Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Taiwanese locals participate in air raid drills and head to closest shelter in capital city Taipei’s Huhsin neighbourhood, simulating response to Chinese missile attacks, in several cities on Monday.

"The residents are actively participating in the drill...there is more or less a tense atmosphere," says Tsai Yin-fong, Huhsin neighbourhood chief.

https://youtu.be/YhrqeOQojco
👍3🔥2
"နေပြည်တော်ကို ဝိုင်းပတ်လို့ မမများနဲ့ ပွဲကစို့" (အင်တာဗျူး)
==================

ဂန္ဒမာ

(မဇ္ဈိမ)။  ။ "မမများနဲ့ပွဲကမယ်" အစီအစဉ်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ တရားဝင် ကိုယ်စားလှယ်အဖွဲ့အစည်းဖြစ်သော We Love Myanmar Family(WLMF) ၏ နိုင်ငံတကာရှိ ရန်ပုံငွေရှာဖွေသူများနှင့် ၂၀၂၂ ခုနှစ် ၊ မေလ ၂၆ ရက်နေ့က စတင်ခဲ့သော ပရောဂျက်ဖြစ်သည်။

ထိုအချိန်မှစတင်ကာ အစီအစဉ် လေးကြိမ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး ဒေသအလိုက် စစ်မျက်နှာဖွင့်ထားသည့် နေရာများတွင် လက်နက်ကြီးတပ်ဆင်နိုင်ရေးအတွက် ကြိုးပမ်းကာ ကရင်နီဒေသ၊ စစ်ကိုင်းဒေသ၊ ချင်း မကွေးနှင့် အလယ်ပိုင်းဒေသတို့အတွက် ဘဏ္ဌာငွေရှာဖွေခဲ့ရာ အစီအစဉ်များမှ ဒေါ်လာ ၁ ဒသမ ၉၈ သန်း ရရှိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယခုအခါတွင် ငါးကြိမ်မြောက်အစီအစဉ်ကိုလည်း စတင်နေကာ လက်ရှိ တိုက်ပွဲဖော်ဆောင်နေပြီဖြစ်သော နေပြည်တော်အတွက် "နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ပွဲကစို့" ကျပ်သိန်း ၁၀,၀၀၀ ပရောဂျက်အကြောင်း "မမများနဲ့ပွဲကမယ်" ပရောဂျက် တာဝန်ခံ ဂူးကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းထားသည်။

https://youtu.be/sJ93jSeMQ7Y

#မမများနဲ့ပွဲကမယ်
#နေပြည်တော်
#လက်နက်ကြီး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🥱2
​​အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးကို ရဲက ဖမ်းဆီး
=================

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာ ပရာဒက်ရှ်ပြည်နယ်တွင် တရားမဝင် နေထိုင်မှုအတွက် ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးကို ဇူလိုင် ၂၄ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။ ထိုလုပ်ရပ်က အကြမ်းဖက်မှုမှ ထွက်ပြေးလာရသူများအပေါ် တစ်ဖက်သတ် နှိမ်နင်းမှုအဖြစ် တက်ကြွလှုပ်ရှားသူများက ဝေဖန်ပြစ်တင်ကြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4👍2
​​ကျင်ဒွေးမြို့သို့ ရိက္ခာပို့သည့်စစ်ကြောင်း တိုက်ခိုက်ခံရ၍ ၄ ရက်အတွင်း ၁၁ ဦးသေဆုံး
================

ပါခွီး

(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ရိက္ခာပို့လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရသဖြင့် လေးရက်အတွင်း ၁၁ ဦးသေဆုံးခဲ့သည်ဟု CDF – Kanpetlet က ထုတ်ပြန်သည်။

မကွေးတိုင်းဘက်မှ ကျင်ဒွေးမြို့ဘက်သို့ရိက္ခာပို့ရန် စစ်ကြောင်းထိုးထွက်ခွာလာသည့် အင်အား ၃၀၀ ခန့် ပါစစ်ကြောင်းနှင့် CDF – Kanpetlet တို့အကြား ဇူလိုင်လ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းကို ဇူလိုင်လ ၂၁ ရက် နံနက် ၉ နာရီခန့်တွင် မဆွာတွီနှင့် မောချောင်းကျေးရွာအကြား တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ဒဏ်ရာရသူရှိခဲ့ကြောင်း ဆိုသည်။

