စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီးနောက် တိုက်ပွဲဆက်လက်ဖြစ်ပွား
===================
YT
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်- မန္တလေး ကားလမ်းအဟောင်း၊ ပန်းတင်ကုန်းကျေးရွာနှင့် ကောက်မယ်သူကျေးရွာအကြားတွင် စစ်ကောင်စီတပ်သားများအား တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
" ၂၁ ရက်နေ့က နေ့ပိုင်းက စစ်ကောင်စီ အထိုင်ချထားတဲ့ တော်ဝိဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာတော့ရှိတယ်။ ညဘက်မှာတော့ ၉ နာရီထိုးခါနီးလောက်မှာ စဖြစ်တာ၊ ကျွန်တော်တို့ဘက်က မိုင်းဆွဲတိုက်လိုက်တယ်၊ အဲ့ဒီမှာတော့ သူတို့ဘက်က ထိကြတယ်။ မှောင်တော့ သေချာမမြင်ရဘူးဗျ၊ သူတို့ဘက်က အင်အားတော့ တော်တော်များတယ်" ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှစ၍ တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်သားများ ဝင်ရောက်အထိုင်ချနေသည့် တော်ဝိကျေးရွာရှိ ဘုန်းကြီးကျောင်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း တော်ဝိဘုန်းကြီးကျောင်းမှနေ၍ လက်နက်ကြီးများဖြင့် ကောက်မယ်သူကျေးရွာဘက် အဆက်မပြတ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့၊ ညပိုင်း၌ ပန်းတင်ကုန်းကျေးရွာနှင့် ကောက်မယ်သူကျေးရွာအကြားသို့ လှည့်လည်လာသည့် စစ်ကောင်စီစစ်ကြောင်းအား တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သားများ အထိအခိုက်ရှိကြောင်း ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့ တစ်ရက်အတွင်း ဒရုန်းဖြင့်တိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့တွင် စစ်ကောင်စီတပ်ကမှ အထိအခိုက် အတိအကျ မသိရသေးသော်လည်း တိုက်ပွဲအတွင်း ခြောက်ဦးသေဆုံး၍ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
" ကျွန်တော်တို့ဘက်က အထိအခိုက်လုံးဝမရှိဘူး။ သူတို့ဘက်က အကျလည်းများတယ် သူတို့ပဲကျတာ၊ ၁၉ ရက်နေ့ ညထဲက ဆက်တိုက်။ ကျသလောက်လည်း အင်အားကထပ်တိုးတယ်" ဟု မြေပြင်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာနှင့် ကောက်မယ်သူကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ကစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ ထိုနေ့မှစ၍ KNLA၊ PDF များနှင့် အဆိုပါ စစ်ကြောင်းများအကြား တိုက်ပွဲ စတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အတွင်း ညောင်လေးပင်မြို့နယ်၊ ကောက်မယ်သူကျေးရွာနှင့် တော်ဝိကျေးရွာအနီးတို့တွင် စစ်ကောင်စီတပ်သားများနှင့် KNLA တပ်ရင်း (၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ ကိုးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ ဦးသေဆုံး၍ ၁၁ ဦးထိခိုက်ဒဏ်ရာရထားကြောင်း KNU ဗဟို၏ ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ညောင်လေးပင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများ၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တော်ဝိကျေးရွာ၊ ကောက်မယ်သူကျေးရွာ၊ ချုံအင်းကျေးရွာ၊ အင်ကုန်းကျေးရွာ၊ အင်ပရီကျေးရွာ၊ ရေတွင်းကြီးကျေးရွာတို့မှ ဒေသခံများသည် ဇူလိုင်လ ၁၄ ရက်နေ့မှစ၍ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ညောင်လေးပင်မြို့နယ်
#KNLA
#PDF
#KNU
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍17❤2🔥2😁2🥰1
“ပျူဆိုတာ ဘယ်သူတွေလဲ၊ သူတို့ ဘာတွေလုပ်ကြသလဲ” | ချစ်သောအညာမြေ Episode-20
========================
စစ်တပ်က အာဏာသိမ်းယူပြီးနောက် တကျော့ပြန် ပေါ်ပေါက်လာတဲ့ ပျူ ဆိုတာနဲ့ပတ်သက်လို့ အခု အစီအစဥ်မှာ ကြည့်ရှု နားဆင်ကြရပါမယ်။ (အင်တာနက်ဆက်သွယ်ရေး အခက်အခဲကြောင့် အသံပြတ်တောက်တာ၊ ပြောဆိုချက်ကို ရှင်းလင်းစွာ မကြားရတာတချို့ ပါဝင်နေတဲ့အတွက် နားလည် သည်းခံပေးဖို့ တင်ကြို ပန်ကြားအပ်ပါတယ်)။
