Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြန်မာနိုင်ငံက ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယနေရာမှာရှိနေ
===============

မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံ ၁၉၃နိုင်ငံအနက် ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယမြောက်နေရာမှာရှိနေတယ်လို့ ဆွစ်ဇာလန်အခြေစိုက် Global Initiative အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး Global Initiative အဖွဲ့က ပြုစုတဲ့ ရာဇဝတ်မှုအညွှန်းကိန်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ကမ္ဘာ့အပျော်ရွှင်ဆုံး ထိပ်ဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံ မပါဝင်ပေမဲ့ ကမ္ဘာမှာ ဒုတိယမြောက် ဘိန်းထွက်ပြီး ကမ္ဘာ့ ၁၉၃ နိုင်ငံမှာ တတိယမြောက်ရာဇဝတ်မှု အထူပြောဆုံး နိုင်ငံဖြစ်ပါတယ်။

ရာဇဝတ်မှုအခြေတည်တဲ့ကဏ္ဍတွေကို လူအရင်းအမြစ်၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်၊ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေလို့ အညွှန်းကိန်းအရ ဖော်ပြထားပါတယ်။

လူသားအရင်းအမြစ်ကဏ္ဍမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု ပင်ရင်းနိုင်ငံလို့ ဆိုထားပြီး ထိုင်းနဲ့ မလေးရှားကို လူကုန်ကူးခံရပြီး အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာကိစ္စအတွက် မကြာခဏ လူကုန်ကူးခံရတယ်လို့ ရေးသားထားပါတယ်။
အမျိုးသားတွေဆို ငါးလုပ်ငန်း ဒါမှမဟုတ် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ၊ အမျိုးသမီးတွေဆိုရင် လိင်ပိုင်းဆိုင်ရာ ကိစ္စတွေအတွက် မကြာခဏ လူကုန် ကူးခံရတယ်လို့ ပြောပါတယ်။

ကမ္ဘာ့သတင်းတွေမှာလည်း လူကုန်ကူးခံရပြီး မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ စေခိုင်းခံရတာတွေ မကြာခဏ ဖော်ပြနေတာပါ။

Global Initiative မှာဖော်ပြတဲ့ ကုန်သွယ်ရေး ကဏ္ဍမှာ လက်နက်ကိုင်ပဋိပက္ခကို ပြောထားပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ လက်နက်ရဖို့ကြိုးစားတာမို့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယက လက်နက်မှောင်ခိုပို့တယ်လို့ ပြောပါတယ်။

ပတ်ဝန်းကျင်ရေးရာမှာ တရုတ်နိုင်ငံကို သစ်မှောင်ခိုတင်ပို့မှု၊ ကျောက်စိမ်း၊ ရွှေ၊ ကြေးနီ တူးဖော်မှုကြောင့် သစ်တောပြုန်းတီးပြီး ဂေဟစနစ်လည်းပျက်၊ ရွှေတူးဖော်တဲ့နေရာတွေမှာ မြစ်ကြောင်းပျက်စီးရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ လူလုပ်မူးယစ်ဆေးဝါး အထူးသဖြင့် Methamphetamine အများဆုံးထုတ်လုပ်တဲ့ နိုင်ငံလို့ပြောပါတယ်။ 

Global Initiative ညွှန်းကိန်းမှာ ပါရှိတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေမှာ အထူးသဖြင့် မူးယစ်ဆေးဝါးမှောင်ခိုဈေးကွက်မှာ အဆင့်မြင့် တာဝန်ရှိသူတွေ၊ စစ်ဘက်ခေါင်းဆောင်တွေ ပါဝင်ပတ်သက်တယ်လို့ ဖော်ပြထားပါတယ်။
 
https://youtu.be/z91gQRWX048

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😢6
တရားဝင်ငွေကြေးအဖြစ်ကမ္ဘာလုံးဆိုင်ရာ Bitcoin အပေါ်အမြင်
======================

