Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယာဒိုဒေသသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်၊ ဒေသခံများ အရေးပေါ်အကူအညီလိုအပ်နေ
😢8🔥3👍2
ယာဒိုဒေသသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်၊ ဒေသခံများ အရေးပေါ်အကူအညီလိုအပ်နေ 
===========

YT 

(မဇ္ဈိမ) ။       ။ ကရင်- ကရင်နီ- ရှမ်း နယ်စပ်၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်း၊ လိပ်သိုလ်မြို့နယ်ခွဲ၊ ယာဒိုဒေသသို့ ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ 

" မနေ့ မနက်ပိုင်း မိုးတောင်မလင်းသေးဘူး ကြဲတာ ပေါင် ၅၀၀ ဗုံးနဲ့ ကက်သလစ်ကျောင်းတစ်ကျောင်းပျက်စီးတယ်။ လမ်းတွေပျက်စီးတယ်။ အိမ်တွေ ပျက်စီးတာလည်း ရှိတယ်။ လမ်းက ယာဒို- လွိုင်ကော်လမ်း၊ ယာဒိုက အကုန်ပျက်စီးကုန်ပြီ " ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

တိုက်ခိုက်မှုကြောင့် ယာဒိုကျေးရွာရှိ ကက်သလစ် ဘာသာရေးကျောင်းအပါအဝင် လိပ်သိုလ်- လွိုင်ကော်လမ်း၊ ဝါသောခိုကျေးရွာနှင့် ယာဒိုကျေးရွာမှ နေအိမ်အချို့ ပျက်စီးခဲ့သည်။ 

၎င်းဒေသသည် သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး လက်ရှိတွင် ယာဒိုကျေးရွာသည် တစ်ရွာလုံးနီးပါး ပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ ယာဒိုစစ်ကောင်စီစခန်းအား တပ်မဟာ (၂) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလည်း မကြာခဏ ပြုလုပ်ကာ လက်နက်ကြီးများဖြင့်လည်း ကျေးရွာများအတွင်း ပစ်ခတ်ကြောင်း သိရသည်။ 

အဆိုပါ တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ယာဒိုကျေးရွာ၊ ဝါသောခိုကျေးရွာ၊ ကလေထကျေးရွာ၊ ဝါဘမ်းခိုကျေးရွာ၊ လိုရာဒိုကျေးရွာ၊ ပရယ်စိုးကျေးရွာတို့မှ ဒေသခံပြည်သူဦးရေ ၂,၀၀၀ ကျော်သည် စစ်ဘေးတိမ်းရှောင်နေရသည်။ ၎င်းတို့သည် သံတောင်ကြီးမြို့နယ်ရှိ သောက်ရေခပ်ကျေးရွာအပါအဝင် ကျေးရွာအချို့နှင့် ကရင်နီပြည်နယ် အစပ်များတွင် စစ်ဘေးရှောင်ရသည်မှာ ၁၂ ရက်ရှိပြီဖြစ်ကြောင်း သိရသည်။ 

အဆိုပါ စစ်ဘေးရှောင်များတွင် ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှ ဒေသခံအချို့လည်း ပါဝင်ပြီး ၎င်းတို့သည် မော့ဆိုမြို့နယ်၌ တိုက်ပွဲများ ဖြစ်ပွားစဉ်ကပင် ယာဒိုဒေသတွင် လာရောက် စစ်ဘေးရှောင်နေရသူများ ဖြစ်သည်။ 

" လူဦးရေ ၂၀၀၀ ကျော်ဆိုတာက အရင်က ဒီမော့ဆိုဘက်မှာ စစ်ဖြစ်တုန်းက အဲ့ဒီဘက်က ဒေသခံတွေက ယာဒိုဘက်မှာ လာခိုလှုံနေကြရတာပေါ့။ အခု ယာဒိုမှာပါ ထပ်ဖြစ်တော့ သူတို့တွေပါ နောက်တစ်ဆင့် တစ်ဆင့်ခံ ထပ်ရှောင်ရတာမျိုးပေါ့။ အဓိကလိုအပ်ချက်ကတော့ စားရေး၊ သောက်ရေးတွေပေါ့။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အရေးပေါ် ထွက်ပြေးလာရကြတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာက အဓိက လိုအပ်ချက်နဲ့ အခက်ခဲဖြစ်နေတာပေါ့" ဟု စစ်ဘေးရှောင် အကူအညီပေးနေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

