Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းအမှား |Misinformation Buster S3| Ep.76
==============

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ 

ဒီတပတ်မှာတော့
- မဇ္ဈိမက ဖော်ထုတ်ခဲ့တဲ့ ငွေကြေးလိမ်လည်နေတဲ့ ဖေ့ဘုတ်ပေ့ချ်တွေဟာ ဆက်လက် လိမ်လည်နေတာတွေနဲ့ ပတ်သက်ပြီး ပညာပေးအစီအစဉ်နဲ့အတူ 

-လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းအမှား

-မုဒုံ-သံဖြူဇရပ်လမ်းမှာ မိုးသည်းထန်လို့ ကားလမ်းပိတ်နေတဲ့ကြားကနေ PDF တွေ ဓားပြတိုက်တယ်ဆိုတဲ့ သတင်းမှား စတဲ့ တပတ်အတွင်း ဖော်ထုတ်ခဲ့တဲ့ သတင်းတွေကို ဂျူချန်းက တင်ဆက်သွားမှာပါ။ 

https://youtu.be/isYTEflD-GY

#Misinformation_Buster
#Weekly_Package
#Fake_News
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍7❤1🍌1
ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===============

https://youtu.be/BOugMRBXDIM


------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဒီတပတ်ရဲ့ သတင်းတုတွေ့ရှိချက်တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံ ကြည့်ရန်
https://youtu.be/isYTEflD-GY

#Misinformation_Buster #Fake_News #reels #shorts #weekly_package
👍7😁2
​​တန့်ဆည်တွင် စစ်တပ်လှည့်ကင်းကားကို တိုက်ခိုက်မှု ၂ဦးသေဆုံးဟုဆို
=================

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် စစ်တပ်လှည့်ကင်းကားကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ကားတစ်စီး သိမ်းဆည်းနိုင်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၂၄ရက်နေ့နံနက်က ကားသုံးစီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား တန့်ဆည်မြို့ သုသာန်အနီး၌ အနီးကပ်သွားရောက်ပစ်ခတ်ခဲ့ခြင်းဟု တန့်ဆည်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက မဇ္ဈိမကို ပြောသည်။

“တန့်ဆည်မြို့ သင်္ချိုင်းကုန်းနားမှာ ကားတွေရပ်ပြီး ပြည်သူတွေကို စစ်ဆေးရေးလုပ်တာပေါ့ဗျာ။ အဲ့ဒါ ကို သတင်းရလို့ ပကဖ ရဲဘော်တွေ သူတို့ ရှိတဲ့ နေရာအနားထိကပ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ တာ” ဟု၎င်းက ပြောသည်။

အလစ်အငိုက်တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ကားများကို မောင်းနှင်ထွက်ပြေးသွားစဉ် မတ်တူးကားတစ်စီးကျန်ခဲ့သည်ဟု သိရသည်။ ကျန်ခဲ့သည့်အဆိုပါကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသိမ်းဆည်းခဲ့သည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး‌ နောက် ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားခဲ့သည်ဟု တန့်ဆည်မြို့အခြေစိုက် Myanmar Defense Force -Taze -Tigerမှ တာဝန်ခံတစ်ဦးကပြောသည်။

" စစ်တပ်ဘက်က နှစ်ဦးသေတာ ဟုတ်ပါတယ်။ ကားတစ်စီးသိမ်းနိုင်တာလည်းကြားပါတယ်" ဟု Myanmar Defense Force -Taze -Tigerမှ တာဝန်ခံကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း တန့်ဆည်မြို့ပေါ်တွင် စစ်ဆေးမှုများ ပိုမ်ိုပြလုပ် လာနေပြီး လူငယ်အချို့ကို အကြမ်းဖက်ဖမ်းဆီးခြင်းများရှိနေသည်ဟု သိရသည်။

“ အခုရက်ပိုင်း အစစ်အဆေးကြမ်းလာတယ်။ ယောက်ျားလေးတွေဆို ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာ တွေရှိလာတယ်” ဟု တန့်ဆည်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောသည်။

တန့်ဆည်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ရက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု သိရသည်။ ဇူလိုင်လ ၁၇ရက်အထိ စစ်ရေးတင်းမာခဲ့ပြီး စစ်ကောင်စီတပ်က သပြေရင်းရွာ၊ ပဲဇင်းကြီးရွာနှင့်ခရမ်းခြံရွာတို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု Myanmar Defense Force -Taze -Tigerမှ တာဝန်ခံကပြောသည်။ လတ်တလော၌ စစ်ကြောင်းမရှိဘဲ စစ်ရေးအခြေအနေလည်း ငြိမ်သက်နေကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စာတည်း - မောင်ကြီး
#mizzima
#တန့်ဆည်မြို့
#စစ်တပ်လှည့်ကင်းကား
#တိုက်ခိုက်ခံရ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁1
​​ကရင်နီပြည်နယ်သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းအဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေ
==============

001

(မဇ္စျိမ)။  ။ကရင်နီပြည်နယ်သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်း အဖွဲ့တို့ကြား ဖယ်ခုံ-လွိုင်ကော်လမ်းမကြီးတလျှောက် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF)ထံမှ သိရသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်းသို့ ဇူလိုင်လဒုတိယပတ်မှစ၍ တပ်အင်အားဖြည့်တင်းနေခြင်း ဖြစ်ပြီး ရှမ်းပြည်ဘက်မှတဆင့် ဖယ်ခုံမှ လွိုင်ကော်ဘက်သို့ ယာဉ်တန်းဖြင့် အင်အားဖြည့်တင်းခြင်းနှင့် ခြေလျင်စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသည်ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှတာဝန်ရှိ သူတဦးက ပြောသည်။

