Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံကို ခရီးမသွားသင့်တဲ့နိုင်ငံအဖြစ် အမေရိကန် ဆက်သတ်မှတ်
Watch More Detail - https://youtu.be/EIl5eRsmRbg
#shorts #reels #businessroundup

👍8😁3
ထိုင်းလွှတ်တော်၌ ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်မှုကို ရွှေ့ဆိုင်း
=========================
ထိုင်းနိုင်ငံတွင် မေလရွေးကောက်ပွဲနောက် နှစ်လကျော်မျှ နိုင်ငံရေးလိပ်ခဲတည်းလည်း ဖြစ်နေရာ လွှတ်တော်နှစ်ရပ်မှ နောက်တက်မည့် ဝန်ကြီးချုပ်အတွက် မဲပေးတင်မြှောက်ခြင်းကို ရွှေ့ဆိုင်းကြောင်း လွှတ်တော်ဥက္ကဋ္ဌက အင်္ဂါနေ့တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍3🔥3
Media is too big
VIEW IN TELEGRAM
အင်ဒိုနီးရှားမှာစက်လှေနစ်မြုပ်ပြီးနောက် ၁၅ ဦးသေဆုံးကာ ပျောက်ဆုံးနေသူအားလုံးကို ပြန်လည်တွေ့ရှိ
#internationalnews #reels #shorts #Mizzima

😁2😢2
သဲကုန်းမြို့တွင် စစ်အင်အားမလုံလောက်၍ ပျူသင်တန်းပေးနေ
======================
ရွှေနွယ်
(မဇ္ဈိမ)။ ။ စစ်ကောင်စီ၏ ခြေမြန်တပ်မဌာနချုပ် တပ်မ (၆၆) အခြေစိုက်ရာ ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြို့တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ရန် စစ်အင်အားမလုံလောက်နေသဖြင့် ပျူစောထီးသင်တန်းပေးကာ အင်အားစုဆောင်းနေသည်ဟု သဲကုန်းမြို့ဒေသခံများနှင့် ပဲခူးတိုင်းအနောက်ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ မဇ္ဈိမကိုပြောသည်။
သင်တန်းခေါ်ယူရာတွင် ပြည်သူ့စစ်သင်တန်းဟုသုံးနှုန်းကာ စနေ၊တနင်္ဂနွေနေ့များတွင် ခေါ်ယူနေခြင်းဖြစ်သည်ဟု သဲကုန်းမြို့ဒေသခံမှ မဇ္ဈိမကိုပြောသည်။
“နှစ်ကြိမ်လောက်တော့ရှိတော့မယ်ဗျ၊ ရက်တိုသင်တန်းပဲ။ တပ်မ (၆၆) လေယာဉ်ကွင်းထဲမှာ သင်တန်းပေးနေတာ။ လောလောဆယ်တော့ လူတိုင်းကို လက်နက်တပ်ပေးတာမျိုးမဟုတ်သေးဘူး၊ လိုအပ်ရင် တပ်ပေးမယ်၊ လူခေါ်သုံးမယ်လို့ ပြောထားတယ်ကြားတယ်။ သင်တန်းတက်တာကတော့ဗျာ ကြံ့ဖွံ့(ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များ) တွေ၊ ကျွန်တော်တို့အခေါ်တော့ ပျူစောထီးခေါ်ကြတာပေါ့၊ သူတို့နဲ့ပေါင်းပြီး လုပ်စားနေတဲ့ သူတွေများတယ်” ဟု သဲကုန်းမြို့ဒေသခံက ပြောသည်။
ထိုသင်တန်းသို့ လက်ရှိအချိန်ထိ လူဦးရေ ၂၀ ဦးခန့် တက်ရောက်ထားပြီး ၎င်းတို့အနက်မှ နယ်မြေကျွမ်းကျင်သူများကို ပဲခူးရိုးမပေါ်နှင့် ပဲခူးရိုးမအစပ်တွင် စစ်ကြောင်းထိုးရာ၌ ခေါ်သုံးမည်ဟုသိရပြီး သင်တန်းတက်ရောက်ထားသူအချို့အား စစ်ကောင်စီတပ်၏ကားများပေါ်တွင် လိုက်ပါသွားလာနေသည်များကိုလည်း တွေ့ရှိရကြောင်း အဆိုပါဒေသခံမှပြောသည်။
ထိုသို့ လိုက်ပါနေသူအချို့ကိုမူ စစ်ယူနီဖောင်းနှင့် လက်နက်တပ်ဆင်ပေးထားသည်ကို တွေ့ရှိရကြောင်းနှင့် လက်နက်အမျိုးအစားအတိအကျကိုမူ ၎င်းအနေဖြင့် မသိရှိကြောင်းလည်း ဒေသခံမှပြောသည်။