ပျူတို့၊ ပျူရွာတို့ဆိုတာကို ဘယ်လို သတ်မှတ်ကြပါသလဲ၊ ပျူတွေက ဘာတွေလုပ်ကြပါသလဲ၊ ပဋိပက္ခအခြေအနေ ပြီးဆုံးသွားတဲ့အခါ အတူယှဥ်တွဲနေထိုင်ရေး ဘယ်လိုဖြစ်လာနိုင်ပါသလဲ စတာတွေကို မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံ ဗိုလ်ကျားသစ်၊ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကျန်းမာရေးတာဝန်ခံ ဒေါက်တာနန်းဝင်း၊ ဝက်လက်မြို့ဒေသခံ ကိုနိုင်ဝင်းတို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။
https://www.youtube.com/watch?v=TbnkE_sOdHI
#ချစ်သောအညာမြေ
#စကားဝိုင်း
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
“ပျူဆိုတာ ဘယ်သူတွေလဲ၊ သူတို့ ဘာတွေလုပ်ကြသလဲ” | ချစ်သောအညာမြေ Episode-20
စစ်တပ်က အာဏာသိမ်းယူပြီးနောက် တကျော့ပြန် ပေါ်ပေါက်လာတဲ့ ပျူ ဆိုတာနဲ့ပတ်သက်လို့ အခု အစီအစဥ်မှာ ကြည့်ရှု နားဆင်ကြရပါမယ်။
ပျူတို့၊ ပျူရွာတို့ဆိုတာကို ဘယ်လို သတ်မှတ်ကြပါသလဲ?
ပျူတွေက ဘာတွေလုပ်ကြပါသလဲ?
ပဋိပက္ခအခြေအနေ ပြီးဆုံးသွားတဲ့အခါ အတူယှဥ်တွဲနေထိုင်ရေး ဘယ်လ…

👍16🔥2
အွန်လိုင်းမှ ဈေးရောင်းချခြင်းကို စစ်ကောင်စီကန့်သတ်လိုက်၍ လုပ်ငန်းလုပ်ကိုင်သူအချို့အခက်ကြုံ
======================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းချခြင်းကို စစ်ကောင်စီက ကန့်သတ်လိုက်သည့် ထုတ်ပြန်ချက်ကြောင့် အွန်လိုင်းအရောင်းအဝယ်ပြုလုပ်သူများ အခက်ကြုံနေရကြောင်း သိရသည်။
အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်သူများ မှတ်ပုံတင်လက်မှတ်လျှောက်ထားရန်လိုအပ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ယမန်နေ့ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။
"ခုအွန်လိုင်းရှော့ပင်းတွေ မှတ်ပုံတင်ရမယ်ဆိုတော့လုပ်ငန်းကို ရပ်ရမလားစဥ်းစားမိတယ်။ အဓိကကတော့ စစ်ကောင်စီကို အခွန်မဆောင်ချင်လို့ပါ။ ဒီလို online shop တွေ ပေါ်လာပြီး ရောင်းအားအတွက် စိတ်ပူနေရတဲ့အချိန်မှာ အခွန်ဆောင်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ" ဟု အွန်လိုင်းရှော့လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ထုတ်ပြန်ချက်တွင် အွန်လိုင်းစနစ်ဖြင့် ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ ရောင်းချသည့်လုပ်ငန်းဖြစ်ပါက မှတ်ပုံတင်လက်မှတ် ပြုလုပ်ရမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းကိုလည်း အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ကြောင်း သိရသည်။
"ကျမက အထည်လေးတွေ လိုင်းပေါ်ပဲ တင်ရောင်းတာ၊ အာဏာသိမ်းပြီးတဲ့နောက်တော့ နားထားတာကြာပြီ။ တစ်ခါတစ်ရံပဲ တင်ရောင်းဖြစ်တာပါ။ အခုက မှတ်ပုံမတင်ရင် ထောင်သုံးနှစ် ဒါမှမဟုတ် ငွေငါးသိန်းတဲ့" ဟု ရန်ကင်းမြို့နယ်ရှိ အွန်လိုင်းရှော့လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
အမိန့်ကြေညာစာကို ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းကို တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၅) အရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ကြေးနှင့် အွန်လိုင်းဝန်ဆောင်ခအား ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်မည်ဖြစ်ပြီး မှတ်ပုံတင်သက်တမ်းမှာ နှစ်နှစ်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းများအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းဟု သတ်မှတ်ထားသဖြင့် ထုတ်ပြန်ချက်ကို မလိုက်နာပါက ပြစ်ဒဏ် ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သကဲ့သို့ ငွေဒဏ် ငါးသိန်းကိုလည်း ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#OnlineShop
#စစ်ကောင်စီ
#မှတ်ပုံတင်
ပုံစာ - Online Shopping အား ဆိုင်ခန်းဖွင့်ရောင်းချနေပုံ

👍13👏4❤1🔥1🤬1
မဇ္စျိမပရိသတ်များအတွက် စစ်တမ်းတစ်ခု ပြုလုပ်ပါရစေ.