ဇူလိုင်လ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်တွင်လည်း မောချောင်းနှင့် လှိုင်ဒုတ်ကျေးရွာသစ်အနီး ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းတိုက်ပွဲ၌ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က မင်းဘူးခရိုင်တပ် ရင်း (၆) မှ ရဲဘော် တဦး၊ CDF – Kanpetlet မှ ရဲဘော်လေးဦး မစိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

နောက်ဆုံးရရှိထားသောသတင်းများအရ ကျင်ဒွေးသို့ ရိက္ခာပို့စစ်ကြောင်းသည် လှိုင်ဒုတ်ကျေးရွာသစ် အနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါစစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားပြီးနောက် ညအိပ်ခဲ့သည့်မဆွာတွီကျေးရွာတွင် ပြည်သူများ၏ ပစ္စည်းများကိုခိုးယူဖျက်ဆီးပြီး ခြိမ်းခြောက်စာများရေးသားခဲ့ကြောင်း CDF – Kanpetlet ခေါ်နှူးတပ်ရင်း က ဇူလိုင် ၂၅ ရက် ယနေ့တွင်ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများသည် ဘာသာရေးအဆောက်အဦများအတွင်း နေရာယူ သောက်စားမူးယစ်ခဲ့ကြ ကာ အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ပြီး စာသင်ကျောင်းအတွင်းရှိ ကွန်ပျူတာ၊ မှတ်တမ်း ဖိုင်များနှင့် ကျောင်းပိုင်ပစ္စည်းများကို ယူဆောင်သွားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ကန်ပက်လက်မြို့ပေါ်မှ တပ်အပြောင်းအလဲလုပ်ပြီး ပြန်လည်ထွက်ခွာလာသော အင်အား ၁၀၀ ကျော်ရှိအခြားစစ်ကြောင်းသည် ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက ကန်ပက်လက်မြို့နယ် လေယာဉ်ကွင်း အနီးတွင်ထိတွေ့မှုဖြစ်ပွားခဲ့ရာ CDF–Kanpetlet မှ ရဲဘော်တပ်ကွီး ကျဆုံးခဲ့ကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ကျင်ဒွေးမြို့
#ကန်ပက်လက်
#ရိက္ခာပို့
#စစ်ကြောင်း

Photo - CDF - Kanpetlet ရဲဘော်များ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11👏2😁2🔥1
ဇူလိုင်လ ( ၂၅)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
================

- စစ်အုပ်စုရဲ့ အကျဉ်းထောင်များအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုများ ပိုများလာနေတဲ့ သတင်း

- ဆားလင်းကြီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံ တစ်သောင်းကျော် စစ်ရှောင်နရတဲ့ သတင်း

- မြောက်ပိုင်းအဖွဲ့များနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေတဲ့ သတင်းနဲ့
 
- အထွေထွေရွေးကောက်ပွဲအပေါ် ကမ္ဘောဒီးယားလူမျိုးတွေရဲ့အမြင်စတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေနဲ့ အရေးကြီး သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ

https://youtu.be/ouk0ApF2kTM

#2pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2❤1
​​ခါမ်းပါတ်မြို့တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်သား ၁၃ယောက်သေဆုံး ဟုဆို
===================

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ခါမ်းပါတ်မြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သား ၁၃ဦး ထပ်မံသေဆုံးသွား ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 လေကြောင်းက အင်းအားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၃ ဦးသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

“တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်နေတာ လက်နက်ကြီးကျည်ဆိုရင်လည်း မိုးရွာသလိုကို ပစ်နေတာ၊ သူတို့ဘက်က ၁၃ ယောက်ကျတယ်၊ ကျနော်တို့ဘက်က တစ်ယောက် ထိထားတယ်” ဟု Tamu PDF တပ်ရင်း(၄) တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ခန့် က မဇ္စျိမ ကို ပြောသည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူ အလွန်အကျွံအသုံးပြုလျက်ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များက ခါမ်းပါတ်မြို့အတွင်းရှိ စစ်ကောင်စီတပ်နှင့် ရဲများကို နှစ်ဖက်ညှပ် ဝိုင်းဝန်းပို့ဆို့ထားကြောင်း ဆိုသည်။

တမူးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် စစ်ရေးတင်းမာမှုများဖြစ်ကာ ဇူလိုင်လ ၂၂ရက်နေ့တွင် ကာကွယ်ရေးတပ်ပေါင်းစုက ခါမ်းပါတ်မြို့ ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၃ရက်နေ့ ခါမ်းပါတ်မြို့လယ်ကွင်းဖက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ၎င်းနေရာသို့ သွားရောက်ရှင်းလင်းရာ ကျန်ရစ်သော ကျည်ဆန်များ သိမ်းဆည်းရခဲ့ကြောင်း ဗိုလ်ခန့် က ဆက်လက်ပြောဆိုသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီက ရမ်းသန်းပစ်ခတ်သဖြင့် ခါမ်းပါတ်မြို့ အမှတ်(၁) ရပ်ကွက် ရိုမန်ကက်သလစ် ဘုရားကျောင်းရှေ့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားနေသဖြင့် ခါမ်းပါတ် ၊ ကနန်နှင့် အနီးနားကျေးရွာများရှိဒေသခံ ၃,၀၀၀ ခန့်သည် တောတောင်များ ၊ ကလေးမြို့ပေါ်နှင့် အိန္ဒိယဘက်အခြမ်းသို့ ထွက်ပြေးခိုလှုံနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တမူးမြို့နယ် 
#ခါမ်းပါတ်မြို့
#တိုက်ပွဲများ
#ထွက်ပြေးခိုလှုံ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27😁2🔥1
​​ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမည့်သတင်းကြောင့် ရန်ကုန်ရှိ အိမ်ခြံမြေ၊ ရွှေနှင့် ကား အရောင်းအဝယ်များ ရပ်ဆိုင်းထားရဟုဆို
===============
ဂန္ဒမာ ၊ 001

(မဇ္ဈိမ)။ ။စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည်ဟု ကြေညာ ချက်ထွက်ပေါ်ပြီးနောက် ရန်ကုန်ရှိ အိမ်ခြံမြေ၊ ရွှေနှင့်ကား အရောင်းအဝယ်များ ရပ်ဆိုင်းထားကြောင်း သက်ဆိုင်ရာ အကျိုးဆောင်၊ ပွဲစားများထံမှ သိရသည်။

“လကုန်ကြရင် ကျပ် ၂၀,၀၀၀ တန်ထွက်မယ်ဆိုပြီး ကြေညာပြီးတဲ့အချိန်မှာ ကားဈေးကွက်က လုံးဝ အရောင်းအဝယ်ရပ်သွားတယ်။ လုံးဝရောင်းမယ့်သူမရှိ၊ ရောင်းမယ့်ကား‌တွေကလည်း အရောင်းတွေရပ် ပစ်လိုက်တယ်။ ရောင်းမယ်ဆိုပြီး စရံချထားတဲ့ကားတွေဆိုလည်း ပိုင်ရှင်တွေက စရံနှစ်ဆပြန်ပေးပြီး မရောင်းတော့ဘူး” ဟု ရန်ကုန်မှကားပွဲစားတဦးက ၎င်းကြုံတွေ့ရသည်ကို ပြောသည်။

ထို့အတူ အိမ်ခြံမြေ ဈေးကွက်တွင်လည်း အရောင်း၊ အငှား ရပ်တန့်သွားကြောင်း အကျိုးဆောင်တဦးက ရှင်းပြသည်။

“အိမ်ဈေးကွက်ကလည်း ရောင်းမယ့်အခန်းတွေ လုံးဝမရှိတော့ဘူး။ ငှားမယ့်အိမ်ပိုင်ရှင်တွေကလည်း အငှားရပ်လိုက်တယ်။ လုံးဝရပ်တန့်သွားတဲ့အထိ ဖြစ်သွားတယ်နော် ဒီရန်ကုန်မြို့မှာ” ဟု ပြောသည်။

ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်ဝေသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့ရှိ ရွှေဈေးကွက်မှာလည်း ၁၅ ပဲရည်သာ အရောင်းအဝယ်ဖြစ်၍ ၁၆ ပဲရည်ကို အရောင်းအဝယ် ပြုလုပ်သူမရှိကြောင်း သိရသည်။

“တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ရွှေဈေးကွက်ဟာ ၂၀,၀၀၀ တန်ဂယက်ကြောင့် အားလုံးစောင့်ကြည့်နေတဲ့ အခြေအနေပေါ့။ မနေ့ကတော့ ၁၆ ပဲရည်ဝယ်လို့ ဘယ်မှာမှ မရတော့ဘူး။ လက်သိပ်ထိုးဝယ်တဲ့ လက်ကြီး သမားဆီမှာလည်း မရောင်းကြတော့ဘူး။ အဖမ်းအဆီးတွေကြမ်းလို့ အရောင်းအဝယ်မလုပ်ကြဘူး” ဟု ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် ရွှေဈေးကွက်အနေအထားမှာ တရုတ်တန်း ရွှေဆိုင်တန်းတွင် ၁၅ ပဲရည်ကို ၁၀ နာရီဝန်းကျင်၌ ၃,၁၃၀,၀၀၀ ကျပ်အဖွင့်ဈေးရှိခဲ့ပြီး ၁၆ ပဲရည်မှာ အရာင်းအဝယ် ရပ်ဆိုင်းထားသည်ဟု ဆိုသည်။

အဆိုပါနေ့တွင်ပင် နံနက် ၁၁ နာရီဝန်းကျင်၌ ၁၅ ပဲရည်မှာ ၃,၁၉၀,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း ပြောသည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည့်ကြေညာချက်ကြောင့် ရုတ်ချည်းဆိုသလို ရန်ကုန်ရှိ အိမ်ခြံမြေ ၊ ရွှေနှင့် ကားဈေးကွက်တို့မှာ အရောင်းအဝယ်အားလုံးနီးပါးရပ်တန့်သလိုဖြစ်ပခဲ့ပြီး အဆိုပါလောကသား များမှာလည်း အများနည်းတူ စောင့်ကြည့်အနေအထားသာ တတ်‌နိုင်ကြောင်း ဆိုကြသည်။

အဆိုပါ ငွေကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမည့်သတင်းကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် လည်း ယမန်နေ့က ၁၅ ပဲရည်တစ်ကျပ်သားကို ကျပ် ၃၃ သိန်းဝန်းကျင်၊ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၃၅ သိန်းမှ ၃၆ သိန်းဖြင့် စျေးဖွင့်ခဲ့သော်လည်း အရောင်းရပ်နားခဲ့ကြောင်း ရွှေဝယ်သူတဦးကပြောသည်။

“ဟုတ်တယ် မနေ့က အရောင်းတွေပိတ်တယ်။ အချင်းချင်း နားလည်မှုနဲ့ရောင်းပေးတာတော့ရှိတယ်” ဟု ဆိုသည်။

ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အကယ်ဒမီ မီးလင်းရွှေစျေး ကို ကျပ် ၂၃ သိန်းကျော်ဖြင့် ရည်ညွှန်းစျေးဖွင့်ခဲ့သော်လည်း နေပြည်တော်ရှိ ပြင်ပရွှေဆိုင်များတွင် မွန်းလွဲ ပိုင်းအထိ စျေးကွက်ဖွင့်နိုင်ခြင်းမရှိသေးကြောင်း ရွှေဆိုင်များထံမှ သိရသည်။

ငွေစက္ကူသစ်အား နေပြည်တော်တွင်တည်ထားကိုးကွယ်သည့် ဗုဒ္ဓရုပ်ပွားတော်တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ဆင်ဖြူတော်၏ တနှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က ကြေညာချက်တွင်ထည့်သွင်းဖော်ပြထားသည်။

သိုသော်လည်း စီးပွားရေးကမောက်ကမဖြစ်ရမှုကြောင့် လက်ရှိအချိန်တွင် ငွေစက္ကူ ၂၀,၀၀၀ တန် ထုတ် ဝေမည်ဆိုသောသတင်းမှာ ပြည်သူများအကြား ဝေဖန်မှုမြင့်တက်လျက်ရှိသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#၂၀,၀၀၀တန်
#ငွေစက္ကူသစ်
#ဗဟိုဘဏ်