“ထိုးစစ်ဆင်ဖို့လည်း ဖြစ်နိုင်တယ်။ မြေပြင်တိုက်ပွဲတွေမှာ သူတို့အားနည်းသွားလို့ ပြန်ဖြည့်တာမျိုးလည်း ဖြစ်နိုင်တယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖယ်ခုံ-လွိုင်ကော် လမ်းပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုနှင့် ဒီးမော့ဆိုမြို့နယ်တို့ တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားနေကြောင်း သိရသည်။

“ဒီတရက်၊ နှစ်ရက်လေကြောင်းနဲ့ ဗုံးကြဲတာမျိုးမရှိပေမယ့် တောက်လျှောက်တော့ လေယာဉ်၊ ရဟတ် ယာဉ်နဲ့ သွားတာမျိုးတွေရှိပါတယ်”ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူကပြော သည်။

ထို့ပြင် ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင်လည်း စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ နယ်မှ ဖယ်ခုံဘက်သို့ စစ်ကားအစီးရေ ၈၀ ဖြင့် အင်အားဖြည့်တင်းလာကြောင်း ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂) ထံမှ သိရသည်။

“ဒီမနက်ပဲ ဒီတကြောဖုန်းလိုင်းကတော့ မရှင်းဘူး။ မြို့ထဲနေတဲ့လူက ပေးလာတာ ဖယ်ခုံမြို့နယ်ကို အစီး ၂၀ တက်သွားတယ်။ မိုးဗြဲဘက်ကို ၂၀ ဆင်းသွားတယ်။ အခုထပ်ရထားတဲ့ သတင်းအရ နောက်ကား အစီး ရေ ၄၀ က ထပ်ဆင်းလာနေတယ်လို့ ပြောလာတယ်” ဟု ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂)မှ တာဝန်ရှိသူတဦး က ပြောသည်။

ကရင်နီပြည်နယ်တွင် စစ်ရေးတင်းမာနေသည့်အတွက် လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင် လမ်းမကြီး တလျှောက် ကားကြီးများဖြတ်သန်းသွားလာခြင်းမပြုရန်နှင့် ကားငယ်များအနေဖြင့်လည်း အရေးပေါ်ကိစ္စ မှလွဲ၍ အသွားအလာမပြုကြရန် KNDF က တားမြစ်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့က တွဲကား၊ ဆယ်ဘီးကားစသည့်ကားကြီးများအသုံးပြုပြီး အင်အားဖြည့်တင်းနေသည့် အတွက် ကားကြီးများဖြတ်သန်းသွားလာမှုကိုတားမြစ်ထားခြင်းဖြစ်ကြောင်း KNDF တာဝန်ရှိသူက ဆို သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ကလည်း မိုးဗြဲ-လွိုင်ကော်လမ်းမကြီးအတိုင်း ဆင်းလာသည့် စစ်ကောင်စီ လက်‌အောက်ခံ တပ်မ (၅၅) ကို ဖယ်ခုံ PDF တပ်ရင်းအမှတ် (၁၀၀၆) နှင့် KNDF တပ်ရင်း (၃) တို့က ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ထား သည်။

ကရင်နီပြည်နယ်တွင် အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ တိုက်ပွဲပေါင်း ၇၂၀ ကျော် ဖြစ် ပွားခဲ့ပြီး နေအိမ် ၁,၆၀၀ ကျော် ပျက်စီးကာ အရပ်သားသေဆုံးသူ ၃၆၀ ကျော် ရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်ထားသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်
#KNDF
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21👏3❤1
​​ပီအက်စ်ဂျီနဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကိုင်လီယန် အမ်ဘာပေအတွက် အယ်လ်ဟီလာအသင်း 'ပေါင် ၂၅၉ သန်း'ဖြင့် ကမ်းလှမ်း
====================

ဆော်ဒီအာရေးဗီးယားကလပ် အယ်လ်ဟီလာဟာ ပဲရစ်စိန့်ဂျာမိန်းကစားသမား ကိုင်လီယန် အမ်ဘာပေကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း Press Association က ဖော်ပြပါတယ်။

စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးတဲ့ အသက် ၂၄ နှစ်အရွယ် ပြင်သစ်အသင်းခေါင်းဆောင်ဟာ ပြင်သစ်ချန်ပီယံအသင်းမှာ သက်တမ်းတိုးဖို့ ငြင်းဆိုထားပြီး ဂျပန်ကို ရာသီကြိုခရီးစဉ်မှာ ပါဝင်ခြင်းမရှိခဲ့ပါဘူး။
ပီအက်စ်ဂျီဟာ အမ်ဘာပေကို လာမယ့်နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးမယ့်အစား အခုရောင်းချလိုနေပါတယ်။

၂၀၁၇ မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့တဲ့ နေမာရဲ့ ပေါင်သန်း ၂၀၀ ဟာ လက်ရှိစံချိန်မှတ်တမ်းဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားဖြစ်လာစေဖို့ ၂၀၁၇ မှာ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို အသက်ဝင်စေခဲ့ပါတယ်။

