ဘုတလင်မြို့နယ်အတွင်းမှ တရားမဝင် သစ်တန်ချိန် ၃၀ နီးပါးကို ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဖမ်းဆီး
===============
ကိုခင်မောင်
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာရှိ အိမ်ခြံဝင်းတခုအတွင်းမှ တရားမဝင် သစ် တန်ချိန် ၃၀ နီးပါးကို ဘုတလင်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ယင်းအဖွဲ့ တာဝန် ရှိသူထံမှ သိရသည်။
ဇူလိုင်လ ၂၄ ရက်နေ့က ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာအား ဒေသခံတဦး၏ သတင်းပေးချက်အရ ဝင်ရောက်ဖမ်းဆီးတွင် ကျွန်း၊ ပိတောက်၊ တမလန်းစသည့် တရားမဝင်သစ်များကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
“လူနေအိမ်ဝင်းထဲမှာ တရားမဝင်သစ်တွေတွေ့တာ။ NUG ရဲ့မြို့နယ် သယံဇာတကော်မတီ၊ ပြည်သူ့လုံခြုံ ရေးအဖွဲ့ ဝင်ရောက်ဖမ်းဆီးတာပါ။ ပိုင်ရှင်က မရှိတော့ပါဘူး။ ထွက်ပြေးတာ ထင်တယ်။ အဲဒီခြံဝင်းထဲမှာ သစ်တန် ၃၀ နီးပါးလောက်တော့ ရှိတယ်” ဟု ဘုတလင်မြို့နယ် ပြည့်သူ့လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူတဦး က ပြောသည်။
ဖမ်းမိထားသောသစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လမ်းညွန်မှုအတိုင်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး သစ်တတန်လျှင် ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိကြောင်း ၎င်းက ဆိုသည်။
ဖမ်းမိထားသောသစ်များသည် အလောင်းတော်ကဿပဥယျာဉ်မှ တရားမဝင်ထုတ်ယူထားသော သစ်များ ဖြစ်သည်ဟု ဘုတလင်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူက ပြောသည်။
သို့သော် မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ အသေးစိတ်ကို အတည်ပြုချက်ရယူနိုင်ရန် ကြိုးပမ်းနေဆဲဖြစ် သည်။
ဘုတလင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့အနေဖြင့် သစ်များ ဖမ်းဆီးမိသည်မှာ ပထမအကြိမ်လည်းဖြစ် သည်။
အဆိုပါ ခြံဝင်းအတွင်းမှသစ်များအား ၂၀၂၃ ခုနှစ် မတ်လကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ အင်အားသုံးဝင်ရောက်၍ ဖမ်းဆီးခဲ့ဖူးကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဘုတလင်မြို့နယ်
#တရားမဝင်သစ်
#ပလဖ
#ဖမ်းဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍23❤1🔥1😁1
ကျပ်၂၀,၀၀၀တန်ဂယက် ဆောက်လုပ်ရေးလုပ်ငန်းကြီးအချို့ ဝယ်ရောင်းခေတ္တရပ်ဆိုင်း၊အရောင်းပြခန်းပါပိတ်
=============
(မဇ္စျိမ) ။ ။စစ်ကောင်စီက ကျပ်၂၀,၀၀၀တန် ငွေစက္ကူထုတ်ဝေမည်ဟု ကြော်ငြာပြီးသည့်နောက် အိမ်ခြံမြေဈေးကွက်အတွင်း ဝယ်လိုအားနှင့်ရောင်းလိုအားမမျှဖြစ်နေပြီး ဆောက်လုပ်ရေးလုပ်ငန်းကြီးအချို့နှင့်ကွန်ဒိုကြိုပွိုင့်အရောင်းများ ခေတ္တရပ်နားထားကြောင်းသိရသည်။
‘’အရောင်းခဏရပ်ထားတယ်ဆိုတာက ကျွန်တော်တို့ကဈေးတက်ချင်လို့မဟုတ်ပါဘူး။ဝယ်အားနဲ့ရောင်းအားမမျှဘူးဖြစ်နေလို့ပါ။ကျွန်တော်တို့ရောင်းထားပြီးသားကြိုပွိုင့်တွေကိုတော့ဈေးလည်းမတက်ပါဘူး။ စာချုပ်ထဲကအတိုင်းပဲ ရောင်းမယ်။နောက်ထပ်ရောင်းမဲ့အခန်းတွေကိုတော့ ဘာမှကျွန်တော်တို့ကိုယ်တိုင်ပြောလို့မရသေးဘူး’’ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ကျပ်၂၀,၀၀၀ တန် ငွေစက္ကူကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်ဝေမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ကြေညာထားသည်။ အဆိုပါကြေညာချက်ထွက်လာပြီးနောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်းများမြင့်တက်သွားကာ ကားစျေးကွက်နှင့် ရွှေ
ဈေးကွက်အပြင်၊အိမ်ခြံမြေနှင့်ကွန်ဒိုရောင်းဝယ်ရေးလုပ်ငန်းများလည်း အရောင်းအ၀ယ်ပိတ်ထားလိုက်ရသည့်အခြေအနေဖြစ်နေကြောင်းသိရသည်။
လက်ရှိတွင် မြန်မာငွေစက္ကူတန်ဖိုးကျဆင်းနေပြီး ဒေါ်လာဈေး၊ရွှေဈေး၊အိမ်ခြံမြေဈေးများမှာအဆ မတန်မြင့်တက်နေသည်ဟု သိရသည်။ ထို့ကြောင့် ငွေသားမပျောက်မပျက်သည့်အိမ်၊ခြံ၊မြေနှင့်ကွန်ဒိုများဝယ်ယူရန် ကြိုးစားနေကြပြီး အိမ်ခြံမြေဈေးထိုးတက်နေသည်ဟု သိရသည်။
‘’ကျွန်တော်တို့ဆီမှာရောင်းပေးနေတာ ၁ပေပတ်လည်ကို ၅၆၀,၀၀၀(ကျပ်)ကျော်ရှိတယ်။ အခုတော့Developerတွေက အရောင်းကိုခဏရပ်ခိုင်းထားတော့ ရပ်ထားရတယ်။ ဒါတောင်ကျွန်တော်တို့က ကြိုပွိုင့်နဲ့ရောင်းတာနော်’’ဟုပြည်ပDeveloperမှ တာဝန်ယူဆောက်လုပ်နေသော
ကွန်ဒိုတစ်ခုမှ အရောင်းတာဝန်ခံကပြောသည်။
အိမ်ခြံမြေဈေးကွက် တည်ငြိမ်ရေးသည် အစိုးရက ထုတ်ပြန်ထားရှိသည့်မူဝါဒများနှင့် သက်ဆိုင်ပြီး လတ်တလောတွင် စစ်ကောင်စီမှထုတ်ပြန်သည့်ဥပဒေများသည် ဈေးကွက်ကို ကမောက်ကမ
ဖြစ်စေသည်ဟု လုပ်ငန်းရှင်အချို့က သုံးသပ်သည်။
‘’ကုန်ဈေးနှုန်းတစ်ခုတက်တယ်ကျတယ်ဆိုတာကို ဥပဒေတွေနဲ့ထိန်းချုပ်လို့မရဘူး။အဲဒါဆိုပိုဆိုးမယ်။ သူက တအိအိနဲ့ဈေး တက်မယ်။ တအိအိနဲ့ဈေးပြန်ကျမယ်၊ ဒီလိုဘဲသွားနေရတာ။ အခုတော့ဈေးကချက်ချင်းထိုး တက်သွားတယ်။ချက်ချင်းထိုးကျလာတယ်။ ဥပဒေမူဝါဒတစ်ခု ထွက်လာပြီဆိုရင် လူတွေကကြောက်အားလန့်အား ပစ္စည်းတွေလျောက်ဝယ်ကြတယ်။ဥပမာ ၂၀,၀၀၀တန်ထွက်တော့မယ်ဆိုတာနဲ့ လူတွေကဈေးတက်တော့မှာပဲဆိုပြီး ပစ္စည်းတွေစုဝယ်ကြတယ်။ဝယ်လိုအားများပြီးဈေးတွေတက်တော့တာပဲ။တခါစစ်ကောင်စီကလည်း ဒီလိုဈေးတင်ရင်ဖမ်းမယ်ဆိုပြီးဥပဒေတွေနဲ့ထိန်းချုပ်ပြန်တယ်။ဒီတော့ဝယ်တဲ့သူရော ရောင်းတဲ့သူရောက လက်ထဲမှာသိမ်းထားပြီး တကယ်လိုအပ်တဲ့ပြည်သူကျတော့ဈေးကြီးပေးပြီးဝယ်သုံးနေရတာပေါ့’’ ဟု လုပ်ငန်းရှင်တစ်ဦးကရှင်းပြသည်။
လက်ရှိကာလတွင် လက်ထဲ၌ ငွေစက္ကူကိုင်မထားချင်သူများက ဈေးကွက်မငြိမ်သည့် ရွှေနှင့်ဒေါ်လာ ဝယ်ကိုင်ထားခြင်းထက် အိမ်ခြံမြေ၊ကွန်ဒိုများဝယ်ယူထားရှိခြင်းက အကျိုးအမြတ်များသည်ဟု ယူဆသည့်အတွက် အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ဖြစ်နေရခြင်းဟု ဆိုသည်။
‘’တကယ်တန်း ဒီအချိန်က အရောင်း၊အဝယ်၊အငှားငြိမ်နေရမယ့်အချိန်ဖြစ်နေပြီ။ ဘာကြောင့်လည်းဆိုရင် ဝါဝင်တော့မယ်လေ။ ဘယ်သူမှလည်းအပြောင်းအရွေ့ကမလုပ်တော့ဘူး။ ဒါပေမယ့်အခုကတော့အဲဒီလိုမဟုတ်ဘူး။ နေရာကောင်း၊အိမ်ကောင်းတယ်ဆိုရင် အခုအရောင်းတင် အခုအရောင်းထွက်။ အဲဒီလိုဖြစ်နေတယ်။ ဈေးတွေကလည်းပေါက်ဈေးမဟုတ်တော့ဘဲ ပါးစပ်ထဲကဈေးဖြစ်နေတယ်။အရင် ဦးခင်ညွန့်လက်ထက်က ငြိမ်းချမ်းရေးလုပ်တဲ့'ဝ'တွေ၊ကိုးကန့်တွေ အိမ်တွေကိုဈေးမဆစ်ဘဲအတင်းလိုက်ဝယ်နေတဲ့ပုံစံဖြစ်နေတယ်" ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။
ကျပ်၂၀,၀၀၀တန်ငွေစက္ကူများအား အရေအတွက်အကန့်အသတ်ဖြင့်သာထုတ်ဝေသွားမည်ဖြစ်ကြောင်းစစ်ကောင်စီ၏ဗဟိုဘဏ်ကကြေညာထားသည်။ ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမည့်အစီအစဥ်သည် ကုန်ဈေးနှုန်းများမြင့်တက်စေခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ကမောက်ကမဖြစ်စေသည်ဟုဆိုကာ ပြည်သူလူထုက အပြင်းအထန်ဝေဖန်နေသည်။
စာတည်း - မောင်ကြီး
#mizzima
#ကျပ်၂၀,၀၀၀တန်ငွေစက္ကူ
#အိမ်ခြံမြေဈေးကွက်
#ဝယ်လိုအားနှင့်ရောင်းလိုအားမမျှ

👍14🔥5👏2
သံဖြူဇရပ်တွင် စစ်ကောင်စီတပ်နှင့်ကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွား
==============
ဂျူချန်း