ဓာတ်ပုံ- ရန်ကုန်မြို့မြင်ကွင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22🔥3🤩2😁1
Media is too big
VIEW IN TELEGRAM
မြန်မာကုလသံအမတ်ကြီးလုပ်ကြံရန်ကြိုးပမ်းသူ အပြစ်ရှိကြောင်း နယူးယောက် တရားရုံး အမိန့်ချ

Watch more detail - https://www.youtube.com/watch?v=uhtPgBf4o_4

#reels #shorts #politicalnews #Mizzima
👍14😁3
ဆန်အမျိုးအစားအားလုံးနီးပါး ဈေးထပ်မံမြင့်တက် | Business Roundup (25.7.2023)
=======================

-စစ်ကောင်စီနှင့်ပူးပေါင်းနေ‌တဲ့ ထိုင်း စွမ်းအင် ကုမ္ပဏီ PTTEP ကို စင်ကာပူ တရားရုံးတင်နိုင်ရေး NUG ကြိုးပမ်းနေ

-ဆန်အမျိုးအစားအားလုံးနီးပါး ဈေးထပ်မံမြင့်တက်

-မန္တလေးကျောက်ဝိုင်းအတွင်း လိုင်စင်မရှိဘဲ ကျောက်ဝယ်ရောင်းလုပ်ပါက ဖမ်းမည်ဟု စစ်ကောင်စီ ကြေညာ

-မြန်မာနိုင်ငံကို ခရီးမသွားသင့်တဲ့နိုင်ငံအဖြစ် အမေရိကန် ဆက်သတ်မှတ်

https://youtu.be/EIl5eRsmRbg

#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8🔥3👏1
ရှမ်းမြောက်တွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား တိုက်ပွဲပြင်းထန်နေ
=======================

ဂျူချန်း(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင်လည်း မူဆယ်နှင့်ကွတ်ခိုင်ကြားရှိ နမ့်အွန်ကျေးရွာအနီးတွင် ဆက်လက်တိုက်ပွဲဖြစ်ပွားနေ ကြောင်း သိရသည်။

မူဆယ်နှင့် နမ့်ခမ်းအကြား စယ်လန့်ကျေးရွာအနီးတွင် ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် TNLA တပ်မဟာ(၁)၊ တပ်ရင်း(၁၁၂)တို့ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူများလည်းရှိကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးမှ ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ခုနစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စယ်လန့်ကျေးရွာ အတွင်းမှ နေအိမ်လေးလုံးပျက်စီးသွားခဲ့ပြီး ဒေသခံများ လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

မူဆယ်နှင့် ကွတ်ခိုင်ကြားရှိ နမ့်အွန်ကျေးရွာအနီးတွင် ဇူလိုင်လ ၂၂ ရက်နေ့မှစတင်ကာ နေ့စဉ် တိုက်ပွဲဖြစ် ပွားနေရာ ကွတ်ခိုင်အခြေစိုက် ခလရ(၁၂၃)မှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံ များထံမှ သိရသည်။

“ဖြစ်နေတာ သုံးရက်ရှိပြီ။ မနေ့က (ဇူလိုင် ၂၄) ည ၁၂ နာရီကျော်အထိ ပစ်နေကြတာ။ အခု ၂၅ ရက်နေ့ အထိပဲ။ ခုနကတောင် ပစ်နေကြသေးတယ်။ တဒုန်းဒုန်းနဲ့ ညကနေပစ်လိုက်တာ အခုချိန်အထိပဲ” ဟု နမ့်ဖတ်ကာကျေးရွာတွင်နေထိုင်သည့် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် နမ့်အွန်ဈေး ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသားတဦးသေဆုံးခဲ့ပြီး အဆောက်အဦးပျက်စီးမှုများရှိကြောင်း ဒေသခံတဦးကလည်း ဆိုသည်။

