Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖေ့စ်ဘုတ်မှာ ငွေကြေးလိမ်လည်တာတွေ တစထက်တစ များလာပါတယ်။

ဒီလိုလိမ်လည်နေတာတွေကို မဇ္ဈိမက အချက်အလက်နဲ့တကွဖော်ထုတ်ခဲ့ပေမယ့် လိမ်လည်နေတဲ့ပေ့ချ် တွေက ဆက်လက်ရှိနေဆဲပါပဲ။

ဒီလိုအလိမ်မခံရအောင် ဘာတွေလုပ်သင့်သလဲဆိုတာကို အချက်အလက်စစ်ဆေးသူတဦးနဲ့ မြန်မာ မီဒီယာအကြံပေး ဦးတိုးဇော်လတ်တို့ကို မဇ္ဈိမက မေးမြန်းထားပါတယ်။‌
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

https://youtu.be/skWRbcuWF54

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#video
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2👍1
​​လားရှိုးတွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုး ဖြုတ်ယူရန်ကြိုးပမ်းသည့်အမျိုးသား ဓာတ်လိုက်သေဆုံး
======================

007
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက လျှပ်စစ် ဓာတ်အားလိုင်းကြိုးဖြုတ်ယူရန်ကြိုးပမ်းသည့်အမျိုးသားတဦး ဓာတ်လိုက်သေဆုံးသွားကြောင်း ဒေသခံ များက မဇ္ဈိမကိုပြောသည်။

လားရှိုးမြို့နယ် လွိုင်လွမ့်ကျေးရွာအနီး ပြောင်းစိုက်ခင်းအတွင်း ယနေ့နံနက် ၉ နာရီခန့်က အဆိုပါသေဆုံး မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ 33 KV ဓာတ်အားလိုင်းကဓာတ်ကြိုးကို ဖြတ်ယူနေရင်း၊ ဓာတ်လိုက်သေတာပါ၊ ပြောင်းစိုက်ခင်းထဲ လူ အသွားအလာမရှိချိန်မှာ ဖြစ်သွားတာပါ၊ နယ်ထိန်းတွေနဲ့ လားရှိုးလူငယ်များအသင်းက လူနာတင်ကားနဲ့ လာသယ်ပြီး ဆေးရုံပို့ထားပြီးပါပြီ” ဟု ဒေသခံတဦးက ပြောသည်။

အလောင်းအား စစ်ဆေးချက်အရ ၀မ်းဗိုက်ပွင့်ထွက်ပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့က ပြောထားသည်။

သေဆုံးသူအမျိုးသားသည် အသက် ၃၀ ၀န်းကျင်အရွယ်ဖြစ်ပြီး လက်ရှိတွင် ပိုင်ရှင်မဲ့အလောင်းအဖြစ်ဖြင့် လားရှိုးဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ထားကာ PR-012 ဖြင့် လက်ခံထားကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
ဓာတ်ပုံ- လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့

#လားရှိုး
#ဓာတ်လိုက်သေဆုံး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9👏1
​​ကျပ် ၂၀,၀၀၀တန် ငွေစက္ကူဂယက်ကြောင့် အရောင်းအ၀ယ်လုပ်ငန်းများ ရပ်တန့်နေ
=======================

007
(မဇ္စျိမ)။ ။ စစ်ကောင်စီက ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူထုတ်ဝေမည့်သတင်းကြောင့် မန္တလေးအိမ်၊ခြံ၊မြေစျေးနှုန်းရုတ်တရက်မြင့်တက်သွားပြီး အရောင်းမရှိတော့သည်အထိဖြစ်သွားကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။

“အရင်ရက်တွေကတည်းက တအိအိတက်နေတဲ့ မြေစျေးက ရုတ်တရတ်ခုန်တက်သွားတယ်။ သိန်း ၁,၅၀၀တန်က သိန်း ၂, ၀၀၀ပေးတာတောင်မရောင်းတော့ဘူး။ တချို့ စရံစာချုပ်တောင် ဖျက်တဲ့အထိဖြစ်ကြတယ်။ မန္တလေးအိမ်ခြံမြေစျေးကွက်က အခုဆိုရင် ၀ယ်လက်ပဲရှိပြီး အရောင်းမရှိတဲ့အခြေအနေဖြစ်သွားတယ်” ဟု မန္တလေးမြို့သစ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး ထုတ်ဝေမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က ယမန်နေ့ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကြေညာချက်ထွက်လာပြီး နာရီပိုင်းအတွင်း နိုင်ငံခြားငွေလဲနှုန်းများမြင့်တက်သွားရာမှ အရောင်းပိတ်လိုက်ရသည်အထိဖြစ်ခဲ့သည်။ ကားစျေးကွက်နှင့် ရွှေဆိုင်လုပ်ငန်းများလည်း အရောင်းအ၀ယ်ပိတ်ထားလိုက်ရသည့်အခြေအနေဖြစ်နေကြောင်းသိရသည်။

“ဘယ်သူကမှအရောင်းအ၀ယ်မလုပ်ကြတော့ဘူး။ အခြေအနေစောင့်ကြည့်နေကြတယ်။ ရွှေစျေး၊ဒေါ်လာစျေး၊ အိမ်ခြံမြေစျေး စောင့်ကြည့်ပြီးမှ စျေးဖွင့်မယ်ဆိုပြီး တင်းခံနေကြတယ်။ မနေ့က ၂၀,၀၀၀တန်သတင်းကြေညာပြီးကတည်းက ဒီနေ့နေ့လယ်အထိ ကားလောကဂယက်ထနေတုန်းပဲ"ဟု ကားအရောင်းစင်တာပိုင်ရှင်တစ်ဦးက ယနေ့ပြောသည်။

၎င်းက ဆက်လက်၍ " သိန်း ၇၀၀ တန်ကားတစ်စီးကို၊ သိန်း၁၅၀စျေးတင်ပြီးရောင်းတာ ချက်ချင်း၀ယ်သွားလို့ နောက်လူတွေမရောင်းရဲကြတော့ဘူး။ တချို့လည်း ပြီးခဲ့တဲ့နှစ်ရက်လောက်က စျေးဆိုင်ထားကြတာတွေ အကုန်ပျက်ရောပဲ” ဟု ဆိုသည်။
အလားတူ ရွှေဆိုင်လုပ်ငန်းများလည်း အရောင်းပိတ်ထားပြီး ယနေ့ ဇူလိုင်လ ၂၄ရက်နေ့လည်အထိ အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၅ သိန်းကျော်ဖြင့်လိုက်၀ယ်သော်လည်း ရောင်းသူမရှိသည့်အခြေအနေဖြစ်နေကြောင်းလည်းသိရသည်။

ကျပ်၂၀,၀၀၀တန်ငွေစက္ကူများအား အရေအတွက်အကန့်အသတ်ဖြင့်သာထုတ်ဝေသွားမည်ဖြစ်ကြောင်းစစ်ကောင်စီ၏ဗဟိုဘဏ်ကကြေညာထားသည်။စစ်တပ်က နိုင်ငံတော် အာဏာသိမ်းပြီးနောက်၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျပ်၂၀,၀၀၀တန်နှင့် ကျပ် ၅၀,၀၀၀ တန်ငွေစက္ကူများရိုက်နှိပ်ထုတ်ဝေလိမ့်မည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသည်။ ယင်းသို့ထွက်ပေါ်ခဲ့သည့် သတင်းများသည် ကောလာဟလသာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပြီး ယခုအခါ ကျပ်၂၀,၀၀၀ ငွေစက္ကူကို ထုတ်ဝေရန်ကြေညာခြင်းဖြစ်သည်။ စစ်ကောင်စီ၏ အဆိုပါ ကြေညာချက်နှင့် ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမည့်အစီအစဥ်သည် ကုန်ဈေးနှုန်းများမြင့်တက်စေခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ကမောက်ကမဖြစ်စေသည်ဟုဆိုကာ ပြည်သူလူထုက အပြင်းအထန်ဝေဖန်နေသည်။