Bitcoin သည် 2009 ခုနှစ်တွင် ဖန်တီးခဲ့သော ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုဖြစ်ပါတယ်။ Bircoin ကို ဘယ်ဗဟိုအာဏာပိုင်မှ ထုတ်ပေးထားတာမဟုတ်သလို မရှိသလိုဘယ်အစိုးရ၊ ငွေကြေးအဖွဲ့အစည်းကိုမှ ကျောထောက်နောက်ခံပြုထားခြင်းမရှိပါဘူး။ Bitcoin ဟာဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ငွေကြေးဖြစ်ပြီးအစိုးရရဲ့ ထိန်းချုပ်မှုစည်းမျဉ်းများအောက်မှာမရှိသောငွေကြေးတစ်ခုဖြစ်ပါတယ်။ ဇူလိုင်လ 2023 ခုနှစ်အထိ ကမ္ဘာပေါ်တွင် Bitcoin ကိုတရားဝင်ငွေကြေးအဖြစ်သတ်မှတ်ပြီးအောင်ပွဲခံခဲ့သောနိုင်ငံနှစ်ခုရှိပါတယ်။ El Salvador နှင့် Central African Republic ဖြစ်ပါတယ်။ El salvador (အယ်လ်ဆာဗေးဒေါ) ဟာ 2021 ခုနှစ် စက်တင်ဘာလကတည်းက Bitcoin တရားဝင်ငွေကြေးအဖြစ်သတ်မှတ်ခဲ့တာပါ။
အယ်လ်ဆာဗေးဒေါအစိုးရဟာ Chivo လို့ခေါ်တဲ့ အစိုးရကျောထောက်နောက်ခံပြု Bitcoin Wallet ကို ဖန်တီးခဲ့ပြီး နိုင်ငံသားများအား Wallet (ဖုန်းပိုက်ဆံအိတ်) ကိုဒေါင်းလုဒ်လုပ်ပြီး သုံးပါက ဒေါ်လာ 30 Bitcoin ဘောနပ်စ်ကိုပေးတဲ့ထိပါပြုလုပ်ပြီးစွဲဆောင်ခဲ့ပါတယ်။ Bitcoin ကိုတရားဝင်သတ်မှတ်ပြီးပထမနှစ်တွင်အယ်လ်ဆာဗေးဒေါဟာအပြုသဘောဆောင်တဲ့တိုးတက်မှုများစွာကို တွေ့ကြုံခဲ့ရပါတယ်။
တိုင်းပြည်စီးပွားရေးတိုးတက်လာပြီးခရီးသွားလုပ်ငန်းတွေမှာလည်း တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့်စိန်ခေါ်မှုအချို့လည်း ရှိခဲ့ပါတယ်။ Bitcoin ရဲ့စျေးနှုန်းဟာအလွန်အမင်းအတက်အကျရှိပြီး အချို့သောလုပ်ငန်းတွေက Bitcoin ကို ငွေပေးချေမှုအဖြစ် လက်ခံရန် တွန့်ဆုတ်နေကြပါသေးတယ်။ Central African Republic ဟာ 2022 ခုနှစ် ဧပြီလတွင် Bitcoin တရား၀င်ငွေကြေးအဖြစ်သတ်မှတ်ခဲ့ပါတယ်။
ဗဟိုအာဖရိကသမ္မတနိုင်ငံအစိုးရမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ဖို့နှင့် သမားရိုးကျဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို သုံးစွဲခွင့်မရှိသော နိုင်ငံသားများကို ကူညီပေးရန်အတွက် Bitcoin ကိုတရားဝင်ငွေကြေးအဖြစ်ပြုလုပ်ထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဗဟိုအာဖရိကသမ္မတနိုင်ငံဟာ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများက ရှည်လျားသောသမိုင်းကြောင်းရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ Bitcoin တရားဝင် အဖြစ်ဆုံးဖြတ်စဥ်က တုံ့ပြန်မှုများက ရှုပ်ရှက်ခက်နေအောင် ကြုံတွေ့ခဲ့ရပါသေးတယ်။ အချို့သောလူများက ထောက်ခံကြိုဆိုကြပြီး အချို့က တော့ အန္တရာယ်ရှိတဲ့လောင်းကစားတစ်ခုအဖြစ် သာမြင်နေကြပါသေးတယ်။ Bitcoin တရား၀င်ရေရှည်အကျိုးသက်ရောက်မှုကဗဟိုအာဖရိကသမ္မတနိုင်ငံတွင်ဖြစ်မယ်လို့ခန့်မှန်းတာကစောလွန်းနေပါသေးတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ဟာBitcoin ရဲ့သမိုင်းတွင်သိသိသာသာတိုးတက်မှုဖြစ်လာစေပါတယ်။