“စျေးထဲကျတာဆိုတော့ ထိမယ်။ အတိကျမသိနိုင်သေးဘူး အခုထိပစ်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။

ယနေ့ ဇူလိုင် ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင်လည်း နမ့်အွန်ကျေးရွာနှင့် ကောင်းဝီကျေးရွာအနီးတွင် TNLA တပ်များရှိသည်ဟုယူဆပြီး စစ်ကောင်စီတပ်က ကောင်းဝီကျေးရွာအတွင်းသို့ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ရာ ထိခိုက်မှုအသေးစိတ်ကို မသိရသေးကြောင်း ဆိုသည်။

“အရင်က ကောင်းဝီရွာထဲကို TNLA က သွားနေကြ။ အခု ရွာထဲကိုပစ်လို့ ရွာသားတွေတော့ အကုန်ပြေး ကုန်ပြီ” ဟု ဒေသခံ ကပြောသည်။

ကောင်းဝီကျေးရွာနှင့်တဆက်တည်းဖြစ်သည့် တီးမားကျေးရွာတွင် KIA တပ်ဖွဲ့များ တပ်စွဲထားသည့်နေရာ ရှိရာ ၎င်းဒေသအနီးတဝိုက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသည့်နေရာအနီးတဝိုက်ရှိ နမ့်အွန်း၊ ကောင်းဝီ ၊ တီးမား စသည့်ကျေးရွာ များမှ ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ မန်ဂန်ကျေးရွာအနီးတွင် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ် ပွားခဲ့ပြီး စစ်ကောင်စီတပ်သားငါးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း ကိုးကန့်ပြန်ကြားရေးမှ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုအရ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အဖွဲ့(NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သော မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မ တော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့ မိုင်း လားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မည်သည့်သဘောတူညီချက်မျှမရဘဲ ပြီးဆုံးသွားခဲ့သည့်နောက် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်လာခြင်းဖြစ်သည်။

https://youtu.be/zpWqge_CAY0

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်မြောက်ပိုင်း
#တိုက်ပွဲပြင်းထန်
#မူဆယ်မြို့နယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍20🔥2👏2
Media is too big
VIEW IN TELEGRAM
မြောက်ပိုင်းအဖွဲ့များနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေ

Watch more detail - https://www.youtube.com/watch?v=GESMC5OHVpc

#reels #shorts #politicalnews
👍11❤1🔥1👏1
ဇူလိုင်လ (၂၅)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===================

01:00 − မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းမှာ ၅ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတဲ့သတင်း

02:50 − မန္တလေးမှာ ရဲစခန်းအနီးက ဆေးဆိုင် ဓားပြတိုက်ခံရကာ သိန်း ၈၀၀ လောက် ပါသွားတဲ့အကြောင်း

04:19 − ပဲခူးတိုင်းအစိုးရရုံးနဲ့ ထွေအုပ်ရုံးကို ပစ်ခတ်တိုက်ခိုက်တဲ့သတင်းနဲ့

05:49 − တစ်လနီးပါးပျောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်ဘယ်မှာလဲဆိုတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/rcGJdzr1J9g

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🍌2
စစ်ရှောင်လာတဲ့ နန်ဆန်ယန် ကလေးငယ်တွေ ကျောင်းတက်နေကြပြီ (ရုပ်/သံ)
=====================

အဂမ် ။ ။ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (K IA) ဌာနချုပ် လိုင်ဇာဝင် ပေါက်က နမ်ဆန်ယန်ကျေးရွာမှာ အခုလအစောပိုင်းကတည်းနေ ကေအိုင်အေနဲ့ စစ်တပ်တို့အကြားက တိုက်ပွဲတွေက တဖန်ပြန်ပြီး ဖြစ်ပွားနေပါတယ်။

အဲဒီက ထွက်ပြေးလာတဲ့ ကလေးငယ်တွေ ဆက်လက်ပြီး ပညာဘယ်လိုသင်ကြား နေကြပါသလဲ။ အဂမ်ပေးပို့တဲ့ သတင်းကို ရွှေနွယ်က ပြောပြပေးထားပါတယ်။

https://youtu.be/Aou3Rk0p5Ek

#နန်ဆန်ယန်
#တိုက်ပွဲဖြစ်
#လိုင်ဇာ
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9🔥2
This media is not supported in your browser
VIEW IN TELEGRAM
July - 25 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍2🍌2
Media is too big
VIEW IN TELEGRAM
စစ်အုပ်စုရဲ့ အကျဉ်းထောင်များအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုများ ပိုများလာနေ

