Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ပဲတီစိမ်းရဲ့အကျိုးကျေးဇူးများ | Nature Article

Watch more detail - https://www.youtube.com/watch?v=AkYrqOHi878

#naturearticle #reels #shorts #ပဲတီစိမ်း #Mizzima
👍9🌭1
​​PK 
========

တခြားဂြိုလ်က ကမ္ဘာပေါ်ကိုသုတေသနလုပ်ဖို့ India နိုင်ငံ Rajasthan သဲကန္တာရတစ်နေရာကို ပန်းကန်ပြားပျံသဏ္ဍာန်ယာဉ်တစ်စင်း ချဉ်းကပ်လာတယ်

အဆိုပါယာဉ်ထဲက အာကသယာဉ်မှူးတစ်ယောက်ဟာ ကိုယ်လုံးတီး နားရွက်ကားကား မျက်လုံးပြူးပြူး လူသားသဏ္ဍာန်နဲ့ဆင်းလာတယ်

သူ့လည်ပင်းမှာ အလင်းရောင်တွေဖြာထွက်နေတဲ့အဝိုင်းပြားပုံစံ ဆွဲကြိုးဆွဲထားတယ်..
ဆွဲကြိုးက သူ့ယာဉ်ပျံနဲ့ပြန်လည်ဆက်သွယ်ရာမှာ အသုံးပြုတဲ့ remote control တစ်ခု

ကမ္ဘာပေါ်ရောက်ရောက်ချင်း အိန္ဒိယနိုင်ငံသားယောင်္ကျားကြီးတစ်ဦး အရောင်တွေစုံလင်စွာဝတ်ထားတာကို သဘောကျလို့ ဂြိုလ်သားက ပြူးကြည့်နေတုန်း 

အလင်းရောင်တွေဖြာထွက်နေတဲ့ဆွဲကြိုးကို ယောင်္ကျားကြီးက အဖိုးတန်တဲ့ရတနာထင်ပြီး ဖြုတ်လုပြီး ခုတ်မောင်းနေတဲ့ရထားပေါ်ပြေးတတ်တော့ 

ဂြိုလ်သားလည်း ဆွဲကြိုးပြန်ရဖို့ပြေးလိုက်ပေမဲ့ ယောင်္ကျားကြီးဆီက ရေဒီယိုတစ်လုံးဘဲပြန်ရခဲ့တယ်

သဲကန္တာရထဲ ရေဒီယိုတစ်လုံးပိုက် အိမ်ပြန်ဖို့ remote ကလည်း အခိုးခံရလိုက်ရတဲ့ ဂြိုလ်သားလေးတစ်ယောက် သူ့remote လေးကို ရှာပုံတော်ဖွင့်ပါတော့တယ် သူ့ကိုလူသားတွေကနာမည်ပေးထားတယ် PK တဲ့

လူသားတွေရဲ့အလေ့အထတွေနဲ့ ဘာသာစကားကို သူဘယ်လိုသင်ယူမလဲ…?

PK ဟာ Remote ကိုအခိုးခံလိုက်ရတဲ့ မန်ဒါဝါကနေ ဒေလီကိုရောက်လာခဲ့ပြီး ရဲဆီမှာအမှုဖွင့်ပေမဲ့ 

လူဦးရေ ၁၅ သန်းနေတဲ့မြို့မှာ ရဲတွေမရှာနိုင်ဘူး သိချင်ရင် ဘုရားမှာဆုတောင်းလို့ ရဲတစ်ဦးပြောတာကြားရင်း PK တစ်ယောက် ဘုရားမျိုးစုံဆီ လှည့်ဆုတောင်းပါတော့တယ်

ဂြိုလ်သားလေး PK တစ်ယောက် ဘုရားဆီမှာဆုတောင်းရင်း သူ့ remote ကို ရှာတွေ့နိုင်ပါ့မလား….?

ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှု့ကြပါဦးနော်….

တခြားဂြိုလ်သားတစ်ယောက်အနေနဲ့ လူသားတွေကိုးကွယ်နေတဲ့ ဘာသာရေးကို မေးခွန်းထုတ်ထားတာတွေဟာ တကယ်ထိမိလွန်းပါတယ် 

နေ့စဉ်ဘဝမှာအမြဲကြုံတွေ့နေရတဲ့ လောဘ ဒေါသ မောဟတွေနဲ့ ဘာသာရေးကို ခုတုံးလုပ်မှုတွေ လွဲမှားစွာကိုးကွယ်ယုံကြည်နေတဲ့ အစွန်းရောက်လွန်းတဲ့ အယူအဆတွေကို လှပစွာမီးမောင်းထိုးပြနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး

New
ပြသမည့်ရက် ။ ။ 25.7.2023 
ပြသမည့်အချိန်။ ။ ည (၉:၀၀) နာရီ

#Replay
ပြန်လည်ပြသမည့်ရက် ။ 26.7.2023
ပြန်လည်ပြသမည့်အချိန်။ ။ နံနက် (၁၁:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။ #bollywood #indiamovie
👍14🔥2
ပဲတီစိမ်းရဲ့အကျိုးကျေးဇူးများ
 --------------------------------- 

-ပဲတီစိမ်းက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ? 

