Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သရက်ချောင်းမြို့တွင် ကျဆုံးသူရဲကောင်းများအတွက် လှုပ်ရှားမှုပြုလုပ်
================

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းက “သူရဲကောင်းတို့သွေး ဘယ်တော့မှမခန်းခြောက်ဘူးဟေ့” ခေါင်းစဉ်ဖြင့် ကျဆုံးသူရဲကောင်းလေးဦး အတွက် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဂျင်မီအပါအဝင်ရဲဘော်လေးဦးအား စစ်ကောင်စီမှကြိုးပေးကွပ်မျက်သည့်နေ့တွင် ဒီမိုကရေစီ သူရဲကောင်းများကို ဂုဏ်ပြုသောအနေဖြင့် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ် ကော်မတီမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဟုဆိုသည်။

#တနင်္သာရီတိုင်း
#သရက်ချောင်းမြို့နယ်
#ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ

Website Link - http://www.mizzimaburmese.com/article/131195
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1
​​ကမ္ဘောဒီးယားရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ဟွန်ဆန်၏ အာဏာရပါတီ ကြေညာ
====================

တစ်ဖက်သတ် အသာစီးယူထားသည်ဟု ဝေဖန်ခံခဲ့ရသည့် ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲတွင် မိမိတို့ အနိုင်ရသည်ဟု ဟွန်ဆန်၏ အာဏာရပါတီက ဇူလိုင် ၂၃ ရက်တွင် ထုတ်ဖော်ကြေညာသည်။
“ဒီ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အပြတ်အသတ် အနိုင်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရထားတဲ့ ထိုင်ခုံနေရာ အရေအတွက်ကို တွက်ချက်လို့ မရနိုင်သေးဘူး” ဟု ကမ္ဘောဒီးယား ပြည်သူ့ ပါတီ (CPP) မှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဆော့ခ် အိုင်ဆန်က တနင်္ဂနွေညချမ်းတွင် သည်စထရိတ်တိုင်းမ်ကို ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3❤1🤣1
စခန်းကုန်းအသိမ်းခံနေရစဉ် အမိန့်မရဘဲဆုတ်ခွာသည့် စစ်ကောင်စီ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး ထောင်ကျ
👍20😁2❤1👏1
စခန်းကုန်းအသိမ်းခံနေရစဉ် အမိန့်မရဘဲဆုတ်ခွာသည့် စစ်ကောင်စီ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး ထောင်ကျ 
===================

007

(မဇ္ဈိမ)။  ။ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်း တိုက်ပွဲတွင် အမိန့်မရ ဘဲဆုတ်ခွာခဲ့သည့် စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ခမရ(၂)မှ တပ်ရင်းမှူး အာကာအောင်နှင့် ဒု-တပ်ရင်းမှူး ကျော်သူမောင်တို့ နှစ်ဦး သည် ရှေ့တန်းတိုက်ပွဲတွင် အာဏာဖီဆန်မှုဖြင့် အကျဉ်းကျခံနေရခြင်းဖြစ်သည်။

စစ်ရေးဗျူဟာအရ အချက်အချာကျသည့် အဆိုပါစခန်းကုန်းကို ဇူလိုင် ၂၀ ရက် နံနက် ၆ နာရီခန့်မှ စတင် ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၆)၊ KNLA - ပူးပေါင်းတပ်ဖွဲ့များ နှင့် ဒရုန်းတပ်ဖွဲ့များမှ တိုက်ခိုက်ရာ ဇူလိုင် ၂၁ ရက် နံနက် ၅ နာရီခန့်တွင် အပြီးသတ်ဝင်ရောက် သိမ်း ပိုက်နိုင်ခဲ့ကြောင်း KNU က ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ အင်အား ၆၀ ကျော်ရှိသော ခမရ (၂) နှင့် ခမရ (၁၈) တပ်ရင်းနှစ်ရင်းမှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အရေအတွက်ကို စိစစ်နေဆဲဖြစ်ကြောင်း ဆိုသည်။

ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့သည့် တပ်ရင်းမှူး အာကာအောင်နှင့် ဒု-တပ်ရင်းမှူး ကျော်သူမောင်တို့နှစ်ဦး သည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အကျဉ်းထောင်တွင် အာဏာဖီဆန်မှုဖြင့် အပြစ်ပေးထောင်ချခံနေရခြင်း ဖြစ်ကြောင်း Cobra စစ်ကြောင်း၊ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောသည်။