Watch more detail - https://www.youtube.com/watch?v=XgjG9fy6GB0

#reels #shorts #politicalnews
😢5😁2🤬2❤1👍1
​​ကျင်ဒွေးမြို့သို့ ရိက္ခာပို့သည့်စစ်ကြောင်း တိုက်ခိုက်ခံရ၍ ၄ ရက်အတွင်း ၁၁ ဦးသေဆုံး
=====================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ရိက္ခာပို့လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရသဖြင့် လေးရက်အတွင်း ၁၁ ဦးသေဆုံးခဲ့သည်ဟု CDF – Kanpetlet က ထုတ်ပြန်သည်။

မကွေးတိုင်းဘက်မှ ကျင်ဒွေးမြို့ဘက်သို့ရိက္ခာပို့ရန် စစ်ကြောင်းထိုးထွက်ခွာလာသည့် အင်အား ၃၀၀ ခန့် ပါစစ်ကြောင်းနှင့် CDF – Kanpetlet တို့အကြား ဇူလိုင်လ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းကို ဇူလိုင်လ ၂၁ ရက် နံနက် ၉ နာရီခန့်တွင် မဆွာတွီနှင့် မောချောင်းကျေးရွာအကြား တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ဒဏ်ရာရသူရှိခဲ့ကြောင်း ဆိုသည်။

ဇူလိုင်လ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်တွင်လည်း မောချောင်းနှင့် လှိုင်ဒုတ်ကျေးရွာသစ်အနီး ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းတိုက်ပွဲ၌ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က မင်းဘူးခရိုင်တပ် ရင်း (၆) မှ ရဲဘော် တဦး၊ CDF – Kanpetlet မှ ရဲဘော်လေးဦး မစိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
နောက်ဆုံးရရှိထားသောသတင်းများအရ ကျင်ဒွေးသို့ ရိက္ခာပို့စစ်ကြောင်းသည် လှိုင်ဒုတ်ကျေးရွာသစ် အနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါစစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားပြီးနောက် ညအိပ်ခဲ့သည့်မဆွာတွီကျေးရွာတွင် ပြည်သူများ၏ ပစ္စည်းများကိုခိုးယူဖျက်ဆီးပြီး ခြိမ်းခြောက်စာများရေးသားခဲ့ကြောင်း CDF – Kanpetlet ခေါ်နှူးတပ်ရင်း က ဇူလိုင် ၂၅ ရက် ယနေ့တွင်ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများသည် ဘာသာရေးအဆောက်အဦများအတွင်း နေရာယူ သောက်စားမူးယစ်ခဲ့ကြ ကာ အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ပြီး စာသင်ကျောင်းအတွင်းရှိ ကွန်ပျူတာ၊ မှတ်တမ်း ဖိုင်များနှင့် ကျောင်းပိုင်ပစ္စည်းများကို ယူဆောင်သွားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ကန်ပက်လက်မြို့ပေါ်မှ တပ်အပြောင်းအလဲလုပ်ပြီး ပြန်လည်ထွက်ခွာလာသော အင်အား ၁၀၀ ကျော်ရှိအခြားစစ်ကြောင်းသည် ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက ကန်ပက်လက်မြို့နယ် လေယာဉ်ကွင်း အနီးတွင်ထိတွေ့မှုဖြစ်ပွားခဲ့ရာ CDF–Kanpetlet မှ ရဲဘော်တပ်ကွီး ကျဆုံးခဲ့ကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ကျင်ဒွေးမြို့
#ကန်ပက်လက်
#ရိက္ခာပို့
#စစ်ကြောင်း
Photo - CDF - Kanpetlet ရဲဘော်များ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁2😢2❤1
​​ခါမ်းပါတ်မြို့တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်သား ၁၃ယောက်သေဆုံး ဟုဆို
======================

👍14😁2