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA၊PDF ပူးပေါင်းတပ်များကြား တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသည်ဟု ကျားဖြူစစ်ကြောင်းက ယမန်နေ့ ဇူလိုင်လ ၂၄ရက်တွင် ထုတ်ပြန်သည်။
“ပထမနေ့မှာ ဝဲဝန်းရွာအနီးမှာ ပစ်တာကြားရတယ်။ နောက်တစ်နေ့မနက်မှာတော့ အာရှလမ်းမကြီးကနေ ဝင်လာရင် ပထမဆုံးတွေ့တဲ့ရွာအနီးမှာ ထပ်ပစ်ကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇူလိုင်လ ၂၂ ရက် ညနေ ၆နာရီအချိန်ခန့်တွင် စစ်ကောင်စီ၏ အမှတ်(၄) လေ့ကျင့်ရေးတပ် နှင့် အမတ(၃၁၅) တပ်တို့က စစ်ကြောင်းထိုးလာသဖြင့် သံဖြူဇရပ်မြို့နယ်၊ ဝဲဝန်းကျေးရွာအနီးတွင် KNLA တပ်ရင်း(၂၇)၊ ပဒဲကောအဖွဲ့၊ ကျားဖြူစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇူလိုင်လ ၂၃ ရက် နံနက် ၆နာရီကျော်တွင်လည်း အထက်ငှက်ပျောတောကျေးရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
ထိုနှစ်ရက်တာ တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်ငါးဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူများရှိကာ KNLA တပ်ရင်း(၂၇) မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး သေနတ် နှစ်လက်ဆုံးရှုံးခဲ့ရကြောင်း ကျားဖြူစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားချိန်တွင် ဝဲဝန်းကျေးရွာ၊ အထက်ငှက်ပျောတောကျေးရွာနှင့် အောက်ငှက်ပျောတောကျေးရွာမှ ဒေသခံအချို့သည် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ရှောင်တိမ်းခဲ့ကြကြောင်း ဒေသခံထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက် နှင့် ဇွန်လ ၂၇ ရက်တို့တွင်လည်း သံဖြူဇရပ်နှင့် ရေးမြို့နယ်ကြားရှိ အောင်သာယာကျေးရွာနှင့် ကနင်ကမော့ကျေးရွာကြား၌ စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းသုံးတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မွန်ပြည်နယ်
#သံဖြူဇရပ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
ဓါတ်ပုံ-ကျားဖြူစစ်ကြောင်း(ပုံဟောင်း)

👍18👏3🔥2
ပြင်ဦးလွင်တွင် အကွက်ရိုက်ရောင်းထားသောမြေနေရာများအား စတင်ရှင်းလင်းနေ
=============
007
(မဇ္ဈိမ) ။ ။ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အကွက်ရိုက်ရောင်းထားသော မြေနေရာများအား ဇူလိုင်လ ၂၂ ရက် နေ့မှစ၍ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
“ဖျက်ခံရတဲ့နေရာတွေက တရားမဝင် အကွက်ရိုက်ရောင်းထားတာတွေလို့ ပြောကြတယ်။ အုတ်တံတိုင်း ခတ်ထားတာတွေကို ဘူဒိုဇာတွေနဲ့ဖြိုချတယ်။ အိမ်တွေကိုတော့ လောလောဆယ် ထိတာမတွေ့သေးဘူး။ အဲဒီ အကွက်ရိုက်ထားတာတွေကို ပြန်သိမ်းမယ်လို့လည်းကြားတယ်၊ ပြီးခဲ့တဲ့ စနေနေ့က စဖျက်နေတာ ပါ” ဟု ဒေသခံတဦးကပြောသည်။
ဇူလိုင်လ ၂၂ ရက် စနေနေ့မှစပြီး ပြင်ဦးလွင်-လားရှိုးလမ်းအရှေ့ဘက် ပြင်ဦးလွင်စင်တာအနီးရှိ အကွက် ရိုက်ရောင်းချထားသော မြေနေရာများအား ဖယ်ရှားရှင်းလင်းနေခြင်းဖြစ်ကြောင်း သိရသည်။
လယ်ယာမြေပေါ်၌ ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်ကာ ဆောက်လုပ်ထားသော ခြံစည်းရိုးများ၊ အဆောက် အအုံများနှင့် နေအိမ်များအားရှင်းလင်းခြင်းဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကြေညာ ထားပြီး အကြိမ်ကြိမ် အကြောင်းကြားစာပို့ခဲ့ပြီးဖြစ်ကြောင်းလည်း ဆိုသည်။
အဆိုပါမြေနေရာများသည် အိမ်ခြံမြေအကျိုးဆောင်များက မြေဧကလိုက်ဝယ်ပြီး အကွက်ရိုက်ရောင်းချ ထားသော မြေကွက်များဖြစ်ပြီး မြေကွက်များအတွင်း ကွန်ကရစ်လမ်း၊ ရေနှုတ်မြောင်းနှင့် ဓာတ်မီးတိုင် များပါဝင်ကြောင်းလည်း သိရသည်။