"ဒါမျိုးက သူတို့ သာယာဝတီဘက်မှာလည်း ဆက်ပြီးလုပ်လာနိုင်တယ်ဗျ။ တပ်မ (၆၆) က အဓိက ကရင်နီဘက်ပို့ထားတော့ ပဲခူးအနောက်ခြမ်းမှာ သူတို့အင်အားများများစားစားမရှိဘူး။ လက်ရှိ ဒီမှာရှိနေတာတွေက ကျန်နေတဲ့ တပ်သားနည်းနည်းနဲ့ ပန်းတောင်း က.ပ.စ ဘက်က လာတဲ့ စစ်သားတွေကများတယ်။ ရိုးပေါ်မှာလည်း တိုက်ပွဲဖြစ်တာတွေရှိတော့ အင်အားမလုံလောက်လို့ ဒီလို ပျူသင်တန်းပေးပြီး အင်အားစုနေတဲ့သဘောပါ။ သဲကုန်းအပါအဝင် ပဲခူးအနောက်ခြမ်းက မြို့တွေမှာ ဒီလပိုင်းတွေအတွင်း တိုက်ခိုက်မှုတွေလည်းများတော့" ဟု ပဲခူးတိုင်းအနောက်ခြမ်းမှ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတစ်ခု၏ တာဝန်ရှိသူကပြောသည်။
ပဲခူးရိုးမပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အခြေစိုက်ထားသည့်အတွက် စစ်ကောင်စီတပ်များသည် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးနိုင်ရန် ကြိုးပမ်းမှုများလည်းရှိနေပြီး ပဲခူးရိုးမအစပ်ရှိ မြို့နယ်၊ ကျေးရွာများတွင်လည်း စစ်ကြောင်းထိုးခြင်းများရှိနေသည်ဟု ၎င်း၏ပြောဆိုချက်အရသိရသည်။
ပဲခူးတိုင်းအနောက်ခြမ်းရှိ ပေါင်းတည်မြို့၊ နတ်တလင်းမြို့၊ အုတ်ဖိုမြို့နှင့် မင်းလှမြို့တို့တွင် ရိုးမအစပ်နေရာများ၌ တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ မြို့တွင်းတိုက်ခိုက်မှုများပါ မကြာခဏ ပြုလုပ်လာသည့်အတွက် စစ်ကောင်စီတပ်အနေဖြင့် အင်အားမလုံလောက်နေသောကြောင့် ထို့ကဲ့သို့ ပြင်ပအင်အားများ စုဆောင်းနေခြင်းဖြစ်နိုင်သည်ဟုလည်း ၎င်းမှသုံးသပ်သည်။
တပ်မ (၆၆) သည် ပဲခူးတိုင်းပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ အင်းမမြို့တွင် တည်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က သဲကုန်းမြို့နယ် ရုံးပင်တက်ကျေးရွာအုပ်စုမှ စစ်ကောင်စီတပ်၏ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သဲကုန်းမြို့နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ်ကုသခဲ့ရသည်။
ထို့ပြင် ဇွန်လ ၂၆ ရက်နေ့ကလည်း သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲအရာရှ်ိနှင့်အငြိမ်းစားရဲအရာရှိကို သဲကုန်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(Thaegon_PDF)က သေနတ်ဖြင့် ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားခဲ့သည်။
ယခု ဇူလိုင်လ တစ်လအတွင်းတွင် ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားနှင့် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်နေသူ စုစုပေါင်း ၁၁ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရှိထားကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ၏ သတင်းထုတ်ပြန်ထားချက်များအရသိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ThaegonPDF
#သဲကုန်းမြို့
#စစ်ကောင်စီတပ်

👎10👍6🥱2🔥1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်မှာ အားကစားရုံခေါင်မိုးပြိုကျမှုကြောင့် လူ ၁၁ ဦးသေဆုံး
#internationalnews #reels #shorts #Mizzima
#internationalnews #reels #shorts #Mizzima
👍6😁3🔥2😢1
စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၄၀ နီးပါးကို အရပ်ဘက်ဌာနများသို့ ပြောင်းရွှေ့
🤬11🤮4❤2👍1

===============
001
(မဇ္စျိမ) ။ ။ယခုနှစ် ဇန်နဝါရီလမှဇွန်လအထိ ခြောက်လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့်ရှိသူ ၄၀ နီးပါး အရပ်ဘက်ဝန်ကြီးဌာနများသို့ပြောင်းရွှေ့ရောက်လာကြောင်း အပတ်စဉ်ထုတ် မြန်မာနိုင်ငံပြန်တမ်းများအရ သိရသည်။