တကယ်လို့ အမ်ဘာပေ ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် သူဟာ ၂၀၁၇ မိုနာကိုကနေ ပီအက်စ်ဂျီကို ပေါင် ၁၆၆ သန်ဖြင့် ပြောင်းရွှေ့လာပြီးနောက် ကစားသမားတစ်ဦးအတွက် ပေးချေရတဲ့ အမြင့်ဆုံး အခကြေးငွေ ၃ ခုအနက် ၂ ခုကို ဦးဆောင်သူဖြစ်လာမှာပါ။

အမ်ဘာပေက သူဟာ သူ့ရဲ့စာချုပ် သက်တမ်းကုန်သွားတဲ့အခါ မထွက်ခွာခင် ပီအက်စ်ဂျီမှာ နောက်ထပ်တစ်နှစ် ဆက်နေလိုကြောင်း ပြောပါတယ်။ သူဟာ ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိထားကြပါတယ်။ ဥက္ကဌ နာဆာအယ်လ်ခါလိုင်ဖီက ခိုင်ခိုင်မာမာရပ်တည်ဖို့ သူ့ရဲ့သန္နိဋ္ဌာန်ကို ရှင်းလင်းပြောကြားခဲ့ပြီး အမ်ဘာပေဟာ ၂၀၂၄ မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုဖို့ "မဖြစ်နိုင်ဘူး"လို့ ပြောဆိုသွားပါတယ်။

အမ်ဘာပေအကြာင်းနဲ့ပတ်သက်လို့ ကလပ်အသင်းအတော်များများက မေးမြန်းခဲ့ကြပြီး ပီအက်စ်ဂျီဟာ အခုနွေရာသီမှာ ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။
👍9❤1
This media is not supported in your browser
VIEW IN TELEGRAM
July - 24 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍9😁2
ဇူလိုင် (၂၄) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
========================

- နှစ်သောင်းတန်ငွေစက္ကူကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးလို့ စစ်ကောင်စီ ဗဟိုဘဏ်ပြောတဲ့သတင်း

- ဇူလိုင်လနောက်ဆုံးပတ်အတွင်း မွန်ပြည်နယ်အပါအဝင် နေရာအချို့မှာ မိုးကြီးနိုင်တာကြောင့် ရေဘေးအန္တရာယ် သတိပြုကြရန် NUG-MOHADM ထုတ်ပြန်တဲ့သတင်း

- လက်ခတ်တောင် တာဝါတိုင် စခန်းကုန်း တိုက်ပွဲမှာ ဆုတ်မိန့်မရဘဲ ဆုတ်ခွာတဲ့ စစ်ကောင်စီ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှုး ထောင်ကျတဲ့သတင်း

- သရက်ချောင်းမြို့နယ်၊ မရငဲရွာခံ လယ်သမားလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက်ပြီးနောက် ပြန်လွတ်ပေးတဲ့သတင်း

- အမျိုးသမီးနှစ်ဦးကို လူအုပ်က ဝတ်လစ်စလစ်ချွတ်ခိုင်းပြီး နှောက်ယှက်ခဲ့တဲ့ဗီဒီယိုက အိန္ဒိယအတွက် အရှက်ရစရာဖြစ်တယ်လို့ မိုဒီပြောကြားလိုက်တဲ့သတင်းနဲ့

- မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကူးခွင့် ဆင်ဆာတင်ရမယ်လို့ စစ်ကောင်စီပြော တဲ့ သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/7KWKZFfc6mw?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🍌1
"သက်တမ်းတိုးတာက အာဏာသိမ်းမှု မအောင်မြင်သေးဘူးသဘော သက်ရောက်တယ်" (Editorial Talk)
=====================

စစ်ကောင်စီဟာ နောက်ထပ် သက်တမ်း ၆ လ ထပ်တိုးဖို့ ပြင်နေတဲ့အကြောင်းနဲ့ တစ်ချိန်တည်းမှာပဲ တပ်နဲ့ ရဲဘက်က ထိပ်ပိုင်းအရာရှိတချို့ကို အပြောင်းအလဲ လုပ်လိုက်တဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို ဒီတစ်ပတ် Mizzima Editorial Talk အစီအစဉ်မှာ သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ ကိုနောင်နောင်တို့က ဆွေးနွေးထားပါတယ်။

https://youtu.be/_nz_GgQtS00

#Mizzima
#editorialtalk
#သက်တမ်းတိုး
#စစ်ကောင်စီ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍14🔥1
​​ဆာဒီယို မာနေး - ဆော်ဒီအာရေးဗီးယားကလပ် အယ်လ်နာဆာထံမှ ကမ်းလှမ်းမှုကို ဘိုင်ယန်မြူးနစ်တိုက်ကစားသမား စဉ်းစားနေ
===============

ဘိုင်ယန်မြူးနစ်တိုက်ကစားသမား ဆာဒီယို မာနေးဟာ ဆော်ဒီအာရေးဗီးယား ပရိုလိဂ်ကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းမှုတစ်ရပ်ကို စဉ်းစားနေပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ မာနေးဟာ ပြီးခဲ့တဲ့ နွေရာသီက လီဗာပူးလ်ကနေ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့လာအပြီး ပထမဆုံးရာသီမှာ စိတ်ပျက်စရာဖြစ်လာတဲ့နောက် ဘွန်ဒက်လီဂါချန်ပီယံများအသင်းမှာ မျက်နှာသာပေးမခံခဲ့ရပါဘူး။

