This media is not supported in your browser
VIEW IN TELEGRAM
တောင်ကိုရီးယားရဲ့ ကလေးမခေါ်ရဇုန်တွေကို ဆန့်ကျင်မှုအတွင်း ကလေးအမေလွှတ်တော်အမတ် ပါဝင်လာ
#internationalnews #reels #shorts #Mizzima

😁3👍1
ပရီးမီးယားလိဂ် အကြီးအကဲ ရစ်ချတ် မာစတာစ်က ဆော်ဒီအာရေးဗီးယားရဲ့ သြဇာလွှမ်းမိုးမှုအပေါ် 'အလွန်အမင်း စိုးရိမ်ပူပန်မှု မရှိ'
========================
ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချတ် မာစတာစ်က ဆော်ဒီအာရေးဗီးယားရဲ့ ဘောလုံးလောကမှာလွှမ်းမိုးမှု ကြီးထွားလာတာနဲ့ ပတ်သက်ပြီး သူဟာ “အခုချိန်မှာ အလွန်အမင်း စိုးရိမ်နေမှာမဟုတ်ဘူး”လို့ ပြောပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဇန်နဝါရီလက ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့ပြီး ဒီနွေရာသီမှာ နာမည်ကြီးကစားသမားများစွာက သူ့နောက်ကို လိုက်လာခဲ့ကြပါတယ်။
အယ်လ်-ဟီလာလ်ဟာ ပဲရစ်စိန့်ဂျာမိန်းနဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကိုင်လီယန် အမ်ဘာပေကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းဖြင့် ကမ်းလှမ်းမှုလည်း ပြုလုပ်လိုက်ပါတယ်။
"အသစ်တစ်ခုခု ဖြစ်နေပြီဆိုတာ သိသာထင်ရှားပါတယ်"လို့ မာစတာစ်က BBC Sport ရဲ့ အဲလက်စ် ဟိုဝဲလ်ကို ပြောကြားခဲ့ပါတယ်။
"ဆော်ဒီပရိုလိဂ်က သူတို့ဟာ ၂၀၃၀ မှာ ထိပ်တန်းလိဂ် ၁၀ ဖြစ်ချင်တယ်လို့ ပြောထားပါတယ်။
“သူတို့ဟာ လိဂ်နဲ့ ကလပ်တွေရဲ့ ပရိုဖိုင်ကိုမြှင့်တင်ဖို့ ကြိုးစားတဲ့အနေနဲ့ ကစားသမားတွေနဲ့ မန်နေဂျာတွေမှာ ရင်းနှီးမြုပ်နှံနေပါတယ်။
“ကျနော်တို့မှာ ရှိတဲ့ ပရိုဖိုင်၊ ပြိုင်ဆိုင်နိုင်စွမ်းနဲ့ ဝင်ငွေစီးကြောင်းတွေအရ ဒီနေရာကို ရောက်ဖို့ ကျနော်တို့ နှစ် ၃၀ လောက် အချိန်ယူခဲ့ရပါတယ်။
“လောလောဆယ်တော့ ကျနော် သိပ်စိတ်မပူပါဘူး၊ ဒါပေမယ့် ဆော်ဒီအာရေးဗီးယားကလပ်တွေက တခြားလိဂ်တွေလိုပဲ ကစားသမားတွေကို ဝယ်ယူပိုင်ခွင့် အများကြီးရှိပါတယ်။
“နောက်ဆုံးတော့ ပရီးမီးယားလိဂ်ဟာ ဝင်ငွေအရ တစ်နှစ်ကို ပေါင် ၆ ဘီလီယံ လည်ပတ်နေပြီး အဲဒီငွေတွေကို ကွင်းထဲကို ပြန်ပြီး မြှုပ်နှံအသုံးပြုထားပါတယ်။
"ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုတိုင်းက သူတို့ကို ပံ့ပိုးဖို့ ဝင်ငွေလမ်းကြောင်းတွေ ရှိရမယ်။"
ဘလွန်းဒီအော်ဆုရှင် ကာရင် ဘန်ဇီမာဟာ ရီးယဲလ်မက်ဒရစ်ကနေ ထွက်ခွာခဲ့ပြီး အယ်လ်-အီတီဟဒ်အသင်းနဲ့ ပူးပေါင်းခဲ့ပြီး ဒီအသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူဟောင်း အန်ဂိုလို ကန်တေနဲ့ ဆဲလ်တစ်မှ ပေါ်တူဂီတိုက်စစ်မှူး ဂျိုတာတို့ကိုလည်း ခေါ်ယူထားပါတယ်။
သူတို့ဟာ လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖာဘင်ဟိုအတွက် ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းမှုတစ်ရပ်ကိုလည်း ပြုလုပ်ထားပါတယ်။
လီဗာပူးလ်နဲ့ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဖာမီနိုကို အယ်လ်-အာလီကို ပြောင်းရွှေ့ခဲ့ပြီး သူတို့ဟာ ချယ်လ်ဆီးအသင်းမှ ဆီနီဂေါဂိုးသမား အက်ဒ်ဒွပ် မန်ဒီကိုလည်း ခေါ်ယူခဲ့ပြီး မန်ချက်စတာစီးတီးတောင်ပံကစားသမား ရီယာ့ဒ်မာရက်ဇ်အတွက် ပေါင်သန်း ၃၀ ဖြင့် သဘောတူညီမှု ရရှိပါတယ်။
ရိန်းဂျားနဲ့ အက်စတွန်ဗီလာနည်းပြဟောင်း စတီဗင်ဂျရတ်ကို မန်နေဂျာအဖြစ် တာဝန်ပေးခဲ့တဲ့ အယ်လ်-အီတီဖတ်အသင်းဟာ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို ပေါင် ၁၂ သန်းအပြင် add-ons ကြေးဖြင့် ခေါ်ယူဖြင့် သဘောတူညီမှုရရှိထားပြီဖြစ်ပါတယ်။

👍9🔥2😁2
ဇူလိုင်လ (၂၅)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
==================
− မြန်မာကုလသံအမတ်ကြီးကို လုပ်ကြံဖို့အတွက်ကြိုးပမ်းသူ အပြစ်ရှိကြောင်း နယူးယောက် တရားရုံး အမိန့်ချတဲ့သတင်း
− စစ်ကိုင်းနဲ့ မကွေးက ရဲတပ်ဖွဲ့ဝင်တွေကို ဆုပေးပြီး တာဝန်ထမ်းချင်အောင် ဆွဲဆောင်နေတဲ့အကြောင်း
− ကျပ် ၂၀,၀၀၀တန် ငွေစက္ကူဂယက်ကြောင့် အရောင်းအ၀ယ်လုပ်ငန်းတွေ ရပ်တန့်နေတဲ့သတင်းနဲ့
− ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူ အိန္ဒိယက ပြည်ပတင်ပို့မှုအချို့ကို ပိတ်ပင်ထားတဲ့အကြောင်း အပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/lRGlPaQTRoU
#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ (၂၅)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:00 − မြန်မာကုလသံအမတ်ကြီးကို လုပ်ကြံဖို့အတွက်ကြိုးပမ်းသူ အပြစ်ရှိကြောင်း နယူးယောက် တရားရုံး အမိန့်ချတဲ့သတင်း
03:31− စစ်ကိုင်းနဲ့ မကွေးက ရဲတပ်ဖွဲ့ဝင်တွေကို ဆုပေးပြီး တာဝန်ထမ်းချင်အောင် ဆွဲဆောင်နေတဲ့အကြောင်း
06:41 − ကျပ် ၂၀,၀၀၀တန် ငွေစက္ကူဂယက်ကြောင့်…

👍6🍌2
မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း ၅ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ
======================
https://youtu.be/jGYl4fPufK8

ဂျူချန်း(မဇ္ဈိမ)။ ။ ရှမ်း-ကရင်နီပြည်နယ်အစပ် ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ငါးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂)၊ တပ်ရင်းအမှတ်(၁၀၀၆) ပြန်ကြားရေးတာဝန်ခံထံမှ…
👍12🔥1👏1
မဏိပူရ်သို့ ၂ ရက်အတွင်း မြန်မာနိုင်ငံသား ၇၀၀ ကျော် ဝင်ရောက်၍ မေးခွန်းများ မြင့်တက်
==================
“မြန်မာနိုင်ငံသား ၇၁၈ ဦးကို သင့်တော်တဲ့ ခရီးသွား အထောက်အထား မပါဘဲ အိန္ဒိယနိုင်ငံထဲ ဘာကြောင့်၊ ဘယ်လို ဝင်ရောက်ခွင့်ပေးရသလဲဆိုတာကို Assam Rifles အာဏာပိုင်တွေထံက အသေးစိတ် အစီရင်ခံစာကို တောင်းခံထားတယ်”ဟု ဒီ တရားမဝင် မြန်မာနိုင်ငံသား ၇၁၈ ဦးကို ချက်ချင်း ပြန်ပို့ဖို့ကိုလည်း တင်းတင်းကျပ်ကျပ် အကြံပေးတယ်”ဟု မဏိပူရ် အစိုးရက ဆိုထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
“မြန်မာနိုင်ငံသား ၇၁၈ ဦးကို သင့်တော်တဲ့ ခရီးသွား အထောက်အထား မပါဘဲ အိန္ဒိယနိုင်ငံထဲ ဘာကြောင့်၊ ဘယ်လို ဝင်ရောက်ခွင့်ပေးရသလဲဆိုတာကို Assam Rifles အာဏာပိုင်တွေထံက အသေးစိတ် အစီရင်ခံစာကို တောင်းခံထားတယ်”ဟု ဒီ တရားမဝင် မြန်မာနိုင်ငံသား ၇၁၈ ဦးကို ချက်ချင်း ပြန်ပို့ဖို့ကိုလည်း တင်းတင်းကျပ်ကျပ် အကြံပေးတယ်”ဟု မဏိပူရ် အစိုးရက ဆိုထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2❤1
ပဲခူးတိုင်းအစိုးရရုံးနှင့်ထွေအုပ်ရုံးကို ပစ်ခတ်တိုက်ခိုက်
================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးမြို့ရှိ တိုင်းအစိုးရရုံးနှင့် ထွေအုပ်ရုံးအား ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ည ၉ နာရီခန့်တွင် ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၊စစ်ရေးဌာနတာဝန်ခံက မဇ္ဈိမသို့ပြောသည်။
ပဲခူးတိုင်းအစိုးရရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
"ထွေအုပ်ရုံးဂိတ်ပေါက်နားမှာ ကျပြီးပေါက်ကွဲပါတယ်။ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို စုံစမ်းနေဆဲပါ" ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၊စစ်ရေးဌာနတာဝန်ခံကပြောသည်။
ဗုံးပစ်လောင်ချာ(၄၀ မမ)ဖြင့် နှစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။
"ညက ကိုးနာရီကျော်မှာ အသံကြားလိုက်တယ်။ ထွေအုပ်ရုံး အုတ်တံတိုင်းနားထိတယ်ပြောတယ်။ အခြားသေဆုံးတော့ အသံမကြားဘူးဗျ။ အဲ့ဒါဖြစ်လည်းပြီးရော သူတို့(စစ်ကောင်စီတပ်သား) ရောက်လာပြီး ကားတွေ၊ဆိုင်ကယ်တွေကို တားစစ်တာတွေဘာတွေလုပ်တယ်။ အဖမ်းခံလိုက်ရတာမျိုးတော့မကြားသေးဘူး” ဟု ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ပဲခူးတိုင်းစစ်ဒေသခွဲလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ဇူလိုင်လ ၂၃ရက်ညကလည်း ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၃၀)ကို ၁၀၇ မမ ရှော့တိုက်ဒုန်း နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရသေးပေ။ အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ၅ နှင့် Daik-U Defence Force (DDF) တို့ပူးပေါင်း၍ တိုက်ခိုက်ခြင်းဟု ပဲခူးတိုင်းစစ်ဒေသခွဲကဇူလိုင်လ ၂၄ ရက် နေ့လယ်တွင် သတင်းထုတ်ပြန်ထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။မောင်ကြီး
#ပဲခူးတိုင်းအစိုးရရုံး
#ထွေအုပ်ရုံး
#တိုက်ခိုက်မှု
ပုံစာ။ ။ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးရှိရာလမ်းပိုင်း။

👍15😁2❤1
စစ်တပ်အုပ်ချုပ်မှုအောက် အချိန်အခါ အခွင့်ကောင်းကို စောင့်နေသည့် မြန်မာလုပ်ငန်းစုကြီး Yoma
================
များမကြာမီက မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသည့် ၁၂ လ ကာလတွင် အစုရှယ်ယာရှင်သူများအတွက် အသားတင်အရှုံး ဒေါ်လာ ၄၁ ဒသမ ၄ သန်း ရှိခဲ့သည်ဟု Yoma Strategic က ထုတ်ဖော်သည်။ အဆိုပါ ဘဏ္ဍာရေးလိုငွေသည် ယခင် ၁၂ လကာလကထက် အကြမ်းဖျင်းအားဖြင့် သုံးဆတိုးခဲ့ခြင်း ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
များမကြာမီက မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသည့် ၁၂ လ ကာလတွင် အစုရှယ်ယာရှင်သူများအတွက် အသားတင်အရှုံး ဒေါ်လာ ၄၁ ဒသမ ၄ သန်း ရှိခဲ့သည်ဟု Yoma Strategic က ထုတ်ဖော်သည်။ အဆိုပါ ဘဏ္ဍာရေးလိုငွေသည် ယခင် ၁၂ လကာလကထက် အကြမ်းဖျင်းအားဖြင့် သုံးဆတိုးခဲ့ခြင်း ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
ရဲစခန်းအနီး ဆေးဆိုင် ဓားပြတိုက်ခံရ သိန်း ၈၀၀ ခန့် ပါသွားဟုဆို
===================
007
(မဇ္စျိမ) ။ ။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ ရဲစခန်းအနီး ဆေးဆိုင်တစ်ဆိုင် ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ည ၉ နာရီခန့်က ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၃၀၀ နှင့် ကျပ်သိန်း ၅၀၀ခန့် တန်ဖိုးရှိသော ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သတင်းရရှိသည်။
“ဆိုင်ပိတ်နေတုန်း လူငါးယောက် ရောက်လာပြီး စစ်ဆေးစရာရှိတယ် အကုန်ငြိမ်ငြိမ်နေဆိုပြီး ဓားပြတိုက်သွားတာ၊ ဆိုင်ထဲရှိသမျှလူတွေကို မှောက်ခိုင်းပြီး ရောင်းရငွေတွေနဲ့ ရွှေထည်တွေပါ ယူသွားတာလို့ ဆိုင်ရှင်ဘက်ကပြောတယ်၊ ဓားပြတိုက်ခံရတဲ့ဆေးဆိုင်က အမှတ်(၁)ရဲစခန်းနဲ့ သိပ်မဝေးဘူးဗျ” ဟု ဆိုင်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အောင်မြေသာစံမြို့နယ်၊ ၆၂ လမ်း ၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား ၊ အ်ိမ်အမှတ်(၂၁၂/A) ၊ အိမ်ရှင်ဦးဂျီ၀မ်းဆိုသူ၏ ဂျီ၀မ်းဆေးဆိုင်ကို ယမန်နေ့က အိမ်စီးကား(Honda Fit အဖြူရောင်)ဖြင့် ရောက်လာသော လူငါးဦးက ဝင်ရောက်ဓားပြတိုက် သွားခြင်းဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုက်အ၀န်းထံမှ သိရသည်။
မျက်နှာတွင် Mask တပ်ထားသူ ငါးဦးအနက် နှစ်ဦးသည် သေနတ်အရှည်တစ်လက် အတိုတစ်လက် အသီးသီးကိုင်ဆောင်ကာ ဆိုင်အတွင်း၀င်ရောက်လာကြောင်း၊ ၀န်ထမ်းလေးဦးအား သေနတ်ဖြင့် ချိန်ရွယ်ကာ မှောက်ခိုင်းကြောင်း၊ ထို့နောက် ဆိုင်အတွင်းရှိရောင်းရငွေ သိန်း ၃၀၀ ကျပ်နှင့် အလေးချိန်ငါးမူးသားရှိသော ရွှေဘယက် နှစ်ခု၊ အလေးချိန်ငါးမူးသားရှိသော ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေချိန် ၁၀ ကျပ်သားရှိသော ရွှေတုံးတစ်တုံး၊ နားကပ် ခြောက်ရံ စုစုပေါင်း သိန်း ၈၀၀ ခန့် ယူဆောင်သွားကြောင်း၊ ဓားပြများသည် ဆိုင်အတွင်းရှိ CCTV နှင့် ဆက်စပ်ပစ္စည်းများကိုလည်း ယူဆောင်ကာ ၆၂ လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းကိုကိုးကား၍ နီးစပ်သူတစ်ဦးက ပြောသည်။
ဓားပြတိုက်ခံရမှုနှင့်ပတ်သက်၍ အိမ်ရှင်ဖြစ်သူက နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ထားပြီး စစ်ကောင်စီ၏ သတင်းများကို ဝါဒဖြန့်ပေးနေသည့် မီဒီယာများတွင် PDF များက ပြုလုပ်ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြကြသည်။
“ဆိုင်ရဲ့တည်နေရာကိုပြောရရင် အနောက်ဘက်မှာ စစ်အုပ်စုအထိုင်ချထားတဲ့ တိုင်းအစိုးရရုံးရှိတယ်၊ တိုင်းအစိုးရရုံးနဲ့ မလှမ်းမကမ်းမှာ အမှတ် (၃)ရဲစခန်းရှိတယ်၊ ဆိုင်ရဲ့တောင်ဘက် ၂၆ လမ်းမီးပွိုင့်ရဲ့ အရှေ့ဘက်ကြည့်လိုက်ရင် အမှတ်(၁)ရဲစခန်းပဲ၊ ဒီလိုအခြေအနေမျိုးကို ဘယ်သူက အတင့်ရဲပြီး ဓားပြ၀င်တိုက်ရဲမလဲ” ဟု မြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် ဘဏ်၊ ရွှေဆိုင် နှင့် မိုဘိုင်းဖုန်းဆိုင်များ မကြာခဏ ဓားပြတိုက်ခံနေရခြင်း ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#မန္တလေးတိုင်း
#အောင်မြေသာစံမြို့နယ်
#ဆေးဆိုင်
#ဓားပြမှု
ပုံစာ။ ။ဓားပြတိုက်ခံရသည့် ဂျီ၀မ်းဆေးဆိုင်။

👍16😁4
မြန်မာကုလသံအမတ်ကြီးလုပ်ကြံရန်ကြိုးပမ်းသူ အပြစ်ရှိကြောင်း နယူးယောက် တရားရုံး အမိန့်ချ
===================
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ပါဝင်ပတ် သက်တယ်လို့ စွပ်စွဲခံရသူ မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်ကို အပြစ်ကျူးလွန်ကြောင်း တွေ့ရှိတယ်လို့ နယူးယောက်မြို့ ဖယ်ဒရယ်တရားရုံးက အမိန့်ချလိုက်ပါတယ်။
နယူးယောက်မြို့ ဖယ်ဒရယ်တရားသူ ကြီး Nelson S.Roman ရှေ့မှောက်မှာ ရှစ်ရက်ကြာ ကြားနာစစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက် သူ့မှာအပြစ်ရှိ ကြောင်းတွေ့ရှိခဲ့တာလို့ နယူးယောက်တောင်ပိုင်းခရိုင် ရှေ့နေချုပ်ရုံးက ဇူလိုင် ၂၄ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာတာဖြစ်ပါတယ်။
နယူးယောက်မြို့မှာနေထိုင်တဲ့ ကိုဖြိုးဟိန်းထွဋ်ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒဏ်ရာအနာတရဖြစ်အောင်၊ အသက်အန္တရာယ်ဖြစ်အောင် လုပ်ကြံဖို့ ကြံစည်ရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တဲ့အတွက် ပြစ်မှုကျူးလွန်ခဲ့တာ ထင်ရှားကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ တောင်ပိုင်းခရိုင်တရားရုံးက အမိန့်ချလိုက်တာဖြစ်ပါတယ်။
ကိုဖြိုးဟိန်းထွဋ်ဟာ နယူးယောက်မြို့မှာရှိတဲ့ သံအမတ်ကြီးရဲ့ ရုံးအဖွဲ့လုံခြုံရေး စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး သံအမတ်ကြီးနဲ့ ရုံးဝန်ထမ်းတွေရဲ့ ရုံးတွင်း သတင်းအချက်အလက်တွေကို ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားတစ်ဦးဆီ ပေးပို့ခဲ့တဲ့အပြင်၊ သံအမတ်ကြီးကို ရာထူးကနေ နုတ်ထွက်သွားတဲ့အထိ ထိခိုက်အနာတရဖြစ်အောင်လုပ်ဖို့ လုပ်ကြံသူတွေကို ငှားရမ်းဆောင်ရွက်ဖို့အတွက် ဒီလက်နက်ပွဲစားဆီက ငွေကြေးတွေ လက်ခံရယူခဲ့တာ ထင်ရှားတယ်လို့ ဇူလိုင်လ ၂၄ ရက် ဒီကနေ့ညနေပိုင်း တရားရုံးကြေညာချက်မှာ ဖော်ပြထားပါတယ်။
၊ဒီလုပ်ရပ်တွေအတွက် သူ့ကို အရေးယူအပြစ်ပေးသင့်ကြောင်း အမှုကြားနာတဲ့ ဂျူရီအဖွဲ့က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်လို့ နယူးယောက်တောင်ပိုင်းခရိုင် တရားရုံးက အစိုးရရှေ့နေ Damian Williams က ပြောပါတယ်။
နိုင်ငံရပ်ခြားအရာရှိတဦးကို တိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုတဲ့ စွဲချက်အရဆိုရင် သူ့ကို ထောင်ဒဏ် ငါးနှစ်အထိ အများဆုံး ပြစ်ဒဏ်ပေးနိုင်တယ်လို့ တရားရေးဌာန ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီ ပြစ်မှုအတွက်အပြစ်ဒဏ်ကိုတော့ လာမယ့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှာ တရားသူကြီး Roman ကပဲ အမိန့်ချမှာဖြစ်တယ်လို့ တရားရေးရုံးထုတ်ပြန်ချက်က ဖော်ပြပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ နယူးယောက်မြို့မှာနေတဲ့ အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်နဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော်တို့ နှစ်ဦးကို ၂ဝ၂၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) က ဖမ်းဆီးခဲ့တာပါ။
ဒီအမှုမှာပါတဲ့ နောက်ထပ်တရားခံတစ်ယောက်ဖြစ်တဲ့ ရဲဟိန်းဇော်ကတော့ အပြစ်ရှိကြောင်း ဝန်ခံခဲ့လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလအတွင်းက တရားရုံးက အမှုစစ်ဆေးပြီးတာနဲ့ ချက်ချင်း ပြည်နှင်ဒဏ်ပေးပြီးပြီလိုလည်း သိရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦီးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာသိမ်းခံရတဲ့ အရပ်သားအစိုးရကိုပဲ သူ ကိုယ်စားပြုကြောင်း ကုလသမဂ္ဂမှာ ရပ်တည်ခဲ့သူဖြစ်ပြီး မြန်မာစစ်ကောင်စီဖက်က ကိုယ်စားပြုမှုတင်သွင်းသူကို ကုလသမဂ္ဂ အထွေထွေညီလာခံ က လက်မခံတဲ့အတွက် ဦးကျော်မိုးထွန်းဟာ မြန်မာကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုလသမဂ္ဂမှာ ဆက်ရှိနေတာဖြစ်ပါတယ်။
https://youtu.be/uhtPgBf4o_4
#politicalnews
#newsfeature
#mizzima