ဒုတိယဗိုလ်မှူးကြီး တစ်ဦးအပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီး စသည့်ရာထူးအဆင့်ရှိသူ ၃၉ ဦးမှာ မြန်မာ့စီးပွား ရေးဘဏ်၊ ရန်ကုန်နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေး၊ စက်မှု၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး၊ အားကစားနှင့် လူငယ်ရေးရာ၊ ဟိုတယ်နှင့် ခရီးသွားလာရေးစသည့်ဝန်ကြီး ဌာနများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကို ပြောင်းရွှေ့လာ ခြင်း ဖြစ်သည်။
စစ်တပ်အရာရှိအများစုမှာ မြန်မာ့စီးပွားရေးဘဏ်သို့အများဆုံးပြောင်းရွှေ့ကြပြီး မတ်လနှင့်ဧပြီလအတွင်း ဗိုလ်မှူးငါးဦးမှာ မန်နေဂျာရာထူး၊ ဗိုလ်ကြီး ၁၆ ဦးမှာ လက်ထောက်မန်နေဂျာရာထူးဖြင့် ပြောင်းလာ ကြောင်း သိရသည်။
ကျန်ဝန်ကြီးဌာနများတွင်လည်း ဗိုလ်ကြီးအဆင့်ရှိသူကို ဦးစီးအရာရှိ၊ ဗိုလ်မှူးအဆင့်ရှိသူကို လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူကို ဒုတိယညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ထားသည် ကို တွေ့ရသည်။
စစ်အာဏာသိမ်းပြီးနောက် အရပ်ဘက်ဝန်ကြီးဌာနများ၏ ရာထူးကြီးပိုင်းများတွင် စစ်ဗိုလ်ချုပ်များနေရာ ယူထားသကဲ့သို့ စစ်ကောင်စီတပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အစရှိသည့်အရာရှိများလည်း အရပ်ဘက်သို့ ပြောင်း ရွှေ့လာကြသည်။
စစ်ကောင်စီအနေဖြင့် လက်ရှိဝန်ကြီးဌာနများတွင် အရပ်သားများကို မယုံကြည်သည့်အတွက် စစ်ဗိုလ် ချုပ်များကို ထည့်သွင်းခြင်းဖြစ်ပြီး စစ်တပ်ကို အကန့်အသတ်မရှိ တိုးချဲ့နေခြင်းဖြစ်ကြောင်း တရားလွှတ် တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။
“သူတို့က စစ်တပ်ကို အကန့်အသတ်မရှိချဲ့လိုက်ပြီ။ တို့နဲ့ထိုင်းနဲ့ မတူတာက ထိုင်းက စစ်တပ်က စစ်တပ် မှာပဲနေတယ်။ အာဏာသိမ်းပေမယ့်လို့ စစ်တပ်အလုပ်ကိုပဲ လုပ်တယ်။ ဒီလို ဟိုပြောင်းဒီပြောင်း လူတွေ လုပ်တာ၊ စီးပွားရေးတွေဖျက်ဆီးပစ်တာ အဲဒီအလုပ်တွေ ထိုင်းကမလုပ်ဘူး။ ဒါကြောင့် ထိုင်းက တိုးတက် တယ်လေ။ တို့က အဲဒီလိုမဟုတ်ဘူး။ အဲဒီစနစ်တွေကြောင့် စစ်တပ်လည်းပျက်၊ တိုင်းပြည်လည်းပျက်၊ အုပ်ချုပ်ရေးတွေလည်းပျက် ဖြစ်ကုန်တယ်” ဟုဆိုသည်။
ထိုသို့ စစ်ဗိုလ်ချုပ်များက အလုပ်နှင့်သက်ဆိုင်သည့်အတတ်ပညာမရှိဘဲ ဝန်ကြီးဌာနများတွင် ရာထူးဝင် ယူခြင်းမှာ နိုင်ငံအတွက် စိုးရိမ်စရာကောင်းကြောင်း CDM ဝန်ထမ်းတဦးကလည်း ပြောသည်။
“တပ်ကနေအရပ်ဘက်ပြောင်းတာ၊ မကျွမ်းကျင်ရာနယ်ပယ်မှာ မိုးကျလာလုပ်တာက တကယ် အဘက် ဘက်ကနေ ပျက်စီးခြင်းပါပဲ။ သူတို့လုပ်တတ်တာ ဆဲတာနဲ့ လက်မှတ်ထိုးတတ်တာပဲ ရှိတယ်။ သူတို့ မကျွမ်းကျင်တော့ အောက်ကဝန်ထမ်းတွေကို ဖိထောင်းတာပေါ့ ”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း စစ်ကောင်စီက ဒုတိယဗိုလ်မှူးကြီးခြောက်ဦးကို ဗဟိုဘဏ်တွင် ဒုတိယညွှန်ကြားရေးမှူးများအဖြစ် ခန့်အပ်ခဲ့သည်။
အလားတူ ဝန်ထမ်းများခန့်ထားခြင်းနှင့် လေ့ကျင့်ပျိုးထောင်ပေးခြင်းများပြုလုပ်နေသည့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့သို့လည်း ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်ကြီးအဆင့်ရှိသည့် အရာရှိကိုးဦးကို ပြောင်းရွှေ့ခန့်ထား ခြင်းများပြုလုပ်ခဲ့သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#အရပ်ဘက်
