ရန်ကုန်တွင် နိုင်/ကျဉ်းများအတွက် ရည်ရွယ်ကာ ဆန္ဒပြလှုပ်ရှားမှုပြုလုပ်
================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်က နိုင်ငံရေးအကျဉ်းသူ/သားများအား သတ်ဖြတ်နေခြင်း ချက်ချင်းရပ်ရန်နှင့် အမြန်ဆုံးလွတ်မြောက်စေရန် ရည်ရွယ်၍ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ရန်ကုန်၌ ဆန္ဒပြလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ယနေ့သည် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံခဲ့ရသည့် ကိုဖြိုးဇေယျာသော်(ခ)ကိုမောင်ကျော်၊ ကိုဂျင်မီ(ခ)ကိုကျော်မင်းယု၊ ကိုလှမျိုးအောင်(ခ)ကိုမျိုးနှင့် ကိုအောင်သူရဇော်(ခ)ကိုဂတုံး တို့လေးဦးအား စစ်ကောင်စီတပ်က ဥပဒေမဲ့ ကြိုးပေးသတ်ဖြတ်ခဲ့သည်မှာ တစ်နှစ်တိတိပြည့်မြောက်ခဲ့သည့်နေ့ဖြစ်သဖြင့် ရန်ကုန်မြို့တစ်နေရာတွင် တော်လှန်ရေးအင်အားစုတစ်ခုက "ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး" စာသားပါ ဘန်နာအားချိတ်ဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဒီလှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အသက်ပေးခဲ့ရတဲ့ နွေဦးတော်လှန်ရေးသူရဲကောင်းတွေအပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ကျောင်းသားလူငယ်တွေကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်တာ၊နှိပ်စက်တာတွေသာမက ပြည်သူလူထုတစ်ရပ်လုံးအပေါ် အကြမ်းဖက်ဖိနှိပ်တာတွေ၊ ကျေးရွာတွေကို မီးတင်ရှို့နေတဲ့လုပ်ရပ်တွေကို ပြုလုပ်နေတဲ့ စစ်တပ်အပေါ် ပြည်သူလူထုရဲ့ နာကျဥ်းချက်တွေ၊အမုန်းတရားတွေဟာ ကမ္ဘာတည်သရွေ့ ဥဒါန်းကျေမှာမဟုတ်ဘူးဆိုတဲ့ ပြည်သူလုထုရဲ့ ဆန္ဒကိုဖော်ပြချင်တာနဲ့ပြုလုပ်ဖြစ်တာဖြစ်တယ်" ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော် ရွှေအသည်းက မဇ္ဈိမ ကို ပြောသည်။
အဆိုပါလှုပ်ရှားမှုအား စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)နှင့် Revolution Force(RF)တို့ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"လုံခြုံရေးအခြေအနေကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိမနေပါဘူး? စကစ တပ်တွေ တပ်စွဲ ဝန်းရံထားတဲ့ကြားထဲကနေ ဖောက်ထွက်ပြီး စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်" ဟု စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းမှ ရဲဘော် အိုမီက ပြောသည်။
ယခုလှုပ်ရှားမှုမှတစ်ဆင့် ပြည်သူများကို အသိပေးလိုသည်မှာ မြို့ပြရဲဘော်များသည် နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်စစ်တပ်အား မြို့ပြတွင် တော်လှန်ပုန်ကန်နေပြီး ပြည်သူများအနေနှင့်လည်း စစ်ကောင်စီတပ်၏ တော်လှန်ရေးသတင်းများကို ဖုံးဖိနေခြင်းကြောင့် တော်လှန်ရေးလှုပ်ရှားမှု အခြေအနေများအား မျက်ခြေမပြတ်စေရန် တိုက်တွန်းနိုးဆော်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဥက္ကဋ္ဌ ပီတာကြီးက ပြောသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#ရန်ကုန်
#နိုင်ငံရေးအကျဉ်းသား
#ဆန္ဒပြလှုပ်ရှားမှု
website link >>> http://www.mizzimaburmese.com/article/131183
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤22😁2👍1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်ထုတ်လွှင့်မှုများ
=================
https://youtu.be/QTCuKYL4SfY
#PVTV
#mizzima

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်ထုတ်လွှင့်မှုများ
#PVTV
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