မန်နေဂျာ သောမတ်တူချယ်လ်က မာနေးဟာ “မျှော်လင့်ချက်တွေ ပျက်ပြားသွားခဲ့တယ်” လို့ ပြောဆိုမှုနဲ့အတူ ဘိုင်ယန်မြူးနစ်ဟာ ဆီနီဂေါလက်ရွေးစင်ကို ရောင်းချသွားဖို့ လမ်းဖွင့်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မာနေးဟာ အယ်လ်နာဆာအသင်းနဲ့ စကားပြောဆိုခဲ့ပေမယ့် ဆော်ဒီကလပ်နဲ့ သဘောတူညီမှုမရသေးပါဘူး။

မာနေးသာ ပြောင်းရွှေ့မယ်ဆိုပါက သရဲနီကစားသမားဟောင်း အဲလက်စ် တဲလက်စ်၊ ခရိုအေးရှားလက်ရွေးစင် မာဆယ်လို ဘရိုဇိုဗစ်တို့ဟာလည်း အခုနွေရာသီမှာ အသင်းကို ရောက်ရှိလာကြချိန် သူဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ချိတ်ဆက်မှာဖြစ်ပါတယ်၊
အန်ဖီးလ်မှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မာနေးရဲ့ ပြီးခဲ့တဲ့နွေရာသီက ဂျာမနီကို ပြောင်းရွှေ့လာမှုက "ဒီစိန်ခေါ်မှုအတွက် အချိန်မှန်" ဖြစ်ခဲ့တယ်လို့ အသေအချာပြောဆိုထားပါတယ်။

ဒါပေမယ့် သူ့ရဲ့အချိန်တွေဟာ ဆိုးလာခဲ့ပါတယ်။ ဧပြီလက မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး သူဟာ အသင်းဖော် လီရွိုင်ဆာနေးကို ထိုးကြိတ်ခဲ့တယ်လို သတင်းထွက်ခဲ့အပြီး အဲဒီအပြီး လူစာရင်းကနေ ထုတ်ပယ်ခဲ့သလို ဒဏ်ငွေလည်း ချမှတ်ခံခဲ့ရပါတယ်။ 

မာနေးဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အတွက် ၃၈ ပွဲကစားကာ ၁၂ ဂိုး သွင်းယူပြီး နည်းပြ တူချယ်က “ပြိုင်ဆိုင်မှု အခြေအနေက အလွန်မြင့်မားပါတယ်၊ သူ့အတွက် ပွဲထွက် နေရာက မလွယ်ကူပါဘူး။

"ကစားသမားလည်း ဒါကိုသိပါတယ်၊ သူက ကျနော့်အမြင်နဲ့ ကလပ်ရဲ့အမြင်ကို သိပါတယ်။"လို့ ဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်။
👍9🔥1
​​ဗေဒင်ဟောခွင့်လိုင်စင် လျှောက်ထားရမည်ဆိုသည့် ထုတ်ပြန်ချက်အတု
=====================

ZZ

(မဇ္ဈိမ)။ ။ “ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်ခြင်းကို ကန့်သတ်သည့်အမိန့်”ဆိုသည့် စစ်ကောင်စီ လက်အောက်ခံ သာသနာရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် အမိန့်ကြေညာစာတစောင် လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ ထုတ်ပြန်ချက်အတုသာ ဖြစ်သည်။ 

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် “ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်ခြင်းကို ကန့်သတ် သည့်အမိန့်” ဟုဆိုကာ အမိန့်ကြေညာစာအတုအား သာသနာဝန်ကြီးဌာနအမည်ဖြင့် ထုတ်ပြန်ထား သည်။ ထုတ်ပြန်ချက်တွင် ဗေဒင်နှင့်အကြားအမြင်ဟောကြားသူများကို ခုနစ်မျိုးသတ်မှတ်ကြောင်းနှင့် ဟောတမ်းထုတ်ခွင့် လိုင်စင်လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်မရှိပါက မြန်မာသာသနာပိုင် အက်ဥပဒေ အရ အရေးယူခြင်းခံရမည်ဟု ထည့်သွင်းကြေညာထားသည်။  

ယင်းထုတ်ပြန်ချက်ကို နာမည်ကြီးလူငယ်ဗေဒင်ဆရာ လင်းညှိတာရာမှလည်းဖြန့်ဝေထားပြီး “သတင်း အမှား အမိန့်စာအမှားဟုတွေ့ရှိရပါတယ်” ဟု ပြန်လည်ပြင်ဆင်ထားသည်။ သို့သော်လည်း ထိုထုတ်ပြန် ချက်အတုကို ဖေ့စ်ဘုတ်တွင် ပြန်လည်ကူးယူဖော်ပြသူများပြားလျက်ရှိနေသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများအနေဖြင့် ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာတွင် အဆိုပါထုတ်ပြန်ချက်မှာအတုဖြစ်ကြောင်း တွေ့ရသည်။ 

ထုတ်ပြန်ချက်အတုတွင် ဝန်ကြီးဌာနအမည်ကို “သာသနာရေးဝန်ကြီးဌာန” ဟုသာ ရေးသားထားသည်။ တရားဝင်အသုံးအနှုန်းမှာ “သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန” ဖြစ်သည်။ 

ထို့ပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှထုတ်ပြန်လျက်ရှိနေသည့် ထုတ်ပြန်ချက်များတွင် “သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသာနာရေးဦးစီးဌာန” စာတမ်းပါတံဆိပ်ကို အသုံးပြုလေ့ ရှိသည်။ 
ယခုထုတ်ပြန်ချက်အတုတွင်မှု “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်” စာတမ်းပါ တံဆိပ်အဝါရောင်ဖြင့် ဖြစ်သည်။ 