မိုးတွင်းကာလဖြစ်၍ ယာဒိုဒေသမှ စစ်ဘေးရှောင်အချို့ ဖျားနာမှု၊ ရာသီတုပ်ကွေး ဖြစ်ပွားမှု ရှိပြီး ဆေးဝါးမလုံလောက်မှုများလည်း ကြုံတွေ့နေရကြောင်း၊ အမိုးအကာနှင့် စားနပ်ရိက္ခာ လိုအပ်ချက်သည်လည်း ရက်ကြာလာသည်နှင့်အမျှ မြင့်တက်လာကြောင်း အဆိုပါ စစ်ဘေးရှောင်အကူအညီပေးသူက ဆိုသည်။ 

ထို့အပြင် စစ်ကောင်စီက ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် လိပ်သိုလ်မြို့နယ်ခွဲမှ တစ်ဆင့် စစ်ကောင်စီတပ်သားများ အပြည့်ပါသည့် စစ်ကား ရှစ်စီးဖြင့် ယာဒိုဒေသဘက်သို့ စစ်အင်အားထပ်မံတိုးချဲလာကြောင်း ဒေသခံထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ယာဒိုဒေသ
#ဗုံးကြဲတိုက်ခိုက်

ါတ်ပုံ- ( ThanDaungMuPoe) စစ်ကောင်စီတပ်​၏ ဇူလိုင်လ ၂၂ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကက်သလစ်ဘာသာရေးကျောင်းနှင့် လမ်းတစ်နေရာ

http://www.mizzimaburmese.com/article/131189

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥6🤬4👏1😁1
Bodybuilding athletes compete in the 47th State and Region Bodybuilding and Model Physique Championship in Yangon on July 23, 2023. Photo: Sai Aung MAIN/AFP
🔥3👍1
​​No Mercy 
=======

အင်အဲ နဲ့ အွန်ဟေးတို့ ညီအစ်မနှစ်ယောက်ဟာ မိဘတွေ ကွယ်လွန်ပြီးနောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုပြီးနေခဲ့ကြရာမှ တစ်ရက်မှာ ညီမဖြစ်သူ အွန်ဟေး ရုတ်တရက် ပျောက်ဆုံးသွားတဲ့အခါ အစ်မ အင်အဲက လိုက်ရှာရတော့တယ်။

ကျောင်းတွင်း အနိုင်ကျင့်မှုတွေ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ဇာတ်အရှုပ်ထုတ်ကြီးတွေ ကြားထဲကနေ ညီမကို ရှာဖွေရင်း ပျောက်ဆုံးမှုမှာ တာဝန်ရှိတဲ့သူတွေကို ဘယ်လိုမျိုး ပညာပေးပြီး လက်တုန့်ပြန်မလဲ...

အားနည်းတဲ့သူဆိုရင် တရားမျှတမှုတွေက အလှမ်းကွာဝေးနေတတ်ကြခြင်း ဆိုတဲ့ သဘောတရားတွေကြောင့် ဆုံးရှုံးစရာရယ်လို့ မရှိတော့တဲ့ အစ်မဖြစ်သူရဲ့ သောကတွေ ဘယ်လို ပုံပေါ်လာသလဲဆိုတာကို ကြည့်ရှုကြရမှာပါ။

Thriller ဖြစ်တဲ့အတွက် သွေးထွက်သံယိုခန်းများ ပါဝင်နိုင်တာမို့လို့ သတိထားပြီး ကြည့်ရှုကြသင့်ပါတယ်။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် 

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။23.7.2023 
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။ 

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍17🔥1
​​The unjust
=============

မူလတန်းကျောင်းသူတွေကိုပဲ ပစ်မှတ်ထားပြီး လိုက်သတ်နေတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ရှိပါတယ်။ မသတ်ခင်မှာလည်း အဲဒီကျောင်းသူတွေကို ရက်ရက်စက်စက် မုဒိမ်းကျင့်ပါသေးတယ်။ အဆိုပါလူသတ်သမားဟာ လွတ်မြောက်နေခဲ့ပြီး သံသယရှိသူတိုင်းကလည်း ‌ရဲတွေဖမ်းမယ်လုပ်တိုင်း သေဆုံးနေခဲ့ပါတယ်။

