လောင်းလုံးမြို့နယ်တွင် ကျေးလက်အခြေပြု အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတရွာတွင် ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး ကျေးလက်အခြေပြု အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် “ကမ္ဘာမကြေဘူးသီချင်း”သီဆိုခြင်း၊ ခေတ်ကာလတလျှောက် ကျဆုံးဒီမိုကရေစီ သူရဲကောင်းများအား အလေးပြုခြင်း၊ တော်လှန်ရေးသစ္စာပြုခြင်းအပါအဝင် ခရီးကြမ်းအတွက် ခွန်အား ဖြစ်စေမည့် တော်လှန်ရေးဇာတ်ကားများ ပြသကြည့်ရှုခြင်း စသည့် တော်လှန်ရေးလှုပ်ရှားမှု အစီအစဉ် များ ဖြင့် လှုပ်ရှားခဲ့သည်ဟု သိရသည်။
#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#သပိတ်
Website Link - http://www.mizzimaburmese.com/article/131199
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10❤8🔥1
ကန်ပက်လက်မှ တပ်ပြောင်းပြန်လာသည့်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးဟုဆို
===============
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သို့ တပ်ပြောင်းအလဲပြုလုပ်ပြီး ပြန်လည်ထွက်ခွာလာသည့် စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က ထုတ်ပြန်သည်။
ကန်ပက်လက်မြို့နယ် ပါကွန်းကျေးရွာအောက်ဘက် ကတင်းချောင်းအနီးတွင် အင်အား ၁၁၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ ၂၃ ရက် နေ့လည် ၁၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“စစ်ကောင်စီတပ်က ငါးယောက်သေပြီး ဒဏ်ရာရတဲ့သူတွေများတယ်။ ပြည်သူတယောက် စစ်ကောင်စီ တပ်ကထောင်တဲ့မိုင်းကြောင့် သေဆုံးခဲ့တာရှိပါတယ်” ဟု CDF – Kanpetlet ပြန်ကြားရေး တာဝန်ရှိသူ တဦးက မဇ္စျိမ ကိုပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရသူများပြားခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ အထိ အခိုက်မရှိကြောင်း ဆိုသည်။
သို့သော် စစ်ကြောင်းအခြေအနေကို သွားရောက်ကြည့်ရှုသည့် အသက် ၅၃ နှစ်အရွယ် ဒေသခံ အမျိုးသား တဦး စစ်ကောင်စီတပ်ကထောင်ထားသည့် မိုင်းနင်းမိပြီး အသက်ဆုံးရှုံခဲ့ရကြောင်း သိရသည်။
အဆိုပါတိုက်ပွဲကို CDF – Kanpetlet တပ်မဟာ လက်အောက်ခံတပ်ရင်းများဖြစ်သော တူမီး၊ ဝကောက် နှင့်ဝိတိုရီးယားတပ်ရင်းများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်စစ်ကြောင်းသည် ယခုအခါ ကန်ပက်လက်မြို့နယ် တိုက်နယ်အမှတ်(၅)သို့ ရောက်ရှိသွားပြီး ချင်းကာ ကွယ်ရေးတပ်ဖွဲ့နှင့် ဆက်လက်ထိတွေ့မှုများဖြစ်လာနိုင်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူကသုံးသပ် ပြောဆိုသည်။