နယူးယောက်မြို့…
နယူးယောက်မြို့…
👍19😁2❤1🔥1
စစ်ကောင်စီနှင့် မပတ်သက်ရန် မြိတ်မြို့ရှိ ပရဟိတအဖွဲ့ ၅ ဖွဲ့ကိုကာကွယ်ရေးတပ်ဖွဲ့ သတိပေး
================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အခြေစိုက် ပရဟိတအသင်းအဖွဲ့ ငါးဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့နှင့် ဆက်နွယ်နေသည်ဟုဆိုကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင်လ ၂၄ ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်သည်။
အဆိုပါ ပရဟိတအသင်းအဖွဲ့ ငါးဖွဲ့ သည် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုနှင့် အခြားသောပတ်သက်ဆက်နွယ်မှုများရှိနေပြီး ဆက်လက်၍ အားပေးကူညီမှုများ မပြုလုပ်ရန်အတွက် သတိပေးခြင်းဖြစ်သည်ဟု မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အဲဒီအသင်းတွေက လက်ရှိ စကစ(စစ်ကောင်စီ) လက်နက်ခဲယမ်းတွေကို တင်ပို့ပေးနေတာ တွေ့ရှိရသလို စကစတပ်ဖွဲ့ဝင်တွေကိုလည်း ပို့ဆောင်ပေးနေတာ တွေ့ရတယ်။ နောက်ပြီး ပြီးခဲ့တဲ့အပတ်ကလည်း နာရေးအသင်းကားနဲ့ ပုလောဖက်ကို လက်နက်ခဲယမ်းတွေ တင်ပို့ပေးခဲ့တာ တွေ့ရတယ်”ဟု မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
သတိပေးခံရသည့် ပရဟိတအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ မဟုတ်မမှန် စွပ်စွဲခံရခြင်းသာဖြစ်ပြီး ပုံမှန်အတိုင်း ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟုဆိုသည်။
“တစ်စုံတစ်ဦးရဲ့စကားကြောင့်ဆိုရင်တော့ ဒီစာထုတ်တာဟာ လက်နက်ကိုင်ပြီး ပြည်သူကို ဆန့်ကျင်တာနဲ့ အတူတူပဲ”ဟု ၎င်းက ပြောသည်။
မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ ၎င်းတို့သတိပေးချက်ထုတ်ပြန်ပြီးသည့်နေ့မှစ၍ အဆိုပါပရဟိတအသင်းအဖွဲ့ ငါးဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို အားပေးကူညီမှု လုံးဝ(လုံးဝ) မပြုလုပ်ရန် အသိပေးထားသည်။မလိုက်နာဘဲ စစ်ကောင်စီတပ်ဖွဲ့အား ဆက်လက်အားပေးကူညီနေမည်ဆိုပါက စစ်ရေးအရ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ မောင်ကြီး
#တနင်္သာရီတိုင်း
#မြိတ်မြို့နယ်
#ပရဟိတအသင်း
#စစ်ကောင်စီ

👍18🔥2
မြောက်ပိုင်းအဖွဲ့များနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေ
=================
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်၊ လားရှိုး နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေသလို ကချင်ပြည်နယ်အတွင်းမှာလည်း စစ်ရေးတင်းမာမှုတွေဆက်ဖြစ်နေပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ စစ်ကောင်စီတပ်တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စယ်လန့်ကျေးရွာအနီး ဇူလိုင် ၂၃ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ဝင်တိုက်ပေးတဲ့ ပြည်သူ့စစ် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ရှမ်ပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်မြို့နယ်တွေမှာ အခုလအတွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တို့ တိုက်ပွဲငါးကြိမ်အထိ ဖြစ်ခဲ့ပါတယ်။
အလားတူ ဇူလိုင် ၁၈ ရက်နေ့ကလည်း လားရှိုးမြို့နယ် မန်ကန်ရွာအနီးမှာ စစ်ကောင်စီ တပ်နဲ့ MNDAA ကိုးကန့် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီနေ့အထိ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းမြောက် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် စစ်ဆေးရေးလုပ်နေတဲ့ TNLA တပ်များကို စစ်ကောင်စီက နမ့်ခမ်းမြို့ဘက်မှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ နမ့်ခမ်းမြို့မပြည်သူ့စစ်ကလည်း ပါဝင်တိုက်ခိုက်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
တိုက်ပွဲအကြောင်းပြပြီး မိုင်းဆတ်ရွာအတွင်းရှိ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ရွာအနီးဝန်းကျင်ကို ပစ်ခတ်ခဲ့တဲ့အတွက် ရွာလမ်းနဲ့ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပြီး ရွာသားများလည်း နီးစပ်ရာ ကျေးရွာများဆီ တိမ်းရှောင်ခဲ့ကြရတယ်လို့သိရပါတယ်။
ဇူလိုင် ၂၄ ညနေပိုင်းမှာတော့ တိုက်ပွဲများ ငြိမ်သက်နေပြီး ကုန်တင်ယာဉ်များနဲ့ အိမ်စီးကားများလည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
မူဆယ်-နမ့်ခမ်း လမ်းမကြီးဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဖြစ်တဲ့ တအာင်းတပ်မတော် (TNLA)၊ ရှမ်းတပ်မတော် (SSPP/SSA)၊ ကချင်တပ်မတော် (KIA) တပ်ဖွဲ့တို့အပြင် စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ဒေသတွင်း ပြည်သူ့စစ်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
အခုရက်ပိုင်းထဲ နေ့စဉ်လိုလို ရှမ်းပြည်မြောက်ပိုင်းက ကွတ်ခိုင်နဲ့ သိန္နီကြား အပါအဝင် လားရှိုး၊ လားရှိုး-မူဆယ် လမ်းမတစ်ကြောမှာ စစ်ကောင်စီနဲ့ KIA ၊ TNLA နဲ့ MNDAA တို့အကြား တစ်ဖွဲ့ချင်းစီအလိုက်နဲ့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာဖြစ်ပါတယ်။
ကချင်တိုင်ရင်းသားလက်နက်ကိုင် KIO အဖွဲ့ဌာနချုပ်ရှိရာ ဝိုင်းမော်မြို့နယ်ထဲက လိုင်ဇာဌာနချုပ်နဲ့ မဝေးတဲ့ နမ့်ဆန်ယန်ရွာကို စစ်တပ်က လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA လက်နက်ကိုင်အဖွဲ့က သိမ်းယူခဲ့တဲ့နောက်မှာ စစ်တပ်က အခုလို ပြန်လည်တိုက်ခဲ့တာ ဖြစ်ပါတယ်။
ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO ရဲ့ ဌာနချုပ်နားက နမ့်ဆန်ယန်ရွာအနီးမှာ စစ်ကောင်စီဘက်က ဒီလဆန်းက စတင်ပြီး၊ စစ်အင်အား ဖြည့်တင်းလာပြီးနောက် နှစ်ဘက်တပ်တွေအကြား ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားတာတွေ၊ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာပါ။
ကချင်ပြည်နယ်ထဲ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ထိန်းသိမ်းစစ်ဆေးခံရတဲ့ စစ်ကောင်စီ မြောက်ပိုင်း တိုင်းမှူးကို အနားပေးပြီး၊ ကချင်အတွေ့အကြုံရှိသူ ဗိုလ်ချုပ်စိုးလှိုင်ကို မြောက်ပိုင်းတိုင်းမှုးသစ်အဖြစ် အစားထိုးခန့်ထားတာဖြစ်ပါတယ်။
https://youtu.be/GESMC5OHVpc