ထုတ်ပြန်ချက်အစစ်လင့်များ - https://bit.ly/3q1RvdP , https://bit.ly/3YkhrhL , https://bit.ly/3KcVScV

ထို့ပြင် ဇူလိုင် ၂၃ ရက်နေ့နှင့် ဇူလိုင် ၂၄ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင်လည်း အဆို ပါထုတ်ပြန်ချက်အား ဖော်ပြထားခြင်း မရှိချေ။
စစ်ကောင်စီ၏ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင်လည်း အဆိုပါ ပျံ့နှံ့လျက်ရှိ နေသည့်ထုတ်ပြန်ချက်မှာ အတုဖြစ်ကြောင်းကို ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ထားသည်။ 
လင့်- https://bit.ly/3rNI8yM 

ထိုကြောင့် ဗေဒင်ဟောခွင့်လိုင်စင် လျှောက်ထားရမည်ဟူသည့် ထုတ်ပြန်ချက်မှာ အတုသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_news
#ဗေဒင်ဟောခွင့်လိုင်စင်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁2
ဇူလိုင်လ (၂၄) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာပြီးနောက် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်

လက်ခတ်တောင် တာဝါတိုင် စခန်းကုန်း တိုက်ပွဲမှာ ဆုတ်မိန့်မရဘဲ ဆုတ်ခွာတဲ့ စစ်ကောင်စီ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှုး ထောင်ကျနေတဲ့အကြောင်း.......

ဇူလိုင်လနောက်ဆုံးပတ်မှာ မွန်ပြည်နယ်အပါအဝင် နေရာအချို့ မိုးကြီးနိုင်ပြီး ရေဘေးအန္တရာယ် သတိပြုကြဖို့ NUG-MOHADM ထုတ်ပြန်လိုက်ပါတယ်…..

အစရှိတဲ့ ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့

ဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲမှုရှုံးနိမ့်ခဲ့တဲ့ MFP ပါတီက မိတ်ဖက်ပါတီကိုယ်စားလှယ်လောင်းကို ထောက်ခံပေးဖို့ဖြစ်လာတဲ့အကြောင်း…..

အိန္ဒိယမှာ ဝတ်လစ်စလစ်အမျိုးသမီးတွေရဲ့ဗီဒီယိုအတွက် စွပ်စွဲခံရသူတွေရဲ့နေအိမ်ကို အမျိုးသမီးတွေက မီးရှို့ တယ်ဆိုတဲ့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူ စီးပွားရေးသတင်းတွေနဲ့အားကစားကဏ္ဍတွေကိုလည်းနားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်တွေနဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။

အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာဖြစ်ပြီးတော့

ပြီးရင် တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/8HF8ghz76Y0

#eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6🔥1
ဇူလိုင်လ (၂၄) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာပြီးနောက် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်

လက်ခတ်တောင် တာဝါတိုင် စခန်းကုန်း တိုက်ပွဲမှာ ဆုတ်မိန့်မရဘဲ ဆုတ်ခွာတဲ့ စစ်ကောင်စီ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှုး ထောင်ကျနေတဲ့အကြောင်း.......

ဇူလိုင်လနောက်ဆုံးပတ်မှာ မွန်ပြည်နယ်အပါအဝင် နေရာအချို့ မိုးကြီးနိုင်ပြီး ရေဘေးအန္တရာယ် သတိပြုကြဖို့ NUG-MOHADM ထုတ်ပြန်လိုက်ပါတယ်…..

အစရှိတဲ့ ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့

ဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲမှုရှုံးနိမ့်ခဲ့တဲ့ MFP ပါတီက မိတ်ဖက်ပါတီကိုယ်စားလှယ်လောင်းကို ထောက်ခံပေးဖို့ဖြစ်လာတဲ့အကြောင်း…..

အိန္ဒိယမှာ ဝတ်လစ်စလစ်အမျိုးသမီးတွေရဲ့ဗီဒီယိုအတွက် စွပ်စွဲခံရသူတွေရဲ့နေအိမ်ကို အမျိုးသမီးတွေက မီးရှို့ တယ်ဆိုတဲ့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူ စီးပွားရေးသတင်းတွေနဲ့အားကစားကဏ္ဍတွေကိုလည်းနားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်တွေနဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။

အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာဖြစ်ပြီးတော့

ပြီးရင် တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/8HF8ghz76Y0

#eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7❤1😁1
စစ်ကိုင်းနဲ့ မကွေးက ရဲတပ်ဖွဲ့ဝင်တွေကို ဆုပေးပြီး တာဝန်ထမ်းချင်အောင် ဆွဲဆောင် (ရုပ်/သံ)
=========================

လင်းသူရိန်
မဇ္ဈိမ။ ။နေပြည်တော်မှာတည်နေတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ တည်ထားကိုးကွယ်ရေး လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ ဆရာတော်တွေ၊ လူ ပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေနဲ့ ဆုတံဆိပ်တွေချီးမြှင့်လိုက်တယ်ဆိုပြီး စစ်ကောင်စီထိန်းချုပ် ထားတဲ့ မီဒီယာတွေက ထုတ်ပြန်ပါတယ်။