တချိန်တည်းတွင် မကွေးတိုင်း လောင်းရှည်မှ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ အင်အားဖြည့်တင်ရန် ထွက်ခွာလာသော တင့်ကားနှစ်စီးပါ အင်အား ၃၀၀ ခန့် စစ်ကြောင်းကိုလည်း ဒေသခံကာကွယ်ရေးတပ် ဖွဲ့များမှတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းသည့် ကျင်ဒွေးဖက်သို့ဆက်လက်ထွက်ခွာလာနေရာ ဇူလိုင်လ ၂၄ ရက် ယနေ့တွင် (ဒေသအခေါ်) လဲပုံလမ်းခွဲနေရာ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ကန်ပက်လက်မြို့နယ်အတွင်း တပ်အပြောင်းအလဲနှင့် ရိက္ခာအင်အားဖြည့်တင်းရန်လာသော စစ်ကြောင်း နှစ်ကြောင်းနှင့် ရက်ရှည်တိုက်ပွဲများဖြစ်ပွားနေသဖြင့် CDF–Kanpetlet တပ်ဖွဲ့အနေဖြင့် လက်နက်ခဲယမ်း များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။
တိုက်ပွဲများဖြစ်ပွားနေသော စစ်လမ်းကြောင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံ ၃၀၀၀ ခန့် နေရပ်စွန့်ခွာ တိမ်း ရှောင်နေရကြောင်း ပြန်ကြားရေးတာဝန်ခံကဆိုသည်။
မိုးတွင်းကာလဖြစ်သောကြောင့် အဆိုပါစစ်ဘေးရှောင်များအတွက် တာလပါတ်မိုးကာများ၊ စားနပ်ရိက္ခာ နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ၍ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီကြရန် အသိပေးတိုက် တွန်းထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#စစ်ကြောင်း
#တိုက်ပွဲ
#စစ်ဘေးရှောင်
Photo - CDF - Kanpetlet ရဲဘော်များ

👍19❤10😁2
သရက်ချောင်းမြို့တွင် ကျဆုံးသူရဲကောင်းများအတွက် လှုပ်ရှားမှုပြုလုပ်
================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းက “သူရဲကောင်းတို့သွေး ဘယ်တော့မှမခန်းခြောက်ဘူးဟေ့” ခေါင်းစဉ်ဖြင့် ကျဆုံးသူရဲကောင်းလေးဦး အတွက် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဂျင်မီအပါအဝင်ရဲဘော်လေးဦးအား စစ်ကောင်စီမှကြိုးပေးကွပ်မျက်သည့်နေ့တွင် ဒီမိုကရေစီ သူရဲကောင်းများကို ဂုဏ်ပြုသောအနေဖြင့် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ် ကော်မတီမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဟုဆိုသည်။
#တနင်္သာရီတိုင်း
#သရက်ချောင်းမြို့နယ်
#ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ
Website Link - http://www.mizzimaburmese.com/article/131195

👍12🔥1
ကမ္ဘောဒီးယားရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ဟွန်ဆန်၏ အာဏာရပါတီ ကြေညာ
====================
တစ်ဖက်သတ် အသာစီးယူထားသည်ဟု ဝေဖန်ခံခဲ့ရသည့် ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲတွင် မိမိတို့ အနိုင်ရသည်ဟု ဟွန်ဆန်၏ အာဏာရပါတီက ဇူလိုင် ၂၃ ရက်တွင် ထုတ်ဖော်ကြေညာသည်။
“ဒီ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အပြတ်အသတ် အနိုင်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရထားတဲ့ ထိုင်ခုံနေရာ အရေအတွက်ကို တွက်ချက်လို့ မရနိုင်သေးဘူး” ဟု ကမ္ဘောဒီးယား ပြည်သူ့ ပါတီ (CPP) မှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဆော့ခ် အိုင်ဆန်က တနင်္ဂနွေညချမ်းတွင် သည်စထရိတ်တိုင်းမ်ကို ပြောသည်။