တိုက်ပွဲအတွင်း ဆက်သွယ်ရေး စက်တလုံး၊ 60 mm ကျည် ၁၆ လုံး၊ ရှေ့ထွက်မိုင်းခြောက်လုံး၊ ကားမိုင်း ကိုးလုံး၊ Jammer စက်နှစ်လုံး၊ မိုင်းရှာစက် နှစ်လုံး၊ စက်လက်ပြောင်း တပြောင်း၊ ကွန်မန်ဒို ၆၀ မမ ပြောင်း နှစ်လက်၊ ၄၀ မမ ကျည် ကိုးလုံး၊ G3 ကျည်ဘောက် လေးခု၊ MA ကျည်ဘောက် နှစ်ဘောက်၊ စစ်ခမောက် ရှစ်လုံး၊ RPG ပို့ယမ်း သုံးတောင့်၊ RPG သီး တလုံး၊ ၇.၆၂ ကျည် ၁,၈၈၀ တောင့်နှင့် ၅.၅၆ ကျည် ၃၀၂ တောင့်တို့ကို သိမ်းဆည်းမိခဲ့ကြောင်း KNU က ပုံနှင့်တကွ ထုတ်ပြန်သည်။

တိုက်ပွဲတွင် KNLA ပူးပေါင်းတပ်ဖွဲ့များမှ တော်လှန်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူမရှိကြောင်း သိရသည်။

စစ်ကောင်စီအထိုင်တပ်စခန်းများကို တိုက်ထုတ်ဖယ်ရှားပြီး ပထမဆုံးအကြိမ်စိုးမိုးထားနိုင်သော လက် ခတ်တောင်သည် မြဝတီမြို့၏ခံစစ်စည်းဖြစ်ပြီး စစ်ရေးအရ လွန်စွာအရေးပါသော ဗျူဟာမြောက်ကုန်း ဖြစ်ကြောင်း Cobra စစ်ကြောင်းမှူး ဗိုလ်ဒါဘောက မဇ္ဈိမနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#လက်ခတ်တောင်
#တပ်ရင်းမှူးထောင်ကျ
#Mizzima

ဓာတ်ပုံ- လက်ခတ်တောင် စခန်းသိမ်း တိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်များ (KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤5😁4👎1
Bitcoin သည် 2009 ခုနှစ်တွင် ဖန်တီးခဲ့သော ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုဖြစ်ပါတယ်။ Bircoin ကို ဘယ်ဗဟိုအာဏာပိုင်မှ ထုတ်ပေးထားတာမဟုတ်သလို မရှိသလိုဘယ်အစိုးရ၊ ငွေကြေးအဖွဲ့အစည်းကိုမှ ကျောထောက်နောက်ခံပြုထားခြင်းမရှိပါဘူး။ Bitcoin ဟာဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ငွေကြေးဖြစ်ပြီးအစိုးရရဲ့ ထိန်းချုပ်မှုစည်းမျဉ်းများအောက်မှာမရှိသောငွေကြေးတစ်ခုဖြစ်ပါတယ်။ ဇူလိုင်လ 2023 ခုနှစ်အထိ ကမ္ဘာပေါ်တွင် Bitcoin ကိုတရားဝင်ငွေကြေးအဖြစ်သတ်မှတ်ပြီးအောင်ပွဲခံခဲ့သောနိုင်ငံနှစ်ခုရှိပါတယ်။ El Salvador နှင့် Central African Republic ဖြစ်ပါတယ်။ El salvador (အယ်လ်ဆာဗေးဒေါ) ဟာ 2021 ခုနှစ် စက်တင်ဘာလကတည်းက Bitcoin တရားဝင်ငွေကြေးအဖြစ်သတ်မှတ်ခဲ့တာပါ။ အယ်လ်ဆာဗေးဒေါအစိုးရဟာ Chivo လို့ခေါ်တဲ့ အစိုးရကျောထောက်နောက်ခံပြု Bitcoin Wallet ကို ဖန်တီးခဲ့ပြီး နိုင်ငံသားများအား Wallet (ဖုန်းပိုက်ဆံအိတ်) ကိုဒေါင်းလုဒ်လုပ်ပြီး သုံးပါက ဒေါ်လာ 30 Bitcoin ဘောနပ်စ်ကိုပေးတဲ့ထိပါပြုလုပ်ပြီးစွဲဆောင်ခဲ့ပါတယ်။ Bitcoin ကိုတရားဝင်သတ်မှတ်ပြီးပထမနှစ်တွင်အယ်လ်ဆာဗေးဒေါဟာအပြုသဘောဆောင်တဲ့တိုးတက်မှုများစွာကို တွေ့ကြုံခဲ့ရပါတယ်။ တိုင်းပြည်စီးပွားရေးတိုးတက်လာပြီးခရီးသွားလုပ်ငန်းတွေမှာလည်း တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့်စိန်ခေါ်မှုအချို့လည်း ရှိခဲ့ပါတယ်။ Bitcoin ရဲ့စျေးနှုန်းဟာအလွန်အမင်းအတက်အကျရှိပြီး အချို့သောလုပ်ငန်းတွေက Bitcoin ကို ငွေပေးချေမှုအဖြစ်လက်ခံရန် တွန့်ဆုတ်နေကြပါသေးတယ်။ Central African Republic ဟာ2022 ခုနှစ် ဧပြီလတွင် Bitcoin တရား၀င်ငွေကြေးအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဗဟိုအာဖရိကသမ္မတနိုင်ငံအစိုးရမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ဖို့နှင့် သမားရိုးကျဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို သုံးစွဲခွင့်မရှိသော နိုင်ငံသားများကို ကူညီပေးရန်အတွက် Bitcoin ကိုတရားဝင်ငွေကြေးအဖြစ်ပြုလုပ်ထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဗဟိုအာဖရိကသမ္မတနိုင်ငံဟာ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများက ရှည်လျားသောသမိုင်းကြောင်းရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ Bitcoin တရားဝင် အဖြစ်ဆုံးဖြတ်စဥ်က တုံ့ပြန်မှုများက ရှုပ်ရှက်ခက်နေအောင် ကြုံတွေ့ခဲ့ရပါသေးတယ်။ အချို့သောလူများက ထောက်ခံကြိုဆိုကြပြီး အချို့က တော့ အန္တရာယ်ရှိတဲ့လောင်းကစားတစ်ခုအဖြစ် သာမြင်နေကြပါသေးတယ်။ Bitcoin တရား၀င်ရေရှည်အကျိုးသက်ရောက်မှုကဗဟိုအာဖရိကသမ္မတနိုင်ငံတွင်ဖြစ်မယ်လို့ခန့်မှန်းတာကစောလွန်းနေပါသေးတယ်။
👍13
နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာပြီးနောက် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်
================

 စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ဝေမယ်လို့ ကြေညာလိုက်ရာ ယင်းသတင်းကြောင့် ပြင်ပငွေကြေးဈေးကွက်အတွင်း ဒေါ်လာဝယ်လိုသူများလာပြီး တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ကျော်အထိ ခေါ်ဈေးရှိလာပေမယ့် ရောင်းသူမရှိကြောင်းငွေလဲကောင်တာပိုင်ရှင်အချို့ကပြောပါတယ်။

ဇူလိုင် ၂၂ ရက်နေ့က ဒေါ်လာဈေးမှာ ၁ ဒေါ်လာကို ၃၀၆၀ ကျပ်သာရှိခဲ့ပေမယ့် ဇူလိူင် ၂၃မှာတော့ ပြင်ပငွေလဲလှယ်တဲ့ ဈေးကွက်အတွင်း ဒေါ်လာဈေးမှာ ၃၅၀၀ ကျော် အထိခေါ်ဈေးရှိနေတာဖြစ်ပါတယ်။ 

ဒေါ်လာဈေးသာမကထိုင်းဘတ်၊တရုတ်ယွမ်၊ ဂျပန်ယမ်းဈေးများက တရှိန်ထိုးမြင့်တက်လာတယ်လို့သိရပါတယ်။ 

အလားတူ ရွှေဈေးလည်းတက်လာပြီး ပြည်တွင်းအခေါက်ရွှေဈေးမှာလည်း ၁ ကျပ်သားကို ကျပ် ၃၆ သိန်းအထိမြင့်တက်လာပါတယ်။

ရန်ကုန်ရှိ ရွှေဆိုင်အများစုမှာ ဇူလိုင်လ ၂၃ ရက်နေ့က ဆိုင်ဖွင့်လှစ်ခြင်း မရှိဘဲ ရွှေရောင်းချခြင်းကို ရပ်နားထားကြောင်း သိရပါတယ်။
လက်ရှိ အိမ်ခြံမြေဈေးကွက်အတွင်းမှာလည်း တိုက်ခန်း၊ ကွန်ဒိုနဲ့ အိမ်ခြံမြေ အထူးအရောင်းအဝယ် ကောင်းမွန်နေရာမှ ငွေကျပ် နှစ်သောင်းတန်သတင်းကြောင့် အရောင်းဖွင့်ထားတဲ့ တိုက်ခန်း၊ ကွန်ဒိုနဲ့ အိမ်ခြံမြေတချို့ ခေတ္တယာယီ အရောင်းရပ်သွားတယ်လို့သိရပါတယ်။

စစ်ကောင်စီမှ ဗုဒ္ဓရုပ်ပွါးတော်တည်ဆောက်ပြီးစီးမှုနဲ့ ဆင်ဖြူတော်ရတနာရဲ့ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ဆိုကာ နှစ်သောင်းကျပ်တန် ငွေစက္ကူများ ထုတ်ဝေမယ်လို့ ကြေညာခဲ့ပြီးနောက် လူထုအကြား ဒေါ်လာဈေး၊ ရွှေဈေး အပါအဝင် ကုန်ဈေးနှုန်းများ မြင့်တက်လာမှာကို စိုးရိမ်မှုများ ရှိနေကြောင်း သိရပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ယခု အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းမှာ အမှတ်တရအနေဖြင့်လည်းကောင်း၊ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍ လည်းကောင်း၊ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ကြောင်း ပြောကြားထားပါတယ်။