Bitcoin ကို တရားဝင်အဖြစ်ငွေကြေးအဖြစ်အသိမှတ်ပြုဖို့ အခြားနိုင်ငံများမှလည်း ကြိုးစားနေလျက်ရှိပါတယ််။​ အယ်လ်ဆာဗေးဒေါနှင့်ဗဟိုအာဖရိကသမ္မတနိုင်ငံအပြင် Bitcoin တရားဝင်ဖြစ်ရန် စဉ်းစားနေတဲ့အခြားနိုင်ငံများစွာလည်း ရှိပါတယ်။ ကြိုးစားနေတဲ့နိုင်ငံများကတော့ ပနားမား၊ ပါရာဂွေးနှင့် မာရှယ်ကျွန်းစုများ ဖြစ်ပါတယ်။ ပနားမားသမ္မတ Laurentino Cortizo က Bitcoinကိုတရားဝင်တင်ဒါအောင်ရန်စိတ်ရှိကြောင်းကိုဖွင့်ဆိုပြောကြားခဲ့ပါတယ်။ ပါရာဂွေးရဲ့ အထက်လွှတ်တော်သည်လည်း Bitcoin တရားဝင် တင်ဒါအောင်မယ့် ဥပဒေကြမ်းကို အတည်ပြုခဲ့ပေမယ့် ဥပဒေကြမ်းဟာ ဥပဒေအဖြစ်တော့လက်မှတ်မထိုးရသေးပါဘူး။ Marshall Islands ဟာလည်း နိုင်ငံအတွက် ဘဏ္ဍာရေးစနစ်အသစ်ဖန်တီးရာတွင် အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် Bitcoin ကိုတရားဝင်ဖြစ်အောင်စဉ်းစားနေပါတယ်။
အဆိုပါနိုင်ငံများမှာ Bitcoin တရားဝင်ဖြစ်လာမလာကိုတော့စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ သို့ပေမယ့် အဆိုပါနိုင်ငံတွေဟာ Bitcoin အပေါ်အပြုသဘာဆောင်အမြင်တော့ ရှိတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဇူလိုင်လ 2023 ခုနှစ်အထိ၊ ကမ္ဘာပေါ်မှာ Bitcoin Wallet ပေါင်း 19 သန်းကျော်ရှိပါတယ်။ လည်ပတ်မှုကတော့ Bitcoin ရဲ့စုစုပေါင်းတန်ဖိုးကတော့ ဒေါ်လာ 600 ဘီလီယံကျော်ဖြစ်ပါတယ်။ Bitcoinစျေးရဲ့ဟာသူဖန်တီးမှုမှစတင်ကာအတက်အကျဖြစ်ပြီးဇူလိုင်လ 2023 ခုနှစ်အထိကမ္ဘာပေါ်တွင် Bitcoin ပိုက်ဆံအိတ်ပေါင်း 19 သန်းကျော်ရှိပါတယ်။ လည်ပတ်မှုတွင် Bitcoin ရဲ့စုစုပေါင်းတန်ဖိုးဒေါ်လာ 600 ဘီလီယံကျော်ဖြစ်ပါတယ်။ Bitcoin ရဲ့စျေးနှုန်းဟာ 2021 ခုနှစ်တွင် $ 68,000 ကျော်အထိတစ်ချိန်လုံးအမြင့်ဆုံမှာ ရှိနေခဲ့ပါတယ်။​ Bitcoin ဟာအနာဂတ်မှာတော့ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကိုပြောဖို့စောလွန်းနေပါသေးတယ်။ ဒါပေမယ့် Bitcoin ဟာ ကျွန်တော်တို့ရဲ့ ငွေကြေးအပေါ် တွေးတောပုံအားပြောင်းလဲစေဖို့ အလားအလာရှိတဲ့နည်းပညာတစ်ခုဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာပါတယ်။