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ စစ်ကောင်စီတပ်တို့အကြား ရှ…

👍22🔥2
စစ်အုပ်စုရဲ့ အကျဉ်းထောင်များအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုများ ပိုများလာနေ
==============
အာဏာသိမ်းစစ်အုပ်စုဟာ အကျဉ်းထောင်များအတွင်း ၎င်းတို့အဓမ္မ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားများအား ဥပဒေမဲ့ သတ်ဖြတ်မှုများကိုပါ ကျူးလွန်လာနေတယ်လို့ ယခုတစ်ပတ် BNI-Myanmar Peace Monitorရဲ့ အပတ်စဉ် သတင်းသုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။
ဒီသုံးသပ်ချက်စာတမ်းမှာ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများ ဥပဒေမဲ့ သတ်ဖြတ်ခံရမှုများနဲ့ စစ်အုပ်စုရဲ့ အသုံးချခံ အကျဉ်းထောင်များအကြောင်း အချက်အလက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များကို ချဉ်းကပ် လေ့လာ တင်ပြထားတာဖြစ်ပါတယ်။
“ပြစ်မှု” ကျူးလွန်ကြောင်း တစုံတရာမပြနိုင်ဘဲ မြန်မာပြည်သူများကို လူထုလူတန်းစားမရွေး၊ ကျားမ မရွေး၊ ကလေးလူကြီး မရွေး ဖမ်းဆီးချုပ်နှောင်ကာ နီးစပ်ရာ ရဲစခန်း၊ အချုပ်ခန်းများထံ ခေါ်ဆောင်သွားခြင်း၊ ထိုမှတဆင့် အမှုပြင်ဆင်ခြင်း၊ အမှုဖွင့်ခြင်းနှင့် တရားစွဲခြင်းတို့ကို အကန့်အသတ်မဲ့ ပြုလုပ်နေကာ နိုင်ငံရေးအကျဉ်းသားများ ဥပဒေမဲ့ သတ်ဖြတ်ခံရမှုများကို ပြုလုပ်နေကြောင်းဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှ အကျဉ်းထောင်၊ အချုပ်ထောင်တွေဟာ ပြစ်မှုကျူးလွန်သူများ၊ ဥပဒေ ချိုးဖောက်သူများအတွက် ချုပ်နှောင်ထိန်းသိမ်းရာ နေရာအဖြစ် ထင်မှတ်ရပေမယ့် အာဏာသိမ်း စစ်အုပ်စုအတွက်မူ လိုအပ်သလို အသုံးချနိုင်တဲ့ လှောင်အိမ်တစ်ခုကဲ့သို့ မှတ်ယူထားဟန် ရှိတယ်လို့ ဆိုထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ ၎င်းတို့ရဲ့ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု အောင်မြင်ရေးအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ညဉ့်ဦးအချိန်ကတည်းကပင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ ဝါရင့်နိုင်ရေးသမားများ၊ ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို အကြောင်းပြချက် တစုံတရာမရှိဘဲ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက် အထိ အာဏာသိမ်း စစ်အုပ်စု၏ ဖမ်းဆီးခံရသူပေါင်း ၂၄၀၀၀ နီးပါး ရှိပြီး ထိုအထဲမှ ၂၀၀၀၀ နီးပါးဟာ စစ်အုပ်စုရဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြုတ် ချေမှုန်းရေးအတွက် ဦးတည်လျှောက်လှမ်းနေတဲ့ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်တာကြောင့် သေဒဏ်ချမှတ် ခံထားရသူပေါင်း ၁၅၈ ဦး အထိ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာရှင်အဖွဲ့အစည်းက ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၃၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် မြန်မာ ပြည်သူတွေနဲ့ထပ်တူ ပူဆွေးသောကရောက်ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း ထုတ်ပြန်ထားပါတယ်။
အကျဉ်းသားတွေကို တရားလက်လွတ် သတ်ဖြတ်နေတာတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာတွေအရ စစ်အာဏာရှင်အနေနဲ့ တရားဥပဒေ စိုးမိုးရေးကို ဆက်လက် လစ်လျူရှုနေပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ကြောင်း ပြသနေတယ်လို့လည်း UK သံရုံး ဖေ့စ်ဘွတ်စာမျက်မှာ တင်ထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်အနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာအောင်၊ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး မြန်မာပြည်သူပြည်သားတွေရဲ့ ဒီမိုကရေစီ လိုလားတောင့်တမှု ဆန္ဒတွေကို လေးစားလိုက်နာလာအောင် ယူကေ အစိုးရက ဆက်လက် ဖိအာပေးသွားဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် တို့လို အကျဉ်းထောင်တွင်း မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူတွေ၊ အကျဉ်းထောင်တွင်းက ခေါ်ထုတ်ခံရပြီး သေဆုံး ပျောက်ဆုံးသူတွေ သိသိသာသာ ပိုများလာနေတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) က သတိပေးထားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ တရားရေးမဏ္ဍိုင်များအနေဖြင့် မြန်မာပြည်သူများအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တရားလက်လွတ် အနိုင်ကျင့် သတ်ဖြတ်နေမှုများအား အရေးပေါ်စုံစမ်း စစ်ဆေးမှုများ အမြန်ဆုံးပြုလုပ်ကာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုများကို ချက်ချင်းဆောင်ရွက်ကြဖို့ AAPP က တိုက်တွန်းထားပါတယ်။
https://youtu.be/XgjG9fy6GB0

ဒီသုံးသပ်ချက်စာတမ်းမှာ…
ဒီသုံးသပ်ချက်စာတမ်းမှာ…
👍10❤2🔥2🤬2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၃ | VOA On Mizzima
===============
ကမ္ဘာတဝန်းအပူချိန်တွေ စံချိန်တင် မြင့်တက်လာနေချိန်မှာပဲ မကြာခင် အယ်နီညို
အပူလှိုင်းဝင်လာတဲ့အခါ ပိုမိုပြင်းထန်တဲ့အပူချိန်မြင့်တက်မှုနဲ့ ကြုံရမှာ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့ ကမ္ဘာ့နိုင်ငံတွေကို ကုလသမဂ္ဂက သတိပေးပါတယ်။
Los Angeles မြို့ မှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ် UCLA က သိပ္ပံပညာရှင်တွေဟာ SymphNode လို့ခေါ်တဲ့ ကင်ဆာရောဂါကုရာမှာ သုံးတဲ့ ပစ္စည်းတမျိုးကိုတီထွင်လိုက်ပါပြီ။ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/3NlI4E0qLNI
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV

Los Angeles မြို့ မှာရှိတဲ့…

👍8❤4🔥2
Taiwanese locals participate in air raid drills and head to closest shelter in capital city Taipei’s Huhsin neighbourhood, simulating response to Chinese missile attacks, in several cities on Monday.
"The residents are actively participating in the drill...there is more or less a tense atmosphere," says Tsai Yin-fong, Huhsin neighbourhood chief.
https://youtu.be/YhrqeOQojco

Taiwan air raid drills simulate response to China missile attacks
Taiwanese locals participate in air raid drills and head to closest shelter in capital city Taipei’s Huhsin neighbourhood, simulating response to Chinese missile attacks, in several cities on Monday.
"The residents are actively participating in the drill...there…

👍3🔥2
"နေပြည်တော်ကို ဝိုင်းပတ်လို့ မမများနဲ့ ပွဲကစို့" (အင်တာဗျူး)
==================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ "မမများနဲ့ပွဲကမယ်" အစီအစဉ်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ တရားဝင် ကိုယ်စားလှယ်အဖွဲ့အစည်းဖြစ်သော We Love Myanmar Family(WLMF) ၏ နိုင်ငံတကာရှိ ရန်ပုံငွေရှာဖွေသူများနှင့် ၂၀၂၂ ခုနှစ် ၊ မေလ ၂၆ ရက်နေ့က စတင်ခဲ့သော ပရောဂျက်ဖြစ်သည်။
ထိုအချိန်မှစတင်ကာ အစီအစဉ် လေးကြိမ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး ဒေသအလိုက် စစ်မျက်နှာဖွင့်ထားသည့် နေရာများတွင် လက်နက်ကြီးတပ်ဆင်နိုင်ရေးအတွက် ကြိုးပမ်းကာ ကရင်နီဒေသ၊ စစ်ကိုင်းဒေသ၊ ချင်း မကွေးနှင့် အလယ်ပိုင်းဒေသတို့အတွက် ဘဏ္ဌာငွေရှာဖွေခဲ့ရာ အစီအစဉ်များမှ ဒေါ်လာ ၁ ဒသမ ၉၈ သန်း ရရှိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ယခုအခါတွင် ငါးကြိမ်မြောက်အစီအစဉ်ကိုလည်း စတင်နေကာ လက်ရှိ တိုက်ပွဲဖော်ဆောင်နေပြီဖြစ်သော နေပြည်တော်အတွက် "နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ပွဲကစို့" ကျပ်သိန်း ၁၀,၀၀၀ ပရောဂျက်အကြောင်း "မမများနဲ့ပွဲကမယ်" ပရောဂျက် တာဝန်ခံ ဂူးကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းထားသည်။
https://youtu.be/sJ93jSeMQ7Y
#မမများနဲ့ပွဲကမယ်
#နေပြည်တော်
#လက်နက်ကြီး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ "မမများနဲ့ပွဲကမယ်" အစီအစဉ်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ တရားဝင် ကိုယ်စားလှယ်အဖွဲ့အစည်းဖြစ်သော We Love Myanmar Family(WLMF) ၏ နိုင်ငံတကာရှိ ရန်ပုံငွေရှာဖွေသူများနှင့် ၂၀၂၂ ခုနှစ် ၊ မေလ ၂၆ ရက်နေ့က စတင်ခဲ့သော ပရောဂျက်ဖြစ်သည်။
ထိုအချိန်မှစတင်ကာ အစီအစဉ် လေးကြိမ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး ဒေသအလိုက် စစ်မျက်နှာဖွင့်ထားသည့် နေရာများတွင် လက်နက်ကြီးတပ်ဆင်နိုင်ရေးအတွက် ကြိုးပမ်းကာ ကရင်နီဒေသ၊ စစ်ကိုင်းဒေသ၊ ချင်း မကွေးနှင့် အလယ်ပိုင်းဒေသတို့အတွက် ဘဏ္ဌာငွေရှာဖွေခဲ့ရာ အစီအစဉ်များမှ ဒေါ်လာ ၁ ဒသမ ၉၈ သန်း ရရှိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ယခုအခါတွင် ငါးကြိမ်မြောက်အစီအစဉ်ကိုလည်း စတင်နေကာ လက်ရှိ တိုက်ပွဲဖော်ဆောင်နေပြီဖြစ်သော နေပြည်တော်အတွက် "နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ပွဲကစို့" ကျပ်သိန်း ၁၀,၀၀၀ ပရောဂျက်အကြောင်း "မမများနဲ့ပွဲကမယ်" ပရောဂျက် တာဝန်ခံ ဂူးကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းထားသည်။
https://youtu.be/sJ93jSeMQ7Y
#မမများနဲ့ပွဲကမယ်
#နေပြည်တော်
#လက်နက်ကြီး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
"နေပြည်တော်ကို ဝိုင်းပတ်လို့ မမများနဲ့ ပွဲကစို့" (အင်တာဗျူး)
ဂန္ဒမာ(မဇ္ဈိမ)။ ။ "မမများနဲ့ပွဲကမယ်" အစီအစဉ်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ တရားဝင် ကိုယ်စားလှယ်အဖွဲ့အစည်းဖြစ်သော We Love Myanmar Family(WLMF) ၏ နိုင်ငံတကာရှိ ရန်ပုံငွေရှာဖွေသူများနှင့် ၂၀၂၂ ခုနှစ် ၊ မေလ ၂၆ ရက်နေ့က စတင်ခဲ့သော ပရောဂျက်ဖြစ်သည်။
ထိုအချိန်မှစတင်ကာ…
ထိုအချိန်မှစတင်ကာ…
👍17🥱2
အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးကို ရဲက ဖမ်းဆီး
=================
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာ ပရာဒက်ရှ်ပြည်နယ်တွင် တရားမဝင် နေထိုင်မှုအတွက် ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးကို ဇူလိုင် ၂၄ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။ ထိုလုပ်ရပ်က အကြမ်းဖက်မှုမှ ထွက်ပြေးလာရသူများအပေါ် တစ်ဖက်သတ် နှိမ်နင်းမှုအဖြစ် တက်ကြွလှုပ်ရှားသူများက ဝေဖန်ပြစ်တင်ကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာ ပရာဒက်ရှ်ပြည်နယ်တွင် တရားမဝင် နေထိုင်မှုအတွက် ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးကို ဇူလိုင် ၂၄ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။ ထိုလုပ်ရပ်က အကြမ်းဖက်မှုမှ ထွက်ပြေးလာရသူများအပေါ် တစ်ဖက်သတ် နှိမ်နင်းမှုအဖြစ် တက်ကြွလှုပ်ရှားသူများက ဝေဖန်ပြစ်တင်ကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
😁4👍2
ကျင်ဒွေးမြို့သို့ ရိက္ခာပို့သည့်စစ်ကြောင်း တိုက်ခိုက်ခံရ၍ ၄ ရက်အတွင်း ၁၁ ဦးသေဆုံး
================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ရိက္ခာပို့လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရသဖြင့် လေးရက်အတွင်း ၁၁ ဦးသေဆုံးခဲ့သည်ဟု CDF – Kanpetlet က ထုတ်ပြန်သည်။
မကွေးတိုင်းဘက်မှ ကျင်ဒွေးမြို့ဘက်သို့ရိက္ခာပို့ရန် စစ်ကြောင်းထိုးထွက်ခွာလာသည့် အင်အား ၃၀၀ ခန့် ပါစစ်ကြောင်းနှင့် CDF – Kanpetlet တို့အကြား ဇူလိုင်လ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းကို ဇူလိုင်လ ၂၁ ရက် နံနက် ၉ နာရီခန့်တွင် မဆွာတွီနှင့် မောချောင်းကျေးရွာအကြား တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ဒဏ်ရာရသူရှိခဲ့ကြောင်း ဆိုသည်။
ဇူလိုင်လ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်တွင်လည်း မောချောင်းနှင့် လှိုင်ဒုတ်ကျေးရွာသစ်အနီး ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းတိုက်ပွဲ၌ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က မင်းဘူးခရိုင်တပ် ရင်း (၆) မှ ရဲဘော် တဦး၊ CDF – Kanpetlet မှ ရဲဘော်လေးဦး မစိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
နောက်ဆုံးရရှိထားသောသတင်းများအရ ကျင်ဒွေးသို့ ရိက္ခာပို့စစ်ကြောင်းသည် လှိုင်ဒုတ်ကျေးရွာသစ် အနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါစစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားပြီးနောက် ညအိပ်ခဲ့သည့်မဆွာတွီကျေးရွာတွင် ပြည်သူများ၏ ပစ္စည်းများကိုခိုးယူဖျက်ဆီးပြီး ခြိမ်းခြောက်စာများရေးသားခဲ့ကြောင်း CDF – Kanpetlet ခေါ်နှူးတပ်ရင်း က ဇူလိုင် ၂၅ ရက် ယနေ့တွင်ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သားများသည် ဘာသာရေးအဆောက်အဦများအတွင်း နေရာယူ သောက်စားမူးယစ်ခဲ့ကြ ကာ အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ပြီး စာသင်ကျောင်းအတွင်းရှိ ကွန်ပျူတာ၊ မှတ်တမ်း ဖိုင်များနှင့် ကျောင်းပိုင်ပစ္စည်းများကို ယူဆောင်သွားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ကန်ပက်လက်မြို့ပေါ်မှ တပ်အပြောင်းအလဲလုပ်ပြီး ပြန်လည်ထွက်ခွာလာသော အင်အား ၁၀၀ ကျော်ရှိအခြားစစ်ကြောင်းသည် ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက ကန်ပက်လက်မြို့နယ် လေယာဉ်ကွင်း အနီးတွင်ထိတွေ့မှုဖြစ်ပွားခဲ့ရာ CDF–Kanpetlet မှ ရဲဘော်တပ်ကွီး ကျဆုံးခဲ့ကြောင်းလည်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ကျင်ဒွေးမြို့
#ကန်ပက်လက်
#ရိက္ခာပို့
#စစ်ကြောင်း
Photo - CDF - Kanpetlet ရဲဘော်များ