ကျပ်နှစ်သောင်းတန်ဟာ အရေအတွက် အကန့်အသတ် ဖြင့်သာထုတ်ဝေသွားမှာဖစ်ပြီး သတင်းထုတ်ပြန်ချက်မှာပါတဲ့အတိုင်း ဟောင်းနွမ်း ငွေစက္ကူများကို အစားထိုး လဲလှယ်ပေးခြင်းမှာ အမှတ်တရအနေဖြင့် ထည့်သွင်း လဲလှယ်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။
လဲလှယ်တန်ဖိုးမှာ လူတစ်ဦးကို နှစ်သောင်းကျပ်တန် ငွေစက္ကူ (၃)ရွက်ခန့်သာ လဲလှယ်နိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

ကားဈေးကွက်တွင်လည်း လက်ရှိ နှစ်သောင်းတန် ထုတ်ဝေမယ့် သတင်းကြောင့် ရိုက်ခတ်မှုကြီးနေပြီး ကားအရောင်းတချို့ မရောင်းတော့ဘဲ ဈေးကွက်ကို စောင့်ကြည့်ဖို့ အရောင်း ရပ်ဆိုင်းသွားကြောင်း သိရပါတယ်။

ဗဟိုဘဏ်ကနေ မြန်မာကျပ်ငွေ နှစ်သောင်းတန်ကို အခုလ ၃၁ ရက်နေ့ကစပြီး ထုတ်ဝေမယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းမှာ ကြေညာလာတာဖြစ်ပါတယ်။ 
လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေကိုလည်း တရားဝင်ဆက်လက်သုံးစွဲခွင့်ပြုမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

စစ်ကောင်စီက အသစ်ထုတ်ဝေမဲ့ နှစ်သောင်းတန်ငွေစက္ကူသစ်ရဲ့ အရှေ့ဘက်မျက်နှာမှာ ဆင်ဖြူတော်ပုံ၊ အနောက်ဘက်မျက်နှာမှာ စစ်ကိုင်းတံတားနဲ့ ဧရာဝတီတံတားပုံကို ရိုက်နှိပ်ထားပါတယ်။

အရွယ်အစားက အလျား ၁၅ စင်တီမီတာ၊ အနံ ခုနစ်စင်တီမီတာရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ငွေစက္ကူတွေကို တန်ဖိုးတိုးမြှင့်ရိုက်ထုတ်ခဲ့ပါတယ်။ NLD အစိုးရလက်ထက်ကတော့ ငွေစက္ကူကို တန်ဖိုးတိုးမြှင့်ရိုက်ထုတ်ခဲ့ခြင်းမရှိပါဘူး။
ငွေစက္ကူတန်ဖိုး နောက်ဆုံးတိုးမြှင့်ထုတ်ဝေခဲ့တာက သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကဖြစ်ပြီး ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က တစ်သောင်းကျပ်တန် ငွေစက္ကူကို စတင်ထုတ်ခဲ့တာပါ။ 

ငါးထောင်ကျပ်တန်ကိုတော့ ဦးသန်းရွှေဦးဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

ဘဏ္ဍာရေးအကျပ်အတည်းဖြစ်လို့ စစ်ကောင်စီက ငွေစက္ကူအသစ်ထုတ်ဝေတာဖြစ်ပြီး တရားဝင်အစိုးရမဟုတ်လို့ ငွေထုတ်ပိုင်ခွင့်မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ တုံ့ပြန်ထားပါတယ်။

https://youtu.be/_SyeNKb3SD8

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢2
မြန်မာနိုင်ငံက ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယနေရာမှာရှိနေ
===============

မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံ ၁၉၃နိုင်ငံအနက် ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယမြောက်နေရာမှာရှိနေတယ်လို့ ဆွစ်ဇာလန်အခြေစိုက် Global Initiative အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး Global Initiative အဖွဲ့က ပြုစုတဲ့ ရာဇဝတ်မှုအညွှန်းကိန်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ကမ္ဘာ့အပျော်ရွှင်ဆုံး ထိပ်ဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံ မပါဝင်ပေမဲ့ ကမ္ဘာမှာ ဒုတိယမြောက် ဘိန်းထွက်ပြီး ကမ္ဘာ့ ၁၉၃ နိုင်ငံမှာ တတိယမြောက်ရာဇဝတ်မှု အထူပြောဆုံး နိုင်ငံဖြစ်ပါတယ်။

ရာဇဝတ်မှုအခြေတည်တဲ့ကဏ္ဍတွေကို လူအရင်းအမြစ်၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်၊ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေလို့ အညွှန်းကိန်းအရ ဖော်ပြထားပါတယ်။

လူသားအရင်းအမြစ်ကဏ္ဍမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု ပင်ရင်းနိုင်ငံလို့ ဆိုထားပြီး ထိုင်းနဲ့ မလေးရှားကို လူကုန်ကူးခံရပြီး အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာကိစ္စအတွက် မကြာခဏ လူကုန်ကူးခံရတယ်လို့ ရေးသားထားပါတယ်။
အမျိုးသားတွေဆို ငါးလုပ်ငန်း ဒါမှမဟုတ် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ၊ အမျိုးသမီးတွေဆိုရင် လိင်ပိုင်းဆိုင်ရာ ကိစ္စတွေအတွက် မကြာခဏ လူကုန် ကူးခံရတယ်လို့ ပြောပါတယ်။