Telegram တွင် စောင့်ဖတ်ရန် →
https://t.me/BitcoinMyanmarEDU

Website Link - http://www.mizzimaburmese.com/article/131208
👍12
​​အင်ဒိုနီးရှားတွင် စက်လှေ နစ်မြုပ်၍ လူ ၁၅ ဦး သေဆုံးပြီး ၁၉ ဦး ပျောက်ဆုံးနေ
=========================

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း ကမ်းခြေ၏ မလှမ်းမကမ်း ပင်လယ်ပြင်တွင် သစ်သားစက်လှေတစ်စင်း နစ်မြုပ်ပြီးနောက် လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး အခြား ၁၉ ဦး ပျောက်ဆုံးနေကြောင်း ရှာဖွေကယ်ဆယ်ရေးတာဝန်ရှိသူများက ဇူလိုင် ၂၄ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😢2
This media is not supported in your browser
VIEW IN TELEGRAM
ဗေဒင်ဆရာ လင်းညို့တာရာကို ဇူလိုင် ၁၅ ရက်နေ့မှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်း စာတွေက သတင်းအမှား ဖြန့်ဝေထားပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် https://www.mizzimaburmese.com/article/131090

#Misinformation_Buster #Fake_News #Shorts #Reels #လင်းညို့တာရာ #ဗေဒင်ဆရာ #မြန်မာ့အလင်း #ကြေးမုံ
👍8👏2😁2🤬1
ဇူလိုင်လ (၂၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:00 - မြန်မာနိုင်ငံက ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယနေရာမှာရှိနေတဲ့ သတင်း

03:36 - ကျောက်တံခါးမှာ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာကထုတ်ပြန်တဲ့သတင်း

05:35 - သေဒဏ်အမိန့်တွေ ဆက်ချမှတ်နေတာက ဥပဒေကို လျစ်လျူရှုနေတဲ့ သက်သေဖြစ်ကြောင်း APHR အဖွဲ့ပြောတဲ့သတင်းနဲ့

10:12 - အိန္ဒိယနဲ့ သီရိလင်္ကာကြား ကုန်းမြေဆက်သွယ်မှုတည်ဆောက်ဖို့သဘောတူတဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/mOr4XTxXm80

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10
ဇူလိုင်လနောက်ဆုံးပတ်တွင် မွန်ပြည်နယ်အပါအဝင် နေရာအချို့၌ မိုးကြီးနိုင်၍ ရေဘေးအန္တရာယ် သတိပြုကြရန် NUG-MOHADM ထုတ်ပြန်
👍12
ဇူလိုင်လနောက်ဆုံးပတ်တွင် မွန်ပြည်နယ်အပါအဝင် နေရာအချို့၌ မိုးကြီးနိုင်၍ ရေဘေးအန္တရာယ် သတိပြုကြရန် NUG-MOHADM ထုတ်ပြန်
=================

ရွှေနွယ်

(မဇ္ဈိမ)။ á‹á€˜á€„á€şá€šá€‚á€œá€Źá€¸á€•á€„á€şá€œá€šá€şá€Ąá€ąá€Źá€şá€á€ąá€Źá€„á€şá€•á€­á€Żá€„á€şá€¸á€á€˝á€„á€ş ဇူလိုင်လနောက်ဆုံးပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး မုတ်သုံလေအားကောင်းလာနိုင်သောကြောင့် မွန်ပြည်နယ်အပါအဝင် မြန်မာ့ကမ်းရိုး တန်းဒေသများနှင့် ကုန်းတွင်းဒေသများ၌ မိုးပိုမိုရွာသွန်းကာ နေရာကွက်၍မိုးကြီးနိုင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန(MOHADM) က ထုတ်ပြန်သည်။

ဇူလိုင်လ ၂၄ ရက်နေ့မှ ဇူလိုင် ၃၀ ရက်နေ့အထိ သီတင်းပတ်အတွက် မိုးလေဝသအခြေအနေကို NUG-MOHADM က ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်အသိပေးထားခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ရေဘေးအန္တရာယ်သတိပေးချက်ကိုပါ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဇူလိုင်လ ၂၆ ရက်နေ့တွင် ပိုမို အားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိလာကာ အိန္ဒိယနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားနိုင် သည်ဟု NUG-MOHADM မှခန့်မှန်းထားသော်လည်း အဆိုပါ မုတ်သုံမုန်တိုင်းငယ်၏အရှိန်ကြောင့် á€™á€˝á€”် ပြည်နယ်၊ တနင်္သာရီတိုင်းတို့အပြင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်လာနိုင်သည်ဟု သတိပေးထားသည်။