❤3👍3🔥1🍌1
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
==========
-ကတ်မန်ဒူမြို့တွင် ဘတ်ဒ်ဟန်နီကန်သာ ဒါမာရှာလာ အဆောက်အအုံကို အိန္ဒိယအကူအညီဖြင့် တည်ဆောက်
-ကာရာကိုရမ် နိုင်ငံတကာ တက္ကသိုလ်တွင် လစာများ မပေးတဲ့အတွက် ဆရာ၊ဆရာမများ ဆန္ဒပြ
-အိန္ဒိယနိုင်ငံတွင် မြင့်မြတ်သော ဆာဝန်း(န်)လ စတင်ကျရောက်
-ဝန်ကြီးချုပ်ဘန်ဂျမင်နီတန်ရာဟူးရဲ့ အစွန်းရောက် လက်ယာနိုင်ငံရေးသမားအစိုးရအဖွဲ့မှ အဖွဲ့ဝင်များရဲ့ နိုင်ငံရေးကြားဝင်စွက်ဖက်မှုများ
https://youtu.be/2KNlpiq1XzU
#southasiatoday
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

-အိန္ဒိယနိုင်ငံတွင် မြင့်မြတ်သော…

👍6🔥1
မပခတိုင်းမှူးအသစ်ကြောင်း သိကောင်းစရာ
======•============
စစ်ကောင်စီတပ်အတွင်း ရာထူးမှဖယ်ရှားလိုက်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နေရာတွင် ဗိုလ်ချုပ်စိုးလှိုင်ကို အစားထိုးခန့်အပ်လိုက်သည်။
ဗိုလ်ချုပ်စိုးလှိုင်သည် မွန်လူမျိုးဖြစ်ပြီး အသက် ၄၈ နှစ်ရှိပြီဖြစ်သည်။ ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ စကခမှူးအဖြစ် ဗိုလ်မှူးချုပ်အဆင့်မှ ရာထူးတိုးပေးကာ စစ်တိုင်းမှူးဖြစ်လာခြင်းဖြစ်သည်။ မြစ်ကြီးနားအခြေစိုက် မပခသည် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ စစ်ဆင်ရေးနှင့်ဆို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အဓိကတာဝန်ယူရသည်။
သူသည်အလုပ်သင်ဗိုလ်အမှတ်စဉ် (၂၄) ဆင်းဖြစ်ကာ အထက်အမိန့်အတိုင်းတသွေမသိမ်းလုပ်တတ်သူဟု နာမည်ကျော်သည်။ အရာရှိကြီးဘ၀ကို ကချင်ပြည်နယ်မှာပင် စတင်ခဲ့ပြီး ကချင်မှာပင် တာဝန်ကျမှုများခဲ့သည်။ ဗိုလ်မှူးကြီးရာထူးဖြင့် အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ဟိုပင်မြို့ရှိ ခလရ (၄၀) တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ဒုစကခမှူး ဖြစ်လာခဲ့သည်။ ထိုမှတဆင့် ဗိုလ်မှူးချုပ်ရာထူးဖြင့် မိုးကောင်းအခြေစိုက် စကခ (၃) တပ်မမှူးဖြစ်လာခဲ့သည်။
တပ်ရင်းမှူးအဖြစ်တာဝန်စယူချိန် ကေအိုင်အိုနှင့် စစ်ကောင်စီတပ်တို့အကြား ၁၇ နှစ်တာ အပစ်ခတ်ရပ်စဲရေးကျိုးပျက်ချိန်လည်းဖြစ်သည်။
၂၀၁၃ ခုနှစ်အတွင်းက ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာကို စစ်ရေးအရ စိုးမိုးနိုင်ဖို့ စစ်ကောင်စီတပ်က (ပွိင့် ၁ဝ၁၂) ခေါ် ခါယာဘွမ် တောင်ကျောကို အပြင်းအထန်တိုက်ခိုက်နေချိန်ဖြစ်သည်။ ခါယာဘွမ်တောင်ကျောကို မဒိယန်လမ်းကြောင်းမှ တကြောင်း၊ ဝိုင်းမော်ပို့စ် လမ်းကြောင်းမှ တစ်ကြောင်း နှင့်လုံလောပို့စ်( ပွိုင့် ၇၇၁) မှတကြောင်း ချီတက်တိုက်ခိုက်ကြသည်။ လုံလောပိုစ့်ကို ဗိုလ်မှူးကြီးစိုးလှိုင်က ဦးစီးကွပ်ကဲခဲဲ့သည်။
ကေအိုင်အေတပ်များ၏ ဝိုင်းပတ်ပိတ်ဆို့မှုအောက်မှ သူ၏ တပ်ရင်းကို အသေအပျောက်မရှိဘဲ ဖောက်ထွက်နိုင်ခဲ့သည့် နာမည်ကောင်းကို နေပြည်တော်စစ်အသိုင်းအဝိုင်းတွင် ရခဲ့သည်။
သို့သော် ထိုစဉ်က စစ်ပန်းနေသည့် ကေအိုင်အေစစ်ကြောင်းတစ်ခုက တိုက်ပွဲရှောင်ကာ လမ်းကြောင်းဖွင့်ပေးခဲ့ရာက စကခတပ်ရင်းလွတ်မြောက်သွားခြင်းဖြစ်သည်ဟု ကေအိုင်အေသတင်းရင်းမြစ်တစ်ခုက မဇ္ဈိမသို့ပြောသည်။
အမှတ် (၃) စကခတပ်မမှူးအဖြစ်တာဝန်ကျနေစဉ်ကလည်း တိုက်ပွဲရှုံးနိမ့်မှုကြီးနှင့်ကြုံခဲ့ရသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် သူ၏ကွပ်ကဲမှုအောက်ရှိ ခြေမြန်တပ်ရင်း (၃၈၃) နှင့် (၃၈၄) တို့ကို ကေအိုင်အေနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ပြီး ကားစီးလုံးပြည့်လက်နက်များ သိမ်းပိုက်ယူဆောင်သွားကြသည်။ သူလက်တုံ့ပြန်သည်ကတော့ လူနေရပ်ကွက်ဘက်သို့ လက်နက်ကြီး လက်နက်ငယ်များ ညတိုင်းလိုလိုပစ်ခတ်ခြင်းဖြစ်သည်။
သို့သော်အပြစ်ပေးအရေးယူခံရမှု မရှိဘဲ စကခ (၁၀) တပ်မှူးဖြစ်လာခဲ့သည်။
ယခုအခါမှာ ကချင်ဒေသကို စစ်ကောင်စီက စစ်မီးမွေးနေချိန် မပခတိုင်းမှူး၏ လာဘ်ပေးလာဘ်ယူမှုနှင့် စစ်ရေးမျက်နှာ ရှုံးနိမ့်နေရမှုကို ဖားထေးနိုင်ရန် ခိုင်းကောင်းသော ဗိုလ်ချုပ်စိုးလှိုင်ကို နေပြည်တော်က ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