ကမ္ဘာ့သတင်းတွေမှာလည်း လူကုန်ကူးခံရပြီး မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ စေခိုင်းခံရတာတွေ မကြာခဏ ဖော်ပြနေတာပါ။

Global Initiative မှာဖော်ပြတဲ့ ကုန်သွယ်ရေး ကဏ္ဍမှာ လက်နက်ကိုင်ပဋိပက္ခကို ပြောထားပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ လက်နက်ရဖို့ကြိုးစားတာမို့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယက လက်နက်မှောင်ခိုပို့တယ်လို့ ပြောပါတယ်။

ပတ်ဝန်းကျင်ရေးရာမှာ တရုတ်နိုင်ငံကို သစ်မှောင်ခိုတင်ပို့မှု၊ ကျောက်စိမ်း၊ ရွှေ၊ ကြေးနီ တူးဖော်မှုကြောင့် သစ်တောပြုန်းတီးပြီး ဂေဟစနစ်လည်းပျက်၊ ရွှေတူးဖော်တဲ့နေရာတွေမှာ မြစ်ကြောင်းပျက်စီးရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ လူလုပ်မူးယစ်ဆေးဝါး အထူးသဖြင့် Methamphetamine အများဆုံးထုတ်လုပ်တဲ့ နိုင်ငံလို့ပြောပါတယ်။ 

Global Initiative ညွှန်းကိန်းမှာ ပါရှိတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေမှာ အထူးသဖြင့် မူးယစ်ဆေးဝါးမှောင်ခိုဈေးကွက်မှာ အဆင့်မြင့် တာဝန်ရှိသူတွေ၊ စစ်ဘက်ခေါင်းဆောင်တွေ ပါဝင်ပတ်သက်တယ်လို့ ဖော်ပြထားပါတယ်။
 
https://youtu.be/z91gQRWX048

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😢6
တရားဝင်ငွေကြေးအဖြစ်ကမ္ဘာလုံးဆိုင်ရာ Bitcoin အပေါ်အမြင်
======================