အဆိုပါ မိုးသည်းထန်မှု၏နောက်ဆက်တွဲအဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်အရှေ့ပိုင်း၊ မွန် ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့ရွာများတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးအန္တရာယ်များကို အထူးသတိထားပြင်ဆင်နေထိုင်ကြရန် သတိပေးထားသည်။

ပြီးခဲ့သည့် သတင်းပတ်အတွင်းကလည်း ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ မွန်ပြည်နယ် အတွင်းရှိ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စသည့် မြို့များတွင် မိုးသည်း ထန်မှုကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်သုံးဦးအပါအဝင် လေဦးရေနစ်သေဆုံးခဲ့ကာ လမ်းတံတားပြိုခြင်း၊ အုတ်တံတိုင်းပြိုခြင်းနှင့် မြေသားနံရံပြိုခြင်းများဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

“ကျွန်တော်တို့က ရေနားမှာပဲနေတဲ့သူတွေဖြစ်တော့ ကျွန်တော်တို့မြို့မှာ ရေကြီးတာက ထူးဆန်းတဲ့ကိစ္စ တော့ မဟုတ်ဘူး။ ရက်ပိုင်းလောက်ရေကြီးတာကတော့ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြီးတော့ ကလေးတွေရေနစ်သေဆုံးခဲ့ရတာဟာ ပေါ့ဆတာကြောင့် အများကြီးပါတယ်။ ဆိုတော့ ရေ ကြီးလာချိန်မှာ ဖြစ်လေ့ရှိတာပဲဆိုပြီး မပေါ့ဆဖို့တော့လိုပါတယ်” ဟု မော်လမြိုင်မြို့ခံတဦးကပြောသည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း á€™á€˝á€”်ပဟည်နယ်၊ ကရင် ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် လာမည့်နှစ်ရက်အတွင်း မိုးကြီးနိုင်ကြောင်း ယနေ့ ဇူလိုင်လ ၂၄ ရက် နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ á‹á€…္ဏဖ္

#မိုးကြီး
#ရေဘေးအန္တရာယ်
#လေဖိအားနည်းရပ်ဝန်း
#မုန်တိုင်းငယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13
Media is too big
VIEW IN TELEGRAM
နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာပြီးနောက် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်

Watch more detail - https://youtu.be/_SyeNKb3SD8

#PoliticalNews #reels #shorts #MizzimaTV
👍8
​​ချင်းတွင်းမြစ်အတွင်း ရိက္ခာပို့လာသည့်စစ်ကောင်စီရေယာဉ် တိုက်ခိုက်ခံရ
===============

ပါခွီး

(မဇ္စျိမ)။  á‹á€á€ťá€„á€şá€¸á€á€˝á€„á€şá€¸á€™á€źá€…á€şá€Ąá€á€­á€Żá€„á€şá€¸á€†á€”á€şá€á€€á€şá€œá€Źá€žá€Šá€ˇá€ş အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ရိက္ခာ ဖြည့်တင်းရန်လာသော စစ်ကောင်စီ၏ရေယာဉ်နှစ်စီးကို ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group တာဝန်ခံထံမှ သိရသည်။

နမခသို့ လက်နက်ခဲယမ်း၊ ရိက္ခာနှင့် ဆီများတင်ဆောင်လာသော ရေယာဉ်နှစ်စီးကို ချင်းတွင်းမြစ်ကြောင်း တနေရာတွင် ဇူလိုင်လ ၂၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် တိုက်ခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။

“ကျနော်တို့ ပစ်ခတ်မှုအတွင်းမှာ မော်တော်ကို ထိမှန်တာရှိတယ်။ စစ်ကောင်စီတပ်သား သုံးယောက်သေ ပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်” ဟု Chindwin Fighter Group တာဝန်ခံငှက်ခါးက မဇ္စျိမသို့ ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သားများ၏ သေဆုံး၊ ဒဏ်ရာရှိမှုနှင့်ပတ်သက်၍ မဇ္စျိမအနေဖြင့် ဒေသခံများထံမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပေ။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၁၀) Farmers Revolution Force- 3 တပ်ခွဲ (၂) Chindwin Fighter Group (CFG) နှင့် မဟာမိတ်ညီနောင်ဖြစ်သော ဗန္ဓုလနှင့် အဖွဲ့သားများနှင့် ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီရေယာဉ်များသည် ဆန်တက်ရာလမ်းတလျောက်ရှိ မြစ်ကမ်းဘေးမှ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိဒေသခံများ တိမ်း ရှောင်ခဲ့ရကြောင်းသိရသည်။