-ပဲတီစိမ်းမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ပဲတီစိမ်းမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ? 

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/AkYrqOHi878

#naturearticle
#videonews
#ပဲတီစိမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🌭2👍1🤣1
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင် ၂၄ နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု
အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
👍9😁2
ရေခဲရောင်းကောင်းနေတဲ့ ယီမင်နိုင်ငံ | VOA On Mizzima
====================

ပုံမှန်ဆိုရင် သိပ်ပူလေ့မရှိတဲ့ ယီမင်နိုင်ငံ မြို့တော် Sanaa မှာ မိုးရာသီတွင်း မိုးခေါင်ပြီး အပူချိန်ပြင်းထန်နေတာကြောင့် လေအေးပေးစက်တွေနဲ့ ပန်ကာတွေသာမက ရေခဲထွက်ကုန်တွေလည်း ရောင်းအားကောင်းနေပါတယ်။ ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/rvh9k3VJrs8

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍4🔥2😁1
မြန်မာ့ပဋိပက္ခအရေးမှာ အရေးကြီးတဲ့ စင်ကာပူရဲ့ အခန်းကဏ္ဍ
====================

အကြမ်းဖက် စစ်ကောင်စီက မတရား အာဏာသိမ်းပြီး မြန်မာပြည်သူတွေကို သတ်ဖြတ်ညှဉ်းဆဲနေတဲ့ အပေါ်မှာ စင်ကာပူနိုင်ငံဟာ အစောပိုင်းကာလက မြန်မာ့အရေးဟာ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် အခုနောက်ပိုင်း ၂၀၂၃ ထဲမှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြည်သူတွေဘက်က တက်တက်ကြွကြွ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
စင်ကာပူနိုင်ငံဟာ ထိုင်းနိုင်ငံက ကမကထပြုလုပ်ပြီး မြန်မာစစ်ကောင်စီဘက်က စစ်ဗိုလ်ချုပ်တွေကို ဖိတ်ကြားခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို မတက်ရောက်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

https://youtu.be/Kt3nJL3i0-s

#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7🔥3
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင် ၂၄ နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု တော်လှန်ရေး လှုပ်ရှားမှုသတင်းများ

#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
👍8🔥1😁1
အပူလှိုင်းဒဏ် ပိုဆိုးလာမယ်လို့ ကုလသတိပေး | VOA On Mizzima
=======================

ကမ္ဘာတဝန်းအပူချိန်တွေ စံချိန်တင် မြင့်တက်လာနေချိန်မှာပဲ မကြာခင် အယ်နီညို
အပူလှိုင်းဝင်လာတဲ့အခါ ပိုမိုပြင်းထန်တဲ့အပူချိန်မြင့်တက်မှုနဲ့ ကြုံရမှာ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့ ကမ္ဘာ့နိုင်ငံတွေကို ကုလသမဂ္ဂက သတိပေးပါတယ်။ နန်းလောဝ် တင်ဆက်ထားပါတယ်။

https://youtu.be/HHc4vLZqY_E

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤1🔥1😁1
​​"The Swordsman"
===============

၁၇ ရာစု ဂျိုဆွန်းပြည်ရဲ့ နန်းလုပွဲမှာ နန်းကျဘုရင်ကို ကာကွယ်ရင်းနဲ့ ဘုရင့်ရင်သွေးလေးကို ခေါ်ယူတိမ်း‌ရှောင်သွားခဲ့တဲ့ နန်းတွင်းကိုယ်ရံတော် "ဆာဘို"... တိုက်ပွဲတွင်းမှာ သူ့မျက်လုံးကို ဓားချက်ထိခဲ့ပေမဲ့၊ ဘုရင့်ရင်သွေးကို သူ ကယ်ဆယ်နိုင်ခဲ့တယ်။