Bitcoin သည် 2009 ခုနှစ်တွင် ဖန်တီးခဲ့သော ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုဖြစ်ပါတယ်။ Bircoin ကို ဘယ်ဗဟိုအာဏာပိုင်မှ ထုတ်ပေးထားတာမဟုတ်သလို မရှိသလိုဘယ်အစိုးရ၊ ငွေကြေးအဖွဲ့အစည်းကိုမှ ကျောထောက်နောက်ခံပြုထားခြင်းမရှိပါဘူး။ Bitcoin ဟာဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ငွေကြေးဖြစ်ပြီးအစိုးရရဲ့ ထိန်းချုပ်မှုစည်းမျဉ်းများအောက်မှာမရှိသောငွေကြေးတစ်ခုဖြစ်ပါတယ်။ ဇူလိုင်လ 2023 ခုနှစ်အထိ ကမ္ဘာပေါ်တွင် Bitcoin ကိုတရားဝင်ငွေကြေးအဖြစ်သတ်မှတ်ပြီးအောင်ပွဲခံခဲ့သောနိုင်ငံနှစ်ခုရှိပါတယ်။ El Salvador နှင့် Central African Republic ဖြစ်ပါတယ်။ El salvador (အယ်လ်ဆာဗေးဒေါ) ဟာ 2021 ခုနှစ် စက်တင်ဘာလကတည်းက Bitcoin တရားဝင်ငွေကြေးအဖြစ်သတ်မှတ်ခဲ့တာပါ။
အယ်လ်ဆာဗေးဒေါအစိုးရဟာ Chivo လို့ခေါ်တဲ့ အစိုးရကျောထောက်နောက်ခံပြု Bitcoin Wallet ကို ဖန်တီးခဲ့ပြီး နိုင်ငံသားများအား Wallet (ဖုန်းပိုက်ဆံအိတ်) ကိုဒေါင်းလုဒ်လုပ်ပြီး သုံးပါက ဒေါ်လာ 30 Bitcoin ဘောနပ်စ်ကိုပေးတဲ့ထိပါပြုလုပ်ပြီးစွဲဆောင်ခဲ့ပါတယ်။ Bitcoin ကိုတရားဝင်သတ်မှတ်ပြီးပထမနှစ်တွင်အယ်လ်ဆာဗေးဒေါဟာအပြုသဘောဆောင်တဲ့တိုးတက်မှုများစွာကို တွေ့ကြုံခဲ့ရပါတယ်။
တိုင်းပြည်စီးပွားရေးတိုးတက်လာပြီးခရီးသွားလုပ်ငန်းတွေမှာလည်း တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့်စိန်ခေါ်မှုအချို့လည်း ရှိခဲ့ပါတယ်။ Bitcoin ရဲ့စျေးနှုန်းဟာအလွန်အမင်းအတက်အကျရှိပြီး အချို့သောလုပ်ငန်းတွေက Bitcoin ကို ငွေပေးချေမှုအဖြစ် လက်ခံရန် တွန့်ဆုတ်နေကြပါသေးတယ်။ Central African Republic ဟာ 2022 ခုနှစ် ဧပြီလတွင် Bitcoin တရား၀င်ငွေကြေးအဖြစ်သတ်မှတ်ခဲ့ပါတယ်။
ဗဟိုအာဖရိကသမ္မတနိုင်ငံအစိုးရမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ဖို့နှင့် သမားရိုးကျဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို သုံးစွဲခွင့်မရှိသော နိုင်ငံသားများကို ကူညီပေးရန်အတွက် Bitcoin ကိုတရားဝင်ငွေကြေးအဖြစ်ပြုလုပ်ထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဗဟိုအာဖရိကသမ္မတနိုင်ငံဟာ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများက ရှည်လျားသောသမိုင်းကြောင်းရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ Bitcoin တရားဝင် အဖြစ်ဆုံးဖြတ်စဥ်က တုံ့ပြန်မှုများက ရှုပ်ရှက်ခက်နေအောင် ကြုံတွေ့ခဲ့ရပါသေးတယ်။ အချို့သောလူများက ထောက်ခံကြိုဆိုကြပြီး အချို့က တော့ အန္တရာယ်ရှိတဲ့လောင်းကစားတစ်ခုအဖြစ် သာမြင်နေကြပါသေးတယ်။ Bitcoin တရား၀င်ရေရှည်အကျိုးသက်ရောက်မှုကဗဟိုအာဖရိကသမ္မတနိုင်ငံတွင်ဖြစ်မယ်လို့ခန့်မှန်းတာကစောလွန်းနေပါသေးတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ဟာBitcoin ရဲ့သမိုင်းတွင်သိသိသာသာတိုးတက်မှုဖြစ်လာစေပါတယ်။
Bitcoin ကို တရားဝင်အဖြစ်ငွေကြေးအဖြစ်အသိမှတ်ပြုဖို့ အခြားနိုင်ငံများမှလည်း ကြိုးစားနေလျက်ရှိပါတယ််။​ အယ်လ်ဆာဗေးဒေါနှင့်ဗဟိုအာဖရိကသမ္မတနိုင်ငံအပြင် Bitcoin တရားဝင်ဖြစ်ရန် စဉ်းစားနေတဲ့အခြားနိုင်ငံများစွာလည်း ရှိပါတယ်။ ကြိုးစားနေတဲ့နိုင်ငံများကတော့ ပနားမား၊ ပါရာဂွေးနှင့် မာရှယ်ကျွန်းစုများ ဖြစ်ပါတယ်။ ပနားမားသမ္မတ Laurentino Cortizo က Bitcoinကိုတရားဝင်တင်ဒါအောင်ရန်စိတ်ရှိကြောင်းကိုဖွင့်ဆိုပြောကြားခဲ့ပါတယ်။ ပါရာဂွေးရဲ့ အထက်လွှတ်တော်သည်လည်း Bitcoin တရားဝင် တင်ဒါအောင်မယ့် ဥပဒေကြမ်းကို အတည်ပြုခဲ့ပေမယ့် ဥပဒေကြမ်းဟာ ဥပဒေအဖြစ်တော့လက်မှတ်မထိုးရသေးပါဘူး။ Marshall Islands ဟာလည်း နိုင်ငံအတွက် ဘဏ္ဍာရေးစနစ်အသစ်ဖန်တီးရာတွင် အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် Bitcoin ကိုတရားဝင်ဖြစ်အောင်စဉ်းစားနေပါတယ်။
အဆိုပါနိုင်ငံများမှာ Bitcoin တရားဝင်ဖြစ်လာမလာကိုတော့စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ သို့ပေမယ့် အဆိုပါနိုင်ငံတွေဟာ Bitcoin အပေါ်အပြုသဘာဆောင်အမြင်တော့ ရှိတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဇူလိုင်လ 2023 ခုနှစ်အထိ၊ ကမ္ဘာပေါ်မှာ Bitcoin Wallet ပေါင်း 19 သန်းကျော်ရှိပါတယ်။ လည်ပတ်မှုကတော့ Bitcoin ရဲ့စုစုပေါင်းတန်ဖိုးကတော့ ဒေါ်လာ 600 ဘီလီယံကျော်ဖြစ်ပါတယ်။ Bitcoinစျေးရဲ့ဟာသူဖန်တီးမှုမှစတင်ကာအတက်အကျဖြစ်ပြီးဇူလိုင်လ 2023 ခုနှစ်အထိကမ္ဘာပေါ်တွင် Bitcoin ပိုက်ဆံအိတ်ပေါင်း 19 သန်းကျော်ရှိပါတယ်။ လည်ပတ်မှုတွင် Bitcoin ရဲ့စုစုပေါင်းတန်ဖိုးဒေါ်လာ 600 ဘီလီယံကျော်ဖြစ်ပါတယ်။ Bitcoin ရဲ့စျေးနှုန်းဟာ 2021 ခုနှစ်တွင် $ 68,000 ကျော်အထိတစ်ချိန်လုံးအမြင့်ဆုံမှာ ရှိနေခဲ့ပါတယ်။​ Bitcoin ဟာအနာဂတ်မှာတော့ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကိုပြောဖို့စောလွန်းနေပါသေးတယ်။ ဒါပေမယ့် Bitcoin ဟာ ကျွန်တော်တို့ရဲ့ ငွေကြေးအပေါ် တွေးတောပုံအားပြောင်းလဲစေဖို့ အလားအလာရှိတဲ့နည်းပညာတစ်ခုဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာပါတယ်။