အဲဒီလိုထုတ်ပြန်တဲ့အထဲမှာ ရဲတပ်ဖွဲ့ဝင်တွေကိုပေးအပ်တဲ့ ရဲသူရတံဆိပ်နဲ့ ရဲဗလတံဆိပ်တွေလည်း ပါဝင် တာ တွေ့ရပါတယ်။ ရဲသူရတံဆိပ်အတွက် ကိုးဦးနဲ့ ရဲဗလတံဆိပ်အတွက် ၃၆ ဦး၊ စုစုပေါင်း ၄၅ ဦးကို ချီးမြှင့်တယ်လို့ စစ်ကောင်စီက ကြေညာတာ ဖြစ်ပါတယ်။
အထူးသဖြင့် အဲဒီ ၄၅ ဦးလုံးဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း နဲ့မကွေးတိုင်းထဲက ရဲတပ်ဖွဲ့ဝင်တွေပါ။

https://youtu.be/CPsHqMhe744

တင်ဆက်၊တည်းဖြတ် - လင်းသူရိန်

#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁6🤮2🔥1🥰1
ဖေ့စ်ဘုတ်မှာ ငွေကြေးလိမ်လည်တာတွေ တစထက်တစ များလာပါတယ်။

ဒီလိုလိမ်လည်နေတာတွေကို မဇ္ဈိမက အချက်အလက်နဲ့တကွဖော်ထုတ်ခဲ့ပေမယ့် လိမ်လည်နေတဲ့ပေ့ချ် တွေက ဆက်လက်ရှိနေဆဲပါပဲ။

ဒီလိုအလိမ်မခံရအောင် ဘာတွေလုပ်သင့်သလဲဆိုတာကို အချက်အလက်စစ်ဆေးသူတဦးနဲ့ မြန်မာ မီဒီယာအကြံပေး ဦးတိုးဇော်လတ်တို့ကို မဇ္ဈိမက မေးမြန်းထားပါတယ်။‌
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

https://youtu.be/skWRbcuWF54

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#video
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2👍1
​​လားရှိုးတွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုး ဖြုတ်ယူရန်ကြိုးပမ်းသည့်အမျိုးသား ဓာတ်လိုက်သေဆုံး
======================

007
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက လျှပ်စစ် ဓာတ်အားလိုင်းကြိုးဖြုတ်ယူရန်ကြိုးပမ်းသည့်အမျိုးသားတဦး ဓာတ်လိုက်သေဆုံးသွားကြောင်း ဒေသခံ များက မဇ္ဈိမကိုပြောသည်။

လားရှိုးမြို့နယ် လွိုင်လွမ့်ကျေးရွာအနီး ပြောင်းစိုက်ခင်းအတွင်း ယနေ့နံနက် ၉ နာရီခန့်က အဆိုပါသေဆုံး မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ 33 KV ဓာတ်အားလိုင်းကဓာတ်ကြိုးကို ဖြတ်ယူနေရင်း၊ ဓာတ်လိုက်သေတာပါ၊ ပြောင်းစိုက်ခင်းထဲ လူ အသွားအလာမရှိချိန်မှာ ဖြစ်သွားတာပါ၊ နယ်ထိန်းတွေနဲ့ လားရှိုးလူငယ်များအသင်းက လူနာတင်ကားနဲ့ လာသယ်ပြီး ဆေးရုံပို့ထားပြီးပါပြီ” ဟု ဒေသခံတဦးက ပြောသည်။

အလောင်းအား စစ်ဆေးချက်အရ ၀မ်းဗိုက်ပွင့်ထွက်ပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့က ပြောထားသည်။

သေဆုံးသူအမျိုးသားသည် အသက် ၃၀ ၀န်းကျင်အရွယ်ဖြစ်ပြီး လက်ရှိတွင် ပိုင်ရှင်မဲ့အလောင်းအဖြစ်ဖြင့် လားရှိုးဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ထားကာ PR-012 ဖြင့် လက်ခံထားကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
ဓာတ်ပုံ- လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့

#လားရှိုး
#ဓာတ်လိုက်သေဆုံး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9👏1
​​ကျပ် ၂၀,၀၀၀တန် ငွေစက္ကူဂယက်ကြောင့် အရောင်းအ၀ယ်လုပ်ငန်းများ ရပ်တန့်နေ
=======================

007
(မဇ္စျိမ)။ ။ စစ်ကောင်စီက ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူထုတ်ဝေမည့်သတင်းကြောင့် မန္တလေးအိမ်၊ခြံ၊မြေစျေးနှုန်းရုတ်တရက်မြင့်တက်သွားပြီး အရောင်းမရှိတော့သည်အထိဖြစ်သွားကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။

“အရင်ရက်တွေကတည်းက တအိအိတက်နေတဲ့ မြေစျေးက ရုတ်တရတ်ခုန်တက်သွားတယ်။ သိန်း ၁,၅၀၀တန်က သိန်း ၂, ၀၀၀ပေးတာတောင်မရောင်းတော့ဘူး။ တချို့ စရံစာချုပ်တောင် ဖျက်တဲ့အထိဖြစ်ကြတယ်။ မန္တလေးအိမ်ခြံမြေစျေးကွက်က အခုဆိုရင် ၀ယ်လက်ပဲရှိပြီး အရောင်းမရှိတဲ့အခြေအနေဖြစ်သွားတယ်” ဟု မန္တလေးမြို့သစ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး ထုတ်ဝေမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က ယမန်နေ့ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကြေညာချက်ထွက်လာပြီး နာရီပိုင်းအတွင်း နိုင်ငံခြားငွေလဲနှုန်းများမြင့်တက်သွားရာမှ အရောင်းပိတ်လိုက်ရသည်အထိဖြစ်ခဲ့သည်။ ကားစျေးကွက်နှင့် ရွှေဆိုင်လုပ်ငန်းများလည်း အရောင်းအ၀ယ်ပိတ်ထားလိုက်ရသည့်အခြေအနေဖြစ်နေကြောင်းသိရသည်။