👍6😁3❤1🤣1
စခန်းကုန်းအသိမ်းခံနေရစဉ် အမိန့်မရဘဲဆုတ်ခွာသည့် စစ်ကောင်စီ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး ထောင်ကျ
👍20😁2❤1👏1

===================
007
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်း တိုက်ပွဲတွင် အမိန့်မရ ဘဲဆုတ်ခွာခဲ့သည့် စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ ခမရ(၂)မှ တပ်ရင်းမှူး အာကာအောင်နှင့် ဒု-တပ်ရင်းမှူး ကျော်သူမောင်တို့ နှစ်ဦး သည် ရှေ့တန်းတိုက်ပွဲတွင် အာဏာဖီဆန်မှုဖြင့် အကျဉ်းကျခံနေရခြင်းဖြစ်သည်။
စစ်ရေးဗျူဟာအရ အချက်အချာကျသည့် အဆိုပါစခန်းကုန်းကို ဇူလိုင် ၂၀ ရက် နံနက် ၆ နာရီခန့်မှ စတင် ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၆)၊ KNLA - ပူးပေါင်းတပ်ဖွဲ့များ နှင့် ဒရုန်းတပ်ဖွဲ့များမှ တိုက်ခိုက်ရာ ဇူလိုင် ၂၁ ရက် နံနက် ၅ နာရီခန့်တွင် အပြီးသတ်ဝင်ရောက် သိမ်း ပိုက်နိုင်ခဲ့ကြောင်း KNU က ဆိုသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ အင်အား ၆၀ ကျော်ရှိသော ခမရ (၂) နှင့် ခမရ (၁၈) တပ်ရင်းနှစ်ရင်းမှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အရေအတွက်ကို စိစစ်နေဆဲဖြစ်ကြောင်း ဆိုသည်။
ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့သည့် တပ်ရင်းမှူး အာကာအောင်နှင့် ဒု-တပ်ရင်းမှူး ကျော်သူမောင်တို့နှစ်ဦး သည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အကျဉ်းထောင်တွင် အာဏာဖီဆန်မှုဖြင့် အပြစ်ပေးထောင်ချခံနေရခြင်း ဖြစ်ကြောင်း Cobra စစ်ကြောင်း၊ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောသည်။
တိုက်ပွဲအတွင်း ဆက်သွယ်ရေး စက်တလုံး၊ 60 mm ကျည် ၁၆ လုံး၊ ရှေ့ထွက်မိုင်းခြောက်လုံး၊ ကားမိုင်း ကိုးလုံး၊ Jammer စက်နှစ်လုံး၊ မိုင်းရှာစက် နှစ်လုံး၊ စက်လက်ပြောင်း တပြောင်း၊ ကွန်မန်ဒို ၆၀ မမ ပြောင်း နှစ်လက်၊ ၄၀ မမ ကျည် ကိုးလုံး၊ G3 ကျည်ဘောက် လေးခု၊ MA ကျည်ဘောက် နှစ်ဘောက်၊ စစ်ခမောက် ရှစ်လုံး၊ RPG ပို့ယမ်း သုံးတောင့်၊ RPG သီး တလုံး၊ ၇.၆၂ ကျည် ၁,၈၈၀ တောင့်နှင့် ၅.၅၆ ကျည် ၃၀၂ တောင့်တို့ကို သိမ်းဆည်းမိခဲ့ကြောင်း KNU က ပုံနှင့်တကွ ထုတ်ပြန်သည်။
တိုက်ပွဲတွင် KNLA ပူးပေါင်းတပ်ဖွဲ့များမှ တော်လှန်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူမရှိကြောင်း သိရသည်။
စစ်ကောင်စီအထိုင်တပ်စခန်းများကို တိုက်ထုတ်ဖယ်ရှားပြီး ပထမဆုံးအကြိမ်စိုးမိုးထားနိုင်သော လက် ခတ်တောင်သည် မြဝတီမြို့၏ခံစစ်စည်းဖြစ်ပြီး စစ်ရေးအရ လွန်စွာအရေးပါသော ဗျူဟာမြောက်ကုန်း ဖြစ်ကြောင်း Cobra စစ်ကြောင်းမှူး ဗိုလ်ဒါဘောက မဇ္ဈိမနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#လက်ခတ်တောင်