လူသူကင်းဝေးတဲ့ အရပ်မှာ သူတို့ ရှင်သန်ခဲ့ကြပေမဲ့၊ ဖခင်ရဲ့ ကွယ်လုနီးနီး မျက်လုံးတွေကို ဆေးကုပေးချင်တဲ့ "ထယ်အို"ရဲ့ ဆန္ဒကြောင့် သူတို့ လူကြားထဲကို ပြန်ရောက်လာခဲ့တယ်။

ထယ်အိုလေးကို ဟွမ်ဘမ်းဆိုတဲ့ လူကုန်ကူးဂိုဏ်းက ဖမ်းခေါ်သွားချိန်မှာတော့ ဆာဘို ဓားပြန်ကိုင်ဖို ဖြစ်လာခဲ့ပါပြီ။

၁၇ ရာစု ဂျိုဆွန်းပြည်ရဲ့ နိုင်ငံရေး အရှုပ်တော်ပုံတွေကို အခြေခံ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့ မင်းသားချော Jang Hyuk ကို မျက်မမြင် ဓားသမားအဖြစ် အသွင်တစ်မျိုးနဲ့ ရှုစားရမှာမို ချစ်ပရိသတ်ကြီးက ကြည့်ရှုအားပေးကြပါဦးနော်။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ…

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၂၅.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍6😁2
ကင်ဆာရောဂါကုပေးမယ့် SymphNode စက်လေး | VOA On Mizzima
==============

Los Angeles မြို့ မှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ် UCLA က သိပ္ပံပညာရှင်တွေဟာ SymphNode လို့ခေါ်တဲ့ ကင်ဆာရောဂါကုရာမှာ သုံးတဲ့ ပစ္စည်းတမျိုးကိုတီထွင်လိုက်ပါပြီ။ ဒီပစ္စည်းက တနေ့မှာ ကင်ဆာဝေဒနာရှင်တွေအတွက် ကင်ဆာဆဲလ်တွေ မပွါးအောင်ဆေးသွင်းကုသတဲ့ ခီမိုသရပီ ဓာတ်ကင်တာ အစားထိုးသုံးဖို့ ဖြစ်လာနိုင်ပါတယ်။ VOA သတင်းထောက် Genia Dulot ပေးပို့တဲ့သတင်းကို ဒေါ်ခင်မျိုးသက်က တင်ဆက်ထားပါတယ်။

https://youtu.be/3FGg5XjiwgE

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2❤1🥰1
ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=================

https://youtu.be/HsPMiUel7fU

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥3
Media is too big
VIEW IN TELEGRAM
အထွေထွေရွေးကောက်ပွဲအပေါ် ကမ္ဘောဒီးယားလူမျိုးတွေရဲ့အမြင်

#internationalnews #reels #shorts #Mizzima
❤4
This media is not supported in your browser
VIEW IN TELEGRAM
တစ်လနီးပါးပျောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်ဘယ်မှာလဲ

#internationalnews #reels #shorts #Mizzima
👍2😁2
Media is too big
VIEW IN TELEGRAM
တရုတ်ရဲ့ဒုံးကျည်တိုက်ခိုက်လာမှုကို တုံ့ပြန်မယ့်ပုံစံအတိုင်း ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှုပြုလုပ်

#internationalnews #reels #shorts #Mizzima
👍6🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
တောင်ကိုရီးယားရဲ့ ကလေးမခေါ်ရဇုန်တွေကို ဆန့်ကျင်မှုအတွင်း ကလေးအမေလွှတ်တော်အမတ် ပါဝင်လာ

#internationalnews #reels #shorts #Mizzima
😁3👍1
​​ပရီးမီးယားလိဂ် အကြီးအကဲ ရစ်ချတ် မာစတာစ်က ဆော်ဒီအာရေးဗီးယားရဲ့ သြဇာလွှမ်းမိုးမှုအပေါ် 'အလွန်အမင်း စိုးရိမ်ပူပန်မှု မရှိ'
========================

ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချတ် မာစတာစ်က ဆော်ဒီအာရေးဗီးယားရဲ့ ဘောလုံးလောကမှာလွှမ်းမိုးမှု ကြီးထွားလာတာနဲ့ ပတ်သက်ပြီး သူဟာ “အခုချိန်မှာ အလွန်အမင်း စိုးရိမ်နေမှာမဟုတ်ဘူး”လို့ ပြောပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဇန်နဝါရီလက ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့ပြီး ဒီနွေရာသီမှာ နာမည်ကြီးကစားသမားများစွာက သူ့နောက်ကို လိုက်လာခဲ့ကြပါတယ်။