“ဘယ်သူကမှအရောင်းအ၀ယ်မလုပ်ကြတော့ဘူး။ အခြေအနေစောင့်ကြည့်နေကြတယ်။ ရွှေစျေး၊ဒေါ်လာစျေး၊ အိမ်ခြံမြေစျေး စောင့်ကြည့်ပြီးမှ စျေးဖွင့်မယ်ဆိုပြီး တင်းခံနေကြတယ်။ မနေ့က ၂၀,၀၀၀တန်သတင်းကြေညာပြီးကတည်းက ဒီနေ့နေ့လယ်အထိ ကားလောကဂယက်ထနေတုန်းပဲ"ဟု ကားအရောင်းစင်တာပိုင်ရှင်တစ်ဦးက ယနေ့ပြောသည်။

၎င်းက ဆက်လက်၍ " သိန်း ၇၀၀ တန်ကားတစ်စီးကို၊ သိန်း၁၅၀စျေးတင်ပြီးရောင်းတာ ချက်ချင်း၀ယ်သွားလို့ နောက်လူတွေမရောင်းရဲကြတော့ဘူး။ တချို့လည်း ပြီးခဲ့တဲ့နှစ်ရက်လောက်က စျေးဆိုင်ထားကြတာတွေ အကုန်ပျက်ရောပဲ” ဟု ဆိုသည်။
အလားတူ ရွှေဆိုင်လုပ်ငန်းများလည်း အရောင်းပိတ်ထားပြီး ယနေ့ ဇူလိုင်လ ၂၄ရက်နေ့လည်အထိ အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၅ သိန်းကျော်ဖြင့်လိုက်၀ယ်သော်လည်း ရောင်းသူမရှိသည့်အခြေအနေဖြစ်နေကြောင်းလည်းသိရသည်။

ကျပ်၂၀,၀၀၀တန်ငွေစက္ကူများအား အရေအတွက်အကန့်အသတ်ဖြင့်သာထုတ်ဝေသွားမည်ဖြစ်ကြောင်းစစ်ကောင်စီ၏ဗဟိုဘဏ်ကကြေညာထားသည်။စစ်တပ်က နိုင်ငံတော် အာဏာသိမ်းပြီးနောက်၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျပ်၂၀,၀၀၀တန်နှင့် ကျပ် ၅၀,၀၀၀ တန်ငွေစက္ကူများရိုက်နှိပ်ထုတ်ဝေလိမ့်မည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသည်။ ယင်းသို့ထွက်ပေါ်ခဲ့သည့် သတင်းများသည် ကောလာဟလသာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပြီး ယခုအခါ ကျပ်၂၀,၀၀၀ ငွေစက္ကူကို ထုတ်ဝေရန်ကြေညာခြင်းဖြစ်သည်။ စစ်ကောင်စီ၏ အဆိုပါ ကြေညာချက်နှင့် ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမည့်အစီအစဥ်သည် ကုန်ဈေးနှုန်းများမြင့်တက်စေခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ကမောက်ကမဖြစ်စေသည်ဟုဆိုကာ ပြည်သူလူထုက အပြင်းအထန်ဝေဖန်နေသည်။

စာတည်း - မောင်ကြီး

#mizzima
#ကျပ်၂၀,၀၀၀တန်ငွေစက္ကူ
#မန္တလေးအိမ်၊ခြံ၊မြေစျေးနှုန်း
#ရုတ်တရက်မြင့်တက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2
​​ရန်ကုန်တွင် ဧည့်စာရင်း စစ်ဆေးချိန် လူငယ် ၅ ဦး လက်ပြန်ကြိုးတုပ် ဖမ်းဆီးခံရ
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့ရာ အဆောင်နေလူငယ်ငါးဦး လက်ပြန်ကြိုး တုပ်ဖမ်းဆီးခံခဲ့ရကြောင်း ရပ်ကွက်နေသူများက ပြောသည်။

“စိုပြေ စားသောက်ဆိုင်အပေါ်ထပ်က ယောက်ျားလေးအဆောင်က အရပ်သားလူငယ်တွေကို စစ်တပ်က လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးသွားတယ်။ ဒီလူငယ်တွေက ဧည့်စာရင်းတိုင်ထားသူတွေ ဖြစ်ပါတယ်" ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက မဇ္ဈိမကို ပြောသည်။

စမ်းချောင်းမြို့နယ်အတွင်း ဧည့်စာရင်းစစ်ဆေးမှုကို ယမန်နေ့ ည ၁၀ နာရီမှ စတင်ကာ နံနက် ၂ နာရီအထိ ပြုလုပ်ခဲ့ပြီး စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရပ်ကွက်ရှိ ရှမ်းကုန်းလမ်းအား စစ်ကားလေးစီး၊ ရဲကားသုံးစီး ဖြင့် ဝင်ရောက်ကာ လမ်းပိတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကျောင်းလမ်း၊ မြဝတီလမ်း၊ သီရိမင်္ဂလာလမ်း အစရှိသည့်လမ်းများမှ ဆိုင်ခန်းများကိုလည်း ဝင်ရောက်ကာ ဧည့်စာရင်းစာရွက်များတောင်းကြည့်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေသူ များက ပြောသည်။