တစ်ဖက်မှာတော့ အလုပ်သက်တမ်းတစ်လျှောက် ဖမ်းဆီးခြင်းတွေ အမြောက်အများကို ပြုလုပ်ခဲ့သော်လည်းပဲ အကယ်ဒမီကျောင်းဆင်းမဟုတ်တဲ့အတွက်ကြောင့် အသိအမှတ်အပြုမခံရတဲ့ ချွဲချောဂီဆိုတဲ့ အရာရှိတစ်ယောက်ရှိပါတယ်။ ရာထူးတိုးတိုင်း သူ့အောက်ကသူတွေပဲ ရာထူးတိုးသွားကာ ချွဲချောဂီတစ်ယောက်ပဲကျန်နေခဲ့ပါတော့တယ်။

စိတ္တဇလူသတ်သမားကလည်း ဖမ်းမမိဖြစ်နေတာ တစ်ကြောင်း၊ ရာထူးမတိုးတာက တစ်ကြောင်း၊ အဆိုပါကိစ္စနှစ်ခုကိုပေါင်းစပ်လိုက်ပြီး ချွဲချောဂီရာထူးတိုးသွားအောင် လူစားထိုးပြီးဖမ်းဖို့ကို ပြင်ဆင်ကြပါတော့တယ်။ လူစားထိုးတယ်ဆိုကတည်းက မကောင်းတဲ့လုပ်ရပ်ဖြစ်သလို၊ ကောင်းတဲ့လုပ်ရပ်ကို လုပ်ချင်တဲ့သူကလည်း ရှိနေပြန်ပါတယ်။

ဒီလိုနဲ့ပဲ ဖုံးလိုက်ဖိလိုက် ခြိမ်းလိုက်ခြောက်လိုက်နဲ့ ချွဲချောဂီတစ်ယောက် ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကို ကြည့်ရှုခံစားပေးပါဦး။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၂၄.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍11🔥4❤3
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင် ၂၂-နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
👍12🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင် ၂၃ နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု တော်လှန်ရေး လှုပ်ရှားမှုသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial #sagaing #mandalay #peopledefenceforce #pdf #NUG #whathappeninginmyanmar
👍14🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်)  
================

Frank Sinatra နေထိုင်ခဲ့တဲ့ စံအိမ်ကြီးအကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ တင်ဆက်ပေးမယ့်အပြင် သတင်းထဲက အင်္ဂလိပ်စာ၊ အာရှစီးပွားရေးကဏ္ဍမှာ တင်ဆက်ထားတာကို ဇူလိုင်လ ၂၄ ရက်၊ တနင်္လာနေ့ မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ အစီအစဉ်မှာ အပတ်စဉ်ကဏ္ဍတွေအဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

https://youtu.be/0Yv-OI8664I

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
မြန်မာ့အရေးမှာ အာဆီယံကို မျှော်လင့်လို့ရသေးရဲ့လား (ဆောင်းပါး)
===================

မြန်မာ့အရေးကိုကြားဝင်ဖြေရှင်းပေးဖို့ အာဆီယံတာဝန်ယူထားခဲ့တာ ၂
နှစ်ခွဲကျော်ကာလကိုရောက်လာခဲ့ပြီဖြစ်ပါ တယ်။ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေအားလုံး သဘောတူညီမှုနဲ့ မြန်မာ့အရေးအတွက်ချမှတ်ထားခဲ့တဲ့ အာဆီယံမူ ၅ ချက်ကလည်း အခုအချိန်ထိ ဘာတစ်ခုမှအလုပ်မဖြစ်သေးပါဘူး။ မူ ၅ ချက်ထဲက အလွယ်ကူဆုံးတစ်ခုလို့ဆိုရမယ့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေး အစီအစဉ်ကိုတောင် အာဆီယံအနေနဲ့ အာဏာသိမ်း စစ်ကောင်စီ ကိုကျော်လွန်ပြီး လုပ်ဆောင်နိုင်တာ မရှိဘူးဖြစ်နေပါတယ်။ ဒီလိုအချိန်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ အတွင်း သဘောထားကွဲလွဲမှုတွေကလည်း ပိုမိုပြင်းထန်လာနေတာပါ။

https://youtu.be/q-KGiz0lQIE


#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥1