါတီက ဆိုသည်။

ပါတီ၏ ခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရတ်သည် ပြီးခဲ့သည့် သီတင်းပတ်က ဝန်ကြီးချုပ်နေရာ မဲပေးမှု၌ အရေးနိမ့်ခဲ့ပြီးနောက် မေလ ရွေးကောက်ပွဲ၌ ဒုတိယအနိုင်ရသည့် ညွန့်ပေါင်းမိတ်ဖက် ဖျူထိုင်းပါတီမှ ကိုယ်စားလှယ်လောင်းကို လက်ရှိတွင် ထောက်ခံသွားမည်ဖြစ်ကြောင်း ပါတီက ဆိုသည်။

“အရေးကြီးဆုံးက ဖိထာ ဝန်ကြီးချုပ် ဖြစ်လာဖို့အတွက် မဟုတ်ဘူး၊ ဒါပေမဲ့ တကယ့်အရေးက ထိုင်းနိုင်ငံ ဒီမိုကရေစီနိုင်ငံ ပြန်ဖြစ်လာရေးပဲ”ဟု ရှေ့သို့ချီပါတီမှ အတွင်းရေးမှူးချုပ် ချိုင်တာဝတ် တူလာသွန်က ပြောသည်။

“ညွန့်ပေါင်း ရှစ်ပါတီမှာ ဖျူထိုင်းပါတီက အဓိက ပါတီဖြစ်လာဖို့ ရှေ့သို့ချီပါတီအနေနဲ့ လမ်းဖွင့်ပေးမှာ ဖြစ်တယ်”ဟု ချိုင်တာဝတ်က ပြောသည်။

“လာမယ့် လွှတ်တော်အစည်းအဝေးမှာ ဖျူထိုင်းပါတီက ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းကို ရှေ့သို့ချီပါတီက မဲပေးသွားမယ်၊ ဖျူထိုင်းပါတီတုန်းက ရှေ့သို့ချီက ကိုယ်စားလှယ်လောင်းကို မဲပေးခဲ့တဲ့အတိုင်းပဲ”ဟု ၎င်းက ဆိုသည်။

ရှင်နာဝတ်ထရာ နိုင်ငံရေးမိသားစု၏ ဩဇာရိပ်အောက် ရှိနေသည်ဟု ရှုမြင်ရသည့် ဖျူထိုင်းပါတီသည် လွှတ်တော်မဲပေးမှု မတိုင်ခင် ဗုဒ္ဓဟူးနေ့၌ ဝန်ကြီးချုပ်အတွက် ကိုယ်စားလှယ်လောင်းကို နာမည်စာရင်း တင်သွင်းမည်ဖြစ်သည်။

၂၀၀၆ နှင့် ၂၀၁၄ တွင် စစ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံရသော ဝန်ကြီးချုပ်နှစ်ဦးမှာ ဖျူထိုင်းပါတီမှ အဖွဲ့ဝင်များပဲ ဖြစ်ကြသည်။
👍22🔥2😁1
“ အညာဒေသမှာ နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံံ့တာတွေဟာ မရှိသလောက်ကိုနည်းနေသေးတယ် "
==================

မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်း

(မဇ္ဈိမ) ။ ။ အညာဒေသမှာ နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံံ့တာတွေဟာ မရှိသလောက်ကိုနည်းနေသေးတယ် လို့ မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက မဇ္ဈိမရဲ့ Weekly Interview မှာပြောပါတယ်။
ဒီတပတ် Weekly Interview အစီအစဉ်မှာတော့ အညာဒေသမှာ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေး အခြေအနေတွေကို မြေပြင်မှာရောက်ရှိနေတဲ့ မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/3sV_2fUTRNg

မေးမြန်း၊ တင်ဆက်၊ တည်းဖြတ် - မောင်ခက်နွေ

#WeeklyInterview
#MizzimaTV
https://youtu.be/3sV_2fUTRNg
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😁2