ယမန်နေ့ညက ဖမ်းဆီးခံရသော အ‌ဆောင်နေအရပ်သားလူငယ်ငါးဦးကို စစ်ကောင်စီတပ်က မည်သည့် နေရာသို့ ဖမ်းဆီးခေါ်ဆောင်ပြီး ထိန်းသိမ်းထားသည်ကို မသိရပေ။ ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဧည့်စာရင်းစစ်ဆေးမှုတွင် စိုပြေ စားသောက်ဆိုင်၊ အလင်္ကာ ကော်ဖီဆိုင်၊ Nice Bar ၊ လိုတရ စတိုးတို့ကို အဓိကထားစစ်ဆေးကြောင်း စမ်းချောင်းမြို့တွင် နေထိုင်သူများက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ကလည်း တောင်ဒဂုံ (၁၀၇) ရပ်ကွက်၊ စမ်းချောင်းမြို့နယ် ဂန္ဓမာလမ်း ၊ ဗိုလ်တထောင် (၃) ရပ်ကွက်နှင့် ပုဇွန်တောင် မြို့နယ် (၈) ရပ်ကွက်တို့တွင် ဧည့်စာရင်းဝင်စစ်မှုများ ရှိခဲ့သည်။

အလားတူ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း လှိုင်မြို့နယ် (၉) ရပ်ကွက် သုခမှတ်တိုင်အနီး၊ စမ်းချောင်းမြို့ နယ်၊ မင်းလမ်း၊ ဦးဖီးလမ်းဆုံအနီးနှင့် လှိုင်မြို့နယ် (၂) ရပ်ကွက် ရတနာမွန်လမ်းတို့တွင် ဧည့်စာရင်း စစ်ဆေးမှုများရှိခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
ဓာတ်ပုံ - လူငယ်အချို့အား စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားပုံ (ပုံဟောင်း)

#Mizzima
#လူငယ်၅ဦးအဖမ်းခံ
#ဧည့်စာရင်း
#ရန်ကုန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13👍2🔥1😁1
​​အုတ်ဖိုမြို့မှ စစ်ကောင်စီတပ်နှင့်ပူးပေါင်းသူ Melody KTV ပစ်ခတ်တိုက်ခိုက်ခံရ
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ အုတ်ဖိုမြို့ ၊ ရန်ကုန်−ပြည် ကားလမ်းဘေးရှိ Melody KTV ကို ယမန်နေ့ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

“ဆိုင်ရှင်က စစ်ကောင်စီတပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့သူဖြစ်တဲ့အပြင် ညီဖြစ်တဲ့ ဆိုင်မန်နေဂျာဆီမှာ ပစ္စတိုတစ်လက်ရှိတယ်လို့ သိထားပါတယ်။ ပြည်သူတွေတိုင်ကြားချက်အရ တိုက်ခိုက်တာပါဟု” ၎င်းက ပြောသည်။

KTV တွင် အခန်းဆယ်ခန်းရှိပြီး ငါးခန်းကို KTV အဖြစ်ထားရှိကာ ကျန်ငါးခန်းကို လောင်းကစား ခန်းများအဖြစ် ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟုလည်း ၎င်းကဆက်ပြောသည်။

“နေ့စဉ်လောင်းကစားဝိုင်းတွေလုပ်နေတာ။ စစ်ကောင်စီတပ်သားနဲ့ ရဲတွေ အဝင်အထွက်ရှိနေတာ၊ ဂျင် ဝိုင်းမှာ စရဖ(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)တွေကပါ အဲ့ဒီထဲက လောင်းကစားဝိုင်းတွေမှာ ရှယ်ယာ ပါနေတဲ့ အကြောင်း သိရတယ်”ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပစ်ခတ်တိုက်ခိုက်ရာတွင် ဆိုင်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည့်အတွက် စိတ်မကောင်းဖြစ် ရကြောင်းနှင့် အထူးအလေးအနက် တောင်းပန်‌ပါကြောင်း တိုက်ခိုက်ရာတွင်ပါဝင်သည့် အဖွဲ့တာဝန် ရှိသူက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသွားသည့် ဆိုင်ဝန်ထမ်းမှာ လက်ပံတန်းမြို့မှ ကိုမင်းဇော်ဆိုသူဖြစ်ပြီး ပစ်ခတ်မှုကြောင့် ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် ဗုံးမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကာ ဒေသခံလူမှုကူညီရေးအသင်းများက အုတ်ဖိုဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ယမန်နေ့ ညနေပိုင်းတွင်မူ ဒဏ်ရာအခြေအနေများအရ ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းလဲပို့ဆောင်ထားရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း
#အုတ်ဖိုမြို့နယ်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25🥴1
Media is too big
VIEW IN TELEGRAM
အမျိုးသမီးနှစ်ဦးကို လူအုပ်က ဝတ်လစ်စလစ်ချွတ်ခိုင်းပြီး နှောက်ယှက်ခဲ့တဲ့ဗီဒီယိုက အိန္ဒိယအတွက် အရှက်ရစရာဖြစ်ကြောင်း မိုဒီပြော

#internationalnews #reels #shorts #Mizzima
😁5👍4🔥1