စာတည်း - မောင်ကြီး

#mizzima
#ကျပ်၂၀,၀၀၀တန်ငွေစက္ကူ
#မန္တလေးအိမ်၊ခြံ၊မြေစျေးနှုန်း
#ရုတ်တရက်မြင့်တက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2
​​ရန်ကုန်တွင် ဧည့်စာရင်း စစ်ဆေးချိန် လူငယ် ၅ ဦး လက်ပြန်ကြိုးတုပ် ဖမ်းဆီးခံရ
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့ရာ အဆောင်နေလူငယ်ငါးဦး လက်ပြန်ကြိုး တုပ်ဖမ်းဆီးခံခဲ့ရကြောင်း ရပ်ကွက်နေသူများက ပြောသည်။

“စိုပြေ စားသောက်ဆိုင်အပေါ်ထပ်က ယောက်ျားလေးအဆောင်က အရပ်သားလူငယ်တွေကို စစ်တပ်က လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးသွားတယ်။ ဒီလူငယ်တွေက ဧည့်စာရင်းတိုင်ထားသူတွေ ဖြစ်ပါတယ်" ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက မဇ္ဈိမကို ပြောသည်။

စမ်းချောင်းမြို့နယ်အတွင်း ဧည့်စာရင်းစစ်ဆေးမှုကို ယမန်နေ့ ည ၁၀ နာရီမှ စတင်ကာ နံနက် ၂ နာရီအထိ ပြုလုပ်ခဲ့ပြီး စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရပ်ကွက်ရှိ ရှမ်းကုန်းလမ်းအား စစ်ကားလေးစီး၊ ရဲကားသုံးစီး ဖြင့် ဝင်ရောက်ကာ လမ်းပိတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကျောင်းလမ်း၊ မြဝတီလမ်း၊ သီရိမင်္ဂလာလမ်း အစရှိသည့်လမ်းများမှ ဆိုင်ခန်းများကိုလည်း ဝင်ရောက်ကာ ဧည့်စာရင်းစာရွက်များတောင်းကြည့်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေသူ များက ပြောသည်။

ယမန်နေ့ညက ဖမ်းဆီးခံရသော အ‌ဆောင်နေအရပ်သားလူငယ်ငါးဦးကို စစ်ကောင်စီတပ်က မည်သည့် နေရာသို့ ဖမ်းဆီးခေါ်ဆောင်ပြီး ထိန်းသိမ်းထားသည်ကို မသိရပေ။ ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဧည့်စာရင်းစစ်ဆေးမှုတွင် စိုပြေ စားသောက်ဆိုင်၊ အလင်္ကာ ကော်ဖီဆိုင်၊ Nice Bar ၊ လိုတရ စတိုးတို့ကို အဓိကထားစစ်ဆေးကြောင်း စမ်းချောင်းမြို့တွင် နေထိုင်သူများက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ကလည်း တောင်ဒဂုံ (၁၀၇) ရပ်ကွက်၊ စမ်းချောင်းမြို့နယ် ဂန္ဓမာလမ်း ၊ ဗိုလ်တထောင် (၃) ရပ်ကွက်နှင့် ပုဇွန်တောင် မြို့နယ် (၈) ရပ်ကွက်တို့တွင် ဧည့်စာရင်းဝင်စစ်မှုများ ရှိခဲ့သည်။

အလားတူ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း လှိုင်မြို့နယ် (၉) ရပ်ကွက် သုခမှတ်တိုင်အနီး၊ စမ်းချောင်းမြို့ နယ်၊ မင်းလမ်း၊ ဦးဖီးလမ်းဆုံအနီးနှင့် လှိုင်မြို့နယ် (၂) ရပ်ကွက် ရတနာမွန်လမ်းတို့တွင် ဧည့်စာရင်း စစ်ဆေးမှုများရှိခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
ဓာတ်ပုံ - လူငယ်အချို့အား စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားပုံ (ပုံဟောင်း)