“မြေဧကလိုက်ဝယ်ပြီး အကွက်ရိုက်ရောင်းထားတာတွေကို မသိနားမလည်သူက ဝယ်မိမှားကြတာတွေ ပါ။ အကွက်ရိုက်ရောင်းစားသူတွေက ဆိုင်ရာဆိုင်ရာတွေနဲ့ပေါင်းပြီးလုပ်စားသွားကြတာတွေပေါ့။ အဓိက တာဝန်ရှိတာက မြေစာရင်း၊ စည်ပင်နဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေပါ။ ရောင်းစားသွားသူတွေကတော့ လစ်သွားကြပြီ” ဟု မန္တလေးမြို့မှ အိမ်ခြံမြေအကျိုးဆောင်တဦးကပြောသည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တွင် လယ်ယာမြေ၊ သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများအား အကွက် ရိုက်ရောင်းစားထားသော မြေဧကပေါင်း ၂၀၀ ကျော်ရှိကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ပြင်ဦးလွင်မြို့
#အိမ်ခြံမြေ
#ဖယ်ရှားရှင်းလင်း

🤬6👍3🔥3👏1
ယာဒိုဒေသခံများ စစ်ဘေးရှောင်နေသည့် သောက်ရေခပ်ကျေးရွာတွင် ပစ်ခတ်မှုများရှိနေ၍ ဒေသခံများ တိမ်းရှောင်နေရ
=============
YT
(မဇ္ဈိမ) ။ ။ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ယာဒိုဒေသခံများ ခေတ္တတိမ်းရှောင်နေသည့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သောက်ရေခပ်ကျေးရွာတွင် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက်ပိုင်း၌ နှစ်ဖက် ပစ်ခတ်မှုများရှိနေ၍ သောက်ရေခပ်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူတစ်ဦးထံက သိရသည်။
"မနက်ပိုင်းပဲ။ ဒီဘက် PDF ဘက်ကနေပြီးတော့ ဒရုန်းသုံးလုံးနဲ့ စစ်ကောင်စီစခန်းကို အရင်ချတယ်။ ချပြီးတဲ့အချိန်မှာ ဘယ်ဘက်ကပစ်နေမှန်း မသိတော့ စစ်ကောင်စီကလည်း ရမ်းသန်းပြီး ပြန်ပစ်တာပေါ့။ ရွာလယ်ခေါင်မှာက စစ်ကောင်စီတပ်စခန်းက ရှိနေတော့ ပြည်သူတွေလည်း ထွက်ပြေးရတာပေါ့" ဟု စစ်ဘေးရှောင် အကူအညီပေးနေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် သောက်ရေခပ်ကျေးရွာအလယ်ရှိ စစ်ကောင်စီခြေမြန်တပ်စခန်းအား ဒေသတွင်း၌ လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးသုံးလုံးပစ်ချ တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာမှ စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် သောက်ရေခပ်ကျေးရွာ ပတ်ဝန်းကျင်သို့ လက်နက်ကြီး အချက်ရေပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ပစ်ခတ်မှုများကြောင့် သောက်ရေခပ်ကျေးရွာမှ ဒေသခံများသည် တောင်ငူမြို့၊ လိပ်သိုလ်မြို့ဘက်သို့ ပြေးသော်လည်း စစ်ကောင်စီတပ်၏ လမ်းပိတ်ဆို့ထားမှုများကြောင့် ကရင်နီနယ်စပ်ရှိ ထားပူချီးကျေးရွာ၊ မာဆာခေါ
လိုခါးပလိုကျေးရွာ၊ ထီးသာစောကျေးရွာများဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
" သောက်ရေခပ်က ရွာကြီးကြီးလေ။ အခုက သောက်ရေခပ်ကလူတွေ အကုန်ထွက်ပြေးတယ်။ သောက်ရေခပ်ရွာအစွန်မှာ ဘုရားကျောင်းတစ်ခုရှိတယ်။ အဲ့ဒီဘုရားကျောင်းမှာ ယာဒိုဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ရှောင်တွေရှိတယ်။ အဲ့ဒီစစ်ရှောင်တွေက တစ်ရက်နှစ်ရက်တော့ ထပ်စောင့်ကြည့်ပြီးတော့ ထပ်ပြီးထွက်ပြေးရမယ့်အခြေအနေပေါ့" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
သောက်ရေခပ်ကျေးရွာအစွန်ရှိ ဘုရားကျောင်းတွင် ခေတ္တခိုလှုံနေကြသော ယာဒိုဒေသမှ စစ်ဘေးရှောင်များအား လက်ရှိတွင် နယ်မြေအတွင်းရှိ လူငယ်အဖွဲ့အစည်းများမှ လုံခြုံရေးယူပေးထားကြောင်းနှင့် အခြေအနေအား စောင့်ကြည့်၍ နေရာထပ်မံရွှေ့မည့်အကြောင်း စစ်ဘေးရှောင်ကူညီနေသူထံက သိရသည်။
ယာဒိုဒေသမှ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့၊ ယာဒိုဒေသတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ချိန်မှစ၍ သံတောင်းကြီးမြို့နယ်ရှိ သောက်ရေခပ်ကျေးရွာအပါအဝင် ကျေးရွာအချို့နှင့် ကရင်နီပြည်နယ် အစပ်များတွင် ထွက်ပြေးတိမ်းရှောင်နေခဲ့ရခြင်းဖြစ်ပြီး စစ်ဘေးရှောင်နေရသည်မှာ နှစ်ပတ်ရှိပြီဖြစ်သည်။
ယာဒိုဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ ဇူလိုင်လ ၂၃ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ၁၃ ရက်အတွင်း စစ်ကောင်စီက ယာဒိုဒေသအား လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) က ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများ၊ နှစ်ဖက်တိုက်ပွဲများကြောင့် ယာဒိုကျေးရွာ၊ ဝါသောခိုကျေးရွာ၊ ကလေထကျေးရွာ၊ ဝါဘမ်းခိုကျေးရွာ၊ လိုရာဒိုကျေးရွာ၊ ပရယ်စိုးကျေးရွာတို့မှ ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး၊ ခိုလှုံနေထိုင်ရန် အဆောက်အဦ၊ အမိုးအကာများ လိုအပ်နေကြောင်း KNU တပ်မဟာ (၂) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#သံတောင်ကြီးမြို့နယ်
#KNU
#လေကြောင်းတိုက်ခိုက်မှု
#KNLA
ဓါတ်ပုံ- ( CJ ) ယာဒိုကျေးရွာအဝင်ဆိုင်းဘုတ်

😢10👍4🔥2😁1🤬1
တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း ကို ရာထူးမှ ဖယ်ရှား
========================
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ကျင်ဂန်းသည် ၁ လ တိတိ လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ခြင်းအပေါ် ထင်ကြေးအမျိုးမျိုး ထွက်ပေါ်ခဲ့ပြီးနောက် တာဝန်ထမ်းဆောင်ပြီး တစ်နှစ်ခွဲအကြာ ဇူလိုင် ၂၅ ရက်တွင် ၎င်းကို တရုတ်အစိုးရက ရာထူးမှ ထုတ်ပယ်လိုက်သည်။
ဇူလိုင် ၂၅ ရက်တွင် ပြုလုပ်သည့် ဥပဒေပြုလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် အသက် ၅၇ နှစ်ရှိ ကျင် ကို ရာထူးမှ ဖယ်ရှားရန် မဲခွဲဆုံးဖြတ်ခဲ့သည်။ သို့သော် အသက် ၆၉ နှစ်ရှိ ပြီဖြစ်သော နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယိ ကို ၂၀၂၂ နှစ်ကုန်အထိ ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်မှာ အံ့သြဖွယ်ဖြစ်သည်။
ကျင် ကို ရာထူးမှ ဖယ်ရှားခြင်းအတွက် အကြောင်းပြချက် ပေးထားခြင်းမရှိပေ။
ဝမ်ယိ သည် တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို နိုင်ငံခြားရေးရာ ကော်မရှင် အထွေထွေရုံးကို ဆက်လက် ဦးစီးမည်ဖြစ်ပြီး ၎င်းသည် နိုင်ငံ၏ ထိပ်တန်း သံတမန် ဖြစ်လာမည်ဖြစ်သည်။

😁12👍7🔥3👏1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅ ဇူလိုင် ၂၀၂၃)
====================
အမျိုးသားညီညွတ်ရေး အစိုးရ
နယူးယောက်မြို့မှာနေထိုင်သည့် ဖြိုးဟိန်းထွဋ်သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကို ဒဏ်ရာအနာတရဖြစ်အောင်၊ အသက်အန္တရာယ်ဖြစ်အောင် လုပ်ကြံရန် ကြံစည်ရာမှာ ရုံးအဖွဲ့လုံခြုံရေး စေတနာ့ဝန်ထမ်းအဖြစ်ဝင်ရောက်ခဲ့သော ဖြိုးဟိန်းထွဋ်သည် တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့သည့်အတွက် ပြစ်မှု ကျူး လွန်ခဲ့ခြင်းထင်ရှားကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ တောင်ပိုင်းခရိုင်တရားရုံး က အမိန့်ချလိုက်ကြောင်း သိရသည်။
လူထု၏ လုပ်အားတန်ဖိုးများကို လေထဲတွင် အလိုအလျောက် ဆုံးရှုံးတာမျိုး မဖြစ်စေရန်၊ ကျပ်ငွေ အပေါ်အမှီသဟဲ မပြုသည့် ဘဏ္ဍာရေးစနစ်မျိုးကို စနစ်တကျ တည်ဆောက်ပေးရပါမည်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတို့မှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်း အဝေးကို ဇူလိုင် ၂၄ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
ဘဏ်စနစ် တည်ငြိမ်စွာ လည်ပတ်နိုင်ရန် ပြင်ဆင်မွမ်းမံမှုများကို တာ၀န်ရှိသူများက အစဥ်တစိုက် မရပ်မနား လုပ်ဆောင်နေခြင်းကြောင့် ဘဏ်အကောင့်ဖွင့်ခြင်းများ မအောင်မြင်သေးပါက beta အရေအတွက် ထပ်မံ တိုးချဲ့သည့် အချိန်အား ခေတ္တစောင့်ဆိုင်းပေးပါရန် အထူးမေတ္တာရပ်ခံအပ်သည်ဟု နွေဦးဘဏ်မှ ထုတ်ပြန် ထားသည်။
ပဲခူးမြို့ရှိ တိုင်းအစိုးရရုံးနှင့် ထွေအုပ်ရုံးအား ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ည ၉ နာရီခန့်တွင် ဗုံးပစ်လောင်ချာ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၊စစ်ရေးဌာနတာဝန်ခံက မဇ္ဈိမသို့ပြောသည်။

👍16🔥2👏2😁1
ကနေဒါ ဖက်ဒရယ် ဒီမိုကရေစီ စနစ်အကြောင်း သိကောင်းစရာများ
=====================
https://youtu.be/lb9_2kFKEpY
=====================
https://youtu.be/lb9_2kFKEpY
YouTube
ကနေဒါ ဖက်ဒရယ် ဒီမိုကရေစီ စနစ်အကြောင်း သိကောင်းစရာများ
ကနေဒါ ဖက်ဒရယ် ဒီမိုကရေစီ စနစ်အကြောင်း သိကောင်းစရာများ
#ကနေဒါ
#psa
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍4🔥1😁1
မိုးထဲလေထဲ စစ်ရှောင်နေကြရတဲ့ ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာက ဒေသခံများ
======================
လွှမ်းမိုး
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် စုန်းချောင်း ကျေးရွာက ဒေသခံတွေဟာ ဇူလိုင်လ ၂၁ရက်နေ့ကစပြီး စစ်ရှောင်နေကြရပါတယ်။
စုန်းချောင်းကျေးရွာတစ်ဖက်ကမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့အတွက် လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေဟာ ရုတ်တရက်စစ်ကြောင်းထိုးချိန် ထွက်ပြေးလာကြရတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်လာသူတွေက ဆိုပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက စုန်းချောင်းဒေသခံတွေကို သတ်ဖြတ်တဲ့ဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်မှာ ဒေသခံတွေဟာ အခုလိုထွက်ပြေးတိန်းရှောင်နေကြရတာ ဖြစ်တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
လက်ရှိစစ်ရှောင်ရာ နေရာတွေကို မြစ်ရေတက်လာတဲ့အတွက် တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။
https://youtu.be/xWuRKgJ5cWA
ရုပ်သံတည်းဖြတ်။ ။ ဂျူချန်း
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
လွှမ်းမိုး
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် စုန်းချောင်း ကျေးရွာက ဒေသခံတွေဟာ ဇူလိုင်လ ၂၁ရက်နေ့ကစပြီး စစ်ရှောင်နေကြရပါတယ်။
စုန်းချောင်းကျေးရွာတစ်ဖက်ကမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့အတွက် လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေဟာ ရုတ်တရက်စစ်ကြောင်းထိုးချိန် ထွက်ပြေးလာကြရတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်လာသူတွေက ဆိုပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက စုန်းချောင်းဒေသခံတွေကို သတ်ဖြတ်တဲ့ဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်မှာ ဒေသခံတွေဟာ အခုလိုထွက်ပြေးတိန်းရှောင်နေကြရတာ ဖြစ်တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
လက်ရှိစစ်ရှောင်ရာ နေရာတွေကို မြစ်ရေတက်လာတဲ့အတွက် တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။
https://youtu.be/xWuRKgJ5cWA
ရုပ်သံတည်းဖြတ်။ ။ ဂျူချန်း