အယ်လ်-ဟီလာလ်ဟာ ပဲရစ်စိန့်ဂျာမိန်းနဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကိုင်လီယန် အမ်ဘာပေကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းဖြင့် ကမ်းလှမ်းမှုလည်း ပြုလုပ်လိုက်ပါတယ်။

"အသစ်တစ်ခုခု ဖြစ်နေပြီဆိုတာ သိသာထင်ရှားပါတယ်"လို့ မာစတာစ်က BBC Sport ရဲ့ အဲလက်စ် ဟိုဝဲလ်ကို ပြောကြားခဲ့ပါတယ်။
"ဆော်ဒီပရိုလိဂ်က သူတို့ဟာ ၂၀၃၀ မှာ ထိပ်တန်းလိဂ် ၁၀ ဖြစ်ချင်တယ်လို့ ပြောထားပါတယ်။

“သူတို့ဟာ လိဂ်နဲ့ ကလပ်တွေရဲ့ ပရိုဖိုင်ကိုမြှင့်တင်ဖို့ ကြိုးစားတဲ့အနေနဲ့ ကစားသမားတွေနဲ့ မန်နေဂျာတွေမှာ ရင်းနှီးမြုပ်နှံနေပါတယ်။
“ကျနော်တို့မှာ ရှိတဲ့ ပရိုဖိုင်၊ ပြိုင်ဆိုင်နိုင်စွမ်းနဲ့ ဝင်ငွေစီးကြောင်းတွေအရ ဒီနေရာကို ရောက်ဖို့ ကျနော်တို့ နှစ် ၃၀ လောက် အချိန်ယူခဲ့ရပါတယ်။

“လောလောဆယ်တော့ ကျနော် သိပ်စိတ်မပူပါဘူး၊ ဒါပေမယ့် ဆော်ဒီအာရေးဗီးယားကလပ်တွေက တခြားလိဂ်တွေလိုပဲ ကစားသမားတွေကို ဝယ်ယူပိုင်ခွင့် အများကြီးရှိပါတယ်။

“နောက်ဆုံးတော့ ပရီးမီးယားလိဂ်ဟာ ဝင်ငွေအရ တစ်နှစ်ကို ပေါင် ၆ ဘီလီယံ လည်ပတ်နေပြီး အဲဒီငွေတွေကို ကွင်းထဲကို ပြန်ပြီး မြှုပ်နှံအသုံးပြုထားပါတယ်။

"ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုတိုင်းက သူတို့ကို ပံ့ပိုးဖို့ ဝင်ငွေလမ်းကြောင်းတွေ ရှိရမယ်။"

ဘလွန်းဒီအော်ဆုရှင် ကာရင် ဘန်ဇီမာဟာ ရီးယဲလ်မက်ဒရစ်ကနေ ထွက်ခွာခဲ့ပြီး အယ်လ်-အီတီဟဒ်အသင်းနဲ့ ပူးပေါင်းခဲ့ပြီး ဒီအသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူဟောင်း အန်ဂိုလို ကန်တေနဲ့ ဆဲလ်တစ်မှ ပေါ်တူဂီတိုက်စစ်မှူး ဂျိုတာတို့ကိုလည်း ခေါ်ယူထားပါတယ်။
သူတို့ဟာ လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖာဘင်ဟိုအတွက် ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းမှုတစ်ရပ်ကိုလည်း ပြုလုပ်ထားပါတယ်။

လီဗာပူးလ်နဲ့ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဖာမီနိုကို အယ်လ်-အာလီကို ပြောင်းရွှေ့ခဲ့ပြီး သူတို့ဟာ ချယ်လ်ဆီးအသင်းမှ ဆီနီဂေါဂိုးသမား အက်ဒ်ဒွပ် မန်ဒီကိုလည်း ခေါ်ယူခဲ့ပြီး မန်ချက်စတာစီးတီးတောင်ပံကစားသမား ရီယာ့ဒ်မာရက်ဇ်အတွက် ပေါင်သန်း ၃၀ ဖြင့် သဘောတူညီမှု ရရှိပါတယ်။

ရိန်းဂျားနဲ့ အက်စတွန်ဗီလာနည်းပြဟောင်း စတီဗင်ဂျရတ်ကို မန်နေဂျာအဖြစ် တာဝန်ပေးခဲ့တဲ့ အယ်လ်-အီတီဖတ်အသင်းဟာ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို ပေါင် ၁၂ သန်းအပြင် add-ons ကြေးဖြင့် ခေါ်ယူဖြင့် သဘောတူညီမှုရရှိထားပြီဖြစ်ပါတယ်။
👍9🔥2😁2