#Mizzima
#လူငယ်၅ဦးအဖမ်းခံ
#ဧည့်စာရင်း
#ရန်ကုန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13👍2🔥1😁1
​​အုတ်ဖိုမြို့မှ စစ်ကောင်စီတပ်နှင့်ပူးပေါင်းသူ Melody KTV ပစ်ခတ်တိုက်ခိုက်ခံရ
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ အုတ်ဖိုမြို့ ၊ ရန်ကုန်−ပြည် ကားလမ်းဘေးရှိ Melody KTV ကို ယမန်နေ့ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

“ဆိုင်ရှင်က စစ်ကောင်စီတပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့သူဖြစ်တဲ့အပြင် ညီဖြစ်တဲ့ ဆိုင်မန်နေဂျာဆီမှာ ပစ္စတိုတစ်လက်ရှိတယ်လို့ သိထားပါတယ်။ ပြည်သူတွေတိုင်ကြားချက်အရ တိုက်ခိုက်တာပါဟု” ၎င်းက ပြောသည်။

KTV တွင် အခန်းဆယ်ခန်းရှိပြီး ငါးခန်းကို KTV အဖြစ်ထားရှိကာ ကျန်ငါးခန်းကို လောင်းကစား ခန်းများအဖြစ် ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟုလည်း ၎င်းကဆက်ပြောသည်။

“နေ့စဉ်လောင်းကစားဝိုင်းတွေလုပ်နေတာ။ စစ်ကောင်စီတပ်သားနဲ့ ရဲတွေ အဝင်အထွက်ရှိနေတာ၊ ဂျင် ဝိုင်းမှာ စရဖ(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)တွေကပါ အဲ့ဒီထဲက လောင်းကစားဝိုင်းတွေမှာ ရှယ်ယာ ပါနေတဲ့ အကြောင်း သိရတယ်”ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပစ်ခတ်တိုက်ခိုက်ရာတွင် ဆိုင်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည့်အတွက် စိတ်မကောင်းဖြစ် ရကြောင်းနှင့် အထူးအလေးအနက် တောင်းပန်‌ပါကြောင်း တိုက်ခိုက်ရာတွင်ပါဝင်သည့် အဖွဲ့တာဝန် ရှိသူက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသွားသည့် ဆိုင်ဝန်ထမ်းမှာ လက်ပံတန်းမြို့မှ ကိုမင်းဇော်ဆိုသူဖြစ်ပြီး ပစ်ခတ်မှုကြောင့် ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် ဗုံးမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကာ ဒေသခံလူမှုကူညီရေးအသင်းများက အုတ်ဖိုဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ယမန်နေ့ ညနေပိုင်းတွင်မူ ဒဏ်ရာအခြေအနေများအရ ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းလဲပို့ဆောင်ထားရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း
#အုတ်ဖိုမြို့နယ်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25🥴1
Media is too big
VIEW IN TELEGRAM
အမျိုးသမီးနှစ်ဦးကို လူအုပ်က ဝတ်လစ်စလစ်ချွတ်ခိုင်းပြီး နှောက်ယှက်ခဲ့တဲ့ဗီဒီယိုက အိန္ဒိယအတွက် အရှက်ရစရာဖြစ်ကြောင်း မိုဒီပြော

#internationalnews #reels #shorts #Mizzima
😁5👍4🔥1
​​ဆားလင်းကြီးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရ
==================

လွှမ်းမိုး
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တောင်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်မှ ဇူလိုင် ၂၃ ရက်မှ စတင်ကာ အင်အား ၁၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးနေ၍ ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