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မိုးထဲလေထဲ စစ်ရှောင်နေကြရတဲ့ ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာက ဒေသခံများ
လွှမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် စုန်းချောင်း ကျေးရွာက ဒေသခံတွေဟာ ဇူလိုင်လ ၂၁ရက်နေ့ကစပြီး စစ်ရှောင်နေကြရပါတယ်။
စုန်းချောင်းကျေးရွာတစ်ဖက်ကမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့အတွက် လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေကြရတာ ဖြစ်တယ်လို့…

😢16👍3😁2🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်ထုတ်လွှင့်မှုများ
=====================
https://youtu.be/jHn5bJDQpsg

#PVTV
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍8🔥3
ဖေ့စ်ဘုတ်တွင် @highlights ဟု မှတ်ချက်ရေးရုံဖြင့် မိမိကိုခြေရာခံသူများအား မသိနိုင်ပါ
==============
ZZ
(မဇ္ဈိမ) ။ ။ဖေ့စ်ဘုတ်တွင် “@highlights” ဟု မှတ်ချက်ရေးရုံဖြင့် မိမိအကောင့်အား လာရောက်ကြည့်ရှု သူများကိုမြင်နိုင်မည်ဖြစ်ကြောင်း ရေးသာထားသည့် ပိုစ့်များ ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။
အာရပ်ဘာသာဖြင့်အမည်ပေးထားသော ဖေ့စ်ဘုတ်အကောင့်တစ်ခုက အင်္ဂလိပ်ဘာသာဖြင့် မှတ်ချက် (comment) တွင် "@hightlights" ဟု ရေးသားရုံဖြင့် မိမိအကောင့်အား ဝင်ရောက်ကြည့်ရှုသူများကို မြင် နိုင်မည်ဖြစ်ကြောင်း ယခုနှစ် ဇွန်လ ၁၄ ရက်နေ့က အစောဆုံးဖြန့်ဝေထားသည်။ ထိုပိုစ့်ကို ပြန်လည်ကူး ယူဖော်ပြပြီး ဖြန့်ဝေမှုများရှိနေသည်။
ဇူလိုင်လ ၅ ရက်နေ့က ဖြန့်ဝေထားသည့် “Post Analysis” အမည်ရှိ ဖေ့စ်ဘုတ်ပေ့ချ်မှ ပိုစ့်တွင်မူ မှတ် ချက်ပေးသူ ၁,၀၀၀,၀၀၀ ကျော်ရှိနေပြီး ဖြန့်ဝေသူ ၂,၀၀၀ ရှိနေသည်။
အလားတူပင် “Sayar MOE - The Author” အမည်ရှိ ဖေ့ဘုတ်ပေ့ချ်မှ ဇူလိုင်လ ၂၁ ရက်နေ့တွင် မြန်မာ ဘာသာဖြင့် “Comment မှာ @ ရိုက်ထည့်ပြီး အပေါ်ဆုံးက highlight စာသားကိုနှိပ်ပါ။ သင့် profile ကို လာခိုးကြည့်နေသူကိုတွေ့လိမ့်မည်”ဟု ရေးသားဖြန့်ဝေထားသည်။ ယင်းပိုစ့်ကို မှတ်ချက်ပေးသူ ၅၀,၀၀၀ ကျော်နှင့် ပြန်လည်မျှဝေမှု ၁၆၇ ခုရှိနေပြီဖြစ်သည်။
မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ယင်းပို့စ်အောက်တွင် ၎င်းပြောဆိုထားသည့်အတိုင်း လုပ်ဆောင် ခဲ့သည်။
ရှေးဦးစွာ “@” ဆိုသည့်စာလုံးအားရိုက်ပါက ယင်းပေ့ချ်မှာ ထိပ်ဆုံးကပေါ်လာမည်ဖြစ်ပြီး ထို့နောက်တွင် မိမိနှင့်စကားအများဆုံးပြောထားသည့်(သို့)ထိတွေ့ဆက်ဆံမှု အများဆုံးရှိထားသည့်အကောင့်များ ကျ လာမည်ဖြစ်ပြီး ဤသည်မှာ တစ်ဦးနှင့်တစ်ဦး မှတ်ချက် အပြန်အလှန်ပေးရန်ခေါ်ဆိုခြင်း (mention) နှင့် ဆင်တူသည်။
အဆိုပါပိုစ့်အောက်ရှိ အခြား မှတ်ချက်ပေးမှုများကို လေ့လာခဲ့ရာ အချို့မှာ ထိုစကားလုံးအတိုင်းသာရှိနေ ပြီး အချို့သည် Hightlight အမည်ရှိစာမျက်နှာများသို့ရောက်ရှိသွားခြင်းနှင့် အပြာရောင်ပေါ်သည့် မှတ် ချက်များကိုဝင်ရောက်ကြည့်ရှုလျှင် မိမိ၏ဖေ့စ်ဘုတ်အကောင့်ကို သူငယ်ချင်းအဖြစ် လာရောက်တောင်း ဆိုသူ (friends request) နှင့် မိမိအကောင့်မှ သူငယ်ချင်းဖြစ်နေသူ(friends) များကို တွေ့ရသည်။
ထိုအကြောင်းကို အိန္ဒိယအခြေစိုက်သတင်းဌာနဖြစ်သည့် “India Today” မှ အချက်အလက်စစ်ဆေးထား ပြီး ၎င်းတို့၏ဖော်ပြချက်တွင် “@highlight” သည် “@friends” နှင့် “@everyone” တို့နှင့် အတူတူပင်ဖြစ် ပြီး ထိုသို့ရိုက်ပါက မိမိ၏သူငယ်ချင်းများဆီသို့ အချက်ပေးမည့် (Notifications) သာဖြစ်သည်ဟု ဖော်ပြ ထားသည်။ လင့် - https://bit.ly/47gNO51