ယမန်နေ့က မုံရွာမြို့တွင်ရပ်နားခဲ့သည့် ရိက္ခာနှင့် လက်နက်ခဲယမ်းများတင်ဆောင်လာသော စစ်ရေယာဉ် မှာ ဇူလိုင်လ ၂၄ ရက် ယနေ့တွင် á€™á€Żá€śá€›á€˝á€Źá€™á€źá€­á€Żá€ˇá€™á€ž အထက်သို့ ဆန်တက် လျက်ရှိကြောင်း သိရှိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ á‹á€…္ဏဖ္

#မုံရွာမြို့
#ရေယာဉ်
#ချင်းတွင်းမြစ်
#ရိက်ခာ

ဓါတ်ပုံ (အညာပစ်တိုင်ထောင်လေးများ )

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏4❤2
Media is too big
VIEW IN TELEGRAM
မုဒုံ-သံဖြူဇရပ်လမ်းပိုင်းမှာ ရေကြီးပြီး ကားလမ်းပိတ်နေတဲ့အချိန်မှာ PDFတွေက ခရီးသည်တွေကို ဓားပြတိုက်တယ်ဆိုတဲ့သတင်းမှား ပျံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်
https://www.mizzimaburmese.com/article/131037

#Misinformation_Buster #Fake_News #Shorts #Reels #PDF #ရေကြီး #ဓါးပြတိုက်
👍6
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင်လ (၂၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

July - 24 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍5😁2
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံက ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယနေရာမှာရှိနေ

Watch more detail - https://youtu.be/z91gQRWX048

#PoliticalNews #reels #shorts #MizzimaTV
👍11🔥1
နွေဦးဖွံ့ဖြိုးရေးဘဏ် စတင်ဖွင့်လှစ် | Business Roundup (24.7.2023)
=====================

- နှစ်သောင်းတန်ငွေစက္ကူကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟု စစ်ကောင်စီ ဗဟိုဘဏ်ပြော

- နွေဦးဖွံ့ဖြိုးရေးဘဏ် စတင်ဖွင့်လှစ်

- အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းသူများ မှတ်ပုံမတင်ပါက အရေးယူမယ်လို့ စစ်ကောင်စီပြော

- မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကူးခွင့် ဆင်ဆာတင်ရမယ်လို့ စစ်ကောင်စီထုတ်ပြန်

- အိန္ဒိယအစိုးရက မြန်မာနိုင်ငံကိုဖြတ်ကျော်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကို လျှပ်စစ်ရောင်းချဖို့ စိတ်ဝင်စားနေ

https://youtu.be/3bKYlT84UFw

#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
❤9👍6
“သူရဲကောင်းတို့မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်” ဟူသည့် ကျေးရွာပေါင်းစုံသပိတ်
========================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာများစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၂၄ ရက် ယနေ့တွင် “သူရဲကောင်းတို့မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်” ဟူသည် စာတမ်းကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲများအတွင်းကျဆုံးခဲ့သည့် အာဇာ နည်များ၏ မျှော်လင့်ချက်များ၊ တောင့်တချက်များကို ပြည်သူများအနေဖြင့် ၎င်းတို့ကိုယ်စား စုစည်း တော်လှန်တိုက်ပွဲဝင်ပေးကြပါရန် တောင်းဆိုသည့်အနေဖြင့် ချီတက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးမြို့နယ်များအတွင်း ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် သပိတ်စစ် ကြောင်း၏ (၈၅၄) ရက်နေ့မြောက်ဖြစ်ကြောင်းသိရသည်။

#ကျေးရွာပေါင်းစုံသပိတ်
#သူရဲကောင်း
#ဆန္ဒပြ

Website Link - http://www.mizzimaburmese.com/article/131213
❤14👍5