“ စစ်ရှောင်နေရတာ ဒီနေ့ရောဆို နှစ်ရက်ရှိပါပြီ။ မိုးကလည်း အဆက်မပြတ်ရွာနေတာ ၏ဆိုတော့ နေဖို့ ထိုင်ဖို့ကို အဆင်မပြေဖြစ်နေတာပါ။ မိုးကာပါတဲ့သူကတော့ တောထဲမှာ မိုးကာတဲလေးတွေ ဆောက်ပြီး နေကြရတယ် ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံစစ်ရှောင်တဦးက ဆိုသည်။

စစ်ရှောင်များအနက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများပါရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု များလည်းလိုအပ်နေကြောင်း စစ်ရှောင်တဦးကဆိုသည်။

“ စစ်ရှောင်တွေထဲမှာ ကလေးငယ်တွေအများစုကတော့ ရာသီပေါ်တုပ်ကွေးအဖြစ်များနေတယ်။

တောထဲ မှာစစ်ရှောင်ရတာဆိုတော့ ပါရာစီတာမောတောင် အလုံအလောက်မရှိဘူးဖြစ်နေတာ။

တချို့ကလေး တွေဆို အစားအသောက်မမှန်တော့ အသားတွေဝါလာတာတွေ အထိရှိတယ်” ဟု ၎င်းကပြောသည်။

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေခြင်းကြောင့် ဆားခါး၊ ခွင်သာ၊ သံလျှက် ကိုင်း၊ နောကူးတို့ ၊အောင်ချမ်းသာ၊ ကံတော်သာ၊ တောင်ကြား၊ သူဌေးကုန်း၊ လင်းစားကျက်၊ ရင်ပေါင်တိုင်၊ ဘုတ်စုစသည့်ကျေးရွာများမှ ဒေသခံများစစ်ရှောင်နေရခြင်းဖြစ်သည်။

ထို့ပြင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံများမှာ တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေ သူများဖြစ်ပြီး စိုက်ချိန်၊ ပျိုးချိန်တွင် စစ်ရှောင်နေရ၍ အခက်အခဲများစွာကြုံနေရခြင်းဟုလည်းသိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ဆားလင်းကြီး
#စစ်ရှောင်
#စစ်ကိုင်းတိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬4😢3🔥2😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ ဇူလိုင် ၂၀၂၃) 
======================

စစ်ကောင်စီမှ ငွေစက္ကူအသစ်ထုတ်လုပ်မှု သတင်းကြောင့် မြန်မာငွေတန်ဖိုးကျဆင်းနေသလို ဘဏ်များမှလည်း ပြည်သူတချို့က ငွေထုတ်ယူကာ အိမ်ခြံမြေ ကားရောင်းဝယ်ရေး လုပ်ငန်း များတွင် မြှုပ်နှံမှုများ ပြုလုပ်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁1
"သက်ဆုံးထိတိုင်" (Trailer)
============

ဘာလိုလို့လဲ ဇာတ်လမ်းတွဲက
နောက်ထပ် ဇာတ်လမ်းတိုတပုဒ်ပါ။
ကျန်းမာရေး ဗဟုသုတ မလိုက်စား၊ အပျော်အပါးကိုသာ လိုက်စားမိတဲ့ သူတစ်ဦး။

အသက်ဆုံးတဲ့ အထိ ပေးဆပ်လိုက်ရတဲ့ ဇာတ်လမ်းလေးပါ။
သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။
အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

အောက်ပါလင့်တွေမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/9Y7zrXQij3Y

#barloelohlae
#ဘာလိုလို့လဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9
Media is too big
VIEW IN TELEGRAM
ဆိုးရွားတဲ့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဗီဒီယိုကြောင့် အိန္ဒိယအမျိုးသမီး တက်ကြွလှုပ်ရှားသူတွေက လက်တုံ့ပြန်

#internationalnews #reels #shorts #Mizzima
👍9🔥1
Media is too big
VIEW IN TELEGRAM
ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူ အိန္ဒိယက ပြည်ပတင်ပို့မှုအချို့ကို ပိတ်ပင်ထား