#စစ်ကောင်စီ
#မြန်မာ့စီးပွားရေးဘဏ်
#စစ်ဗိုလ်
Photo - ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး စစ်ဗိုလ်ချုပ်များအား တွေ့ရစဥ်။

🤬8😁6👍5🤮3
ပုသိမ်တံတားပေါ်မှခုန်ချ သေကြောင်းကြံသည့် လူငယ်၏ ရုပ်အလောင်းပြန်တွေ့
==============
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကမ်းနားလမ်းရှိ အမှတ်(၂)တံတားပေါ်မှ မြစ်အတွင်းသို့ ခုန်ချကာ သေကြောင်းကြံခဲ့သည့် လူငယ်၏ ရုပ်အလောင်းကို ငပုတောမြို့နယ် သက်ကယ်ချောင်းတံတားအောက်၌ ပြန်တွေ့ခဲ့ကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူများထံမှသိရသည်။
ပုသိမ်-ငပုတောလမ်းမကြီးပေါ်ရှိ သက်ကယ်ချောင်း တံတားအောက်တွင် ယမန်နေ့ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူတဦးကပြောသည်။
“မနက် ၈ နာရီလောက်မှာ နယ်ခံတွေက အလောင်းတလောင်းတွေ့တယ်ဆိုပြီး အသိအစ်မကြီး တယောက်ကတဆင့်လှမ်းပြောတယ်။ ဒီကနေလိုက်သွားတော့ အချိန်ကတနာရီလောက် ကြာသွားတယ်။ အဲဒီအချိန် အလောင်းက ဝဲကနေပြန်ပျောက်သွားတယ်လို့ နယ်ခံတွေကပြောတယ်။ စက်လှေငှားပြီး နယ်ခံတွေရယ် အမျိုးတွေရယ်လိုက်ရှာကြတော့ ၁၀ နာရီလောက်မှာ ပြန်တွေ့ခဲ့တယ်"ဟု ဆွေမျိုးတော် စပ်သူကပြောသည်။
သေဆုံးသူမှာ ပုသိမ်မြို့ အမှတ်(၁)ရပ်ကွက် ကိုးသောင်း(၅)လမ်းတွင်နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် ကို----- ဆိုသူဖြစ်သည်။
၎င်းသည် ဇူလိူင်လ၂၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်က ပုသိမ်တံတား အမှတ် (၂)ပေါ်သို့ သူငယ်ချင်း နှစ်ဦးနှင့်အတူ ရောက်ရှိလာခဲ့ပြီးနောက် မြစ်အတွင်းသို့ခုန်ချကာ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများ က ပြောသည်။
ထိုသို့ ခုန်ချအဆုံးစီရင်မှု ဖြစ်ပွားသည့်ညမှစကာ သေဆုံးသူ၏မိသားစုဝင်များနှင့် လူမှုကူညီရေး အဖွဲ့ များက လိုက်လံရှာဖွေခဲ့ပြီး လေးရက်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သေကြောင်းကြံမှုနှင့်ပတ်သတ်၍ မည်သည့်အတွက် ခုန်ချသည်ကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆွေမျိုးတော် စပ်သူကပြောသည်။
ယခုကဲ့သို့ အဆုံးစီရင်သည့် ဖြစ်စဥ်နှင့်ပတ်သက်၍ ပုသိမ်မြို့ အမှတ်(၁) မြို့မရဲစခန်းသို့ မဇ္စျိမက ဆက် သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
အဆိုပါ အမှတ်(၂)တံတားသည် ပုသိမ်မြို့နှင့် ငဝန်မြစ် အနောက်ဘက်ကမ်းရှိ လူနေရပ်ကွက်များကို တိုက်ရိုက်ဆက်သွယ်ထားပြီး တံတားအောက် အမြင့်ပေ ၆၀ ခန့်ရှိသော အဆိုပါ တံတားပေါ်မှ လူခုန်ချ သေဆုံးမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ဧရာဝတီတိုင်း
#ပုသိမ်မြို့
#သေမှုသေခင်း
ဓာတ်ပုံ - Zaw Zaw

👍6😢5❤1🔥1👏1
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေရာပြောင်းရွှေ့ဟုဆို
==============
001
(မဇ္စျိမ)။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်ရှိ ဒုတိယဝန်ကြီးအဆင့် နေထိုင်သည့် နေအိမ်တစ်လုံးကို ပြောင်းရွှေ့လိုက်ကြောင်း BBC Burmeseက ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင်ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်မှ ပြောင်းရွှေ့လိုက်ကြောင်းကို အကျဉ်းထောင်နှင့် နီးစပ်သိရှိသူကပြောကြောင်း BBC က ဖော်ပြထားပြီး အဆိုပါ သတင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကို မေးမြန်းရာ လတ်တလောအတည်ပြုဖြေကြားနိုင်တာမရှိကြောင်း တုံ့ပြန်ခဲ့သည်ဟု သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက သီးသန့်ထိန်းသိမ်းထားသည့် နေရာတစ်ခုမှ နေပြည်တော်အချုပ်ထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။
ယခု ထပ်မံနေရာပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး တရားရုံးနှင့် နီးစပ်သူအချို့ကို မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် နေပြည်တော်အချုပ်ထောင်သို့ ထောင်ဝင်စာပစ္စည်း ပေးပို့ခဲ့ရပြီး အကျဉ်းထောင်ဘက်က တစ်စုံတစ်ရာ ပြောကြားလိုက်ခြင်းမရှိကြောင်း ပြန်လည်ဖြေဆိုကြသည်။
“မသိသေးဘူး၊ အတိအကျတော့ မပြောတတ်ဘူး။ မနေ့ကတော့ အဲ့ဒီမှာပဲပို့ခဲ့တာ”ဟုဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း လာရောက်တွေ့ဆုံခဲ့သေးသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား လက်ရှိ နေရာပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပေ။

👍15❤2🤬2😢1🤮1
ဇူလိုင်လ (၂၅) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================
- မြန်မာနိုင်ငံကို ခရီးမသွားသင့်တဲ့နိုင်ငံအဖြစ် အမေရိကန် ဆက်သတ်မှတ်တဲ့သတင်း
- ရန်ကုန်ရှိ အိမ်ခြံမြေ၊ ရွှေနဲ့ ကား အရောင်းအဝယ်တွေ ရပ်ဆိုင်းထားရတဲ့ သတင်း
- လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ဆုတ်ခွါထွက်ပြေးတဲ့သတင်း
- စစ်ကောင်စီနှင့်ပူးပေါင်းနေတဲ့ ထိုင်း စွမ်းအင် ကုမ္ပဏီ PTTEP ကို စင်ကာပူ တရားရုံးတင်နိုင်ရေး NUG ကြိုးပမ်းနေတဲ့သတင်း
- မန္တလေးကျောက်ဝိုင်းအတွင်း လိုင်စင်မရှိဘဲ ကျောက်ဝယ်ရောင်းလုပ်ပါက ဖမ်းမယ်လို့ စစ်ကောင်စီ ကြေညာတဲ့ သတင်းနဲ့
- အမေရိကန်စစ်သားတစ်ဦးကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ဆွေးနွေးခဲ့ကြောင်း ကုလတပ်ဖွဲ့ရဲ့ ကွပ်ကဲရေးမှူးပြောကြား တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/2PiOkZKK-T4?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ (၂၅) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
- မြန်မာနိုင်ငံကို ခရီးမသွားသင့်တဲ့နိုင်ငံအဖြစ် အမေရိကန် ဆက်သတ်မှတ်တဲ့သတင်း
- ရန်ကုန်ရှိ အိမ်ခြံမြေ၊ ရွှေနဲ့ ကား အရောင်းအဝယ်တွေ ရပ်ဆိုင်းထားရတဲ့ သတင်း
- လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ဆုတ်ခွါထွက်ပြေးတဲ့သတင်း…

👍12🍌2
ဇူလိုင်လ (၂၅) ရက်၊အင်္ဂါနေ့ ညပိုင်း ရေဒီယို အစီအစဉ်
================
မြန်မာကုလသံအမတ်ကြီးလုပ်ကြံရန်ကြိုးပမ်းသူ အပြစ်ရှိကြောင်း နယူးယောက် တရားရုံး အမိန့်ချ၊
ထိုင်းနိုင်ငံရေး ဂယက်ကြောင့် ရနောင်းကို တင်ပို့နေတဲ့ ငါးဈေး ထက်ဝက်ခန့် ထိုးကျပြီး လုပ်ငန်းရှင်တွေ အရှုံးပေါ်နေ၊