Telegram တွင် စောင့်ဖတ်ရန် →
https://t.me/BitcoinMyanmarEDU

Website Link - http://www.mizzimaburmese.com/article/131208
👍12
​​အင်ဒိုနီးရှားတွင် စက်လှေ နစ်မြုပ်၍ လူ ၁၅ ဦး သေဆုံးပြီး ၁၉ ဦး ပျောက်ဆုံးနေ
=========================

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း ကမ်းခြေ၏ မလှမ်းမကမ်း ပင်လယ်ပြင်တွင် သစ်သားစက်လှေတစ်စင်း နစ်မြုပ်ပြီးနောက် လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး အခြား ၁၉ ဦး ပျောက်ဆုံးနေကြောင်း ရှာဖွေကယ်ဆယ်ရေးတာဝန်ရှိသူများက ဇူလိုင် ၂၄ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😢2
This media is not supported in your browser
VIEW IN TELEGRAM
ဗေဒင်ဆရာ လင်းညို့တာရာကို ဇူလိုင် ၁၅ ရက်နေ့မှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်း စာတွေက သတင်းအမှား ဖြန့်ဝေထားပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် https://www.mizzimaburmese.com/article/131090

#Misinformation_Buster #Fake_News #Shorts #Reels #လင်းညို့တာရာ #ဗေဒင်ဆရာ #မြန်မာ့အလင်း #ကြေးမုံ
👍8👏2😁2🤬1
ဇူလိုင်လ (၂၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:00 - မြန်မာနိုင်ငံက ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယနေရာမှာရှိနေတဲ့ သတင်း

03:36 - ကျောက်တံခါးမှာ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာကထုတ်ပြန်တဲ့သတင်း

05:35 - သေဒဏ်အမိန့်တွေ ဆက်ချမှတ်နေတာက ဥပဒေကို လျစ်လျူရှုနေတဲ့ သက်သေဖြစ်ကြောင်း APHR အဖွဲ့ပြောတဲ့သတင်းနဲ့

10:12 - အိန္ဒိယနဲ့ သီရိလင်္ကာကြား ကုန်းမြေဆက်သွယ်မှုတည်ဆောက်ဖို့သဘောတူတဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/mOr4XTxXm80

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10
ဇူလိုင်လနောက်ဆုံးပတ်တွင် မွန်ပြည်နယ်အပါအဝင် နေရာအချို့၌ မိုးကြီးနိုင်၍ ရေဘေးအန္တရာယ် သတိပြုကြရန် NUG-MOHADM ထုတ်ပြန်
👍12
ဇူလိုင်လနောက်ဆုံးပတ်တွင် မွန်ပြည်နယ်အပါအဝင် နေရာအချို့၌ မိုးကြီးနိုင်၍ ရေဘေးအန္တရာယ် သတိပြုကြရန် NUG-MOHADM ထုတ်ပြန်
=================

ရွှေနွယ်

(မဇ္ဈိမ)။ ။ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဇူလိုင်လနောက်ဆုံးပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး မုတ်သုံလေအားကောင်းလာနိုင်သောကြောင့် မွန်ပြည်နယ်အပါအဝင် မြန်မာ့ကမ်းရိုး တန်းဒေသများနှင့် ကုန်းတွင်းဒေသများ၌ မိုးပိုမိုရွာသွန်းကာ နေရာကွက်၍မိုးကြီးနိုင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန(MOHADM) က ထုတ်ပြန်သည်။

ဇူလိုင်လ ၂၄ ရက်နေ့မှ ဇူလိုင် ၃၀ ရက်နေ့အထိ သီတင်းပတ်အတွက် မိုးလေဝသအခြေအနေကို NUG-MOHADM က ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်အသိပေးထားခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ရေဘေးအန္တရာယ်သတိပေးချက်ကိုပါ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဇူလိုင်လ ၂၆ ရက်နေ့တွင် ပိုမို အားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိလာကာ အိန္ဒိယနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားနိုင် သည်ဟု NUG-MOHADM မှခန့်မှန်းထားသော်လည်း အဆိုပါ မုတ်သုံမုန်တိုင်းငယ်၏အရှိန်ကြောင့် မွန် ပြည်နယ်၊ တနင်္သာရီတိုင်းတို့အပြင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်လာနိုင်သည်ဟု သတိပေးထားသည်။