#internationalnews #reels #shorts #Mizzima
👍7❤1🔥1
Media is too big
VIEW IN TELEGRAM
အမေရိကန်နဲ့ဩစတြေးလျတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း တာဝေးပစ်ဒုံးကျည်များ ဦးစားပေးပစ်ခတ်လေ့ကျင့်ခဲ့

#internationalnews #reels #shorts #Mizzima
👍23🔥2🥰1
​​25.7.2023 (Tuesday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================

✅Highlight ✅

👉Korea Movie - Goem Gaek (မနက်- ၁၀ နာရီ) 

👉 ပန်ချရက် ( ညနေ- ၆ နာရီ) 

👉 ကြယ်ပွင့်လေးရဲ့ သက်သေ (ညနေ - ၇ နာရီ) 

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ 

#mizzimatv #dailyschedule
👍7❤1😁1
ဇူလိုင်လ (၂၅) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=========================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံ ၁၉၃နိုင်ငံအနက် ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယမြောက်နေရာမှာရှိနေတယ်လို့ ဆွစ်ဇာလန်အခြေစိုက် Global Initiative အဖွဲ့က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဇူလိုင်လနောက်ဆုံးပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး မုတ်သုံလေအားကောင်းလာနိုင်တာကြောင့် မွန်ပြည်နယ်အပါအဝင် မြန်မာ့ကမ်းရိုး တန်းဒေသများနှင့် ကုန်းတွင်းဒေသများ၌ မိုးပိုမိုရွာသွန်းကာ နေရာကွက်၍မိုးကြီးနိုင်တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို အပတ်စဉ် ကဏ္ဍတွေအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။ 

https://youtu.be/CMGddCB1eiw

#morningradio 
#mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏1😁1
Media is too big
VIEW IN TELEGRAM
ပဲတီစိမ်းရဲ့အကျိုးကျေးဇူးများ | Nature Article

Watch more detail - https://www.youtube.com/watch?v=AkYrqOHi878

#naturearticle #reels #shorts #ပဲတီစိမ်း #Mizzima
👍9🌭1
​​PK 
========

တခြားဂြိုလ်က ကမ္ဘာပေါ်ကိုသုတေသနလုပ်ဖို့ India နိုင်ငံ Rajasthan သဲကန္တာရတစ်နေရာကို ပန်းကန်ပြားပျံသဏ္ဍာန်ယာဉ်တစ်စင်း ချဉ်းကပ်လာတယ်

အဆိုပါယာဉ်ထဲက အာကသယာဉ်မှူးတစ်ယောက်ဟာ ကိုယ်လုံးတီး နားရွက်ကားကား မျက်လုံးပြူးပြူး လူသားသဏ္ဍာန်နဲ့ဆင်းလာတယ်

သူ့လည်ပင်းမှာ အလင်းရောင်တွေဖြာထွက်နေတဲ့အဝိုင်းပြားပုံစံ ဆွဲကြိုးဆွဲထားတယ်..
ဆွဲကြိုးက သူ့ယာဉ်ပျံနဲ့ပြန်လည်ဆက်သွယ်ရာမှာ အသုံးပြုတဲ့ remote control တစ်ခု

ကမ္ဘာပေါ်ရောက်ရောက်ချင်း အိန္ဒိယနိုင်ငံသားယောင်္ကျားကြီးတစ်ဦး အရောင်တွေစုံလင်စွာဝတ်ထားတာကို သဘောကျလို့ ဂြိုလ်သားက ပြူးကြည့်နေတုန်း 

အလင်းရောင်တွေဖြာထွက်နေတဲ့ဆွဲကြိုးကို ယောင်္ကျားကြီးက အဖိုးတန်တဲ့ရတနာထင်ပြီး ဖြုတ်လုပြီး ခုတ်မောင်းနေတဲ့ရထားပေါ်ပြေးတတ်တော့ 