👍23💩11❤3
ယာဒိုဒေသသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်၊ ဒေသခံများ အရေးပေါ်အကူအညီလိုအပ်နေ
😢8🔥3👍2

===========
YT
(မဇ္ဈိမ) ။ ။ ကရင်- ကရင်နီ- ရှမ်း နယ်စပ်၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်း၊ လိပ်သိုလ်မြို့နယ်ခွဲ၊ ယာဒိုဒေသသို့ ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
" မနေ့ မနက်ပိုင်း မိုးတောင်မလင်းသေးဘူး ကြဲတာ ပေါင် ၅၀၀ ဗုံးနဲ့ ကက်သလစ်ကျောင်းတစ်ကျောင်းပျက်စီးတယ်။ လမ်းတွေပျက်စီးတယ်။ အိမ်တွေ ပျက်စီးတာလည်း ရှိတယ်။ လမ်းက ယာဒို- လွိုင်ကော်လမ်း၊ ယာဒိုက အကုန်ပျက်စီးကုန်ပြီ " ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
တိုက်ခိုက်မှုကြောင့် ယာဒိုကျေးရွာရှိ ကက်သလစ် ဘာသာရေးကျောင်းအပါအဝင် လိပ်သိုလ်- လွိုင်ကော်လမ်း၊ ဝါသောခိုကျေးရွာနှင့် ယာဒိုကျေးရွာမှ နေအိမ်အချို့ ပျက်စီးခဲ့သည်။
၎င်းဒေသသည် သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး လက်ရှိတွင် ယာဒိုကျေးရွာသည် တစ်ရွာလုံးနီးပါး ပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ ယာဒိုစစ်ကောင်စီစခန်းအား တပ်မဟာ (၂) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလည်း မကြာခဏ ပြုလုပ်ကာ လက်နက်ကြီးများဖြင့်လည်း ကျေးရွာများအတွင်း ပစ်ခတ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ယာဒိုကျေးရွာ၊ ဝါသောခိုကျေးရွာ၊ ကလေထကျေးရွာ၊ ဝါဘမ်းခိုကျေးရွာ၊ လိုရာဒိုကျေးရွာ၊ ပရယ်စိုးကျေးရွာတို့မှ ဒေသခံပြည်သူဦးရေ ၂,၀၀၀ ကျော်သည် စစ်ဘေးတိမ်းရှောင်နေရသည်။ ၎င်းတို့သည် သံတောင်ကြီးမြို့နယ်ရှိ သောက်ရေခပ်ကျေးရွာအပါအဝင် ကျေးရွာအချို့နှင့် ကရင်နီပြည်နယ် အစပ်များတွင် စစ်ဘေးရှောင်ရသည်မှာ ၁၂ ရက်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များတွင် ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှ ဒေသခံအချို့လည်း ပါဝင်ပြီး ၎င်းတို့သည် မော့ဆိုမြို့နယ်၌ တိုက်ပွဲများ ဖြစ်ပွားစဉ်ကပင် ယာဒိုဒေသတွင် လာရောက် စစ်ဘေးရှောင်နေရသူများ ဖြစ်သည်။
" လူဦးရေ ၂၀၀၀ ကျော်ဆိုတာက အရင်က ဒီမော့ဆိုဘက်မှာ စစ်ဖြစ်တုန်းက အဲ့ဒီဘက်က ဒေသခံတွေက ယာဒိုဘက်မှာ လာခိုလှုံနေကြရတာပေါ့။ အခု ယာဒိုမှာပါ ထပ်ဖြစ်တော့ သူတို့တွေပါ နောက်တစ်ဆင့် တစ်ဆင့်ခံ ထပ်ရှောင်ရတာမျိုးပေါ့။ အဓိကလိုအပ်ချက်ကတော့ စားရေး၊ သောက်ရေးတွေပေါ့။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အရေးပေါ် ထွက်ပြေးလာရကြတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာက အဓိက လိုအပ်ချက်နဲ့ အခက်ခဲဖြစ်နေတာပေါ့" ဟု စစ်ဘေးရှောင် အကူအညီပေးနေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
