Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကျောက်တံခါးတိုက်ပွဲ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးဟု MOD ထုတ်ပြန်
=====================

ရွှေနွယ်
မဇ္ဈိမ။ ။ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ဇူလိုင်လ ၁၉ရက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးကာ ၄၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊စစ်ရုံးချုပ်က ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီးပူးပေါင်းအင်အား ၄၀၀ ခန့်သည် ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအနီးသို့ စစ်ကြောင်းနှစ်ကြောင်းခွဲဝင်ရောက်လာခဲ့ရာ ည ၁၂ နာရီအချိန်ခန့်မှစတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မဟာမိတ် ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၃၃ ဦး နေရာတွင်ပင်သေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၄၈ ဦးကိုထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၄၈ ဦးကိုတောင်ငူဆေးရုံ၌ ကုသနေစဉ် ရှစ်ဦးထပ်မံသေဆုံးသွားကြောင်း MOD က ထုတ်ပြန်ထားသည်။ ထို့ကြောင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် စုစုပေါင်း ၄၁ ဦးသေဆုံးခဲ့သည်ဟု MOD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့ ဇူလိုင်လ ၂၄ရက်နံနက်အထိ ရရှိသော သတင်းများအရ စစ်ကောင်စီဘက်တွင် ၄၁ဦးအထိသေဆုံးကြောင်း အမှတ်(၂)စစ်ဒေသခွဲ(ပဲခူးတိုင်း) ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက‌ ထပ်မံအတည်ပြုပြီး စစ်ရေးအရှိန်မြှင့်နေသည့်ကာလတွင် ပြည်သူများအနေဖြင့် လုံခြုံရေးပိုမိုသတိပြုရန်နှင့်ပိုမိုပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း‌ပြောကြားသည်။

အဆိုပါတိုက်ပွဲတွင် KNLA/PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု MOD က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် နံဇရွာအားစတင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ နေအိမ် ခုနစ်လုံးမီးလောင်ပျက်စီးကာ ဒေသခံ ပြည်သူနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားသည်ဟုကျောက်တံခါးမြို့မှ မြေပြင်သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ဇူလိုင်လ ၂၂ ရက်နှင့်ဇူလိုင်လ ၂၃ ရက်နေ့ တွင် နံဇကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

“ရွာသူရွာသားအားလုံးက ဘေးလွတ်ရာကိုရှောင်နေကြရတာပါ။ ပြည်သူပိုင်ပစ္စည်းတွေကို သူတို့စိတ်ကြိုက်ယူပြီး ကျန်နေတဲ့အိမ်တွေကိုမီးဆက်ရှို့တာပါ” ဟု ကျောက်တံခါးမြို့ မြေပြင်သတင်းရင်းမြစ်မှပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် မီးလောင်သည့် နေအိမ်အရေအတွက်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နံဇကျေးရွာသည် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ကျား ၁၃၁၇ ဦး၊ မ ၁၄၂၂ ဦး စုစုပေါင်း ၂၇၃၉ ဦးနေထိုင်နေ့သည့် ကျေးရွာဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုနှင့် လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် နံဇကျေးရွာအပါအဝင် ကျောက်တံခါးမြို့နယ်အရှေ့ဘက်ကျေးရွာများမှ ပြည်သူ ၅,၀၀၀ ခန့်သည် စစ်ဘေးတိမ်းရှောင်နေကြရကြောင်းသိရှိရသည်။

စာတည်း - မောင်ကြီး

#mizzima
#ကျောက်တံခါးမြို့နယ်
#နံဇကျေးရွာ
#KNLA
#PDF
#MOD

KNLA/PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ
Photo - NUG/MOD Facebook
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤2😁1
Media is too big
VIEW IN TELEGRAM
သေဒဏ်အမိန့်တွေ ဆက်ချမှတ်နေတာက ဥပဒေကို လျစ်လျူရှုနေတဲ့ သက်သေဖြစ်ကြောင်း APHR အဖွဲ့ပြော

Watch more detail - https://youtu.be/kKJiE-fB8u0

#reels #PoliticalNews #shorts #MizzimaTV
👍8🔥2
ဇူလိုင်လ ( ၂၄)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==============

− နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာပြီးနောက် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်နေတဲ့သတင်း

− လက်ခတ်တောင် တာဝါတိုင် စခန်းကုန်း တိုက်ပွဲမှာ ဆုတ်မိန့်မရဘဲ ဆုတ်ခွာတဲ့ စစ်ကောင်စီ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှုး ထောင်ကျနေတဲ့သတင်း

− ကျောက်တံခါးတိုက်ပွဲမှာ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာက ထုတ်ပြန်တဲ့သတင်းနဲ့
 
− ကမ္ဘောဒီးယားရွေးကောက်ပွဲဟာ ဟွန်ဆန်ရဲ့အောင်ပွဲကလွဲပြီး ဘာမှမဖြစ်နိုင်ဆိုတဲ့ အကြောင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/U379fTDnhN0

#2pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🍌1
လောင်းလုံးမြို့နယ်တွင် ကျေးလက်အခြေပြု အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
================