ပရိသတ်ရဲ့ထင်မြင်ယူဆချက်များသည် မဇ္စျိမအဖွဲ့သားများအတွက် နိစ္စဓူဝအစီအစဥ်များကို ထုတ်လုပ်ရာတွင် အလွန်အကျိုးပြုပေးနေကြောင်းကို အသိပေးလိုပါသည်။
ဒါဆို ဘာကြောင့် ဒီစစ်တမ်းကို ကောက်ယူနေတာလဲ? ပရိသတ်အဖြေများသည် မဇ္စျိမ၏တင်ဆက်မှုအပေါ် နှစ်သက်မှု၊ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်ရန် ကူညီပေးပါသည်။ အကြံပြုချက်များကို တိုက်ရိုက်ကြားသိရခြင်းဖြင့် ပရိသတ်ရဲ့ထင်မြင်ယူဆချက်တွေမှတဆင့် ဆွဲဆောင်မှုအရှိဆုံးအကြောင်းအရာများ၊ သင်နှစ်သက်သော အစီအစဥ်များနှင့် အနာဂတ်တွင် မည်သည့်အစီအစဥ်မျိုးကို ကြည့်လိုကြောင်းကို မဇ္စျိမအဖွဲ့သားများက သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။
ဒါကြောင့် - စစ်တမ်းတွင်ပါဝင်ခြင်းဖြင့် သင်၏ထင်မြင်ယူဆချက်တွေကို မဇ္စျိမအဖွဲ့သားများအား ပြောပြပေးလိုက်ပါ.
စစ်တမ်းတွင် ၀င်ရောက်ဖြေဆိုရန်
https://www.surveymonkey.com/r/25JR9Z3
#mizzimasurvey
#mizzimaudiencesurvey

👍13🔥1😁1
စစ်ကောင်စီက နံဇကျေးရွာကို မီးဆက်ရှို့၊ ကျေးရွာများကို လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်
=================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအရှေ့ခြမ်း ၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာကို ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၆နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်က မီးဆက်ရှို့နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။
ကျောက်တံခါးမြို့ပေါ်မှ နံဇကျေးရွာဘက်သို့ပြန်လည်ရောက်ရှိလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် နံဇကျေးရွာရှိ ပြည်သူလူထုနေအိမ်များအတွင်း ဝင်ရောက်မွှေနှောက်ကာ ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်ပြီးနောက် မီးရှို့နေခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
"အခုထိလောင်နေဆဲပါ။ အရေအတွက် မသိရသေးပါဘူး။ ရွာသားတွေက ပထမရက်မီးရှို့ကတည်းက ရှောင်နေရတာပါ"ဟု ၎င်းက မဇ္ဈိမကိုပြောသည်။
လက်ရှိတွင် ရွာသားများမှာ တိမ်းရှောင်ေနရ၍ ရွာအတွင်းမီးလောင်ပျက်စီးမှုအခြေအနေကိုမသိရသေးကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခန့်ကလည်း ထိုကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ခုနစ်လုံး မီးလောင်ပျက်စီးခဲ့သည်။
ထို့ပြင် ကျောက်တံခါးမြို့နယ် သူဌေးကုန်းကျေးရွာတွင်ရှိနေသော စစ်ကောင်စီတပ်စစ်ကြောင်းကလည်း ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်နေသည့်အတွက် သမင်အင်းကုန်းကျေးရွာနှင့် ကျွဲတလင်းကျေးရွာအုပ်စုများအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲကာ အသက် ၄၅ နှစ်အရွယ် အီးစီးဖော ဆိုသူ လက်နက်ကြီးစထိမှန်၍ ကျောက်တံခါးဆေးရုံသို့ပို့ဆောင်ထားရကြောင်း မြေပြင်သတင်းရင်းမြစ်ကပြောသည်။
နွားရေချောင်း၊ လေးအိမ်စု၊ အလှိုင်နှင့် တောင်ခင်ကျေးရွာများဘက်သို့လည်း လက်နက်ကြီးများကျရောက်ပေါက်ကွဲနေသည့်အတွက် ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးနေကြရသည်ဟု သိရသည်။
ထို့ပြင် နံဇကျေးရွာမှ ပြည်သူ ၊သက်ကြီးရွယ်အိုနှင့် စိတ်ကျန်းမာရေးမကောင်းသူ အပါအဝင် စုစုပေါင်း အမျိုးသား သုံးဦး ကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်ဟု ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင်ထုတ်ပြန်သည့် ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
နံဇကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဖြစ်ပွားခဲ့သည့် ၂၀ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကြောင်းနှင့် ၂၁ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား သုံးဦးထပ်မံသေဆုံးကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လက်ရှိတွင် နံဇကျေးရွာအုပ်စုနှင့် တောင်ခင်ကျေးရွာအုပ်စုအတွင်း ကျေးရွာများရှိ အိမ်ခြေ ၁,၀၃၅ မှ ပြည်သူ ဦးရေ ၅,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
ကျောက်တံခါးမြို့သည် ရန်ကုန်−မန္တလေးအမြန်လမ်းပေါ်တွင်တည်ရှိနေသည့်မြို့ဖြစ်ပြီး လက်ရှိ မီးရှို့ခံနေရသော နံဇရွာနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်ခံနေရသော ကျေးရွာများသည် ကျောက်တံခါးမြို့၏ အရှေ့ဘက်တွင်တည်ရှိသည်။
https://youtu.be/GDSDdlJR8do
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#နံဇရွာ
#မီးရှို့

ရွှေနွယ် (မဇ္ဈိမ)။ ။ပဲခူးတိုင်းအရှေ့ခြမ်း ၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာကို ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၆နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်က မီးဆက်ရှို့နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။
ကျောက်တံခါးမြို့ပေါ်မှ နံဇကျေးရွာဘက်သို့ပြန်လည်ရောက်ရှိလာသော…

🤬8🔥5😢4👍3😁1
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက စစ်ရှောင်များအတွက် ဝါးနှင့်အမိုးအကာများလိုအပ်နေ
❤6👍4😢3🔥1😁1
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက စစ်ရှောင်များအတွက် ဝါးနှင့်အမိုးအကာများလိုအပ်နေ
========================
007
(မဇ္စျိမ) ။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ရေလယ်ကျွန်းဒေသတွင် စစ်ဘေးရှောင်နေကြသူများအတွက် ဝါးနှင့်အမိုးအကာများ အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံများထံက သိရသည်။
"ဟိုတစ်ရက်တော့ ရေစကြိုအဖွဲ့က မိုးကာတာပေါ်လင်စတွေ လာလှူသွားသေးတယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ အခုက မိုးကရွာ ရေကလည်းတအားတိုးနေတော့ စစ်ဘေးရှောင်တွေမှာ ဒုက္ခပင်လယ် ဝေနေကြတယ်။ ဖြစ်နိုင်ရင် ဆက်သွယ်လှူဒါန်းပေးကြပါလို့ ပြောချင်ပါတယ်" ဟု ရေစကြိုဒေသခံတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်နေထိုင်ရင်း ရေဘေးနှင့်ပါ ကြုံတွေ့နေကြရသည့် ရေလယ်ကျွန်းဒေသခံ ဦးရေ ၃၀၀ ကျော်အတွက် အကူအညီလိုအပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ယမန်နှစ်မှစ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ဒေသခံထောင်နှင့်ချီ၍ ဘေးလွတ်ရာထွက်ပြေးနေကြရခြင်း ဖြစ်သည်။
ထွက်ပြေးကြရသူများ စုပေါင်းပြီး စစ်ဘေးရှောင်စခန်းဖြင့် နေထိုင်လာခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ဒုတိယပတ်တွင် မြစ်ရေကြီးမှုနှင့်ပါ ကြုံတွေ့နေကြရ ခြင်းဖြစ်ကြောင်း သိရသည်။
"စားရေးသောက်ရေးလည်း တအားခက်ခဲတယ်။ စစ်ဘေးရှောင်ရင်း ရေဘေးနဲ့ပါကြုံရတော့။ အခုလတ်တလော အရေးပေါ်လိုတာက ဝါးနဲ့အမိုး အကာတွေပါ။ အခု ဒီမှာလူသုံးရာလောက်ရှိတယ်။ အဲဒီထဲမှာ ကိုယ်၀န်ဆောင်ကခြောက်ယောက်ပါတယ်" ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ရေလယ်ကျွန်းဒေသတွင် ကျေးရွာပေါင်း ၄၀ကျော်ရှိပြီး ထိုအထဲမှ မြေစွန်း၊ ချင်းယား၊ လှေခုတ်၊ ဆင်တဲ ၊ မိဖုရား ၊ မြေတော်နှင့် နွယ်နီ စသည့်ကျေးရွာ ၂၀ ကျော်မှ နေအိမ်များ မီးရှို့ခံထားရသည်ဟု ဆိုသည်။
ရေလယ်ကျွန်းဒေသသည် မိုခါမုန်တိုင်းတိုက်ခတ်စဉ်ကလည်း မြစ်ရေလွှမ်းမိုးမှု ခံခဲ့ရပြီး စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးထားသည့် ဒေသတစ်ခုဖြစ်သည်။
လက်ရှိတွင် ဇူလိုင်လ ၁၃ ရက် မှစ၍ ဧရာ၀တီမြစ်ရေ တိုးလာခြင်းကြောင့် ရေဘေးလွတ်ရာသို့ ထပ်မံပြောင်းရွှေ့နေထိုင်ကြရသည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#မကွေးတိုင်း
#ရေစကြိုမြို့နယ်
#စစ်ဘေးရှောင်

👍16❤4😢3🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင်၂၂- နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု တော်လှန်ရေးလှုပ်ရှားမှုသတင်းများ
#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial

👍11🔥1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်ထုတ်လွှင့်မှုများ
=====================
https://youtu.be/LpdPGRLv4n0

#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

🥰2😁1🤮1
လုပ်ခလစာကိစ္စနှင့်ပတ်သက်သည့် အပြန်အလှန်တိုက်ခိုက်မှုတွင် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် ဓာတ်အားပေးစက်ရုံ အလုပ်သမား ၁၅ ဦး ထိခိုက်ဒဏ်ရာရ
=======================
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပါတူအာခါလီခရိုင်၊ ကာလပါရာ ခရိုင်ခွဲမှ ဒန်ခါလီနယ်မြေရှိ Rural Power Company Limited ၏ ၁၃၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်တွင် လုပ်ခလစာနှင့် ထောက်ပံ့ကြေးကိစ္စအပေါ် မကျေနပ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် အလုပ်သမားများအကြား တိုက်ခိုက်မှုဖြစ်ပွားရာ ဘင်္ဂလားဒေ့ရှ်အလုပ်သမားနှင့် လုံခြုံရေးဝန်ထမ်း ၁၅ ဦထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း The New Age သတင်းတွင် ဖော်ပြထားသည်။ ကျောက်မီးသွေးအခြေခံ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ယင်းဓာတ်အားပေးစက်ရုံကို တည်ဆောက်နေခြင်းဖြစ်သည်။ အဆိုပါ ပဋိပက္ခအတွင်း ဓာတ်အားပေးစက်ရုံရုံးနှင့် မော်တော်ယာဉ်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပါတူအာခါလီခရိုင်၊ ကာလပါရာ ခရိုင်ခွဲမှ ဒန်ခါလီနယ်မြေရှိ Rural Power Company Limited ၏ ၁၃၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်တွင် လုပ်ခလစာနှင့် ထောက်ပံ့ကြေးကိစ္စအပေါ် မကျေနပ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် အလုပ်သမားများအကြား တိုက်ခိုက်မှုဖြစ်ပွားရာ ဘင်္ဂလားဒေ့ရှ်အလုပ်သမားနှင့် လုံခြုံရေးဝန်ထမ်း ၁၅ ဦထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း The New Age သတင်းတွင် ဖော်ပြထားသည်။ ကျောက်မီးသွေးအခြေခံ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ယင်းဓာတ်အားပေးစက်ရုံကို တည်ဆောက်နေခြင်းဖြစ်သည်။ အဆိုပါ ပဋိပက္ခအတွင်း ဓာတ်အားပေးစက်ရုံရုံးနှင့် မော်တော်ယာဉ်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤2🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင်၂၂-နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ
#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
👍5🔥3😁1
ဇူလိုင်လ (၂၃) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အွန်လိုင်းက ဈေးရောင်းချတာကို စစ်ကောင်စီကန့်သတ်လိုက်တာကြောင့် လုပ်ငန်းလုပ်ကိုင်သူတချို့ အခက်ကြုံနေရတဲ့သတင်းနဲ့အတူ
သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ Burmese American Community Institute မှ ကျောင်းသားတွေ တွေ့ဆုံကြတဲ့သတင်းအပါအဝင်
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကျဖြစ်တဲ့ “သံစဉ့်အိမ်” အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/0csDl4Ua99A
#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အွန်လိုင်းက ဈေးရောင်းချတာကို စစ်ကောင်စီကန့်သတ်လိုက်တာကြောင့် လုပ်ငန်းလုပ်ကိုင်သူတချို့ အခက်ကြုံနေရတဲ့သတင်းနဲ့အတူ
သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ Burmese American Community Institute မှ ကျောင်းသားတွေ တွေ့ဆုံကြတဲ့သတင်းအပါအဝင်
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကျဖြစ်တဲ့ “သံစဉ့်အိမ်” အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/0csDl4Ua99A
#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ (၂၃) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အွန်လိုင်းက ဈေးရောင်းချတာကို စစ်ကောင်စီကန့်သတ်လိုက်တာကြောင့် လုပ်ငန်းလုပ်ကိုင်သူတချို့ အခက်ကြုံနေရတဲ့သတင်းနဲ့အတူ
သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ Burmese American Community Institute မှ ကျောင်းသားတွေ တွေ့ဆုံကြတဲ့သတင်းအပါအဝင်…

👍8🔥1😁1
ဇူလိုင် ၂၃ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
====================
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။
https://youtu.be/AUIoTt-BnU8
#thisweek
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။
https://youtu.be/AUIoTt-BnU8
#thisweek
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇူလိုင် ၂၃ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း…

👍3🔥3❤2😁1
No Mercy
==============
အင်အဲ နဲ့ အွန်ဟေးတို့ ညီအစ်မနှစ်ယောက်ဟာ မိဘတွေ ကွယ်လွန်ပြီးနောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုပြီးနေခဲ့ကြရာမှ တစ်ရက်မှာ ညီမဖြစ်သူ အွန်ဟေး ရုတ်တရက် ပျောက်ဆုံးသွားတဲ့အခါ အစ်မ အင်အဲက လိုက်ရှာရတော့တယ်။
ကျောင်းတွင်း အနိုင်ကျင့်မှုတွေ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ဇာတ်အရှုပ်ထုတ်ကြီးတွေ ကြားထဲကနေ ညီမကို ရှာဖွေရင်း ပျောက်ဆုံးမှုမှာ တာဝန်ရှိတဲ့သူတွေကို ဘယ်လိုမျိုး ပညာပေးပြီး လက်တုန့်ပြန်မလဲ...
အားနည်းတဲ့သူဆိုရင် တရားမျှတမှုတွေက အလှမ်းကွာဝေးနေတတ်ကြခြင်း ဆိုတဲ့ သဘောတရားတွေကြောင့် ဆုံးရှုံးစရာရယ်လို့ မရှိတော့တဲ့ အစ်မဖြစ်သူရဲ့ သောကတွေ ဘယ်လို ပုံပေါ်လာသလဲဆိုတာကို ကြည့်ရှုကြရမှာပါ။
Thriller ဖြစ်တဲ့အတွက် သွေးထွက်သံယိုခန်းများ ပါဝင်နိုင်တာမို့လို့ သတိထားပြီး ကြည့်ရှုကြသင့်ပါတယ်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။ ၂၃.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍4😁2❤1🔥1
မဇ္စျိမပရိသတ်များအတွက် စစ်တမ်းတစ်ခု ပြုလုပ်ပါရစေ.
================
ပရိသတ်ရဲ့ထင်မြင်ယူဆချက်များသည် မဇ္စျိမအဖွဲ့သားများအတွက် နိစ္စဓူဝအစီအစဥ်များကို ထုတ်လုပ်ရာတွင် အလွန်အကျိုးပြုပေးနေကြောင်းကို အသိပေးလိုပါသည်။
ဒါဆို ဘာကြောင့် ဒီစစ်တမ်းကို ကောက်ယူနေတာလဲ? ပရိသတ်အဖြေများသည် မဇ္စျိမ၏တင်ဆက်မှုအပေါ် နှစ်သက်မှု၊ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်ရန် ကူညီပေးပါသည်။ အကြံပြုချက်များကို တိုက်ရိုက်ကြားသိရခြင်းဖြင့် ပရိသတ်ရဲ့ထင်မြင်ယူဆချက်တွေမှတဆင့် ဆွဲဆောင်မှုအရှိဆုံးအကြောင်းအရာများ၊ သင်နှစ်သက်သော အစီအစဥ်များနှင့် အနာဂတ်တွင် မည်သည့်အစီအစဥ်မျိုးကို ကြည့်လိုကြောင်းကို မဇ္စျိမအဖွဲ့သားများက သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။
ဒါကြောင့် - စစ်တမ်းတွင်ပါဝင်ခြင်းဖြင့် သင်၏ထင်မြင်ယူဆချက်တွေကို မဇ္စျိမအဖွဲ့သားများအား ပြောပြပေးလိုက်ပါ.
စစ်တမ်းတွင် ၀င်ရောက်ဖြေဆိုရန်
https://www.surveymonkey.com/r/25JR9Z3
#mizzimasurvey
#mizzimaudiencesurvey
================
ပရိသတ်ရဲ့ထင်မြင်ယူဆချက်များသည် မဇ္စျိမအဖွဲ့သားများအတွက် နိစ္စဓူဝအစီအစဥ်များကို ထုတ်လုပ်ရာတွင် အလွန်အကျိုးပြုပေးနေကြောင်းကို အသိပေးလိုပါသည်။
ဒါဆို ဘာကြောင့် ဒီစစ်တမ်းကို ကောက်ယူနေတာလဲ? ပရိသတ်အဖြေများသည် မဇ္စျိမ၏တင်ဆက်မှုအပေါ် နှစ်သက်မှု၊ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်ရန် ကူညီပေးပါသည်။ အကြံပြုချက်များကို တိုက်ရိုက်ကြားသိရခြင်းဖြင့် ပရိသတ်ရဲ့ထင်မြင်ယူဆချက်တွေမှတဆင့် ဆွဲဆောင်မှုအရှိဆုံးအကြောင်းအရာများ၊ သင်နှစ်သက်သော အစီအစဥ်များနှင့် အနာဂတ်တွင် မည်သည့်အစီအစဥ်မျိုးကို ကြည့်လိုကြောင်းကို မဇ္စျိမအဖွဲ့သားများက သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။
ဒါကြောင့် - စစ်တမ်းတွင်ပါဝင်ခြင်းဖြင့် သင်၏ထင်မြင်ယူဆချက်တွေကို မဇ္စျိမအဖွဲ့သားများအား ပြောပြပေးလိုက်ပါ.
စစ်တမ်းတွင် ၀င်ရောက်ဖြေဆိုရန်
https://www.surveymonkey.com/r/25JR9Z3
#mizzimasurvey
#mizzimaudiencesurvey
👍9😁2❤1
23.7.2023 (Sunday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================
Highlight
Cele City (ညနေ- ၄နာရီခွဲ)
Jimmy Fallen Show ( ညနေ- ၆ နာရီခွဲ)
Korea Movie -No Mercy ( ည - ၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
#mizzimatv
#dailyschedule

👍8❤1🤮1
သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် Burmese American Community Institute မှ ကျောင်းသားများ တွေ့ဆုံ
👍18❤4😁1🤮1