တရုတ်ရဲ့ဒုံးကျည်တိုက်ခိုက်လာမှုကို တုံ့ပြန်မယ့်ပုံစံအတိုင်း ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှုပြုလုပ်တဲ့သတင်းအပါအဝင် သတင်းသုံးသပ်ချက်၊သတင်းဆောင်းပါးနဲ့ ကုန်ဈေးနှုန်း၊အပတ်စဉ် ကဏ္ဍတွေအဖြစ် “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါး အစီအစဉ်နဲ့ “သဘာဝရဲ့လက်ဆောင်” အစီအစဉ်တွေကို နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။
https://youtu.be/ce9KZcHfhN0
#Eveningradio
#mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
မြန်မာကုလသံအမတ်ကြီးလုပ်ကြံရန်ကြိုးပမ်းသူ အပြစ်ရှိကြောင်း နယူးယောက် တရားရုံး အမိန့်ချ၊
ထိုင်းနိုင်ငံရေး ဂယက်ကြောင့် ရနောင်းကို တင်ပို့နေတဲ့ ငါးဈေး ထက်ဝက်ခန့် ထိုးကျပြီး လုပ်ငန်းရှင်တွေ အရှုံးပေါ်နေ၊
တရုတ်ရဲ့ဒုံးကျည်တိုက်ခိုက်လာမှုကို တုံ့ပြန်မယ့်ပုံစံအတိုင်း ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှုပြုလုပ်တဲ့သတင်းအပါအဝင် သတင်းသုံးသပ်ချက်၊သတင်းဆောင်းပါးနဲ့ ကုန်ဈေးနှုန်း၊အပတ်စဉ် ကဏ္ဍတွေအဖြစ် “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါး အစီအစဉ်နဲ့ “သဘာဝရဲ့လက်ဆောင်” အစီအစဉ်တွေကို နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။
https://youtu.be/ce9KZcHfhN0
#Eveningradio
#mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ (၂၅) ရက်၊အင်္ဂါနေ့ ညပိုင်း ရေဒီယို အစီအစဉ်
မြန်မာကုလသံအမတ်ကြီးလုပ်ကြံရန်ကြိုးပမ်းသူ အပြစ်ရှိကြောင်း နယူးယောက် တရားရုံး အမိန့်ချ၊
ထိုင်းနိုင်ငံရေး ဂယက်ကြောင့် ရနောင်းကို တင်ပို့နေတဲ့ ငါးဈေး ထက်ဝက်ခန့် ထိုးကျပြီး လုပ်ငန်းရှင်တွေ အရှုံးပေါ်နေ၊
တရုတ်ရဲ့ဒုံးကျည်တိုက်ခိုက်လာမှုကို တုံ့ပြန်မယ့်ပုံစံအတိုင်း…

👍16😁2
This media is not supported in your browser
VIEW IN TELEGRAM
စစ်သားတစ်ဦးကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ဆွေးနွေးခဲ့ကြောင်း ကုလတပ်ဖွဲ့ရဲ့ ကွပ်ကဲရေးမှူးပြော
#internationalnews #reels #shorts #Mizzima
#internationalnews #reels #shorts #Mizzima
👍7🔥3
ကရင်နီမှာ စစ်ဘေးရှောင် တိုးပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာ လိုအပ် (ရုပ်၊သံ)
=================
KMN
(မဇ္ဈိမ) ။ ။ ကရင်နီ (ကယား) ပြည်နယ်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် စစ်ဘေးရှောင်တွေတိုးလာနေပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးတဲ့ အဖွဲ့တွေကပြောပါတယ်။
ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီပြီး ကရင်နီပြည်နယ်က ဘေးလွတ်ကင်းရာနေရာတွေနဲ့ ထိုင်းနယ်စပ်က စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်နေကြရတာဖြစ်ပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြုစုထားတဲ့စာရင်းအရ ကရင်နီပြည်နယ်နဲ့ ရှမ်းနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူတွေဟာ ၂၇၀,၀၀၀ နီးပါးရှိနေပါတယ်။
ခုလို ကရင်နီပြည်နယ်အနှံမှာ စစ်ကောင်စီထိုးစစ်ဆင်မှုတွေကြောင့် ထွက်ပြေးနေရတဲ့
စစ်ဘေးရှောင် ထောင်ချီအတွက် လတ်တလောမှာ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ
အရေးပေါ်လိုနေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
စာတည်း ။ ။ Alden
https://youtu.be/J60mIbuzLS0
#ကရင်နီ
#စစ်ရှောင်စခန်း
#စစ်ဘေးရှောင်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
KMN
(မဇ္ဈိမ) ။ ။ ကရင်နီ (ကယား) ပြည်နယ်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် စစ်ဘေးရှောင်တွေတိုးလာနေပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးတဲ့ အဖွဲ့တွေကပြောပါတယ်။
ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီပြီး ကရင်နီပြည်နယ်က ဘေးလွတ်ကင်းရာနေရာတွေနဲ့ ထိုင်းနယ်စပ်က စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်နေကြရတာဖြစ်ပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြုစုထားတဲ့စာရင်းအရ ကရင်နီပြည်နယ်နဲ့ ရှမ်းနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူတွေဟာ ၂၇၀,၀၀၀ နီးပါးရှိနေပါတယ်။
ခုလို ကရင်နီပြည်နယ်အနှံမှာ စစ်ကောင်စီထိုးစစ်ဆင်မှုတွေကြောင့် ထွက်ပြေးနေရတဲ့
စစ်ဘေးရှောင် ထောင်ချီအတွက် လတ်တလောမှာ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ
အရေးပေါ်လိုနေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
စာတည်း ။ ။ Alden
https://youtu.be/J60mIbuzLS0
#ကရင်နီ
#စစ်ရှောင်စခန်း
#စစ်ဘေးရှောင်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ကရင်နီမှာ စစ်ဘေးရှောင် တိုးပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာ လိုအပ်
KMN (မဇ္ဈိမ) ။ ။ ကရင်နီ (ကယား) ပြည်နယ်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် စစ်ဘေးရှောင်တွေတိုးလာနေပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးတဲ့ အဖွဲ့တွေကပြောပါတယ်။
ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်က…

👍12😢4🔥1😁1
ထိုင်းနိုင်ငံရေး ဂယက်ကြောင့် ရနောင်းကို တင်ပို့နေတဲ့ငါးဈေး ထက်ဝက်ခန့်ထိုးကျလုပ်ငန်းရှင်တွေအရှုံးပေါ်
===================
ကိုရွှေမြိတ် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို အဓိကထား တင်ပို့၊ ရောင်းချနေတဲ့ ငါးဈေးတွေဟာ ထက်ဝက်ခန့် စျေးထိုးကျသွားပြီး တနင်္သာရီတိုင်းက ငါးဖမ်းလုပ်ငန်းရှင်တွေအရှုံးပေါ်နေတယ်လို့ မြိတ်ငါးဖမ်းလှေ လုပ်ငန်းရှင်တွေနဲ့ တင်ပို့ ရောင်းချနေသူတွေက မဇ္ဈိမကို ပြောပါတယ်။
ထိုင်းနိုင်ငံရေး အကျပ်အတည်းကြောင့် ပြည်တွင်းက တင်ပို့နေတဲ့ ငါးတွေကို ထိုင်းဝယ်လက်တွေက မဝယ်ရဲကြတော့သလို တချို့က ဈေးနှိမ်ဝယ်ယူနေတာကြောင့် အရှုံးပေါ်နေကြတာ ဖြစ်ပါတယ်။
တင်ဆက်/တည်းဖြတ် = ကိုရွှေမြိတ်
https://youtu.be/VpXqhaJOJNM
#ရနောင်း
#ထိုင်းနိုင်ငံရေးဂယက်
#မြိတ်
#ရေလုပ်ငန်း
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို အဓိကထား တင်ပို့၊ ရောင်းချနေတဲ့ ငါးဈေးတွေဟာ ထက်ဝက်ခန့် စျေးထိုးကျသွားပြီး တနင်္သာရီတိုင်းက ငါးဖမ်းလုပ်ငန်းရှင်တွေအရှုံးပေါ်နေတယ်လို့ မြိတ်ငါးဖမ်းလှေ လုပ်ငန်းရှင်တွေနဲ့ တင်ပို့ ရောင်းချနေသူတွေက မဇ္ဈိမကို…
👍12🔥5