ကိုရွှေမြိတ်

(မဇ္ဈိမ)။    ။တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတရွာတွင် ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး ကျေးလက်အခြေပြု အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် “ကမ္ဘာမကြေဘူးသီချင်း”သီဆိုခြင်း၊ ခေတ်ကာလတလျှောက် ကျဆုံးဒီမိုကရေစီ သူရဲကောင်းများအား အလေးပြုခြင်း၊ တော်လှန်‌ရေးသစ္စာပြုခြင်းအပါအဝင် ခရီးကြမ်းအတွက် ခွန်အား ဖြစ်စေမည့် တော်လှန်ရေးဇာတ်ကားများ ပြသကြည့်ရှုခြင်း စသည့် တော်လှန်ရေးလှုပ်ရှားမှု အစီအစဉ် များ ဖြင့် လှုပ်ရှားခဲ့သည်ဟု သိရသည်။

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#သပိတ်

Website Link - http://www.mizzimaburmese.com/article/131199

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤8🔥1
​​ကန်ပက်လက်မှ တပ်ပြောင်းပြန်လာသည့်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးဟုဆို
===============

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သို့ တပ်ပြောင်းအလဲပြုလုပ်ပြီး ပြန်လည်ထွက်ခွာလာသည့် စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က ထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ် ပါကွန်းကျေးရွာအောက်ဘက် ကတင်းချောင်းအနီးတွင် အင်အား ၁၁၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ ၂၃ ရက် နေ့လည် ၁၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“စစ်ကောင်စီတပ်က ငါးယောက်သေပြီး ဒဏ်ရာရတဲ့သူတွေများတယ်။ ပြည်သူတယောက် စစ်ကောင်စီ တပ်ကထောင်တဲ့မိုင်းကြောင့် သေဆုံးခဲ့တာရှိပါတယ်” ဟု CDF – Kanpetlet ပြန်ကြားရေး တာဝန်ရှိသူ တဦးက မဇ္စျိမ ကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရသူများပြားခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ အထိ အခိုက်မရှိကြောင်း ဆိုသည်။

သို့သော် စစ်ကြောင်းအခြေအနေကို သွားရောက်ကြည့်ရှုသည့် အသက် ၅၃ နှစ်အရွယ် ဒေသခံ အမျိုးသား တဦး စစ်ကောင်စီတပ်ကထောင်ထားသည့် မိုင်းနင်းမိပြီး အသက်ဆုံးရှုံခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်ပွဲကို CDF – Kanpetlet တပ်မဟာ လက်အောက်ခံတပ်ရင်းများဖြစ်သော တူမီး၊ ဝကောက် နှင့်ဝိတိုရီးယားတပ်ရင်းများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်စစ်ကြောင်းသည် ယခုအခါ ကန်ပက်လက်မြို့နယ် တိုက်နယ်အမှတ်(၅)သို့ ရောက်ရှိသွားပြီး ချင်းကာ ကွယ်ရေးတပ်ဖွဲ့နှင့် ဆက်လက်ထိတွေ့မှုများဖြစ်လာနိုင်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူကသုံးသပ် ပြောဆိုသည်။

တချိန်တည်းတွင် မကွေးတိုင်း လောင်းရှည်မှ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ အင်အားဖြည့်တင်ရန် ထွက်ခွာလာသော တင့်ကားနှစ်စီးပါ အင်အား ၃၀၀ ခန့် စစ်ကြောင်းကိုလည်း ဒေသခံကာကွယ်ရေးတပ် ဖွဲ့များမှတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ 

အဆိုပါစစ်ကြောင်းသည့် ကျင်ဒွေးဖက်သို့ဆက်လက်ထွက်ခွာလာနေရာ ဇူလိုင်လ ၂၄ ရက် ယနေ့တွင် (ဒေသအခေါ်) လဲပုံလမ်းခွဲနေရာ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်အတွင်း တပ်အပြောင်းအလဲနှင့် ရိက္ခာအင်အားဖြည့်တင်းရန်လာသော စစ်ကြောင်း နှစ်ကြောင်းနှင့် ရက်ရှည်တိုက်ပွဲများဖြစ်ပွားနေသဖြင့် CDF–Kanpetlet တပ်ဖွဲ့အနေဖြင့် လက်နက်ခဲယမ်း များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားနေသော စစ်လမ်းကြောင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံ ၃၀၀၀ ခန့် နေရပ်စွန့်ခွာ တိမ်း ရှောင်နေရကြောင်း ပြန်ကြားရေးတာဝန်ခံကဆိုသည်။

မိုးတွင်းကာလဖြစ်သောကြောင့် အဆိုပါစစ်ဘေးရှောင်များအတွက် တာလပါတ်မိုးကာများ၊ စားနပ်ရိက္ခာ နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ၍ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီကြရန် အသိပေးတိုက် တွန်းထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#စစ်ကြောင်း
#တိုက်ပွဲ
#စစ်ဘေးရှောင်

Photo - CDF - Kanpetlet ရဲဘော်များ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤10😁2
သရက်ချောင်းမြို့တွင် ကျဆုံးသူရဲကောင်းများအတွက် လှုပ်ရှားမှုပြုလုပ်
================

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းက “သူရဲကောင်းတို့သွေး ဘယ်တော့မှမခန်းခြောက်ဘူးဟေ့” ခေါင်းစဉ်ဖြင့် ကျဆုံးသူရဲကောင်းလေးဦး အတွက် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဂျင်မီအပါအဝင်ရဲဘော်လေးဦးအား စစ်ကောင်စီမှကြိုးပေးကွပ်မျက်သည့်နေ့တွင် ဒီမိုကရေစီ သူရဲကောင်းများကို ဂုဏ်ပြုသောအနေဖြင့် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ် ကော်မတီမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဟုဆိုသည်။

#တနင်္သာရီတိုင်း
#သရက်ချောင်းမြို့နယ်
#ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ

Website Link - http://www.mizzimaburmese.com/article/131195
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1