#တပ်ရင်းမှူးထောင်ကျ
#Mizzima
ဓာတ်ပုံ- လက်ခတ်တောင် စခန်းသိမ်း တိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်များ (KNU)

👍19❤5😁4👎1
Forwarded from Bitcoin Myanmar Initiative
Bitcoin သည် 2009 ခုနှစ်တွင် ဖန်တီးခဲ့သော ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုဖြစ်ပါတယ်။ Bircoin ကို ဘယ်ဗဟိုအာဏာပိုင်မှ ထုတ်ပေးထားတာမဟုတ်သလို မရှိသလိုဘယ်အစိုးရ၊ ငွေကြေးအဖွဲ့အစည်းကိုမှ ကျောထောက်နောက်ခံပြုထားခြင်းမရှိပါဘူး။ Bitcoin ဟာဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ငွေကြေးဖြစ်ပြီးအစိုးရရဲ့ ထိန်းချုပ်မှုစည်းမျဉ်းများအောက်မှာမရှိသောငွေကြေးတစ်ခုဖြစ်ပါတယ်။ ဇူလိုင်လ 2023 ခုနှစ်အထိ ကမ္ဘာပေါ်တွင် Bitcoin ကိုတရားဝင်ငွေကြေးအဖြစ်သတ်မှတ်ပြီးအောင်ပွဲခံခဲ့သောနိုင်ငံနှစ်ခုရှိပါတယ်။ El Salvador နှင့် Central African Republic ဖြစ်ပါတယ်။ El salvador (အယ်လ်ဆာဗေးဒေါ) ဟာ 2021 ခုနှစ် စက်တင်ဘာလကတည်းက Bitcoin တရားဝင်ငွေကြေးအဖြစ်သတ်မှတ်ခဲ့တာပါ။ အယ်လ်ဆာဗေးဒေါအစိုးရဟာ Chivo လို့ခေါ်တဲ့ အစိုးရကျောထောက်နောက်ခံပြု Bitcoin Wallet ကို ဖန်တီးခဲ့ပြီး နိုင်ငံသားများအား Wallet (ဖုန်းပိုက်ဆံအိတ်) ကိုဒေါင်းလုဒ်လုပ်ပြီး သုံးပါက ဒေါ်လာ 30 Bitcoin ဘောနပ်စ်ကိုပေးတဲ့ထိပါပြုလုပ်ပြီးစွဲဆောင်ခဲ့ပါတယ်။ Bitcoin ကိုတရားဝင်သတ်မှတ်ပြီးပထမနှစ်တွင်အယ်လ်ဆာဗေးဒေါဟာအပြုသဘောဆောင်တဲ့တိုးတက်မှုများစွာကို တွေ့ကြုံခဲ့ရပါတယ်။ တိုင်းပြည်စီးပွားရေးတိုးတက်လာပြီးခရီးသွားလုပ်ငန်းတွေမှာလည်း တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့်စိန်ခေါ်မှုအချို့လည်း ရှိခဲ့ပါတယ်။ Bitcoin ရဲ့စျေးနှုန်းဟာအလွန်အမင်းအတက်အကျရှိပြီး အချို့သောလုပ်ငန်းတွေက Bitcoin ကို ငွေပေးချေမှုအဖြစ်လက်ခံရန် တွန့်ဆုတ်နေကြပါသေးတယ်။ Central African Republic ဟာ2022 ခုနှစ် ဧပြီလတွင် Bitcoin တရား၀င်ငွေကြေးအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဗဟိုအာဖရိကသမ္မတနိုင်ငံအစိုးရမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ဖို့နှင့် သမားရိုးကျဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို သုံးစွဲခွင့်မရှိသော နိုင်ငံသားများကို ကူညီပေးရန်အတွက် Bitcoin ကိုတရားဝင်ငွေကြေးအဖြစ်ပြုလုပ်ထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဗဟိုအာဖရိကသမ္မတနိုင်ငံဟာ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများက ရှည်လျားသောသမိုင်းကြောင်းရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ Bitcoin တရားဝင် အဖြစ်ဆုံးဖြတ်စဥ်က တုံ့ပြန်မှုများက ရှုပ်ရှက်ခက်နေအောင် ကြုံတွေ့ခဲ့ရပါသေးတယ်။ အချို့သောလူများက ထောက်ခံကြိုဆိုကြပြီး အချို့က တော့ အန္တရာယ်ရှိတဲ့လောင်းကစားတစ်ခုအဖြစ် သာမြင်နေကြပါသေးတယ်။ Bitcoin တရား၀င်ရေရှည်အကျိုးသက်ရောက်မှုကဗဟိုအာဖရိကသမ္မတနိုင်ငံတွင်ဖြစ်မယ်လို့ခန့်မှန်းတာကစောလွန်းနေပါသေးတယ်။
👍13
နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာပြီးနောက် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်
================
စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ဝေမယ်လို့ ကြေညာလိုက်ရာ ယင်းသတင်းကြောင့် ပြင်ပငွေကြေးဈေးကွက်အတွင်း ဒေါ်လာဝယ်လိုသူများလာပြီး တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ကျော်အထိ ခေါ်ဈေးရှိလာပေမယ့် ရောင်းသူမရှိကြောင်းငွေလဲကောင်တာပိုင်ရှင်အချို့ကပြောပါတယ်။
ဇူလိုင် ၂၂ ရက်နေ့က ဒေါ်လာဈေးမှာ ၁ ဒေါ်လာကို ၃၀၆၀ ကျပ်သာရှိခဲ့ပေမယ့် ဇူလိူင် ၂၃မှာတော့ ပြင်ပငွေလဲလှယ်တဲ့ ဈေးကွက်အတွင်း ဒေါ်လာဈေးမှာ ၃၅၀၀ ကျော် အထိခေါ်ဈေးရှိနေတာဖြစ်ပါတယ်။
ဒေါ်လာဈေးသာမကထိုင်းဘတ်၊တရုတ်ယွမ်၊ ဂျပန်ယမ်းဈေးများက တရှိန်ထိုးမြင့်တက်လာတယ်လို့သိရပါတယ်။
အလားတူ ရွှေဈေးလည်းတက်လာပြီး ပြည်တွင်းအခေါက်ရွှေဈေးမှာလည်း ၁ ကျပ်သားကို ကျပ် ၃၆ သိန်းအထိမြင့်တက်လာပါတယ်။
ရန်ကုန်ရှိ ရွှေဆိုင်အများစုမှာ ဇူလိုင်လ ၂၃ ရက်နေ့က ဆိုင်ဖွင့်လှစ်ခြင်း မရှိဘဲ ရွှေရောင်းချခြင်းကို ရပ်နားထားကြောင်း သိရပါတယ်။
လက်ရှိ အိမ်ခြံမြေဈေးကွက်အတွင်းမှာလည်း တိုက်ခန်း၊ ကွန်ဒိုနဲ့ အိမ်ခြံမြေ အထူးအရောင်းအဝယ် ကောင်းမွန်နေရာမှ ငွေကျပ် နှစ်သောင်းတန်သတင်းကြောင့် အရောင်းဖွင့်ထားတဲ့ တိုက်ခန်း၊ ကွန်ဒိုနဲ့ အိမ်ခြံမြေတချို့ ခေတ္တယာယီ အရောင်းရပ်သွားတယ်လို့သိရပါတယ်။
စစ်ကောင်စီမှ ဗုဒ္ဓရုပ်ပွါးတော်တည်ဆောက်ပြီးစီးမှုနဲ့ ဆင်ဖြူတော်ရတနာရဲ့ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ဆိုကာ နှစ်သောင်းကျပ်တန် ငွေစက္ကူများ ထုတ်ဝေမယ်လို့ ကြေညာခဲ့ပြီးနောက် လူထုအကြား ဒေါ်လာဈေး၊ ရွှေဈေး အပါအဝင် ကုန်ဈေးနှုန်းများ မြင့်တက်လာမှာကို စိုးရိမ်မှုများ ရှိနေကြောင်း သိရပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ယခု အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းမှာ အမှတ်တရအနေဖြင့်လည်းကောင်း၊ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍ လည်းကောင်း၊ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ကြောင်း ပြောကြားထားပါတယ်။
ကျပ်နှစ်သောင်းတန်ဟာ အရေအတွက် အကန့်အသတ် ဖြင့်သာထုတ်ဝေသွားမှာဖစ်ပြီး သတင်းထုတ်ပြန်ချက်မှာပါတဲ့အတိုင်း ဟောင်းနွမ်း ငွေစက္ကူများကို အစားထိုး လဲလှယ်ပေးခြင်းမှာ အမှတ်တရအနေဖြင့် ထည့်သွင်း လဲလှယ်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။
လဲလှယ်တန်ဖိုးမှာ လူတစ်ဦးကို နှစ်သောင်းကျပ်တန် ငွေစက္ကူ (၃)ရွက်ခန့်သာ လဲလှယ်နိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။
ကားဈေးကွက်တွင်လည်း လက်ရှိ နှစ်သောင်းတန် ထုတ်ဝေမယ့် သတင်းကြောင့် ရိုက်ခတ်မှုကြီးနေပြီး ကားအရောင်းတချို့ မရောင်းတော့ဘဲ ဈေးကွက်ကို စောင့်ကြည့်ဖို့ အရောင်း ရပ်ဆိုင်းသွားကြောင်း သိရပါတယ်။
ဗဟိုဘဏ်ကနေ မြန်မာကျပ်ငွေ နှစ်သောင်းတန်ကို အခုလ ၃၁ ရက်နေ့ကစပြီး ထုတ်ဝေမယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းမှာ ကြေညာလာတာဖြစ်ပါတယ်။
လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေကိုလည်း တရားဝင်ဆက်လက်သုံးစွဲခွင့်ပြုမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
စစ်ကောင်စီက အသစ်ထုတ်ဝေမဲ့ နှစ်သောင်းတန်ငွေစက္ကူသစ်ရဲ့ အရှေ့ဘက်မျက်နှာမှာ ဆင်ဖြူတော်ပုံ၊ အနောက်ဘက်မျက်နှာမှာ စစ်ကိုင်းတံတားနဲ့ ဧရာဝတီတံတားပုံကို ရိုက်နှိပ်ထားပါတယ်။
အရွယ်အစားက အလျား ၁၅ စင်တီမီတာ၊ အနံ ခုနစ်စင်တီမီတာရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ငွေစက္ကူတွေကို တန်ဖိုးတိုးမြှင့်ရိုက်ထုတ်ခဲ့ပါတယ်။ NLD အစိုးရလက်ထက်ကတော့ ငွေစက္ကူကို တန်ဖိုးတိုးမြှင့်ရိုက်ထုတ်ခဲ့ခြင်းမရှိပါဘူး။
ငွေစက္ကူတန်ဖိုး နောက်ဆုံးတိုးမြှင့်ထုတ်ဝေခဲ့တာက သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကဖြစ်ပြီး ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က တစ်သောင်းကျပ်တန် ငွေစက္ကူကို စတင်ထုတ်ခဲ့တာပါ။
ငါးထောင်ကျပ်တန်ကိုတော့ ဦးသန်းရွှေဦးဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
ဘဏ္ဍာရေးအကျပ်အတည်းဖြစ်လို့ စစ်ကောင်စီက ငွေစက္ကူအသစ်ထုတ်ဝေတာဖြစ်ပြီး တရားဝင်အစိုးရမဟုတ်လို့ ငွေထုတ်ပိုင်ခွင့်မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ တုံ့ပြန်ထားပါတယ်။
https://youtu.be/_SyeNKb3SD8
#PoliticalNews
#Mizzima
---------------------

YouTube
နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာပြီးနောက် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်
စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ဝေမယ်လို့ ကြေညာလိုက်ရာ ယင်းသတင်းကြောင့် ပြင်ပငွေကြေးဈေးကွက်အတွင်း ဒေါ်လာဝယ်လိုသူများလာပြီး တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ကျော်အထိ ခေါ်ဈေးရှိလာပေမယ့် ရောင်းသူမရှိကြောင်းငွေလဲကောင်တာပိုင်ရှင်အ…
👍12😢2
India abuse video triggers women's reprisal against accused men
================
https://youtu.be/qsNDOi0I3LE

When a horrific video of a mob abusing naked women sparked outrage in India, a vigilante gang of furious mothers from the same community as the accused men took action. "We condemn the violence…