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၏ အီးမေးလ်အကောင့်များကို ဟက်ကာများ ချိုးဖောက် ဝင်ရောက်
======================
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နီကိုးလက်စ် ဘန်းစ် ၏ အီးမေးလ်အကောင့်များကို တရုတ် ဟက်ကာများက ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းရေးလှုပ်ရှားမှု အဖြစ် ပစ်မှတ်ထားကာ ချိုးဖောက် ဝင်ရောက်ခဲ့ကြောင်း နှင့် အဆိုပါ လုပ်ရပ်သည် တရုတ်၏ နောက်ထပ် လုံခြုံရေးချိုးဖောက်မှုတစ်ခုဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ CNN က ဇူလိုင် ၂၀ ရက် တွင် ဖော်ပြသည်။
မကြာသေးမီက နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကန် နှင့် အတူ တရုတ်သို့ သွားရောက်ခဲ့သော အရှေ့အာရှဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်လ် ခရစ်တန် ဘရင့်ခ် ၏ အီးမေးလ်အကောင့်ကိုလည်း ဟက်ကာများ ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ဇွန်လအတွင်း တရုတ်နိုင်ငံသို့ မသွားရောက်မီ သီတင်းပတ်များအတွင်း အစောပိုင်းကလည်း တရုတ်ဟက်ကာများသည် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဂျီနာ ရိုင်မွန်ဒို နှင့် နိုင်ငံခြားရေးဌာနမှ အရာရှိများ ၏ အီးမေးလ်များကို ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ New York Times က ဖော်ပြခဲ့သည်။
အမေရိကန်မှ ထောက်လှမ်းရေး သတင်းအချက်အလက်များ စုဆောင်းရန် ရည်ရွယ်ချက်ရှိသော တရုတ်ဟက်ကာများသည် အစိုးရအီးမေးလ်အကောင့်များသို့ ဝင်ရောက်ခဲ့ကြကြောင်း Microsoft က အစောပိုင်းက ထုတ်ဖော်ပြောကြားသည်။

👍12🔥5😁3
Media is too big
VIEW IN TELEGRAM
July - 25 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍4😁1🤮1
စင်္ကာပူတွင် နှစ် ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး ၁ ဦးကို ကွပ်မျက်ရန် စီစဉ်
=====================
စင်္ကာပူအာဏာပိုင်တို့သည် နှစ် ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ကြိုးပေးကွပ်မျက်မည့် အမျိုးသမီးတစ်ဦး အပါအဝင် မူးယစ်ဆေးမှုဖြင့် ပြစ်ဒဏ်ချခံထားရသည့် အကျဉ်းသား နှစ်ဦးကို ယခုသီတင်းပတ်အတွင်း ကွပ်မျက်ရန် လုပ်ဆောင်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဇူလိုင် ၂၅ ရက်တွင် ပြောပြီး တစ်ချိန်တည်းမှာပင် အဆိုပါ သေဒဏ်စီရင်ကွပ်မျက်မှုများ မလုပ်ဆောင်ဘဲ ရပ်ဆိုင်းရန် တိုက်တွန်းသည်။
ဘိန်းဖြူ ၅၀ ဂရမ် (၁ ဒသမ ၇၆ အောင်စ) ကုန်ကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အသက် ၅၆ နှစ်ရှိ အမျိုးသားတစ်ဦးကို နိုင်ငံ၏ ချန်ဂီ အကျဉ်းထောင်၌ ဗုဒ္ဓဟူးနေ့တွင် ကွပ်မျက်ရန် စီစဉ်ထားကြောင်း ပြည်တွင်း လူ့အခွင့်အရေးအဖွဲ့ Transformative Justice Collective (TJC) က ပြောသည်။
ထို့ပြင် အသက် ၄၅ နှစ်ရှိ ပြစ်ဒဏ်ကျ အမျိုးသမီးတစ်ဦးကိုလည်း သောကြာနေ့တွင် ကွပ်မျက်ရန် စီစဉ်ထားကြောင်း ယင်းအဖွဲ့က ပြောသည်။ သူမသည် ဘိန်းဖြူ ၃၀ ဂရမ် ကုန်ကူးမှုအတွက် ၂၀၁၈ တွင် သေဒဏ်ချမှတ်ခြင်းခံခဲ့ရသူဖြစ်သည်။

👍8🔥5
ဘုတလင်မြို့နယ်အတွင်းမှ တရားမဝင် သစ်တန်ချိန် ၃၀ နီးပါးကို ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဖမ်းဆီး
👍21👏2🔥1😁1