ထို့ပြင် ဖေ့စ်ဘုတ်၏မူဝါဒအရ မိမိ၏အကောင့် (profile)ကို မည်သူက လာရောက်ကြည့်ရှုနေသည်ကို ခြေရာခံခွင့် မပြုထားချေ။
ထိုအကြောင်းကို ဖေ့စ်ဘုတ်၏ ကိုယ်ရေးလုံခြုံမှု၊ ဘေးကင်းမှုနှင့် လုံခြုံရေးတွင် “Facebook အနေဖြင့် လူများကို သူတို့၏ပရိုဖိုင်အားကြည့်ရှုနေသူကို ခြေရာခံခွင့် မပြုထားပါ။ ကြားခံပြင်ပအက်ပ်များသည် လည်း ယခုလုပ်ဆောင်ချက်ကို မပံ့ပိုးပေးနိုင်ပါ။ ထိုကဲ့သို့ စွမ်းဆောင်နိုင်ကြောင်းဆိုလာသည့် အက်ပ်များ နှင့်ကြုံတွေ့ခဲ့ပါက ကျေးဇူးပြုပြီး ထိုအက်ပ်ကိုတိုင်ကြားပါ” ဟု ဖော်ပြထားသည်။ လင့် - https://bit.ly/3DoSBDH
ထို့ကြောင့် ဖေ့စ်ဘုတ်တွင် “@highlight”ဟု မှတ်ချက်ပေးရုံဖြင့် မိမိ၏အကောင့်ကို မည်သူက လာရောက် ကြည့်ရှုသည်ကိုတွေ့ရမည်မဟုတ်ဘဲ ဖေ့စ်ဘုတ်မှလည်း ခြေရာခံခွင့်မပြုထားကြောင်း ဖော်ပြလိုက်ရပါ သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#highlights

👍40😁6
ဇူလိုင်လ (၂၆) ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
===================
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေရာပြောင်းရွေ့၊
ပြင်ဦးလွင်မှာ အကွက်ရိုက်ရောင်းထားတဲ့မြေနေရာတွေကို စပြီးတော့ ရှင်းလင်း၊ အမေရိကန်စစ်သားတစ်ဦးကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ဆွေးနွေးခဲ့ကြောင်း ကုလတပ်ဖွဲ့ရဲ့ ကွပ်ကဲရေးမှူးပြောလိုက်တဲ့ဆိုတဲ့ နောက်ဆုံးရပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမှာဖြစ်ပြိး အပတ်စဉ်ကဏ္ဍအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကို နားဆင်ရမှာပါ။
https://youtu.be/hmAUIZSITe4
#Morningradio
#Mizzimaradio

ပြင်ဦးလွင်မှာ အကွက်ရိုက်ရောင်းထားတဲ့မြေနေရာတွေကို စပြီးတော့ ရှင်းလင်း၊ အမေရိကန်စစ်သားတစ်ဦးကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ဆွေးနွေးခဲ့ကြောင်း…

👍9😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၃ | VOA On Mizzima
===============
ထိုင်းနိုင်ငံရေးပြဿနာ ကိုဗစ်လွန်ကာလ နလန်ထစ ထိုင်းစီးပွားရေးကို ထိခိုက်နိုင်တဲ့အကြောင်းနဲ့ အလှပြင်ဆိုင်တွေ ပိတ်မယ်ဆိုတဲ့ တာလီဘန်အမိန့်ကို ဆန့်ကျင်ဆန္ဒပြသူတွေ ဖြိုခွင်းခံရတဲ့အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/ml-ycYzs31s
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===============
ထိုင်းနိုင်ငံရေးပြဿနာ ကိုဗစ်လွန်ကာလ နလန်ထစ ထိုင်းစီးပွားရေးကို ထိခိုက်နိုင်တဲ့အကြောင်းနဲ့ အလှပြင်ဆိုင်တွေ ပိတ်မယ်ဆိုတဲ့ တာလီဘန်အမိန့်ကို ဆန့်ကျင်ဆန္ဒပြသူတွေ ဖြိုခွင်းခံရတဲ့အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/ml-ycYzs31s
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၃ | VOA On Mizzima
ထိုင်းနိုင်ငံရေးပြဿနာ ကိုဗစ်လွန်ကာလ နလန်ထစ ထိုင်းစီးပွားရေးကို ထိခိုက်နိုင်တဲ့အကြောင်းနဲ့ အလှပြင်ဆိုင်တွေ ပိတ်မယ်ဆိုတဲ့ တာလီဘန်အမိန့်ကို ဆန့်ကျင်ဆန္ဒပြသူတွေ ဖြိုခွင်းခံရတဲ့အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက်…
👍6🔥1
26.7.2023 (Wednesday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
========================
✅Highlight ✅
👉 ပန်ချရက် ( ညနေ- ၆ နာရီ)
👉 ကြယ်ပွင့်လေးရဲ့ သက်သေ (ညနေ - ၇ နာရီ)
👉India Movie - Gulaab Gang ( ည- ၈ နာရီ)
➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzimatv #dailyschedule

👍4😁1