အဆိုပါ မိုးသည်းထန်မှု၏နောက်ဆက်တွဲအဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်အရှေ့ပိုင်း၊ မွန် ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့ရွာများတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးအန္တရာယ်များကို အထူးသတိထားပြင်ဆင်နေထိုင်ကြရန် သတိပေးထားသည်။

ပြီးခဲ့သည့် သတင်းပတ်အတွင်းကလည်း ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ မွန်ပြည်နယ် အတွင်းရှိ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စသည့် မြို့များတွင် မိုးသည်း ထန်မှုကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်သုံးဦးအပါအဝင် လေဦးရေနစ်သေဆုံးခဲ့ကာ လမ်းတံတားပြိုခြင်း၊ အုတ်တံတိုင်းပြိုခြင်းနှင့် မြေသားနံရံပြိုခြင်းများဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

“ကျွန်တော်တို့က ရေနားမှာပဲနေတဲ့သူတွေဖြစ်တော့ ကျွန်တော်တို့မြို့မှာ ရေကြီးတာက ထူးဆန်းတဲ့ကိစ္စ တော့ မဟုတ်ဘူး။ ရက်ပိုင်းလောက်ရေကြီးတာကတော့ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြီးတော့ ကလေးတွေရေနစ်သေဆုံးခဲ့ရတာဟာ ပေါ့ဆတာကြောင့် အများကြီးပါတယ်။ ဆိုတော့ ရေ ကြီးလာချိန်မှာ ဖြစ်လေ့ရှိတာပဲဆိုပြီး မပေါ့ဆဖို့တော့လိုပါတယ်” ဟု မော်လမြိုင်မြို့ခံတဦးကပြောသည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း မွန်ပြည်နယ်၊ ကရင် ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် လာမည့်နှစ်ရက်အတွင်း မိုးကြီးနိုင်ကြောင်း ယနေ့ ဇူလိုင်လ ၂၄ ရက် နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မိုးကြီး
#ရေဘေးအန္တရာယ်
#လေဖိအားနည်းရပ်ဝန်း
#မုန်တိုင်းငယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13
Media is too big
VIEW IN TELEGRAM
နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာပြီးနောက် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်

Watch more detail - https://youtu.be/_SyeNKb3SD8

#PoliticalNews #reels #shorts #MizzimaTV
👍8
​​ချင်းတွင်းမြစ်အတွင်း ရိက္ခာပို့လာသည့်စစ်ကောင်စီရေယာဉ် တိုက်ခိုက်ခံရ
===============

ပါခွီး

(မဇ္စျိမ)။  ။ချင်းတွင်းမြစ်အတိုင်းဆန်တက်လာသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ရိက္ခာ ဖြည့်တင်းရန်လာသော စစ်ကောင်စီ၏ရေယာဉ်နှစ်စီးကို ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group တာဝန်ခံထံမှ သိရသည်။

နမခသို့ လက်နက်ခဲယမ်း၊ ရိက္ခာနှင့် ဆီများတင်ဆောင်လာသော ရေယာဉ်နှစ်စီးကို ချင်းတွင်းမြစ်ကြောင်း တနေရာတွင် ဇူလိုင်လ ၂၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် တိုက်ခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။

“ကျနော်တို့ ပစ်ခတ်မှုအတွင်းမှာ မော်တော်ကို ထိမှန်တာရှိတယ်။ စစ်ကောင်စီတပ်သား သုံးယောက်သေ ပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်” ဟု Chindwin Fighter Group တာဝန်ခံငှက်ခါးက မဇ္စျိမသို့ ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သားများ၏ သေဆုံး၊ ဒဏ်ရာရှိမှုနှင့်ပတ်သက်၍ မဇ္စျိမအနေဖြင့် ဒေသခံများထံမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပေ။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၁၀) Farmers Revolution Force- 3 တပ်ခွဲ (၂) Chindwin Fighter Group (CFG) နှင့် မဟာမိတ်ညီနောင်ဖြစ်သော ဗန္ဓုလနှင့် အဖွဲ့သားများနှင့် ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီရေယာဉ်များသည် ဆန်တက်ရာလမ်းတလျောက်ရှိ မြစ်ကမ်းဘေးမှ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိဒေသခံများ တိမ်း ရှောင်ခဲ့ရကြောင်းသိရသည်။

ယမန်နေ့က မုံရွာမြို့တွင်ရပ်နားခဲ့သည့် ရိက္ခာနှင့် လက်နက်ခဲယမ်းများတင်ဆောင်လာသော စစ်ရေယာဉ် မှာ ဇူလိုင်လ ၂၄ ရက် ယနေ့တွင် မုံရွာမြို့မှ အထက်သို့ ဆန်တက် လျက်ရှိကြောင်း သိရှိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#မုံရွာမြို့
#ရေယာဉ်
#ချင်းတွင်းမြစ်
#ရိက်ခာ

ဓါတ်ပုံ (အညာပစ်တိုင်ထောင်လေးများ )

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏4❤2