👍11👏2😁2🔥1
ဇူလိုင်လ ( ၂၅)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
================
- စစ်အုပ်စုရဲ့ အကျဉ်းထောင်များအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုများ ပိုများလာနေတဲ့ သတင်း
- ဆားလင်းကြီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံ တစ်သောင်းကျော် စစ်ရှောင်နရတဲ့ သတင်း
- မြောက်ပိုင်းအဖွဲ့များနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေတဲ့ သတင်းနဲ့
- အထွေထွေရွေးကောက်ပွဲအပေါ် ကမ္ဘောဒီးယားလူမျိုးတွေရဲ့အမြင်စတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေနဲ့ အရေးကြီး သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ
https://youtu.be/ouk0ApF2kTM
#2pmnews

01:00 - စစ်အုပ်စုရဲ့ အကျဉ်းထောင်များအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုများ ပိုများလာနေတဲ့ သတင်း
04:45 - ဆားလင်းကြီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံ တစ်သောင်းကျော် စစ်ရှောင်နရတဲ့ သတင်း
05:57 - မြောက်ပိုင်းအဖွဲ့များနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ…

👍7😁2❤1
ခါမ်းပါတ်မြို့တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်သား ၁၃ယောက်သေဆုံး ဟုဆို
===================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ခါမ်းပါတ်မြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သား ၁၃ဦး ထပ်မံသေဆုံးသွား ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
လေကြောင်းက အင်းအားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၃ ဦးသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
“တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်နေတာ လက်နက်ကြီးကျည်ဆိုရင်လည်း မိုးရွာသလိုကို ပစ်နေတာ၊ သူတို့ဘက်က ၁၃ ယောက်ကျတယ်၊ ကျနော်တို့ဘက်က တစ်ယောက် ထိထားတယ်” ဟု Tamu PDF တပ်ရင်း(၄) တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ခန့် က မဇ္စျိမ ကို ပြောသည်။
စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူ အလွန်အကျွံအသုံးပြုလျက်ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များက ခါမ်းပါတ်မြို့အတွင်းရှိ စစ်ကောင်စီတပ်နှင့် ရဲများကို နှစ်ဖက်ညှပ် ဝိုင်းဝန်းပို့ဆို့ထားကြောင်း ဆိုသည်။
တမူးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် စစ်ရေးတင်းမာမှုများဖြစ်ကာ ဇူလိုင်လ ၂၂ရက်နေ့တွင် ကာကွယ်ရေးတပ်ပေါင်းစုက ခါမ်းပါတ်မြို့ ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၂၃ရက်နေ့ ခါမ်းပါတ်မြို့လယ်ကွင်းဖက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ၎င်းနေရာသို့ သွားရောက်ရှင်းလင်းရာ ကျန်ရစ်သော ကျည်ဆန်များ သိမ်းဆည်းရခဲ့ကြောင်း ဗိုလ်ခန့် က ဆက်လက်ပြောဆိုသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီက ရမ်းသန်းပစ်ခတ်သဖြင့် ခါမ်းပါတ်မြို့ အမှတ်(၁) ရပ်ကွက် ရိုမန်ကက်သလစ် ဘုရားကျောင်းရှေ့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲများဖြစ်ပွားနေသဖြင့် ခါမ်းပါတ် ၊ ကနန်နှင့် အနီးနားကျေးရွာများရှိဒေသခံ ၃,၀၀၀ ခန့်သည် တောတောင်များ ၊ ကလေးမြို့ပေါ်နှင့် အိန္ဒိယဘက်အခြမ်းသို့ ထွက်ပြေးခိုလှုံနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တမူးမြို့နယ်
#ခါမ်းပါတ်မြို့
#တိုက်ပွဲများ
#ထွက်ပြေးခိုလှုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ခါမ်းပါတ်မြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သား ၁၃ဦး ထပ်မံသေဆုံးသွား ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
လေကြောင်းက အင်းအားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၃ ဦးသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
“တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်နေတာ လက်နက်ကြီးကျည်ဆိုရင်လည်း မိုးရွာသလိုကို ပစ်နေတာ၊ သူတို့ဘက်က ၁၃ ယောက်ကျတယ်၊ ကျနော်တို့ဘက်က တစ်ယောက် ထိထားတယ်” ဟု Tamu PDF တပ်ရင်း(၄) တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ခန့် က မဇ္စျိမ ကို ပြောသည်။
စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူ အလွန်အကျွံအသုံးပြုလျက်ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များက ခါမ်းပါတ်မြို့အတွင်းရှိ စစ်ကောင်စီတပ်နှင့် ရဲများကို နှစ်ဖက်ညှပ် ဝိုင်းဝန်းပို့ဆို့ထားကြောင်း ဆိုသည်။
တမူးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် စစ်ရေးတင်းမာမှုများဖြစ်ကာ ဇူလိုင်လ ၂၂ရက်နေ့တွင် ကာကွယ်ရေးတပ်ပေါင်းစုက ခါမ်းပါတ်မြို့ ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၂၃ရက်နေ့ ခါမ်းပါတ်မြို့လယ်ကွင်းဖက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ၎င်းနေရာသို့ သွားရောက်ရှင်းလင်းရာ ကျန်ရစ်သော ကျည်ဆန်များ သိမ်းဆည်းရခဲ့ကြောင်း ဗိုလ်ခန့် က ဆက်လက်ပြောဆိုသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီက ရမ်းသန်းပစ်ခတ်သဖြင့် ခါမ်းပါတ်မြို့ အမှတ်(၁) ရပ်ကွက် ရိုမန်ကက်သလစ် ဘုရားကျောင်းရှေ့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲများဖြစ်ပွားနေသဖြင့် ခါမ်းပါတ် ၊ ကနန်နှင့် အနီးနားကျေးရွာများရှိဒေသခံ ၃,၀၀၀ ခန့်သည် တောတောင်များ ၊ ကလေးမြို့ပေါ်နှင့် အိန္ဒိယဘက်အခြမ်းသို့ ထွက်ပြေးခိုလှုံနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တမူးမြို့နယ်
#ခါမ်းပါတ်မြို့
#တိုက်ပွဲများ
#ထွက်ပြေးခိုလှုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍27😁2🔥1
ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမည့်သတင်းကြောင့် ရန်ကုန်ရှိ အိမ်ခြံမြေ၊ ရွှေနှင့် ကား အရောင်းအဝယ်များ ရပ်ဆိုင်းထားရဟုဆို
===============
ဂန္ဒမာ ၊ 001
(မဇ္ဈိမ)။ ။စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည်ဟု ကြေညာ ချက်ထွက်ပေါ်ပြီးနောက် ရန်ကုန်ရှိ အိမ်ခြံမြေ၊ ရွှေနှင့်ကား အရောင်းအဝယ်များ ရပ်ဆိုင်းထားကြောင်း သက်ဆိုင်ရာ အကျိုးဆောင်၊ ပွဲစားများထံမှ သိရသည်။
“လကုန်ကြရင် ကျပ် ၂၀,၀၀၀ တန်ထွက်မယ်ဆိုပြီး ကြေညာပြီးတဲ့အချိန်မှာ ကားဈေးကွက်က လုံးဝ အရောင်းအဝယ်ရပ်သွားတယ်။ လုံးဝရောင်းမယ့်သူမရှိ၊ ရောင်းမယ့်ကားတွေကလည်း အရောင်းတွေရပ် ပစ်လိုက်တယ်။ ရောင်းမယ်ဆိုပြီး စရံချထားတဲ့ကားတွေဆိုလည်း ပိုင်ရှင်တွေက စရံနှစ်ဆပြန်ပေးပြီး မရောင်းတော့ဘူး” ဟု ရန်ကုန်မှကားပွဲစားတဦးက ၎င်းကြုံတွေ့ရသည်ကို ပြောသည်။
ထို့အတူ အိမ်ခြံမြေ ဈေးကွက်တွင်လည်း အရောင်း၊ အငှား ရပ်တန့်သွားကြောင်း အကျိုးဆောင်တဦးက ရှင်းပြသည်။
“အိမ်ဈေးကွက်ကလည်း ရောင်းမယ့်အခန်းတွေ လုံးဝမရှိတော့ဘူး။ ငှားမယ့်အိမ်ပိုင်ရှင်တွေကလည်း အငှားရပ်လိုက်တယ်။ လုံးဝရပ်တန့်သွားတဲ့အထိ ဖြစ်သွားတယ်နော် ဒီရန်ကုန်မြို့မှာ” ဟု ပြောသည်။
ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်ဝေသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့ရှိ ရွှေဈေးကွက်မှာလည်း ၁၅ ပဲရည်သာ အရောင်းအဝယ်ဖြစ်၍ ၁၆ ပဲရည်ကို အရောင်းအဝယ် ပြုလုပ်သူမရှိကြောင်း သိရသည်။
“တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ရွှေဈေးကွက်ဟာ ၂၀,၀၀၀ တန်ဂယက်ကြောင့် အားလုံးစောင့်ကြည့်နေတဲ့ အခြေအနေပေါ့။ မနေ့ကတော့ ၁၆ ပဲရည်ဝယ်လို့ ဘယ်မှာမှ မရတော့ဘူး။ လက်သိပ်ထိုးဝယ်တဲ့ လက်ကြီး သမားဆီမှာလည်း မရောင်းကြတော့ဘူး။ အဖမ်းအဆီးတွေကြမ်းလို့ အရောင်းအဝယ်မလုပ်ကြဘူး” ဟု ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။
ဇူလိုင်လ ၂၃ ရက်နေ့တွင် ရွှေဈေးကွက်အနေအထားမှာ တရုတ်တန်း ရွှေဆိုင်တန်းတွင် ၁၅ ပဲရည်ကို ၁၀ နာရီဝန်းကျင်၌ ၃,၁၃၀,၀၀၀ ကျပ်အဖွင့်ဈေးရှိခဲ့ပြီး ၁၆ ပဲရည်မှာ အရာင်းအဝယ် ရပ်ဆိုင်းထားသည်ဟု ဆိုသည်။
အဆိုပါနေ့တွင်ပင် နံနက် ၁၁ နာရီဝန်းကျင်၌ ၁၅ ပဲရည်မှာ ၃,၁၉၀,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း ပြောသည်။
ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည့်ကြေညာချက်ကြောင့် ရုတ်ချည်းဆိုသလို ရန်ကုန်ရှိ အိမ်ခြံမြေ ၊ ရွှေနှင့် ကားဈေးကွက်တို့မှာ အရောင်းအဝယ်အားလုံးနီးပါးရပ်တန့်သလိုဖြစ်ပခဲ့ပြီး အဆိုပါလောကသား များမှာလည်း အများနည်းတူ စောင့်ကြည့်အနေအထားသာ တတ်နိုင်ကြောင်း ဆိုကြသည်။
အဆိုပါ ငွေကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမည့်သတင်းကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် လည်း ယမန်နေ့က ၁၅ ပဲရည်တစ်ကျပ်သားကို ကျပ် ၃၃ သိန်းဝန်းကျင်၊ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၃၅ သိန်းမှ ၃၆ သိန်းဖြင့် စျေးဖွင့်ခဲ့သော်လည်း အရောင်းရပ်နားခဲ့ကြောင်း ရွှေဝယ်သူတဦးကပြောသည်။
“ဟုတ်တယ် မနေ့က အရောင်းတွေပိတ်တယ်။ အချင်းချင်း နားလည်မှုနဲ့ရောင်းပေးတာတော့ရှိတယ်” ဟု ဆိုသည်။
ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အကယ်ဒမီ မီးလင်းရွှေစျေး ကို ကျပ် ၂၃ သိန်းကျော်ဖြင့် ရည်ညွှန်းစျေးဖွင့်ခဲ့သော်လည်း နေပြည်တော်ရှိ ပြင်ပရွှေဆိုင်များတွင် မွန်းလွဲ ပိုင်းအထိ စျေးကွက်ဖွင့်နိုင်ခြင်းမရှိသေးကြောင်း ရွှေဆိုင်များထံမှ သိရသည်။
ငွေစက္ကူသစ်အား နေပြည်တော်တွင်တည်ထားကိုးကွယ်သည့် ဗုဒ္ဓရုပ်ပွားတော်တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ဆင်ဖြူတော်၏ တနှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က ကြေညာချက်တွင်ထည့်သွင်းဖော်ပြထားသည်။
သိုသော်လည်း စီးပွားရေးကမောက်ကမဖြစ်ရမှုကြောင့် လက်ရှိအချိန်တွင် ငွေစက္ကူ ၂၀,၀၀၀ တန် ထုတ် ဝေမည်ဆိုသောသတင်းမှာ ပြည်သူများအကြား ဝေဖန်မှုမြင့်တက်လျက်ရှိသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#၂၀,၀၀၀တန်
#ငွေစက္ကူသစ်
#ဗဟိုဘဏ်
ဓာတ်ပုံ- ရန်ကုန်မြို့မြင်ကွင်း

👍22🔥3🤩2😁1