မိုးတွင်းကာလဖြစ်၍ ယာဒိုဒေသမှ စစ်ဘေးရှောင်အချို့ ဖျားနာမှု၊ ရာသီတုပ်ကွေး ဖြစ်ပွားမှု ရှိပြီး ဆေးဝါးမလုံလောက်မှုများလည်း ကြုံတွေ့နေရကြောင်း၊ အမိုးအကာနှင့် စားနပ်ရိက္ခာ လိုအပ်ချက်သည်လည်း ရက်ကြာလာသည်နှင့်အမျှ မြင့်တက်လာကြောင်း အဆိုပါ စစ်ဘေးရှောင်အကူအညီပေးသူက ဆိုသည်။
ထို့အပြင် စစ်ကောင်စီက ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် လိပ်သိုလ်မြို့နယ်ခွဲမှ တစ်ဆင့် စစ်ကောင်စီတပ်သားများ အပြည့်ပါသည့် စစ်ကား ရှစ်စီးဖြင့် ယာဒိုဒေသဘက်သို့ စစ်အင်အားထပ်မံတိုးချဲလာကြောင်း ဒေသခံထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ယာဒိုဒေသ
#ဗုံးကြဲတိုက်ခိုက်
ါတ်ပုံ- ( ThanDaungMuPoe) စစ်ကောင်စီတပ်၏ ဇူလိုင်လ ၂၂ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကက်သလစ်ဘာသာရေးကျောင်းနှင့် လမ်းတစ်နေရာ
http://www.mizzimaburmese.com/article/131189

👍6🔥6🤬4👏1😁1
Bodybuilding athletes compete in the 47th State and Region Bodybuilding and Model Physique Championship in Yangon on July 23, 2023. Photo: Sai Aung MAIN/AFP
🔥3👍1
No Mercy
=======
အင်အဲ နဲ့ အွန်ဟေးတို့ ညီအစ်မနှစ်ယောက်ဟာ မိဘတွေ ကွယ်လွန်ပြီးနောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုပြီးနေခဲ့ကြရာမှ တစ်ရက်မှာ ညီမဖြစ်သူ အွန်ဟေး ရုတ်တရက် ပျောက်ဆုံးသွားတဲ့အခါ အစ်မ အင်အဲက လိုက်ရှာရတော့တယ်။
ကျောင်းတွင်း အနိုင်ကျင့်မှုတွေ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ဇာတ်အရှုပ်ထုတ်ကြီးတွေ ကြားထဲကနေ ညီမကို ရှာဖွေရင်း ပျောက်ဆုံးမှုမှာ တာဝန်ရှိတဲ့သူတွေကို ဘယ်လိုမျိုး ပညာပေးပြီး လက်တုန့်ပြန်မလဲ...
အားနည်းတဲ့သူဆိုရင် တရားမျှတမှုတွေက အလှမ်းကွာဝေးနေတတ်ကြခြင်း ဆိုတဲ့ သဘောတရားတွေကြောင့် ဆုံးရှုံးစရာရယ်လို့ မရှိတော့တဲ့ အစ်မဖြစ်သူရဲ့ သောကတွေ ဘယ်လို ပုံပေါ်လာသလဲဆိုတာကို ကြည့်ရှုကြရမှာပါ။
Thriller ဖြစ်တဲ့အတွက် သွေးထွက်သံယိုခန်းများ ပါဝင်နိုင်တာမို့လို့ သတိထားပြီး ကြည့်ရှုကြသင့်ပါတယ်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။23.7.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍17🔥1