ဂြိုလ်သားလည်း ဆွဲကြိုးပြန်ရဖို့ပြေးလိုက်ပေမဲ့ ယောင်္ကျားကြီးဆီက ရေဒီယိုတစ်လုံးဘဲပြန်ရခဲ့တယ်

သဲကန္တာရထဲ ရေဒီယိုတစ်လုံးပိုက် အိမ်ပြန်ဖို့ remote ကလည်း အခိုးခံရလိုက်ရတဲ့ ဂြိုလ်သားလေးတစ်ယောက် သူ့remote လေးကို ရှာပုံတော်ဖွင့်ပါတော့တယ် သူ့ကိုလူသားတွေကနာမည်ပေးထားတယ် PK တဲ့

လူသားတွေရဲ့အလေ့အထတွေနဲ့ ဘာသာစကားကို သူဘယ်လိုသင်ယူမလဲ…?

PK ဟာ Remote ကိုအခိုးခံလိုက်ရတဲ့ မန်ဒါဝါကနေ ဒေလီကိုရောက်လာခဲ့ပြီး ရဲဆီမှာအမှုဖွင့်ပေမဲ့ 

လူဦးရေ ၁၅ သန်းနေတဲ့မြို့မှာ ရဲတွေမရှာနိုင်ဘူး သိချင်ရင် ဘုရားမှာဆုတောင်းလို့ ရဲတစ်ဦးပြောတာကြားရင်း PK တစ်ယောက် ဘုရားမျိုးစုံဆီ လှည့်ဆုတောင်းပါတော့တယ်

ဂြိုလ်သားလေး PK တစ်ယောက် ဘုရားဆီမှာဆုတောင်းရင်း သူ့ remote ကို ရှာတွေ့နိုင်ပါ့မလား….?

ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှု့ကြပါဦးနော်….

တခြားဂြိုလ်သားတစ်ယောက်အနေနဲ့ လူသားတွေကိုးကွယ်နေတဲ့ ဘာသာရေးကို မေးခွန်းထုတ်ထားတာတွေဟာ တကယ်ထိမိလွန်းပါတယ် 

နေ့စဉ်ဘဝမှာအမြဲကြုံတွေ့နေရတဲ့ လောဘ ဒေါသ မောဟတွေနဲ့ ဘာသာရေးကို ခုတုံးလုပ်မှုတွေ လွဲမှားစွာကိုးကွယ်ယုံကြည်နေတဲ့ အစွန်းရောက်လွန်းတဲ့ အယူအဆတွေကို လှပစွာမီးမောင်းထိုးပြနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး

New
ပြသမည့်ရက် ။ ။ 25.7.2023 
ပြသမည့်အချိန်။ ။ ည (၉:၀၀) နာရီ

#Replay
ပြန်လည်ပြသမည့်ရက် ။ 26.7.2023
ပြန်လည်ပြသမည့်အချိန်။ ။ နံနက် (၁၁:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။ #bollywood #indiamovie
👍14🔥2
ပဲတီစိမ်းရဲ့အကျိုးကျေးဇူးများ
 --------------------------------- 

-ပဲတီစိမ်းက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ? 

-ပဲတီစိမ်းမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ပဲတီစိမ်းမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ? 

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/AkYrqOHi878

#naturearticle
#videonews
#ပဲတီစိမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🌭2👍1🤣1
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင် ၂၄ နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု
အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
👍9😁2
ရေခဲရောင်းကောင်းနေတဲ့ ယီမင်နိုင်ငံ | VOA On Mizzima
====================

ပုံမှန်ဆိုရင် သိပ်ပူလေ့မရှိတဲ့ ယီမင်နိုင်ငံ မြို့တော် Sanaa မှာ မိုးရာသီတွင်း မိုးခေါင်ပြီး အပူချိန်ပြင်းထန်နေတာကြောင့် လေအေးပေးစက်တွေနဲ့ ပန်ကာတွေသာမက ရေခဲထွက်ကုန်တွေလည်း ရောင်းအားကောင်းနေပါတယ်။ ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/rvh9k3VJrs8

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍4🔥2😁1